Sunday, January 1, 2012

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကျင်းပပြုလုပ်တဲ့ နှစ်သစ်ကူးပွဲတော်ကို မြန်မာတိုင်းရင်သားတွေ တက်ရောက်ဆင်နွှဲ

ဓာတ်ပုံသတင်း - ရွှေသိုက်တော (ဇန်န၀ါရီ ၁ ရက်၊ ၂၀၁၂)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရဲ့ ထာ့စိုင်လို့ဝပ်မြူနီစပါယ် (မယ်တော်) အပိုင်မှာ ဒေသတွင်း ခရီးသွားလုပ်ငန်း တိုးမြှင့်ဖို့နဲ့ ထိုင်း-မြန်မာချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ နှစ်သစ်ကူးပွဲတော်ကို ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ဖိတ်ကြားချက်အရ မဲဆောက်ရောက် မြန်မာတိုင်းရင်းသားတွေလည်း နှစ်သစ်ကူးပွဲတော်ကို တက်ရောက်ဆင်နွှဲခဲ့ကြပြီး သက်ဆိုင်ရာ လူမျိုးများအလိုက် ယဉ်ကျေးမှုအကတွေနဲ့ တင်ဆက်ခဲ့ကြပါတယ်။



No comments: