Sunday, November 11, 2012

ငလျင် ... ဂီတ

ငလျင် ... ဂီတ
ကမာပုလဲ

အမေဟာ
သေခါနီးမှာ အသက်ကယ်ဆေး ထိုးပြီး ကျနော် ပြန်အလာကို စောင့်မျှော်နေမယ်လား ...
အဖေ ... အဲဒီဆေးဖိုးလေးတောင် တတ်နိုင်လိမ့်မယ် မထင်ပါဘူးလေ။

နာဂစ်ဆိုတဲ့ မီးလျှံမုန်တိုင်း ကျနော့်ဇာတိကို ခြေတော့
ကျနော့်ကို ချက်မြုပ်ခဲ့တဲ့ အိမ်ကလေး ပြာကျသွားခဲ့တယ် ... တစစီ။

အီရန်ငလျင်တုန်းကလည်း ...
ကျနော်တို့ရဲ့ ခံစစ်ကုံးကလေးဟာ ရန်သူရဲ့ ယမ်းခိုးယမ်းငွေ့တွေ ဝေလို့ ...။

ခုလည်း ...
မသိချင်ယောင်ဆောင်နေတဲ့ မိုးကောင်းကင်ကိုမှ
ကျနော်တို့က ဝေဒနာကို တပြပြနဲ့
မျှော်ကိုး တွယ်တာ တမ်းတနေရဦးမှာလား ...။

ရန်သူက ရန်သူမို့ ရှင်းတယ်
ဘ၀ကလည်း ဘ၀မို့ ရှင်းပါတယ်
မရှင်းတာက ကျနော်တို့ရဲ့ အတိတ်က သံယောဇဉ်တွေ။

မန္တလေးနဲ့ အနီးတ၀ိုက်မှာ ဒီနေ့လှုပ်ခဲ့တဲ့ ငလျင်ဟာ
ကျနော်တို့ဘ၀တွေရဲ့ အပျက်အစီးအစုအပုံတွေကနေ စတင်ဗဟိုပြုခဲ့တာပါ။

ကျနော်တို့ တယောထိုးနေကြမှာလား ...
နာကြည်းမှုတွေရဲ့ စန္ဒရားလက်သံတွေပေါ်မှာ
ကျနော်တို့ တဦးချင်းစီရဲ့ ဘ၀ခြေဖ၀ါးရာတွေ
ဒဏ်ရာနဲ့ မှတ်ကျောက်တင်ဆဲ ဖြစ်တယ်။ ။

ကမာပုလဲ
၁၁၊ ၁၁၊ ၂၀၁၂

1 comment:

Jack Kyaw Pyai Soe said...

ayan ayan ko ta phat that san par tal kwal. dr nae kaw asin pyay yae lar hin ?