Wednesday, January 30, 2013

ဒေါ်အောင်ဆန်းစုကြည်နဲ့ မိတ်ဆွေတု မိတ်ဆွေယောင်

ဒေါ်အောင်ဆန်းစုကြည်နဲ့ မိတ်ဆွေတု မိတ်ဆွေယောင်
ကိုညို (အော်စလို)

ကျနော်တို့ရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဒဿမမြောက် ပြည်ပနိုင်ငံခရီးစဉ်အဖြစ် တောင်ကိုးရီးယားနိုင်ငံကို တနလာင်္နေ့ကပဲ ဆိုက်ရောက်သွားပါပြီ။

ဒီခရီးစဉ်မတိုင်မီ ဟာဝိုင်ယီကျွန်း အလည်ပတ်ခရီးစဉ်ကတော့ မွန်းကြပ်ရှုပ်ထွးပြီး၊ ဝေဖန်မှုတွေ အငြင်းပွားစရာတွေ ပြည့်နှက်နေတဲ့ လက်ရှိမြန်မာ့နိုင်ငံရေးလောကရဲ့ ဘ၀အမောတွေကို ယာယီအခိုက်အတန့်အားဖြင့် မေ့ပျောက်စေမှာပါ။

ဟာဝိုင်ယီကျွန်းရဲ့ သဘာဝအလှတွေ၊ ကျွန်းသူကျွန်းသားတွေရဲ့ ပျူငှာနွေးထွေးပြီး ချစ်စရာကောင်းတဲ့ ကြိုဆိုဧည့်ခံမှု၊ ထူးခြားတဲ့ ယဉ်ကျေးမှု၊ အစားအသောက်တွေက ဒေါ်အောင်ဆန်းစုကြည်အတွက်၊ သတိတရ စာတိုပေစ ရေးစရာလေးတွေ ဖြစ်လာနိုင်သလို၊ တသက်တာအတွက် လှပတဲ့ အိပ်မက်တွေလို သူ့စိတ်အာရုံမှာ မမေ့မပျောက် ရှိနေနိုင်ပါတယ်။

ကျနော်တို့တတွေက တိုက်ပွဲထဲကနေ ရထားတဲ့ ရှားရှားပါးပါး လူထုခေါင်းဆောင်ကို အဲဒီလို အေးအေးချမ်းချမ်းနဲ့ အပူအပင်ကင်းကင်း ရှိနေတာမြင်ချင်တာပေါ့။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျနော်တို့ခေါင်းဆောင်ဟာ တိုင်းပြည်အတွင်းမှာသာမက၊ တိုင်းပြည်ပြင်ပမှာပါ အလိမ်အညာတွေ၊ ကိုယ်ကျိုးရှာတွေ၊ ကျင့်ဝတ်ပျက်နေတဲ့.. နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေနဲ့ ဆုံဆည်းနေရတော့ ကျနော်တို့ရင်ထဲ မကောင်းလှဘူး။ အဲလို ကျင့်ဝတ်ပျက် အတ္တ၀ါဒီတွေဆိုတာ တိုင်းပြည်အတွင်းအပြင်က မြန်မာလူမျိုးတွေသာမက ပြည်ပနိုင်ငံတွေက နိုင်ငံရေးသမားတွေ၊ အစိုးရတွေပါ ကျနော်တို့ခေါင်းဆောင်ကို ၀န်းရံပြီး ကျနော်တို့နိုင်ငံနဲ့ ပြည်သူတွေကို ပါးပါးလှီးနေလို့ဖြစ်တယ်။ အဲဒါတွေ ကျနော်တို့ မြင်နေရလို့လည်း .. ဒီလိုစာမျိုး ရေးဖြစ်သွားတာ။

အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကိုးရီးယားခရီးစဉ် အနေအထားတွေကိုပဲ ဖွင့်ချပြောပြချင်တယ်။

လက်ရှိသမ္မတ အီမြောင်ဘတ် ရန်ကုန်သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံ၊ ဓာတ်ပုံရိုက်ခဲ့တာကြောင့်၊ ကိုရီးယားသတင်းစာတွေက.. နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နဲ့ အာဏာရှင်အတွေးအခေါ်သမား မတူမတန် ဓာတ်ပုံတွဲရိုက်သင့်သလားလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အခုလည်း သမ္မတနဲ့ သမ္မတလောင်းကို သူတို့ဆီက သတင်းစာတွေ ဝေဖန်သရော်နေပါပြီ။ ..အာဏာရှင်သမီးနဲ့ လွတ်လပ်ရေးဖခင်တယောက်ရဲ့သမီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နဲ့ ယှဉ်တွဲ ဓာတ်ပုံမရိုက်ပါနဲ့ဆိုပြီး ရေးသားခဲ့တာတွေ ရှိပါတယ်။
``ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ယူဖိတ်ကြားတဲ့ ဖျောင်ချမ်းအိုလံပစ်ကော်မတီက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လိုက်ပါမယ့် လူ ၄ ယောက်အတွက် အလာလက်မှတ်ပဲ တာဝန်ယူပြီး အပြန်လက်မှတ် ဝယ်မပေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီးရုံးက မြန်မာ့ဒီမိုကရေစီအဖွဲ့တွေကို အပြန်လက်မှတ်အတွက် တာဝန်ယူခိုင်းပါတယ်။ ဒီသတင်းက ဟုတ်မှဟုတ်ရဲ့လား၊ တခုခုတော့ လွဲနေပြီလို့ထင်ပြီး မယုံနိုင်ဘူး။ ဒါနဲ့ တောင်ကိုးရီးယားက မိတ်ဆွေတွေကို မေးမြန်းစုံစမ်းကြည့်တော့ အဟုတ်ပဲ။ သတင်းက မှန်တယ်။ နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရတဲ့ ဘုန်းတော်ကြီး အင်မ်ရောင်တန်ကပဲ သူလေးစားချစ်ခင်တဲ့ မိတ်ဆွေအတွက် အပြန်လက်မှတ် ၀ယ်ပေးလိုက်တယ်တဲ့။ ဘယ်လောက်များ ၀မ်းနည်းစရာကောင်းလဲ..။´´

ဒေါ်စုကို ဖိတ်ခေါ်တဲ့ အာဏာရ Saenuri Party က လက်ရှိ သမ္မတအီမြောင်ဘတ်၊ ရွေးကောက်ပွဲအနိုင်ရပါတီ(Saenuri Party)ရဲ့ အမျိုးသမီး သမ္မတလောင်း ဘတ်ဂွန်ဟှဲတို့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကာလက မိမိတို့နဲ့ လားလားမှ မသက်ဆိုင်သလိုနေခဲ့ပြီး မြန်မာ့အရေးအတွက် စိတ်ဝင်စားမှုလည်း မပြခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကိုရီးယားနိုင်ငံက မြန်မာ့ဒီမိုကရေစီအင်အားစုတွေ၊ ပါတီပေါင်းစုံ လက်မှတ်ထိုးတောင်းခံမှုမှာလည်း ခေါင်းရှောင်ခဲ့သလို၊ အဲဒီကာလတွေက စစ်အစိုးရနဲ့ စီးပွားရေးပူးတွဲလုပ်ခဲ့တယ်။

သမ္မတလောင်းဘတ်ဂွန်ဟှဲကိုယ်တိုင် အတိုက်အခံအမတ်ဘ၀က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုးဖို့ငြင်းဆန်ခဲ့ရုံမက.. ဒီလိုလက်မှတ်ထိုးလိုက်ရင် မိမိတို့နဲ့ မြန်မာအစိုးရ(စစ်အစိုးရ)တို့ စီးပွားရေးအကျိုးတူဆောင်ရွက်နေတာကို ပျက်ပြားနိုင်တယ်လို့ ပြောင်ပြောင်တင်းတင်း ပြောခဲ့ဖူးသူပါ။ အခု သမ္မတလောင်း ဘတ်ဂွန်ဟှဲဆိုတဲ့ အမျိုးသမီးကလည်း အာဏာရှင်သမ္မတ ပတ်ချုံဟီးရဲ့သမီး ဖြစ်တယ်။ (ကျနော်တို့ငယ်ငယ်က ပတ်ချုံဟီးဖလားဘောလုံးပွဲဟာ နာမည်ကြီးတယ်။ အာဏာရှင်ဦးနေ၀င်းက မြန်မာအားကစားသမားတွေကို စေလွှတ်ခဲ့တယ်) ပတ်ချုံဟီးက ဦးနေ၀င်းထက် တနှစ်စောပြီး ၁၉၆၁ မှာ စစ်အာဏာသိမ်းပြီး တက်လာသူဖြစ်တယ်။ ၁၉၇၉ ကျတော့ သူ့ရဲ့ထောက်လှမ်းရေး အကြီးအကဲကပဲ လုပ်ကြံခဲ့တယ်။ အဲဒီနောက်ပိုင်း တောင်ကိုးရီးယားရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ အာဏာရှင်ပတ်ချုံဟီးခေတ်ထက် ပိုမိုပွင့်လင်းခဲ့တယ်။ ပတ်ချုံဟီးလက်ထက်က စီးပွားရေးကိုပဲ လုပ်ခဲ့ပြီး၊ ဒီမိုကရက်တစ် စံချိန်စံညွှန်းတွေ မျက်ကွယ်ပြုခဲ့တယ်။ ဒီမိုကရေစီယဉ်ကျေးမှုထက် စီးပွားရေးဖံွ့ဖြိုးမှုကို အသားပေးခဲ့သူဖြစ်တယ်။ ဒီနေ့စစ်အစိုးရအမွေကို ဆက်ခံတဲ့ ကြံ့ဖွတ်အစိုးရရဲ့ အတွေးအခေါ်နဲ့ တထပ်တည်းပဲ။

ကျနော်တို့ခေါင်းဆောင် နေအိမ်အကျယ်ချုပ်ကျနေတုံးက တကယ်တမ်း လူအား၊ ငွေအား၊ စိတ်ဓာတ်အားတွေနဲ့ ကူညီအားပေးပြီး လွတ်မြောက်ရေးအတွက် ရှေ့တမ်းက ဆောင်ရွက်ပေးခဲ့တာက ဒီမိုကရက်တစ်ညီညွတ်ရေးပါတီ(DUP)က အခုတော့ အတိုက်အခံပါတီ ဖြစ်နေတယ်။
အဲဒီပါတီရဲ့ ခေါင်းဆောင်၊ ယခင်နိုဘယ်ဆုရှင် သမ္မတကင်ဒေးဂျုံပါတီက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ရှိနေတုန်း အားတက်သရော ထောက်ခံခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဖို့ ကိုယ်တိုင် သံရုံးသွားပြီး၊ ဗီဇာလျှောက်ခဲ့ပေမဲ့ မြန်မာအာဏာပိုင်တွေ လက်မခံလို့ မတွေ့နိုင်ခဲ့ဘူး။ သူဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေ၊ လှုံ့ဆော်မှုတွေ တက်တက်ကြွကြွ လုပ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဆုရရှိဖို့ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့သူဖြစ်တယ်။

ဒီမိုကရက်တစ်၊ ပါတီဝင်တွေကိုယ်တိုင် ဟိုတုံးက စစ်အစိုးရကို ကန့်ကွက်ရှုံ့ချတာ၊ အရေးယူတာ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲဖော်ဆောင်တာတွေကအစ တက်တက်ကြွကြွ ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်။ မြန်မာအတိုက်အခံ ဒီမိုကရေစီအဖွဲ့အစည်းတွေကို ကူညီအားပေးထောက်ခံခဲ့တယ်။
ဒီနေ့အာဏာရပါတီဟာ တချိန်က မြန်မာ့ဒီမိုကရေစီရေး၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ ကင်းကင်းကွာကွာ နေခဲ့သူတွေဖြစ်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာခေါင်းဆောင်တန်း ၀င်ပြီး၊ အာရှ၊ ဥရောပ၊ အမေရိကားနိုင်ငံတွေကို အလည်အပတ်တွေသွား၊ စီးပွားရေးလုပ်ငန်းတွေ ညှိနှိုင်း ၀င်လုပ်နေတာတွေ့တော့မှာ တချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာရင် နောက်ကောက်ကျမှာ စိုးရိမ်ပြီး အလောတကြီး ဆက်ဆံလာဟန်တူတယ်။

အခုဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကိုးရီးယားခရီး အစီအစဉ်အသေးစိတ်ကို ဖတ်ကြည့်တော့ တချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင်အားစုတွေ မိုးထဲလေထဲရောက်နေချိန် စာနာအားပေးကူညီခဲ့ကြတဲ့ သမ္မတဟောင်း ကင်ဒေးဂျုံပါတီက လူတွေကို ဘေးဖယ်ထားတာ တွေ့ရတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ဘက်ရေတခွက် အတူသောက်ခွင့်တောင် ပေးမထားဘူး။ ကိုရီးယားက မြန်မာ့ဒီမိုကရေစီအင်အားစုတွေအတွက်တောင် မျက်နှာပူစရာအဖြစ်။ မြန်မာ့ဒီမိုကရေစီရေးအတွက်၊ တစိုက်မတ်မတ် စေတနာထားဆောင်ရွက်ပေးနေတဲ့ အင်ချွန်းမြို့တော်ဝင် ဆုံရောင်ဂီးနဲ့တောင်.. ကိုရီးယားက မြန်မာ့ဒီမိုကရေစီအင်အားစုတွေ “အတိုက်အခံအဖွဲ့ ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတောင် ဒီပုဂ္ဂိုလ်နဲ့တော့တွေ့ဖြစ်အောင် တွေ့ခွင့်ပေးပါ” လို့ မေတ္တာရပ်ခံလို့ ဖေဖော်ဝါရီ ၁ ရက် မနက်ကျမှ မိနစ်၂၀ လောက် တွေ့ခွင့်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ ကိစ္စမှန်သမျှ ထောက်ပံ့ကူညီပေးနေတဲ့ ဘုန်းတော်ကြီးတပါးနဲ့လည်း တွေ့ခွင့်မရဘူး။

“ဘုန်းတော်ကြီး အင်မ်ရောင်တန်” ဟာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် လွတ်လွတ်ချင်း ရန်ကုန် အင်းယားကန်နဘေးက အိမ်အမှတ် ၅၄ ကို အပြေးအလွှားသွားခဲ့သူပါ။ ပြီးတော့ဘုန်းတော်ကြီး ဦးဆောင်တဲ့ Dongguk University ဟာ မြန်မာ့အရေးကို အားပေးရုံမက၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ NLD လူငယ်တွေရဲ့ ပညာရေးထောက်ပံ့မှု အစီအစဉ်တွေ၊ စာသင်ကျောင်းတွေအပြင်၊ နာဂစ်ဒုက္ခသည်၊ မိဘမဲ့များ၊ ရွှေဝါရောင်သံဃာတော်များ ထောက်ပံ့ရေး၊ ထိုင်းမြန်မာနယ်စပ်၊ ရွှေ့ပြောင်းကျောင်း၊ ဒုက္ခသည်စခန်း.. အစရှိတာတွေကို မပျက်မကွက် ထောက်ပံ့ အားပေးနေတာဖြစ်တယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတွေတွေ့ဆုံမဲ့အစီအစဉ်ကို Seoul University နဲ့ Yonsei University မှာပဲ လုပ်ရမယ်လို့ စီစဉ်လိုက်တော့ ကိုးရီးယားက မြန်မာတွေ မျက်နှာပူစရာ အနေအထားတွေဖြစ်နေရော..။

ဒီထက်ဆိုးတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ကိစ္စပါ။ ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ယူဖိတ်ကြားတဲ့ ဖျောင်ချမ်းအိုလံပစ်ကော်မတီက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လိုက်ပါမယ့် လူ ၄ ယောက်အတွက် အလာလက်မှတ်ပဲ တာဝန်ယူပြီး အပြန်လက်မှတ် ဝယ်မပေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီးရုံးက မြန်မာ့ဒီမိုကရေစီအဖွဲ့တွေကို အပြန်လက်မှတ်အတွက် တာဝန်ယူခိုင်းပါတယ်။ ဒီသတင်းက ဟုတ်မှဟုတ်ရဲ့လား၊ တခုခုတော့ လွဲနေပြီလို့ထင်ပြီး မယုံနိုင်ဘူး။ ဒါနဲ့ တောင်ကိုးရီးယားက မိတ်ဆွေတွေကို မေးမြန်းစုံစမ်းကြည့်တော့ အဟုတ်ပဲ။ သတင်းက မှန်တယ်။ နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရတဲ့ ဘုန်းတော်ကြီး အင်မ်ရောင်တန်ကပဲ သူလေးစားချစ်ခင်တဲ့ မိတ်ဆွေအတွက် အပြန်လက်မှတ် ၀ယ်ပေးလိုက်တယ်တဲ့။ ဘယ်လောက်များ ၀မ်းနည်းစရာကောင်းလဲ..။
ပြီးတော့ ရှိသေးတယ်.. အရင်စစ်အစိုးရလက်ထက်က.. စီးပွားရေးတွေ တွဲပြီး အကြီးအကျယ်လုပ်ခဲ့ကြတဲ့ (အခုလည်း လုပ်တုံး) ကိုရီးယားခရိုနီတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ခမ်းနားတဲ့ ညစာစားပွဲတွေ၊ တွေ့ဆုံညှိနှိုင်းပွဲတွေလည်း (၅)ရက်ကြာ ကိုရီးယားခရီးစဉ်မှာ ပါတယ်။ အဲဒီ ကိုရီးယားခရိုနီတွေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရန်ကုန်တက္ကသိုလ် ဘက်စုံမွန်းမံရေးနဲ့ ပညာရေးအစီအစဉ်အတွက် ဒေါ်လာ သိန်းနဲ့ချီ လှုဒါန်းမယ့် သတင်းတွေကလည်း ကြိုထွက်နေတယ်။

ကဲ … ဇာတ်လမ်းကတော့ မသန်းပဲ။ ဆင်သွားရင် လမ်းတော့ဖြစ်ပါရဲ့၊ တိုးတိုက်ထိခိုက်မိလို့ ကျိုးကြေ၊ နင်းမွခံလိုက်ရတွေတော့ အများကြီး။ မြန်မာနိုင်ငံအဖို့ ဒီလိုကာလမှာ ဘက်ပေါင်းစုံက အကူအညီတွေ လိုတာတော့ အမှန်ပဲ။ ငွေကြေးနဲ့နည်းပညာ အထောက်အပံ့တွေက ထိတ်တန်းက လိုတာပေါ့။

ဒီထက်ပိုပြီးလိုအပ်တာက“မိတ်ဆွေကောင်း” တွေပါ။ အလည်အပတ်သွားခဲ့တဲ့ နိုင်ငံတိုင်းမှာ ဒေါ်စုက မိတ်ဆွေကောင်းတွေအကြောင်း၊ ကျင့်ဝတ်တရားတွေနဲ့ မေတ္တာ၊ စေတနာတွေ လွမ်းခြုံတဲ့ ဗုဒ္ဓအတွေးအခေါ်ဒဿနတွေကို အမြဲဆွေးနွေး ဝေငှလေ့ရှိတာ သတိထားမိပါတယ်။ ဒါပေမဲ့ ဒေါ်စုယုံကြည်တဲ့၊ လိုလားတဲ့ ကျင့်ဝတ်သီလနဲ့ မိတ်ဆွေစစ် အမျိုးအစားတွေ အမှန်တကယ် ရှာဖွေတွေ့ရှိ၊ မရှိတော့ ကျနော်တို့ မသိဘူး။ ဒါပေမဲ့ ကျနော်တို့ကတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် မိတ်ဆွေကောင်းတွေ တွေ့ခဲ့ပါတယ်။ သူတို့ဟာ ရိုးရှင်းတယ်။ အပေးပဲ ရှိတယ်၊ အယူမရှိဖူး။

ကျနော်တို့ လိုအင်ရင် အမြဲပြုံးပြီး ပေးတတ်တယ်။ သူတို့ဆီက အများဆုံးရတတ်တာက.. မေတ္တာ၊ စေတနာနဲ့ စာနာယိုင်းပင်းမှုတွေ ဖြစ်တယ်။ အဲဒါတွေနဲ့ပဲ အနှစ်(၂၀) ကျော် ကျနော်တို့ မတ်မတ်ရပ်နိုင်ခဲ့တယ်။ ကျနော်တို့ ပြန်ပေးနိုင်တာကလည်း အသိအမှတ်ပြုမှုနဲ့၊ အပြန်အလှန်မေတ္တာလေးပါပဲ။ ကျနော်တို့မှာ ငွေမရှိဘူး၊ အာဏာမရှိဘူး၊ လုပ်ပိုင်ခွင့်လည်း မရှိဖူး။ ဒါပေမဲ့ ကျနော်တို့အပေါ် အမြဲခွင့်လွှတ် နားလည်ချစ်ခင်နေတဲ့ အမိလိုအဖလို ညီလိုအကိုလို မိတ်ဆွေကောင်းတွေတော့ ရှိပါတယ်။

အာဏာတွေ၊ ငွေတွေထက် သစ္စာတရားနဲ့ လူ့ကျင့်ဝတ်တရားတွေပဲ ကျနော်တို့ မက်မောတယ်။ လူကိုလူလိုပဲ အသိအမှတ်ပြုချင်တယ်။ သူခိုးကိုသူခိုးလို့ပဲ သဘောပေါက်ထားချင်တယ်။ လူသတ်သမားကို လူသတ်သမားလို့ပဲ နားလည်ထားချင်ပါတယ်။

မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်နဲ့ပတ်သက်ပြီး သတိရတာတခု ပြောပြချင်တယ်။ ၂၀၀၄ ခုနှစ်က နယူးဒေလီမှာ မြန်မာ-အိန္ဒိယချစ်ကြည်ရေးအဖွဲ့တခုရဲ့ နှီးနှောဖလှယ်ပွဲ သွားတက်ခဲ့တယ်။ သိတဲ့အတိုင်း အိန္ဒိယက တရုတ်နဲ့မြန်မာ နီးနီးကပ်ကပ် ရှိတာကို တချိန်လုံး ဝေဖန်နေတာ..။ အဲဒီ အခမ်းအနားကို မြန်မာသံအမတ်ကြီး ဦးကျော်သူ (နောက်ပိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး) တက်စကားပြောတယ်။ သူပြောတာက A friend in need is a friend indeed. တဲ့.. လိုအပ်တဲ့အချိန်မှာ ကူညီသူဟာ မိတ်ဆွေစစ်တဲ့။ ၈၈ တုန်းက စစ်တပ်က ဒုက္ခရောက်တော့ အိန္ဒိယက ဘာအကူအညီပေးလို့လဲ..တဲ့၊ တရုတ်က ကျနော်တို့ကို အကူအညီပေးခဲ့တယ် တဲ့။ ရှင်းရှင်းပဲပြောသွားတယ်။ လက်ပံတောင်းမှာ ဦးအောင်မင်း တရုတ်ကျေးဇူး ဖော်ထုတ်သွားတာ နောက်မှ..၊ သမတဟောင်း ဒေါက်တာမောင်မောင်ရဲ့သား သံအမတ်ဦးကျော်သူက နယူးဒေလီမှာ အပြတ်ပြောပြီးပြီ။ နားထောင်နေတဲ့ အိန္ဒိယနိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ ဘာတခုမှ မပြောနိုင်ဘူး၊ ပါးစပ်ဟောင်းလောင်းနဲ့။

၈၈ က စလို့ ကျနော်တို့ဒီမိုကရေစီအင်အားစုတွေ မိုးထဲလေထဲ ဒုက္ခရောက်တုန်း ဘယ်သူတွေ ကူညီခဲ့လဲ၊ ဘယ်သူတွေ ၀င်ရှုတ်ခဲ့လဲ၊ ခရိုနီတွေလား၊ စီအိုင်အေလား၊ NGO တွေလား ..စစ်ဗိုလ်ချုပ်တွေလား၊ ကျနော်တို့တတွေ.. မိတ်ဆွေစစ်ဆိုတာ ဘာမှန်းမသိရသေးရင်တောင် … မိတ်ဆွေတု၊ မိတ်ဆွေယောင်တွေအကြောင်းတော့ သေသေချာချာသိသင့်တယ်ထင်တာပဲ။ ။

ကိုညို (အော်စလို)

34 comments:

ဇီးရိုး said...

ဟင်း.....အကိုရာ... ဖတ်ရတာ ရင်မောလိုက်တာ...ရင်ထဲမှာ မချိဘူးဗျာ။

boBurmese said...

မြန်မာ့ရေးရာ သတင်းပဒေသာ (၀၁- ၃၀ -၂၀၁၃) - boburmese.blogspot.com

ဖြိုးသီဟ said...

ရေးသားချက်ကိုကြိုက်တယိ။လက်ခံတယ် ဖတ်ရင်းနဲ့ရင်မောမိတယ်။မိတ်ဆွေယောင်ဆောင်ထားတဲ့ရန်သူတွေဟာတော်တော်ကြောက်ဖို့ကောင်းတယ်။ခုတမျိုးတော်ကြာတမျိုး။လိုတမျိုး မလိုတော့တမျိုး

kyawthusukyi said...

ဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ်

Anonymous said...

ဒေါ်စု ကိုရီယား သရုပ်ဆောင် တွေနဲ့ တွေ့ဦးမယ် တဲ့ဟ
တကယ့် အပိုအလုပ် တွေ တကယ့် အောက်တန်းကျ လွန်းတယ်
အရင် က ထောက်ခံတယ် လေးစားတယ်
နောက်ပိုင်း ရခိုင် အ ရေး မှာ နဲနဲ ချဉ်သွားတယ်
အခု တော့ ရွံသွားပြီ

Unknown said...

What the article says is correct. I can accept it. The only thing we need is understanding and loyalty from others. It is not good to give for to gain. But, we must appreciate true generosity of others. Most of foreign business men in our country hunting for the chances and opportunities. For that, we must be wise. But, some donates without expectation. We must be grateful too. If you don't believe me go and check in Yangon, most of Korean business men have to give a lot of taxes for their business. They gets a of profits from our soil. But, they pay very low prize for hard labors of our country fellows who work for them. They seem to be very disciplined and strict in business, but incline to self-profits and interests. We can learn from them hardworking attitude but not self-interests and egoism. I think ASSK knows that very well, thus she always reminds the world to have a economic ethics and care for the welfare of the others not only themselves. Thanks for this articles.

Anonymous said...
This comment has been removed by the author.
မောင်ပြောချင် said...

"I practise what I preach"
"ငါဟာပြောတဲ့အတိုင်း လုပ်တဲ့ကောင်ကွ "
ဗိုလ်ချုပ်စကားလေးပါ အမှတ်တရ နဲ့သတိတရရှိလို့ရေးလိုက်မိတာပါ။

မောင်ပြောချင် said...

ဖတ်ပြီးလို့စိတ်မကောင်းလည်းမဖြစ်ဘူး။
ဟာ ဟင် ကျွတ် တောက် လည်းမဖြစ်တော့ဘူး။
ဘာလို့လဲ ဆိုတော့သူမ အပေါ်မှာမျှော်လင့်ချက်မထားတော့တာ နဲနဲကြာသွားပြီ။

aristhteinwin said...

ကိုညိုရေ- မိတ်ဆွေစစ်-မိတ်ဆွေတုဆိုတာ နိုင်ငံရေးလောကမှာ မရှိဘူးဗျ-နိုင်ငံရေးမှာ ထာဝရမိတ်ဆွေဆိုတာ မရှိသလို-ထာဝရ ရန်သူဆိုတာလဲ မရှိဘူး-ဒါဖြင့် ဘာရှိ လဲလို့ မေးစရာရှိတာပေါ့-ဖြေမယ်ဗျာ-နိုင်ငံရေးမှာ ထာဝရ အကျိုးစီးပွားဘဲ ရှိတယ်-တဲ့ဗျ ။ အိန္ဒိယကြည့်ဗျ-အာဏာရ ပါတီက ဒေါ်စု အကျယ်ချုပ်ခံရစဉ်ကလွှတ်ပါပေးပါလို့  တခွန်းမပြောဘူး။
အကျယ်ချုပ်မှ လွတ်လာတော့လဲ ကြိုဆိုပါတယ် တခွန်းမပြောဘူး-အခုမှ တမင် ဖိတ်မန္တကပြု စကားတွေ ဘာတွေ ပြောခိုင်းနေတာ-ဒလိုင်းလားမားကြီး လက်ခံထားတာက- တရုပ်နဲ့  မတည့်ချိန် နယ်စပ်ဒေသ မှာ တိုက်ပွဲဖြစ်နေလို့  လက်ခံတာ-အခု နောက်ပိုင်း တရုပ်နဲ့  ကုန်သွယ်ရေး အရ သဘောတူ စာချုပ်တွေလဲ ချုပ်ဆိုပြီးရော- တိဘတ်ဟာ တရုပ်နိုင်ငံရဲ့  ပြည်နယ်တခုဖြစ်ပါတယ်လို့ အိန္ဒိယက သဘောတူလိုက်တယ်။ ထို့ အတူ တရုပ်ကလဲ ဆစ်ကင်းပြည်နယ်ဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တခုပါလို့ အပြန်အလှန် သဘောတူလိုက်တယ်- ဒါဘဲဗျ-ကိုယ်ကကျူး - ကိုယ့်ဒူတောင်မှ မယုံရဘူး-ဆိုတဲ့ စကားပုံတခုရှိတယ် မဟုတ်လား-

Unknown said...

အမေစုကို ဒီထက်ပိုပြီးဘာတွေခိုင်းချင်နေကြတာလည်း.. အမေစု ပင်ပန်းလှပြီ။ ချဉ်ရတာနဲ့..မောရတာနဲ့..ရွံရတာနဲ့.. ကိုယ့်လူတို့ပဲ အောက်တန်းကျတာ.. ကိုယ့်လူတို့အတွက် အကျိုးမရှိလောက်ဘူးလို့ ယူဆရင်..ချဉ်ဖို့လည်းဝန်မလေးဘူး၊ ရွံဖို့လည်းဝန်မလေးဘူး.. အမေစုရဲ့ အသိဥာဏ်ဟာ ကိုယ့်လူတို့ထက် သာတယ်လို့လက်ခံရင်.. စောင့်ကြည့်နေရုံပဲရှိတယ်..

haymar said...

I think air tickets are not big deal.
She planned to travel to there is main what she did.

The article is a bit narrow minded opinion.
General Aung San what he did for the country, he did cooperate with Japan to remove English. Then he did communicate with English to remove Japan.

The political is not very easy.

Always , we see cristisms about Daw Aung San Su Kyi on the Dr Lun Swe blog website.
Some are positives. Most are negative views. Now we are suspecting Both writers & website editors are fm Than Shwe's team?

Very few about current government.
Never write/crisis about the current government's projects.
Never high light what they doing are not right and wrong.

U Lun Swe, who are you? You are Than Shwes' team member?


Thu said...

Thanks Ko Nyo for more infos,
"A friend in need is a friend indeed' is used to be in social relationship.
In politics, a famous quote is "We have no permanent allies, we have no permanent enemies, we only have permanent interests."
(Lord Palmerston 1784-1865, Foreign Secretary and two-time Prime Minister under Queen Victoria.)
Please mind on Daw Su is politician and involve in international play ground.

ဖြိုးဖြိုး said...

kokoပြောသွားတာ ထောက်ခံပါတယ်။ရွံရတာ ချဉ်ရတာနဲ့ ထမင်းအိုးပျောက်လို့ မခံမရပ်နိုင်ဖြစ်ပြီး
ဒေါသနည်းနည်းလျော့ပါ။

Vai said...

ဒေါ်စုကိုဝေဖန်တဲ့ လူတွေကိုသနားစိတ်ဖြစ်မိတယ်

moemoe said...

အပြော ကလူတိုင်းတတ် ပါတယ်... ကိုယ်ရေးတဲ့စာက ကိုယ့်အဆင့်အတန်းကိုဖော်ပြတယ်...ချဉ်ရ၊ မောရ၊ ရွံရ တယ်ရှိသေး တယ်....ကိုယ့်ကျတော့ လူတွေအသိ မှတ်ပြု ရတဲ့လောက်လောက် လားလား ဆောင်ရွက် တာမရှိ ပဲနဲ့ များ ကောင်းကင် ကို မော့ ကြည့် ပြီး တံတွေး ထွေး ချင် နေသေး တယ်......

win said...

မှန်၏
အဲ့ဒီလို လူစားများများရှိနေလို့ငါ့တို့ နိုင်ငံ
နောက်ကောက်ကျနေတယ် ထင်တာဘဲ။

Unity To Fight Dictatorship said...

အမေစုလဲမောလောက်ပြီတဲ့လားဗျာ။
မိသားတစုလုံးဘဝပျက်ခဲ့ရတဲ့နိုင်ငံသားတွေ၊ အခုထက်ထိ အနှိပ်အစက်မလွတ်သေးလို့ အမျိုးမျိုးဒုက္ခပေးနေတဲ့အကြားထဲ ကဆန္ဒဆက်ပြနေကြရတဲ့သူတွေ၊ ဒူးခေါင်းမှာ သံရိုက်ပြီးစစ်ဆေးမေးမြန်းခံရလို့ အခု ဘာမှမလုပ်စားနိုင်ပဲ တောင်းစားရ တော့မလိုဖြစ်နေတဲ့သူတွေ၊ တနေ့တာတမိသားစု စားစရာဝမ်းမဝမှာ ပူပင်ဇောနဲ့ ရုန်းကန်နေရတဲ့အများစုတွေ သူတို့တတွေ မောလို့ အနားဖြေစရာရှိပြီလား။ တခုရှိပါတယ်။ ဒေါ်စုက ကျွန်မတော့ ဘာမှမလုပ်တော့ပါဘူး။ မောလို့ လူထုအတွက်လဲ မလုပ်ချင်ပါဘူး။ လူထုခေါင်းဆောင်လဲ ခေါ်ခံရတာ ဘာမှမလုပ်ပေးရသေးပဲနဲ့ ရှက်လှပါတယ်။ အေးအေးဆေးဆေးပဲနေပါတော့မယ်ဆိုရင် ဒီလိုတွေဘယ်သူပြောမယ်ထင်သလဲကိုယ့်လူ။ အရမ်းဘောမတတ်တဲ့ အကျင့် တွေကြောင့်နေဝင်းအာဏာရှင်စံနစ်ဖြစ်ခဲ့ပြီ။ အခုလဲ အရမ်းဖေါ်လံဖါးတတ်တဲ့အကျင့်တွေမဖျောက်ကြသေးဘူး။ ထောက်ခံ စရာရှိထောက်ခံ။ ဝေဖန်စရာရှိဝေဖန်ပေါ့။ ဘုရားမဟုတ်တော့ အမှားရှိမှာ ငြင်းလို့မရပါဘူး။

haymar said...

Pls. go and see updted news on ThitHtooLwin website.

The writer should shame a lot!

Unknown said...

that right.

Anonymous said...

ဟုတ်ပ unity ရာ
ဒီလို ပုဂ္ဂိုလ်ရေး ကိုးကွယ်တဲ့ကောင် တွေကြောင့် ဒုက္ခ ရောက်တာ

lcd said...

ဘာကြောင့်တွေ့တယ်ဆိုတာလဲစောင့်ကြည့်ပြီးမှဝေဖန်ပါ။သေချာတာကဒေါ်စုဟာအပိုအလုပ်တွေ၊ကိုယ်ကျိုးအလုပ်တွေလုံးဝမလုပ်ဘူး။မင်းတို့တိုင်းပြည်အတွက်ထားတဲ့စိတ်ဓါတ်တွေပြင်ကြပါ။မင်းအတွေးအခေါ်လောက်နဲ့ပေါက်ကရရေးပြီးဒေါ်စုကိုမစော်ကားပါနဲ့။ကိုညိုတောင်မရေးဘူး။

lcd said...

မင်းတို့တွေရဲ့ပြည်ဖျက်။မျိုးဖျက်။ဘာသာသာသနာဖျက်ပထွေးစစ်ခွေးတွေကိုကော။

lcd said...

unity တဲ့။နာမည်ပြောင်းလိုက်ပါ။တကယ်တော့မင်းတို့လောက်အတွေးအခေါ်တွေကြောင့်ဗမာပြည်ဒုက္ခရောက်သွားတာ။

မောင်ပြောချင် said...

မေးစရာလိုလားကွာ နဂိုကတည်းကဒီကောင် တွေအ ပေါ်မှာဘာမျှော်လင့်ချက်မှမထားဘဲနဲ့ ဘယ်လောက်ထိတိုင်းပြည်ကိုဖျက်ဆီးပြီးမိုက်ရိုင်းရဲမလဲဆိုတာပဲစောင့်ကြည့်နေတာ။ဒါကြောင့် ဥပဒေမဲ့လုပ်ရပ်တွေ လိုဆွဲလုပ်ပြီးဥပဒေဘောင်ထဲဝင်အောင်လုပ်ထား တာတွေအတွက်မအံ့သြပါ။ဒါကြောင့်သူများတွေလို ဘောင်းဘီချွတ်အစိုးရစစ်အာဏာရှင်ပါပဲကွာဆိုပြီးဆဲမနေပဲ ဘယ်လောက်ဖြေလျော့ပေးနိုင်တာလဲကိုကြည့်ပြီး အမှတ်ပေးနေတာပါ။ ဒေါ်စုနဲ့အတိုက်အခံအဖွဲ့တွေအပေါ်အမြင်ကျတော့ တစ်မျိုးပေါ့။နောက်ကြုံရင် ရှင်းပြအုံးမည်

မောင်ပြောချင် said...

ဘာကြောင့်တွေ့တယ် ဘာကြောင့်သွားတယ်တိုင်းပြည်အတွက်ဆိုတာ ကော ၁၀၀ %သေချာလား။သူ့ကိုယ်ကျိုးလုံးဝမပါဘူးဆိုတာသေချာလား။(ဒီနေရာမှာသူ့ကိုယ်ကျိုးဆို တာငွေကြေးကိုပြောတာမဟုတ်ပါ။သမိုင်းတွင်အောင်သွားလာမိန့်ခွန်းပြောပြီး ကိုယ့်ပုံရိပ်ကိုဆက်ပြီးအသက်ဝင်နေအောင်လုပ်တာမဟုတ်လား။)ကမ္ဘာ ပတ်ပြီးဆုံးမနေမယ့်အစား ကိုယ့်ပါတီဝင်တွေကိုစည်းကမ်းနဲ့နေတတ် ထိုင်တတ်
အောင် ဆုံးမပါဦး(nld ပါတီဝင်ဟောင်းများမပါ)
သွားပြီးပြန်လာပြီးတိုင်းပြည်အတွက်ဆိုပြီး ဘာထူးထူးခြားခြားဖြစ်လာလို့လဲ။ဖြစ်လာစေချင်လို့မျှော်လင့်တာမဟုတ်ပါဘူး။ကြီးကြီးကျယ်ကျယ်တိုင်းပြည်အတွက်ဘာညာဆိုပြီး
ပြောနေကြလို့ပါ။ စီးပွားရေးသမားတွေ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုဆိုတာတွေဟာဘယ်သူ့
မျက်နှာမှထောက်တာမဟုတ်ဘူး။ကိုယ့်အကျိုးစီးပွားဖြစ်မယ် အခွင့်အရေးရမယ်ဆို ဘနဖူးသိုက်တူးမယ့်ကောင်တွေကြီးပဲ(ကျင့်ဝတ်
ထားတာတယောက်နဲ့တယောက်ကွာတာကလွဲရင်)
ဒါကိုကြီးကြီးကျယ်ကျယ် နိုင်ငံ့စီးပွားရေးအခွင့်အလမ်းအတွက်သွားသလိုလိုနဲ့ခေါင်းစဉ်မတပ်ပေးကြနဲ့။
သူ့အကျိုးစီးပွားအတွက်သူသွားတာပဲ ရောမချနဲ့။
တိုင်းပြည်အတွက်ဘာမှတောင်မလုပ်ရသေးဘူးမောနေပြီထင်ရင်လည်းဘေးထွက်လိုက်ရုံပဲ။

very truth said...


ဒီမိုကရေစီဆိုတာကြီးကို တရာမမျှတတဲ့ စစ်အာဏာရှင်လက် ထဲကနေ အရယူရမှာဖြစ်တယ်။
ဒါကြောင့် မိမိကိုတိုင်က အမှန်တရားမရှိ အမှန်တရားဘက်
က ရဲရဲဝံ၀ံရပ်တည်ခြင်းမရှိပဲ စစ်မှန်ပြီးတရားမျှတတဲ့ ဒီမိုက
ရေစီကို ဘယ်လိုများရယူနိုင်ပမလဲ ဘယ်လိုများ ဖော်ဆောင်နိုင်ပမလဲဆိုတာ မတွေးတတ်လောက် အောင်ပါပဲ တီတီစုရယ်။

Unknown said...

what ma su going and saying are not important just what she is doing is have to trace...she is look like 2tt family...than swe and thein sein..she is shouting for peace..but never talk a word peace for KACHIN AFFAIR.funny just going and taking peaceful metal but at home zipped her mouth..OBVIOUSLY...she is politically twist to earn herself..now u see...

mmp said...

Totally agree!

Anonymous said...

ကိုရီးယား မင်းသားမင်းသမီးတွေနဲ့ တွေ့တာ တိုင်းပြည်အတွက်လား က လေးတောင် နားလည်တယ်

myo said...

တိုင်းရင်းသားတွေက သူတို့တွေဖက်မရပ်တည်ရကောင်းလားဆိုပြီး အပြစ်တင်ကြ၊ စစ်အာဏာရှင်စနစ်ကိုထောက်ခံတဲ့သူတွေက သူမကြောင့်လက်ရှိရနေတဲ့ အခွင့်အရေးလေးဆုံးမှာကြောက်ပြီး အပြစ်တင်ကြ။ အော်လူတွေလူတွေ.....အကြောင်းအမျိုးမျိုးပြပြီး ကိုယ့်အာဏာတည်မြဲရေး၊ ကိုယ့်ဆွေမျိုးကောင်းစားရေးလောက်ပဲလုပ်နေတဲ့ နှစ်ဖက်စလုံးက အာဏာရှုးတွေကိုတော့ အပြစ်တင်ဖို့မေ့နေကြတယ်။ အမေစုရဲ့ကြားနေသဘောထားကိုထောက်ခံတယ်။ အာဏာရှုးလို့တိုက်နေကြတဲ့ဘယ်ဖက်ကမှပါစရာမလိုဘူးလို့ထင်တယ်။ ခွေးချင်းကိုက်ကြတာ မောရင်သူ့အလိုလိုရပ်သွားလိမ့်မယ်။ တိုက်ပွဲတွေကြောင့်ဒုက္ခရောက်နေတဲ့ ပြည်သူ့တွေကိုပဲသနားတယ်။ အာဏာရှင်တွေကျဆုံးပါစေ.....

haymar said...

the article does not make sense.

Unknown said...

i m very much agree with ko nyo.
it is quite corrected n frankly view on assk.
when i was a young guy i like very much assk.
but now i know that she is nothing for us. USELESS WOMAN.
CARRY ON KO NYO. BRAVO.

moe said...

Thanks Ko Nyo for highlighting, You have some points which are factual.
But DASSK has her own strategy and building international relationship with all friends. I think in her philosophy she has no enemies. She will move forward as she believe for the goodness sake of Burma and her people inclusive of all ethnic nationalities and tribal people.
What Ko Nyo should know is "India had help U Nu's Rangoon Government during Karen rebel's uprising in 1949 when they took some major cities including Insein Township.
When all foreign countries are engaging Burma for their interest, Burmese (both Politicians, government officials, youth and all must know what is Burma's interest and get and protect it.
If you(all) are united as U Lun (Thkhin Ko Daw Hmaing) and Ashin U Visara( U Wi-sa-ra) had taught Burmese to do so. Then in a foreseeable future Burma may stand on it feet and start progressing forward.
regards.
Moe Aung