လုံခြုံရေးကောင်စီမှာ ဆီးရီးယားအာဏာရှင် သမ္မတအာဆတ်ဒ် အစိုးရဘက်ကနေ တရုပ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံး ခုခံကာကွယ်ပေးခဲ့တဲ့ ဖြစ်ရပ်၊ အီရန်နျူကလီယားစီမံကိန်းပြဿနာမှာလည်း အီရန်ဘက်ကနေ တရုပ်နဲ့ ရုရှားတို့ကပဲ ခုခံကာကွယ်ပေးနေတဲ့ ဖြစ်ရပ်တွေကနေ ကိုယ်ကျိုးစီးပွားအခြေခံတဲ့ စစ်အေးကာလ မြင့်တက်နေချိန်လို့ သတ်မှတ်ထားပါတယ်။ ဒီအခြေအနေမှာပဲ အီရန်နျူကလီယားပညာရှင်တွေ လုပ်ကြံသတ်ဖြတ်ခံရ၊ အစ္စရေးသံတမန်တွေ အကြမ်းဖက် တိုက်ခိုက်ခံရတာတွေ၊ အီရန်-အစ္စရေး နှစ်နိုင်ငံ စစ်ဖြစ်နိုင်တဲ့ အနေအထားတွေ ဖြစ်လာပါတယ်။ ဘာလင်တံတိုင်းပြိုကျ၊ ဆိုဗီယက်အုပ်စု ပြိုကွဲ၊ စစ်အေးကာလ အဆုံးသတ်ခဲ့ပြီးနောက်ပိုင်း စိတ်ပူပန်စရာအကောင်းဆုံး အခြေအနေလို့ ယူဆကြပါတယ်။ ဒီအခြေအနေတွေဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းကို မလွဲမသွဲ ရိုက်ခတ်လာတော့မယ်ဆိုတဲ့ သုံးသပ်ချက်တွေပေါ် အခြေခံပြီး (ဖေဖော်ဝါရီလ ၁၉ ရက်) စနေနေ့ အစီအစဉ်ကို ဖန်တီးဖြစ်ခဲ့ပါတယ်။ (မိုးအေး)
Tuesday, February 21, 2012
မိုးအေး (DVB) တင်ဆက်သည့် “ကိုယ်ကျိုးစီးပွားအခြေခံတဲ့ စစ်အေးကာလ မြင့်တက်နေချိန် (သို့မဟုတ်) စစ်အေးကာလ အဆုံးသတ်ခဲ့ပြီးနောက်ပိုင်း စိတ်ပူပန်စရာအကောင်းဆုံး အခြေအနေ” (ရုပ်သံ)
Posted by ဒေါက်တာလွဏ်းဆွေ at 12:09 AM
Labels: ဗွီဒီယိုမှတ်တမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment