Photo - Facebook
၁၉၇၀ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် မွေးဖွား။ ၁၉၉၅ တွင် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဘွဲ့ရ။ ၁၉၉၆ စက်တင်ဘာမှ ၁၉၉၇ ဖေဖော်ဝါရီအထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်။ ၁၉၉၆ နိုဝင်ဘာမှ ၂၀၀၅ ဇွန်အထိ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။ ၂၀၀၅ ဇူလိုင် ၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ။ ၂၀၀၆ ဇန်န၀ါရီမှ ၂၀၁၄ ဧပြီအထိ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းတွင် ဒု-ဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီဝင်၊ တွဲဘက်အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့။ ရွှေဝါရောင်သံဃာများ မေတ္တာပို့ စီတန်းလမ်းလျှောက်သည့် ၁၈-၉-၂၀၀၇ တွင် ဘလော့ဂ်တင်ဆက်မှု စတင်။
7 comments:
တကယ်ကိုလေးစားအားကျဖို့ကောင်းတဲ့လုပ်ရပ်လေးတွေပါ။ ဒါတွေဟာဘာကိုဖော်ပြနေသလဲဆိုတော့ အမှန်တကယ်လူထုတွေလိုအပ်နေတဲ့အခြေအနေတွေကို အမှန်အတိုင်းဖွင့်ဟထုတ်ဖော်ပြီး အစိုးရအဖွဲ့နဲ့ပြည်သူတွေကြား ငြိမ်းချမ်းစွာနဲ့ မိမိတို့အမှန်တကယ်လိုအပ်နေတဲ့အရာတွေကိုဆန္ဒထုတ်ဖော် သွားတာကိုတွေ့ရပါတယ်။ အစိုးရအဖွဲ့အနေနဲ့ကလည်း ပြည်သူလူထုတွေအတွက် အမှန်တကယ်ဖြည့်ဆည်းပေးသွားနိုင်မယ်လို့မျှော်လင့်ပါတယ်။ မြန်မာပြည်ရဲ့ပြည်နယ်များနဲ့တိုင်းဒေသကြီးတိုင်းမှာနေထိုင်နေကြတဲ့ပြည်သူများဟာ ယခုလိုဘဲ မိမိတို့အမှန်တကယ်လိုအပ်နေတဲ့အရာများကို ကြောက်ရွံ့ခြင်းကင်းစွာဖြင့် ငြိမ်းချမ်းစွာနဲ့ဆန္ဒပြထုတ်ဖော်သွားနိုင်ကြပါစေ။ ယနေ့ခေတ်တိုးတက်နေတဲ့အခြေအနေအတွင်းမှာ လူတိုင်းလူတိုင်းအကြောက်တရားကင်းစွာဖြင့် နေထိုင်သွားနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်။
စန္ဒဖေါ်ထုပ်တာကောင်းသောလုပ်ရပ်ပါ။ဒါပေမဲ့ငြိမ်းချမ်းစွာဖြစ်ဖို့လိုမယ်ထင်ပါတယ်။
ငြိမ်းချမ်းစွာမဖြစ်အောင်လုပ်မဲ့လူပါရင်အဲ့ဒီလူဟာယခင်တုံးကစွမ်းအားရှင်လို
သုလူကိုယ့်ဘက်သားလောက်ကောင်ပဲ။အဲ့လိုအရိပ်ယောင်ပါတဲ့လူမျိုး
သတိထား။နောက်ပြန်လှည့်ချင်သူတွေရဲ့လမ်းဖွင့်သလိုဖြစ်သွားအုံးမယ်။
ဆိုးတယ်ဗျာ...ကျွန်တော်တို့ပြည်သူတွေ...သူများယောင်လို့လိုက်ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိဖြစ်နေကြတယ်...
ဒါလားဗျာ ခင်ဗျားတို့ လိုချင်တဲ့ ဒီမိုကရေစီဆိုတာ ဘာလဲဗျာ....စည်းကမ်းမရှိလိုက်တာ..ကားလမ်းတွေလည်းပိတ်...ကားအက်စီးဒင့်တွေလည်းဖြစ်...ကောင်းသေးရဲ့လား...မီးဆိုတာတကယ်အကြောင်းရှိလို့ပျက်တာပါဗျာ...ကျွန်တော်လည်းအစိုးရ၀န်ထမ်းမဟုတ်ဘူး...ကုမ္ပဏီဝန်ထမ်းတစ်ယောက်ပါဗျာ...ခင်ဗျားတို့တွေလုပ်နေပုံက စစ်အစိုးရလက်ထဲကို နိုင်ငံတော်အာဏာကို ပြန်ထိုးထည့်နေသလိုခံစားရတယ်....အရာရာကို အဆိုးဘက်ကနေမြင်နေကြတဲ့ လူတွေအတွက်တော့ ကျုပ်တို့ရော ကျုပ်တို့နိုင်ငံပါ ဘာမှ တိုးတက်လာမှာမဟုတ်တော့ဘူး...ခင်ဗျားတို့ရော ကျုပ်တို့ရော လူအများစုတွေအားလုံး နိုင်ငံတော်အတွက်ဆိုပြီး ဘာများ ရည်ရွယ်ကြဖူးလဲ...ကိုယ့်ကိုယ်ကိုပဲ ပြန်မေးကြည့်ကြဗျာ....အားအားရှိ လမ်းပေါ်ထွက် လိုချင်တာ တောင်းဖို့ပဲ...အဲဒါတွေက အားလုံးကိုယ့်အတွက်ကိုယ်တောင်းနေကြတာချည်းပဲ...ကျွန်တော်ပြောတာ ပြန်စဉ်းစားကြည့်ကြပါဗျာ....တိုင်းပြည်..လူမျိုး ဆိုပြီး ခေါင်းစဉ်ကိုလွယ်လွယ်တော့မတပ်ကြပါနဲ့....အားလုံးဒုက္ခရောက်ကုန်ကြလိမ့်မယ်.....ခင်ဗျားတို့ ကျုပ်တို့တွေ ရဲ့အိပ်မက်တွေကို ပုံဖော်ပေးမယ့် လူတွေရဲ့ ခြေလှမ်းတွေကို မဖျက်ဆီးကြပါနဲ့လို့တောင်းပန်ပါတယ်....
မြန်အောင်သား
http://burmadevelopmentnet.blogspot.com/
ကြပ်ပြေးနေပြည်တော်အရေးပေါ်အစည်းအဝေးသတင်း

Message for you!
" Freedom From Fear "
မင်းတို့ သတ္တိရှိတယ်ဆိုတာ လုပ်ချင်တာလုပ်လို့ရမှ၊လွတ်လပ်သွားမှလုပ်ရဲတာ...
စစ်အစိုးရ အုပ်ချုပ်နေတုန်းက မင်းတို့ အခုလို လမ်းပေါ်ထွက်ပြီးဆူကြပါလား။
အခုမှ ကိုယ့်ကိုယ်ကို သိပ်သတ္တိရှိကြတဲ့လူတွေလုပ်မနေကြနဲ့။
ငါပြောနေတာ နောက်တစ်ကြိမ် စစ်အစိုးရလက်ထဲ နိုင်ငံတော်အာဏာပြန်ရောက်မှာစိုးလို့ပြောတာ။အဲဒီအချိန်ကျရင် မင်းတို့လို သတ္တိသိပ်ရှိပါတယ်ဆိုတဲ့ကောင်တွေ အားလုံး အသံတောင်ထွက်ရဲကြတာမဟုတ်ဘူး။ ကိုမင်းကိုနိုင်တို့လို လေးစားစရာကောင်းတဲ့လူမျိုးတွေကိုငါမပြောဘူး။ သူတို့မှ တကယ်သတ္တိရှိတဲ့လူတွေ။ ဘာမဟုတ်တဲ့ ကောင်တွေက အခုမှ အသံထွက်ရဲတာ။မင်းတို့သတ္တိသိပ်ရှိခဲ့ရင် အနှစ် ၂၀ ကျော် စစ်အစိုးရ လက်အောက်မှာ မနေခဲ့ရဘူးကွ။နားလည်လား။အကြောင်းရင်းမှန်ကိုသေသေချာချာမသိပဲ မင်းတို့ လိုချင်တာပဲသိတယ်။
Post a Comment