Friday, September 14, 2012

“ဟုတ်ယောင်ယောင် နိုင်ငံတော်အဆင့်”

ဟုတ်ယောင်ယောင် နိုင်ငံတော်အဆင့်
ဒေါက်တာလွဏ်းဆွေ

နိုင်ငံခြားသားဧည့်သည်တွေနဲ့ အတွေ့အပြု များလာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး ပြောချင်တာလေးတွေ အနည်းအကျဉ်း ရှိလာတယ်။ တချိန်တုန်းကများဆို ဒီမိုကရေစီရေးလှုပ်ရှားသူတွေအနေနဲ့ နိုင်ငံခြားသားတယောက်ယောက်နဲ့ စကားပြောဖို့အရေး စစ်အစိုးရလက်ကိုင်တုတ်တွေရဲ့ စောင့်ကြည့်စက်ကွင်း လွတ်မလွတ်ကို ကျီးကြည့်ကြောင်ကြည့် ချက်ကင်လုပ်ရတာအမော။ ဒေါ်အောင်ဆန်းစုကြည် ခြံထဲ သံရုံးကား ဘယ်နှစီး ၀င်တာက အစ၊ သံရုံးနဲ့ ဆက်သွယ်တာ အလယ်၊ ဒီမိုကရေစီတိုက်ပွဲဝင်တဦး လမ်းဘေး သေးပန်းတာအဆုံး မှတ်တမ်းတင်နေခဲ့တဲ့ ကာလတုန်းကပေါ့။

အခုတော့ အဲလိုမဟုတ်တော့ဘူး။ ဦးသန်းရွှေကြီးက ဗျူဟာပြောင်း၊ ကစားကွက်ပြောင်းလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ခြံထဲကို နိုင်ငံခြားသားဧည့်သည်တွေ၊ သတင်းထောက်တွေ လွတ်လွတ်လပ်လပ် ၀င်ခွင့်ပေးလိုက်ရုံမက နိုင်ငံတော်အဆင့် အလည်အပတ်လာတဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ပါ ဆွေးနွေးခွင့်၊ သတင်းစာရှင်းလင်းပွဲလုပ်ခွင့်၊ ခြံထဲ လမ်းလျှောက် စကားပြောဆိုခွင့်တွေပါ ခွင့်ပြုလိုက်တယ်။

နိုင်ငံခြားသားဧည့်သည်တွေ၊ သတင်းထောက်တွေ၊ ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်၊ ဆုံခွင့်၊ သတင်းစာရှင်းလင်းခွင့်တွေ ရပြီးနောက်ပိုင်းမှာ နှစ်ဆန်းပိုင်းကမှ အကျဉ်းထောင်တွေက လွတ်မြောက်လာကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကိုလည်း နိုင်ငံခြားသားဧည့်သည်တွေ၊ ကိုယ်စားလှယ်အဖွဲ့တွေက တွေ့ကြ၊ ဆုံကြ၊ မေးမြန်းကြ ဆိုတာမျိုးတွေ ခပ်စိပ်စိပ် တွေ့လာရတယ်။ အခုလို လွတ်လွတ်လပ်လပ် တွေ့ခွင့်၊ ဆုံခွင့်၊ မေးမြန်းဆွေးနွေးခွင့်တွေ ရလာတာဟာ အရင်ကထက်စာရင် ပိုမိုပွင့်လင်းလာမှုအဖြစ် အကောင်းဘက်က ကြိုဆိုရမှာပါ။

ဒါပေမယ့် ခက်တာက ... ဘာ ‘အာဏာ’ မှ မရှိသေးဘဲ ပေးဆပ်ခဲ့မှုတွေအတွက် ထင်ပေါ်ကျော်ကြားမှု၊ ပြည်သူလူထုက ကြည်ညိုလေးစားတဲ့အတွက် အရှိန်အ၀ါကြီးမှုဆိုတဲ့ ‘သြဇာ’ လောက်သာ ရှိသေးတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီတိုက်ပွဲဝင် ခေါင်းဆောင်တွေဟာ နိုင်ငံခြားသားဧည့်သည်တွေနဲ့ တွေ့နေရတဲ့ အချိန်တွေ ပိုပိုများလာပြီး ကိုယ့်လူထုနဲ့ ထိတွေ့တဲ့အချိန် ပိုပိုနည်းလာသလို တွေ့မြင်လာရတယ်။ ဒါသည်ပင်လျှင် ဦးသန်းရွှေကြီးရဲ့ ဗျူဟာအသစ်များလားလို့ ကျနော် တွေးနေမိတယ်။ ဒီမိုကရေစီတိုက်ပွဲဝင် ခေါင်းဆောင်တွေနဲ့ အောက်ခြေလူထု ထိတွေ့ဆက်ဆံချိန် နည်းသထက်နည်းအောင် ကွင်းဆက်ဖြတ်တဲ့ နိဿရည်းသစ်တခုပေါ့။

အဲသလို နိုင်ငံခြားဧည့်သည်တွေ၊ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ မကြာခဏ ထိတွေ့ဆက်ဆံ စကားပြောလာရတော့ ဒီမိုကရေစီတိုက်ပွဲဝင် ခေါင်းဆောင်တွေရဲ့ စိတ်ထဲမှာ မပြီးဆုံးသေးတဲ့ တိုက်ပွဲဆိုတာကြီးကို မေ့လျော့သွားပြီး အာဏာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ စဉ်းစားပုံ စဉ်းစားနည်းကားတွေနဲ့ အချိန်ကုန်နေမှာကို စိုးတာပါ။ နောက်တချက်က ကိုယ့်ကိုယ်ကိုယ် နိုင်ငံတော်အဆင့်ဆိုတဲ့ စိတ်ကြီးဝင်မှုတွေ ပိုပိုများလာပြီး တကယ်ဒုက္ခရောက်နေတဲ့ အောက်ခြေလူထုနဲ့ ထိတွေ့ဆက်ဆံရမှာကို မေ့လျော့ကုန်မှာ စိုးတာပါ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီတိုက်ပွဲခေါင်းဆောင်တွေအပေါ် ဦးသန်းရွှေကြီး စမ်းသပ်လျှောက်လှမ်းခွင့်ပေးထားတဲ့ ဗျူဟာသစ်က လက်တွေ့ ဘာအာဏာမှ မရှိ၊ ဘာလုပ်ပိုင်ခွင့်မှ မရှိတဲ့ “ဟုတ်ယောင်ယောင် နိုင်ငံတော်အဆင့်” ပါ။ မြန်မာပြည်ရဲ့ ဒီမိုကရေစီတိုက်ပွဲက မပြီးဆုံးသေးပါ။ အဲဒီ မပြီးဆုံးသေးတဲ့ တိုက်ပွဲကို ခေါင်းဆောင်တွေနဲ့ လူထုတွေ တက်ညီလက်ညီ ရှေ့ဆက်နေမှာစိုးလို့ ခေါင်းဆောင်တွေ အဲသလို ဟုတ်ယောင်ယောင် နိုင်ငံတော်အဆင့်မှာ သာယာနေကြအောင်များ ဦးသန်းရွှေကြီးက ဂွင်ဆင်ပေးထားလေသလားလို့ စဉ်းစားနေမိတာပါ။ အဲဒါကြောင့်မို့လည်း “ခေါင်းဆောင်ဆိုတာ ဆန္ဒပြတဲ့ နေရာတိုင်း သွားဖို့ မလိုတော့ဘူး” ဆိုတဲ့ အပြောမျိုးတွေ၊ “မိုးထိမိုးမိနဲ့ ဆားလင်းကြီးကို မသွားနိုင်တာ နိုင်ငံခြားဧည့်တွေနဲ့ အလုပ်အရမ်းရှုပ်နေလို့” ဆိုတဲ့ ဆင်ခြေမျိုးတွေ၊ “အခုအချိန်က ‘ခွပ်’ ရမယ့်အချိန် မဟုတ်တော့ဘူး၊ ‘က’ ရမယ့်အချိန်” ဆိုတဲ့ သုံးသပ်ချက်မျိုးတွေ ထွက်ပေါ်လာတာလို့ ထင်မိတယ်။

လွန်တာရှိ ၀န္ဒာမိပါ။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
နံနက် ၂း၃၃ နာရီ
၁၄-၉-၂၀၁၂

27 comments:

Lou, Stanley said...

Most articles you have been written are seems negatively remarked.

Myo Chit said...

You are a fool.

Anonymous said...

ဒေါက်တာလွဏ်းဆွေရဲ့ နောက်ဆုံးပေါ် တောင်တောင်အီအီများ http://8888linker.blogspot.com/2012/09/blog-post_2880.html

saw said...

မြန်မာပြည်တွင်း လူထုနဲ့ လုံးဝ အဆက်ပြတ် နေတဲ့ ကိုလွဏ်းဆွေက ပြည်တွင်းက ခေါင်း ဆောင်တွေ ကို လူထုနဲ့ ကင်းကွာ မှာ ကို စိုးရိမ် စရာ မလိုပါ။ ဆန်ဒ ပြပွဲတကာ လိုက် ပြီး နံမယ် ကြီးအောင် သံကုန် အော်တဲ့ နိုင်ငံရေး တောကြောင် အလုပ် မလုပ်တဲ့ ပြည်တွင်းခေါင်းဆောင် တွေကို လေးစား ပါတယ်။ ကိုလွဏ်းဆွေ ရဲ့ negative comments တွေ မှာ ပြည်တွင်းက လာတာ များတယ်ဆိုတာ သတိပြု စေလိုပါသည်။

world said...

ကိုလွဏ်းဆွေ ...ဖြစ်နိုင်ရင် သတင်းလင့်တွေကိုပဲ မှန်မှန်တင်နေတာ ပိုကောင်းမယ်နော်.
ထင်ရာမြင်ရာတွေလျှောက်ေ၇းနေတော့ ကိုယ့်အဆင့်အတန်းနဲ့ အတွေးအခေါ်တွေနိမ့်ကျတာ လူတွေပိုသိသိလာတယ်။
တော်တော်လေး နံမည်ပျက်နေလို့ စေတနာနဲ့သတိပေးတာပါ။

pheasant said...

စောက်ရူးလွမ်းဆွေ ခုထိစောက်ရူးထတုန်း ဟောင်ကောင်းတုန်း

panchit said...

မင်းကတော့လဲသေဖို့ကောင်းနေပြီမောင်လွမ်းဆွေ၊အသာလုပ်ပါ၊

Unknown said...

ပြည်စုံနေပြီမို့ထပ်မရေးတော့ပါ သတင်းတွေအတွက်ကျေးဇူးပါ

phu wint said...

ဒီလိုဆိုရင် ကိုလွမ်းဆွေကြီးလည်း နိုင်ငံခြားမှာဇိမ်နဲ့ နှပ်မနေတော့ပဲ ပြည်တွင်းမှာပြည်သူလူထုနဲ့အတူ ဆန်ဒပြဘို့တောင်းဆိုပါတယ်

Unknown said...

ခင်ဗျားလည်း သီဟတင်စိုးနဲ့ တူလာပြီ... အရင်တုံးက အဲ့ဒီကောင် ရှိနေသရွေ့ ကျုပ်တို့ လွတ်လပ်ရေးရအုံးမှာ မဟုတ်ဘူးလို့ ဘော်ဒါတွေ အချင်းချင်းနောက်ပြောင်ပြောဖူးသလိုပဲ ခင်ဗျားရှိနေသရွေ့လည်း ကျုပ်တို့ သန်းရွှေ လက်အောက်က လွတ်မယ်မထင်ပါဘူးဗျာ.. ဘာပဲပြောပြောဆက်လုပ်ပါ.. ဘေးထိုင် ဘုပြောနေတာဘယ်သူလဲဆိုတာ သမိုင်းက အဆုံးအဖြတ်ပေးမှာပဲ..

MrDice said...

အင်း..ကိုလွဏ်းဆွေ ကတော့ ရွှေဥာဏ်တော် စူးရောက် ပါပေရဲ့။ စဉ်းစားပုံ စဉ်းစားနည်း က တော့ ချဲထွက်ပြီးမှ ချဲဂဏန်းတွက်သလိုပဲ...နယ်စပ်မှာ ဘီယာပဲသောက်နေပါဗျာ အေးအေး ဆေးဆေး

sawnaung said...

I Agree with Dr lun swe.This Article is 100% true.
Thank you so much Dr lun swe.

mya said...

အမေစုတို့ ဘဘဦးတင်ဦးတို့ စတဲ့ လူကြီးတွေ မင်းထက်နားလည်ပါတယ် မင်းပူစရာမလိုပါဘူး
ငြိမ်ငြိမ်နေစမ်းပါ ဖြုတ်ဦးနှောက်ခလေးနဲ့ ထထ မဟောင်စမ်းပါနဲ့ သူတို့က လဲ ခွေးဟောင်တိုင်အိပ်ရေးပျက် ခံမှာ မဟုတ်ပါဘူး အရူးရယ်

nyihtwe said...

I am so sick of Lun Swe's ideas and writings. He is a total pessimist.

VOICE OF MYEIK said...


အဆိုးနဲ့အကောင်းဆိုတာ ရှိစမြပါ။မျှအောင်ကြည့်တတ်ဖို့လိုပါလိမ့်မယ်။တိုက်ယူလို့ရမှ လွတ်လပ်ရေးအစစ်..ခု ရနေတာက အတုလို့ တစ်ချိန်က ဗကပ တွေ ဟစ်ကြွေးခဲ့ဖူးပါရဲ့။ အစစ်လား အတုလားဆိုတာ သမိုင်းက အဆုံးအဖြတ်ပေးသွားခဲ့တာပဲ။ မောင်လွမ်းဆွေကိုလဲ သမိုင်းက ဆုံးဖြတ်ပေးပါလိမ့်မယ်။
သေချာတာကတော့ ပြည်တွင်းနေ လူအများက မောင်လွမ်းဆွေကို အရင်ကလို မလေးစားမယုံကြည်တော့ဘူး။
လက်တွေ့နဲ့တဖြည်းဖြည်းကင်းကွာလာတဲ့ အယူအဆ. နက်ဂတစ် အမြင်တွေချည်း ပြည့်နေတော့... အရက်သောက်လွန်ပြီး ကြောင်သွားပြီ ..လို့ ဆိုနေကြတာ သိမှ သိပါ့မလား ..

S.Maung Chain said...

I know Dr lwan is not a negative man cause he love his country and his peoples like u.He can write his opinions even not the same with your
ideas cause this is the wright for everybody.

santun said...

ကိုလွဏ်းဆွေရေ-
ဒေါ်စုအပါအဝင်ကျနော်တို့ပြည်တွင်းကခေါင်းဆောင်တွေလူထုနဲ့ ထိတွေ့ခွင့်ရတာဘာမှမကြာသေးပါဘူး သူတို့ခမျာ အကျယ်ချုပ်နဲ့ ထောင်နန်းစံနေရတာနှစ်ပေါင်းများစွာကြာလှပေါ့။
အခုမှအပြင်ထွက်လာပြီး လုပ်စရာရှိတာလုပ်နေကြတာကိုအပြစ်တင်တာလွယ်လွန်းတယ်။
ကျနော်ကြားရတဲ့သတင်းတခုကတော့ ကြံ့ဖွံ့ပါတီနဲ့ လက်ရှိဦးသိန်းစိန်အစိုးရဟာ ၂၀၁၅ရွေးကောက်ပွဲနိုင်အောင်မဟာဗျူဟာချထားတယ်တဲ့၊ အဲဒါကတော့ ဒေါ်စုကို လူထုနဲ့ တဖက်မှာအရှုပ်တွေလုပ်ခိုင်းပြီး အလုပ်ရှုပ်ပြီး လူထုနဲ့ ကင်းကွာအောင်လုပ်၊ တဖက်ကလဲဖေ့စ်ဘွတ်တွေ၊ ညစ်ညမ်းဆိုဒ် တွေ၊လူကြည့်များတဲ့ ကိုလွဏ်းဆွေ တို့လိုဘလော့တွေကတဆင့် အကြည်ညိုပျက်အောင်လုပ်ဖို့ စီမံကိန်းဆွဲထားတယ်ဆိုပဲ၊ ဒါကြောင့် တခါတလေလဲ တွေးမိပါတယ် ကိုလွဏ်းဆွေ လဲ နိုင်ငံခြားမှာအေးအေးလူလူဘီယာသောက်ပြီး ဘလော့ကိုပုံမှန်လည်ပတ်နေနိုင်တာ ကြံ့ဖွံ့ပါတီငွေတွေနဲ့များလားလို့

PAW PAW said...

ခင်ဗျားစာတွေက တဖြည်းဖြည်း ပြည်သူနဲ. အမေစု သွေးခွဲနေ
သလိုဖြစ်နေတယ် မနာလိုဖြစ်တာလား သူများတွေပြောသလို အ၇က်ကြောင် ကြောင်တာလား အိမ်ကြက်ချင်း အိုးမဲသုတ်ချင်နေတုန်းလား ကြံဖွံ. လူလား .....တိုင်းပြည်ကောင်းအောင် ဘယ်လိုလေး ညာလိုလေးေ၇းပေးပါလား...

yarzar said...

ဆရာရေ
မှန်တိုင်းရေးတော့မခံနိုင်ကြဘူးဆရာရေ့
ဒီလိုအတွေးအခေါ်မျိုးဒီလိုမျက်စေ့မှိတ်သူရဲကောင်းကိုးကွယ်ပုံမျိုးနဲ့ရပါလိမ့်မယ်ဒီမိုကရေစီအစစ်.
မသိနားမလည်တဲ့ရိုးသားတဲ့ပြည်သူတွေကိုတော့
သနားပါတယ်.ဆရာလည်းအမုန်းခံပြောနေရတာ
ပင်ပမ်းလှပြီ.ပြည်သူပြည်သားတိုင်းသူတို့နဲ့
ထိုက်တန်တဲ့အစိုးရကိုပဲရကြမှာပါ.

maynadekyaw said...

ဆ၇ာလွမ်း-
ေ၇းတိုင်းဆောင်းပါးမဖြစ်-
တွေးတိုင်းဆန်းသစ်အတွေးမဖြစ်-
ကိုကျော်

Anonymous said...

ဆရာရေ..ကျွန်တော်က မြှားနတ်မောင်မှာ ကတည်းက ဆရာ့ကို လေးစားသဘောကျခဲ့တာပါ..ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဆရာ့သဘောထားတွေကို စိတ်ပျက်လာမိတယ်..တကယ်ပဲ နိုင်ငံကို ချစ်တယ်ဆိုရင် ပြည်တော်ပြန်ခဲ့ပါလား..ကျွန်တော်တို့ ကြိုးစားကြည့်ရအောင်လေ..အားလုံးနဲ့ အတူတူပေါ့...

Unknown said...

နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အတွက် အာဏာက အရေးကြီးသလား? ပြည်သူလူထုရဲ့ကြည်ညိုလေးစားမှု ကအရေးကြီးသလား? ကိုလွဏ်းဆွေက အာဏာတော်တော်မက်တယ်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည် လူထုနဲ့ကင်းကွာလား မကင်းကွာလားဆိုတာက ကိုလွဏ်းဆွေတင်ထားတဲ့ သတင်း link ကိုပဲပြန်ကြည့်ကြည့်ပါဦး။ http://burmese.dvb.no/archives/30794
ကိုလွဏ်းဆွေ ဒီ post ကို 2:44 AM on Sep 14, 2012 မှာတင်လိုက်လို့ ၁၄ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ထဖုန်းဆက်တယ်လို့လည်း မပြောလိုက်နဲ့ဦးနော်
အဲဒီကိစ္စအတွက် NLD နဲ့ ပြည်တွင်းကဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဘာတွေလုပ်ခဲ့လည်းဆိုတာ
မုံရွာမြို့ အမှတ်(၁) ရဲစခန်းမှ မြို့နယ်မှူး ဦးကြူအင်းနှင့် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)နှင့် မုံရွာအောင်ရှင်(အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) တို့သည် မုံရွာမြို့ အမှတ်(၁) ရဲစခန်းတွင် ယနေ့ (စက်တင်ဘာလ ၁၂ ရက်နေ့) နံနက် ၁၁ နာရီ အချိန်တွင် တွေ့ဆုံ (Eleven Media Group ၏ facebook page)
http://news-eleven.com/index.php?option=com_content&view=article&id=15460:2012-09-12-20-04-14&catid=45:2009-11-10-07-45-41&Itemid=113

http://news-eleven.com/index.php?option=com_content&view=article&id=15475:2012-09-14-10-49-32&catid=44:2009-11-10-07-31-38&Itemid=113

ကြည့်လိုက်ဦးနော် ကိုလွဏ်းဆွေ လူထုနဲ့ အဆက်ပြတ်သလားမပြတ်သလားသိရအောင်လို့ပါ။
နိုင်ငံတကာက လူတွေနဲ့ တွေ့နေရတဲ့အချိန်များလို့သာ လူထုနဲ့အဆက်ပြတ်ရကြေးဆိုရင် နိုင်ငံတကာကခေါင်းဆောင်တွေအားလုံး လူထုနဲ့အဆက်ပြတ်ကုန်ကြတော့မှာပေါ့။ စီမံခန့်ခွဲတတ်မှုဆိုတာ ခေါင်းဆောင်တစ်ယောက်ရဲ့အရည်အချင်းတစ်ရပ်ဖြစ်တယ်ဆိုတာ ကိုလွဏ်းဆွေမသိရော့သလား။ နေရာအနှံသာ ခေါင်းဆောင်တစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ လိုက်ပါနေမယ်ဆိုရင် ခရီးတွေသွားနေရတာနဲ့ပဲ ဘာအလုပ်မှလုပ်နိုင်မှာမဟုတ်ဘူး။ သူ့နေရာနဲ့သူ သင့်တော်အောင်မစီမံတတ်ရင် အဲဒီခေါင်းဆောင် အရည်အသွေးညံ့လို့ပဲ။ ကိုလွဏ်းဆွေအနေနဲ့ ခေါင်းဆောင်တွေကို ဝေဖန်ချင်ရင် စနစ်တကျဦးဆောင်မှုကဘာလဲ ဆိုတာကို သိအောင်အရင်လုပ်ဦး။

ှဲKaung said...

လွမ်းဆွေက သူ့ ကို ဘယ်သူမှ လူရာမသွင်းလို့  ကလေးတွေလို လူကြီးတွေဆီက မုန်းစားချင်လို့  သူရှိကြောင်း အသံပေးတဲ့သဘောပါ။ ပဲကြီးလှော် ၀င်နှိုက်ချင်တဲ့လက် ဖျတ်ရိုက်ခံနေရဦးမယ်။

Unknown said...

ဒေါက်တာလွဏ်းဆွေမှာလည်း သူ့ကိုယ်ပိုင်အမြင် ယူဆချက်ကို တင်ပြပိုင်ခွင့် ရှိပါတယ်။ အများလက်ခံခံ မခံခံ ကိုယ့်အမြင်ကို ရဲရဲဝံ့ဝံ့ တင်ပြတာကို ကြိုဆိုပါတယ်။

patriotbm said...

I AGREE WITH NGA BA,

Mr. Koe said...

ကိုလွဏ်းဆွေရေ-
ဒေါ်စုအပါအဝင်ကျနော်တို့ပြည်တွင်းကခေါင်းဆောင်တွေလူထုနဲ့ ထိတွေ့ခွင့်ရတာဘာမှမကြာသေးပါဘူး သူတို့ခမျာ အကျယ်ချုပ်နဲ့ ထောင်နန်းစံနေရတာနှစ်ပေါင်းများစွာကြာလှပေါ့။
အခုမှအပြင်ထွက်လာပြီး လုပ်စရာရှိတာလုပ်နေကြတာကိုအပြစ်တင်တာလွယ်လွန်းတယ်။
ကျနော်ကြားရတဲ့သတင်းတခုကတော့ ကြံ့ဖွံ့ပါတီနဲ့ လက်ရှိဦးသိန်းစိန်အစိုးရဟာ ၂၀၁၅ရွေးကောက်ပွဲနိုင်အောင်မဟာဗျူဟာချထားတယ်တဲ့၊ အဲဒါကတော့ ဒေါ်စုကို လူထုနဲ့ တဖက်မှာအရှုပ်တွေလုပ်ခိုင်းပြီး အလုပ်ရှုပ်ပြီး လူထုနဲ့ ကင်းကွာအောင်လုပ်၊ တဖက်ကလဲဖေ့စ်ဘွတ်တွေ၊ ညစ်ညမ်းဆိုဒ် တွေ၊လူကြည့်များတဲ့ ကိုလွဏ်းဆွေ တို့လိုဘလော့တွေကတဆင့် အကြည်ညိုပျက်အောင်လုပ်ဖို့ စီမံကိန်းဆွဲထားတယ်ဆိုပဲ၊ ဒါကြောင့် တခါတလေလဲ တွေးမိပါတယ် ကိုလွဏ်းဆွေ လဲ နိုင်ငံခြားမှာအေးအေးလူလူဘီယာသောက်ပြီး ဘလော့ကိုပုံမှန်လည်ပတ်နေနိုင်တာ ကြံ့ဖွံ့ပါတီငွေတွေနဲ့များလားလို့

ဗိုက်ပူနံကား said...


ဦးနု ရေးခဲ့တဲ့ " ကျော်ငြိမ်း ငါ့ညီ မင်းငယ်ပါသေးတယ်" ကို ဖတ်ကြည့်ပါဦး