Tuesday, February 12, 2013

သွေးစည်းချစ်ကြည်ခြင်း၏ သင်္ကေတ

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၂၂)
သွေးစည်းချစ်ကြည်ခြင်း၏ သင်္ကေတ
ဒေါက်တာလွဏ်းဆွေ
ပန်းချီ - ရင်ခွင်သစ်ဖေ့စ်ဘွတ်ခ်

“ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တို့တတွေ … ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ … သွေးစည်းကာသာလေ ညီညွတ်ချစ်ကြည်ပေ …”

ကျနော်တို့ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ အေးအတူ ပူအမျှ အတူတကွ နေထိုင်ကြရာ ပြည်ထောင်စုနိုင်ငံတနိုင်ငံ …။ ဖေဖော်ဝါရီလသည်ကား ကျနော်တို့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ သွေးစည်းချစ်ကြည်ခြင်း၏ သင်္ကေတ အထိမ်းအမှတ်လ …။ ထို့အတွက် သမိုင်းက အထင်အရှား သက်သေပြလျက်ရှိပေသည်။

လွန်ခဲ့သည့် ၅၁ နှစ်က မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံညီလာခံကြီးကို ဦးဆောင်ကျင်းပကာ ပြည်နယ်၊ ပြည်မမှ တိုင်းရင်းသားခေါင်းဆောင်အသီးသီး ပါဝင်လျက် ရေးထိုးခဲ့ကြသော ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ချုပ်ဆိုနိုင်ခဲ့ပေသည်။ ထိုပင်လုံစာချုပ်ဖြင့် တိုင်းရင်းသားလူမျိုးများ၏ သွေးစည်းချစ်ကြည်ရေး အဆောက်အအုံကို အခိုင်အမာ အုတ်မြစ်ချပေးခဲ့လေသည်။

ထိုတိုင်းရင်းသားလူမျိုးများ သွေးစည်းချစ်ကြည်ရေးသည် တိုင်းရင်းသားလူမျိုးများအချင်းချင်း သာတူညီမျှ ဆက်ဆံရေး၊ တန်းတူအခွင့်အရေး ခံစားရရှိရေး၊ အပြန်အလှန် နားလည်မှုနှင့် တဦးကိုတဦး ယုံကြည်လေးစားမှုဖြင့် ဆက်ဆံရေး၊ ဘာသာတရား ကိုကွယ်မှုနှင့် စာပေယဉ်ကျေးမှု ဓလေ့ထုံးစံများကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည် ဆောင်ရွက်ခွင့်ရရှိရေးတို့အပေါ်တွင် အခြေခံတည်ဆောက်ခဲ့ခြင်း ဖြစ်ပေသည်။

ထိုတိုင်းရင်းသားလူမျိုးများ သွေးစည်းချစ်ကြည်မှုအင်အားဖြင့်ပင် မြန်မာ့လွတ်လပ်ရေးကို အရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ တနည်းအားဖြင့် နိုင်ငံတနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ သွေးစည်းချစ်ကြည်မှု၏ အရေးပါပုံကို ဗိုလ်ချုပ်တို့က အထင်အရှား သက်သေပြခဲ့ခြင်းပင် ဖြစ်ပါသည်။

ထို့ကြောင့် ဖေဖော်ဝါရီလသည် ဗိုလ်ချုပ်တို့ အုတ်မြစ်ချပေးခဲ့ရာ တိုင်းရင်းသားသွေးစည်းချစ်ကြည်ရေး အဆောက်အအုံ၏ အထိမ်းအမှတ်လ၊ တိုင်ရင်းသားသွေးစည်းချစ်ကြည်ရေး၏ သင်္ကေတဟုပင် ဆိုချင်ပါတော့သည်။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၁၉၉၈ ခုနှစ်)

3 comments:

haymar said...

We, country people always respect the Pinlone Contract except Gov........

nyimalay784@gamail.com said...

ဗိုလ်ချုပ်ရဲ့စကားကတိုင်းရင်းသားတွေစည်းလုံးညီညွတ်ဖို့အတွက်ပြည်နယ်ပြည်မမခွဲဖို့ပင်လုံစာချူုပ်ကိုချုပ်ခဲ့တာပါးးးးးးးးအခုအစိုးရကတော့အဲ့ဒါနဲ့ပြောင်းပြန်ပဲးးးးးးးးးးးးဗိုလ်ချုပ်စကားကိုတော်တော်လိုက်နာတာပဲးးးးးးးးးးးးးးအားအားရှိတိုင်းရင်းသားတွေကိုတိုက်ခိုက်နေတာပဲးးးးးးးးးးးးဝိုင်းမော်နဲ့လိုင်ဇာကြားမှာရှိတဲ့ရွာတော်တော်များများကတော့အစိုးရရဲ့စစ်တပ်ကမီးရှို့ဖျက်စီးလိုက်တာရစရာကိုမရှိဘူးးးးးးးးးးးးးးဒါလားဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့စစ်တပ်းးးးးးးးးးးးဟွန်းးးးသိပ်ဆိုးတာပဲဗျားးးးးးးးးးးးးး