Tuesday, December 25, 2012

ခရစ္စမတ်

ခရစ္စမတ်
ကိုလတ်

ကျနော်က
ဆောင်းရာသီကို ချစ်တယ်။

ခရစ္စမတ်အခါသမယက
ဆောင်းရာသီမှာဖြစ်တယ်။

အေးချမ်းကြည်လင်တဲ့
ခရစ္စမတ်အခါသမယဆို
ဇာတိမြေက
ငယ်ဘ၀ကို အောက်မေ့တယ်။

ခရစ္စမတ်မှာ
မြို့ကလူတွေ
အနားယူ အပန်းဖြေခရီးထွက်ကြတယ်။

ခရစ္စမတ်မှာ
ဆန်တာကလော့စ်ဦးထုပ်ကလေးတွေ ဆောင်း
အာငွေ့တွေ တထောင်းထောင်းနဲ့
ထင်းမီးဖိုနံဘေး အနွေးဓာတ်ယူကြတယ်။

ခရစ္စမတ်မှာ
ကောင်းကင်မှာ ကြယ်တွေဖွေးဖွေးလှုပ်နေတာကို
မော့ကြည့်ရတာ ပျော်တယ်။

ကလေးဘာဝ
ကျောင်းပိတ်လို့လည်း ပျော်တယ်။

ခရစ္စမတ်မှာ
သံပြိုင်ဆုတောင်းသီချင်းတွေ နားထောင်ရတာ
ကြည်နူးအားတက်မှုတွေဖြစ်ထွန်းစေတယ်။

ကျနော်က
ခရစ္စမတ်ဆို
အဖေအမေတို့ဆီ
မပျက်မကွက်လာတတ်တဲ့
တယောဆရာကြီး
ဦးချန်ထွန်းကို သတိရတယ်။

သူက
တပည့်သုံးလေးယောက်လောက်နဲ့
သံပြိုင်ဆုတောင်းသီချင်းတွေ လာလာဆိုတယ်။

ကျနော် မှတ်မိတာက
“ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာရောက်စေသော်ဝ် ... ရောက်စေသော်ဝ်”

တကယ်ပဲ
ကျနော်တို့မိသားစုနေထိုင်တဲ့ အိမ်ကလေးပေါ်
ကောင်းချီးမင်္ဂလာတွေ ရောက်လာတယ်လို့
ကျနော်ခံစားခဲ့ရတယ်။

ဒါကြောင့် ...
ခရစ္စမတ်အခါသမယဆို
ကျနော် ပျော်တယ်။

ကိုလတ်

3 comments:

koko chit said...

ခရစ်စမှတ် ရဲ့အေးခြမ်းမူ့နဲ့အတူဒို့ကချင်မြေကြီးလဲအေးချမ်းခြင် တယ်

kyawthusukyi said...

December ကမွေးလမို့ အနှစ်သက်ဆုံး လတစ်ခုပါ

Maung Maung Kyaw Win said...

No snow and Santa absence this Christmas in Chicago. Vultures sitting on the great Shwedagon Pagoda in Burma. Is doomsday near? Al Fin de Mondo?