Friday, June 8, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၈-၆-၂၀၁၂ - နံနက်ပိုင်း)

- မြန်မာစစ်တပ်များ ဆိုင်းတောင်မြို့ထဲ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၀န်ထမ်း ၁ ဦး သေ၊ ၆ ဦး ဒဏ်ရာရ click
- ၁၀-၆-၂၀၁၂ (တနင်္ဂနွေ) နေ့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့် ဆန္ဒဖော်ထုတ်ခြင်း click
- ရွှေတွင်းလုပ်သားများ ဆက်လက် ဆန္ဒပြ click
- ရမည်းသင်း ရွှေတွင်းသပိတ် click
- အလုပ်သမားဆန္ဒပြမှု ပြေလည်ဖို့ လွှတ်တော်က ဥပဒေပြဋ္ဌာန်းဖို့ လို click
- မဲဆောက် မြန်မာအလုပ်သမားတချို့ လုပ်ခတိုး click
- ၁၉၇၄ ကျောင်းသား-အလုပ်သမားလှုပ်ရှားမှု နှစ်ပတ်လည် (ရုပ်သံ) click
- ILO နဲ့ မြန်မာအစိုးရ သဘောတူညီချက်တချို့ ရရှိ click
- လွတ်လပ်သမဂ္ဂများ ပေါ်ပေါက်ရေး ILO မှာ FTUB ဆွေးနွေးမည် click
- အကြမ်းဖက်မှုမှာ မြို့လူထု ပါဝင်ခြင်းမရှိလို့ တောင်ကုတ်မြို့ခံ ပြော click
- ရခိုင်မြောက်ပိုင်းတွင် တောင်ကုတ် အကြမ်းဖက်အသတ်ခံရသူ မွတ်ဆလင် ၁၀ ဦး ဓာတ်ပုံ ဖြန့်ဝေ click
- အကြမ်းဖက် သတ်ဖြတ်မှု စုံစမ်းရေးကော်မရှင် လူအများ ကြိုဆို click
- ရခိုင်ပြည်တွင်း အဓိကရုဏ်းများအပေါ် ယူကေရှိ အဖွဲ့အစည်းအသီးသီး၏ သဘောထားထုတ်ပြန်ချက် click
- ပရဟိတအဖွဲ့ဝင်များက ရွာ၏စားကျက်မြေများ ရောင်းစားနေ click
- မအေးယုအောင် အမှု ရဲ မဖော်ထုတ်နိုင်သေး click
- ကျပ်တသောင်းတန် ငွေစက္ကူ ထုတ်မည် click
- တန်ဖိုးကြီး ငွေစက္ကူထုတ်တာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး (မေးမြန်းခန်း) click
- တသောင်းတန်ပတ်တိုက် (ကဗျာ) click
- တသောင်းတဲ့ ဟေ့ .. (ကာတွန်း) click
- တသောင်းတန် ထွက်သွားတာ မသိလိုက်ကြဘူး … တဲ့ (ကာတွန်း) click
- သမ္မတ၏ ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ် ဖျက်သိမ်းရခြင်း အကြောင်းပြချက် ထုတ်ပြန် click
- မြန်မာရေတပ်ဦးစီးချုပ် ပါကစ္စတန် ရောက် click
- မြန်မာအပေါ် ပစ်မှတ်ထားအရေးယူမှုများ သြစတြေးလျ ရုပ်သိမ်းမည် click
- ပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ်လို့ သြစတြေးလျ ပြော click
- သြစတြေးလျဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ (ရုပ်သံ) click
- Bob Carr နှင့် ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မဲလဒုက္ခသည်စခန်း (ရုပ်သံ) click
- ၂၄ နှစ်ကြာမှ လာနိုင်တဲ့ခရီး click
- ဒေါ်အောင်ဆန်းစုကြည် အဆင်သင့်ဖြစ်ပြီလား (လွတ်လပ်အတွေး ဆွေးနွေးဖလှယ်) click
- AMS ၏ ဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ် မွေးနေ့ဂုဏ်ပြု ပိုစတာ click
- လစ်ဘရယ် ဒီမိုကရက် အစည်းအဝေး မြန်မာအကြောင်း ဆွေးနွေး click
- အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ခရီးစဉ် click
- အင်န်အယ်ဒီ၏ ဒီဝေ့ဗ်ဂျာနယ် အွန်လိုင်းပေါ်ရောက် click
- စာနယ်ဇင်းကောင်စီအတွက် ကိုယ်စားလှယ် စေလွှတ်ရန် MJN ဆိုင်းငံ့ထား click
- ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်စရာ (ဆောင်းပါး) click
- အသက်များစွာနှင့် ရေးနေသည့် ခေတ်သစ် ဂန္ထ၀င်ပြဇာတ် (ဆောင်းပါး) click
- သတင်းစကား ပါးလိုက်ပါရစေ (ဆောင်းပါး) click
- ကျနော် အင်္ဂလိပ်စာ ဆရာကြီး (ဆောင်းပါး) click
- လမ်းသာမှ အိမ်ပြန်မည် (ကဗျာ) click
- ငြိမ်းချမ်းရေးဆိုတာ ဂျိုနဲ့လား (ကာတွန်း) click
- ဈေးအိမ်သာလား၊ ဖေ့စ်ဘွတ်လား (ကာတွန်း) click
- ပြင်ဦးလွင် ပရဟိတ ဘုန်းတော်ကြီးကျောင်းသင် ပညာရေး (ရုပ်သံ) click
- ငှက်အော်စမ်းကျောင်း ဓာတ်ပုံသင်တန်း (ရုပ်သံ) click
- ဆီးရီးယား ကုလစောင့်ကြည့်အရေးအဖွဲ့ ပစ်ခတ်ခံရ click
- ဆီးရီးယားအရေး လုံခြုံရေးကောင်စီမှာ တင်ပြမယ် click
- ဆီးရီးယားမှာ စစ်ရိပ်တွေ သမ်း click
- အရှေ့အလယ်ပိုင်းမှာ စစ်ရေးဝင်စွက်မှု ရုရှား၊ တရုတ် ဆန့်ကျင် click
- အကြမ်းဖက်သမားများ ပါကစ္စတန် ကိုင်တွယ်မှု အမေရိကန် စိတ်ပျက် click
- သမ္မတလင်ကွန်း လုပ်ကြံခံရချိန် ကိုယ်တွေ့ဆေးမှတ်တမ်း တွေ့ရှိ click
- စတန်းဖို့ဒ်တက္ကသိုလ် ပေကျင်းတွင် တက္ကသိုလ်ခွဲ ဖွင့် click
- ကလေးအလုပ်သမား click

ကြည့်မြင်တိုင် စံပြငါးဈေးတွင် ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွား
ဇင်သီဟန် (Yangon Media Group)
နေရာ - ရန်ကုန်၊ ရက်စွဲ - ဇွန်လ ၆ ရက် ၂၀၁၂ ခုနှစ်

ဇွန်လ နံနက် ၆ နာရီခွဲအချိန်တွင် ကြည့်မြင့်တိုင်မြို့နယ်၊ ဗဟိုစံပြ ငါးဈေးရှိ ကုန်တင်ကုန်ချ အလုပ်သမား ၂၀၀ ခန့်တို့ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုခဲ့ကြကာ ယင်းတောင်းဆိုချက်များကို ခရကနှင့် မရကတို့မှ ငါးရက်အတွင်း ပြေလည်အောင် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အလုပ်သမားများအသစ်များထံမှ အဆမတန် အခကြေးငွေယူ၍ ခန့်ထားခြင်းကိစ္စအား ဖော်ထုတ် အရေးယူပေးရန်” ဆိုသည့် အချက်အပါအဝင် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပြဿနာများအား မှန်မှန်ကန်ကန် ဖြေရှင်းပေးရန်နှင့် သက်ဆိုင်ရာ ကြီးကြပ်ရေးမှူး၊ စောင့်ရှောက်ရေးမှူးများအားလုံး ပြောင်းလဲပေးရန် ဟူသည့် အချက်များ ပါဝင်သည်။

“အခု ၂၀၁၀-၁၁ ခုနှစ်အတွင်းမှာ ပိုက်ဆံ လေးသိန်းခွဲ ပေးပြီး အလုပ်ဝင်ခဲ့ရတယ်ဆိုတဲ့ အလုပ်သမား ၅ ယောက်ကို စစ်ဆေးမယ်။ ပိုက်ဆံ ဘယ်လောက်ပေးခဲ့ရတယ်။ ဘယ်သူ့ကို ပေးခဲ့ရတယ် ဆိုတာကို စစ်ဆေးပြီး မှန်ကန်တယ်ဆိုရင် မရက အုပ်ချုပ်ရေးမှူးကိုယ်တိုင် တာဝန်ယူဖြေရှင်းပေးမယ်လို့ ပြောပါတယ်။ ပြီးတော့မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆီကို တဆင့် ထပ်တင်ပေးမယ်လို့ ပြောပါတယ်။ အထက်လူကြီးတွေဘက်က တာဝန်ယူဖြေရှင်းပေးတဲ့အတွက် ကျနော်တို့ဘက်ကလည်း ငြိမ်းငြိမ်းချမ်းချမ်းပဲ အလုပ်ပြန်လုပ်ကြမယ်” ဟု အလုပ်သမားခေါင်းဆောင် ကိုဇော်လင်းက ပြောသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုခြင်းကို ဇွန်လ ၆ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်မှ စတင်၍ အဆိုပါဈေးရှိ အလုပ်သမားဝန်ကြီးဌာန၊ မြို့နယ်ပြည်တွင်းကုန်တင်ကုန်ချ ကော်မတီရုံးရှေ့တွင် ယင်းအချက် အပါအဝင် လုပ်သားများ နေ့စဉ်ပေးသွင်း ဘောက်ချာဖွင့် ငွေများအား စာရင်းရှင်းတမ်းပြုလုပ်၍ လုပ်သားများအား ပြန်လည်ရှင်းလင်းပေးရန်၊ ငါးတောင်းဌာနခွဲအတွင်းရှိ ကြီးကြပ်ရေးမှူး၊ စောင့်ရှောက်ရေးမှူးများအားလုံး ပြောင်းလဲပေးရန် ဟူသည့် စာသားများ ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

“အခုက ရှိတဲ့ အလုပ်သမားတွေနဲ့ အလုပ်က မမျှဘူးဖြစ်နေတယ်။ လုပ်သားဦးရေက များပြီး ကုန်က နည်းနေတယ်။ အလုပ်ဝင်ရင် ပိုက်ဆံပေးရတယ်ဆိုတဲ့အတွက် အလုပ်သမားတွေ စွတ်သွင်းတာ။ အခုလည်း အလုပ်သမား အယောက် ၈၀ ထပ်သွင်းမလို့ လုပ်နေကြတာ။ ကိုယ့်ရှိတဲ့ အလုပ်သမားနဲ့ အလုပ်နဲ့က လုံလောက်နေပါပြီ။ ဝင်ငွေကလည်း အသင့်အတင့် ရတယ်ပေါ့။ အခုဟာက ပိုက်ဆံရတိုင်း အလုပ်သမားတွေ သွင်းနေတော့ အကုန်လုံး ဝင်ငွေထိခိုက်ကြရတယ်။ ကျနော်တို့က ရင်းပြီး တောင်းဆိုရတာပါ။ သူတို့ဘက်က မလိုက်လျောပေးရင်တော့ ကျနော်တို့က အလုပ်ပြုတ်မှာပဲ။ လိုချင်တဲ့အချက်တွေ မရမချင်းတော့ ကျနော်တို့ တောင်းဆိုသွားမှာပါ” ဟု ကုန်တင်/ချ အလုပ်သမားတဦးက ဆိုသည်။

ယင်းအပြင် ခိုးမှု ... အစရှိသည့် ပြဿနာများ ကြုံတွေ့လာရပါကလည်း မှန်မှန်ကန်ကန် စစ်ဆေးပေးခြင်း မရှိဘဲ လာတိုင်သူက ပြောသော ငါးတောင်းတန်း နံပါတ်နှင့် တိုက်ဆိုင်သူက အရေးယူခံရကြောင်း၊ ပုံမှန်အရ အသက်လေးဆယ်ကျော်လျှင် အလုပ်ခန့်ထားခြင်း မရှိရသော်လည်း ပိုက်ဆံယူ၍ အလုပ်ခန့်ထားခြင်းများ ရှိနေကြောင်း အဆိုပါ အလုပ်သမားများ၏ ပြောပြချက်များအရ သိရသည်။

“အခုက အလုပ်သမားက အယောက် ၇၀ဝ နီးပါးလောက် ရှိနေပြီ။ ရှိတဲ့သူတောင် စားဝတ်နေရေး မပြေလည်ကြဘူး။ ကျနော်တို့က တရားဝင် အလုပ်လုပ်နေကြတာ။ အပြင်က ဝင်လုပ်ကြတာတွေလည်း ရှိတယ်။ ဒါတွေကို မသိချင်ယောင်ဆောင်ပေးနေကြတယ်။ တိုင်လို့လည်းမရ ဖြစ်နေတယ်။ ဒါတွေကို ဖြေရှင်းပေးစေချင်တာပါ” ဟု ကုန်တင်/ချ အလုပ်သမားတဦးက ပြောသည်။

ယင်းဗဟိုစံပြငါးဈေးကြီးတွင် ကုန်တင်/ချ အလုပ်သမား ၇၀ဝ နီးပါးခန့် ရှိကာ ယခုဆန္ဒပြတာင်းဆိုသော အချက်များတွင် ပါဝင်လက်မှတ်ရေးထိုးသူ ၃၀၀ နီးပါးခန့်ရှိကြောင်း သိရသည်။ အဆိုပါ ငြိမ်းချမ်းစွာ ဆန္ဒပြမှုမှာ နံနက် ၆ နာရီခွဲတွင် စတင်ခဲ့ပြီး အထက်လူကြီးများမှ ၅ ရက်အတွင်း ပြေလည်အောင် ဖြေရှင်းပေးမည် ဆိုသည့်အတွက် နံနက် ၈နာရီ ၄၅ မိနစ်ခန့်တွင် ပြီးဆုံးသွားခဲ့သည်။

No comments: