Friday, June 8, 2012

မငြိမ်မသက်မှု ဖြစ်ပွားနေသည့် မောင်တောမြို့ နောက်ဆုံးအခြေအနေများ

(အောက်မှ အထက်သို့ သတင်းဖြစ်စဉ်များ အစဉ်လိုက် တင်ဆက်ထားပါသည်။)

မောင်တောမြို့ အချို့ရပ်ကွက်များတွင် သေနတ်သံများ ကြားနေရဆဲဖြစ်
ည ၁၁ နာရီ၊ ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI

မောင်တောမြို့ မြို့မကညင်တန်းကုန်း ရပ်ကွက်တွင် ဘင်္ဂါလီလူစုလူဝေးမှာ ယခုည ၁၁ နာရီကျော်သည်အထိ မကွဲသေးဘဲ သေနတ်ပစ်ဖောက်သံများလည်း ကြားနေရသည်ဟု ဘုန်းတော်ကြီးကျောင်းတကျောင်းတွင် ခိုလှုံနေသည့် မောင်တောမြို့ခံတဦးက YPI သို့ ပြောသည်။

စစ်တပ်အင်အား မလုံလောက်သည့် အနေအထားကိုလည်း တွေ့မြင်နေရသည်ဟု ၎င်းက ပြောဆိုကာ တမြို့လုံးတွင် စစ်ကားတစီးသာ မြင်တွေ့ရသေးသည်ဟုလည်း ဆိုသည်။ ။

စစ်တွေရှိ စစ်သင်္ဘောများကို မောင်တောသို့ ထွက်ခွာရန် အမိန့်လာပြီ
ဇွန်လ ၈ ၊ ၂၀၁၂၊ YPI

စစ်တွေမြို့အနီး ဆိုက်ကပ်ထားသည့် စစ်သင်္ဘောကို မောင်တောမြို့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တွင် စောင့်ရှောက်ဖို့ ယနေ့ညတွင်ပင် ထွက်ခွာရန် ပြင်ဆင်နေပြီဟု စစ်တွေမြို့ ရေတပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။

မောင်တောမြို့တွင် ယနေ့ဖြစ်ပျက်သည့် အဖြစ်အပျက်ကြောင့် ဒဏ်ရာရသူ ၃၀ ကျော် ရှိသည်ဟု မြို့ခံများက ပြောသည်။ သမ္မတရုံး အရာရှိကြီးတဦးကမူ ယနေ့ညဦးပိုင်းထိ ရရှိသမျှ သတင်းအရ ၄ ဦး သေ၊ ၁ ဦး ဒဏ်ရာရရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ။

မောင်တောမြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်
ည ၈ နာရီ ၄၅ မိနစ်၊ ဇွန်လ ၈ ရက်၊ ၂၀၁၂ ခုနှစ်၊ YPI

မောင်တောမြို့တွင် ယနေ့မွန်းလွဲပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် မီးရှို့မှုများ၊ လုယက်မှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် မောင်တောမြို့ စည်ပင်သာယာနယ်နိမိတ်တွင် ည ၆ နာရီမှ နံနက် ၆ နာရီထိ ညမထွက်ရအမိန့်နှင့် လူ ၅ ယောက်ထက် ပို၍ စုဝေးခြင်း မပြုရဟု ပုဒ်မ ၁၄၄ အရ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

ဘုန်းတော်ကြီးကျောင်းတကျောင်းတွင် ခိုလှုံနေရသူ မောင်တောမြို့ခံ ကိုထူးက နောက်ဆုံးအခြေအနေကို ည ၈ နာရီခွဲတွင် YPI သို့ ပြောဆိုရာတွင် ပုဒ်မ ၁၄၄ အမိန့်ထုတ်ခြင်းကို ၎င်းအနေဖြင့် မကြားသိသေးကြောင်း၊ စွန့်ပစ်ထားခဲ့သည့် နေအိမ်များမှ ပစ္စည်များအား လုယူသွားမှုရှိနေသဖြင့် ၎င်းတို့၏နေအိမ်သို့ ပစ္စည်းယူဆောင်ရန် လူအုပ်စုဖြင့် သွားစဉ် ဘင်္ဂါလီလူမျိုး အကြမ်းဖက်သူများက ဓားများ၊ တုတ်များဖြင့် လိုက်လာ၍ ပြန်လှည့်လာခဲ့ရသည်ဟု ဆိုသည်။

လမ်းပေါ်တွင် ရဲများကို မတွေ့ရတော့ဘဲ လုံထိန်းရဲများကိုမူ တွေ့ခဲ့ရသည်ဟုလည်း ကိုထူးက ပြောသည်။ ၎င်းက “ကျနော်တို့ဘ၀တွေတော့ စုတ်ပြတ်သတ်သွားပါပြီ” ဟု ပိုင်ဆိုင်မှု ဆုံးရှုံးမည့်အရေးကို စိုးရိမ်စွာဖြင့် ပြောသည်။

မောင်တောမြို့ရှိ INGO ၀န်ထမ်းများမှာ နေအိမ်မီးရှို့မှုများ၊ အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် UNHCR ရုံးဝင်းအတွင်းသို့ ပြေးဝင်ခိုလှုံနေရကြောင်းလည်း သိရှိရသည်။ ယင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအတွင်းတွင် ခိုလှုံသူ ၅၀၀ ခန့်ရှိသည်ဟု အမည်မဖော်လိုသည့် အန်ဂျီအိုဝန်ထမ်းတဦးက ပြောသည်။

အချို့ဝန်ထမ်းမိသားစုများမှာ နီးစပ်ရာ မြန်မာဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြသည်ဟုလည်း ယင်းဝန်ထမ်းက ပြောသည်။ ရခိုင်ရပ်ကွက်များတွင် အရပ်သားများက အလှည့်ကျ ကင်းစောင့်လျက်ရှိပြီး ပြင်ပသို့ ဖုန်းပြောဆိုရာတွင်လည်း အသံတိုးတိုးသာ ပြောဆိုရဲကြသည်ဟု ခိုလှုံနေသူက ပြောသည်။

သမ္မတရုံး အရာရှိဖြစ်သူက ၎င်း၏ဖေ့စ်ဘွတ်တွင် “မောင်တောမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့သွားရာ လမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့်ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင် ၅ ဦး သို့မဟုတ် ၅ ဦးထက် ပိုသောသူများ စုဝေးခြင်းမပြုရန်နှင့် ညနေ ၁၈း၀၀ နာရီအချိန်မှ နံနက် ၀၆း၀၀ နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ ထုတ်ဆင့်လိုက်သည်” ဟု အမိန့် ကြေညာချက် အပြည့်အစုံကို ဖော်ပြထားသည်ကို တွေ့ရသည်။ ။

မောင်တောမြို့တွင် ပစ်ခတ်မိန့်ပေးလိုက်ပြီ
ညနေ ၅ နာရီ ၁၅ မိနစ်၊ ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI

ယနေ့ နေ့လည်ပိုင်းက စတင်သည့် မောင်တောမြို့ ရပ်ကွက်နှင့် ကျေးရွာများတွင် ဖြစ်ပွားသည့် မငြိမ်မသက်မှုများကို ထိန်းသိန်းရန် ရဲတပ်ဖွဲဝင်များ ပြီးခဲ့သည့် မိနစ်ပိုင်းက စတင်ပစ်ခတ်နေကြပြီဟု မြို့ခံတဦးက YPI သို့ ပြောသည်။

ရဲနှင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းသည့် လူအုပ်ကို ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်းဆိုသူ၏ တိုက်အိမ် ၃ ထပ်မှ စတင်ပစ်ခတ်သည့်နောက် ရဲများက ၎င်းတို့အား ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မောင်တောမြို့ပေါ်တွင် ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း၏ နေအိမ်သုံးထပ်ပေါ်မှ လူအင်အား ၁၀ ဦးခန့်ဖြင့် လူအုပ်ထဲသို့ သေနတ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။

မောင်တောနှင့် ဘူးသီးတောင်အကြား ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်တွင် လက်နက်များ သိုဝှက်ထားသည့် သတင်းများ ယခင်ကတည်းက ရရှိထားသည်ဟု ဘူးသီးတောင်အခြေစိုက် တပ်ရင်းတရင်းမှ အမည်မဖော်လိုသူ တပ်အရာရှိတဦးက ပြောသည်။ ယခုပစ်ခတ်မှုများမှာ ယင်းလက်နက်သိုဝှက်ထားမှုနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရှိရပါ။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများလည်း ရှိပြီး မောင်တောဆေးရုံသို့ တင်ပို့ထားရသည်ဟု သိရသည်။ ဒဏ်ရာရသူအရေအတွက်ကိုမူ မသိရှိရသေးပါ။

လူမျိုးရေးအကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည့် အခြားအဖြစ်အပျက်တခုမှာ မောင်တောမြို့ရှိ ဆရာဝန်ဖြစ်သူ ဒေါက်တာဦးခင်မောင်လတ်နှင့် ဇနီးဖြစ်သူအား ဘင်္ဂါလီလူမျိုး အိမ်ဖော်ဖြစ်သူက ဓားနှင့် ထိုးသဖြင့် ဇနီးဒေါ်သန်းသန်းရင်မှာ သေဆုံးသွားပြီး ဒေါက်တာဦးခင်မောင်လတ်အား ဆေးရုံသို့ တင်ပို့ထားရသည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။ ။

မီးရှို့ခံရသည့် ကျေးရွာ ၁၄ ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များ အမြန်ဆုံး ကာကွယ်ပေးဟု ဆို
ဇွန်လ ၈၊ ၂၁၁၂၊ YPI

“မီးရှို့ခံရသော ရခိုင်ရွာ ၁၄ ရွာကိုလည်း လုံခြုံရေးတပ်ဖွဲ့များဖြင့် အမြန်ဆုံး ကာကွယ်မှုပေးနေပါသည်။” ဟု
နိုင်ငံတော်သမ္မတရုံမှ အရာရှိတဦးဖြစ်သူ မှူးဇော်က ၎င်း၏ ဖေ့စ်ဘွတ်တွင် မောင်တောအရေးနှင့် ပတ်သက်ပြီး အစိုးရက ကိုင်တွယ်ဆောင်ရွက်နေပုံကို အထက်ပါအတိုင်း ဖေါ်ပြထားသည်။

ကြားဖြတ်သတင်း - နောက်ဆုံးရ မောင်တောမြို့ အခြေအနေ
ညနေ ၄ နာရီ၊ ဇွန် ၈၊ ၂၀၁၂၊ YPI

မောင်တောမြို့အခြေအနေကို ယင်းမြို့ ဗိုလ်မှူးရွာမှ အသက် ၄၀ ၀န်းကျင် ရခိုင်အမျိုးသမီးတဦးက ပြောပြရာတွင် မြို့လည် သဇင်တည်းခိုခန်း မီးလောင်ကျွမ်းသွားကာ ယူနိုက်တက်တည်းခိုခန်းမှာ မီးရှို့ရန် ကြိုးစားသော်လည်း မီးမလောင်ဘဲ ဖျက်ဆီးခံလိုက်ရသည်ဟု ဆိုသည်။

အချို့ရပ်ကွက်များတွင် လူနေအိမ်များ မီးရှို့ခြင်း၊ ရွှေထည်ပစ္စည်းများ လုယူခြင်းများ ရှိနေသဖြင့် ၎င်းအနေဖြင့် လုံခြုံသည့်နေရာတွင် ယခုလောလောဆယ် ပုန်းရှောင်နေရကြောင်း၊ ရဲစခန်းနှင့် နီးသည့်နေရာ ရခိုင်လူမျိုးများသည့် နေရာများတွင် စုစည်းနေထိုင်နေကြသည်ဟု ၎င်းက ပြောသည်။

မောင်တောမြို့မှ စံပြရွာလည်း ဖျက်ဆီးခံရသည့်အထဲတွင် ပါဝင်ကြောင်း၊ ယခုအကြမ်းဖက် ပစ္စည်းလုယူခြင်းများကို ရဲများအနေဖြင့် ပစ်ခတ်နှိမ်နှင်းခြင်း ပြုသည်ကို မတွေ့ရဘဲ သေနတ်မိုးပေါ်ထောင်ဖောက်ကာ လူစုခွဲခြင်းမျိုးသာ တွေ့မြင်ရသည်ဟု ဆိုသည်။
အထက်မှ ပစ်မိန့်မပေးသေးကြောင်းလည်း သိရသည်။

ဘူးသီးတောင်မြို့အနီးရှိ စစ်တပ်ရင်းတခုမှ အရာရှိတဦးက ၎င်းတို့တပ်ဖွဲ့များကို အနီရောင် အဆင့်အသင့်အနေအထားဖြင့် တပ်လှန့်ထားကြောင်း၊ အကြမ်းဖက်မှုများကို နှိမ်နှင်းခြင်းထက် ယခုလိုလူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားခြင်းကြောင့် တဘက်နိုင်ငံမှ စစ်တပ်များ ၀င်ရောက်လာနိုင်သည့် အနေအထားအတွက် တပ်လှန့်ထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

နောက်ထပ်ရရှိသည့် သတင်းများအရ ဗိုလ်မှူးရွာတွင် လူနေအိမ် ၁၅ လုံး မီးလောင်ကျွမ်းခံရပြီး ၃ ဦး အသတ်ခံရသည်ဟု သိရှိရသည်။ သေဆုံးမှုသတင်းကို သီးခြားအတည်မပြုနိုင်သေးပါ။

မောင်တောမြို့လူဦးရေ၏ ၉၈ ရာနှုန်းနှင့် ဘူးသီးတောင်မြို့ လူဦးရေ၏ ၉၀ ရာနှုန်းမှာ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီလူမျိုးများ ဖြစ်သည်။

နိုင်ငံတော်သမ္မတရုံးမှ အရာရှိတဦးဖြစ်သူ ကလောင်အမည် မှူးဇော်၏ ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာတွင် ယခုအဖြစ်အပျက်နှင့်ပတ်သက်၍ အစိုးရက ကိုင်တွယ်ဆောင်ရွက်နေပုံကို “နိုင်ငံတော်အစိုးရအနေဖြင့် ယင်းသို့ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ သက်ရောက်မှုများကို ဖြေရှင်းနိုင်ရန် အမြန်ဆုံး ဆောင်ရွက်လျက်ရှိပါသည်။

ထိန်းမနိုင်သိမ်းမရ အနေအထားမျိုး မဖြစ်စေရန် လုံလောက်သော လုံခြုံရေးတပ်ဖွဲ့များဖြင့် အချိန်မီ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိနေပါသည်။

မိဘပြည်သူများ စိတ်အေးအေးထားကြပါရန်နှင့် သက်ဆိုင်သော နီးစပ်သူများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းကြရန် တိုက်တွန်းကြစေလိုပါသည်” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ။

မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့များ၌ မငြိမ်မသက်မှု ဖြစ်ပွားနေ
ဇွန် ၈၊ ၂၀၁၂၊ YPI

ရခိုင်ပြည်နယ် နယ်စပ်မြို့ ဘူးသီးတောင်၊ မောင်တောမြို့နှင့် ပြည်နယ်မြို့တော် စစ်တွေမြို့များတွင် လူမျိုးရေးပဋိပက္ခကို အခြေခံသည့် မငြိမ်သက်မှုများ ဖြစ်ပွားနေသည်ဟု မောင်တောနှင့် စစ်တွေတို့မှ လာသည့်သတင်းများအရ သိရှိရသည်။

မောင်တောမြို့တွင် မြို့အချက်အချာကျသည့် မြို့တော်ခန်းမအနီးရှိ လူနေအိမ်များနှင့် ဘာသာရေး အဆောက်အဦအချို့ ဖျက်ဆီးခံရခြင်း၊ မီးရှို့ခံရခြင်းများရှိကာ လူစုလူဝေးများဖြင့် ဈေးဆိုင်နေအိမ်များကို ဖျက်ဆီးခြင်းများ ရှိနေသည်ဟု ယင်းမြို့ခံတဦးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်လုံခြုံရေးများက သေနတ်မိုးပေါ်ထောင်ဖောက်ကာ လူစုလူဝေးကို ခွဲရန် ကြိုးစားသော်လည်း သိသိသာသာ အောင်မြင်မှုမရသေးကြောင်းလည်း သိရသည်။

ဘူးသီးတောင်မြို့တွင်မူ ယနေ့နံနက်ပိုင်းက ဆူပူအကြမ်းဖက်ရန် လူစုလူဝေးနေသဖြင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး အသုံးပြုကာ လူစုခွဲခဲ့ရသည်ဟု မောင်တောမြို့ခံက ဆိုသည်။

မောင်တောတွင် စစ်တပ်ကိုလည်း အသင့်အနေအထားဖြင့် တပ်လှန့်ထားသည်ဟုလည်း ၎င်းက ပြောသည်။
စစ်တွေမြို့တွင်မူ မင်းဂံရပ်ကွက်ရှိ ရခိုင်လူမျိုးများပိုင် ဆိုင်အချို့ ယနေ့နေ့ခင်းပိုင်းက ဖျက်ဆီးခံရသည်ဟု စစ်တွေမှလာသည့် သတင်းများအရ သိရှိရသည်။ ။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေအနေ တင်းမာ
ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI

ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့၌ လူမျိုးရေးအဓိကရုဏ်းဖြစ်မည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စစ်တပ်က အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေကြောင်း လမ်းပေါ်တွင် စုဝေးနေသည့် ရာနှင့်ချီသည့် လူထုကို လူစုခွဲရန် ပြောဆိုသော်လည်း သတင်းရရှိချိန်ထိ စုဝေးနေဆဲဖြစ်သည်ဟု မောင်တောမှ လာသည့် သတင်းများအရ သိရှိရသည်။

6 comments:

naingnaing said...

အွန်လိုင်းမှာ တော်တော်သတ္တိကောင်းနေကြပါလား ဗမာပြည်ကို ကုလားတွေလက်ထဲ့ကိုေ၇ာက်နေပြီဆိုတာ သိနေကြပြီမလာ အဲလိုဆို ဘယ်လိုလုပ်သင့်လဲဆိုတာကို ကြိုတင်စဉ်းစားထား၇င်ပိုအကျိုး၇ှိလိမ့်မယ်လို့မထင်ဘူးလား ။ ကုလားတွေအိမ်မှာ လူ5ယောက်၇ှိ၇င် အနည်းဆုံး က ဓါး 10လက် ကောင်းကောင်း၇ှိတယ် ဗမာတွေအိမ်မှာ ကြက်သွန်လှီးတဲ့ဓါးတစ်လက်တောင်ကောင်းကောင်းမ၇ှိဘူး။ ခုဆို ကုလားတွေဆီမှာ နောက်ဆုံးပေါ်သေနပ်တွေတောင်၇ှိနေပြီ ။မင်းတို့ဗမာတွေ ကိုကာကွယ်ပေးနိုင်တဲ့ စစ်တပ်က အားလုံးသေပြီးမှ ပစ်မိန့်ပေးပြီးတော့ကာကွယ်သလို့နဲ့ နေ၇ာယူသွားလိမ့်မယ်

မောင်ဥက္ကာငယ် said...

အာရုံနောက်လိုက်တာဗျာ...ရခိုင်အမျိုးသားတို့ရေ..။
သူများတော့မသိဘူး..ကျွန်တော်ကတော့ ခင်ဗျားတို့ကို
ကိုယ့်တိုင်းရင်းသားညီအကိုအနေနဲ့လေးစားချစ်ခင်စွာနဲ့
တသွေးတသားတည်းရှိတာပြောပါရစေ။ ခုတော့ကောင်း
ကြသေးရဲ့လား လ.၀.က အရာရှိခွေးသူတောင်းစားတွေ
(အဲဒီခွေးတွေကိုဆဲခွင့်ပြုပါခင်ဗျာ) ပိုက်ဆံရရင်ပြီးရော
ဆိုတဲ့ခွေးစိတ်နဲ့ခွေးအရာရှိတွေအခုလောက်ဆို လာဘ်စား
ထားတဲ့ပိုက်ဆံတွေနဲ့အပင်းဆို့မသေသေးဘူးလား..။မင်း
တို့ကြောင့်တိုင်းရင်းသားတွေ ဒုက္ခရောက်ကြပြီ။မျက်ရည်ကျကြပြီ ။ တိုင်းပြည်ထဲ
ရှိနေတဲ့ကုလားတွေလည်း...တိတ်တိတ်နေကြကွာ
မင်းတို့ဟာ..မင်းတို့သာသနာဟာ..မြန်မာကိုတင်မ
ဟုတ်ဘူး..ကမ္ဘာကိုဖျက်မယ့်သာသနာ ။ ကမ္ဘာကိုဖျက်ဖို့မင်းတို့မွေးလာတာကို သိပ်ဘ၀င်မြင့်နေ
တယ်ပေါ့လေ..။ မင်းတို့ကိုတကမ္ဘာလုံးရွံတာကိုဂုဏ်
ယူတယ်လား..။သူများရေမြေမှာ အေးအေးနေကြ။
လုပ်စားကြကွာ..။ တကယ်မိုက်တယ်ဆိုရင်တော့..
အိမ်ကနေထွက်ပြီး မိုက်လိုက်.။ အွန်လိုင်းထဲမအော်
နေနဲ့ မျက်စိနောက်တယ်..။ အဲ့ဒီခါကျတော့..မင်းတို့
ကုလားသတ္တိကောင်းလား..တို့တိုင်းရင်းသားသတ္တိ
ကောင်းလားဆိုတာသိရလိမ့်မယ်..။ ဘာသာအတွက်
အသက်ပေးရသတဲ့လား..သွားစမ်း စောက်ရူး..အဲ
ဒါကိုဂုဏ်ယူနေရသလား..။အဲဒါအရူးထတာ..။
ငါ လူမျိုးရေးစိတ်မရှိဘူး..မင်းတို့စာတွေဖတ်ပြီးလူမျိုး
ရေးကျဉ်းမြောင်းသူမဖြစ်ချင်ဘူးကွာ..။
အစိုးရအရာရှိတွေလာဘ်စားထားလို့ ဒီလိုပြဿနာတွေ
ဖြစ်နေတာကတော့ ခြွင်းချက်မရှိသေချာတယ်။ အဲဒီ
ကောင်တွေကိုရှင်းထုတ်ပစ်ပါ။

Unknown said...

ဥက္ကာငယ်ရေ
မင်းလဲ သတ္တိရှိရင် တိုင်းပြည်ထဲ ပြန်ဝင်လာခဲ့ သူများသာသာနာ ပြောရအောင် မင်းတို့ သာသနာကကော မင်းတို့ရှိခိုးနေတဲ့ ကုလားကြီးကကော
မင်းတို့သာသနာ က မင်းတို့ ရှိခိုးတဲ့ ကုလားသား ဂတုံးတွေကိုတောင် ပြန်သတ်တဲ့ သာသနာ ပါကွာ သူများရေမြေ လို့ပြောရအောင် မင်းအမေလင် ရေမြေလား မင်းကောပိုင်လို့လား ဗမာပြည်ရဲ့သမိုင်းကော မင်းဘယ်လောက်နားလည်လို့လဲ
အိမ်ထဲကနေ ထွက်မိုက်စရာ မလိုဘူး စော်ကားရင်လဲ ငြိမ်နေမှာ မဟုတ်ဘူး မင်းလို စောက်ရူးကိုပြောလို့ နားလည်ချင်မှ နားလည်မယ်
မင်းတို့မွန်တွေ ကော ဗမာလား မင်းတို့သမိုင်းကိုကော မင်းသိလား သင်ခဲ့ရရဲ့လား ဗမာဆိုတာ လက်တဆုတ်စာလောက် နဲ့ အရင်ထဲက အနိုင်ကျင့် သိမ်းပိုက် ဒမြတိုက် မုဒိမ်းကျင့်နဲ့ ကမ္ဘာနဲ့
မင်းယှဉ်မပြောနဲ့ မင်းနေတဲ့ ဘန်ကောက်မှာတောင် ဗမာဆို ဘယ်လိုလဲ မင်းအသိဘဲ မဟုတ်လား
သူများ ယောင်တိုင်းမင်းလိုက်မယောင်နဲ့ သနားတယ်

Panyacekka said...

လေးစားပါတယ် အမေစု
ဒေါ်စုဆိုတာ အားကိုးလောက်တဲ့ ၊ တရားဥပဒေကိုမြတ်နိုးတဲ့၊ မျှတမှုကို တန်းဖိုးထားတဲ့ လူသားချင်းစာနာတတ်တဲ့ - စသောလူ့အရင်းမြစ်တွေကိုအလေးနက်ထားတတ်တဲ့ သူတယောက်အဖြစ် မြန်မာတွေလေးစားကြည်ညိုသလို ကမ္ဘာကတောင် ယုံကြည်ပြီး ဘွဲ့တွေချီးမြှင့်ထားတဲ့ ထက်မြက်တဲ့ အမေစုပါ။
တောင်ကုတ်အရေးကို ကုလားတွေကျေနပ်အောင် သားတို့ရေ လို့ပြောပေးခဲ့တယ်၊ လူနည်းစုတွေကို လူများစုတွေက အလျှော့ပေးညှာတာရမယ် တဲ့။ ကုလားတွေရဲ့ ရင်ဘတ်ကို ငြိမ်းချမ်းပါစေ ဆုတောင်းရင် လက်ကလေးနဲ့ ပုတ်ပြီးပြောခဲ့တာပါ အမေရေ။ ဟုတ်ပါတယ် ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ တရားမ၀င်တဲ့ လူနည်းစုပါ။ အမေစုက တရားမ၀င်တဲ့လူနည်းစုကို သနားရမည်ဆိုတော့လဲ အမေစု စကားမို့ နာခံလျှက်ပါ အမေ။
အမေ အမေ့အဖေ ဗိုလ်အောင်ဆန်းနဲ့ လက်တန်းပြီးတိုက်ပွဲဝင်ခဲ့တဲ့ထဲ ရခိုင်သားတွေပါပါတယ်နော်၊်ရိုဟင်ဂျာတွေမပါဘူးနော်အမေ။ လွတ်လပ်ရေးအတွက် အမေ့အဖေနဲ့ အတူဆွေးနွေးခဲ့တာ ရခိုင်သားဦးဥတ္တမလေ အမေ။ အမေ့ အဖေကို လွတ်လပ်ရေးစိတ်နှိုးဆွပေးခဲ့တာ ရခိုင်သားလေ အမေ။
အမေရေ ဒီမြေကိုရောက်၊ ဒီရေကိုသောက်ပြီး၊ ဒီးကသွေးချင်းတွေကို စီမံကိန်းချ သတ်ဖြတ်ခဲ့တာ သူတို့လေအမေ။ အမေသိမှာပါ ၁၉၄၂ ခုနှစ်က မောင်တောနယ်မှာ အမေ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာသွေးချင်းရခိုင်တွေကို သတ်ဖြတ်ပြီး ရွာပေါင်း ၂၀၀ ကျော်ကို ကုလားရွာလုပ်ခဲ့တာ ခု အမေငြိမ်းချမ်းမှုပြောနေတဲ့ ရိုဟင်ဂျာပါ အမေ။
နိုင်ငံတော်အစိုးရကတောင် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားထဲမှာမပါဘူးလို့ ပြောခဲ့တာကို အမေက လူနည်းစုက လူနည်းစုမို့ခွင့်လွတ်စေချင်တယ် ဆိုတော့ အမေရေ။ ရခိုင်ပြည်ဟာ အမေ့တိုင်းပြည်ထဲ့က ပြည်နယ်ပါ- ရခိုင်သားတွေဆိုတာ နိုင်ငံတော်အသိမှတ်ပြု အမေ့တိုင်းရင်းသားပါ အမေ။ အမေ -- ခုအမေပြောတဲ့ လူနည်းစုတွေက ရာခိုင်နှုန်း ၁၀ တောင်မရှိတော့တဲ့ မောင်တောက အမေ့ တိုင်းရင်းသား ရခိုင်သားတွေကို သတ်ကုန်ပြီအမေ။ အမေ ဘာပြောမလဲ-------။ အမေ ဘယ်လိုငြိမ်းချမ်းရေး ဟောမှာလဲ-- လူနည်းစုမို့ လက်ခံပေးရမှာလား-- နှုတ်ဆိပ်မနေပါနဲ့ အမေ တခုခုပြောပါအမေရေ။
အမေတခုခု ပြောပါဗျာ။

Unknown said...

ကို mgcakka၊ အရမ်းကြိုက်တယ်၊ Copy ယူပြီးတခြားမှာဝေငှချင်တယ်။ Thank you!

Unknown said...

မြန်မာနိုင်ငံသားများ အခြားနိုင်ငံတွေမှာ ဘယ်လိုခံစား ရတယ်ဆိုတာ နိုင်ငံခြားရောက်ဖူးသူများကောင်းကောင်း သိမှာပါ။ တရားမ၀င်နေထိုင်ရသူများအနေနှင့် အဆိုးဆုံး ပါပဲ။ အခုမြန်မာနိုင်ငံမှာ ရောက်ရှိနေသူတွေ ဘာလို့ အခုလိုလုပ်နေနိုင်တာလဲ။ စဉ်းစားစရာပါ။ ရခိုင်တွေမှာ တာဝန်ရှိနေတာလား။ အစိုးရမှာတာဝန်ရှိတာလား။ ဒါမှ မဟုတ် နယ်စပ်မှာတာဝန်ကျနေတဲ့ နစက၊ လ၀က နှင့် အခြားနယ်ခြားစောင့်အဖွဲ့အစည်းတွေမှာတာဝန်ရှိတာလား။ စဉ်းစားသင့်ပါပြီ။