ကြေးနီမောင်း
မောင်လွမ်းဏီ
လက်ပတောင်းက
လက်ခမောင်းသံ
မြိုင်ယံတောဟည်း ထစေပြီ။
ချင်းတွင်းပဲ့တင်၊ မြစ်ပြင်လှုပ်ခတ်
ရပ်ရှစ်မျက်နှာ ကြွေးကြော်သံ
အလံလွှင့်ကြ ဗကသ။
တောင်ကို သိမ်းမလား
ကြေးရွာသားဟေ့၊
လှောင်ပိတ်မလား၊ ကြေးနီသူဟ
လက်မထောင်ထောင်၊ ကိုယ်ယောင်ထင်လင်း
ဒင်းတို့လောက်တော့ ဘာမှုရမလဲ
အညာသူမ ရဲသကို။
တိုမြေအတွက် အသက်စွန့်မယ်
တို့ယာအတွက် ရွာကို စွန့်မယ်
တို့တောင်အတွက် မောင်ကို စွန့်မယ်
ချင်းတွင်းမြစ်ရေ ချက်ကြွေအတွက်
ကျောက်ကော်ခွက်နဲ့ သမိုင်းရေးမယ်။
ဘယ်အရေးမှ
လက်မနှေးကြောင်း
လက်ပံတောင်းတောင်က၊ စစ်မောင်းသံချီ။
ကြေးနီ ကြေးနီ
ဆားလင်းကြီး ဆားလင်းကြီး
မုံရွာ မုံရွာ
ကျောင်းသူ ကျောင်းသား
တောင်သူ တောင်သား၊ တောသား ကျေးသူ
တ၀မ်းတခါး ကျောသားရင်သား
ရင်ကြားစေ့ရတဲ့အချိန်။
မီးသွေးခဲမို့ မည်းသကို
ကြေးနီသားတို့ ရဲသကို
တောင်ညိုတောတန်း၊ တဘက်ကမ်းက
လက်ကမ်းနွေးထွေး၊ တို့အရေးကို
သွေးညီရင် ဟေ့၊ သွေးနီရင် လေ့
ကြေးနီတောင်ကို တက်ခဲ့ကြ။ ။
မောင်လွမ်းဏီ
၁၀-၉-၂၀၁၂











3 comments:
hello, boss we are waiting for you.
come and join us in monywa.
ထိပါ ပေတယ် ကဗျာ ဆရာ ရယ်.. ဒေါက်လွမ်း..ဒီ ကဗျာက သွဲ့သွဲ့ဝင်း လက်မထောင် ပြီးပြောနေ တဲ့ ဓါတ်ပုံ နဲ့ တွဲ လိုက် ရ မှာ ဗျ.. ဖြစ်ရပ်မှန် ကဗျာ ပဲပေါ့...
Post a Comment