ငံ့လင့်ကူသံ
မောင်လွမ်းဏီ
ကျစ်ကျစ်ဆုပ်ထား
လက်သီးများပေါ်က ဖယောင်းစက်တွေ
ချော်ရည်ပူလား၊ အေးခဲ မာကျောတဲ့အထိ။
ဖယောင်းတိုင်တွေက
အလင်းကိုပေးဖို့ သွေးကို မီးမြှိုက်ပေးသလို
တို့တတွေကလည်း အလင်းကို ၀င်းဖို့
ဘ၀ကို ရင်းနှီး လောင်မြှိုက်ရတဲ့အချိန်။
အမှောင်ထဲမှာ ကျင့်သားရ
အမှောင်ကပဲ ပိတ်ကွယ်စီး
မီးဆိုတာ အပူနဲ့အလင်း
တို့ရင်မှာ တင်ရှို့၊ တို့ရင်ကို ကင်
နေ၀င်စ ချိုးမရယ်ကူ။ ။
မောင်လွမ်းဏီ
၂၂-၅-၂၀၁၂
2 comments:
"တော်ပါတော့ မောင်လွမ်းဏီ"
အရက်ကောင်းစားတပုလင်း မော့ချ
ရီဝေလာတဲ့ဖီလင်ကို ဖတ်ဆုတ်
မြန်မာပြည်သူတွေရဲ့ဘ၀ကို
မန်းမှုတ်လိုက်တဲ့အခါ
မောင်လွမ်းဏီအတွက်
အမြည်း ကောင်းကောင်း
ရသွားတယ်။
ဒုက္ခသည်ဝင်စား
အလဲတားဗားမား
မြန်ပြည်သားတွေရဲ့ ဂုတ်သွေးကိုစုတ်စား
ခင်ဗျား အမေရိကားမှာ မရှိတာသေချာတယ်။
ဝေဒနာသည်မလေးကိုတော့
ကိုယ်ချင်းစာ သနားသင့်တယ်...ဟီး...ဟီ.းးရီတာ
ငိုတာနဲ့  မှားမှာစိုး....
Post a Comment