Sunday, September 16, 2012

ဆန္ဒစောလွန်းပြီး လူကျွံဘော မကြာမကြာ မိမှာစိုးတယ်

ဆန္ဒစောလွန်းပြီး လူကျွံဘော မကြာမကြာ မိမှာစိုးတယ်
ဒေါက်တာလွဏ်းဆွေ

ကျနော့်အမြင် … ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြံ့ဖွံ့စစ်အစိုးရအာဏာပိုင်တွေနဲ့ ပြေလည်ချင်ဇောအားကြီးပြီး ကြံ့ဖွံ့အစိုးရ၀န်ကြီးတွေနဲ့ လုံးထွေး၊ ၈ လေးလုံးနှစ်ပတ်လည် အခမ်းအနားအတွက် အလှူငွေတွေ လက်ခံ၊ ၀န်ကြီးနှစ်ပါးကို ‘စေတနာဝသန်’ စတိတ်ရှိုးကို ဖိတ်ခေါ် ကြည့်ရှုခိုင်း၊ ဂစ်တာ လေလံတင်ပြီး ခရိုနီတွေရဲ့ ငွေတွေကို လက်ခံနဲ့ … ခရီးဆက်လာခဲ့တာ အခုတော့ ကြံ့ဖွတ်စစ်အစိုးရ အာဏာပိုင်တွေနဲ့ အတိဒုက္ခရောက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက ပြည်သူတွေအကြား ရွှေပြည်အေးတရား အဟောလွန်ပြီး အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ရတဲ့ကိန်းဆိုက်ခဲ့ပါပြီ။

ဒီကနေ့ဆို လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်ရေး လှုပ်ရှားနေတဲ့ ဒေသခံ တောင်သူတွေက ခေါင်းတလားတခုရဲ့ ရှေ့မှာ “ဦးပိုင်လူ (၈၈) နှစ်”၊ နံဘေးမှာ “ဦးနှမ်းဖြူး (စေ့စပ်ညှိနှိုင်းရေးမှူးကြီး) အသက် (၈၈) နှစ်” လို့ ရေုးပြီး မီးရှို့ဆန္ဒပြခံရတဲ့အဆင့်အထိ ဖြစ်သွားခဲ့ပြီ။ ဖျက်လို့မရတဲ့ သမိုင်းတခုဖြစ်သွားခဲ့ပါပြီ။ ဒီကနေ့ ဖြစ်ရပ်ကိုကြည့်ပြီး အမှန်အတိုင်း ၀န်ခံရရင် ကျနော် လေးစားတန်ဖိုးထားခဲ့ရတဲ့ ၈၈ မျိုးဆက် အစ်ကိုတော်တွေ၊ ရွယ်တူ ညီအစ်ကိုအတွက် အတော့်ကို ၀မ်းနည်းစိတ်မကောင်း ဖြစ်မိပါတယ်။

ဒီလိုဖြစ်ခဲ့တဲ့အပေါ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ စုဆုံပြီး ဖြစ်ရပ်အစ-အဆုံးအပေါ် ခေါင်းအေးအေးထား သုံးသပ်အဖြေရှာကြစေလိုပါတယ်။ (ကို) ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း) လည်း “ဖွတ်ဒေါင်းရဲ့ စွတ်ကြောင်း” ဆိုပြီး အကျယ်တ၀င့် သုံးသပ်ဝေဖန်ထားတာကို (စိတ်မဆိုး၊ ဒေါသမထွက်ဘဲ) ဖတ်ကြည့်ပြီး အဖြေရှာကြည့်လို့ ရပါပြီ။

အဖြေရှာတဲ့အခါမှာ ... ပုထုဇဉ်သဘာဝ မာနတွေ ခေါင်းထောင်လာပြီး ဘာပဲဖြစ်ဖြစ် ဆင်သွားရင် လမ်းဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ အဖြေမရှာဘဲ၊ နောက်တချက်က ကျနော်တို့ မြန်မာ့နိုင်ငံရေးလောကမှာ စစ်အုပ်စုဘက်ကရော အတိုက်အခံအချင်းချင်းကြားမှာပါ ကိုယ်နဲ့မတူရင် အလွယ်တကူ တံဆိပ်ကောက်တပ်ပေးလေ့ရှိတဲ့ အလေ့အထအတိုင်း ဒီကိစ္စကတော့ အကျိုးဆောင်ကွန်ရက်ကလူတွေ မြှောက်ပေးတာ ဖြစ်မှာ၊ ‘ဗကသ’ မြှောက်ပေးတာ ဖြစ်မှာ၊ ‘ဗကသ’ နောက်မှာ ‘ဗကပ’ ရှိနေမှာပဲဆိုတဲ့ ရယ်စရာကောင်းတဲ့ ခေတ်ဟောင်းက စွပ်စွဲနည်းကားတွေနဲ့ အဖြေမရှာဘဲ ဓမ္မဓိဌာန်ကျကျ အဖြေထုတ်နိုင်စေဖို့ မျှော်လင့်ပါတယ်။

အဓိက အဖြေရှာရမှာကတော့ ဒီကနေ့ ဒီအချိန်အခါမှာ ပြည်သူလူထု (တကယ့် ‘ထု’) ရဲ့ စိတ်အခံက ဘယ်လိုရှိနေသလဲ၊ တကယ့် ‘ထု’ ထဲမှာ ဘာတွေဖြစ်ပြီး ဘယ်လိုတွေ ခံစားနေရသလဲ ဆိုတာကို မှန်မှန်ကန်ကန် စေ့ငုဖို့ လိုသလို၊ ဒီကနေ့ ဒီအချိန်အခါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အာဏာပိုင်ကို အတင်းလိုက်ပြီး မျက်နှာချိုသွေး စေ့စပ်ရမယ့်အချိန်လား၊ အာဏာပိုင်တွေဘက်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မဖြစ်မနေ စေ့စပ်ရေးလုပ်ချင်လာအောင် (မြစ်ဆုံကိစ္စ၊ မီးကိစ္စ ဆန္ဒဖော်ထုတ်ပွဲတွေတုန်းကလို) လိုအပ်တဲ့ တိုက်ပွဲတွေဆက်ဝင်ပြီး ဖိအားပေးရမယ့်အချိန်လား ဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ်ကြဖို့လည်း လိုတယ်လို့ ကျနော့်အနေနဲ့ ထင်မြင်မိပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအားလုံး မြန်မာပြည်၊ မြန်မာလူထုအကျိုးအတွက် အမှန်တကယ် စေတနာထား လုပ်ဆောင်နေသူတွေဆိုတာကို ကျနော့်အနေနဲ့ အကြွင်းမဲ့ ယုံကြည်ပြီးသားပါ။ နောင်တော်၊ ညီအစ်ကိုတော်တွေရဲ့ ခေါင်းတွေအားလုံး စုဆုံ အဖြေရှာပြီး ရှေ့ခရီးမှာ ပြည်သူလူထုကို မှန်ကန်တဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်ကနေ ဆက်လက် ဦးဆောင်မှုပေးနိုင်လိမ့်ဦးမယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ယုံကြည်နေဆဲပါ။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
နံနက် ၁း၄၅ နာရီ

19 comments:

Unknown said...

Another disgusting & hollow article.... shame on you!

patriotbm said...

all of them are in the TRAP of THAN SHWE!

KKK said...

I am glad that at lease we have Dr. Lun Swe blog to read and add some comments.

Unknown said...

anothrr persprctive, the name on coffins indicates that trend what drlunswe said. I think we should not reject easily something different or not agree with us. We need to practise to be more positive, constrictive and inclusive to face with the challlenge of our democracy path.

S.Maung Chain said...

(88) must be careful not to be dictator's walking sticks.

Unknown said...

We never like to say neghtive point of view on 8888 generation, our only hope of country future. But I totally agree with Dr. Lun Swe on this article. I fear and afraid of their stand, it was deviated to other they did not notice themselves.

ှဲKaung said...

လေးစားတန်ဖိုးထားခဲ့ရတဲ့ ၈၈ မျိုးဆက် အစ်ကိုတော်တွေ၊ ရွယ်တူ ညီအစ်ကိုအတွက် အတော့်ကို ၀မ်းနည်းစိတ်မကောင်း ဖြစ်မနေနဲ့  ကိုယ့်ဘ၀ ကိုယ် လူတောမတိုးပဲ ဘေးထိုင်ဘုပြောနေတဲ့ အခြေအနေကိုပဲ စိတ်မကောင်းဖြစ်။ မူးပြီးနှပ်နေတာပဲ ကောင်းပါတယ် လွဏ်းဆွေရယ်။

သားသား said...

ကိုလွဏ်းဆွေနဲ့ ကိုဇော်ဝင်း ဘာလဲဆိုတာတော့ တောာ်တော်များများ သိကြပါရဲ့

ct said...

သိပ်တတ်နေရင်လဲ ပြည်တွင်းလာပြီးပါတီထောင်လိုက်လေ ဘေးထိုင်ဘုပြော လွဏ်းဆွေ

ဖိုးလမင်း said...

အလွယ်ကူဆုံးအလုပ်ဟာ သူများကို အပြစ်ပြောတဲ့ အလုပ်တဲ့ ဒေါက်တာလွဏ်းဆွေ ဆောင်းပါးတွေကို ကြည့်လိုက်ရင် သူများ အပြစ်ပြောထားတဲ့ ဆောင်းပါး တွေပဲ တွေ့နေရတယ်။ဒေါစုမကောင်းကြောင်း အစိုးရ မကောင်းကြောင်း၊ အခု ၈၈ မကောင်းကြောင်း ပြောပြန်ပြီ၊ ကိုယ့်ကိုကိုယ် မကောင်ပြောဖို့ပဲ ကျန်တော့တယ်ဗျ နော်။ အပြစ်ရှာရင်တော့ ဗိုလ်ချုပ်အောင်ဆန်းကိုရှာလည်း တွေ့မှာပဲ၊ ဂန္ဒီကိုရှာလည်း တွေ့မှာပဲ လင်ကွန်းကိုရှာလည်း တွေ့မှာပဲဗျ။ နောက်ဆုံးထင်ပေါ်တာကတော့ ခင်ဗျားတို့ရဲ့ အ၀ိဇ္ဖာဖုံးလွှမ်းနေတဲ့ မနာလိုမုန်းတီးစိတ်တွေ အတ္တစိတ်တွေ ၊ခင်ဗျားတို့ရဲ့ မရင့်ကျက်မှုတွေပေါ့ဗျာ ။ အသက်ကလေးရလာရင်တော့ အသိဝင်လာကောင်းပါရဲ့ မျှော်လင့်နေမယ်ဗျာ အဲဒီအချိန်ကို

santun said...

ကြေးနီတောင် လက်ပန်းတောင်းတောင် ၂ ခုပေါင်းကြေးနီသတ္တုသိုက်ဟာ (ကျနော်အမှတ်မမှားဘူးဆိုရင်) အရှေ့တောင်အာရှမှာအကြီးဆုံးကြေးနီသိုက်ကြီးဖြစ်တယ်။ ဒါကိုတူးဖေါ်ပြီးတိုင်းပြည်ဝင်ငွေရှာတဲ့နေရာမှာဒေသခံတွေ အကျိုးစီးပွါးထိခိုက်နိုင်တာတွေ၊ ပတ်ဝန်းကျင်ဂေဟစံနစ်တွေထိခိုက်တာတွေဟာရှောင်လွှဲလို့မရဘူး ၊ အနည်း နဲ့အများရှိတယ်။အစိုးရက ပြီးစလွယ်ငွေရရင်ပြီးရောဆိုပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှု့ နဲ့ ဒေသခံတွေရဲ့ ကိုအလေးမထားတတ်တဲ့ ကုမ္မဏီတွေကိုလုပ်ပိုင်ခွင့်ပေးလိုက်ရင်ကျနော်တို့နိုင်ငံမှာဒေသခံလူထုရဲ့ မိရိုးဖလာစီးပွါးပျက်တဲ့အပြင်သဘာဝပတ်ဝန်းကျင်ပျက်စီးမှု့ဟာဆယ်စုနှစ်ပေါင်းများစွာပြန်လည်ထူထောင်လို့မရနိုင်အောင်ပျက်စီးတတ်ပါတယ်။ ဒါကြောင့် ဒီလိုစီမံကိန်းကြီးမျိုး၊ မြစ်ဆုံဆည်လိုစီမံကိန်းကြီးမျိုးတွေကို သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံလူထုအတွက်အလုပ်အခွင့်အလမ်းဖန်တီးပေးမဲ့ လူ့အခွင့်ရေးကိုလေးစားလိုက်နာလေ့ရှိတဲ့ ကုမ္မဏီကြီးတွေကိုသာပေးလုပ်သင့်ပါတယ်။ အခုကိစ္စမှာ ဒီတရုတ်ကုမ္မဏီကိုဘယ်သူက၊ဘယ်တုန်းကလုပ်ပိုင်ခွင့်ပေးတယ်၊ ဒေသခံလူထုနဲ့ ကြိုတင်ပြီး ဘာတွေသဘောတူညီခဲ့တယ်၊ဘယ်လိုညှိနှိုင်းမှု့တွေလုပ်ခဲ့တယ်ဆိုတာ မသိပဲနဲ့ ၈၈ ကျောင်းသားတွေကိုအပြစ်တင်တာမလုပ်သင့်ဘူး၊ လုပ်စားသွားကြတဲ့ အာဏာပိုင်တွေကိုပြစ်တင်မှု့မလုပ်ပဲ ဝင်ရောက်ဖြန်ဖြေတဲ့ လူကိုအပြစ်တင်မယ်ဆိုရင် ၈၈ ကျောင်းသားတွေကိုလူမုန်းများအောင်တမင်ရည်ရွယ်ချက်ရှိရှိလုပ်နေသလားလို့စဉ်းစားစရာဖြစ်နေတယ်။

Unknown said...

၈၈,အဖွဲ့ ကဗျာတွေ စာတွေ ရေးပြလိုက် ဖက်ပြလိုက်
လုပ်နေတာနိုင်ငံရဲ့ကောင်းကျိုးလုပ်နေတာလား
အမှန်တိုင်းပြောတော့comment မှာဆဲခံရတယ်

၈၈,ဗရမ်းဗတာအဖွဲ့ကိုလက်မခံဘူး သူတို့ကစီးပွားရေး
လုပ်နေတာ အမေစုလုပ်သမျှထောက်ခံတယ်။

Unknown said...

၈၈,အဖွဲ့US 60,00,000.ကိစ္စရှင်းပါအုံး။
မင်းကိုနိုင်2007 မတိုင်မီက15သိန်းတန်ph.
2လုံးကိုင်နိုင်တယ်။

Unknown said...

မောင်လွဏ်းဆွေက ဒီကောင်တွေထုတ်ထားတဲ့ လယ်ယာမြေဥပဒေနဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုတဲ့ ဥပဒေတွေအကြောင်းဘယ်လောက်သိထားလို့လဲ။
လယ်ယာမြေဥပဒေဆိုလို့ အခုထုတ်ထားတဲ့ဥပဒေမှမဟုတ်ဘူး။ အရင် ၁၉၅၃ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေကတည်းက နိုင်ငံတော်စီမံကိန်းအတွက်ဆိုရင် လယ်မြေကို ပြန်သိမ်းလို့ရတဲ့ ပုဒ်မတွေထည့်ပြီး ပြဌာန်းထားတယ်ဆိုတာ သိသလား။ အခုဥပဒေမှာလည်း အဲဒီလို ပြဌာန်းချက်ပါတယ်ဆိုတာ သိသလား။ ဆန္ဒပြတာနဲ့ပတ်သက်ပြီးတော့ကော အခု ပြဌာန်းထားတဲ့ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဥပဒေကို ကိုင်ပြီးတော့ သမ္မတကို ထောက်ခံတဲ့ဆန္ဒပြပွဲကိုတောင် သတ်မှတ်လူဦးရေထက်များလာလို့ဆိုပြီး ခွင့်ပြုမိန့်ပြန်ရုပ်ခဲ့တဲ့ကောင်တွေ။ အဲဒီကိစ္စ အလကားလုပ်တယ်ထင်သလား။ ဥပဒေနဲ့မညီရင် သမ္မတကိုထောက်ခံတဲ့ဆန္ဒပြပွဲကိုတောင် လုပ်ခွင့်မပေးဘူးလို့ဆိုလိုတာ နားလည်လား မောင်လွဏ်းဆွေ။
နိုင်ငံရေး နိုင်ငံရေး အော်နေပြီး အထူအပါးလေးတော့ နားလည်မှပေါ့။ တောင်သူတွေကိုမြှောက်ပေးတာ ကလွယ်တယ် အကုန်လုံးကို ဥပဒေနဲ့မညီလို့ဆွဲတယ် ဆိုပြီးဆွဲထည့်လိုက်ရင် မောင်လွဏ်းဆွေက တာဝန်ယူပြီးလိုက်ထုတ်ပေးမှာလား။

Mr. Koe said...

What I see differences between you and the others who are doing good for the country is; Daw Aung San Suu Kyi and the leaders of 8888 are doing great for the country but you are only criticizing others.
No body is perfect but see what is their intention, or volition which is good enough for the country or not.If it is more then 80% is good then it is good enough. That's all I see.

Mr. Koe said...

What I see differences between you and the others who are doing good for the country is; Daw Aung San Suu Kyi and the leaders of 8888 are doing great for the country but you are only criticizing others.
No body is perfect but see what is their intention, or volition which is good enough for the country or not.If it is more then 80% is good then it is good enough. That's all I see.

dddoe said...

မင်းတို့ ကိုငါပြောမယ် ဒီလိုခွေးဝဲစားအကျင့်အကြံလေးနဲ့  ကွန်မင့်ဝင်မပေးပါနဲ့ ..စာကိုဖတ်ပါ ဆင်ချင်ပါ သုံးသပ်ပါ အမှန်တရားကိုမြင်မှာပါ အမှန်တရားကိုအမြဲတမ်း ထောက်ပြနေတဲ့ ကိုလွဏ်းဆွေ ကြီးကိုလဲ မင်းတို့ လေးငါးယောက်လောက်က မြင်တတ်လာမှာပါ..များများနဲ့ ဝေးဝေးမြင်တတ်အောင် ကြိုးစားကြည့်စေချင်တယ်....

တာဝန် said...

BRAVO TO dddoe,
that is RIGHT*

Unknown said...

I just wanted to leave my comments as below;
1) Jealousy.
2) Lack of Vision.
3) Narrow minded.
4) Lack of Sincerity.
5) Act of stupidity,.
6) Making noise without commitment.
7) Bad intension.
8) Practice of taking selfish advantage by attacking to famous people.