Sunday, December 23, 2012

မှတ်ကျောက်

မှတ်ကျောက်
ကိုလတ်

ထောင်တွင်းနေစဉ်
ထောင်ပြင်ထွက်စ
မော့ကြည့်ခဲ့ရ ကြယ်ပွင့်များ။

ဆက်ငေးနေဆဲ
တိုက်ပွဲများအောက်
တချို့ မှောက်
တချို့ ပျောက်
တချို့ ဖောက်
တချို့ ကြောက်
တချို့ နှောက်
တချို့ ဟောက်
တချို့ ဂေါက်
တချို့သာလျှင် ဆက်လျှောက်နေဆဲ ရဲရဲတောက်။ ။

ကိုလတ်

2 comments:

Anonymous said...

မှတ်ကျောက် ဟူသော ကဗျာကို
ရေးသားသီကုးံလေသော မစ္စတာဆြာ ကိုလတ်အား
အထူးအလေးအနက် အကြံပြုလိုပါ၏။

ကဗျာ၏နောက်ဆုးံ စာကြောင်းဖြစ်လေသော..
"တချို့သာလျှင် ဆက်လျှောက်နေဆဲ ရဲရဲတောက်"
အား...
"တချို့သာလျှင် ဆက်လျှောက်(လဲ)နေဆဲ ရဲရဲတောက်"
ဟု...လဲ စာလုးံ တစ်လုးံ ထည့်လိုက်မည်ဆိုပါလျှင်..
ဆြာ၏ ကဗျာမှာ ပိုမိုပီပြင်ခြင်းမက
ပီပြင်မှုများ ရှိလာပြီးသကာလ
ထိုသူတို့ အား အထူးပင်
ဂုဏ်ပြုရာရောက်မည်ဟု ထင်မြင်မိပါ၏။ ။

kyawthusukyi said...

ဟုတ်သားကလား