Monday, February 20, 2012

မိုးအေ (DVB) တင်ဆက်သည့် “တတိယကမ္ဘာစစ်ဆီလော ... ခေတ်သစ် စစ်အေးကာလတခုဆီလော” (ရုပ်သံ)

ဒီကနေ့ နိုင်ငံတကာအခင်းအကျင်း အထူးသဖြင့် မြေထဲပင်လယ်နဲ့ အရှေ့အလယ်ပိုင်းဒေသက အခြေအနေတွေဟာ တတိယကမ္ဘာစစ်ကြီးထိ ဦးတည်သွားစေနိုင်တယ်။ တချို့ကတော့လည်း အရှိန်အဟုန် အပြင်းထန်ဆုံး ပေါက်ကွဲနိုင်မယ့် ခေတ်သစ် စစ်အေးကာလတခုကို မလွဲမသွေ ဦးတည်စေနိုင်တယ် ... စသဖြင့် စိုးရိမ်ပူပန်မှုမျိုးစုံနဲ့ အနီးကပ် စောင့်ကြည့်လေ့လာနေရတဲ့ အခြေအနေ ရှိနေပါတယ်။ တရုတ်၊ ရုရှား၊ အီရန်၊ ဆီးရီးယား၊ မြောက်ကိုရီးယားနဲ့ ဗင်နီဇွဲလား ဦးဆောင်တဲ့ လက်တင်အမေရိက,က လက်ဝဲနိုင်ငံတွေက တဘက် အမေရိကန်၊ အနောက်အုပ်စုနဲ့ ကျန်နိုင်ငံတွေက တဘက် အားပြိုင် အကျိုးစီးပွားပြိုင်ကြမယ့် အခင်းအကျင်း တခုလို့ ယူဆနေပါတယ်။ ဒီအားပြိုင်မှုတွေဟာ ကမ္ဘာ့နေရာအသီးသီးကို မလွဲမသွေ ရိုက်ခတ်လာမယ်လို့လည်း သုံးသပ်ကြတာမို့ (၁၂-၂-၂၀၁၂) စနေနေ့က ဆီးရီးယားဖြစ်ရပ်ကို အခြေခံတဲ့ အစီအစဉ်လေးတခုကို စတင် ဖန်တီးဖြစ်ပါတယ်။ (မိုးအေး)

No comments: