* မဟာနာယကဆရာတော်များသည် သာသနာတော် သန့်ရှင်းရေးကို ဦးစားပေး ဆောင်ရွက်မှုမရှိဘဲ လျစ်လျူရှုထားခြင်း၊ ၎င်းအဖွဲ့၌ပင် မသန့်ရှင်းသူများ ပါဝင်နေခြင်း၊ အဖွဲ့ဝင်များကို ရွေးချယ်ရာ၌ သံဃာ့ဆန္ဒကို မခံယူခြင်း၊ ဓမ္မ၀ိနယမဏ္ဍိုင်ကို အလေးမထားခြင်း၊ အကျင့်ပျက်ခြစားမှုများ မတရားဆုံးဖြတ်မှုများ ပြည့်လျှံနေခြင်း၊ အဓမ္မကို အကာအကွယ်ပေးထားခြင်း၊ သံဃာထုအပေါ် အာဏာကို အလွဲသုံးစွဲ အနိုင်ကျင့်နေခြင်း၊ ဒီမိုကရေစီစနစ်ကို မကျင့်သုံးဘဲ အာဏာရှင်စနစ်ကို ကျင့်သုံးနေခြင်း၊ ရဟန်းပျိုအုပ်ချုပ်ရေးစနစ်ကို သံဃာထု၏ လေးစားမှုကို မခံယူရခြင်း၊ ဘွဲ့တံဆိပ်သာသနာထူထောင်ပြီး ဘုရားသာသနာကို ဖျက်ဆီးနေခြင်း၊ စာပေစိစစ်ရေးကို ဘောင်ခတ်ပြီး ဓမ္မကို မျက်ကွယ်ပြုထားခြင်း၊ သံဃာထု ဘေးကင်းလုံခြုံအောင် အကာအကွယ်မပေးနိုင်ခြင်း၊ သာသနာအကျိုးကို မသယ်ပိုးဘဲ ကိုယ်ကျိုးရှာနေခြင်း၊ ပထမပြန်စာမေးပွဲများကို တိုင်းစစ် ပြည်နယ်စစ် ခွဲထုတ်၍ ပရိယတ္တိသာသနာကို ဖျက်ဆီးနေခြင်း၊ ဓမ္မဘက်မှာ မရပ်ဘဲ အဓမ္မဘက်မှာ ရပ်တည်နေခြင်း၊ ၎င်းတို့၏ လက်ရုံးတပည့်ကြီးများက တိုင်းသူပြည်သားတွေကို အနိုင်ကျင့်နေခြင်း … ဤသို့သော အကြောင်းတရားများကြောင့် သာသနာတော် ပျက်စီးယိုယွင်းရခြင်းဖြစ်လေသည်။ (၀ီရသူ-မစိုးရိမ် ‘သမိုင်း၏တရားခံ’ ဆောင်းပါးမှ …)

Wednesday, December 7, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၁၂-၂၀၁၁)

- KIAနှင့် တရက်တည်း တိုက်ပွဲမှာ မြန်မာစစ်သား ၆၀ ကျော် ကျ click
- အစိုးရတပ် ဗျူဟာကုန်းကို ကေအိုင်အေ ၀င်ရောက်တိုက်ခိုက် click
- လူထုအဖွဲ့အစည်းတွေ ကချင်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမည် click
- အနုပညာရှင်တွေလည်း ငြိမ်းချမ်းစေလိုတဲ့ ကချင်ပြည်နယ် click
- ကချင်ပြည်နယ်သို့ တတိယခြေလှမ်း click
- အလုပ်သမားသမဂ္ဂ တည်ထောင်လိုမှု ပယ်ချခံရ click
- ကျောင်းသားသမဂ္ဂရဲဘော် ကိုဇော်လင်းထွန်းအတွက် ရက်လည်ဆွမ်းကပ် click
- မြန်မာအတွက် အမေရိကန်နဲ့ တရုတ် ထိပ်တိုက် မတွေ့လို click
- အမေရိကန်-မြန်မာ ဆက်ဆံရေး ပြောင်းလဲတိုးတက်လာမှု (သတင်းသုံးသပ်ချက်) click
- မြန်မာစစ်အစိုးရကို လေယာဉ်ရောင်းတဲ့ ကုမ္ပဏီ ကနေဒါတရားရုံး အရေးယူ click
- ညီနောင်ပါတီနှစ်ခုကို ကော်မရှင် သတိပေး click
- NLD ပါတီကို ပြန်သွားတော့မယ့် လွှတ်တော်အမတ် ဦးကြည်မြင့် click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ သာမန်ဗမာနိုင်ငံသားတဦးရဲ့ အိတ်ဖွင့်ပေးစာ click
- အဘဦးလွင် - ၈၈ click
- ၀ါရင့်နိုင်ငံရေးသမားကြီး သခင်လှကွန်း ကွယ်လွန် click
- သတင်းထောက်အကျဉ်းသား မြန်မာနိုင်ငံမှာ စတုတ္ထ အများဆုံး click
- Eleven Media Group ၂၀၁၁ သတင်းမီဒီယာဆု ရရှိ click
- RSF ၂၀၁၁ အကောင်းဆုံး သတင်းမီဒီယာဆု Weekly Eleven ရရှိ click
- နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပေးသည့် သတင်းမီဒီယာဆု Weekly Eleven ရရှိ click
- စာနယ်ဇင်း ၅၀ ကျော် ထုတ်တင်ခွင့်ပြု click
- ထုတ်တင်ထဲ နှစ်မျိုးတိုး click
- ကျောင်းသင်ရိုးများလည်း ပြင်ဆင်သင့်ဟု ပြောကြ click
- ခြသေ့င်္ကမွေးတိုင်း ခြင်္သေ့ဖြစ်သလား (ဆောင်းပါး) click
- စိတ်ကူး စိတ်သန်းများ (ကဗျာ) click
- ရုရှားမှာ ရွေးကောက်ပွဲသစ် ကျင်းပဖို့ Gorbachev တောင်းဆို click
- အမေရိကန်-တရုတ် ကာကွယ်ရေး ဆွေးနွေး click
- ပုလဲဆိပ်ကမ်း ဂျပန် ဗုံးကြဲတိုက်ခိုက်မှု နှစ် ၇၀ ပြည့် click
- တရုတ်ရင်းနှီးမြှုပ်နှံမှု အကြီးဆုံးရေကာတာ ကမ္ဘောဒီးယားမှာ ဖွင့်လှစ် click
- ထိုင်းဝန်ကြီးချုပ် ယင်းလတ်၏ Facebook အဖွဲ့ အလုပ်ဖြုတ်ခံရ click
- ကွတ်ခိုင်မြို့နယ်တွင် ဗုံးပေါက်ကွဲ၍ အစိုးရတပ်ဖွဲ့ ၇ ဦး ထိခိုက်သေဆုံး click
- မြစ်ကြီးနားဝန်းကျင် KIA တိုက်ခိုက်မှုတွင် မြန်မာစစ်သား ၃ ဦး ကျ click
- ကချင်ပြည်နယ် မြန်မာအစိုးရ ထိန်းချုပ်နယ်မြေတွင် ဒုက္ခသည် ၁၅,၀၀၀ ကျော်လာ click
- မြန်မာစစ်တပ်နဲ့ SSA (South) အပစ်အခတ် ရပ်ကြောင်း ကြေညာ click
- တောင်ကြီး သဘောတူညီချက်အပေါ် RCSS ထိပ်သီးအစည်းအဝေး ထိုင် click
- မိုင်းလားမြို့ တဖန် ပြည်လည်စည်ကားလာ click
- NED အကြီးအကဲနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click
- NLD ခေါင်းဆောင် ဦးလွင် ကွယ်လွန် click
- NLD ထိပ်တန်းခေါင်းဆောင် ဦးလွင် ကွယ်လွန် click
- NLD အတွင်းရေးမှူးဟောင်း ဦးလွင် ကွယ်လွန် click
- NLD အဖွဲ့ချုပ် အတွင်းရေးမှူး ဦးလွင် ကွယ်လွန် click
- လသာ ဦး​ကြည်မြင့်​ လက်ရှိပါတီမှ နုတ်ထွက်ပြီး​ အန်အယ်လ်ဒီပါတီ ဝင်မည် click
- ဗာတီကန်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ် click
- NLD မဲဆွယ်ပွဲအတွက် ဟစ်ပ်ဟော့ပ်သီချင်းတပုဒ် click
- မြန်မာ့​လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့်​ ပတ်သက်မှုမရှိဟုဆို click
- ကိုဇော်လင်းထွန်း ရက်လည်ဆွမ်းကျွေးတွင် ဗကသများအဖွဲ့ချုပ်မှ ဝမ်းနည်းကြောင်းနှင့် ဂုဏ်ယူကြောင်း သ ဝဏ်လွှာပေးပို့ click
- ပင်လယ်ရပ်ခြားဖွံ့ဖြိုးရေး ODA မကူညီမီ ကွင်းဆင်းလေ့လာမှု ဂျပန် ကြိုလုပ်သင့် click
- လောပိတအတွက် အကူအညီမပေးခင် ဂျပန်အစိုးရအနေနှင့် အရင်လေ့လာသင့် click
- နေပြည်တော်၌ ဘင်္ဂလားဒေ့ရှ်သံရုံး ဖွင့်တော့မည် click
- အနုပညာရှင်များ နိုင်ငံရေးနှင့်ဆက်နွှယ်၍ စုဝေးမှုရှိလာ click
- မှုခင်းနှင့် စီးပွားရေး ဂျာနယ်၊ မဂ္ဂဇင်းများ ထုတ်တင်ခွင့် ပြုလိုက်ပြီ click
- VOA ဦးသန်းလွင်ထွန်း ပြန်ကြားရေးဝန်နှင့် တွေ့ click
- ပြည်ထောင်စုဝန်ကြီးက ချင်းပြည်နယ်၏ လူမှုလိုအပ်ချက်များ ဖြည့်ဆည်းပေး click
- စစ်ကိုင်း​တိုင်း​တွင် အတင်း​အဓမ္မ ​ငွေ​ကောက်ခံမှုများ​ ရှိ​နေဆဲ click
ကာတွန်း ဟန်လေး (ဘန်ကောက်ပို့စ်)
- ပြောင်းတယ်ဆိုတာ လွယ်ပါတယ် (ထွေရာလေးပါး) click
- ကလင်တန်ရဲ့ ခရီးစဉ်က ကျန်ခဲ့တဲ့ ပဲ့တင်သံတွေ (ဆောင်းပါး) click
- ခေတ်သစ်လူငယ် သိကြစေ - ၁ (ဆောင်းပါး) click
- စာဖမ်းသမား (ဆောင်းပါး) click
- ကျောက်ဖြူ ဘောရဘာ ရွှံ့မီးတောင် တတိယအကြိမ် ပေါက်ကွဲ click
- တရုတ်ကုန်သင်္ဘောများ မဲခေါင်မြစ်တွင်း ပြန်လည်သွားခွင့်ပြု click
- ဖရူဆိုတွင် ရွာသားများ တောင်ယာသို့ အလုပ်သွားလျှင် လက်မှတ်ဝယ်ယူရ click
- ကျိုက်ထီး​ရိုး​ ​တောင်တက်ကား​နှင့်​ ဘုရား​ဖူး​ မမျှမတဖြစ်​နေ click
- ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းတလျှောက် ကားစတင်ပြေးဆွဲခွင့်ရ click
- မဟာဗန္ဓုလတံတား​တွင် ကား​မှောက်၊​ တဦး​ ​သေဆုံး​ click
- အနာဂတ်ပြတိုက် (ဓာတ်ပုံ) click
- မူစယ်မြို့နယ် အုပ်ချုပ်ရေးရုံးကို သိန်း ၁၀၀ ထည့်ရ (ပေးစာ) click
- နယ်စပ်ပရိသတ်နဲ့ ဂျေမီ၊ ဉာဏ်လင်းအောင် (ရုပ်သံ) click
- ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်ဖွင့် (ရုပ်သံ) click
- လမင်း ၅ စင်း လင်းမယ့်ည (ဆောင်းပါး) click
- မေပယ်လ်ရွက် ဘယ်ရီသီးအပြာနှင့် ဥရောပကျေးလက် - ၂ (ဆောင်းပါး) click
- အိမ်ကလေး ၁၁ (၀တ္ထုတို) click
- ရဲတပ်ဖွဲ့ဝင်များကို လက်နက်အသစ် တပ်ဆင် (ဟာသ) click
- တာရစ်အဇစ်ကို ကွပ်မျက်မည် click
- အနီရောင် ဆန္ဒပြခေါင်းဆောင် ထိုင်းအစိုးရထံ အဖမ်းခံ click
- ပဋိပက္ခတွေ ဘေးဖယ်ထားဖို့ ဘုရင်ကြီး မိန့်ခြွေ click
Cartoon Stephff - Facebook

အပြည့်အစုံသို့...

ချီးတွင်း

ယာမားရှီး

“လောဘရယ် ဒေါသရယ် မောဟရယ် ... အ၀ိဇ္ဇာ ဖြစ်စရာ ... သင်္ခါရတဲ့ ... ပျော်ကြရွှင်ကြ ... ငိုကာ ရယ်ကာ ဘယ်ဟာ မတည်မြဲ ...”

ဓာတ်စက်သံ အကျယ်ကြီးဖွင့်ထားတဲ့ ဦးရတနာရဲ့ အသုဘ။ လိုက်ပါပို့ဆောင်ပေးမယ့် ပရိသတ်တွေကတော့ စည်ကားနေပြီ။ ဦးထုပ် ခပ်ငိုက်ငိုက် ဆောင်းထားတဲ့ အသားမဲမဲနဲ့ လူတယောက်လည်း လူအုပ်အထဲမှာ ရှိနေ တယ်။ ကျန်တဲ့လူတွေကတော့ ဦးထုပ်ဆောင်းမထားပါ။ သူကတော့ ထူးခြားနေသလိုပဲ။ ဒီလူ့နာမည်က ဦး ပြည်သူ။ အရင်က အိမ်ကြီးရှင် မျိုးရိုး။

* * * * * * *

ဦးရတနာရဲ့အလောင်းကို သယ်ဆောင်သွားကြပြီ။ သုဿာန်ဆီ။ “သူတော်ကောင်းကြီးရေ ဒီသားအမိတွေကို ချန်ထားပြီပေါ့” ဦးရတနာမိန်းမ အော်ငိုတယ်။ သူတော်ကောင်းကြီးလို့ ကြားလိုက်ရတော့ ဦးပြည်သူ ရယ်ချင် သွားတယ်။ သူခိုးကြီး လူလိမ်ကြီး ဓားပြကြီးကိုများဟု စိတ်ထဲ ပြောလိုက်တယ်။

* * * * * * *

ဒီအဖြစ်သနစ်တွေကို ဦးပြည်သူ ပြန်မစဉ်းစားချင်ပါ။ ဦးရတနာနေတဲ့ အိမ်ကြီးဟာ ယခင်က ဦးပြည်သူ ဘိုး ဘွားတွေပိုင်တဲ့ အိမ်ပါ။ ဦးပြည်သူရဲ့အဘိုး ဦးပြည်ကြီးက ပိုင်တာပါ။ ဦးပြည်သူ ဦးလေး ဦးဂျမ်းက အဘိုးဆုံး တော့ အိမ်ကြီးကို ဦးစီးခွင့်ရပါတယ်။ ဖခင် ဦးအန်းဆောင်ကတော့ အိမ်ကို ဓားပြလာတိုက်တော့ ခုခံရင်း ဆုံး ပါးသွားခဲ့ရှာတယ်။ ဦးဂျမ်း အသုံးအဖြုန်းကြီးတော့ အိမ်ကို ဦးရတနာရဲ့အဖိုး ဗိုလ်မှိန်ကို အပေါင်ထားလိုက်မိ တယ်။ ဦးဂျမ်းဆုံးပြီးနောက် ပြန်ရွေးမယ်ဆိုတာတောင် လက်မခံဘဲ အပိုင်ကို သိမ်းထားလိုက်တော့တယ်။ ဗိုလ်မှိန်လက်ထက်မှာကတည်းက ဦးပြည်သူက မကျေနပ်တော့ အတင်းပြန်တောင်းပါတယ်။ ဒါပေမယ့် ဗိုလ် မှိန် ရက်စက်တဲ့အတွက် ဦးပြည်သူ ဒုက္ခရောက်ခဲ့တယ်။ သားတကွဲ မယားတကွဲ။ တန်ရာတန်ကြေး ပေးပြီး ကိုယ့်ပစ္စည်းကို ပြန်ရွေးတာတောင် မပေးဘဲ သူသေတော့ သူ့သား ဗိုလ်ရမ်းကို လွှဲထားခဲ့တယ်။ ဗိုလ်ရမ်းဆို တဲ့အတိုင်း ဘယ်လောက် ရမ်းသွားသလဲဆိုတာကြည့်။ သူ့သား ရတနာနဲ့ပေါင်းပြီပေါ့။

ပိုက်ဆံရှိတယ်ဆိုတော့၊ အသိုင်းအ၀ိုင်းကောင်းတယ်ဆိုတော့ လုပ်ပုံ။ ဦးပြည်သူရဲ့သားသမီးတွေကို သတ်ပစ် တယ်။ ဥပဒေသိပ်မရှိတဲ့ အရပ်ဒေသဆိုတော့ ရမ်းချင်တိုင်းရမ်းလိုက်တာပါ။ တချို့သားသမီးတွေကို ထောင် ထဲ အပြစ်ရှာပို့တယ်။ “ဒီအိမ်ကြီးကို ငါတို့ပဲ ပိုင်တာကွ။ မင်းတို့အဖေ အန်းဆောင်အမျိုးတွေ အသုံးမကျလို့။ ငါတို့ ထိန်းသိမ်းပေးထားတာကွ” ဟူ၏။

ရယ်စရာကောင်းလိုက်လေခြင်းဆိုပြီး ဦးပြည်သူ တွေးနေမိတယ်။ မြို့ပေါ်က ဥပဒေပညာတွေ သင်လာတဲ့ အစ်မကြီး ဒေါ်နုတောင် အိမ်ကြီးပြန်ရအောင် မကြံတတ်တော့။ ဖခင်အန်းဆောင်ရဲ့ တဦးတည်းသောသမီး။

ဒီလိုနဲ့ပဲ အီလည်လည်ဇာတ်လမ်းကြီး မပြီး။

ဗိုလ်ရမ်းသေတော့ သူ့အချစ်ဆုံးသား ဦးရတနာမှ အိမ်ကြီးကို လွှဲပြောင်းယူတယ်။ ဦးပြည်သူတို့ မောင်နှမ ပြန် ရွေးကြပြန်ရော။ မရ။ သူတို့ပဲ ဆက်သိမ်းထားမယ်တဲ့။

ဦးရတနာ ဘာပြောလဲသိလား “မင်းတို့ကို သနားပါတယ်။ နေစရာမရှိရင် အခန်းတခန်း ပေးမယ်။ အတူတူတွဲ နေကြတာပေါ့။ ဒါဆိုရင် ရွေးစရာ ပိုက်ဆံလည်း မကုန်တော့ဘူး။ နောက်ပြီး ချက်ခြင်း ပြန်ပေးလိုက်ရင် ဒီအိမ် ကြီးကို ထိန်းသိမ်းမတတ်မှာ စိုးလို့ပါ” တဲ့။

ဘယ်လောက် ရင်နာစရာကောင်းလိုက်သလဲ။ ဦးပြည်သူက သိပ်မကျေနပ်။ ဒေါ်နုကတော့ လက်ခံလိုက် တယ်။ တဖြည်းဖြည်းချင်း ဒီအိမ်ကြီးကို မောင်လေးပြည်သူတို့ ပြန်ရအောင် အစ်မကြိုးစားပေးမယ်လို့ ဆိုရှာ တယ်။

အတူတွဲနေတော့လည်း ဦးပြည်သူ သားသမီးတွေမှာ စကားကျယ်ကျယ် ပြောလို့တောင်မရ။ လေလည်မိတာ တောင် ဦးရတနာတို့က သိပ်ကြည်တာမဟုတ်။ ကျနော်တို့ပိုင်တဲ့ အိမ်ပါဗျာ ဆိုမိတဲ့ ကလေးတွေကိုတော့ ဖွတ်အမြီးကြာပွတ်နဲ့ကို ရိုက်တော့တာ။

* * * * * * *

ဥပဒေပညာရှင်ကြီး အစ်မဒေါ်နုကတော့ သူတို့နဲ့ ပေါင်းပြီး ဒီအိမ်ကြီးကို ထိန်းသိမ်းသွားမှာတဲ့။ ဦးပြည်သူ စိတ် မရှည်တော့။ သားသမီးတွေကို သနားလာတယ်။ ဒီလို အနိုင်ကျင့် အစော်ကားခံနေရတာကြီးကို လက်ပိုက် ကြည့်မနေချင်တော့။

* * * * * * *

တနေ့ ဦးရတနာ အိမ်သာအသွား လူအလစ်မှာ နောက်ကနေ တွန်းချလိုက်တယ်။ ဦးရတနာ ချီးတွင်းအထဲ ကျသေသွားတယ်။

* * * * * * *

ဦးရတနာကတော်က သူ့ယောင်္ကျား ဆုံးပြီဆိုတော့ ပြန်ရွေးငွေတွေ လက်ခံပြီး တောပြန်သွားရှာတယ်။ မပြန် ခင်မှာသွားပုံမှာ “ကိုကိုရတနာ ချီးတွင်းထဲ ကျသေတယ်လို့တော့ မပြောကြပါနဲ့နော်။ ကိုးဆယ်ခြောက်ပါးရော ဂါကြောင့် သေတယ်လို့ ပြောပေးပါနော်” တဲ့။

* * * * * * *

ဦးပြည်သူ သူ့အမွေအိမ်ကို ပြန်ရပြီ။ သူ့ကလေးတွေလည်း လွတ်လပ်ပျော်ရွှင်လို့။ သူတို့အဒေါ် ဒေါ်နုကလည်း ဥပဒေအကျိုးဆောင်ပေးလိုက်ရလို့ ကြည်နူးနေတယ်။ အိမ်ကို အပေါင်ပြန်ရွေးပြီးကြောင်း လက်မှတ်ထိုးခိုင်း နိုင်လိုက်တယ်။ ဦးပြည်သူ သားသမီးတွေကလည်း အဘေးကြီး ပိုင်ခဲ့တဲ့ အိမ်ကြီးကိုကြည့်ပြီး နောက်တခါ လူ လိမ် လူပါးတွေလက်ထဲ ပြန်မပါအောင် ကောင်းကောင်းကြိုးစားတော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်ကြတော့ တယ်။

* * * * * * *

သူများကို အိမ်သာထဲ တွန်းချပစ်ခဲ့တဲ့ ဦးပြည်သူမှာ ပြုံးလို့။ အသုဘကို ပျော်ပျော်ကြီး လိုက်ပို့ခဲ့သေးတယ်။ သူတော်ကောင်းကြီး ကောင်းရာသုဂတိလားပါစေ။ အမျှ ... အမျှ ... ...။

(မည်သူ့ကိုမှ မရည်ရွယ်ပါ။ အိမ်အပေါင်ထားပြီး ပြန်မရွေးနိုင်သေးလို့ စိတ်ပေါက်ပေါက်နဲ့ ရေးသားမိခြင်းဖြစ်ပါကြောင်း ...)

ယာမားရှီး
၅.၁၂.၂၀၁၁

အပြည့်အစုံသို့...

ဟုတ်ပါ့မလား မောင်တို့ရေ ... ယုံပါပေ့ ... ယုံပါပေ့

စိန်သံလုံး

ခုတလော မယုံချင်စရာတွေကို မြင်နေကြားနေရတော့ စိတ်ပျက်မိတယ်။ ဘယ့်နှယ်ဗျာ အာဆီယံ ထိပ်သီးအ စည်းအဝေး လုပ်ခဲ့တဲ့ အင်ဒိုနီးရှားက ဘာလီကျွန်းမှာ ကျွန်ပ်တို့ရဲ့ခေါင်းဆောင်ကြီး လေသံတွေ ပြောင်းသွား လိုက်ပုံများ မယုံချင်စရာပါပဲ။ မြန်မာနိုင်ငံ အာဆီယံဥက္ကဌဖြစ်ရေးကို သဘောတူပြီးလို့ မကြာသေးဘူး၊ ကြား ရတဲ့ လေသံနဲ့ စကားလုံးတွေက တမျိုးကြီးပဲ။ ဘာတဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူး၊ ယုံကြည်ချက် ကြောင့် အကျဉ်းကျတာ မရှိဘူးဆိုပဲ။ အပြစ်တခုခုကြောင့် ထောင်ကျတာပဲ ရှိတယ်တဲ့၊ ကဲ ... ကောင်းရော။ အဲဒီအပြစ်ဆိုတာက ဘာပေတံနဲ့ တိုင်းမှာလဲ။ နိုင်ငံရေးလုပ်တဲ့လူတွေ နိုင်ငံချစ်တဲ့ အပြစ်ရှိလို့၊ ပြည်သူ့အကျိုး ကို ဆောင်ရွက်ကြလို့ အပြစ်ရှိကြတာလား။ အဲဒီအပြစ်တွေကြောင့် ထောင်ကျတာလား။ ရက်စက်ကြပါပေ့၊ ပြောရက်ကြပါပေ့။ အဖေကို အဖေလို့ မခေါ်ချင်လို့ အမေရဲ့ယောက်ျားပါဗျာလို့ ခေါ်သလိုကြီးဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် မှန်တာကို ၀န်ခံရဲမှ ခေါင်းဆောင်ကောင်းလို့ သတ်မှတ်ရမှာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်လို့ ထောင်ချခံရတဲ့လူတွေ မသေသေးပါဘူး။ အချိန်မရွေး သွားမေးနိုင်ပါတယ်။ အဲဒီလိုပြောရင် သက်သေပြပြီး ပြောမှဖြစ်တော့မယ်။ မင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသား တွေ လောင်စာဆီဈေးတက်လို့၊ ကုန်ဈေးနူန်းတွေ မြင့်မားနေလို့ ဆန္ဒပြမိရာက ထောင်ဒဏ် ၆၅ နှစ်စီ အထူး တရားရုံးက အထူးစီရင်ချက်ချပြီး ထောင်ထဲပို့လိုက်တဲ့ကိစ္စ၊ အပြစ်တခုခုရှိလို့ ထောင်ချလိုက်တာလား၊ တမင် အပြစ်ဖြစ်အောင် ပုဒ်ထီး ပုဒ်မတွေ တပ်ပြီး ထောင်ချလိုက်တာလားဆိုတာ လူတိုင်း သိကြပါတယ်။ သူတို့ကို နိုင်ငံရေးအကျဉ်းသား၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများလို့ ခေါ်လို့မရတော့ဘူးလား။ သူတို့လုပ်တဲ့ ကိစ္စနဲ့ သူတို့ကျခံရတဲ့ ပြစ်ဒဏ်ရော မျှတပါရဲ့လား။ တရားဥပဒေအတိုင်းရော လုပ်တာဟုတ်ရဲ့လား။ တရားဥ ပဒေစိုးမိုးမှုကိုရော တန်ဖိုးထားလို့လား။ အစိုးရကုလားထိုင် လှုပ်အောင်လုပ်လာရင် ဥပဒေကို မကြည့်ဘဲ လုပ် ခဲ့တဲ့ ဖြစ်ရပ်များစွာက မေ့ထားလို့တော့မရဘူးနော့။

တရားဥပဒေစိုးမိုးမှု မရှိတာ၊ ဥပဒေကို လေးစားလိုက်နာခြင်း မရှိတာ ဘယ်သူတွေလဲ။ လူတယောက်ကို ဖမ်း ၀ရမ်းနဲ့ စနစ်တကျ ဖမ်းတာမဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသားတွေကို မေးစရာရှိလို့ပါလို့ လိမ်ခေါ်ပြီး ဖမ်းလိုက် ကြတာ လွယ်လွယ်လေးပဲ။ ကိုယ်ချင်းစာတဲ့စိတ်နဲ့ စဉ်းစားကြည့်ပါ။ ဒီလိုလုပ်သင့်သလား။ ခံရတဲ့ လူတွေက တော့ ခုထက်ထိ စစ်အာဏာရှင်အစိုးရနဲ့ အခု အုပ်ချုပ်နေတဲ့ စစ်တပိုင်း အရပ်သားအစိုးရဆိုတာကို ဘယ်လို ပုံစံနဲ့ယုံရမှာလဲ။ စထွက်တုန်းကတော့ အပြောကောင်းပါပေ့၊ လက်တွေ့မှာတော့ နိုင်ငံရေးအကျဉ်းသား မရှိ ဘူး၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ မရှိဘူးဆိုပြီး ဗြောင်လိမ်နေတာ မရှက်ကြဘူးလား။ သားသမီးချင်း စာနာကြပါ။ မိဘချင်း စာနာကြပါ။ ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ချင်လို့ လွယ် လွယ်မပြောကြပါနဲ့။ ပြောတာက လွယ်တယ်၊ ခံရသူတွေကတော့ လူအခွင့်အရေးတွေ မိသားစုအရေးတွေ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အရေးကိစ္စတွေ ဆုံးရှုံးနစ်နာကြတယ်ဆိုတာ သိထားကြစေချင်ပါတယ်။

လွှတ်တော်ဥက္ကဌ သူရရွှေမန်းက နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံး သုံးခဲ့တယ်။ အမျိုးသားလူ့အခွင့်အ ရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြက ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများလို့ အသိအမှတ်ပြုထားတယ်။ အဓိ ကကျတဲ့ သမ္မတကတော့ နိုင်ငံရေးအကျဉ်းသားဆိုတာကို လက်မခံဘဲ အပြစ်တခုခုနဲ့ ထောင်ကျသူများလို့ သတ်မှတ်လိုက်တာကတော့ သဘောထားပျော့ပြောင်းသူလို့ သတ်မှတ်ထားကြသူများအဖို့ တော်တော် ယုံရ ခက်သွားတယ်။

ဒီလိုဆို နိုင်ငံရေးအကျဉ်းသားကို လွှတ်ပေးပါ့မယ်ဆိုတဲ့ ကတိက၀တ်တွေ၊ အမေရိကန်သမ္မတနဲ့ ကမ္ဘာကို က တိပေးထားခဲ့တာတွေက ဟုတ်ပါ့မလား။ ပြည်သူတွေရဲ့မျှော်လင့်ချက်၊ လိုလားချက်တွေကို ဖြည့်ဆည်းပေးပါ့ မယ် ဆိုတာတွေကရော ဟုတ်ပါ့မလား။ အာဃာတမထားပါဘူးဆိုတဲ့ စကားနဲ့အတူ အရင်အစိုးရ လက်ထက် က မတရား ဖမ်းဆီးချုပ်နှောင် ထောင်ချထားခြင်းခံရသူတွေကို တကယ်ကော လွှတ်ပေးပါ့မလား၊ ဟုတ်ပါ့မ လား ... ဟုတ်ပါ့မလား။

အမျိုးသားရင်ကြားစေ့ရေးဆိုတာလည်း စကားလုံးပဲရှိတာပဲ။ လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘူး။ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲ သတ်ပွဲတွေ ဖြစ်နေတုံးပဲ။ တနိုင်ငံလုံး အပစ်မရပ်သေးဘူး၊ ငြိမ်းချမ်းရေး ဆွေး နွေးပွဲတွေ မပြီးသေးဘူး၊ စစ်ပြေးဒုက္ခသည်တွေ ရှိနေတုံးပဲ။ အဲဒါတွေကို တကယ်အောင်မြင်အောင် လုပ်ပါ့မ လား ... ဟုတ်ပါ့မလား မောင်တို့ရေ၊ ယုံရမှာလား။

ဒါပေမယ့် ဇာတ်သိမ်းခန်းတော့ မရောက်သေးဘူး၊ စောင့်ကြည့်ရမှာပေါ့။ ဇာတ်သိမ်းမှာ လူကြမ်းနိုင်တယ်ဆို တာ မရှိဘူး။ လူကြမ်းကို အနိုင်ပေးလေ့မရှိဘူး။ လူကြမ်းဆိုတာ အများမုန်းခြင်းကို ခံရသူပဲ။ သူ့ရဲ့လုပ်ရပ် တွေက တရားမျှတမှုမှ မရှိတာလေ။ ဒီတော့ လူကြမ်းဆိုတာ ဇာတ်သိမ်းမကောင်းမှာ အမှန်ပဲပေါ့။

စိန်သံလုံး

အပြည့်အစုံသို့...

နိုက်တင်ဂေးလ်ကျန်းမာရေးဂျာနယ် (နိုဝင်ဘာလ - ၂၀၁၁ ခုနှစ်)

Nightingale Health Journal - Nov 2011

အပြည့်အစုံသို့...

Tuesday, December 6, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၁၂-၂၀၁၁)

- ဗမာ့တပ်မတော် ချစ်တီးကုလားလို လယ်သိမ်းပြီး သီးစားချမူ ရပ်တန့်ရန် ပြည်သူများ လိုလားနေ click
- ကချင်ဒုက္ခသည်တွေ လူမှုရေးအသင်းများ ကူညီ click
- ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်တွေကို အကူအညီ စပေး click
- ကချင်စစ်ဘေးသင့် ဒုက္ခသည်များကို ပရဟိတကွန်ရက်အဖွဲ့ သွားရောက်ကူညီ click
- ကချင်ပြည်နယ်သို့ ဒုတိယနေ့ခြေလှမ်း click
- ကလေးစစ်သားစုဆောင်းမှု ဆက်ရှိနေ click
- NLD အတွင်းရေးမှူး ဦးလွင် ကွယ်လွန် click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးလွင် ကွယ်လွန် click
- NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးလွင် ကွယ်လွန် click
- ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော် ကျင်းပမယ် click
- NLD က ဂီတပွဲတော်နဲ့ ဈေးရောင်းပွဲတော် ကျင်းပမယ် click
- NLD ကို ဂီတသမားတွေ ဘယ်လို ၀န်းရံနေသလဲ click
- ပုပ်ရဟန်းမင်းကြီး အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့မယ် click
- အမေရိကန်အထူးကိုယ်စားလှယ် မြန်မာ့အရေး တရုတ်နဲ့ ညှိနှိုင်းမည် click
- အလုပ်သမားအဖွဲ့အစည်းဥပဒေ ပြဌာန်းလိုက်ပေမယ့် တိုးတက်မှု မတွေ့ရ click
- ဥပဒေ ပြဋ္ဌာန်းခဲ့ပေမယ့် ဥပဒေအတိုင်း မကျင့်သေး click
- ရပ်နားထားတဲ့ လွှတ်တော်တွေ ဇန်နဝါရီလ ပြန်ကျင်းပမယ် click
- ဒီမိုကရေစီမိတ်ဆွေနှင့် ကြံ့ခိုင်ရေး တွေ့ဆုံ click
- အေအိုင်ဒီအက်စ်ရောဂါ ရန်ပုံငွေ အခက်အခဲရှိ click
- Oaklandရောက် မြန်မာပြည်သား ဒုက္ခသည်များ ဆင်းရဲတွင်းနက် click
- ရိုဟင်ဂျာတွေ ကော့သောင်းမှာ ဖမ်းပြီး ထောင်ချ click
- ဘန်ကောက်၌ သျှမ်းနှစ်သစ်ကူးနှင့် ဘုရင့်မွေးနေ့ဂုဏ်ပြုပွဲ ပူးတွဲကျင်းပ click
- ၅၂ နှစ်ပြည့် ဒေါက်တာစင်သီယာမောင် မွေးနေ့အခမ်းအနား ကျင်းပပြီးစီး click
- မွေးနေ့ရှင် ဒေါက်တာ စင်သီယာ (ရုပ်သံ) click
- မြန်မာ့စီးပွားရေးဘဏ် ရာထူးတိုးမှုအတွက် လာဘ်ငွေများဖြင့် လုပ်ဆောင်လာ (ပေးစာ) click
- ဂျာနယ်ကျော်မမလေး၏ ဘ၀နှင့် စာပေလက်ရာများ - အပိုင်း ၁ (ဆောင်းပါး) click
- ငှက်ကလေးများတို့ရေ (ကာတွန်း) click
- အာဖဂန် ဘာသာရေးရက်မြတ် ဗုံးကွဲမှု ၅၉ ဦး သေဆုံး click
- ရုရှားရွေးကောက်ပွဲ ဆန္ဒပြသူ ၂၅၀ ကျော် ဖမ်းဆီးခံရ click
- ရုရှား ရွေးကောက်ပွဲနောက်ပိုင်း ဆန္ဒပြမှု လူ ၂၅၀ ရဲက ဖမ်းဆီး click
- အီဂျစ် တကျော့ပြန် ရွေးကောက်ပွဲ အစ္စလာမ် ပါတီတွေ အကြိတ်အနယ် ယှဉ်ပြိုင် click
- အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆီးရီးယား အတိုက်အခံတွေနဲ့ တွေ့ဆုံ click
- ယူရိုဇုန်ခေါင်းဆောင်တွေ ဖိအားပေးခံနေရ click
- ဥရောပစီးပွားရေး အဆင့်လျှော့ သတ်မှတ်ဖို့ သတိပေးခံရ click
- EU စာချုပ်ဘောင်အတွင်း ဘဏ္ဍာရေးစည်းမျဉ်း ချမှတ်နိုင် click
- ဒီဇင်ဘာလ ၆ ရက် တမိနစ် သတင်းဗွီဒီယို click
- ဆန္ဒပြရန် လျှောက်ထားချက် ဆိုင်းငံ့ခံရ click
- ငြိမ်းချမ်းစွာ စုဝေး စီတန်းလှည့်လည်ခွင့် မရရှိသေး click
- အလုပ်သမားသမဂ္ဂ ဖွဲ့ခွင့်အပေါ် အစိုးရမှ ပြန်ကြား click
- ရန်ကုန်တွင် တိုင်းရင်းသားအရေး ဆွေးနွေးပွဲ ကျင်းပမည် click
- RCSS နှင့် အပစ်ရပ်ရန် မြန်မာစစ်တပ်အတွင်း အမိန့်ထုတ်ပြန် click
- UNFC ၏ စုစည်းညီညွတ်မှုကို အစိုးရက ဖြိုခွဲလို click
- အစိုးရ စစ်ဗျူဟာဝင်းအတွင်း ဗုံးကွဲ၊ တပ်သားတဦး သေဆုံး click
- သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင်အတွင်းရှိ ရဲများ တိုက်ခိုက်ခံနေရ click
- KIA မုန်းကို ၀င်စီးမှုတွင် မြန်မာအစိုးရ တပ်ရင်းမှုးအပြင် ၁၇ ဦးကျ click
- KIA တပ်ရင်း ၃ ဒေသမှ ဒုက္ခသည် သုံးထောင်ခန့် နယ်စပ်သို့ ရောက်ရှိ click
- ကချင် စစ်ဘေးဒုက္ခသည်များအား ကျပ်သိန်း ၄၀၀ ကျော် လှူဒါန်း click
- စစ်​ပြေး​ဒုက္ခသည် အ​ခြေအ​နေနှင့်​ပတ်သက်၍ ​မေး​မြန်း​ချက် click
- ငြိမ်း​ချမ်း​ရေး​ လိုချင်ရင်​ အစိုး​ရဘက်က စိတ်ရင်း​ စေတနာရင်း​ရှိတယ်ဆိုတာ ပြရမယ် (မေးမြန်းခန်း) click
- လွယ်လ တိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲ မိုင်းလားထိန်းချုပ်နယ်မြေ၌ ပထမအကြိမ် ကျင်းပ click
- CNF နဲ့ ပြည်နယ်အစိုးရ တွေ့ဆုံမည့်အပေါ် CNP ကြိုဆို click
- စီအဲန်ပီက ပြည်သူ့နီတိနှင့် ကျေးလက်ဖွံ့ဖြိုးရေးအမြင်ဖွင့်သင်တန်း ပြုလုပ် click
- ၈၈ မျိုးဆက်ကျောင်း​သား​အချို့ ကြား​ဖြတ်​ရွေး​ကောက်ပွဲဝင်မည် click
- ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ရန်ကုန်တိုင်းက ၀င်မည် click
- ဒေါ်​အောင်ဆန်း​စုကြည် အဆုံး​အဖြတ်ကို ခံယူရန်အသင့်​ဟု ​ဒေါက်တာသန်း​ငြိမ်း ​ပြော click
- ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စကလင်တန် ဓာတ်ပုံပါ ဂျာနယ်များ အရောင်းသွက် click
- ပညာ​ရေး​ရန်ပုံ​ငွေ ​ဈေး​ရောင်း​ပွဲနှင့်​ ဂီတ​ဖျော်​ဖြေပွဲ အဖွဲ့ချုပ် ဦး​ဆောင်ကျင်း​ပမည် click
- ဒီဇင်ဘာလ ၂ ရက်နေ့ ရန်ကုန်က ဟီလာရီ သတင်းစာရှင်းလင်းပွဲ (ရုပ်သံ) click
- ကြံ့ဖွတ်အစိုးရရဲ့ သံတမန်အစွမ်းကို စောင့်ကြည့်ကြရတော့မယ် (ဆောင်းပါး) click
- တရုတ်ကို အာခံတဲ့ မြန်မာ ချီးကျူးခံရ click
- မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးဆိုင်ရာ စာချုပ်များ ချုပ်ရန်ရှိ click
- စီး​ပွား​ရေး​နှင့်​ မှုခင်း​ဥပ​ဒေ ဂျာနယ် မဂ္ဂဇင်း​များ​ စိစစ်​ရေး​ ကင်း​လွတ်ခွင့်​ရ click
- ထား​ဝယ် အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​ဖွံ့ဖြိုး​တိုး​တက်မှု - အပိုင်း​ ၆ (ဆောင်းပါး) click
- မြန်မာအစိုးရ ပညာရေး ဥပဒေသစ် သမိုင်းသင်လျှင် ထောင်ဒဏ်ချမှတ်မည် click
- ရိုဟင်ဂျာဒုက္ခသည်များ မြန်မာ လက်ခံမည်ဟုဆို click
- ၁၂ နှစ်အရွယ် မိဘမဲ့​ က​လေး​ငယ်တဦး​ ​အဓမ္မပြုကျင့်​ခံရပြီး​ ​သေဆုံး​ဟုဆို click
- အသက်မပြည့်သော ကျောင်းသူအား နှစ်ကြိမ်တိုင်တိုင် အဓမ္မပြုကျင့် click
- ကော့ကရိတ်တောင်ဘက်ဒေသတွင် စပါးအထွက်နှုန်း လျော့နည်းလာ click
- ဒေါက်တာစင်သီယာမောင် မွေးနေ့ (ဓာတ်ပုံသတင်း) click
- ပထမဆုံးအကြိမ် စာပေဟောပြောပွဲ မဲဆောက်တွင် ကျင်းပ click
- VOA ဌာနမှူး မြန်မာဗီဇာရ click
- မဲဆောက်ရောက် ဉာဏ်လင်းအောင်နဲ့ ဂျေမီ (ဓာတ်ပုံ) click
- ပါမင့်နင့် လရောင် (ကဗျာ) click
- Person of the Year ဘယ်သူဖြစ်မလဲ click

အပြည့်အစုံသို့...

ဒေါက်တာစင်သီယာမောင်ရဲ့ ၅၂ နှစ်မြောက် မွေးနေ့မင်္ဂလာအခမ်းအနား

ဓာတ်ပုံ - ကိုလတ် (၆-၁၂-၂၀၁၁)

အပြည့်အစုံသို့...

Facebook မှာ ဖတ်ရှုရတဲ့ တွေးဆဆင်ခြင်စရာများ

(၁) ဒေါ်အောင်ဆန်းစုကြည် ၀န်ကြီးရာထူး ယူသင့် မယူသင့်
(၂) ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်ရင် ပြည်ထောင်စုဝန်ကြီးအဆင့်ထက် ပိုမရနိုင်
(၃) မြန်မာ့နိုင်ငံရေး မှောင်ရီပျိုးချိန်
(၄) ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ် ပျက်သလား၊ မပျက်သလား ဒေါ်အောင်ဆန်းစုကြည် ပြောတာ မရှင်း
(ခင်ရတနာ၏ facebook စာမျက်နှာမှ ...)
Articles From Khin Yadanar's Facebook

အပြည့်အစုံသို့...

Monday, December 5, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၁၂-၂၀၁၁)

- မြန်မာပြုပြင်ပြောင်းလဲရေး အများကြီး လုပ်ဆောင်ရန် လိုနေသေး click
- ၈၈ မျိုးဆက်ကျောင်းသား ရွေးကောက်ပွဲ မစဉ်းစားသေး click
- နိုင်ငံရေးအကျဉ်းသား မလွှတ်လျှင် ရွေးကောက်ပွဲ မဝင်ဟု ၈၈ ပြော click
- ဗားဂျီးနီးယား တက္ကသိုလ်ကျောင်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး click
- ကော့မှူး မဲဆန္ဒနယ်မြေမှာ အရွေးခံဖို့ ဒေါ်အောင်ဆန်းစုကြည် စဉ်းစား click
- ကော့မှူး မဲဆန္ဒနယ်က ရွေးကောက်ပွဲဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားနေ click
- ကော့မှူးမြို့နယ်ကနေ ၀င်ပြိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိ click
- ဗဟိုအောင်နိုင်ရေးအဖွဲ့ အန်အယ်လ်ဒီ ဖွဲ့စည်း click
- ပြည်ပရောက်များ NLD အဖွဲ့ဝင်နိုင် click
- ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒီမိုကရေစီပါတီတွေ ပြင်ဆင် click
- မိတ်ဆွေများ ၁၀ ပါတီနဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ဆွေးနွေး click
- အကောင်းမြင်ရမယ့်အချိန် ရောက်ပြီလား (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- ပြည်တွင်းပြောင်းလဲမှုနဲ့ လူ့ဘောင်သစ်ခေါင်းဆောင် အမြင် (ဒီမိုကရေစီရေးရာ) click
- နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် UNFC တောင်းဆို click
- ကချင်ဒုက္ခသည်တွေကို ၀ိုင်းကူနေ click
- ကချင်ဒုက္ခသည်များ ကူညီရေး ရန်ပုံငွေဈေးရောင်းပွဲမှာ ကချင်၊ မြန်မာတိုင်းရင်းသားပေါင်းစုံ၏ ရိုးရာစား သောက်ဖွယ်ရာ ဆိုင်ပေါင်း ၁၆ ဆိုင် ရပြီ click
- ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မြန်မာနိုင်ငံ ရောက် click
- ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မြန်မာနိုင်ငံ ရောက်ရှိ click
- တိဘက်ခေါင်းဆောင် ဒလိုင်လားမား ရွှေတိဂုံဘုရားဖူးရန် ဆန္ဒရှိ click
- သူရဦးရွှေမန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယ သွားမည် click
- ဒီမိုကရေစီနဲ့ ထိုက်တန်သူတွေ ဖြစ်ကြောင်းပြဖို့ တရားဝင် ဆန္ဒပြခွင့် တောင်းဆိုမည် click
- အာဏာပိုင်တွေကိုယ်တိုင် ဥပဒေတွေ လိုက်နာဖို့ click
- ကိုပြည့်ဖြိုးတေဇ အယူခံလွှာ အနိုင်ရ click
- VOA မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း ရန်ကုန်ရောက်နေ click
- ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ မြန်မာ့စီးပွားရေး click
- သံတွဲနှင့် တောင်ကုတ်တွင် ရခိုင်သဘာဝဓာတ်ငွေ့ဖြင့် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး လှုပ်ရှား click
- လက်ကျန် သီးလေးသီး ပြည်တော်ပြန် (ရုပ်သံ) click
- မြစ်ဆုံဒေသ ငလျင်အန္တရာယ် click
- ၂၀၁၂ အာရှခရီးစဉ်အတွက် ထိပ်တန်း လည်ပတ်စရာနေရာအဖြစ် မြန်မာ ဖြစ်လာနိုင် click
- တရုတ်ပြည်ဘက်မှာ ရောင်းစားခံရတဲ့ မြန်မာမိန်းကလေးတွေရဲ့ဘ၀ click
- ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပြီ click
- ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ် click
- မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပြီ click
- မြ၀တီ-မဲဆောက် တံတား ပြန်ဖွင့် (ရုပ်သံ) click
- SE-ME-WE 3 အင်တာနက် ဆက်ကြောင်း ပြုပြင်ပြီးစီး click
- ပူတင် ဆင်းပေးလို့ ကြွေးကြော်ဆန္ဒပြသူတွေ ဖမ်းဆီးခံရ click
- ရုရှား လွှတ်တော်ရွေးကောက်ပွဲနဲ့ ၀န်ကြီးချုပ်ပူတင် ရှေ့ရေး click
- ဆီးရီးယားအရေး တက်ကြွလှုပ်ရှားသူတွေ အပျောက်ရှင်းခံရ click
- စစ်လက်ကျန်ဗုံးတွေကြောင့် ဗီယက်နမ်မှာ လူ ၄ သောင်းကျော် သေ click
- အာဖဂန် အနာဂတ်ဆိုင်ရာ ညီလာခံ ကျင်းပ click
- အာဖဂန်ဆိုင်ရာ နိုင်ငံတကာညီလာခံ ဂျာမဏီမှာ ကျင်းပ click
- ဥရောပ ကြွေးမြီပြဿနာအတွက် ပိုတင်းကျပ်တဲ့ ဥပဒေလို click
- ယူရိုဇုန်နိုင်ငံတွေ Credit Rating လျှော့ချခံရနိုင်လို့ S&P သတိပေး click
- ဘေဂျင်းဟာ ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံးမြို့ ဖြစ် click
- ဒီဇင်ဘာလ ၅ ရက် တမိနစ် သတင်းဗွီဒီယို click
- ၈၈ မျိုးဆက်ကျောင်းသားများအဖြစ် ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မည်မဟုတ် click
- နိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်ဘဲ ALD မှတ်ပုံတင်မည်မဟုတ် click
- အန်အယ်လ်ဒီက ​ရွေး​ကောက်ပွဲ ​အောင်နိုင်​ရေး​ ​ကော်မတီဖွဲ့​စည်း​၊​ ​ဒေါ်အောင်ဆန်းစုကြည် ​ရွေး​ကောက်ပွဲ ဝင်မည် click
- ဟီလာရီ၊ NLD နှင့် မြန်မာပြည်အစိုးရ၊ ဘယ်သူတွေ ဘယ်လောက်အကျိုးရှိခဲ့ကြလဲ (တပ်မှူးတပ်သား ပြော စကား) click
- သမ္မတ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ဖြိုခွဲခြင်းနည်းဗျူဟာဟု UNFC ပြော click
- ကေအိုင်အိုက ​ဖောက်ခွဲဖျက်ဆီး​မှုလုပ်​နေ​ကြောင်း​ အစိုး​ရသတင်း​စာတွင်​ ဖော်ပြ click
- ကချင်စစ်​ဘေး​ဒုက္ခသည်ထံ လူမှု​ရေး​အဖွဲ့များ​ သွား​ရောက်ကူညီ click
- ကချင်ပြည်နယ်သို့ ပထမခြေလှမ်း click
- ချင်းပြည်သူများနှင့် အစိုးရစစ်တပ်အကြား လူမှုဆက်ဆံရေး ကောင်းမွန်လာ click
- အိန္ဒိယလက်နက်ကိုင်အဖွဲ့များကြောင့် ချင်းပြည်သူတချို့ ပြောင်းရွှေ့မှုများရှိနေ click
- သူရရွှေမန်းနဲ့ မြန်မာအမတ်တွေ အိန္ဒိယကို လေ့လာမယ် click
- အိန္ဒိယ လေ့လာရေးခရီး ပါတီများ ရေရေရာရာ မသိသေး click
- မြန်မာအစိုးရက အိန္ဒိ​ယ သတင်းထောက်တဦးကို ဖမ်းဆီးထား click
- ဂျပန်​တော်လှန်​ရေး​ ​လေထီး​စစ်သည် သခင်လှကွန်း​ ကွယ်လွန် click
- မျိုးချစ်စိတ်နဲ့ ရေးတဲ့ သမိုင်းအမှားတခု (ဆောင်းပါး) click
- ကာတွန်းဆရာနဲ့ ဦးသိန်းစိန် click
“ဆန်ရှင်” (ကာတွန်း ဘီရုမာ - မိုးမခ၀က်ဘ်ဆိုက်)
- ဆောင်း​တွင်း​ မိုး​ရွာနိုင်ဟု မိုး​ဇလ သတိ​ပေး​ click
- ရာသီဥတုအ​ခြေအ​နေနှင့်​ ပတ်သက်ပြီး​ မိုး​/ဇလ လက်​ထောက်ညွှန်မှူး​နှင့်​ ​မေးမြန်းချက် click
- ညစ်ညမ်းဓာတ်ငွေ့ လျှော့ချရေး နိုင်ငံတကာ စာချုပ်များနှင့် မြန်မာနိုင်ငံ ပါဝင်ဆောင်ရွက်ရေး click
- ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပြီ click
- မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား ဖွင့်ပြီ click
- မဲဆောက်-မြ၀တီတံတား ပြန်ဖွင့်ပြီ (ဓာတ်ပုံသတင်း) click
- မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ် click
- မြ၀တီ-မဲဆောက် တံတား ပြန်ဖွင့်ပွဲ အခမ်းအနား (ဓာတ်ပုံသတင်း) click
- မြ၀တီ-မဲဆောက် ချည်ကြည်ရေးတံတား ပြန်ဖွင့် (ဓာတ်ပုံ) click
- မဲ​ဆောက်-မြဝတီတံတား​ ပြန်ဖွင့်​၊​ တနှစ်​ကျော် တံတား​ပိတ်မှု​ကြောင့်​ ဘတ်သန်း​ ​သောင်း​ချီ ဆုံး​ရှုံး​ click
- ကိုရဲလွင်ရဲ့ ၆၄ နှစ်ပြည့် မွေးနေ့ (ဓာတ်ပုံသတင်း) click
- ပန်းခင်းလမ်းပေါ်မှ လျှောက်လှမ်းခဲ့ပါ (ဆောင်းပါး) click
- အကျဉ်းသား၂၆,၀၀၀ ဘုရင်ကြီးမွေးနေ့ လွတ်ငြိမ်းခွင့်ရ click
- ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းအစိုးရက ပတ်စ်ပို့ ထုတ်ပေးတော့မည် click
- အာရှအနွယ်ဖွား ကျောင်းသားများကို ခွဲခြားဆက်ဆံလာသော အမေရိကန်တက္ကသိုလ်များ click
- ရာဘင်ဒြာနတ်တဂိုး (တံဆိပ်ခေါင်းများ) click

အပြည့်အစုံသို့...

ခေတ်ကို ထမ်း၍ လွမ်းသည့် ကဗျာဆရာ

ခေတ်ကို ထမ်း၍ လွမ်းသည့် ကဗျာဆရာ
ဒေါက်တာလွဏ်းဆွေ

ကျနော်တို့မိသားစုကို ရင်းနှီးသူတချို့က ‘လွဏ်း’ ကုမ္ပဏီလီမိတက်ဟု အမှတ်တံဆိပ်ခတ်နှိပ်ကြသည်။ အဖေ့ နာမည်တွင် ပါသည့် ‘လွဏ်း’ က ကျနော်တို့ ညီအစ်ကို လေးယောက်စလုံး၏ နာမည်များအထိ အဆက်မပြတ် စီးဆင်းလာသောကြောင့် ကျီစယ်သည့်အနေနှင့် ထိုသို့ ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ သို့သော် ထိုဏကြီးသတ် နှင့် ‘လွဏ်း’ ထားသည့် ကျနော်၏ နာမည်ကို အသံထွက်အမှန်၊ သတ်ပုံစာလုံးပေါင်း အမှန်အတိုင်း ခေါ်ပြော ရေးသားသူက လွန်စွာနည်းလှသည်။ အများအားဖြင့် ‘လွမ်း’ ဟုသာ အသံထွက်၍ ခေါ်ဝေါ်သူ များတတ်ပြီး အသံထွက်မှန်အောင် ခေါ်တတ်သူများကျတော့လည်း ကျနော်၏ နာမည်ကို ရေးသားကြသည့်အခါ ‘လွန်း’ ဟု နငယ်သတ်နှင့် သုံးနှုန်းသူက အများစုဖြစ်နေပြန်သည့်အတွက် ဘ၀တလျှောက် ကျနော်၏ နာမည်အမှန်၊ အ သံထွက်အမှန်ကို ပြောဆိုရေးသားခံရမှုနှင့် ပတ်သက်၍ စစ်တမ်းကောက်ကြည့်မည်ဆိုလျှင် စိတ်ကသိက အောက်ဖြစ်ရသည့် အကြိမ်အရေအတွက်က အများစုဖြစ်မည်ဟု ထင်မိပေသည်။

ထိုသို့ နာမည်ပါ ‘လွဏ်း’ နှင့်ပတ်သက်၍ မှားယွင်းစွာ ခေါ်ဝေါ်ရေးသားခံရသည့်အတွက် စိတ်မသက်မသာဖြစ် ရတတ်လွန်းသည့် ကျနော်သည် တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပင် ‘လွမ်း’ နှင့် ‘လွန်း’ အသံထွက်စစ်စစ်ပါ ‘မောင်လွမ်းဏီ’ နှင့် ‘ကိုခင်လွန်း’ တည်းဟူသော အမည်နာမပိုင်ရှင်နှစ်ဦးကို လွတ်မြောက်နယ်မြေတွင် ရင်းနှီး ဆုံဆည်းခွင့်ရခဲ့လေသည်။ ကျနော် ‘လွဏ်း’ က ပြည်တွင်း၌ရှိစဉ် မြားနတ်မောင်ရသမဂ္ဂဇင်းကို တာဝန်ယူခဲ့ သည့် အယ်ဒီတာတဦးဖြစ်သလို အဆိုပါ ‘လွမ်း’ နှင့် ‘လွန်း’ တို့ကလည်း ပြည်တွင်း၌ရှိခဲ့ကြစဉ်ကတည်းက ‘မောင်လွမ်းဏီ (မင်းဘူး)’ နှင့် ‘ခင်လွန်း’ တည်းဟူသော ကလောင်နာမည်ကိုယ်စီကို ရသမဂ္ဂဇင်းစာမျက်နှာ များထက်၌ အခိုင်အမာ စိုက်ထူခဲ့ကြပြီးသူများဖြစ်၍ ‘လွမ်း၊ လွန်း၊ လွဏ်း’ ရသသမားသုံးဦး လွတ်မြောက်နယ် မြေ၌ အမှတ်မထင် ဆုံဆည်းခဲ့မှုအပေါ် ကျနော့်အနေနှင့် အံ့အားတသင့် ဖြစ်နေမိလေ၏။

ထိုကြုံတောင့်ကြုံခဲ ‘လွမ်း’ နှင့် ‘လွန်း’ နှစ်ဦးအနက် ‘လွန်း’ က ကျနော်နှင့် ပြည်တွင်းမှာကတည်းက ရင်းနှီးခင် မင်ခဲ့သူ။ ‘လွန်း’ က ကဗျာနှင့် ၀တ္ထု နှစ်မျိုးစလုံးကို ရေးသားလေ့ရှိသော်လည်း ကဗျာထက် ၀တ္ထု ပိုအရေးများ သူ ….။ ‘လွမ်း’ ကမူ ၀တ္ထုနှင့် ဆောင်းပါးထက် ကဗျာများကိုသာ အလျဉ်မပြတ် ရေးစပ်သီကုံးရင်း ‘ကဗျာဆ ရာ’ တည်းဟူသော ဂုဏ်ပုဒ်ကို တရှိုက်မက်မက် ပွေ့ဖက်ခံယူထားလေသူ။ ‘လွမ်း’ ကို ကျနော် ပြည်တွင်း၌ရှိ စဉ်က လူချင်း ဆုံတွေ့သိကျွမ်းဖူးခြင်းမရှိခဲ့၊ မဂ္ဂဇင်းစာမျက်နှာများနှင့် စစ်အုပ်စု၏ သတင်းစာရှင်းလင်းပွဲအချို့ ၌သာ သူ၏ ကလောင်နာမည်ကို ကျက်မိနေခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ရောက်ရှိသည့်အခါမှ ‘လွမ်း’ နှင့် ကျနော် လူချင်း ရေစက်ဆုံကြခြင်းဖြစ်သည်။

ယခုမူ ‘လွန်း’ က တတိယနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သဖြင့် လွတ်မြောက်နယ်မြေတွင် ‘လွမ်း’ နှင့် ‘လွဏ်း’ နှစ်ဦးသာ ကျန်ရစ်တော့သည်။ ကျန်ရစ်သည့် ‘လွမ်း’ နှင့် ‘လွဏ်း’ နှစ်ဦးတို့မှာ နေညိုချိန်ကို အလွမ်းပိုပိုနှင့် စောင့်ကြို ဖြတ်သန်းတတ်သူများပီပီ ‘လွန်း’ ရှိစဉ်ကတည်းကပင် ပို၍ အတွဲများခဲ့ကြသူများလည်းဖြစ်သည်။ ထိုသို့ ကျနော်နှင့် အတွဲများခဲ့သည့် ကျနော် တ ‘လွမ်း’ ထဲ ‘လွမ်း’ နေသော ကဗျာဆရာ မောင်လွမ်းဏီသည် နိုင်ငံရေးအကျဉ်းသား၊ လက်နက်ကိုင်တော်လှန်ရေးသမားနှင့် ကဗျာဆရာ တည်းဟူသော ဘ၀စာမျက်နှာသုံး ခုကို ကျင်လည်ဖြတ်သန်းခဲ့သူဖြစ်ပြီး ယခုအထိတိုင်လည်း သေနတ်တဘက်၊ ကလောင်တဘက် စွဲကိုင်ရင်း ဒီ မိုကရေစီရေးတိုက်ပွဲကို သစ္စာမပျက် ဆက်လက်ဆင်နွှဲနေသူဖြစ်သည်။ သို့သော် ဆရာလွမ်းနှင့် အတွဲများခဲ့ ခြင်း၏ အရင်းခံအကြောင်းတရားကို ပြန်လည်ဆန်းစစ်ကြည့်ရာတွင်မူ သူ၏ အခြားဘ၀စာမျက်နှာများထက် ကဗျာဆရာဘ၀စာမျက်နှာက အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ကို ကျနော် သတိပြုမိလေသည်။

* * * * * * *

ရသမဂ္ဂဇင်းတစ်စောင်အဖြစ် ‘မြားနတ်မောင်’ ကို ကျနော် စတင်ပုံဖော်ခဲ့ချိန် ၁၉၉၆ ခုနှစ် နိုဝင်ဘာလထုတ်မှစ ၍ လစဉ် ကဗျာ ၁၁ ပုဒ် ရွေးချယ်ဖော်ပြဖြစ်ခဲ့သည်။ ထိုသို့ ကဗျာ ၁၁ ပုဒ်ကို ရွေးချယ်ဖော်ပြခဲ့ရာတွင် ‘မြန်မာ့ ရနံ့ကဗျာ’ နှင့် ‘မြားနတ်မောင်ကဗျာ’ ဟူ၍ ကဏ္ဍနှစ်မျိုးခွဲကာ ဖော်ပြဖြစ်ခဲ့၏။ ‘မြန်မာ့ရနံ့ကဗျာ’ ကဏ္ဍတွင် အ စဉ်အလာ မြန်မာကဗျာစပ်ထုံးများနှင့်အညီ ရေးဖွဲ့စပ်ဆိုထားသော ခေတ်ပြိုင်ခံစားမှုကို ပေးစွမ်းနိုင်သည့် က ဗျာ ၂ ပုဒ်ကို လစဉ်တင်ဆက်ပေးပြီး ‘မြားနတ်မောင်ကဗျာ’ ကဏ္ဍတွင် အစဉ်အလာ မြန်မာကဗျာစပ်ထုံးများ နှင့်အညီ ရေးဖွဲ့ခြင်းမဟုတ်သည့် ကဗျာ ၉ ပုဒ်ကို လစဉ် တင်ဆက်ဖြစ်ခဲ့လေသည်။ ထိုမြားနတ်မောင်ကဗျာ ၉ ပုဒ်ကို ကဏ္ဍထပ်မခွဲဘဲ တပေါင်းတည်းတင်ဆက်ဖြစ်ခဲ့သော်ငြား ဖတ်ရှုရွေးချယ်သည့် ကျနော်၏ စိတ်ထဲတွင် မူ ကဗျာပုံသဏ္ဍာန်နှစ်မျိုးကို ထပ်မံပိုင်းခြား၍ ၃း၆ နှုန်းဖြင့် အချိုးကျ ရွေးချယ်ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပထမတမျိုးဖြစ်သည့် လေးလုံးစပ်မှ ဖောက်ထွက်ရေးသားသော်လည်း ကာရန်ကို အပြီးတိုင်မစွန့်ဘဲ ရေးဖွဲ့စပ် ဆိုသည့် ကဗျာပုံသဏ္ဍာန် (၁၉၇၀ မိုးဝေကဗျာခေတ်ကာလမှ ၁၉၈၈ အရေးတော်ပုံမတိုင်မီ ကာလများအထိ အဖွဲ့အစပ်များသော ကဗျာပုံသဏ္ဍာန်၊ တချို့က ‘လွတ်လပ်ကဗျာ’ ဟုခေါ်) ကို လစဉ် ၃ ပုဒ် ဖော်ပြပြီး ကာရန် ကို အပြီးတိုင်စွန့်၍ ရေးဖွဲ့စပ်ဆိုသည့် မော်ဒန်ကဗျာပုံသဏ္ဍာန်များကို လစဉ် ၆ ပုဒ် ရွေးချယ်ဖော်ပြဖြစ်ခဲ့လေ သည်။

ကဗျာဏ္ဍကို ထိုသို့ စီစဉ်တင်ဆက်ဖြစ်ခဲ့ခြင်းတွင် ကျနော့်၌ ရည်ရွယ်ချက်ရှိပါသည်။ မြားနတ်မောင်သို့ ကဗျာ ဆရာအရွယ်မျိုးစုံ၏ ဖွဲ့စပ်ပုံမျိုးစုံဖြင့် ရောက်ရှိလာသော ကဗျာပုဒ်ရေမှာ လစဉ် ၁,၀၀၀ နှင့် ၁,၅၀၀ ကြားရှိ သည်။ မြားနတ်မောင်တွင် လစဉ် ဖော်ပြနိုင်သည့် ကဗျာအရေအတွက်မှာ ၁၁ ပုဒ်သာဖြစ်သည့်အတွက် ပေးပို့ သည့် ကဗျာတပုဒ်အတွက် ပါဝင်ခွင့်ရနိုင်သည့် အနေအထားက ရာခိုင်နှုန်းအားဖြင့် ၁ % မျှသာရှိသည်။ သို့နှင့် ကဗျာဆရာ အရွယ်မျိုးစုံ၏ ဖွဲ့စပ်ပုံမျိုးစုံပါဝင်သည့် ကဗျာကဏ္ဍဖြစ်အောင်၊ မြားနတ်မောင်မဂ္ဂဇင်း၏ ကဗျာ ကဏ္ဍတင်ဆက်မှုတွင် မည်သည့်ကဗျာဆရာမဆို ပါဝင်ရေးသားခွင့်ရအောင်၊ ကဗျာဖတ်ရှုခြင်းကို နှစ်သက် သော မည်သည့်စာဖတ်သူမဆို မြားနတ်မောင်ကဗျာကဏ္ဍကို စိတ်ဝင်စားမှုရှိအောင် ဆိုသည့် ရည်ရွယ်ချက် များဖြင့် ထိုသို့ စီစဉ်တင်ဆက်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။

* * * * * * *

ယခုအခါ ကဗျာဆရာ မောင်လွမ်းဏီက တော်လှန်ရေးနယ်မြေအ တွင်း သူရေးဖြစ်ခဲ့သည့် ကဗျာများကို စုစည်းထုတ်ဝေမည်ဟု ရင်းနှီး သူ ကျနော့်ထံ အသိပေးလာ၍ ကဗျာဖတ်ရှုခံစားရသည်ကို ခုံမင်နှစ် ခြိုက်သည့် ကျနော့်မှာ အတိုင်းမသိ ၀မ်းမြောက်ပီတိဖြစ်ရလေ၏။ ပီ တိနှင့်အတူ သူ စီစဉ်ထားသည့် ကဗျာစာအုပ်မူကြမ်းကို မြည်းစမ်းခွင့် ရ၍ ဖတ်ရှုခံစားကြည့်မိ၏။ ဤမတိုင်ခင်ကလည်း ဆရာမောင်လွမ်း ဏီ၏ ကဗျာအချို့ကို လွတ်မြောက်နယ်မြေတွင် ထုတ်ဝေသည့် စာ စောင်များ၊ အင်တာနက်စာမျက်နှာများ၌ ကျနော် ဖတ်ရှုခံစားခဲ့ဖူးပြီး ဖြစ်လေသည်။

ကျနော့်အနေနှင့် ကဗျာတပုဒ်ကို ဖတ်ရှုခံစားရာတွင် ပုံသဏ္ဍာန်ထက် ဖွဲ့ဆိုထားသည့် အကြောင်းအရာထဲမှ ကဗျာဆရာ၏ ခေတ်ပြိုင်ခံစားမှု သို့မဟုတ် ပုဂ္ဂလိကခံစားမှုကို အဦးဆုံး ဖွေရှာမိ၏။ ထို့နောက် သူရေး စပ်သည့် အကြောင်းအရာအပေါ် ချဉ်းကပ်သည့် ကဗျာဆရာ၏ အ ဘိဓမ္မာကို ဆင်ခြင်သုံးသပ်၏။ ထို့နောက် ကဗျာ၏ အလှဓာတ်ကို ဖွဲ့တည်စေသော ကာရန်နဘေချိတ်ဆက်မှု အလှအပနှင့် ဝေါဟာရ၊ သင်္ကေတ၊ နိမိတ်ပုံ ဆန်းသစ်တီထွင်မှု အလှအပတို့ကို ရှာဖွေခံစား၏။ အကြောင်းအရာနှင့် အဘိဓမ္မာ ကျိုး ကြောင်းဆီလျော်မှုကို လက်ခံနိုင်ပြီး အလှဓာတ် (၀ါ) ကဗျာဓာတ် ညီညွတ်မျှတသည့် ကဗျာတပုဒ်ဟု ခံစား ရလျှင် ထိုကဗျာသည် ကျနော်၏ နှလုံးအိမ်၌ စွဲငြိနေလေတော့၏ (ခေတ်ပေါ်စကားနှင့်ဆိုရလျှင် ဟတ်ထိ သည်ပေါ့)။

မိုးဝေထွက် ကဗျာဆရာဖြစ်သော မောင်လွမ်းဏီ၏ ကဗျာများကို ဖတ်ရှုပြီးနောက် ကျနော့်အနေနှင့် အဦးဆုံး သတိထားမိသည့်အချက်ကို မကွယ်မ၀ှက် ပြောရမည်ဆိုလျှင် ပုံသဏ္ဍာန်ကိစ္စဖြစ်၏။ ကျနော်၏ အမြင်တွင် ဆရာမောင်လွမ်းဏီ ကဗျာဖွဲ့ဆိုသည့် ပုံသဏ္ဍာန်သည် မြားနတ်မောင်တွင် တလ ၃ ပုဒ်နှုန်း လျာထားဖော်ပြခဲ့ သည့် (လေးလုံးစပ်မှ ဖောက်ထွက်ရေးသားသော်လည်း ကာရန်ကို အပြီးတိုင်မစွန့်ဘဲ ရေးဖွဲ့စပ်ဆိုသည့်) လွတ်လပ်ကဗျာ ပုံသဏ္ဍာန်ဖြစ်သည်ကို သတိထားမိ၏။ တနည်းအားဖြင့် ကဗျာဆရာသည် ကာရန်ကို ချစ် မက်ဆဲ၊ ကာရန်ကို လက်နက်သဖွယ် အသုံးပြုဆဲဖြစ်သည်ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်မည်ဖြစ်၏။ သို့ သော် သူ ကာရန်ကို အပြီးတိုင်မစွန့်ဘဲ ချစ်မက်ပုံက အိုဗာမဖြစ် ဆန်းသစ်လှပ၏။ အပိုအလိုမရှိ ကွက်တိဖြစ် တာများ၏။ ငြီးငွေ့စရာမကောင်းဘဲ ဖတ်သူ၏နှလုံးအိမ်ကို စွဲကိုင်လှုပ်ရမ်းနိုင်စွမ်းရှိ၏။ ထိုသို့ ကာရန်ကို လက် နက်အဖြစ် အသုံးချတတ်မှု၊ နိမိတ်ပုံ သင်္ကေတများကို အံဝင်ခွင်ကျဖြစ်အောင် ဖွဲ့စပ်နိုင်မှုက ပုံသဏ္ဍာန် ရိုးစင်း သော်လည်း သူ၏ ကဗျာများကို တွယ်ငြိစရာ ဖြစ်လာစေသည်ဟု ကျနော့်အနေနှင့် ထင်မြင်မိ၏။

ထို့အပြင် မောင်လွမ်းဏီသည် တော်လှန်ရေးခရီးကြမ်းကို နှစ်ရှည်လများဖြတ်သန်းခဲ့သည့် ကဗျာဆရာပီပီ စစ် အုပ်စု၏ ဖိနှိပ်ရက်စက်မှုကို ကွင်းကွင်းကွက်ကွက် ဖွဲ့ဆိုဆန့်ကျင်၏။ အာဏာရှင်စနစ်ဆိုးအောက်မှ လွတ် မြောက်ရာလွတ်မြောက်ကြောင်း အကြံပြုစပ်ဆို၏။ တော်လှန်ရေးရဲဘော်တို့၏ စွန့်လွှတ် အနစ်နာခံ ပေးဆပ် မှုများကို ဆွေးဆွေးမြည့်မြည့် လွမ်းလွမ်းဆွတ်ဆွတ် ဖွဲ့ဆိုသီကုံး၏။ ပြည်တွင်းစစ်မီးတောက်ထဲ ၀ဲလည်နေ သည့် တိုင်းရင်းသားပြည်သူတို့၏ ဒုက္ခအ၀၀ကို စာနာရေးဖွဲ့၏။ လေးစားကြည်ညိုသူများကို ပူဇော်ကန်တော့ ၏။ စည်းစိမ်အာဏာ ယစ်မူးသူများကို ပြက်ရယ်ပြုသရော်၏။ ဖောက်ပြန်သူများကို ကဲ့ရဲ့ရှုတ်ချ၏။ ရွှေဝါ ရောင်တော်လှန်ရေးကို ဂုဏ်ပြုအမွှမ်းတင် စပ်ဆို၏။ နာဂစ်ဒဏ်သင့် ပြည်သူတွေအတွက် ရင်ကွဲပက်လက် ရေးဖွဲ့၏။ ထိုသို့သော ကဗျာဆရာမောင်လွမ်းဏီ ဖွဲ့ဆိုခဲ့သည့် အကြောင်းအရာများကို စေ့စေ့စပ်စပ် ဖတ်ရှု ကြည့်လျှင် သူ ဖြတ်သန်းခဲ့သော တော်လှန်ခေတ်၏ မြင်ကွင်းစုံကို ကဗျာဆရာနှင့် ထပ်တူနီးပါး ခံစားနိုင်မည် ဖြစ်သလို မောင်လွမ်းဏီ (သို့မဟုတ်) ခေတ်ကို ထမ်း၍ လွမ်းသည့် ကဗျာဆရာ၏ နိုင်ငံနှင့်ပြည်သူအပေါ် ထားရှိသော စိတ်စေတနာကိုလည်း ပြည့်ပြည့်၀၀ ကူးလူးခံစားနိုင်မည်ဟု ယုံကြည်မိပါသည်။

အားလုံးသို့ လေးစားစွာဖြင့် …

ဒေါက်တာလွဏ်းဆွေ
နံနက် ၄း၃၃ နာရီ
နိုဝင်ဘာ ၂၈၊ ၂၀၁၁

(မကြာမီ ထုတ်ဝေဖြန့်ချိမည့် ကဗျာဆရာ မောင်လွမ်းဏီ၏ “မန်းတောင်ရိပ်ငိုနှင့် ကဗျာနရီများ” ကဗျာစာအုပ်အတွက် ရေး ထားသည့် အမှာစာကို တင်ဆက်ခြင်းဖြစ်ပါသည်။)

အပြည့်အစုံသို့...

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ရက်၏ သတင်း ထုတ်ပြန်ချက်

4.12.2011 pp news

အပြည့်အစုံသို့...

Sunday, December 4, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၁၂-၂၀၁၁)

- ရန်ကုန်တိုင်း ကော့မှူးမဲဆန္ဒနယ်၌ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မည် click
- ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးမယ့် ရုပ်ရှင် click
- ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မြန်မာနိုင်ငံခရီးစဉ် click
- မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့ အမေရိကန် (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- တိုင်းရင်းသားကောင်စီ ပြည်ထောင်စုတပ်မတော် ဖွဲ့တော့မည် click
- ကချင်ပြည်နယ်မှာ စစ်မီးငြိမ်းဖို့ အလှမ်းဝေးနေဆဲ click
- ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်မယ်လို့ CNF ယူဆ click
- နိုင်ငံရေးအကျဉ်းသားတွေ မလွတ်သေးခင် ဘင်္ဂလားဒေ့ရှ် အကျဉ်းသားတွေ ပြန်လွှတ်ပေး click
- အာသံ ခွဲထွက်ရေးခေါင်းဆောင် မြန်မာပြည်မှာ ဖမ်းမိ click
- ရန်ကုန်ကို နိုင်ငံတကာအဆင့်မီ မြို့ဖြစ်အောင် ဘာတွေ အဓိက လုပ်သင့်သလဲ (ဆွေးနွေးဖလှယ်) click
- မြ၀တီ-မဲဆောက်တံတား ပြန်ဖွင့် click
- မြန်မာ့သဲ စင်္ကာပူ ပြန်လည် စုပ်ယူနေ click
- အရေးယူပိတ်ဆို့မှု ဆီးရီးယား ထပ်ကြုံဖွယ်ရှိ click
- အီဂျစ်ရွေးကောက်ပွဲ အစ္စလာမ်မစ်ပါတီများ အားကောင်း click
- ရုရှားလွှတ်တော် ရွေးကောက်ပွဲများ စတင် click
- ရုရှားနိုင်ငံမှာ ပါလီမန်ရွေးကောက်ပွဲ ကျင်းပ click
- ဒုတိယကမ္ဘာစစ်က ဗုံးကြီးတလုံး ဂျာမဏီမှာ တွေ့ရှိ click
- အဖွဲ့ချုပ်​ခေါင်း​ဆောင် ဦး​တင်ဦး​ ​ရွေး​ကောက်ပွဲဝင်ပြိုင်မည်မဟုတ် click
- မြို့နယ် ၃၀၀ ကျော်မှာ NLD ရုံးတွေ ပြန်ဖွင့်မည် click
- NDF ပါတီဝင် အမြောက်အမြား မိခင်ပါတီ NLD ကို ပြန်မည် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်အနုပညာရှင်များ တွေ့ဆုံ click
- International Herald Tribune သတင်းစာမှာ ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါး click
- အပစ်အခတ်ရပ်စဲရေးထက် ပြည်ထောင်စုတပ်မတော်ဖွဲ့ရေးကို UNFC စိတ်ဝင်စား click
- ရှမ်းပြည်တပ်မတော်နဲ့ အစိုးရ အပစ်ရပ်တဲ့အပေါ် ရှမ်းအသိုင်းအ၀ိုင်း ကြိုဆို click
- ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အသက် ၉၂ နှစ် ပြည့်ပြီ click
- ပြည်တော်ပြန်ရေး ကဗျာဖြင့် ဖိတ်ခေါ် click
- ပုဂ္ဂလိက​ကျောင်း ဥပ​ဒေ အစိုး​ရပြဌာန်း​​၊​​ နိုင်ငံ​ရေး​သင်လျှင်​ ​ထောင်ချမည် click
- RSF ရဲ့ သတင်းမီဒီယာဆု စာရင်းမှာ Eleven Media Group ပါဝင် click
- အိန္ဒိယ သတင်းသမားကို မြန်မာစစ်တပ် ဖမ်းဆီး click
- တရုတ်ပြည်ရောက် ပညာတော်သင်များ click
- မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကျဉ်းသားများ အလဲအလှယ်လုပ် click
- ဘင်္ဂလားဒေ့ရှ် ၃၅ ယောက်ကို လွှတ်ပေး click
- အညတရ အကျဉ်းသားရဟန်းတော်များ ၁၀ - သာသနာ့ဂုဏ်ရည်ဆရာတော် ဦးဇ၀န အရှင်ပညာနန္ဒ click
- ဒေါ်အောင်ဆန်းစုကြည်က မင်ဒဲလား၊ ဦးသိန်းစိန်က ဒီကလက် ဖြစ်နိုင်သလား (အက်ဆေး) click
- အကယ်ဒမီ ကျော်ဆန်းကို စိန်ခေါ်လိုက်ပြီ (ကာတွန်း) click
- မြန်မာ့အကြီးဆုံး ရွှေကြောကို ထပ်မံတွေ့ရှိ click
- မြ၀တီ-မဲဆောက်တံတား ပြန်ဖွင့်မယ် click
- ပြန်ခဲ့တော့ကွယ် … ချစ်သူ့နယ်မြေ (အသံလွှင့်ဆောင်းပါး) click
- မြန်မာတို့ရဲ့ အကိုကြီးပေါက်ဖော်အကြောင်း (ဆောင်းပါး) click
- ယမကာညနေခင်း (၃) click
- လွမ်းလိုက်ရတာ နိုင်ဝင်းဆွေရာ ... (ဆောင်းပါး) click
- ဖဲကစားခြင်း (ကဗျာ) click
- အချစ်ကဗျာ click
- ဟီလာရီရဲ့ ဂျက်လေယာဉ် ဘယ်လို အစွမ်းထက်သလဲ click
- တရုတ်က အာကာသထဲကို ဂြိုလ်တု ၂ လုံး လွှတ်တင် click
- ရေရေရာရာမရှိ ဦးတည်ချက်မဲ့ အွန်လိုင်းပေါ် အချိန်ကုန်နေကြသူများ click

အပြည့်အစုံသို့...

မောင်စိန်ဝင်း (ပုတီးကုန်း)၊ နုနုရည် (အင်းဝ) နှင့် ချစ်ဦးညိုတို့ ဟောပြောကြတဲ့ မဲဆောက်စာပေဟောပြောပွဲ (၄-၁၂-၂၀၁၁)

ဓာတ်ပုံ - ကိုလတ်

အပြည့်အစုံသို့...

ဂါမဏိ - အမျိုးသားပြန်လည်သင့်မြတ်ရေး (လမ်းကြောင်း မှတ်တိုင် ဂိတ်ဆုံး)

Gamanii - Route & End

အပြည့်အစုံသို့...