(Photo - Yangon Media Group)
၈၈ မျိုးဆက်တွေ စတင်လိုက်တဲ့ လှုပ်ရှားမှုကတော့ ဇန်န၀ါရီလ ၈ ရက်နေ့မှာ တာမွေမြို့နယ် ယုဇနပလာဇာ စုရပ်မှာ လူစုဝေးပြီး အင်းအား ၇၀ လောက်ဟာ ... နိုင်ငံရေးအကျဉ်းသားမိသားစုတွေ အိမ်ကို သွားရောက်အာပေးကြပါတယ်။ အကျဉ်းသားမိသားစု ၁၀ စုဆီကို သွားခဲ့တယ်။ နောက်က အာဏာပိုင်များ ထပ်ချပ်မကွာ လိုက်ပါကြည့်ရှုပါတယ်။ ဒီလှုပ်ရှားမှုကို နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုလို့ ဆိုတယ်။ နောက်ရက်တွေမှာ ဒီ့ထက်အင်းအားကောင်းနိုင်ပြီး ဒီလှုပ်ရှားမှုကို လိုက်ပါမယ့် နိုင်ငံရေးအကျဉ်းသားဟောင်းများလည်း ရှိနေသေးကြောင်း ၈၈ မျိုးဆက်များက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသာစုဝင်တွေနဲ့ အကျဉ်းသားလွတ်မြောက်ရေး လိုလားသူတိုင်း စာနာမှုရှိသူတိုင်းကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ယနေ့ နံနက်ပိုင်းက ဦးကျော်မင်း (CRPP အဖွဲ့ဝင်) ၏ ဆွေမျိုး ဦးကျော်ဇံအား နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့မှ တွေ့ဆုံအားပေးစကား ပြောဆိုနေကြစဉ် (ဓာတ်ပုံ - Yangon Press International)
2 comments:
ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေကရော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို ဘယ်လို ပံ့ပိုးနိုင်မလဲ။
ငစနေ
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး
အသင်းကြီးတောင်မှ....
အကျဉ်းသားတွေကို ကူညီဖို့ စာရင်းကောက်
နေတာ ခုချိန် ထိကို အပတ်မလည်သေးဘူး။
ဟိုတလောက..ပြောင်ကြီးတို့ က၊
တစ်စု လွှတ် လိုက်တော့...
လွတ်လာသူ အပေါင်းကို စာရင်းကောက်ကြလေရဲ့ ။
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို ပံ့ပိုးနိုင်ဖို့ နေနေသာသာ...
ခု..ပြောင်ကြီးတို့ က လျှော့ငြိမ်းချမ်းသာခွင့်
အမိန့် ထုတ်လိုက်ပြန်တော့....
ပိုပြီး ဇယား ရှုပ်တော့တာပေါ့ လေ....။
" ဧ ၊ ဇွန် ၊ စက် ၊ နို ၃၀ ဆို။
ကျန်တဲ့ လ များ ၃၁။
ဖေဖော်ဝါရီ ၂၈။
၃၀ ထဲက ၂ ကို နုတ်၊ မနုတ်လောက် ၁၀ ချေး၊
မင်းကိုနိုင် လွတ်တဲ့ အထဲ မပါသေးဘူး..ဟေ့ "
အဲဒီလိုတွေ တွက်ပြီး... စာရင်းကောက်၊
ဂျွမ်းပစ်နေလေ ကြလေရဲ့ ..။
နိုင်ငံရေးအကျဉ်းသားများ စာရင်းကောက်ယူရေး
အသင်း ကို....
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး
အသင်း လို့  ဆိုင်းဘုတ် မှားတင်တဲ့ ဆရာသမား
တွေကို သွားစားနေပြန်ပြီ....။
Post a Comment