Justice and Truth Regarding on Spy Case
ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရား သတ်ဖြတ်ခံခဲ့ရသည့်အမှုနှင့် ပတ်သက်၍ ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော်၏ အကြံပြုချက်
ဒီနေရာမှာ ပြောချင်တာက မကဒတရဲ့ ဂုဏ်သရေကို ဒီမြောက်ပိုင်းသတ်ဖြတ်မှုကြီးက အကြီးအကျယ် ညစ်နွမ်းစေခဲ့တယ် ဆိုတာ ဘယ်သူမှ ငြင်းလိမ့်မယ်လို့ မထင်ဘူး။ ဒီလုပ်ရပ်ဟာ အောက်ပါ အကြောင်းတရားတွေနဲ့ ရောထွေးနေခဲ့တယ်။
၁။ ခေါင်းဆောင်ရူးပြီး နေရာလုမှု။
၂။ ခေါင်းဆောင်ရူးနေသူတွေကြား သူလျှိုအစစ်များက ဝင်ရောက် သွေးထိုးမှု။
၃။ စစ်မှန်သော ကျောင်းသားတော်လှန်ရေးသမားများကို အပြတ်ရှင်းပြီး မကဒတကို ဗကပလို ဖြုတ်-ထုတ်-သတ် လမ်းစဉ်မှားရောက်အောင် တွန်းပို့မှု။
ဒီနေရာမှာ ဗကပ မှားခဲ့တာကို ပညာတတ်ကျောင်းသားတွေ သိတယ်။ သိနေရက်နဲ့ ဘာလို့ ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြတာလဲ။ ဗကပ မှားခဲ့တာကို သင်ခန်းစာမယူဘဲ တမင် ဗကပလိုဖြစ်အောင် အဓိက လုပ်ခဲ့တာ ဘယ်သူတွေလဲ။ နိုင်ငံရေးနားလည်တဲ့ ကျောင်းသားတွေ ဒီလိုမလုပ်ဘူး။
၎။ အဓိက မကဒတကို ပြည်တွင်းမှာ နိုင်ငံရေး သတ်လိုက်တာ ဖြစ်တယ်။ ဒါဟာ တိုက်ဆိုင်မှု မဟုတ်ဘူး။ စနစ်တကျ လုပ်ကြံမှုကြီး ဖြစ်တယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ သတ်ခဲ့တာကိုက ပြည်ထောင်စုနေ့ကို တမင် ရည်ညွှန်းပြီး လုပ်တာဖြစ်တယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနေ့ကို တန်ဖိုးမထားခဲ့တာ ဘယ်သူတွေလဲ။ နအဖက လွဲပြီး ဘယ်သူမှမရှိဘူး။
၅။ မြောက်ပိုင်းကိစ္စနဲ့ ဆက်စပ်ပြီး တောင်ပိုင်းမှာလည်း ကြိုးစားမှုတွေ ရှိခဲ့တယ်။ အဲဒီဆက်စပ်မှုတွေ၊ ကွင်းဆက်တွေကို စေ့စေ့စပ်စပ် လေ့လာကြဖို့ လိုတယ်။
ယနေ့ခေတ်မှာ ရိုက်နှက်မေးစရာ မလိုဘဲ စစ်ဆေးပြီး အမှန်တရားပေါ်အောင် လုပ်နိုင်တဲ့နည်းတွေ ပေါ်နေပါပြီ။ တရားလိုတွေလည်း ပေါ်လာပြီ။ သူလျှိုတွေကို ကျောင်းသားက သတ်တာလား၊ ကျောင်းသားတွေကို နအဖစပိုင်တွေက သတ်တာလား၊ စစ်ကြဖို့ အချိန်ရောက်ပြီ။ လက်ရှိ မကဒတ တာဝန်ရှိသူတွေနဲ့ သမာသမတ်ရှိတဲ့ မကဒတက ရဲဘော် ခေါင်းဆောင် ငယ်သားမရွေး ပါဝင်တဲ့ စုံစမ်းရေးကော်မီရှင်ကို တရားဝင်ဖွဲ့နိုင်ရင် သိပ်ကောင်းမယ်။ အဖြစ်မှန်ပေါ်ပေါက်ရေးကို ကျတဲ့နေရာက အစွမ်းကုန် ကူညီသွားမယ်။ ဒီကိစ္စဟာ အချိန်ဆွဲရမယ့် ကိစ္စမဟုတ်ဘူး။ မကဒတ သိက္ခာကျမှာစိုးလို့ အချိန်မကျသေးလို့ စောင့်ပါဦးလို့ ပြောနေတဲ့ ရဲဘော်တွေကို နားလည်ပေးနိုင်ပေမယ့် အလွန်တန်ဖိုးရှိတဲ့ မျိုးချစ်ကျောင်းသားတွေရဲ့လည်ကို ဖြတ်၊ လည်ချောင်းသွေးကို ခြေဆေးခဲ့ကြတဲ့သူတွေကို ကာကွယ်ပြောလာကြတဲ့ သူတွေကိုတော့ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ မတရား စွပ်စွဲ အသတ်ခံရသူ ရဲဘော်တွေရဲ့ ဂုဏ်ကို ဆယ်ပေးဖို့ မကဒတဟာ အမြဲ တရားမျှတမှုကို တန်ဖိုးထားတယ်ဆိုတာ ပြဖို့ ရဲဘော်အားလုံးမှာ တာဝန်ရှိတယ်။
ထွန်းအောင်ကျော်
(ဖေ့စ်ဘွတ်ခ်မှ ...)
5 comments:
စုံစမ်းရေး ကော်မရှင်က ဘာတွေလုပ်နိုင်မလဲ?
၁။ အခင်းဖြစ်ပွားမှုမှာ ပါဝင်ခဲ့သူတွေရဲ့ ထွက်ဆိုချက်တွေကို မှတ်တမ်းတင်နိုင်မယ်။ တရားခံတွေအဖြစ် စွပ်စွဲခံရသူတွေ ထွက်ဆိုကောင်းထွက်ဆို နိုင်တယ်။ သို.မဟုတ် ငြင်းနိုင်တယ်။
၂။ ကော်မရှင်က တွေ.ရှိချက်တွေနဲ. တရားခံဟု ယူဆရသူတွေကို တရားရုံးတခုခုမှာ (နိုင်ငံတနိုင်ငံ) မှာ တရားစွဲလို. ရနိုင်ပါလား။
၃။ တရားရုံးပြင်ပမှာဘဲ ဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံက တရားရုံးတခုခုမှာဘဲ ဖြစ်ဖြစ်၊ တရားခံ အဖြစ်စွပ်စွဲ ခံရသူတွေဘက်က ပြန်လည်ခြေပ ရှင်းလင်းခွင့် ပေးနိုင်ရမယ်။
၎။ ဒါမှမဟုတ် မှတ်တမ်းတွေကို သိမ်းထားပြီး၊ အထက်ဖေါ်ပြပါ အခြေအနေ တခုခု ပေးလာပါက၊ တရားလို တရားခံတွေ တရားရုံးမှာ ရင်ဆိုင်ပြီး အမှန်တကယ် ဖြေရှင်း နိုင်ပါလိမ့်မယ်။
၅။ စုံစမ်းရေးကော်မရှင်ကို ယေဘူယျအားဖြင့် ဘယ်လိုဖွဲ.စည်းမလဲ။ အုပ်စုစွဲကင်းသူတွေ၊ သမာသမတ်ရှိသူတွေ၊ ဥပဒေရေးရား ကျွမ်းကျင်သူတွေ၊ နိုင်ငံတကာ ဥပဒေရေးရာ အဋ္ဌကံပေးတွေ အစရှိတာတွေ ပါဝင်ရင် မကောင်းဘူးလား။
၆။ ကော်မရှင်ရဲ့ လုပ်ငန်းကုန်ကျစားရိတ်ကို ဘယ်သူတွေက ထုတ်ပေးမှာလည်။
ရ။ အခင်းဖြစ်ပွားမှုမှာ ပါဝင်ပတ်သက်နေသူတွေဟာ ကဘာအနှံ.ပြန်.နှံနေတဲ့အတွက် ဘယ်လိုမှတ်တမ်း ယူနိုင်ပါမလဲ။
၈။ ရရှိတဲ့ မှတ်တမ်းတွေရဲ့ အရည်အသွေးကို creditibility ကို့ ဘယ်လိုစံတွေနဲ. တိုင်းမလဲ။
၉ ။ မပါမဖြစ်တဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေ၊ ရှေ.နေတွေ အပြင်၊ ဘက်လိုက်မှုကင်းအောင်၊ နိုင်ငံတကာ ရှေ.နေတွေ ပါဝင်လာအောင် ဆောင်ရွက်သင့်ပါတယ်။
၁၀။ ကော်မရှင်က ရရှိသည့် မှတ်တမ်းများအပေါ် အခြေခံ၍ တရားခံ အဖြစ်စွပ်စွဲသူတွေကို၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများကသော်၎င်း၊ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများကသော်၎င်း၊ ဖမ်းစီးပြီး တရားစွဲဆို၍ ပစ်ဒဏ်ချမှတ်ဘို.ရာ မဖြစ်နိုင်သေး ဟုထင်ပါသည်။
၁၁။ ကော်မရှင်အဖွဲ. ကမှတ်တမ်းပြုစုပြီး မှတ်တမ်းတင်ထား နိုင်ရုံသာ ဖြစ်နိုင်ချေရှိသည်။
၁၂။ တရားရုံး စီရင်ချက်မပါသော ကော်မရှင်မှတ်တမ်းဖြင့် အစွပ်အစွဲခံရသော တရားခံများကို အပစ်တင် ရှုတ်ချခြင်းသည် တရားနည်းလမ်း ကျနိုင်ပါမည်လော။
အချုပ်ပြောရရင် လူအင်အား၊ ငွေအင်အား၊ အစရှိတာတွေကို အသုံးချနိုင်ပါမှ ကော်မရှင်၏ လုပ်ငန်းဆောင်တာတွေ အောင်မြင်နိုင်မယ်လို. ထင်ပါတယ်။
စစ်အာဏာရှင်ဟာ ဒီပဲရင်းလူသတ်ပွဲ အပါအ၀င် လူသတ်ပွဲ အဆက်ဆက် ဋ္ဌကူးလွန်ခဲ့ပေမဲ့ စုံစမ်းရေး ကော်မရှင် မဖွဲ့ခံပါဘူး (ဖုန်းမော် အရေးအခင်းမှလွဲ၍)။ ဒီမိုကရေစီ အင်အားစုအတွင်းမှာ ဖြစ်ခဲ့တဲ့ လူသတ်ပွဲတွေကိုတော့၊ စစ်အဏာရှင်နဲ.မတူ အနည်းဆုံး စုံစမ်းရေး ကော်မရှင်ဖွဲ.ပြီး မှတ်တမ်းတင်ရပါလိမ့်မယ်။ အခြေအနေပေးလာတာနဲ.၊ တရားစွဲဆိုနိုင်ရပါမယ်။ ဒါမှသာ စစ်အာဏာရှင်နဲ. ဒီမိုကရေစီအင်အားစုများရဲ. မတူညီတဲ့ ကွာခြားချက် ပေါ်လာပါလိမ့်မယ်။
အရိုးတွန်မှုတွေဟာ ဆက်တိုက်ပေါ်လာနိုင်ပါတယ်။ မတရား အစွပ်စွဲခံရပြီး အနှိပ်စက်ခံရသူတွေလည်း ရှေ.ထွက်လာပါလိမ့်မယ်။ မတရား အသတ်ခံရတဲ့ ကျောင်းသားပြည်သူတွေ အတွက် အမှန်တရားဖေါ် ထုတ်ရမယ်ဆိုတာ လုံးဝလက်ခံပါသည်။
သို.သော်၊ ခေါင်းဆောင်ပိုင်းတွေက၊ စစ်အာဏာရှင်ကို တိုက်ရမှာလား၊ ဒီပြသနာတွေကို အဓိကထားပြီး ဖြေရှင်းနေရမှာလား ဆိုတာ တချိန်မှာဆုံးဖြတ်ရပါလိမ့်မယ်။ စစ်အာဏာရှင်စံနစ် ချုပ်ငြိမ်းရေးကို အဓိကထားတိုက်ရင်း၊ တဘက်က ဒီပြသနာတွေကို သမာသမတ်ရှိရှိ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းဘို. လိုတယ်လို. ထင်မြင်ပါတယ်။
အထူးသတိထားရမည်မှာ အသတ်ခံရသည့် အမှုတွေကို ခုတုံးလုပ်ပြီး၊ မိမိရဲ့ မိတ်ဖက်ရန်သူတွေကို အပြုတ်တိုက်သည့် အခွင့်အရေးအဖြစ် အသုံးချသွားခြင်းမှ ကာကွယ်ဘို.ဖြစ်သည်။
အမှန်တရား ပေါ်ထွန်းနိုင်ပါစေ။
ကျဆုံးခဲ့သော ရဲဘော်များကို ဦးညွှတ်လျှက်
ငစနေ
အင်း...
ဆရာသမား ငစနေ တစ်ယောက်လဲ
အဲဒီ အဖွဲ့ ထဲ ရောက်သွားပြီး...
ခုလိုမျိုး..ဆိုလို့ ကတော့....
စနေ တစ်ရက်ထဲ တင်မဟုတ်ဘူး..
နေ့ စဉ် ရက်ဆက် မီး နဲ့ ပဲ တို့ ခံရမလား..၊
မြိုက် ပဲ ထားမလား..၊
သပ် ပဲ လျှို ထားမလား..၊
မြေကြီး ထဲ ပဲ ခေါင်းဖော် မြုပ်ထားခံရမလားပဲ...။
ပန်းချီထိန်လင်းရဲ့  ဇာတ်သိမ်းပိုင်းတောင် ပြီးနိုင်သေးမှာမဟုတ်တော့ဘူး..။
စုံစမ်းရေး ကော်မရှင် ဖွဲ့ စစ် လို့ ကတော့..
အရှေ့ ပိုင်း နဲ့ အနောက်ပိုင်း သတ်ပွဲ တွေတောင်
ထပ် ပေါ် လာအုန်းမယ်...။
အာရုံ နောက် အောင် သွား စား နေသေးတယ်။
I didn't hear Moe THree's voice for this matter,as usually he loud voice as other matters.Why is he so quiet?
မြန်မာနိုင်ငံနဲ့ မြန်မာတွေ မှာ အမြဲတမ်းမပြောင်းလဲတဲ့ အစဉ်အလာ တစ်ခုရှိတယ်။ အဲ့ဒါကတော့ အစိုးရ အဆက်ဆက် က သူတို့ မဟုတ်တာ တစ်ခုခု လုပ်ခဲ့ လို့ ပဲ ဖြစ်ဖြစ်၊ သူတို့ အသုံးမကျလို့ တစ်ခုခု ဖြစ်သွားရင်ပဲဖြစ်ဖြစ် KNU၊ KIA၊ SSA၊ NCGUB တို့က လုပ်တာ သွေးခွဲတာ သပ်လျိုတာ စသဖြင့် ရှိသမျှအဖွဲ့ လက်ညှိုးထိုးပြီး သူတို့ လုပ်ရပ် နဲ့ အသုံးမကျတာကို ဖုံးလွှမ်းလေ့ရှိတယ်။
အဲ့ဒီလိုပဲ ဆန့်ကျင်ဘက်အဖွဲ့ အစည်း တွေက သူတို့ မဟုတ်တာ တစ်ခုခု လုပ်ပြီးပြီဆိုရင် ဒါစစ် အစိုးရ သပ်လျှိုတာ စစ်တပ်လုပ်တာ ဆိုပြီး အကြောင်းပြ ပြီးသူတို့ အပြစ်ကို ကာကွယ်ကြတယ်။ ၈၈ အရေးအခင်းတုံးက ယခင် မကျေနပ်မှုတွေကို စာရင်းရှင်းတဲ့ အနေနဲ့ စစ်ထောက်လှမ်းရေးက အဆိပ်ခပ်ခိုင်းတဲ့သူတွေလို့ စွပ်စွဲပြီး လူပုံလယ်မှာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ လူတွေရှိတယ်။
အခု ဥက္ကဌ ဟောင်းဆိုသူရဲ့ အဓိက ဆိုလိုရင်းက စစ်အစိုးရသာ သပ်မလျှိုရင် ဒီအဖြစ်ဖြစ်လာနိုင်စရာ မရှိဘူးဆိုတဲ့ ပုံစံဖြစ်နေတယ်။
အိမ်ဘေးက နွားမကြီးလေလည်လို့ ငါ့ခလေး အဖျားတက်သွားတယ်ဆိုတဲ့ သဘောမျိုးရေးထားတာကတော့...
ဒီလို နိုင်ငံရေး လမ်းပျက်ကြီးပေါ် ကို ကျွန်တော်တို့ လို မျိုးဆက်သစ် တွေ ကဘယ်သူ့ ကို ယုံ လို့ ဆက်လျောက်ရမှာလဲ...ခင်ဗျား တို့ က ငါ မဟုတ် ရင် သူတို့ မကောင်းတာပဲ ဆို တဲ့  ၀ါဒ ကိုကိုင်စွဲထားလေတော့ ...နေပါတော့  ဗျာ.....စိတ်ပျက်စရာကောင်းလို့ ..( ကျဆုံးသွားတဲ့  ဦးထွန်းအောင်ကျော် နဲ့  ရဲဘော်အပေါင်းအား ဦးညွတ်လျက်...)
Post a Comment