Wednesday, May 23, 2012

ငံ့လင့်ကူသံ

ငံ့လင့်ကူသံ
မောင်လွမ်းဏီ

ကျစ်ကျစ်ဆုပ်ထား
လက်သီးများပေါ်က ဖယောင်းစက်တွေ
ချော်ရည်ပူလား၊ အေးခဲ မာကျောတဲ့အထိ။

ဖယောင်းတိုင်တွေက
အလင်းကိုပေးဖို့ သွေးကို မီးမြှိုက်ပေးသလို
တို့တတွေကလည်း အလင်းကို ၀င်းဖို့
ဘ၀ကို ရင်းနှီး လောင်မြှိုက်ရတဲ့အချိန်။

အမှောင်ထဲမှာ ကျင့်သားရ
အမှောင်ကပဲ ပိတ်ကွယ်စီး
မီးဆိုတာ အပူနဲ့အလင်း
တို့ရင်မှာ တင်ရှို့၊ တို့ရင်ကို ကင်
နေ၀င်စ ချိုးမရယ်ကူ။ ။

မောင်လွမ်းဏီ
၂၂-၅-၂၀၁၂

2 comments:

LITTLE BURMA GROCERY said...

"တော်ပါတော့ မောင်လွမ်းဏီ"

အရက်ကောင်းစားတပုလင်း မော့ချ
ရီဝေလာတဲ့ဖီလင်ကို ဖတ်ဆုတ်
မြန်မာပြည်သူတွေရဲ့ဘ၀ကို
မန်းမှုတ်လိုက်တဲ့အခါ
မောင်လွမ်းဏီအတွက်
အမြည်း ကောင်းကောင်း
ရသွားတယ်။

minthat thitsar said...

ဒုက္ခသည်ဝင်စား
အလဲတားဗားမား
မြန်ပြည်သားတွေရဲ့ ဂုတ်သွေးကိုစုတ်စား
ခင်ဗျား အမေရိကားမှာ မရှိတာသေချာတယ်။

ဝေဒနာသည်မလေးကိုတော့
ကိုယ်ချင်းစာ သနားသင့်တယ်...ဟီး...ဟီ.းးရီတာ
ငိုတာနဲ့  မှားမှာစိုး....