Tuesday, December 25, 2012

ရွှေတိဂုံစေတီတော်ပေါ် လင်းတများ နား၊ ဟဲဟိုးလေဆိပ်နား အဲပုဂံလေယာဉ် ပျက်ကျ (ဓာတ်ပုံသတင်း)

(Photos from Facebook and Ko Aung, News - Air Bagan)

အဲပုဂံရဲ့ သတင်းထုတ်ပြန်ချက်

ယနေ့မနက် (w9-011) ရန်ကုန်-မန္တလေး-ဟဲဟိုး လေယာဉ်သည် ဟဲဟိုးကွင်းသို့ ဆင်းသက်ချိန်တွင် လေယာဉ်ကွင်းနှင့် ၂ မိုင်အလိုခန့်တွင် အရေးပေါ်ဆင်းသက်သွားခဲ့ရကြောင်း သတင်းရရှိပါသည်။ ခရီးသည် ၆၅ ယောက် ပါဝင်ပြီး ခရီးသည်အားလုံးနှင့် Captain၊ Crew များအားလုံးလည်း အသေအပျောက်မရှိကြောင်း သိရှိရပါသည်။ အဲပုဂံ Emergency Team မှ ဖြစ်ပွားရာနေရာသို့ သွားရောက်၍ လိုအပ်သည့် အကူအညီများ ဆောင်ရွက်လျက်ရှိပြီး အသေးစိတ် အချက်အလက်များကို ထပ်မံ ဆက်လက်တင်ပြသွားပါမည်။

ခရီးသည် ၆၅ ဦးအနက်မှ ၅၅ ဦးသည် ဟဲဟိုးလေယာဉ်ကွင်းတွင် ဘေးကင်းစွာရှိနေကြောင်း သိရှိရပါတယ်။ ခရီးသည် ၉ ဦးကို တောင်ကြီး စ၀်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ထားပါတယ်။

လေယာဉ်မှူးများ အပါအဝင် လေယာဉ်ဝန်ထမ်း ၇ ဦးအနက်မှ ပိုင်းလော့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာရသဖြင့် ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။

ယင်းအတွက် ဆေးရုံသို့ပို့သူ စုစုပေါင်း ၁၁ ဦး ဖြစ်ပါတယ်။

ခရီးသည် ၁ ဦး ပျောက်ဆုံးနေကြောင်း သိရပြီး ၄င်းခရီးသည်မှာ လေယာဉ်ထဲတွင် ကျန်ရစ်သေဆုံးနေကြောင်း တွေ့ရှိရပါတယ်။ ခရီးသည် အမည်ကို ရရှိနိုင်ရန် ကြိုးစားနေပါတယ်။

ကွယ်လွန်သူနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် အဲပုဂံမှ အထူးပင် ဝမ်းနည်းကြေကွဲရပါကြောင်း သတင်းထုတ်ပြန်အပ်ပါတယ်။

ဆေးရုံသို့ ရောက်ရှိနေသော ခရီးသည်များထဲမှ သိရှိရသော အမည်စာရင်း ဖြစ်ပါတယ်။

(7 passengers in Hospital)

LOKOS/ ALLAN MR
USA Male

WEISS/SUSANNA CHOJNIC
USA Female

KO SOE MOE THU
MYANMAR Male

EVELYNE/MOR MS
UK Female

MA TOE TOE KHIN
MYANMAR Female

MA KHIN AYE HLAING
MYANMAR Female

LU/HANCAUN MR
KOREAN Male

(2 Pilots in Hosptial)

Capt. Maung Maung Htwe
F/O Nay Lin Htun

ဆေးရုံမှ နောက်ထပ် ရရှိတဲ့ ခရီးသည် ၂ ဦး အမည်ပါ။
(another 2 passengers in Hospital)

U MYINT HTWE
Myanmar Male

GERARD/ BODET MR
UK MALE

မတော်တဆမှုဖြစ်ခဲ့သော ဟဲဟိုးခရီးစဉ်မှ ပထမအသုတ် ခရီးသည် ၂၄ ဦးသည် Asian Wings လေကြောင်းဖြင့် ဟဲဟိုးလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လာနေပြီဖြစ်ပါသည်။

၎င်းခရီးသည်များမှာ အထိတ်တလန့်ဖြစ်ခဲ့ခြင်း၊ အနည်းငယ် ပွန်းပဲ့ဒဏ်ရာ ရရှိခြင်းများ ရှိခဲ့ခြင်းကြောင့် အဲပုဂံလေကြောင်းလိုင်းမှ ၄င်းတို့၏ နေအိမ်နှင့် တည်းခိုရာ ဟိုတယ်များသို့ တိုက်ရိုက်မပြန်စေဘဲ ဝိတိုရိယဆေးရုံကြီးတွင် လိုအပ်သောစစ်ဆေးမှု (Medical Check-up) ပြုလုပ်ပေးရန် စီစဉ်ဆောင်ရွက်ထားရှိပါသည်။ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ခရီးသည်များ သွားလိုရာသို့ လေကြောင်းလိုင်းမှ လိုက်လံပို့ဆောင်ပေးမည် ဖြစ်ပါသည်။

ဟဲဟိုး မတော်တဆမှုတွင် ကွယ်လွန်ခဲ့သော ခရီးသည်မှာ ပျောက်ဆုံးနေသည့် မနွဲ့လင်းရှိန် (Tour Guide) ဖြစ်ကြောင်း သက်ဆိုင်ရာမှ အတည်ပြုပေးကြောင်း သိရှိရပါသည်။

ခရီးသည်မဟုတ်ဘဲ လမ်းပေါ်မှ ဆိုင်ကယ်စီးနေရင်း ထိခိုက်သေဆုံးသွားသူမှာ ဦးပြားဟု သိရှိရပါသည်။

အဲပုဂံမိသားစုအနေဖြင့် ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိပါသည်။ ကောင်းရာမွန်ရာသို့ ရောက်ရှိပါစေကြောင်းကိုလည်း ဆုတောင်းမေတ္တာပို့သလျက် ရှိပါသည်။

ကျန်ခရီးသည်များအနက်မှ စဝ်စံထွန်းဆေးရုံသို့ ၉ ဦး ရောက်ရှိနေပါသည်။ ၈ ဦးမှာ မစိုးရိမ်ရသော ဒဏ်ရာရရှိပြီး ၁ ဦးမှာ ၄င်း၏ ခရီးသွားဖော်အတွက် အဖော်လိုက်သွားခြင်းဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ ၄င်းခရီးသည်များကိုလည်း ရန်ကုန်သို့ ပြန်လည်ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်နေပါသည်။

အဲပုဂံလေကြောင်းလိုင်းအနေဖြင့် လိုအပ်သော တာဝန်ယူမှုအားလုံးကို တာဝန်ယူ ဖြေရှင်းပေးမည်ဖြစ်ပါကြောင်းကိုလည်း အသိပေးကြေညာအပ်ပါသည်။

7 comments:

Unknown said...

လင်းဒများ အကျွတ်တရားဝင်ချင်လို့ ဘုရားရိပ်တရားရိပ်မှာလာခိုနားတာပါ။မြန်မာပြည်မှာ မကောင်းဆိုးဝါးမိစ္ဆာတွေ၊ဘယ်သူတွေဘယ်လိုနေနေ ကိုယ်နေသာရင်ပြီးရော့ ဘယ်သူတွေဘယ်လိုငတ်ငတ် ကိုယ်မငတ်ရင်ပြီးရော့ဆိုပြီးလာသမျှ ကိုယ့်အိတ်ထောင်ထဲအကုန်ထည့် အာဏာရူးမကောင်းဆိုးဝါးတွေ အကျွတ်တရားဝင် သူတို့ရဲ့ဇာတ်ဝင်ခန်း ပြည်ဖုံးကားကန့်လန့်ကာချပြီး အေးချမ်း သာယာ တိုးတတ် ဖွံဖြိုးတဲ့ “ရွှေနိုင်ငံရွှေခေတ်ကြီးသို့”ရောက်တော့မယ်ဆိုတဲ့ နိမိတ်ကိုဆောင်ပါတယ်။မြန်ပြည်မှာရှိတဲ့မကောင်းဆိုးဝါးတွေအားလုံး အကျွတ်တရားရကြပါစေးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ှဲKaung said...

ဒီနှစ်ကုန်ပိုင်းမှာ လ အက္ခရာတွေ ခောတ်စားနေပါတယ်။
လွှတ်တော်၊ လပန်းတောင်းတောင်၊ လဒ၊ လေယာဉ်၊ လိုင်ဇာ၊ (နောက်ဆုံး) လွဏ်းဆွေ

mike said...

ခရီးသည် ၁ ဦး ပျောက်ဆုံးနေကြောင်း သိရပြီး ၄င်းခရီးသည်မှာ လေယာဉ်ထဲတွင် ကျန်ရစ်သေဆုံးနေကြောင်း တွေ့ရှိရပါတယ်။ ခရီးသည် အမည်ကို ရရှိနိုင်ရန် ကြိုးစားနေပါတယ်။

mike said...

ခရီးသည် ၁ ဦး ပျောက်ဆုံးနေကြောင်း သိရပြီး ၄င်းခရီးသည်မှာ လေယာဉ်ထဲတွင် ကျန်ရစ်သေဆုံးနေကြောင်း တွေ့ရှိရပါတယ်။ ခရီးသည် အမည်ကို ရရှိနိုင်ရန် ကြိုးစားနေပါတယ်။

Unknown said...

Khm1088@gmail.com
အရမ်းစိတ်မကောင်းဖြစ်မိပါတယ် Air Bagan လေကြောင်းလိုင်းမိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်မိပါတယ် ကွယ်လွန်သွားသူတွေကောင်းရာသုဂတိလားပါစေလို့ပြုသမျှကုသိုလ်တွေကိုအမျှပေးရင်းဆုတောင်းပေးပါတယ် ဒဏ်ရာဖရသူတွေအားလုံးနဲ့ လေယာဉ်မှူးတွေပါအမြန်ဆုံးကျန်းမာပြီးဘေးကင်းကျပါစေလို့ ဆုတောင်းပေးပါတယ် Air Bagan လေကြောင်းလိုင်းလည်းအမြန်ဆုံးနဲ့အကောင်းဆုံးပြန်လည်ထူထောင်နိုင်ပါစေ. အားလုံးကျန်းမာကျပါစေ အပူအပင်ကင်းကျပါစေ ဘေးရန်ကြောင့်ကျကင်းကျပါစေဗျာ

Unknown said...

Khm1088@gmail.com
အရမ်းစိတ်မကောင်းဖြစ်မိပါတယ် Air Bagan လေကြောင်းလိုင်းမိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်မိပါတယ် ကွယ်လွန်သွားသူတွေကောင်းရာသုဂတိလားပါစေလို့ပြုသမျှကုသိုလ်တွေကိုအမျှပေးရင်းဆုတောင်းပေးပါတယ် ဒဏ်ရာဖရသူတွေအားလုံးနဲ့ လေယာဉ်မှူးတွေပါအမြန်ဆုံးကျန်းမာပြီးဘေးကင်းကျပါစေလို့ ဆုတောင်းပေးပါတယ် Air Bagan လေကြောင်းလိုင်းလည်းအမြန်ဆုံးနဲ့အကောင်းဆုံးပြန်လည်ထူထောင်နိုင်ပါစေ. အားလုံးကျန်းမာကျပါစေ အပူအပင်ကင်းကျပါစေ ဘေးရန်ကြောင့်ကျကင်းကျပါစေဗျာ

Unknown said...

မိသားစု များနဲ့အတူထပ်တူထပ်မျှဝမ်နဲး မိပါတယ်ဘေးဘယာကင်းဝေး ကြပါစေ