Wednesday, December 7, 2011

ဟုတ်ပါ့မလား မောင်တို့ရေ ... ယုံပါပေ့ ... ယုံပါပေ့

စိန်သံလုံး

ခုတလော မယုံချင်စရာတွေကို မြင်နေကြားနေရတော့ စိတ်ပျက်မိတယ်။ ဘယ့်နှယ်ဗျာ အာဆီယံ ထိပ်သီးအ စည်းအဝေး လုပ်ခဲ့တဲ့ အင်ဒိုနီးရှားက ဘာလီကျွန်းမှာ ကျွန်ပ်တို့ရဲ့ခေါင်းဆောင်ကြီး လေသံတွေ ပြောင်းသွား လိုက်ပုံများ မယုံချင်စရာပါပဲ။ မြန်မာနိုင်ငံ အာဆီယံဥက္ကဌဖြစ်ရေးကို သဘောတူပြီးလို့ မကြာသေးဘူး၊ ကြား ရတဲ့ လေသံနဲ့ စကားလုံးတွေက တမျိုးကြီးပဲ။ ဘာတဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူး၊ ယုံကြည်ချက် ကြောင့် အကျဉ်းကျတာ မရှိဘူးဆိုပဲ။ အပြစ်တခုခုကြောင့် ထောင်ကျတာပဲ ရှိတယ်တဲ့၊ ကဲ ... ကောင်းရော။ အဲဒီအပြစ်ဆိုတာက ဘာပေတံနဲ့ တိုင်းမှာလဲ။ နိုင်ငံရေးလုပ်တဲ့လူတွေ နိုင်ငံချစ်တဲ့ အပြစ်ရှိလို့၊ ပြည်သူ့အကျိုး ကို ဆောင်ရွက်ကြလို့ အပြစ်ရှိကြတာလား။ အဲဒီအပြစ်တွေကြောင့် ထောင်ကျတာလား။ ရက်စက်ကြပါပေ့၊ ပြောရက်ကြပါပေ့။ အဖေကို အဖေလို့ မခေါ်ချင်လို့ အမေရဲ့ယောက်ျားပါဗျာလို့ ခေါ်သလိုကြီးဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် မှန်တာကို ၀န်ခံရဲမှ ခေါင်းဆောင်ကောင်းလို့ သတ်မှတ်ရမှာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်လို့ ထောင်ချခံရတဲ့လူတွေ မသေသေးပါဘူး။ အချိန်မရွေး သွားမေးနိုင်ပါတယ်။ အဲဒီလိုပြောရင် သက်သေပြပြီး ပြောမှဖြစ်တော့မယ်။ မင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသား တွေ လောင်စာဆီဈေးတက်လို့၊ ကုန်ဈေးနူန်းတွေ မြင့်မားနေလို့ ဆန္ဒပြမိရာက ထောင်ဒဏ် ၆၅ နှစ်စီ အထူး တရားရုံးက အထူးစီရင်ချက်ချပြီး ထောင်ထဲပို့လိုက်တဲ့ကိစ္စ၊ အပြစ်တခုခုရှိလို့ ထောင်ချလိုက်တာလား၊ တမင် အပြစ်ဖြစ်အောင် ပုဒ်ထီး ပုဒ်မတွေ တပ်ပြီး ထောင်ချလိုက်တာလားဆိုတာ လူတိုင်း သိကြပါတယ်။ သူတို့ကို နိုင်ငံရေးအကျဉ်းသား၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများလို့ ခေါ်လို့မရတော့ဘူးလား။ သူတို့လုပ်တဲ့ ကိစ္စနဲ့ သူတို့ကျခံရတဲ့ ပြစ်ဒဏ်ရော မျှတပါရဲ့လား။ တရားဥပဒေအတိုင်းရော လုပ်တာဟုတ်ရဲ့လား။ တရားဥ ပဒေစိုးမိုးမှုကိုရော တန်ဖိုးထားလို့လား။ အစိုးရကုလားထိုင် လှုပ်အောင်လုပ်လာရင် ဥပဒေကို မကြည့်ဘဲ လုပ် ခဲ့တဲ့ ဖြစ်ရပ်များစွာက မေ့ထားလို့တော့မရဘူးနော့။

တရားဥပဒေစိုးမိုးမှု မရှိတာ၊ ဥပဒေကို လေးစားလိုက်နာခြင်း မရှိတာ ဘယ်သူတွေလဲ။ လူတယောက်ကို ဖမ်း ၀ရမ်းနဲ့ စနစ်တကျ ဖမ်းတာမဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသားတွေကို မေးစရာရှိလို့ပါလို့ လိမ်ခေါ်ပြီး ဖမ်းလိုက် ကြတာ လွယ်လွယ်လေးပဲ။ ကိုယ်ချင်းစာတဲ့စိတ်နဲ့ စဉ်းစားကြည့်ပါ။ ဒီလိုလုပ်သင့်သလား။ ခံရတဲ့ လူတွေက တော့ ခုထက်ထိ စစ်အာဏာရှင်အစိုးရနဲ့ အခု အုပ်ချုပ်နေတဲ့ စစ်တပိုင်း အရပ်သားအစိုးရဆိုတာကို ဘယ်လို ပုံစံနဲ့ယုံရမှာလဲ။ စထွက်တုန်းကတော့ အပြောကောင်းပါပေ့၊ လက်တွေ့မှာတော့ နိုင်ငံရေးအကျဉ်းသား မရှိ ဘူး၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ မရှိဘူးဆိုပြီး ဗြောင်လိမ်နေတာ မရှက်ကြဘူးလား။ သားသမီးချင်း စာနာကြပါ။ မိဘချင်း စာနာကြပါ။ ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ချင်လို့ လွယ် လွယ်မပြောကြပါနဲ့။ ပြောတာက လွယ်တယ်၊ ခံရသူတွေကတော့ လူအခွင့်အရေးတွေ မိသားစုအရေးတွေ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အရေးကိစ္စတွေ ဆုံးရှုံးနစ်နာကြတယ်ဆိုတာ သိထားကြစေချင်ပါတယ်။

လွှတ်တော်ဥက္ကဌ သူရရွှေမန်းက နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံး သုံးခဲ့တယ်။ အမျိုးသားလူ့အခွင့်အ ရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြက ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများလို့ အသိအမှတ်ပြုထားတယ်။ အဓိ ကကျတဲ့ သမ္မတကတော့ နိုင်ငံရေးအကျဉ်းသားဆိုတာကို လက်မခံဘဲ အပြစ်တခုခုနဲ့ ထောင်ကျသူများလို့ သတ်မှတ်လိုက်တာကတော့ သဘောထားပျော့ပြောင်းသူလို့ သတ်မှတ်ထားကြသူများအဖို့ တော်တော် ယုံရ ခက်သွားတယ်။

ဒီလိုဆို နိုင်ငံရေးအကျဉ်းသားကို လွှတ်ပေးပါ့မယ်ဆိုတဲ့ ကတိက၀တ်တွေ၊ အမေရိကန်သမ္မတနဲ့ ကမ္ဘာကို က တိပေးထားခဲ့တာတွေက ဟုတ်ပါ့မလား။ ပြည်သူတွေရဲ့မျှော်လင့်ချက်၊ လိုလားချက်တွေကို ဖြည့်ဆည်းပေးပါ့ မယ် ဆိုတာတွေကရော ဟုတ်ပါ့မလား။ အာဃာတမထားပါဘူးဆိုတဲ့ စကားနဲ့အတူ အရင်အစိုးရ လက်ထက် က မတရား ဖမ်းဆီးချုပ်နှောင် ထောင်ချထားခြင်းခံရသူတွေကို တကယ်ကော လွှတ်ပေးပါ့မလား၊ ဟုတ်ပါ့မ လား ... ဟုတ်ပါ့မလား။

အမျိုးသားရင်ကြားစေ့ရေးဆိုတာလည်း စကားလုံးပဲရှိတာပဲ။ လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘူး။ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲ သတ်ပွဲတွေ ဖြစ်နေတုံးပဲ။ တနိုင်ငံလုံး အပစ်မရပ်သေးဘူး၊ ငြိမ်းချမ်းရေး ဆွေး နွေးပွဲတွေ မပြီးသေးဘူး၊ စစ်ပြေးဒုက္ခသည်တွေ ရှိနေတုံးပဲ။ အဲဒါတွေကို တကယ်အောင်မြင်အောင် လုပ်ပါ့မ လား ... ဟုတ်ပါ့မလား မောင်တို့ရေ၊ ယုံရမှာလား။

ဒါပေမယ့် ဇာတ်သိမ်းခန်းတော့ မရောက်သေးဘူး၊ စောင့်ကြည့်ရမှာပေါ့။ ဇာတ်သိမ်းမှာ လူကြမ်းနိုင်တယ်ဆို တာ မရှိဘူး။ လူကြမ်းကို အနိုင်ပေးလေ့မရှိဘူး။ လူကြမ်းဆိုတာ အများမုန်းခြင်းကို ခံရသူပဲ။ သူ့ရဲ့လုပ်ရပ် တွေက တရားမျှတမှုမှ မရှိတာလေ။ ဒီတော့ လူကြမ်းဆိုတာ ဇာတ်သိမ်းမကောင်းမှာ အမှန်ပဲပေါ့။

စိန်သံလုံး

No comments: