Sunday, September 16, 2012

ဖွတ်ဒေါင်းရဲ့ စွတ်ကြောင်း

ဖွတ်ဒေါင်းရဲ့ စွတ်ကြောင်း
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

ဗမာပြည်ကြီး ပြောင်းပြီ၊ ပြောင်းပြီ ပြောတာ အစက မယုံနိုင်ဘူး။ အခုတော့ မယုံချင်လို့ မရ ယုံလိုက်ရပြီ။ လက်စသပ်တော့ ဗမာပြည်ကြီး ပြောင်းလဲသွားပြီဆိုတာ ခွပ်ဒေါင်းအိုတွေ ဖွတ်ဒေါင်း ဖြစ်ကုန်တာပါလား။ ဒါ့ကြောင့်လည်း လူတွေက ပြောကြတာ၊ ခွပ်တဲ့ ဒေါင်းမှ ခွပ်ဒေါင်း၊ ဖွတ်နဲ့ ပေါင်းရင် ဖွတ်ဒေါင်း ... တဲ့။ အခုကြည့်၊ ၈၈ မျိုးဆက်ကျောင်းသား ဆိုတဲ့သူတွေ ဖွတ်နဲ့ ပေါင်းရင်း ပေါင်းရင်းက အကုန်လုံး ဖွတ်ဒေါင်း ဖြစ်ကုန်ကြပြီ။

၈၈ တွေ ယီးတီယားတားနဲ့ နှမ်းဖြူးသလိုလို၊ ရွှေပြည်အေး တရားဟောသလိုလို၊ ငါမှသိ ငါမှတတ် သမ္ဘာကြီးလိုလို၊ ဆရာကြီးလိုလို သွားလုပ်တဲ့ လက်ပံတောင်းရဲ့ ဖြစ်စဉ်ကို အရင်ပြန်ကြည့်ရအောင်ပါ။

အရင် အိုင်ဗင်ဟိုနဲ့ လုပ်သွားတဲ့ ကြေးနီစီမံကိန်းမှာ စံပယ်တောင်ကြီးတခုလုံးကို ဖျက်ဆီးသွားလိုက်တာ ကုန်းဂမူ မို့မို့လေးလောက်ပဲ ကျန်တော့တယ်။ အခု လက်ပံတောင်းတောင်ကို ဖျက်ဆီးနေပြီ။ တောင်ပြိုတော့မယ်။ တောင်ပျောက်တော့မယ်။ လုပ်နေတဲ့သူတွေက ဘယ်သူတွေလဲ။ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီ။ ဒီနေရာမှာလည်း ပြောစရာရှိတယ်။ ဦးပိုင်ကုမ္ပဏီအနေနဲ့ အိုင်ဗင်ဟိုကနေ ရှယ်ယာတွေ လက်လွှဲလက်ပြောင်းလုပ်ရာမှာ မရိုးမသားလုပ်လို့ စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ထောက်ပြဝေဖန်တာ ခံခဲ့ရတယ်။ (အခု အဲဒီစာရင်းစစ်ချုပ်လည်း ပြုတ်သွားပြီ။) စစ်တပ်ပိုင်ကုမ္ပဏီ ဆိုတာကလည်း အောက်ကစစ်သားတွေအတွက် ဦးပိုင်က အမြတ်ဆိုပြီး တပြားတချပ်မှ ခွဲဝေပေးတာမျိုးမရှိဘဲ စစ်အာဏာရှင်ကြီးတွေနဲ့ ခရိုနီတွေသာ သူဌေးကြီးတွေ ဖြစ်သွားကြတယ် ဆိုတာလည်း အားလုံးသိထားကြပြီးသား။

“နိုင်ငံရေးအဖွဲ့အစည်းတခုမှာ လုပ်မှားကိုင်မှား တခါတလေ ရှိတာကို ခွင့်လွှတ်လို့ရတယ်။ အတွေးအခေါ်အမှား တခါတလေ ဝင်တာကို ခွင့်လွှတ်သည်းခံလို့ ရတယ်။ ဒါပေမယ့် ရပ်တည်ချက်မှားရင် ရပ်တဲ့ဘက်မှားရင် ပြဿနာသိပ်ကြီးတယ်ဆိုတာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို သတိပေးပါရစေ။ အခု မောင်ရင်တို့ ၈၈ ရဲ့ ရပ်တည်ချက်ဟာ လူထုကို ဆန့်ကျင်တဲ့ ရပ်တည်ချက်၊ ကြံ့ဖွတ်အာဏာရှင်ဘက်မှာ ရပ်တည်တဲ့ ရပ်တည်ချက် ဖြစ်နေပြီဆိုတာ သတိပေးပါရစေ။”

လယ်သမားတွေရဲ့ လယ်တွေ ဧက ၇,၈၀၀ ကျော် အသိမ်းခံရတယ်။ ဒါက ကုမ္ပဏီဘက်က အတည်ပြုထားတဲ့ ဂဏန်း။ လယ်သမားတွေ ဘက်က ပြောတဲ့ အရေအတွက်က တသောင်းကျော်။ စပြီး လယ်မြေကို ယူတုန်းက ၃ နှစ်စာ သီးနှံ လျော်ကြေးပေးပြီး ၃ နှစ်စာ ငှားတယ်။ အခုကျတော့ နှစ် ၃၀၊ နှစ် ၆၀ ဆိုပြီး လိမ်တယ်၊ ညစ်တယ်။ ဝမ်ပေါင်ကုမ္ပဏီ၊ ဦးပိုင်ကုမ္ပဏီနဲ့ အစိုးရအာဏာပိုင်တွေ ပေါင်းညစ်တာ ထင်ထင်ရှားရှားကြီးပဲ။ အစိုးရ မပါဘဲ ဘယ်သူ ဒီလို ညစ်ရဲမလဲ။ စစ်တပ် မပါဘဲ ဘယ်သူ ဒီလို ညစ်ရဲမလဲ။ တချို့တွေ ထင်နေကြသလို ဦးသိန်းစိန်က လူထုကောင်းကျိုး လုပ်ပေးချင်တဲ့ စေတနာ အမှန်အကန် ရှိတယ်ထားဦး။ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကို သူ အာခံရဲမလား။ အာခံချင်မလား။ တကယ်တော့ သူတို့အားလုံး ဒီပုပ်ထဲက ဒီပဲတွေပါ။

လယ်သမားတွေမှာ လယ်တွေ အသိမ်းခံရရုံတင်မကဘူး။ ရွာတွေ အတင်းအဓမ္မ အရွှေ့အပြောင်းခံရတယ်။ စစ်တပ်အစိုးရနဲ့ လူယောင်ဆောင်ထားတဲ့ ကြံ့ဖွတ်အစိုးရ ဘာမှ မခြားနားဘူး။ စစ်တပ်တုန်းက လုပ်နည်းလုပ်ဟန်အတိုင်း အဓမ္မ သိမ်းတာ၊ အဓမ္မ ရွှေ့တာတွေ အကုန်လုပ်တယ်။ အဓမ္မမှန်သမျှ အကုန်လုပ်တယ်။

ကြေးနီတူးဖော်ရေးလုပ်ငန်း စီမံကိန်းစပြီး ၇ လ ၈ လ အတွင်းမှာ ဒေသခံတွေရဲ့ သောက်ရေတွေ ငန်သွားတယ်။ ဓာတ်ခွဲကြည့်တော့ သောက်ဖို့မသင့်တဲ့ အခြေအနေအထိ ပျက်စီးနေပြီ။ ကြေးနီလုပ်ငန်းက အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကြောင့် မြေအောက်မှာရှိတဲ့ ရေကြောပါ ပျက်စီးပြီး တွင်းထဲက ရေပါ အဆိပ်သင့်ကုန်တာ ဖြစ်တယ်။ နောင်မှာ ကင်ဆာလို ရောဂါတွေ ဖြစ်လာမယ်။ ကိုယ်လက်အင်္ဂါ မပြည့်စုံတဲ့ ကလေးတွေ မွေးလာမယ်။

ဒါတင်မကဘူး။ ကြေးနီသန့်စင်တဲ့ လုပ်ငန်းက ဓာတုပစ္စည်း သုံးစွဲထားလို့ မသန့်ရှင်းတော့တဲ့ မြေစာတွေကို လယ်သမားတွေရဲ့ လယ်ယာတွေထဲမှာ ပုံတယ်။

ရွာသားတွေက မခံနိုင်လို့ ဆန့်ကျင်တယ်။ ကန့်ကွက်တယ်။ သူတို့ နစ်နာတာတွေကို လျော်ကြေးပေးဖို့ တောင်းဆိုတယ်။ သူတို့မြေကို ဖျက်ဆီး၊ သူတို့ ရေကို ဖျက်ဆီး၊ သူတို့ သားသမီးမြေးမြစ်တွေရဲ့ နောင်ရေးကိုပါ ဖျက်ဆီးမယ့် ဒီစီမံကိန်းကို လုံးလုံး ဖျက်သိမ်းပေးဖို့ တောင်းဆိုတယ်။ ဆန္ဒပြတယ်။ ကန့်ကွက်တယ်။ ဒါကို အာဏာပိုင်တွေက ဖိနှိပ်တယ်။

အရင်တုန်းကလိုဆိုရင်တော့ ချက်ချင်း အားလုံးကို သိမ်းကျုံးဖမ်းမယ်။ သေနတ်နဲ့ ပစ်သတ်မယ်။ ဒါပေမယ့် အခုတော့ ဒီလို လုပ်ပစ်လိုက်လို့ မဖြစ်ဘူး။ သူတို့ မင်းသားခေါင်းဆောင်းနေတဲ့ အချိန်။ လူယောင် ဆောင်နေတဲ့ အချိန်။ နိုင်ငံတကာက လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်နေတဲ့ အချိန်။ နိုင်ငံတကာက လာချင်တဲ့ လူတွေမှာလည်း လာချင်ပါရက် အလာခက်နေတဲ့ အချိန်။ ဒီမိုကရေစီကို မျက်ကွယ်ပြုပြီး စီးပွားလာရှာကြလိမ့်မယ်ဆိုပြီး လက်ညှိုးထိုးခံနေရတဲ့ အချိန်။ ဒီလိုအချိန်မျိုးမှာ စစ်တပ်က လယ်သမားတွေကို သေနတ်နဲ့ ပစ်ရင် ကြံ့ဖွတ်ရဲ့ စီမံကိန်းတွေ အကုန်ပျက်ပြားသွားမှာစိုးလို့ လက်ယားနေတဲ့ ကြားက သီးခံနေရတဲ့ အချိန်။

ဒီလိုအချိန်မျိုးမှာ လယ်သမားတွေက မဟုတ်မခံ ဆန့်ကျင်တွန်းလှန်ကြတယ်။ ကိုဟန်ဝင်းအောင်တို့ နိုင်ငံရေးအကျဉ်းသားကွန်ရက်က ကူညီတယ်။ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကူညီတယ်။ ဒေသခံကျောင်းသားတွေက ကူညီတယ်။ ကျောင်းသားတွေပါလာတော့ ဗကသ အသီးသီးကလည်း ကျောင်းသားတွေဘက်က ရပ်တည်တယ်။ မိဘပြည်သူတွေဘက်က ရပ်တည်တယ်။

အာဏာရှင်တွေ မျက်ထောင့်နီလာပြီ။ ကိုဝေဠုကို ဖမ်းတယ်။ နောက် မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်တို့ကို ဖမ်းတယ်။ နှိပ်စက်တယ်။ ဗကသ နယ်ပေါင်းစုံ၊ ခရိုင်ပေါင်းစုံက ကိုယ့်မြေကိုယ့်ရေကို ကာကွယ်ဖို့ မုံရွာကို တက်လာကြတယ်။

ဒီအချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က စိုးရိမ်လာတယ်။ ဘယ်သူ့အတွက် ဘာကို စိုးရိမ်သလဲဆိုတာ သူတို့သာ အသိဆုံး ဖြစ်လိမ့်မယ်။

ဂျင်မီ၊ ဇော်ဇော်မင်းနဲ့ စမ်းချောင်းကိုကိုကြီးတို့ မုံရွာ တက်လာတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ နိုင်ငံတော်အဆင့် စီမံကိန်းဖြစ်တယ်။ အလွယ်တကူ ချက်ချင်းရပ်လို့မရဘူး။ တိုင်းက ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး။ ရွာသူရွာသားတွေအနေနဲ့ အပြုသဘောနဲ့ ဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုတယ်။ လယ်သမားတွေ ဆန္ဒပြတာတွေ ရပ်ဆိုင်းပြီး ရွာကို အေးအေးဆေးဆေး ပြန်ကြဖို့ ပြောတယ်။ ရွာသူသုံးယောက် ပြန်လွတ်ရေးကို သူတို့ ကြားဝင်ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။

လယ်သမားတွေက တွေ့ချင်ပါတယ်ဆိုတုန်းက အတွေ့မခံ ရှောင်ကာပြေးတဲ့ မောင်သာအေးတို့ လူတသိုက်ကလည်း ဂျင်မီတို့၊ ပုလဲလွှတ်တော်အမတ်တို့ကိုတော့ အတွေ့ခံတယ်။ ဆွေးနွေးတယ်။ လယ်သမား ၃ ယောက်ကို ပြန်လွှတ်ပေးတယ်။

လယ်သမားတွေကို ပြန်လွှတ်ပြီးနောက်မှာ လယ်သမားတွေကို ဆန္ဒပြတာ ရပ်ပြီး အေးအေးဆေးဆေး အိမ်ပြန်ကြဖို့ သူတို့အဆို အပြုသဘောဆောင်ဖို့ ဂျင်မီတို့က ပြောတယ်။

မေးပါရစေဦး။ လယ်သမားတွေ ဆန္ဒပြတာ အပျက်သဘော ဆောင်နေတယ်လို့ မင်းတို့က ဆိုချင်သလား။ ဦးပိုင်နဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက တောင်ဖြိုနေတာ၊ ပတ်ဝန်းကျင်တခုလုံး အဆိပ်သင့်အောင် လုပ်နေတာကိုမှ အပြုသဘောလို့ ပြောချင်သလား။ ဘယ်သူက အပြု၊ ဘယ်သူက အပျက်ဆိုတာကို မင်းတို့ သေသေချာချာ စဉ်းစားဖို့ သင့်တယ်။

ဂျင်မီတို့ ပြောတဲ့ စကားတွေကို ထပ်ပြီး ဆန်းစစ်ကြည့်ရအောင်ပါ။ လယ်သမားတွေ ဆန္ဒပြတာကို ရပ်ပြီး အိမ်ပြန်ကြဖို့သာ ဂျင်မီတို့ ပြောတယ်။ လယ်သမားတွေရဲ့ အသိမ်းပိုက်ခံလယ်တွေ ပြန်ပေးဖို့ တခွန်းမှ မပြောဘူး။ ကြေးနီစီမံကိန်း ရပ်ဖို့ တခွန်းမှ မပြောဘူး။ ရပ်ဖို့ မပြောရုံသာမက အလွယ်တကူ ရပ်လို့ မရဘူးဆိုပြီး ဦးပိုင်ဘက်က ရှေ့နေလိုက်ပြီး ပြောတယ်။ အလွယ်တကူ ရပ်လို့ မရဘူး ဆိုတဲ့ စကားကို ဦးပိုင်ထက် အရင်၊ အစိုးရထက်အရင် ဂျင်မီတို့ ၈၈ တွေက စပြီး တိုင်းသိပြည်သိ လူသိရှင်ကြား ပြောဆိုခဲ့တယ်ဆိုတာ မှတ်တမ်းတင်ထားဖို့ လိုပါလိမ့်မယ်။ ဒါဟာ နောင်တချိန်မှာ သမိုင်းဖြစ်လာမှာပါ။

အလွယ်တကူ ရပ်လို့ မရဘူးလို့ သူတို့ ဘာ့ကြောင့် ပြောနိုင်သလဲ။ လက်ပံတောင်းစီမံကိန်းအကြောင်း သူတို့က ဘယ်လောက်သိလို့လဲ။ ဘယ်သူက ဘာပြောထားလို့လဲ။ မြစ်ဆုံစီမံကိန်းတောင် ချက်ချင်း ရပ်လို့ရရင် လက်ပံတောင်းစီမံကိန်းကို ဘာ့ကြောင့် ရပ်လို့ မရနိုင်ရမလဲ။

ဒီတော့ ထပ်မေးပါရစေဦး။

ဂျင်မီ မင်းတို့ ဘယ်သူ့အတွက် လာကြတာလဲ။ လယ်သမားတွေအတွက် လာတာလား။ ဦးပိုင်အတွက် လာတာလား။ စိုးသိန်းနဲ့ အောင်မင်းက ငွေဆယ်သိန်းပေးလိုက်လို့ မင်းတို့ ဘက်ပြောင်းသွားပြီလား။ စကိုင်းနက်တို့ ဇော်ဇော်တို့က သိန်းလေးငါးရာစီ လှူလိုက်လို့ မင်းတို့ ခရိုနီဘက်၊ ဘက်ပြောင်းသွားကြပြီလား။ မင်းတို့ ၈၈ တွေ ဖွတ်နဲ့ ပေါင်းလို့ ဖွတ်ဒေါင်းဖြစ်ကုန်ကြပြီလား။

ဗကသ ကျောင်းသားတွေ အနေနဲ့ အခြေအနေကို ဝင်ရောက် ထိန်းသိမ်းပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့လည်း ဂျင်မီက ပြောလိုက်သေးတယ်။ နောက်မှ ကမန်းကတန်း လိုက်လာပြီး ရှေ့က ဆရာကြီးလုပ်ချင်တဲ့ ပြောကွက်ပါပဲ။ အရပ်စကားနဲ့ ပြောရရင်တော့ ဗကသ အပေါ် ညွန့်လိုက်တာပါ။ ဗကသ အပေါ် လူပါးဝလိုက်တာပါ။

ဗကသက ဝင်ရောက်ထိန်းသိမ်းပေးတာ ဟုတ်လို့လား။ ဒီစကားဟာ ဗကသကို တင်စီးပြောဆိုတဲ့ စကားဖြစ်ရုံတင်တောင်မကပါဘူး။ စော်ကားလိုက်တဲ့ စကားလည်း ဖြစ်ပါသေးတယ်။ ဗကသက လယ်သမားတွေရဲ့အကျိုးကို ကူညီဆောင်ရွက်ပေးနေတာပါ။ လယ်သမားတွေရဲ့ဆုံးရှုံးနစ်နာမှုတွေအတွက် ပူးပေါင်းတောင်းဆိုပေးနေတာပါ။ လယ်သမားတွေကို စော်ကားနှိပ်စက်တဲ့သူတွေရဲ့ ရန်ကနေ ကာကွယ်စောင့်ရှောက်ပေးနေတာပါ။ လယ်သမားတွေဘက်က ရပ်တည်နေတာပါ။ ဒီလို ပြည်သူဘက်က ပြတ်ပြတ်သားသား ရပ်တည်တဲ့ ဗကသကို သူတို့လို လှေနံနှစ်ဘက်နင်း မမြဝင်းတွေလို့ ထင်သွားအောင် သူခိုးသေဖော်ညှိတဲ့ စကားပါ။ သူတို့ဘက် ဆွဲသွင်းတဲ့ စကားပါ။

သမိုင်းကို ပြန်ကြည့်စမ်းပါ။ ဗကသဟာ ဖိနှိပ်သူနဲ့ ပြည်သူကြားမှာ ကြားနေဆိုတဲ့ စကားမျိုး ပြောခဲ့ဖူးသလား ဆိုတာ။ ၁၃၀၀ ပြည့်မှာ အလုပ်သမားတွေ၊ လယ်သမားတွေ ဆန္ဒပြကြတော့ ကိုဗဟိန်းက မကွေးမှာ ဘာပြောခဲ့သလဲ။ ဂျင်မီ သိရဲ့လား။ မင်းကိုနိုင် သိရဲ့လား။ မသိတာတော့ ဟုတ်အံ့မထင်ပါဘူး။ မေ့လိုက်တာပဲ ဖြစ်မှာပါ။ ကိုဗဟိန်းက အလုပ်သမားတွေ အိမ်ပြန်ကြပါ။ ဖမ်းထားတဲ့ ခင်ဗျားတို့ သခင်ခေါင်းဆောင်ကို ပြန်လွှတ်အောင် အင်္ဂလိပ်အစိုးရကို ကျနော်တို့ ကျောင်းသားခေါင်းဆောင်တွေ တောင်းပန်ပေးပါ့မယ်လို့များ ပြောခဲ့သလား။ အလုပ်သမားတွေ အလုပ်မလုပ်ဘဲ သပိတ်မှောက်ရင် တိုင်းပြည်ဝင်ငွေ နစ်နာလိမ့်မယ်၊ အပြုသဘောဆောင်ပါလို့များ ပြောခဲ့သလား။ ကလေးတောင်သိတဲ့ စကားကို မင်းတို့ ၈၈ တွေ အမှတ်ရအောင် ပြန်ပြောလိုက်ပါရစေဦး။ အင်္ဂလိပ်အစိုးရဘက်က နောက်ထပ် မြင်းခွာတချက်ပေါက်ရင် ဗမာတပြည်လုံး မီးဟုန်းဟုန်းတောက်စေရမယ်လို့ ပြောခဲ့ပါတယ်။ မှတ်ထား။ အဲဒါမှ ခွပ်ဒေါင်း။ ဖွတ်ဒေါင်းမဟုတ်ဘူး။

နိုင်ငံတော်စီမံကိန်းဖြစ်လို့ လွယ်လွယ်နဲ့ မရပ်နိုင်ဘူး၊ ဆန္ဒပြတဲ့သူတွေဘက်က ရပ်ကြပါ ဆိုတဲ့ အယူအဆဟာ တကယ်တော့ ဂျင်မီ တယောက်တည်းရဲ့ အယူအဆ မဟုတ်ဘူး။ ဂျင်မီ၊ ဇော်ဇော်မင်း၊ စမ်းချောင်းကိုကိုကြီး သုံးယောက်ထဲရဲ့ အယူအဆလည်း မဟုတ်ဘူး။ ဂျင်မီ မုံရွာကို မရောက်ခင်ကတည်းက မင်းကိုနိုင်က ရန်ကုန်မှာ ဒီစကားပြောနေတာကို ကြားခဲ့ရပြီးပြီ။ ဒီအယူအဆဟာ ၈၈ မျိုးဆက်ကျောင်းသားအုပ်စုကြားမှာ အားလုံးသဘောတူ ဆုံးဖြတ်ထားတဲ့ အယူအဆ၊ အားလုံး ဆုံးဖြတ်ထားတဲ့ ရပ်တည်ချက်ပါ။

တကယ်တော့ ဂျင်မီ၊ ဇော်ဇော်မင်းတို့ မုံရွာမလာခင်ကတည်းက ဇာတ်ညွှန်းက ရန်ကုန်က ပါလာပြီးသားပါ။ မုံရွာမှာ ဘာလုပ်ရမယ်၊ ဘာဖြစ်မယ်ဆိုတာ စီစဉ်ပြီးသားပါ။ သူတို့ မုံရွာမလာခင်ကတည်းက ၈၈ နဲ့ စိုးသိန်း၊ အောင်မင်းတို့ စကားပြောပြီးပါပြီ။ လယ်သမား ၃ ယောက် လွှတ်ပေးဖို့ သဘောတူထားပြီးပါပြီ။ သာအေးဆီကိုလည်း လွှတ်မိန့်က ရောက်ပြီးနေပါပြီ။ မုံရွာမှာ လုပ်ကြတာက ဇာတ်တိုက်ထားတဲ့အတိုင်း ကပြတာပါ။ stage act ပါ။ ၈၈ ဘက်က ဒီစီမံကိန်းဟာ နိုင်ငံတော်အဆင့်ဖြစ်တဲ့အတွက် အလွယ်တကူ ရပ်လို့မရကြောင်း ပြောပြီး ဆန္ဒပြသူတွေ နောက်ဆုတ်ကြဖို့ သိမ်းသွင်းတရားဟောရေးကိုလည်း လက်ခံ သဘောတူထားခဲ့ပြီးသားပါ။

ဦးပိုင်က စက်တင်ဘာ ၁၃ ရက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ကြည့်ပါ။ ဦးပိုင်လီမိတက်ရဲ့ စီမံကိန်းမန်နေဂျာ ဦးမြင့်အောင်ရဲ့ ပြောစကားဟာ ဂျင်မီတို့ ပြောတဲ့ လေသံနဲ့ တထပ်တည်းပါ။ ဒါဟာ ၈၈ တွေ ပြောတဲ့ စကားကို ဦးပိုင်ကလူတွေက သိပ်ကြိုက်လို့ လိုက်ပြောတာ မဟုတ်နိုင်ပါဘူး။ ၈၈ ပြောတဲ့ စကား၊ ဦးပိုင်ကပြောတဲ့ စကားတွေဟာ တနေရာတည်းက တခုတည်းသော ဆုံချက်ကနေ ထွက်ပေါ်လာနေတာ ဖြစ်တယ်လို့ ယူဆစရာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မင်းကိုနိုင်က မြစ်ဆုံကို သွားတယ်။ မြစ်ဆုံစီမံကိန်း မရပ်သေးဘူးလို့ ပြောတယ်။ မင်းဇေယျက စက်တင်ဘာ သံဃာ့နှစ်ပတ်လည် အခမ်းအနားလုပ်ဖို့ ပြင်ဆင်တယ်။ သူတို့ လုပ်ပုံတွေဟာ မယောင်ရာ ဆီလူးနေသလိုပဲ။ လက်ပံတောင်းက လယ်သမားတွေရဲ့ နစ်နာမှုတွေအပေါ် အာရုံစိုက်နေတဲ့ ပြည်သူတွေကို ကြံ့ဖွတ်နည်း၊ နအဖနည်း သုံးပြီး အာရုံလွှဲနေသလားလို့တောင် တွေးစရာ ဖြစ်နေတယ်။

နိုင်ငံရေးအဖွဲ့အစည်းတခုမှာ လုပ်မှားကိုင်မှား တခါတလေ ရှိတာကို ခွင့်လွှတ်လို့ရတယ်။ အတွေးအခေါ်အမှား တခါတလေ ဝင်တာကို ခွင့်လွှတ်သည်းခံလို့ ရတယ်။ ဒါပေမယ့် ရပ်တည်ချက်မှားရင် ရပ်တဲ့ဘက်မှားရင် ပြဿနာသိပ်ကြီးတယ်ဆိုတာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို သတိပေးပါရစေ။ အခု မောင်ရင်တို့ ၈၈ ရဲ့ ရပ်တည်ချက်ဟာ လူထုကို ဆန့်ကျင်တဲ့ ရပ်တည်ချက်၊ ကြံ့ဖွတ်အာဏာရှင်ဘက်မှာ ရပ်တည်တဲ့ ရပ်တည်ချက် ဖြစ်နေပြီဆိုတာ သတိပေးပါရစေ။

အခု လယ်သမားတွေက ဦးပိုင်လူရဲ့ အလောင်းသဂြိုဟ်ပွဲဆိုတာ လုပ်နေပြီ။ ဦးနှမ်းဖြူး ၈၈ နှစ်ရဲ့ အသုဘ အခမ်းအနားဆိုပြီး အလောင်းကောင်သင်္ဂြိုဟ် ဆန္ဒပြပွဲ လုပ်နေပြီ။ မင်းတို့ ၈၈ တွေကို လယ်သမားတွေက အလောင်းကောင်လုပ်ပြီး ခေါင်းထဲထည့် ဆန္ဒပြနေတာ မင်းတို့ မရှက်ဘူးလား။


မင်းတို့လုပ်တဲ့ အလုပ်ဟာ ပြီးပြီးပျောက်ပျောက် လွယ်လွယ်နဲ့ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ မင်းတို့ လျှောက်တဲ့လမ်း ခြေရာကျန်မယ်။ ဖွတ်ဒေါင်း သွားရာလမ်းမှာ စွတ်ကြောင်းကျန်မယ်။ ဒါ မင်းတို့ရဲ့ သမိုင်းပဲ။

ပြည်သူ့ရန်သူတွေရဲ့ ပေးစာကမ်းစာကို ယူပြီး ပြည်သူကို စော်ကားတဲ့ လုပ်ရပ်၊ မင်းတို့ ရပ်တန်းက ရပ်။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

37 comments:

patriotbm said...

TRUE

KKK said...

You're absolutely correct, Ko Zaw Win. These 88 Student leaders are not the same as before. They are converted into Phut Daung now.

Vai said...

မင်းကိုနိုင်တို့ ရဲ့  ၈၈ ကို ယုံကြည်ပြီးသား. တခါတလေ လုပ်ကိုင်ရတာ ကျဥ်းထဲကျပ်ထဲအခြေအနေဆိုတာရှိတယ်. နိုင်ငံရေးသမားအမှားမကင်းဘူး. ၂၀၁၅ကိုအေးအေးချမ်းချမ်း သွားရမယ် ဆိုတာရိုသေးတယ်. ဇော်ဝင်း မင်းသိတာထက်မင်းကိုနိုင်ပိုသိတယ် မင်းထက်လည်းအနစ်နာခံဘူးတယ်. စောင့်ကြည့် လုက် ပါဦး. လုပ်ရကိုင်ရခက်တာတွေအများကြီး ဘဲ. မင်းကသူ့နေရာမှာလုပ်ရတာမဟုတ်ဘူး.

Anonymous said...

အချိန်က ဆုံးဖြတ်ပေးသွားမှာပါ။ ကိုယ့်အတွေးနဲ့မကိုက်ညီတဲ့အခါ ဒီလိုပဲ ဒေါသဖြစ်ကြတာပဲ။ ဘယ်သူမှန် ဘယ်သူမှားတယ်ဆိုတာ ပြောဖို့စောသေးပါတယ်။ စောင့်ကြည့်ကြတာပေါ့။

Yan Naing Win said...

စကားဆိုတာနေရာနဲ့အချိန်အခါကိုလိုက်ပြီးပြောရတယ်
ကိုဗဟိန်းကသင့်တော်တဲ့နေရာသင့်တော်တဲ့အချိန်မှာ
ပြောခဲ့တဲ့စကားကိုအတုယူပြီးနေရာတကာလိုက်ပြောရင်
ပြောတဲ့သူသောက်ရူးဖြစ်မှာပေါ့
ခင်ဗျားတို့ရဲ့ကီးဘုတ်တော်လှန်ရေး
ဒီထက်မကအောင်မြင်ပါစေ

sawnaung said...

Ko Zaw win I agree with you.This article is 100% true.These 88 student leaders are Phut down.

whitedove07 said...

ကြောက်ပါတယ် ကို ဇော်ဝင်းရယ်… ရပ်ဆိုလဲ ကျတော်တို့လုပ်နေတာတွေကို ရပ်တန်းကရပ်ပါ့မယ်… နိုင်ငံခြားကနေ စနိုက်ပါတွေ လွှတ်ပြီးတော့ မလုပ်ကြံလိုက်ပါနဲ့… ကျတော်တို့လဲ ဘာလုပ်ရမှန်းမသိလို့ လုပ်လို့ရတာလေးတွေ လုပ်နေတာပါ… မှားတယ်ဆိုလဲ လုပ်နေတာတွေကိုရပ်ပါ့မယ်… အကိုလဲ ပြန်လာပြီး အကို့ စိတ်တိုင်းကျ ပြည်ပက အင်အားစုတွေ ပေါင်းစုပြီး မဟာဗျူဟာ အကြီးကြီး ချပြီး လာအကောင်ထည်ဖော်ပေးပါ… အမြဲကြိုဆိုနေပါတယ်နော်… ကိုလွှဏ်းဆွေကြီးကိုလဲခေါ်လာနော်..

သတိ said...

အားလုံးသတိ

ခုနောက်ပိုင်း ပြည်ပက သဘောထား တင်းမာသူတွေဟာ မြန်မာပြည်မှာ အနှံ့အပြား ဖြစ်နေတဲ့ ဆန္ဒပြမှုတွေထဲက အလားအလာ ကောင်းတဲ့ ဆန္ဒပြပွဲတွေဆိုရင် မျှော်လင့်ချက်လေးထား မီးပျိုးလှုံ့ဆော်တဲ့ လမ်းကြောင်းပဲ ရှိတော့တယ်ထင်ပါရဲ့ဗျာ.. ခုဆောင်းပါးပဲ ကြည့်ပါ.. တည်ငြိမ်သွားအောင် ထိမ်းဖို့ ကြိုးစားနေတဲ့ ရှစ်ဆယ်ရှစ်ကို မခံချိမခံသာ ဖြစ်တဲ့လေသံ... ဗကသကို မြှောက်ထိုးပင့်ကော်လုပ်ပီး ရှစ်ဆယ့်ရှစ်နဲ့ ဗကသကို ရန်တိုက်ပေးတဲ့လေသံ... တခြားအရေးအခင်းတွေက ဒီအလားအလာ ကောင်းနိုင်တဲ့ အရေးအခင်းကြီးကို လွှမ်းမိုးသွားမှာ စိုးရိမ်တဲ့လေသံတွေ အကြမ်းဖျဉ်းဖတ်ရင်ထောင် ထင်းနေအောင် မြင်နိုင်ပါရဲ့... ဒီနေရာမှာ မြန်မာပြည်အနှံ့ ၈၈ က အပြုသဘောနဲ့ လှုပ်ရှားပါဆိုပီး ၀င်ရှင်းပေးနေတဲ့ အရေးတွေ အများကြီးရှိရက်နဲ့.. ပြည်သူတွေ နစ်နာလို့ ဆန္ဒပြချက်တွေ အများကြီး ရှိရက်နဲ့... ကြီးမားလာနိုင်တယ်လို့ မျှော်လင့်ရတဲ့ ဒီအရေးအခင်းကိုပဲ အာရုံစိုက်ပြောဆိုတဲ့ စာရေးသူရဲ့ တောင်သူတွေဖက်က ပူပန်တဲ့ စေတနာကို အများကြီးသံသယရှိပါတယ်... ခပ်ရှင်းရှင်း ပြောရရင် စေတနာအစစ်အမှန်လို့ မမြင်ပါဘူး.. နိုင်ငံရေးတိုက်ကွက်အရ အလားအလာကောင်းလို့ လှုံ့ဆော်နေတာလို့ပဲ မြင်ပါတယ်...

မေးစမ်းပါရစေ... မြစ်ဆုံစီမံကိန်း မရပ်သေးရင် အဲဒါ မယောင်ရာ ဆီလူးတာလား... ကျွန်တော်ကတော့ မရပ်သေးရင် ဒါဟာ တကယ့်ကို အသံထွက်ကို ထွက်ရမဲ့.. အရေးတယူ လုပ်ရမဲ့ ကိစ္စပါပဲ... မီးကြီးလာနိုင်တဲ့ ကိစ္စကို မထိခိုက်အောင် တခြားဘာဖြစ်ဖြစ် လုပ်မနေနဲ့ဆိုတဲ့ အမြင်ကတော့ အင်း.. လေပါ့ဗျာ..

ဒီတော့ NLD ၈၈ တခြားဘယ်သူဖြစ်ဖြစ် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာကို လက်မခံနိုင်ပဲ ဟိုနားဒီနားဖြစ်နေတဲ့ မြန်မာပြည်က မီးပွားလေးတွေ ကြီးလာလေမလား မျှော်လင့်ချက်တစ်ခုနဲ့ ဆီလိုက်ဖျန်းနေတာဟာ ကျွန်တော့်အမြင်တော့ အလုပ်မဖြစ်တော့ပါဘူးလေ... အင်တာနက်ကွန်ရက်က လှုံ့ဆော်တဲ့ လုပ်ရပ်ဟာ ပြည်သူ့သဘော၊ ပြညသူ့ ဆန္ဒနဲ့ တစ်ထပ်ထဲ ဖြစ်မှ အောင်မြင်မှာပါ... တစ်ထပ်ထဲ ဖြစ်မဖြစ်ကတော့ ဟားဟား.. ကော်မန့်တွေပဲ ကြည့်ပါဗျား... ပြည်သူပြည်သူ ဆိုပီး အသံကောင်းတဖွဖွ ဟစ်ပြလျှက်ကကို ဒေါက်တာလွမ်းဆွေတောင် ကော်မန့်ကို စာပေးစိစစ်ရေးဖွဲ့လို့ စစ်ဆေးရတဲ့ အဆင့်ရောက်နေရပီ မဟုတ်ပါဘူးလားဗျ..

အားလုံးသက်သာ
မောင်သတိ

သတိ said...

အားလုံးသတိ

အဲ.. ဘယ်တုန်းက ပြန်ပွင့်သွားပါလိမ့်ဗျာ.. နောက်ဆုံးကော်မန့်ခဲ့ တုန်းက စိစစ်ပီး တင်ပေးပါမယ်ဆိုတဲ့ စာလေးကို အိုကေလုပ်ခဲ့ရဘူးတော့ ဒေါက်တာလွဏ်းကို စာပေစိစစ်ရေး လုပ်နေရပီဘာညာနဲ့ ကလိတာ မှားသွားပါလား.. ဟားဟား.. ဆောရီးဗျို့... ခုလို ပြန်ဖွင့်ပေးလိုက်တာ ကြိုဆိုပါတယ်ဗျား...

အားလုံးသက်သာ
မောင်သတိ

Unknown said...

Stupid writer,don't u know?.. these photos make you confuse_ 99% of crowd were just curious to know what 1% of stupids like you doing. It's a fake , u know. Year of the stupid guys, nga swe and nga zaw.

May said...

Easy to criticize others, but difficult to do by self.

Unknown said...

၈၈ တွေ လုပ်ရင်းလုပ်ရင်းနဲ့သူများထောင်ချောက် ဝင်တိုးမိနေဥိးးမယ် သတိထားကြပါ အကိုတော်တို့-

S.T said...

မှန်ပါတယ်၊ သူများကို အပြစ်ပြောဖို့က လွယ်ပါတယ်။ တကယ်လက်တွေ့လုပ်ဖို့ကသာ ခက်ခဲတာပါ။ မြစ်ဆုံကိစ္စကို မရောင်ရာဆီလူးတာလို့ ပြောတာလက်မခံပါဘူး၊ မြစ်ဆုံကိစ္စဟာ တတိုင်းပြည်လုံးအရေး၊ အမျိုးသားရေး ဖြစ်တာကြောင့် ကြေးနီစီမံကိန်းထက် အဆပေါင်းများစွာ ပိုအရေးကြီးပါတယ်။

မိုးကြိုး said...

saut ruu zaw win.Brainless people..

Unknown said...

မြင်းခွာတစ်ချက်ပေါက်ရင်ရေနံမြေမှာမီးဟုန်းဟုန်းတောက်စေမယ်ဆိုတာသပိတ်မှောက်အလုပ်သမားတွေကကြွေးကျော်တာထင်ပါတယ်

မောင်ဥက္ကာငယ် said...

အကုန်လုံးမဖတ်တော့ဘူး..သေချာတာပဲသတိပေးပါရစေ
ဦးလေးကြီးတို့ ဖွတ်ဒေါင်းပဲဖြစ်ဖြစ်ခွပ်ဒေါင်းပဲဖြစ်ဖြစ် အချင်းချင်းဒီလိုခွပ်နေကြလို့ကတော့ ..ကြံ့ဖွတ်တွေဝိုင်းဖွဲ့ ဘီယာသောက်ပြီးရယ်နေကြတယ်

Unknown said...

ဘေးထိုင် ဘုပြော ဇော်ဝင်းရဲ့ သမိုင်းမှတ်တိုင်လေး သိပါရစေ ဘာတွေများတိုင်းပြည်အတွက်လုပ်ခဲ့ဘူးပါလိမ့်

UShinGyi said...

ဟုတ်တယ် မင်းတို့ကလဲခက်တယ်... ငါ့ကြံ့ဖွတ်တွေ ကတော့ မင်းတို့ အချင်းချင်း ဖြစ်နေတာတွေ ကြည့်ပြီး ဘယ်လောက်တောင် ပျော်နေကျလဲသိလား..ဟာ..ဟာ။ အဝေးကကြက်ပဲ ဖြစ်ဖြစ် အိမ်ကြက်ပဲဖြစ်ဖြစ် တနေ့ကျရင်တော့ မင်းတို့ အားလုံးကို ရိုက်သတ်ပြီး ကောင်းကောင်းချက်စားပြအုံးမယ်..ဟီ.ဟီ။အခုတောင်ပြောရင်းနဲ့ စားချင်လာပြီ။ ဒီလိုအထာမျိုးနဲ့ ၂၀၁၅ မပြောနဲ့ နောက်အနှစ် ၅၀ ၁၀၀ တောင် ငါတို့ကိုကျော်နိုင်ဖို့ စိတ်မကူးနဲ့...၂၀၁၅ ဆိုတဲ့နှစ်က ဘာနှစ်လဲ တရုတ်လို ခွေးနှစ်လာ၊မျောက်နှစ်လာ၊၀က်နှစ်လာ၊နဂါးနှစ်လား သူတို့တရုတ်တွေလို ကံကောင်းမဲ့နှစ်တနှစ်နှစ်လို့ ထင်နေတာလာ ရူးပကွာ...ဒီလို ဒီဇိုင်းမျိုးတွေနဲ့တော့ မမျှော်လင့်နဲ့ငါကောင်တို့ရေ။ ဖွတ်ဒေါင်းဖြစ်ဖြစ် အဲ..မှားလို့.. ခွပ်ဒေါင်းဖြစ်ဖြစ် ၆၂ ၆၇ ၈၈ ၉၆ ၀၇ ဘယ်ခုနှစ်က ကောင်ဖြစ်ဖြစ် ဂရုမဆိုက်ဘူး...ခြေတလှမ်းမှားလို့ ငါတော့မှားသွားပြီမလုပ်နဲ့ ဒို့ကြံ့ဖွတ်တွေက ဘယ်သူ့ကိုမှ မသနားတတ်ဘူးဆိုတာ သိတယ်နော်... အရိုးကော အသားကော အကုန်စားမှာပဲ...ဒါပဲ ပြောမယ်။မင်းတို့က ကိုလုပ်တာ ကိုပြောတာပဲအမှန်ထင်တတ်ကျတဲ့ လူတွေဆိုတော့ သမိုင်းအမှားလေးတွေကို ပြန်သင်ခန်းစာ ယူတတ်အောင်လုပ်ကျပေါ့ကွာ။ ၀ါ..ဟား..ဟား ..အွတ်..ဘွတ်..

UShinGyi said...



၈၈ အကိုတော်ကြီးများ လုပ်ခဲ့တဲ့ အနစ်နာခံခဲ့ တဲ့ ကိစ္စတွေကို မေ့ထားပြီး ဒီကိစ္စတခုထဲအတွက်နဲ့တော့ အပြစ်တင်မစောကျပါနဲ့ဗျာ။
ဖွတ်ဒေါင်းလို့လဲ မပြောကျပါနဲ့ ဘေးလူအတွက် ရှုံ့ချစရာ တိုက်ကွက် အသစ်တခုတိုးလာ နေပါ့မယ်။
မြစ်ဆုံ စီမန်ကိန်းနဲ့ လက်ပံတောင်ကိစ္စဟာ ခေါင်းစဉ်မတူပေမဲ့ အကြောင်းအရာကတော့ အတူတူပါပဲ။ လုံးဝ ရပ်တန့်သွားတဲ့ အထိ ဘယ်သူ့မျက်နှာကိုမ မထောက်ထားပဲ ဆက်လက်တိုက်ပွဲဝင် ရမဲ့ ကိစ္စတခုပါ။ တောင်သူများဟာ ကို့စားဝတ်နေရေး တခုကလွဲပြီး ဘယ်နေရာမှ လိုက်ပြီးပြောနေတဲ့ လူတန်းစားမျိုးမဟုတ်ပါဘူး။ အခုဒီလို ဖြစ်လာတယ်ဆိုတာ ကလဲ သူတို့ဘယ်လောက်ထိတောင် ဒုက္ခရောက်နေကျလို့ မသက်သာတဲ့ အဆုံး ကို့စားဝတ်နေရေးကို လျစ်လျူရှုပြီး အိမ်ထဲကထွတ် ဆန္ဒပြတယ်ဆိုတာသူတို့ အရမ်းဒုက္ခရောက်နေလို့တာပေါ့ အလားကားနေတော့ ဘယ်သူက ဒီလိုအလုပ်ရှုတ်ခံပြီး ဆန္ဒထွတ်ပြကျမှာလဲ ကိုယ်ချင်းစာတတ်ကျပါစေဗျာ။

Unknown said...

ကိုယ့်ကိုထိရင် စပ်စပ်ထိမခံတာ၊ ကိုယ်နဲ့ သဘောထားခြင်း မတိုက်ဆိုင်ရင် ပိုးစိုးပက်စက် ပြောတာတွေဟာ အပြုသဘောမဆောင်ပါဘူး။ အပြစ်မြင်ပြီး ထောက်ပြတဲ့လူတွေရှိမှ ပြန်လည် ဆန်းစစ်ပြီး ပြင်စရာလိုရင်ပြင်၊ မလိုတော့လဲ မပြင်ယုံပေါ့။ အချင်းချင်းတွေ အပြန်အလှန်ဆဲကြ၊ ရန်ဖြစ်နေကြတာနဲ့ပဲ ဗမာပြည်ကြီးလဲ ခေတ်အဆက်ဆက် နိမ့်ကျခဲ့ရတာ။ စစ်တပ်က အနိုင်ကျင့် ဗိုလ်ကျအုပ်ချုပ်ခဲ့တဲ့ နှစ်၅၀ အတွင်းမှာ အချင်းချင်း မညီညွတ်ကြလို့ အာဏာရှင်စနစ် သက်ဆိုးရှည်ခဲ့တာ ပြန်ပြီး ဆင်ခြင်ကြပါ။ လူကို လူလိုမမြင်ပဲ အုပ်ချုပ်တာခံရတဲ့ အချိန်ကြပြန်တော့လည်း အများစုက အသံတိတ်နေခဲ့ ကြတာပါ။ အခုလည်း သူတို့ပဲ ဆက်ပြီး အုပ်ချုပ်နေတယ်ဆိုတာ မမေ့ကြပါနဲ့ဗျာ။ အင်္ဂလိပ်လက်အောက်မှာလည်း နှစ်ပေါင်း ၁၂၀ကျော် တိုက်တော့ တိုက်နေကြတာပဲ။ ခုလို တစ်ယောက်တစ်ပေါက် လုပ်နေကြလို့ နှစ်၁၀၀ကျော် ကျွန်ဘ၀ သက်စိုးရှည်ခဲ့ရတယ်။ အံ့သြဖို့တောင် ကောင်းပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို လူတစ်ယောက်သာ မပေါ်ပေါက်ခဲ့ရင် ခုထိ ကျွန်ဘ၀က လွတ်ဦးမှာ မဟုတ်ဘူး။ အသေအချာပါ။ ဒါလည်း အချင်းချင်းသတ်လို့ သေရပြန်တာပဲ။ ဒီလိုနဲ့ ဒီဘ၀ရောက်ခဲ့ရတာ၊ အမှတ်မရှိ ဆဲလို့၊ ဆိုလို့ ရန်ဖြစ်လို့ ကောင်းနေကြတုန်းပါပဲ။ ခုလို အချင်းချင်း ဆော်နေကြတာ မြန်မာတွေရဲ့ သမိုင်းနဲ့ချီတဲ့ မျိုးရိုးလိုက်တဲ့ အကျင့်ဗီဇဆိုးလားလို့တောင် သံသယ ဖြစ်မိတယ်။ ဒီလို အချင်းချင်း မညီညွတ်ဘဲ အပြန်အလှန် ရန်ထောင်၊ ဆဲဆိုနေတာတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ မဟုတ်ပါဘူး။ တစ်ဖက်သားရဲ့ အမြင်ကို သဘောမတူသည့်တိုင် အသိအမှတ်ပြုပြီး အပြုသဘောနဲ့ ပြန်လှန်ထောက်ပြ ဆွေးနွေးခြင်းသည်သာ ဒီမိုကရေစီရဲ့ အနှစ်သာရစီကို ဦးတည်မယ်လို့ နားလည်မိတယ်။

Mg said...

နောက်ဆုံး တော့ ငွေ ရှိသူ အာဏာရှိသူတွေ အကြိုက်ကို လိုက်ပြီး လုပ်ရတာ အားနွဲ့သူ စိတ်ဓါတ်ပြော့သူ တို့ရဲ့ သဘာဝပါ အနိုင်ရသူ အားရှိသူတို့ လုပ်တဲ့လုပ်ရပ်မဟုတ်ရပါဘူး။ အနဲဆုံးတော့ ကာယကံရှင်တွေနဲ့ ကျွမ်းကျင်သူတွေ ပညာရှင်တွေ အမှန်ကဘာလည်းဆိုတာကို သိပါတယ်။

ထန်းညှက်မြင်ရင် အမြီးကလေးနံ့တဲ့ခွေးကလေးများလိုပေါ့။ သခင်ဘဲ ဖြစ်ဖြစ် တစိမ်းတရံသူဘဲဖြစ်ဖြစ် ထန်းညှက်မြင်ရင် နံ့တာပါဘဲ

ခွေးသဘာဝကိုက ဒီလိုဘဲလေ

Asiavillage said...

Hi..,people are not idiots.We know what you really want to say from your articles.If not sure,ask yourself what the real objective behind your article.Hahahhaha.
We know what your feeling to 88 Student group.

Anonymous said...

Some people have been blind faith in NLD and 88. Some people show reason for their faith. But, Ko Zaw Win tell the TRUTH.

Unknown said...

မင်းက ဒီကောင်တွေထုတ်ထားတဲ့ လယ်ယာမြေဥပဒေနဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုတဲ့ ဥပဒေတွေအကြောင်းဘာသိလို့ ထဟောင်နေတာလဲ။ သမ္မတကို ထောက်ခံတဲ့ဆန္ဒပြပွဲကိုတောင် သတ်မှတ်လူဦးရေထက်များလာလို့ဆိုပြီး ခွင့်ပြုမိန့်ပြန်ရုပ်ခဲ့တဲ့ကောင်တွေ။ အဲဒီကိစ္စ အလကားလုပ်တယ်ထင်သလား။ ဥပဒေနဲ့မညီရင် သမ္မတကိုထောက်ခံတဲ့ဆန္ဒပြပွဲကိုတောင် လုပ်ခွင့်မပေးဘူးလို့ဆိုလိုတာ မင်းနားလည်လား ဇော်ဝင်း။ နိုင်ငံရေး နိုင်ငံရေး အော်နေပြီး အထူအပါးလေးတော့ နားလည်မှပေါ့။ တောင်သူတွေကိုမြှောက်ပေးတာ ကလွယ်တယ် အကုန်လုံးကို ဥပဒေနဲ့မညီလို့ဆွဲတယ် ဆိုပြီးဆွဲထည့်လိုက်ရင် မင်းက တာဝန်ယူပြီးလိုက်ထုတ်ပေးမှာလား။

UShinGyi said...



မင်းပြောသလိုဆို သူတို့မတရားလုပ်နေတာကို တောင်သူတွေက ရင်နာနာနဲ့ ထိုင်ကြည့်နေရမယ့်သဘောလာ.
တကယ်ခံစားနေရတာက လက်ပံတောင် ကတောင်သူတွေကွ ။ မတရားလုပ်နေတာကိုခံစားနေရမယ့်အစား အချုပ်ထဲမှာပဲ ရိုက်နက်ခံလို့သေတာကမှ ကောင်းဦးမယ်။
ဟိုမှာက တကယ်ဖြစ်နေတာကို့လူ ဒုက္ခတွေ ရောက်နေကျတာ။ ဒါကြီးမှ မရပ်ရင် အဲဒီဘေးတ၀ိုက် အကုန်လုံး မကြာမီ မျိုးတုံးတော့မှာ။ ကိုဆန္ဒထုတ်ဖော်တာပဲ ဘယ်သူ့ကို အခွင့်တောင်းနေရမှာလဲ။ ကျွန်တော်ခင်များကို မကျေနပ်ဘူးဗျာအဲတာလေးပြောချင်လို့ ကျွန်တော့ကို ပြောခွင့်ပြုပါလို့ ပြောနေသလိုပဲ။ဘာမှလဲမဆိုင်ဘူး...

yoo said...

(၈၈ တွေ ယီးတီယားတားနဲ့ နှမ်းဖြူးသလိုလို၊
ရွှေပြည်အေး တရားဟောသလိုလို၊
ငါမှသိ ငါမှတတ် သမ္ဘာကြီးလိုလို၊
ဆရာကြီးလိုလို သွားလုပ်တဲ့ လက်ပံတောင်းရဲ့ ဖြစ်စဉ်ကို
အရင်ပြန်ကြည့်ရအောင်ပါ။)....တဲ့။

ကိုယ်ရေးတဲ့ ဝေဖန်ရေး ဆောင်းပါးကလဲ...
ယီးတီယားတားနဲ့ နှမ်းဖြူးသလိုလို၊
ရွှေပြည်အေး တရားဟောသလိုလို၊
ငါမှသိ ငါမှတတ် သမ္ဘာကြီးလိုလို၊
ဆရာကြီးလိုလို..ကိုယ့်ကိုကိုယ် ပြန်ဖတ်ကြည့်အုန်း။

(ပြည်သူ့ရန်သူတွေရဲ့ ပေးစာကမ်းစာကို ယူပြီး ပြည်သူကို စော်ကားတဲ့ လုပ်ရပ်၊ မင်းတို့ ရပ်တန်းက ရပ်။)..ဆိုပြီး..အမိန့် ပေး
ရန်တွေ့ လိုက်သေးတယ်...။

ဒီမို ငတုန်း ဆိုတာ..ဒါမျိုးကိုခေါ်တာနေမှာ...။
သူ့ ခမျာ..ဒုက္ခ ပါပဲ..ပြောရမလိုဖြစ်နေပြီ။

Andrew Maung said...

သမတကိုထောက်ခံဆန္ဒပြပွဲဆိုတာဘယ်ပွဲကိုပြောတာလည်း။ ဟို ကျောက်ဆည် ကုလား-ဗမာ အရေးအခင်းတုန်းက အထိမ်းသိမ်းခံရတဲ့  ဘုန်းကြီး ခေါင်းဆောင်တဲ့ ဆန္ဒပြပွဲကို ပြောတာလား။ သမတ က တပါတ် ကို စကား တမျိုးပြောနေတာ။ သမတ အရင် ပြောထားတဲ့ စကား ကမှားနေမှန်းသိလို့ နောက်ပိုင်းအသာလေး ပြင်ပြီး တမျိုးပြောထားတာကို အရင်ကပြောထားတဲ့  စကားအမှားကိုဘဲ အတင်းထောက်ခံ ပြီး ဆန္ဒပြလို့ အပိတ်ခံရတာ။ ဘာ ဥပဒေနဲ့ မှမဟုတ်ဘူး။
ဒီလက်ပန်းတောင်းကြေးနီ စီမံကိန်းကသေးသေးမွှားမွှား မဟုတ်။ မြစ်ဆုံလိုဘဲ ဒီစီမံကိန်းဖြစ်ဖို့  တရုတ်က လဘ်ထိုးထားတာ ဟိုး ဘိုသန်းရွှေအထိပါတယ်။ ဒီလဘ်ငွေတွေပြန် မပေးဘဲနဲ့ ဘယ်လို မှ ဒီစီမံကိန်းကို တရုတ်ကရပ်မှာ မဟုတ်ဘူး။

dddoe said...

ကွန်မန့် ပေးတဲ့ကောင်တွေ စောင့်အရည်အချင်း တစက်မှမရှိတဲ့ကောင်တွေ ရေးထားတဲ့ဗမာစာကိုကော ကောင်းကောင်း ဖတ်တတ်လား အမှန်တရားကိုလက်မခံချင်တဲ့ ကောင်တွေ မင်းတို့ အထဲမှာ အသိပညာဗဟု အမြော်အမြင် အင်မတန်မှနည်းတာကို တွေ့ ရတယ် မင်းတို့ ပေးတဲ့ကွန်မန့် နဲ့  မင်တို့ ဖတ်တဲ့စာကိုပြန်ကြည့်ပါ လူတယောက်က အမှန်တရားကိုဗြောင်ဖွင့်ချပြီး ရှင်းပြတာကို ဘယ်လိုဦးနှောက်မျိုးနဲ့ သုံးသပ်နေကြတာလဲ......မင်းဒီလောက်တော်နေရင် သူတို့နေရာဝင်လုပ်ကြည့်ပါလား လို့ ပြောတဲ့ကောင်တွေ ဒီလောက်တော်နေရင် ပြည်တွင်းဝင်ပြီးပါတီထောင်ဖို့ ပြောတဲ့ကောင်တွေ တကယ်အသိညာဉ် နိမ့်ကျတယ်ဆိုတာ ရေးလိုက်တဲ့ ကွန်မန့် ကိုကသက် သေခံနေတယ်..ဥပမာတခုပြောမယ် စိုင်ကော်လို့ ခြုံပေါ်ရောက်သွားတဲ့လူက လမ်းမှားနေရင် ဘေးကလူကလမ်းမှန်ကို ထောက်ပြ တာကို မင်းတို့ က မင်းသူ့ နေရာဝင်လုပ်ကြည့်ပါလားဆိုတာကတော့ ပညာရှိဒီစကားမျိုးမပြောဘူး ဘယ်မှာသွားလိုက်ရှာရမလဲ ဒီစိုင်နဲ့ ဒီခြုံ...အာလုံးကိုမြင်နေသိနေတဲ့လူတွေဆိုရင် ဒီစာသားအားလုံးဟာ သွေးထွက်အောင်မှန်နေတဲ့ အမှန်တရားများပါဘဲ...........

Unknown said...

မှန်တယ် အရင်ကဥပဒေမဲ့စီးပွားရေးလုပ်ခဲ့ကြတာ
အခုလည်း ၈၈ ,အဖွဲ့လုပ်နေပြန်ပြီ
ခံပေအုံးတော့မြန်မာပြည်ရေ။

Unknown said...

မင်းပြောသလိုဆို သူတို့မတရားလုပ်နေတာကို တောင်သူတွေက ရင်နာနာနဲ့ ထိုင်ကြည့်နေရမယ့်သဘောလာ.
တကယ်ခံစားနေရတာက လက်ပံတောင် ကတောင်သူတွေကွ ။ မတရားလုပ်နေတာကိုခံစားနေရမယ့်အစား အချုပ်ထဲမှာပဲ ရိုက်နက်ခံလို့သေတာကမှ ကောင်းဦးမယ်။
ဟိုမှာက တကယ်ဖြစ်နေတာကို့လူ ဒုက္ခတွေ ရောက်နေကျတာ။ ဒါကြီးမှ မရပ်ရင် အဲဒီဘေးတ၀ိုက် အကုန်လုံး မကြာမီ မျိုးတုံးတော့မှာ။ ကိုဆန္ဒထုတ်ဖော်တာပဲ ဘယ်သူ့ကို အခွင့်တောင်းနေရမှာလဲ။ ကျွန်တော်ခင်များကို မကျေနပ်ဘူးဗျာအဲတာလေးပြောချင်လို့ ကျွန်တော့ကို ပြောခွင့်ပြုပါလို့ ပြောနေသလိုပဲ။ဘာမှလဲမဆိုင်ဘူး...(ညိုကြီး) အေး ဒီကောင်တွေထုတ်ထားတဲ့ ဥပဒေကိုက အဲလိုပဲဆိုတာ မင်းနားလည်ထားဖို့လိုမယ်။

သမတ အရင် ပြောထားတဲ့ စကား ကမှားနေမှန်းသိလို့ နောက်ပိုင်းအသာလေး ပြင်ပြီး တမျိုးပြောထားတာကို အရင်ကပြောထားတဲ့  စကားအမှားကိုဘဲ အတင်းထောက်ခံ ပြီး ဆန္ဒပြလို့ အပိတ်ခံရတာ။ (Andrew Maung)
သူတို့ သဘောမကျရင် ပိတ်မယ်ဆိုတာ မင်းရေးတဲ့ ကွန်မန့် ထဲမှာပဲ ပါသွားပြီ။
မင်းတို့ထင်တာ လမ်းပေါ်ထွက်ဆန္ဒဖော်ထုတ်ပွဲဆက်တိုက်လုပ်မှ ဒီကိစ္စရပ်သွားမယ်ထင်နေလား။ မြစ်ဆုံတုန်းက လမ်းပေါ်ထွက်ခဲ့ရလို့လား။ တပြည်လုံးအတိုင်းအတာပါလာရင် လမ်းပေါ်ထွက်စရာမလိုပဲရပ်သွားတာပဲမဟုတ်လား။ အခု ဗကသ ပါလာပြီ ၈၈ ပါလာပြီ NLD ပါလာပြီ။ အဲဒီနောက်မှာ တစ်ပြည်လုံးအတိုင်းအတာပါလာအောင် ဆက်လုပ်ကြဖို့ပဲ။ တပြည်လုံးအတိုင်းအတာပါလာရင် လမ်းပေါ်ထွက်စရာလည်းမလို ဘယ်သူမှ ထောင်ထဲမှာ အနှိပ်စက်ခံအသေခံစရာလည်းမလိုဘဲရပ်သွားလိမ့်မယ်။အသေခံမှ လက်နက်ကိုင်တိုက်ယူပြီးရတာမှ လွတ်လပ်ရေးအစစ်ဆိုတဲ့ ကွန်မြူနစ်လေသံနဲ့ ဒီမိုကရေစီထထမအော်နဲ့။

UShinGyi said...


ဘာဥပဒေလဲ ..အဲဒီဥပဒေထုတ်တဲ့ ပုဂ္ဂိုလ်ကမင်းနဲ့ဘာတော်လဲ။ မင်းအခုလို ကီးဘုတ်ပေါ်လက်ကလေးတင် ကော့မ္မန်းလေးရိုက် အင်တာနက်လေး အေးအေးစေးစေး သုံးနေနိုင်တာ အဲဒီလို အိမ်အပြင်ထွတ်ပြီးဆန္ဒပြတိုက်ပွဲဝင်ခဲ့လို့ ရတဲ့အကျိုးကျေးဇူးတက်ရောက်မှုတွေဆိုတာ...မင်းနားလည်လာ။၈၈ အကိုတော်တွေ အစိုးရနဲ့ပေါင်းပြီး လုပ်သင့်လုပ်ထိုက်တာ လုပ်နေတာကို မပြောလိုဘူး...ပြောစရာအကြောင်းလဲမရှိဘူး။ အေ..အဲလို သူတို့ တဖက်ကနိုင်ငံရေးကိုလုပ်နေပြီး ကျန်တဖက်မှာ မတရားမှုတွေကြီးစိုးနေတာကိုလဲ ဖော်ထုတ်လို့သွားရမှာပေါ့။ ဒီလိုအရေးကြီးတာတွေမှ ပြည်သူကိုမလုပ်ပေးနိုင်ရင်လဲ အဲဒီအစိုးရကို တကယ်ပြုပြင်နေတဲ့ အစိုးရကောင်းပဲလို့ အဖိအနိပ်အထုအထောင်းခံပြီး ယုံကြည်မှုအပြည့် ထပ်ပေးထားရမှာလား...စဉ်းစားငါ့ကောင်။ လူဆိုတာ ပယောဂတွေအများကြီးထဲမှာ လုပ်ရှားအသက်ရှင်နေတဲ့ သတ္တ၀ါ...အမြဲအမှန်လုပ်တဲ့သူကို တချိန်အမှားမလုပ်နိုင်ဘူးလို့ ပြောလို့မရသလို အမြဲအမှားလုပ်သူကို လဲ တချိန်အမှန်လုပ်မယ်လို့ ပြောလို့မရသလိုပဲ။ အမှားကိုတွေ့လို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြတယ်ဆိုတာ လူ့အခွင့်အရေးတစ်ခုပဲ ။ ဝေဖန်ပိုင်ခွင့်ရှိတယ် စောဒကတက်ပိုင်ခွင့်ရှိတယ် ...လူဆိုတာကို့အမှားကို သူများထောက်မှ သတိဝင်လို့ ပြောင်းလဲတတ်တဲ့ အမျိုးဆိုတာကိုလဲ မင်းနားလည်ထားဖို့လိုတယ်..ငါ့ကောင်ရ။

ကေါင်းကေါင်း said...

လူထုခေါင်းဆောင်ကိုဇော်ဝင်းဖြစ်မလားဆိုပြီးရေးနေတာအသိတာကြီး ရှက်လည်းမရှက်တတ်ဘူး. ၈၈တဲ့ဟားဟား. နံမည်ကြီးမလားထင်ပြီးရေးနေတာကြီး. ကွန်မန့်တွေလောက်တောင်အဆင့်မရှိတဲ့အတွေးဟောင်းတွေကိုမြောင်းထဲပြစ်ပြီးချန်ထားခဲတော့. မိမိကိုကိသြတ်သေသင့်ပြီ. ကိုမင်းကိုနိင်ရဲ့လုပ်ရပ်နဲ့စေတနာကိုယုံတယ်. ဇော်ဝင်းလိုပြည်ပြေးတစ်ကိုယ်ကေါင်းသမား

အရက်သမားဆန်ကုန်မြေလေးလွမ်းဆွေးတို့ကိုမယုံဘူး. အကေါက်ကြံနေတာ

Anonymous said...

Kaung Kaung, "Old Idea" ? What's that. We aren't talking about idea. We're talking about farmer. 88s made a solution that give farmers 10% of over 10000 Acres and let Project continue, Being the people's savior. Just think about their meeting and conversation with your brain.

Unknown said...

ကိုဇော်ဝင်း...ခင်ဗျား မှန်မကြည့်ဘူးလား...
ခင်ဗျားကိုယ်တိုင်ကရော ဘာတွေလုပ်ပေးနေလို့လဲ...
ကြည့်ရတာ ခင်ဗျားက သူများမကောင်းကြောင်းပြောရတာ အားရတဲ့ ယောက်ျားမပီသတဲ့လူဘဲ...

Unknown said...

သူတစ်ဖက်သားအပေါ်...အကောင်းမမြင်တတ်တဲ့ ..လူလောက်..ရွံစရာကောင်းတာမရှိဘူး....မင်းကိုနိုင် ထက်ပိုသိရင်လည်း..အကောင်းအဆိုးအကြောင်းအကျိုးကိုထောက်ပြရုံပဲရှိတယ်...တစ်ဖက်သားကိုနင်းပြီးမတက်ချင်ပါနဲ့ ..ခေါင်းဆောင်ဆိုတာလုပ်ယူလို့ ရတာမဟုတ်ဘးလေ..ရသွားခဲ့ ရင်တောင်...မခိုင်မြဲပါဘူး....ခေါင်းဆောင်ဆိုတာ...နောက်လိုက်တွေကိုယ်တိုင်တင်မှ...ခိုင်မြဲတာလေ...ကိုဇော်ဝင်းအရေးအသားတွေကြည့် ရတာ...Team work မလုပ်ဘူးဘူးထင်တယ်...Team spirit လည်းရှိပုံမရဘူး....မိုးသီးဇွန်နဲ့ သားအစ်ဖထင်တယ်...ဟုတ်တယ်မလား..

Unknown said...

မင်းတို.တွေဖြစ်လာတဲ.ပြသနာတစ်ခုကိုအခြေခံပြီးတစ်ယောက်နဲ.တစ်ယောက်လှောင်ပြောင်သရော်ပြီးစိတ်ဝမ်းကွဲပြီးနေကြတော.မှာလားရှုပ်ချပြီးအပြစ်တင်နေကြတော.မှာလားအပြစ်ရှာနေမယ်ဆိုဘယ်သူမှမပြစ်မကင်းနိုင်ဘူးအဖြေကိုတွေ.အောင်မရှာကြတော.ဘူးလားသူများမကောင်းတာကိုရေးမယ်ပြောမယ်ရှုပ်ချနေမယ်ဆိုရင်ဘယ်တော.မှပြီးတော.မှာမဟုတ်ဘူးဖြေရှင်းနိုင်မှာလဲမဟုတ်ဘူး မင်းတို.တစ်ဦးချင်းတစ်ယောက်ချင်းစီမှာရှိတဲ.အရည်အချင်းတွေနဲ.ပြည်သူလူထုအတွက်ကြိုးစားပေးလိုက်ကြပါလား။

Unknown said...

လက်ပံတောင်းတောင်ကို NLD လွှတ်တော်အမတ်သွားတာတော့ သူ့နယ်မို့လို နားလည်ပေးလို့ရတယ်။ ကမ္ဘာ့ပုလိပ်ကြီး “၈၈” မျိုးဆက်ကတော့ အချောင်နေရာဝင်ယူတာဘဲ။အနစ်နာခံပြီး၊ထောင်ချခံပြီးရင် မြန်မာ့ပုလိပ်ကြီး လုပ်လို့ရတယ်ဆိုပြီး ဘယ်သူက mandate ပေးထားလို့လဲ? ဆရာမောင်သာနိုးရေးတဲ့ ဆောင်းပါးလို “ စင်ပြိုင်မင်းသားရူးများ” ဖြစ်နေပြီလား?
NLD အလံအောက်က မလုပ်ရဲ။ မလုပ်ချင်။ပွင့်လင်းရုံးခန်းဆိုပြီး ၈၈ပါတီရုံး အမြုတေလေးတွေဖွင့်။ ဒေါ်စုကိုလောလောဆယ် မယှဉ်နိုင်သေးလို့ ပုဆိုးခြုံထဲကလက်သီးမပြရဲဘဲ တစ်နိုင်ငံလုံး စည်းရုံးရေးဆင်းနေတာလား။ ၁၉၂၀၊၁၉၃၆ ခုနှစ် ၁၉၃၈ များနဲ့ ၁၉၆၂ ကာလ၊၁၉၆၇၊၁၉၆၉၊၁၉၇၄၊၁၉၇၅၊၁၉၇၆၊၁၉၉၀၊၁၉၉၆ ကာလ ကျောင်းသားလှုပ်ရှားမှုများ၊ယနေ့လူငယ်တကယ့်ကျောင်းသား အစစ်ကလေးတွေရဲ့ ကျောင်းသားအလံတော်ကို ၆ယောက်၊၇ယောက်၊၈ယောက်သော ၈၈မျိုးဆက်ဆိုသူတို့က တဦးတည်းမူပိုင်မောင်ပိုင်စီးပြီး၊ဟိုက အလှူခံ ဒီကအလှူခံ၊ အနုပညာရှင် အဆိုတော်များရဲ့ လုပ်အားကို ခေါင်းပုံဖြတ်ပြီး ဆရာကြီးလုပ်လို့ ၈၈မျိုးဆက်နံမည်ရအောင် ဝေဌလိုဝေဌ။ ဘာလဲ၊ဘယ်လဲ။အများအတွက်ဆိုရင်တောင် ငွေစာရင်းထင်သာမြင်သာရှိတယ်ဆိုရင် တောင်ဘယ်ကို ဘယ်လောက်လှူမယ် ဆိုတဲ့ဆုံးဖြတ်မှုဟာ လူထုထံအကြံဥာဏ်ယူခဲ့သေးသလား။
ကိုယ့်လုပ်အားနဲ့၊ကိုယ့်အင်အားနဲ့ ပြည်သူကိုအလုပ်အကျွေးပြုနိုင်ကြပါစေ။အပြောလေးကောင်းကောင်းနဲ့ အခုထိဘာမှ ထူးထူးခြားခြား လုပ်ပေးတာမရှိသေးပါ။
အနုပညာရှင်များလည်း ကိုယ့် Brand၊ ကိုယ့်အဖွဲ့အစည်းရဲ့ အလံအောက်မှာ မိမိတို့အစွမ်းနဲ့ ရှာရတဲ့ ရံပုံငွေတွေ လှူနိုင်ကြပါစေ။ကိုယ်ကမှ တကယ့်ကြယ်ပွင့်တွေပါ။ကိုယ့်ကိုယ်ကို အထင်အသေးကြပါနဲ့။
“ပွင့်လင်းလူ့အဖွဲ့အစည်း” ဆိုတာကမ္ဘာမှာခေတ်စားတဲ့စကားလုံးပါ။ အထဲကအနှစ်သာရကို ဘယ်သင်ရိုးနဲ့ ဘယ်မြို့တွေမှာ စံနစ်တကျသင်တန်းဘယ်နှစ်ခါပေးခဲ့ဘူးလဲ ? နာမည်လေးရွတ်ရုံ ၊ရုံးခန်းလေးဖွင့်ရုံ ၊လူတကာ မျက်စိနောက်လောက်အောင်လူထုစရိတ်နဲ့ခရီးသွားနေရတာနဲ့ဘယ်လိုလုပ်ပြီး “ပွင့်လင်းလူ့အဖွဲ့အစည်း” တွေ ပေါ်လာမလဲ?? လက်ရှိကျောင်းသားလူငယ်လေးတွေရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ထင်ရှားအောင် မြေတောင်မြှောက် ပေးမှုတွေလည်းလုံလောက်အောင်မလုပ်ပေး၊ ရှေးအဆက်ဆက်က ကျဆုံးခဲ့တဲ့ စွန့်လွှတ်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်၊အညတြတွေကိုလည်း မီးမောင်းထိုးမပြ၊ သမိုင်းကိုမေ့ပြီးလက်ရှိအပေါင်းအသင်းစုဖွဲ့မှု (၆)ဦး၊ (ရ)ဦးနဲ့ NLD အလံတော်အောက်ကိုလည်း မ၀င်၊ NLD ပေါ်လည်းမနိုင်၍ သည်းခံခြင်းဖြင့်ကင်းကင်းနေပြီး ပုဂ္ဂလိကပုဂ္ဂိုလ်ရေးသြဇာထူထောင်မှုကို ပြည်သူ့ငွေ၊အနုပညာရှင်တွေရဲ့ လုပ်အားတွေနဲ့ရယူပြီး တစ်စင်ထောင်ဖို့ကြံ နေတဲ့ခြေလှမ်းကို ပြည်သူများသိတတ်မြင်တတ်ပါစေ။
တက်လူ