Tuesday, February 21, 2012

အန်အယ်လ်ဒီကို လမ်းကြောင်းမှန်ပေါ် တွန်းတင်ဖို့ ပြည်သူလူထုမှာ တာဝန်ရှိတယ်

အန်အယ်လ်ဒီကို လမ်းကြောင်းမှန်ပေါ် တွန်းတင်ဖို့ ပြည်သူလူထုမှာ တာဝန်ရှိတယ်
ဝတုတ်

ဒီမိုကရေစီစနစ်မှာ တပ်မတော်ဟာ အမိ၊ တပ်မတော်ဟာ အဖ မဟုတ်ဖူး။ အလားတူပဲ ဒီမိုကရေစီစနစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမိ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အဖ မဟုတ်ဖူး။ ပြည်သူလူထုသာ အမိ၊ ပြည်သူလူထုသာ အဖ ဖြစ်တယ်။ ပြည်သူလူထုက သူတို့ဆန္ဒကို ဖော်ဆောင်ပေးဖို့ အစိုးရကို အတိုက်အခံကို ရွေးချယ် တာဝန်ပေးရတာမျိုးဖြစ်တယ်။ အစိုးရပဲ ဖြစ်ဖြစ်၊ တခြားအတိုက်အခံပဲ ဖြစ်ဖြစ် ပြည်သူလူထုရဲ့ဆန္ဒကို ဖော်ဆောင်ပေးရမယ့် တာဝန်က သွေဖည်လာပြီဆိုရင် ဒီတာဝန်ကို သက်ဆိုင်ရာအားလုံးကို သတိပေးဖို့ ပြည်သူအားလုံးမှာ တာဝန်ရှိတယ်။

ဖျာပုံတရားပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူတို့ရွေးကောက်ပွဲဝင်မှာကို ကန့်ကွက်ဝေဖန်မှုတွေကို တုံ့ပြန်ပြောသွားတယ်။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ နေရာအားလုံး ရရင်တောင် ဒီအမတ်အရေအတွက်က ထိထိရောက်ရောက် လုပ်နိုင်မယ့် အရေအတွက်မဟုတ်တဲ့အတွက် ဘာထူးမှာလဲဆိုပြီး ဝေဖန်တာကို အရေအတွက်က အဓိက မကျပါဘူးတဲ့၊ အရည်အချင်းက အဓိကကျပါတယ်ဆိုပြီး ပြောသွားတယ်။ ဒါဟာ စိတ်တိုင်းကျစရာကောင်းတဲ့ အဖြေမဟုတ်ဘူး။ အန်အယ်လ်ဒီကိုယ်စားလှယ်တွေ အရွေးခံရလို့ လွှတ်တော်ထဲရောက်ရင် သူတို့အရည်အချင်းနဲ့ ကျန်တဲ့လူတွေကို စည်းရုံးသိမ်းသွင်းနိုင်မယ်ထင်လို့ ပြောတာပဲလား။

ကမ္ဘာတဝှမ်းက လွှတ်တော်တွေကို ကြည့်ရင် အမတ်တယောက်က သူ့ပါတီက ချပေးတဲ့လိုင်းအတိုင်း မဲပေးရတာပဲ။ အဆိုတခုကို လွှတ်တော်မှာ မဲခွဲပြီဆိုရင် ဒီအဆိုကို ကြံ့ဖွံ့ပါတီက မကြိုက်ရင် ကြံ့ဖွံ့ပါတီ အမတ်အားလုံးက မကြိုက်ဘူးဆိုတဲ့ မဲပဲ ပေးရတယ်။ ကြံ့ဖွံ့အမတ်တယောက်တလေက ချွန်ပြီး ဆန့်ကျင်ဘက်မဲ ပေးရင် အဲဒီကြံ့ဖွံ့အမတ်ကို သူ့ပါတီ စည်းကမ်းထိန်းသိမ်းရေးမှူးက သတိပေးတန် သတိပေးပြီး နောက်ဆုံး တခြားတယောက်ယောက်နဲ့ အစားထိုးပစ်တဲ့ထိ လုပ်မှာပဲ။ ဒီတော့ ကြံ့ဖွံ့ပါတီ အမတ်တဦးချင်းဆီကို စည်းရုံးသိမ်းသွင်းပြီး ကိုယ်ဖြစ်စေချင်တဲ့ ပေါ်လစီတွေ ချမှတ်နိုင်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

“ရုပ်ပုံတခုကိုပဲ ကျနော်တို့က စက်ဝိုင်းလို့ ရှင်းရှင်းကြီး မြင်နေပြီး သူတို့က စတုရန်းလို့ ရှင်းရှင်းကြီး မြင်နေပြီဆိုရင် သဘောထားကွဲလွဲမှုဟာ သာမန်ကာလျှံကာ သဘောထားကွဲလွဲမှု မဟုတ်တော့ဘဲ တကယ့်ကို ကြီးမားနက်ရှိုင်းတဲ့ သဘောထားကွဲလွဲမှုကြီး ဖြစ်နေပြီ။ ဒီတော့ ဒီလောက်ကြီးမား နက်ရှိုင်းတဲ့ သဘောထားကွဲလွဲမှုကြီးကို ဖြစ်စေတဲ့ အကြောင်းရင်းခံတွေက ဘာတွေလဲဆိုတာ ဆန်းစစ်ကြည့်သင့်တယ်။”

လွှတ်တော်ထဲမှာ ဘယ်အဆို တင်တင် လွှတ်တော်အမတ်တယောက်ရဲ့ မဲကို တမဲပဲ သတ်မှတ်တယ်။ အောင်ဆန်းစုကြည်မို့ သူ့မဲက သူများမဲထက် ပိုသာတယ်ဆိုတာ လက်လွတ်စပယ် ပြောတာ။ ဒေါ်အောင်ဆန်းစုကြည်ကသာ အရည်အချင်းက အရေအတွက်ထက် အရေးကြီးတယ် ပြောနေပေမယ့် ဟိုတနေ့က အန်အယ်လ်ဒီကနေ မိထ္ထီလာမှာ အမတ်အဖြစ် ဝင်အရွေးခံမယ့် ဗိုလ်ကြီးဟောင်း ဝင်းထိန်နဲ့ ဘီဘီစီ ဆက်သွယ်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည် နာမည်ပါရင် ပြည်သူလူထုက မဲထည့်မှာပဲလို့ ခပ်ပေါ့ပေါ့ ပြောတယ်။ နောက်လိုက်တွေက ကိုယ့်အရည်အချင်းထက် ခေါင်းဆောင်အရှိန်အဝါကို မှီပြီး လိုက်မယ့်သူတွေ၊ ကိုယ်ပိုင်အရည်အချင်းမရှိသူတွေ ဆိုတဲ့ သဘောသက်ရောက်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းက အဓိက ဆိုတဲ့အပြောကို သူ့ပါတီက လူတွေဆီက ထွက်လာတဲ့ စကားတွေက ပြန်ချေနေတာကို ပြနေတယ်။

လွှတ်တော်ထဲမှာ ၂၀ဝ၈ ဖွဲ့စည်းပုံကို လက်ရှိ အန်အယ်လ်ဒီ ကျင့်သုံးနေတဲ့ပုံစံနဲ့ တိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့အတွက်က ရှင်းနေပြီးသားပါ။ ရှင်းနေပြီးသားကို အချိန်ကုန်ခံ၊ ကြောင့်ကြစိုက်ပြီး ရှင်းသထက်ရှင်းအောင် တချို့က ကျကျနန တင်ပြပေးလာတာတောင် (Swe Swe Kyi Facebook ရဲ့ wall ပေါ်က ပို့စ်ကို ကြည့်ပါ။) ခုလက်ရှိ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွေကို ဇွတ်ကြီး အကောင်းမြင်တဲ့ လူတွေကလည်း ဒီပုံစံနဲ့ သွားမှရမယ်ဆိုတာ ရှင်းနေတာပဲဆိုပြီး ပြောတယ်။ ရုပ်ပုံတခုကိုပဲ ကျနော်တို့က စက်ဝိုင်းလို့ ရှင်းရှင်းကြီး မြင်နေပြီး သူတို့က စတုရန်းလို့ ရှင်းရှင်းကြီး မြင်နေပြီဆိုရင် သဘောထားကွဲလွဲမှုဟာ သာမန်ကာလျှံကာ သဘောထားကွဲလွဲမှု မဟုတ်တော့ဘဲ တကယ့်ကို ကြီးမားနက်ရှိုင်းတဲ့ သဘောထားကွဲလွဲမှုကြီး ဖြစ်နေပြီ။ ဒီတော့ ဒီလောက်ကြီးမား နက်ရှိုင်းတဲ့ သဘောထားကွဲလွဲမှုကြီးကို ဖြစ်စေတဲ့ အကြောင်းရင်းခံတွေက ဘာတွေလဲဆိုတာ ဆန်းစစ်ကြည့်သင့်တယ်။

လွှတ်တော်ထဲ ဝင်ပြီးလုပ်မှ ရမယ်ဆိုတာ ရှင်းနေတာပဲလို့ ပြောတဲ့အုပ်စုရဲ့ စဉ်းစားချက်ကို အဓိက ပင့်ထောက်ထားတဲ့ အကြောင်းပြချက်တွေကို ကြည့်ရင် လွှတ်တော်ထဲ မဝင်ရင် တရားဝင် ပါတီအဖြစ်နဲ့ ရပ်တည်နိုင်မှာ မဟုတ်ဘူး၊ ဒါ့ကြောင့် တရားဝင်ပါတီအဖြစ် ဆက်ရပ်တည်နိုင်ဖို့ လွှတ်တော်ထဲ ဝင်ကို ဝင်ရမယ်လို့ အကြောင်းပြတယ်။ တရားဝင်ပါတီအဖြစ်နဲ့ ရပ်တည်ဖို့ အရေးကြီးတယ်ဆိုတာကလည်း တရားဝင်ပါတီအဖြစ်နဲ့ ရပ်တည်နိုင်မှ နိုင်ငံရေးကို ဆက်လုပ်နိုင်မှာမို့လို့ ဆိုပြီး ထပ်အကြောင်းပြကြတယ်။ ဒါပေမယ့် လွှတ်တော်ထဲ မဝင်ရင် တရားဝင် နိုင်ငံရေးပါတီအဖြစ် မရပ်နိုင်၊ နိုင်ငံရေးလုပ်လို့ မရနိုင်ဘူး ဆိုတာ လက်ခံရင်တောင် လွှတ်တော်ထဲ ဝင်လိုက်တာနဲ့ နိုင်ငံရေး လုပ်နိုင်ပြီလို့ ကောက်ချက်ချလို့မရဘူး။ လွှတ်တော်ထဲမှာ ရှိနေတဲ့ အတားအဆီးတွေ စိန်ခေါ်မှုတွေဟာ မျက်ရည်ခံထိုးပြရုံနဲ့ ကျော်လွှားနိုင်တဲ့ အတားအဆီးတွေ မဟုတ်ဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီနဲ့ သူတို့ကို ထောက်ခံနေသူတွေက ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်ပြီး ချော့လိုက်တာနဲ့ အားလုံးပျော့ပြီး သူ့နောက်လိုက်လာမယ် ထင်နေကြတယ်။

လွှတ်တော်ထဲ ဝင်ရုံကလွဲပြီး တခြားလမ်းမရှိဘူးလို့ ပြောတဲ့အခါ ဖြစ်နိုင်ခြေရှိတဲ့ လမ်းအားလုံးကို စဉ်းစားရဲ့လား ဆိုတာလည်း မေးစရာပဲ။ အန်အယ်လ်ဒီက လမ်းပေါ်ထွက်တဲ့ နိုင်ငံရေးဟာ ပြည်သူလူထု ထိခိုက်နစ်နာစေမယ်၊ လွှတ်တော်နည်းလမ်းက ထိခိုက်နစ်နာမှုမရှိဘဲ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မယ်လို့လည်း အကြောင်းပြပြန်တယ်။ ဒါပေမယ့် အန်အယ်လ်ဒီ လွှတ်တော်ထဲ ဝင်တဲ့အခါ ကျတော့ရော ပြည်သူလူထု ထိခိုက်နစ်နာမှုတွေ လျော့သွားအောင် အန်အယ်လ်ဒီက ဘာလုပ်ပေးမှာလဲ။ တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမားတွေ ဖိနှိပ်ခံရတာတွေကို သူတို့ဘက်က လူသိရှင်ကြား ထောက်ခံမှုပြဖို့ သူတို့ရဲ့ အားကိုးအားထားရာဆိုတာ ပြနိုင်ဖို့၊ ဦးဂမ္ဘီရကို မတရား ဖိနှိပ်အနိုင်ကျင့်နေတာကို ကြားက ဝင်ပြောဖို့ဆိုတာ လမ်းပေါ်ထွက်စရာ မလိုပါဘူး။ အဲ့သလို လမ်းပေါ်ထွက်စရာမလိုဘဲ လူသိရှင်ကြား ပြောရုံပြောဖို့ကိုတောင် နှာစေးနေတဲ့နောက် လွှတ်တော်ထဲရောက်ရင် အားလုံး လုပ်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်ကို ဘယ်လိုယုံရမလဲဆိုတာ မေးစရာဖြစ်နေတယ်။

ဒီတော့ စစ်အုပ်စု ငြိုငြင်မှာမို့ ဖြစ်နိုင်ခြေရှိတဲ့ ရွေးစရာ နည်းလမ်းတွေထဲက ကိုယ်မလုပ်ချင်တဲ့ ဒါမှမဟုတ် မလုပ်ဝံ့တဲ့ လမ်းကြောင်းကို ရွေးစရာနည်းလမ်းအဖြစ် စကတည်းက မစဉ်းစားဘဲ ပယ်ထားပြီး ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို စကတည်းက ကြိုတင်နှပ်ကြောင်းပေးထားတာလားဆိုတာ ယူဆစရာ ဖြစ်လာတယ်။ စစ်အုပ်စုက ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်ပေးရင် တိုင်းပြည်မှာ ဆင်းရဲမွဲတေမှုလျော့ကျအောင် လုပ်နိုင်မယ်ဆိုပြီး ပေးတဲ့ ဆင်ခြေနဲ့ အန်အယ်လ်ဒီက လွှတ်တော်ထဲရောက်အောင် ပို့ပေးရင် ပြည်သူလူထုအတွက် လုပ်ပေးနိုင်မယ်ဆိုတဲ့ ဆင်ခြေနှစ်ခုဟာ တပုံစံထဲပဲလား ဆိုတာကို ခု ဦးဂမ္ဘီရတို့ကိစ္စ၊ အလုပ်သမားသပိတ်တွေ၊ လယ်သမားတွေ လယ်သိမ်းခံရတဲ့ ကိစ္စတွေကို ကြည့်ပြီး မေးစရာဖြစ်လာနေတယ်။

တကယ်က ကိုယ့်ပြည်သူလူထု ဆင်းရဲမွဲတေမှု လျော့ကျစေချင်ရင် စစ်အုပ်စုအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ယိုးမယ်ဖွဲ့မနေဘဲ လုပ်နိုင်တာတွေ ရှိတာပဲ။ အစိုးရက ပြည်သူလူထုအတွက် စေတနာကို မရှိလို့ကို မလုပ်တာ။ အန်အယ်လ်ဒီအနေနဲ့လည်း ပြောခဲ့တဲ့ လူထုကို၊ အကာအကွယ်မဲ့ရှာသူတွေကို ဖိနှိပ်တဲ့ ကိစ္စတွေမှာ သူတို့ဘက်ကနေ လူသိရှင်ကြား ရပ်တည်ပေးဖို့ဆိုတာ ဘာဖြစ်မှ ညာဖြစ်မှ လုပ်နိုင်မယ်ဆိုပြီး အကြောင်းပြနေတယ်ဆိုရင် စစ်အုပ်စုဆင်ခြေနဲ့ အန်အယ်လ်ဒီဆင်ခြေ အတူတူပဲလားဆိုပြီး မေးစရာ ဖြစ်လာနေတယ်။ တချို့ကတော့ အန်အယ်လ်ဒီက လူသိရှင်ကြား ထောက်ခံတယ်လို့ မပြောပေမယ့် ကချင်ဒေသတွေကို ဒေါ်စုကိုယ်တိုင် ငွေလှူတယ်။ နောက် လယ်သမားတွေ မြေသိမ်းခံရတဲ့ ကိစ္စ၊ တိုင်ရီ အလုပ်သမားတွေ ဆန္ဒပြနေတဲ့ ကိစ္စတွေမှာ ကိုဖိုးဖြူတို့၊ မစုစုနွေးတို့တွေကို လွှတ်တယ်ဆိုပြီး ကျိုးကြောင်းခိုင်လုံမှုမရှိတဲ့ ဆင်ခြေမျိုးတွေနဲ့ ဖာထေးပေးကြတယ်။

တကယ်က မစုစုနွေးက သူ တိုင်ရီ အလုပ်သမားတွေဆီ သွားတာ အန်အယ်လ်ဒီက လွှတ်လို့ သွားတာလို့ ပြောသံမကြားဘူး။ ပါတီဝင်တယောက်က သူ့သဘောနဲ့သူ သွားတာနဲ့ ပါတီကို ကိုယ်စားပြုသွားတာ လေးနက်မှုချင်း ဘာမှမဆိုင်ဘူး။ အဲသလို မဆိုင်တာကို ဆိုင်သယောင် ပြောတာကိုက ရိုးသားမှုမရှိတာကို ပြနေတယ်။ နောက်တခုက အန်အယ်လ်ဒီက ဦးဂမ္ဘီရတို့၊ ကိုဖိုးဖြူတို့၊ မစုစုနွေးတို့လုပ်နေတဲ့ သက်ဆိုင်ရာ အာဏာရှိသူတွေကို တိုက်ရိုက်အရေးဆိုတဲ့ ပုံစံ၊ မတရားတဲ့ အာဏာတွေ ဥပဒေတွေကို ဖီဆန်တဲ့ ပုံစံမျိုးကို မူအားဖြင့် လက်မခံဘူး။ ဒီအချက်ဟာ အဓိက အချက်ပဲ။ အဲဒီ့အတွက်ကြောင့် ဒီလူတွေကို သူတို့နဲ့ မဆိုင်သလို သဘောထားနေတာ။ သူတို့အမြင်မှာ အန်အယ်လ်ဒီကို ဒီလူတွေနဲ့ တွဲမြင်နေတာ အန်အယ်လ်ဒီအတွက် အာဏာပိုင်တွေ ငြိုငြင်စရာဖြစ်မယ်လို့ တွက်နေတယ်။ အာဏာပိုင်တွေ မျက်မုန်းကျိုးအောင် မလုပ်မိဖို့ သတိထားနေရင်းနဲ့ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုရမယ့် အဖွဲ့အစည်းဟာ ပြည်သူ့ဆန္ဒကို မသိကျိုးကျွန်ပြုရုံမက ပြည်သူ့ဆန္ဒကို ဖော်ဆောင်တဲ့ အလုပ်တွေကိုပါ ကိုယ်နဲ့မဆိုင်ဘူးလို့ သဘောထားနေတယ်။

ဒေါ်နော်အုန်းလှရဲ့ လှုပ်ရှားမှုတွေကို အန်အယ်လ်ဒီက အဖွဲ့ချုပ် ဒုက္ခရောက်အောင် တမင်လုပ်နေတာ၊ ဒေါ်နော်အုန်းလှကို မယုံရဘူးဆိုပြီးတောင် သွားပုပ်လေလွင့် ပြောသေးတယ်။ ဒါ ကျနော်ကိုယ်တိုင် နားနဲ့ ကြားခဲ့ရတာ။ နောက်တခါ ခုအချိန်ဟာ အင်မတန်မှ သိမ်မွေ့တဲ့ အချိန်ကာလမို့ ဒေါ်အောင်ဆန်းစုကြည်က လူထုကို အကုန်ထုတ်မပြောသေးတာကို ဝေဖန်မစောသင့်ဘူးလို့ ပြောကြတယ်။ အမှန်က ခုလို အပြောင်းအလဲကို ဖော်ဆောင်နေတဲ့ကာလမှာ ခေါင်းဆောင်လုပ်သူအနေနဲ့ ပိုတောင်မှ ပွင့်လင်းထင်သာမှု ရှိသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအပြောင်းအလဲတွေရဲ့အကျိုးဆက် ဒါမှမဟုတ် ထိရောက်တဲ့ အပြောင်းအလဲ မရှိခြင်းရဲ့အကျိုးဆက်ကို ပြည်သူလူထုက အဓိက ရင်ဆိုင်ရမှာမို့လို့ပဲ။ အစိုးရ ချထားတဲ့ ခွင်ထဲမှာ ဝင်ကစားနေရတဲ့အချိန်မှာ အမှားအယွင်းကို ပြည်သူလူထုက အရင်ဆုံးခံရမှာ။ ဒါ့ကြောင့် အန်အယ်လ်ဒီက ဘာ့ကြောင့် ဝင်ကစားတယ်၊ ဘယ်လို ကစားမလဲ ဆိုတာ ပြည်သူလူထု ရှင်းရှင်းလင်းလင်း သိခွင့်ရှိတယ်။ တကယ်တော့ တရားဝင်ပါတီအဖြစ်နဲ့ ဆက်ရပ်တည်မှ ဖြစ်မယ်ဆိုတဲ့ အပြောက ဒေါ်အောင်ဆန်းစုကြည် အပြင်ထွက်လာပြီးမှ ကြားလာရတဲ့ စကားပါ။ ဘာလို့ဆို ဦးဝင်းတင်ကိုယ်တိုင်က နိုင်ငံရေးပါတီရယ် ဆိုပြီး ရှိမှ နိုင်ငံရေးလုပ်လို့ရတာ မဟုတ်ဘူးလို့ ပြောဖူးတယ်။

နောက်တခါ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကနေ ပြန်မလွတ်သေးခင် အန်အယ်လ်ဒီက ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ပြီး နောက်ပိုင်း အန်အယ်ဒီပါတီရဲ့ တရားဝင်ပါတီအဖြစ် ရပ်တည်မှုကို မေးခွန်းထုတ်လာကြချိန်မှာ သူတို့ရဲ့ ပြောခွင့်ရတာဝန်ခံ ဉီးဉာဏ်ဝင်းကိုယ်တိုင်က ပြည်သူလူထုရဲ့ရင်ထဲမှာ အန်အယ်လ်ဒီ ရှိတယ်ဆိုရင် အန်အယ်လ်ဒီပါတီဟာ ပျက်မသွားဘူး၊ ရှိနေတာပဲဆိုပြီး ပြည်ပမီဒီယာတခုနဲ့ မေးမြန်းခန်းမှာ ပြောခဲ့တယ်။ ဒီတော့ ပါတီရှိမှ နိုင်ငံရေးလုပ်နိုင်မယ် ဆိုတာထက် မှန်ကန်တဲ့ဘက်က ရပ်ပြီး အားနည်းသူ၊ အကာအကွယ်မဲ့သူ ပြည်သူလူထုအတွက် သူတို့ကိုယ်စား ဖိနှိပ်ချုပ်ချယ်သူကို ပြတ်ပြတ်သားသား ရင်ဆိုင်တဲ့နည်းနဲ့ နိုင်ငံရေးမီးကို မသေအောင် ဆက်ဖိုထားနိုင်တယ်ဆိုတဲ့ အယူအဆကို အန်အယ်လ်ဒီဟာ မှန်ကန်တဲ့နည်းအဖြစ် ဆုပ်ကိုင်ခဲ့ဖူးတာပဲ။

အန်အယ်လ်ဒီက တိကျရေရာမှုမရှိတဲ့ အပြောတွေကို ပြောနေတာကို ထိန်းကျောင်းဖို့ ပြည်သူလူထုမှာ တာဝန်ရှိတယ်။ ပြည်သူလူထုမှာ အဓိက တာဝန်အရှိဆုံးလို့တောင် ပြောရမယ်။ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုဟာ ကိုယ့်ကို ကိုယ်စားပြုမယ့်လူကို ကိုယ်က ပုံဖော်ရမယ့် တာဝန်ရှိတယ်။ ခေါင်းဆောင်လုပ်သူ ချပေးထားတဲ့ ပုံစံခွက်ထဲမှာ ကျေကျေနပ်နပ်နဲ့ မနေသင့်ဘူး။ ငါ့နောက်က လိုက်ခဲ့လို့ ပြောတာနဲ့ ကျေကျေနပ်နပ် လိုက်နေလို့ မရဘူး။ ကိုယ်နဲ့တကွ ကိုယ့်ပြည်သူလူထုကို ကိုယ်စားပြုမယ့် ပြည်သူ့ကိုယ်စားလှယ်ကို ဘာလုပ်လုပ် မျက်စိမှိတ်ထောက်ခံတာဟာ အချောင်သမားစိတ်ဓာတ်ပဲ။ လူမုန်းခံရဲရမယ်၊ မှန်တယ်ထင်ရင် ပြောရဲရမယ်။ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုဟာ အမိ၊ ပြည်သူလူထုဟာ အဖတဲ့။ သူတို့ကို ကိုယ်စားပြုမယ့် ခေါင်းဆောင်က သူတို့ရဲ့ ကျေးကျွန် အစေအပါး၊ သားသမီးပေါ့။ ဒီတော့ သားသမီး မကောင်း မိဘခေါင်း မဖြစ်ရအောင် ကိုယ့်သားသမီးနဲ့ တူတဲ့၊ ကိုယ့်ကို ကိုယ်စားပြုမယ့်လူကို လမ်းမှားမရောက်အောင် လမ်းညွှန်ရမယ့် တာဝန်ရှိတယ်။ ခေါင်းဆောင်လုပ်သူက ပေးနေတဲ့ ကတိတွေကို သူ့အနေနဲ့ တကယ်တည်နိုင်စွမ်းရှိမရှိကို တာဝန်သိတဲ့ ပြည်သူလူထုက သတ္တိရှိရှိ ထောက်ပြဝေဖန်သင့်တယ်။

ဒီတော့ ဘာတွေ ထောက်ပြဝေဖန်သင့်လဲ။ အခုလောလောဆယ်မှာ ဇေကမ္ဘာက မြေတွေ သိမ်းနေတဲ့ ကိစ္စ၊ တိုင်ရီ ဖိနပ်ချုပ်စက်ရုံက အလုပ်သမားတွေရဲ့ ဆန္ဒပြမှု၊ ဆရာတော် ဦးဂမ္ဘီရကို မတရား အနိုင်ကျင့်နေတဲ့ ကိစ္စတွေကို အန်အယ်လ်ဒီက အစိုးရကို အရေးဆိုပေးဖို့ တောင်းဆိုသင့်တယ်။ စုပေါင်းလက်မှတ်ထိုးပြီး အန်အယ်လ်ဒီကို သွားတင်ပြတာတွေ လုပ်သင့်တယ်။ အန်အယ်လ်ဒီကို ဒီနည်းနဲ့ နည်းလမ်းမှန်ပေါ် လျှောက်နိုင်အောင် ထိန်းကျောင်းသွားရမယ်။ ဒီလိုပြောတာဟာ ကျနော်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို ကနေ့ချိန်ထိ ပြည်သူလူထုရဲ့ဆန္ဒကို ဖော်ထုတ်ပေးနိုင်မယ့် အဖွဲ့အစည်းအဖြစ်နဲ့ မြင်နေသေးလို့ပဲ။ အန်အယ်လ်ဒီကသာ ပြောခဲ့တဲ့ ကိစ္စတွေကို လူသိရှင်ကြား တခုခု စပြောလိုက်ပြီဆိုရင် အန်အယ်လ်ဒီကို သံသယရှိနေသူတွေရဲ့ ယုံကြည်မှုဟာ တက်လာမှာပဲ။

ပြည်သူလူထုမှာ အင်အားမရှိဘူးလို့ တချို့က ထင်နေကြတာ တကယ်တော့ မှားတယ်။ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်အစိုးရမှ လူထုထောက်ခံမှုမရှိဘဲ မရပ်တည်နိုင်ဘူး၊ နိုင်ငံရေးမလုပ်နိုင်ဘူး။ ဖျာပုံတရားပွဲမှာ အန်အယ်လ်ဒီကို ရွေးကောက်ပွဲဝင်မှာကို ဝေဖန်သူတွေကို ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်ပြောလာတာကိုက ဒီဝေဖန်မှုတွေရဲ့အရှိန်ကို သူသတိပြုမိလို့ ပြောလာရတာပဲ။ ဒီတော့ ခုပြောခဲ့တဲ့ နည်းတွေနဲ့ ပြည်သူလူထုဟာ သူတို့ကို ကိုယ်စားပြုမယ့် အဖွဲ့အစည်းကို ကိုယ်လိုချင်တဲ့လမ်းကြောင်းအတိုင်း လျှောက်အောင် ထိန်းကျောင်းသွားနိုင်တယ်ဆိုတာ ပြရမယ်။ ပြည်သူလူထုတရပ်လုံးမှာ တာဝန်ရှိတယ်။

(ဒီဆောင်းပါးကို မတင်ခင် ဝေဖန်ထောက်ပြ အကြံပေးသူအားလုံးကို ကျေးဇူးပါ။)

ဝတုတ်
(Ko Watote's Facebook မှ ...)

38 comments:

Anonymous said...

ကိုဝတုတ်....ဆိုတဲ့...လူမုန်းမှာမကြောက်ဘူးဆိုတဲ့....ဆရာ့....ဆရာ...ဆရာကြီးရေ...


နံမည်ရင်းသုံးရေးပါလားဗျ...

ခင်ဗျား...ကျွန်တော်တို့တွေစောက်ရူးဟုတ်ဘူး...


ပြောချင်တာကို...တိုက်ရိုက်စာပို့တယ်ဗျ.....

ခင်ဗျားလို...ဆရာကြီးလို...လို

တတ်သိပညာရှင်လိုလို...

နောက်ကွယ်ကနေ...အကြောင်းတစုံတခုအတွက်လိုလို...

ေ၇းနေတာက....ကျွမ်တော်တို့ကိုစော်ကားနေတာ

ဆရာ့...ဆရာ...ဆရာကြီး ကိုတတ်ပေ၇...

ယိုသူမရှက်...မြင်သူရှက်.....

kotawmyo2982@ezweb.ne.jp said...

ကိုဝတုဆိုတဲ့ဆရာ့ဆရာဆရာကြီးရေ. ပြောဖို့မေ့နေတယ်. စက်ရုံလုပ်သားတွေအတွက်. ရေနဲ့အစားအစာတွေလိုအပ်နေတယ်တဲ့. ဒါမျိုးနိဗာန်စော်တာကုသိုလ်ရတယ်ဗျ. ကိုယ်တိုင်လည်းလှူပေါ့ဗျ. ကျွန်တော်လည်းလှူမယ်. ခင်ဗျားလည်း. ဆရာကြီးလုပ်ဖို့ကြီမစဉ်းစေနေတဲ့. အရေးကိုရှော့ပြီးတော့. လက်ကအိပ်ထောင်ဆီကိုသွားအုန်းဗျ. တစ်ယောက်ထဲ လွှတ်တွယ်မနေနဲ့အုန်း. အမည်ဝတုတ်နဲ့. လူပိဿာဖြစ်နေမှာဆိုးလို့ဗျ.

lazybiz said...

Teh kaung de, wahtoke, set loh ba, aa pay nay mey.

soe88 said...

ဒေါ်စုကို ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါဆိုပြီး ပြောပြောနေတဲ့ ခင်ဗျာတို့လို့ဆရာကြီးတွေစုပြီး ပါတီတခုထောင် ပြည်တွင်းနိင်ငံရေး လုပ်ကြပါလာဗျာ..ဒီတော့မှ ခင်ဗျာတို့လုပ်ချင်တာလဲ လုပ်လို့ရမယ် ကျုပ်တို့လဲ မျက်စိနောက် နားနောက်သက်သာမယ်..ပြောသာပြောရတယ် ခင်ဗျာတို့တွေရဲ့ ဆရာကြီးလုပ်တဲ့သောက်ကျင့်ကိုတော့ ပြင်မယ်မထင်ပါဘူး..

Real Thakhin said...

လက်ညှိုးများ
ဟော့ တချောင်း နှစ်ချောင်း
သုံးလေးချောင်းတောင် မကဘူး
ထုနဲ့ ထည်နဲ့ 
ဝိုင်းဝန်းထိုးနှက် ကဲ့ ရဲ့ ရှုံ့ချ
လှောင်ပြောင်သရော် အမေစုရဲ့
ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ယုံကြည်ရပ်တည်မှု အပေါ် ….။
ပြည်တွင်း ပြည်ပ အုပ်စုဖွဲ့ ကြ
ချောင်းမြာင်း တိုက်ခိုက် ဂိုဏ်းစတားများ စရိုက်
နိုင်ငံရေး အရှိုက်ကို ထိုးနှက်ကြ
ယိုသူ မရှက် မြင်သူ ရှက်ရ
ဟီရိသြတ္တပ္ပတရား
ခေတ်မစားတော့တာ အသေအခြာ …။
ရိုင်းစိုင်းတဲ့ တုံ့ ပြန်မှုများ
မှောက်မှားတဲ့ တွေးခေါ်မှုများ
အမှောင်ကို ခွင်းဘို့ ကြိုးစားကြတာပါပဲ
ကိုယ်တိုင်က အလင်းပျောက်နေမှတော့
အနားက နဂါးတအုပ်နဲ့ ကျားတအုပ်ရဲ့ အစာ
အယူတိမ်းလို့  နတ်စိမ်းဖြစ်သွားကြမှာ …။
အကျပ်အတည်းများ အကြား
ဒီလိုပဲ ရပ်နေကြတော့မှာလား
ဒီလိုပဲ ပြစ်တင် ပျက်ရယ်ပြုနေကြတော့မှာလား
အမှားနဲ့ အမှန် ခွဲခြား
မှန်တယ်ထင်ရင် ပုခုံးနဲ့ ထမ်းတင်လိုက်ကြ
သေချာတာ တခု ရှိတယ်
သံသာလေ ကမ်းတိုင်ဆိုတာ ပြိုင်တူ ကူးနိုင်မှ …။
ရဲရင့်သက်ဇွဲ
၂၉၁၁၂၀၁၁ မနက် ၂း၂၇

Real Thakhin said...

လက်ညှိုးများ
ဟော့ တချောင်း နှစ်ချောင်း
သုံးလေးချောင်းတောင် မကဘူး
ထုနဲ့ ထည်နဲ့ 
ဝိုင်းဝန်းထိုးနှက် ကဲ့ ရဲ့ ရှုံ့ချ
လှောင်ပြောင်သရော် အမေစုရဲ့
ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ယုံကြည်ရပ်တည်မှု အပေါ် ….။
ပြည်တွင်း ပြည်ပ အုပ်စုဖွဲ့ ကြ
ချောင်းမြာင်း တိုက်ခိုက် ဂိုဏ်းစတားများ စရိုက်
နိုင်ငံရေး အရှိုက်ကို ထိုးနှက်ကြ
ယိုသူ မရှက် မြင်သူ ရှက်ရ
ဟီရိသြတ္တပ္ပတရား
ခေတ်မစားတော့တာ အသေအခြာ …။
ရိုင်းစိုင်းတဲ့ တုံ့ ပြန်မှုများ
မှောက်မှားတဲ့ တွေးခေါ်မှုများ
အမှောင်ကို ခွင်းဘို့ ကြိုးစားကြတာပါပဲ
ကိုယ်တိုင်က အလင်းပျောက်နေမှတော့
အနားက နဂါးတအုပ်နဲ့ ကျားတအုပ်ရဲ့ အစာ
အယူတိမ်းလို့  နတ်စိမ်းဖြစ်သွားကြမှာ …။
အကျပ်အတည်းများ အကြား
ဒီလိုပဲ ရပ်နေကြတော့မှာလား
ဒီလိုပဲ ပြစ်တင် ပျက်ရယ်ပြုနေကြတော့မှာလား
အမှားနဲ့ အမှန် ခွဲခြား
မှန်တယ်ထင်ရင် ပုခုံးနဲ့ ထမ်းတင်လိုက်ကြ
သေချာတာ တခု ရှိတယ်
သံသာလေ ကမ်းတိုင်ဆိုတာ ပြိုင်တူ ကူးနိုင်မှ …။
ရဲရင့်သက်ဇွဲ
၂၉၁၁၂၀၁၁ မနက် ၂း၂၇

ko naung said...

saut shat ma shi tae a kaung

soson said...

Hello ,
Are you study or not? I fell that your talk only. Please go n study a bit more ok.


Best Regards,
Mr zaw Lay

ဗိုလ်ချုပ်မူးကြီသန်းရွှေ said...

အားလုံးသော ဝေဖန်ချက်တွေမှာ ကောင်းတဲ့ အရေးသားတွေပါသလို တချို့ အရာတွေက ကိုယ်ကိုယ်တိုင်လည်းအစွမ်းစ ရှိရှိနဲ့ မလုပ်နိုင်ဘဲနဲ့  ပြည်သူအတွက် လက်ရှိအလုပ်လုပ်ပြီး သူတို့ တတ်နိုင်တဲ့ ဘက်ကနေ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြချိန်မှာ ကိုယ်ကတစ်ပြားတစ်ကျပ်ဖိုးမှ မကူညီနိုင်ပဲ ဘေးအတင်းဝေ ဖန်ထိုင်ပြောသူတွေကို ကျွန်တော်နည်းနည်းလောက်အကြံပေးပါရစေ၊ အကယ်ရွေ့ များ အခု အစိုးရနဲ့ ဆန့် ကျင်ပြီးပြည်သူ့ အတွက်ကိုကြိုးပမ်းလုပ်ပေးနေတဲ့ လူတွေအစား ဘေးအတင်းပြောတတ်တဲ့ ခင်ဗျားတို့ နဲနဲလောက်စိတ်ကူးနဲ့ ဝင်ပြီးတော့ လုပ်ကြည့် စေချင်တယ်၊၊အဲဒီသူတို့ လိုများလုပ်နိုင်ရဲ့ လာပေါ့  ဗျာ၊၊ ခင်ဗျားတို့ သမတဖြစ်ရင်ရော ပြည်သူအတွက်အကောင်းဆုံးလုပ်ပေးနိုင်မှာလား၊ အတင်းပြောတဲ့ ဝေဖန်မှု့ ကွန့် မန့် တွေ မရှိနိုင်ဘူးလို့ ယူဆထားလား၊ အခုအစိုးရရဲ့ လုပ်ဆောင်ချက် တွေကို ခင်ဗျားတို့ ရောကြိုက်နေလို့ လား ၊ပြည်သူတွေလည်းသိပါတယ် မကောင်းဘူးကောင်းတယ်ဆိုတာ၊၊ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ သူမှာလိုအပ်နေတဲ့ အချက်တစ်ခုက အခုလက်ရှိအစိုးရက သူ့ ကို ရွေကောက်ပွဲအတွက် ဝင်ပြိုင်ဖို့ အမတ်လောင်းနေရာကို အခုချိန်ထိ အတည်ပြုမပေးသေးပါဘူး၊ ကျန်တဲ့ ဒေါ်စုရဲ့ လုပ်ဆောင်ချက်တွေကိုတော့ ကောင်းတာဆိုးတာ ဘာမှမဝေဖန်လိုပါလိုပါဘူး အများသိထားတဲ့ အတိုင်းပါပဲ၊၊ အကယ်ရွေ့ များဒေါ်စုနေရာမှာ အခုပြည်တွင်းပြည်ပမှာရှိတဲ့ တခြားသောအတိုက်ခံ အဖွဲ့ စည်းတွေက ရွေးကောက်ပွဲတွေကို ဝင်ပြိုင်ခဲ့ လို့ (ကိုလွမ်းဆွေ၊ကိုမိုးသီးဇွန်၊ ကိုသုဝေ၊ကိုစိန်ဝင်း....)အစရှိတဲ့ အတိုက်ခံတွေကရော အနိုင်ရခဲ့ ရင် ပြည်သူအတွက်ဘာများလုပ်ပေးနိုင်မှာလဲ၊၊ အစိုးရကို ဘယ်လိုနည်းလမ်းနဲ့ ဖြုတ်ချနိုင်မှာလဲ ဆိုတာ စဉ်စားကြပါ၊၊၊၊

soson said...

Hello ,
Are you study or not? I fell that your talk only. Please go n study a bit more ok.


Best Regards,
Mr zaw Lay

ဗိုလ်ချုပ်မူးကြီသန်းရွှေ said...

ဘေးအတင်းပြောမယ်အစား တကယ်အလုပ်လုပ်ကြပါ၊၊အခုမြန်မာပြည်မာဒီမိုကရေစီအတွက် အလုပ်လုပ်ကြိုးပမ်နေကြတဲ့ သူအားလုံးကို အမြဲအားပေးနေပါတယ်ဗျာ

Anonymous said...

Get Lost Nga Wa Toke,
U thought our Myanmar people r stupid? We support deeply DASSK bcoz she is doing many good things for us. Same like that, we will support whoever if they do for us.We r not blind and can see many things not like u.Shameless and just shut up ur mouth.

Anonymous said...

Dun be jealous for how Myanmar people support their beloved mother.We know who is good and who is bad, example u and Zaw win(88 old student),for us.
We r not stupid like u.

Neo said...

သတင်းတွေ အကုန်လျှောက်မဖတ်နိုင်သေးလို့ အကျဉ်းချုပ်လေးတွေ မြည်းချင်လို့ ခင်ဗျားဘလော့ဂ်ကို ဝင်တာဒေါက်တာရေ။ အခန့်မသင့်တဲ့အခါ ဒီလို အရည်မရအဖတ်မရ ဆောင်းပါးတွေကို မျက်လုံးရောက်မိတာကိုက ကျွန်တော်မှားတာပါဗျာ။ ခင်ဗျားတို့ လေအိုးအုပ်စုတွေလည်း ဒုက္ခပါပဲဗျာ။ အရည်အချင်း မရှိဘဲ ဆရာကြီးလေသံနဲ့ လက်ချာပေးချင်တဲ့ အကျင့်ဆိုးတွေ မရှိသင့်တော့ဘူး ထင်တယ်ဗျာ။ ထင်ရာမြင်ရာတွေ ရေးနေကြတော့တာပဲ။ "အန်အယ်လ်ဒီကို လမ်းကြောင်းမှန်ပေါ် တွန်းတင်ဖို့ ပြည်သူလူထုမှာ တာဝန်ရှိတယ်" တဲ့။ ကြီးကြီးကျယ်ကျယ်ဗျာ။ ခင်ဗျားတို့ တာဝန်လေးလည်း သိပါရစေ။ Comment တွေကို ကြည့်ပြီး ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောသရွေ့ ပြည်သူတွေက ပုဂ္ဂိုလ်ရေးကြည်ညိုမှုနဲ့ ထောက်ခံနေကြတာ၊ ငါတို့ကမှ နိုင်ငံရေးကို တကယ်နားလည်တာ၊ ပြည်သူတွေအားလုံး မတွေးတတ် မခေါ်တတ်လေးတွေ၊ သနားစရာလေးတွေ၊ ငါတို့လို ပညာရှိကြီးတွေက ပြောပြမှလို့ ထင်နေရင်လည်း ဆက်သာရေးပေတော့ဗျာ။ ဘာပဲဖြစ်ဖြစ် အရယ်ရသားပဲ။ ပေါတောတောနဲ့…

ှဲKaung said...

ထမိန်ချုံထဲက လက်သီးပြမနေနဲ့ ။ ခင်ဗျားပြောတဲ့ ပြည်သူထဲမှာ ကျုပ်တို့ မပါဘူး။ ပြည်သူ့ သဘောထား ဘယ်လို ဆိုတာ ခင်ဗျား မျက်စိ မကန်းနေရင် တွေ့ လိမ့်မယ်။
ဘေးထိုင်ဘုပြော။
အလုပ်မရှိသောက်ပြစ်ရှာ

မြေသန့်တောင် said...

ဟိုလူ့မှာတာဝန်ရှိတယ် ဒီလူ့မှာတာဝန်ရှိတယ် တာဝန်မယူပဲ တာဝန်လွှဲတဲ့ ငနဲတွေကို အရွံဆုံးပဲ။

Anonymous said...

Very Clear ! I know Daw Su but I don't know "Wa Toke" ! U from where? No brave? Think Urself first why u daren't show ur real name. So how can we trust all ur posts? Think Urself first, crazy guy!!!!

ဗိုလ်ချုပ်မူးကြီသန်းရွှေ said...

Dr lun swe ရန်တိုက်ပေးနေတာလားဗျာ၊၊၊

-_- said...

ဒေါ်စု အမာခံတွေက မလွယ်ပါလား။ဘာလုပ်လုပ် ဒေါ်စုမှန်တယ်။ ဒေါ်စုကောင်းတယ်။သူ့တို့ အဖေနဲ့ ယူရင်တောင် မွေးမအေဘက်က မနာဘဲ ဒေါ်စုကို မိထွေးတော်ရတော့မယ်ဆိုပြီး ပျော်နေကြမဲ့ ကောင်စားမျိုးတွေ။ ( အဲဒီ သူတော်ကောင်းအန်တီကြီးကို မှားမှားမှန်မှန် မထောက်ပြကြပါနဲ့တော့ဗျို့ ။ နောက်ဆုံးမှ အလဲလဲ အကွဲကွဲ ဖြစ်ရင် သူ့ အမာခံတွေ ဘယ်လိုပြောမလဲ ကြားချင်စမ်းပါဘိ)

mgleekyee said...

အပေါ်က လူကြီးမင်း ခင်ဗျား သမတ ဝင်လုပ်လိုက်ဗျာ၊ (အဲဒါမှတိုင်းပြည်မြန်မြန်ပျက်သွားမှာလေ)ခင်ဗျာလိုလူမျိုးတွေ ကျုပ်တို့ အခုလက်ရှိအစိုးရမှာအရမ်းလိုအပ်နေတာ၊၊၊ ခင်ဗျားကို ကောင်းတဲ့ အကြံပေးတာနော်၊၊ ကျနော်က ခင်ဗျာလို အဆဲ နဲ့ မတုံ့ ပြန်တတ်ဘူး၊၊၊၊

Unknown said...

အိမ်အမိုးကို ဖာဖို့  ကြိုးစားနေချိန်မှာ ဖက်ကမ်းပေးရမယ်၊ နှီးကမ်းပေးရမယ်၊ မိုးယိုလို့  ကျတဲ့ ကြမ်းခင်းပေါ်ကရေကို ခြောက်အောင်သုတ်ပေးရမယ်၊ အဲလို စိတ်ထားတွေ မမွေးနိုင်ဘဲ အသားလွတ်ကြီး ဘေးကနေ ကြောင်တောင်တောင် ရူးသလိုနဲ့  အားလုံးသိဆရာကြီး စတိုင်နဲ့  ... အကုသိုလ်တွေပဲ ရတယ်။ သန်းနဲ့  ချီတဲ့ လူတွေရဲ့  ယုံကြည်မှုကို ရတဲ့ ခေါင်းဆောင်တစ်ယောက် ဆိုတာ တွေ့ တာ လျှောက်ပြော၊ တွေ့ တာ လျှောက်လုပ်၊ အဲလိုနဲ့  ရလာတာ မဟုတ်ဘူး။ နားဝေးပုံ ရပါတယ်။

mgleekyee said...

အကယ်ရွေ့ ပြည်ပမှာဆိုရင်လည်း (ကိုလွမ်းဆွေ၊ ကိုစိန်ဝင်း၊ကိုသုဝေတို့ နဲ့ ပေါင်းပြီး ကိုယ့် နိုင်ငံမှာ သမတ လာလုပ်ကြလေ၊၊ပြည်ပကနေ ဘေးမပြောရဘူးဗျ၊၊

win said...

မောင်ဝတုတ်
ဒါမျိုးတွေရေးနေတာ ရှက်တတ်ရင် စတီးဇွန်းထဲ ရေထည့်ပြီး နှာခေါင်းနှစ် သေဘို့ကောင်းပါတယ်။
မောင်လွမ်းဆွေရော မရှက်ဘူးလား။
ဒါမျိုးတွေ ကိုယ့်ဘလော့ဂ် ပေါ်တင်ထားတာ။ ကိုယ့်အိမ်ရှေ့ အရူးမ ချီးလာယိုထားရင်တောင် နှာခေါင်းပိတ်
မျက်နှာလွှဲပြီး ကြူံးပစ်ရသေးတာ။ အခု ခင်ဗျားကြီးက အရူးမကို ကိုယ်တိုင်ပင့်ပြီး ကိုယ့်အိမ်ရှေ့ချီးယိုခိုင်း၊ အနံ့လေးရှူပြီး ကြည့်ကောင်းလို့ ထိုင်ကြည့်နေတဲ့ ပုံပေါက်နေပါလား။ စားချင်စိတ်
ပါပေါက်လာရင်တော့ ခင်ဗျား ......ဘာဖြစ်တော့မယ်ဆိုတာ ကိုယ့်ဘာသာစဉ်းစားတတ်ရဲ့မဟုတ်လား။
ပြောပြရဦးမလား။

Ah Wee said...

soe88 said...
ဒေါ်စုကို ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါဆိုပြီး ပြောပြောနေတဲ့ ခင်ဗျာတို့လို့ဆရာကြီးတွေစုပြီး ပါတီတခုထောင် ပြည်တွင်းနိင်ငံရေး လုပ်ကြပါလာဗျာ..ဒီတော့မှ ခင်ဗျာတို့လုပ်ချင်တာလဲ လုပ်လို့ရမယ် ကျုပ်တို့လဲ မျက်စိနောက် နားနောက်သက်သာမယ်..ပြောသာပြောရတယ် ခင်ဗျာတို့တွေရဲ့ ဆရာကြီးလုပ်တဲ့သောက်ကျင့်ကိုတော့ ပြင်မယ်မထင်ပါဘူး..

နန္ဒ said...

ဘာမှ ရှည်ရှည်ဝေးဝေးတွေ ပြော မနေနဲ့ မင်းမှာ ဗျူဟာကောင်းတွေ ရှိတယ်ဆို လုပ်လိုက်လေ ကြာသလားလို့။

taw thar gyi said...

ရှင်းရှင်းလေ....၀တုတ်..မကျေနပ်ရင်မင်းဝင်ပြိုင်...
မင်းလုပ်ရပ်နဲ့..မင်းစကားမှန်ရင်..ပြည်သူတွေကိုရအောင်
စည်းရုံးပေါ့..မင်းမှာအရည်အချင်းရှိရင်..မင်းလုပ်ချင်တာ
ကိုလုပ်လို့၇တယ်..မင်းပြောသလိုက..ပြည်တွေက..အ အတွေဘာမှမသိတဲ့လူတုံးတွေလိုပြောနေသလိုပဲ...မင်း
ဝင်ပြိုင်လိုက်လေ..ပြည်တွေက..ငတုံးတွေ..ဘာတွေ
လာသိချင်ရင်..သောက်ရူး..

Thu said...

ကွန်မြူနစ်တွေ ဆင်စွယ်ရွာ လူသတ်ပွဲဆိုတာ ဘာဟုတ်သေးလဲ။ ဂျပန်ခေတ်တုန်းက မှောလမြိုင် ကုလားကုန်းရွာ မဟာမိတ်လေထီးစစ်သားတွေကို အကူအညီပေးလို့ဆိုပြီး ၈ ဇူလိုင် ၁၉၄၅ မှာ အစုလိုက်အပြုံလိုက် အသတ်ခံရတာက ပိုဆိုးတာပော့။ အဲဒီရွာမှာ အိမ်ခြေ ၁၃၀ နဲ့ လူဦးရေ ၇၀၀ လောက် ရှိသတဲ့။ ၆၃၇ ဦး သတ်ဖြတ် မီးရှို့ ခံရတယ်။ အမိန့်ပေးတဲ့သူက ဗိုလ်မှူး အိချိကာဝ၊ အကောင်အထည် ဖှောတဲ့သူက ဗိုလ်ကြီးဆကာမာကိ။
Ko Watote (Thuyein Kyaw Zaw),
Please answer the question who was BIA commander cooperated with those facists that case was more worse than Northern AB in 1992.
We do not want to see such of miserable case in future Myanmar history, be understand on national reconciliation and collaborated synergy.

skyworld said...

"ကြံ့ဖွံ့အမတ်တယောက်တလေက ချွန်ပြီး ဆန့်ကျင်ဘက်မဲ ပေးရင် အဲဒီကြံ့ဖွံ့အမတ်ကို သူ့ပါတီ စည်းကမ်းထိန်းသိမ်းရေးမှူးက သတိပေးတန် သတိပေးပြီး နောက်ဆုံး တခြားတယောက်ယောက်နဲ့ အစားထိုးပစ်တဲ့ထိ လုပ်မှာပဲ။"
ဝန်ထမ်းတွေမှ မဟုတ်တာ ပြည်သူတင်တဲ့ အမတ်တွေ
ဆို အဲလိုလူစားလဲလို့ ရလို့ လား..? နောက်တစ်ခါရွေး
ရင် မင်းကိုပြိုင်ခွင့်မပေးတော့ဘူး တို့ ပါတီဝင်အဖြစ်
က ထုပ်ပယ်တယ် အဲလိုတော့ ရမယ်ထင်ပါတယ်။
ကျနော်ပြောနေတာက လူ့ အခွင့်ရေးကိုပြောနေတာ
နော်။ မဲပေးတာကတော့ လွှတ်တော်ထဲမှာ ကိုယ်ပေး
ချင်တာပေးလို့ ရပါတယ်။ဒါကိုယ်ပိုင်အခွင့်ရေးလေ ။
အဲလောက်မှ မသိတဲ့ လွှတ်တော်အမတ်ဆိုရင် အဲဒီ
အမတ်က လွှတ်တော်လေးတယ် နှုတ်သာလွက်လိုက်
ပါတော့ .....

Khine Yae Htat said...

I am with you , Ko Wa Toke. I very much agreed with what you have mentioned in your grand article.

Anonymous said...

လွတ်လပ်စွာဝေဖန်ပိုင်ခွင့်ရှိတယ်လေ. NLD ကိုလာမထိနဲ့ဆိုတာမျိုးကတော့ ဒီမိုကရေစီမဆန်ဘူးထင်တယ်..ကျနော် ဒီလိုပြောလို့ ဆဲခြင်သပဆိုလဲပြသနာမရှိပါဘူး.. ဘယ်လိုအဆင့်အတန်း တွေကမိုက်မိုက် ရိုင်းရိုင်းတုန့်ပြန်မယ် ဘယ်လိုလူတွေက မိကောင်းဖခင်သားသမီးပီသမယ်ဆိုတာကတော့ အဲဒီလူတွေရဲ့ မိဘတွေရဲ့သွန်သင်မှု့၊သူကြီးပြင်းရတဲ့ အသိုင်းအ၀န်းနဲ့ ပညာဘယ်လောက်တတ်မတတ် ဆိုတာ ပေါ်မှာပဲမူတည်ပါတယ်။ အန်တီစုကို ကျနော် လေးစားပါတယ်. ဗမာနိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်တဲ့သူတစ်ဦးဆိုတာငြင်းစရာမရှိပါ။ ဒါပေမယ်.အန်တီစုအပါအ၀င် NLD ကလူများဟာ အမှားကင်းတဲ့ ခြောက်ပြစ်ကင်းသဲလဲစင်တွေမဟုတ် တာဘယ်သူမှငြင်းလို့မရပါဘူး။ အဲတော့ ပုဂိုလ်ရေး တိုက်ခိုက်တာမဟုတ်တဲ့ဝေဖန်မှု့မျိုးကတော့ လက်မခံ နိုင်စရာမရှိဘူးလို့ထင်ပါတယ်..အန်တီစုကိုလေးစား တယ် အားကိုးတယ် ဒါပေမယ့် မကိုးကွယ်ဘူးဗျာ။ အဲတော့ ကိုးကွယ်နေသူများကိုလည်းတောင်းပန်ပါ တယ်.
ငါနဲ့အမြင်မတူတိုင်း NLDကိုဝေဖန်သူတိုင်း ကိုရန်သူလိုဆက်ဆံနေတာကတော့
အောက်တန်းကျတယ်လို့
ကျနော်ဝေဖန်ချင်တယ်။
ကျနော်တို့ပြည်တွင်းမှာ Critical thinking လို့ခေါ်တဲ့ ဆန်းစစ်ဝေဖန်တွေးခေါ်မှု့အားနည်းတယ် ဘာလို့လဲဆိုတာ့ စစ်အစိုးရကအားလုံးကိုမျက်စိပိတ် နားပိတ်လုပ်ထားခဲ့တာနှစ်ပေါင်းများစွာပဲ.အခုဒီ Post ဖတ်လိုက်တာ ရေးတဲ့သူက သူမြင်တဲ့အမြင် အရလွတ်လပ်စွာရေးတာကိုအချက်အလက်နဲ့ တုန့်ပြန် ဆွေးနွေးကြရင် ထိုင်ဆဲနေတာထက်ပို အကျိုးရှိမယ်လို့ထင်ပါတယ်။ ကဲ ကျနော်ကတော့ မြင်တာကိုရေးလို့ပြီးပြီ.ဘယ်လိုပုံစံနဲ့ တုံ့ပြန်မလဲဆိုတာကတော့ တုန့်ပြန်သူရဲ့ အဆင့်အတန်းပေါ်မှာပဲမူတည်ပါတယ်.

win said...

Htaik
ခင်ဗျားတော့ မပြောတော့ပါဘူးဗျာ။ တစ်ခုတော့ သတိပေးရသေးတာပ။ ခြံစည်းရိုးအလည်မှာ ခွထိုင်ချင်ရင်
သေချာလည်းကိုင်ထားဦး။

Khin said...

ကြည့်နေ။ ခနနေရင် ကိုပေါရဲ့ဘလော့မှာ ဒီပို့စ်ကို တင်လိမ့်ဦးမယ်။

na gar said...

ကျွှန်တော်တို့ က ဗုဒ္ဓဘာသာတွေလေ.............ဘုရားရှင်ကိုတော်တိုင်သူကို ကိုးကွယ်ပါလို့  မဟောခဲ့ ပါဘူး..........အသိဥာဏ်ရှိတဲ့လူတွေ ဦးနှောက်ရှိတဲ့ လူတွေ အမှန်တရားကို ခွဲခြားသိတဲ့လူတွေကဘဲ ဘုရားရှင်ကို ကိုးကွယ်စီးကပ် ကြတာပါ....ကျွှန်တော်ကတော့ အမေစုကို အကြွင်းမဲ့ ယုံကြည်ပါတယ်.........ဘာကြောင့်ယုံကြည်လဲဆိုတော့ ကျွှန်တော်တို့ က ဗုဒ္ဓဘာသာတွေလေ.....ကျွှန်တော်ပြောတာကို အားလုံးသဘောပေါက်မှာပါ......

five O two said...

U giving instruction to People, What u can able to do for Our People? This is the good way to step forward without any violence, so we all accept. So what is ur idea? u want people go on to road and shouting and asking for democracy? Dammn stupid! U dont have anything to say? now mention about TI Yee shoe factory case and U Gambiya case? So funny! ha ha ha... u all scare our country become peaceful? U worrying doner will cut donation to u all? si pai, lan kyauk WA Toat!

yoo said...

ဝတုတ်..တို့ ကတော့ကွာ....

အန်အယ်လ်ဒီကို လမ်းကြောင်းမှန်ပေါ် တွန်းတင်ဖို့ ပြည်သူလူထုမှာ တာဝန်ရှိတယ်..တယ်တဲ့။

ဒေါ်စုက အန်အယ်လ်ဒီကို သူ့ ဖာသာ
နိုင်ဂန်ဂျား က လူကြီးမင်းအပေါင်းနဲ့ နှစ်ကိုယ်ကြား
တွေ့ ဆုံ ပုံဖော် နေတာ သိသားနဲ့ ..။

ဝတုတ်..မပြောနဲ့ အုန်း...။
ဘကြီးနှစ်ယောက်တောင်..
တဆင့်ပြန်ပြောမှသိရတဲ့ ဘ၀..။

ဒေါ်စု ခေါင်မိုး ဖာတာ...
တစ်ယောက်တစ်လက် ၀ိုင်းကူပါ ပြောတဲ့သူကလဲပြော။

ဟိုက...
ခေါင်မိုး လုံတော့မှာပါ...လုံတော့မှာပါ..လို့ ပဲ
နိုင်ဂန်ဂျားသားကြီးတွေနဲ့ ထွက်ထွက်ပြောတာ....။

ခေါင်မိုးပေါက်တွေကို...
ဘယ်..ဘယ်.. ဘယ်နေရာတွေကို...
ဘာ..ဘာ.. ဘာနဲ့ ..
ဘယ်..ဘယ်..ဘယ်လိုဖာမယ်...ဆိုတာတွေကို..
အပေါ်ကပြောနေလို့ လား..။

အောက်က ဒီမိုအပေါင်းကလဲ...
ဘာ..ဘာ..ဘာမှ မသိပဲ...
ဘယ်..ဘယ်လို..ကူကြရအောင်ဟေ့..တဲ့။
ဘယ် ဘယ်လို တည့် မတ်ပေးကြရအောင်ဟေ့..တဲ့။
နှီး လက်ကမ်းမဲ့သူနဲ့ ..။
ပွေးညှပ် ကမ်းပေးမဲ့သူနဲ့ ..။

အင်း..ဒုက္ခ ပါပဲ ပြောရမလို ဖြစ်နေပြီ...။
ပြောတာ..နားထောင်။
ခိုင်းတာ..လုပ်။
ဘာ..ဘာ..ဘာပဲ လုပ်လုပ်..
အ..အသကုန်..၀န်းရံကြ။

ှဲKaung said...

အဲဒီ ငပေါက ပို့ စ်ကိုတင်မယ်။ ပြီးရင် သူ့ ကို ထောက်ခံတဲ့ comment ပဲ တင်ရဲ တဲ့ "မပေါ" ဖြစ်သွားပြီ။

zaw moe than said...

ကိုယ်ဝတုတ် ခင်ဗျာ ..
အခုဘာအလုပ်အကိုင်လုပ်ပြီး ဘယ်လိုစားသောက်နေထိုင်နေပါသလဲ..၊ ကိုယ်ဘာလဲဆိုတာ ကိုယ့်ကိုကိုယ်သိဖို့တော့လိုတယ်ဗျ၊ ဒါဆိုရင် ခင်ဗျားကိုတိုင် အန်အယ်လ်ဒီကို လမ်းကြောင်းမှန်ပေါ်တွန်းတင်ဖို့ ရှေ့ကဦးဆောင်ပြီးလုပ်လိုက်ပါလား

Phoenix said...

ဒီဆဲနေတဲ့သူတွေက မြင်းစီးလို့အထီးမှန်း အမမှန်းမသိ
တဲ့သူတွေဘဲ။ထောင်လှမ်းရေးကပိုက်ဆံပေးပြီးဆဲခိုင်းထား
တဲ့လူတွေဖြစ်ဖို့များတယ်။တယောက်ထဲကနေအကောင့်အ
မျိုးမျိုးနဲ့ဒိုင်ခံဆဲရင် သူဌေးဖြစ်ပြီဘဲ။