* မဟာနာယကဆရာတော်များသည် သာသနာတော် သန့်ရှင်းရေးကို ဦးစားပေး ဆောင်ရွက်မှုမရှိဘဲ လျစ်လျူရှုထားခြင်း၊ ၎င်းအဖွဲ့၌ပင် မသန့်ရှင်းသူများ ပါဝင်နေခြင်း၊ အဖွဲ့ဝင်များကို ရွေးချယ်ရာ၌ သံဃာ့ဆန္ဒကို မခံယူခြင်း၊ ဓမ္မ၀ိနယမဏ္ဍိုင်ကို အလေးမထားခြင်း၊ အကျင့်ပျက်ခြစားမှုများ မတရားဆုံးဖြတ်မှုများ ပြည့်လျှံနေခြင်း၊ အဓမ္မကို အကာအကွယ်ပေးထားခြင်း၊ သံဃာထုအပေါ် အာဏာကို အလွဲသုံးစွဲ အနိုင်ကျင့်နေခြင်း၊ ဒီမိုကရေစီစနစ်ကို မကျင့်သုံးဘဲ အာဏာရှင်စနစ်ကို ကျင့်သုံးနေခြင်း၊ ရဟန်းပျိုအုပ်ချုပ်ရေးစနစ်ကို သံဃာထု၏ လေးစားမှုကို မခံယူရခြင်း၊ ဘွဲ့တံဆိပ်သာသနာထူထောင်ပြီး ဘုရားသာသနာကို ဖျက်ဆီးနေခြင်း၊ စာပေစိစစ်ရေးကို ဘောင်ခတ်ပြီး ဓမ္မကို မျက်ကွယ်ပြုထားခြင်း၊ သံဃာထု ဘေးကင်းလုံခြုံအောင် အကာအကွယ်မပေးနိုင်ခြင်း၊ သာသနာအကျိုးကို မသယ်ပိုးဘဲ ကိုယ်ကျိုးရှာနေခြင်း၊ ပထမပြန်စာမေးပွဲများကို တိုင်းစစ် ပြည်နယ်စစ် ခွဲထုတ်၍ ပရိယတ္တိသာသနာကို ဖျက်ဆီးနေခြင်း၊ ဓမ္မဘက်မှာ မရပ်ဘဲ အဓမ္မဘက်မှာ ရပ်တည်နေခြင်း၊ ၎င်းတို့၏ လက်ရုံးတပည့်ကြီးများက တိုင်းသူပြည်သားတွေကို အနိုင်ကျင့်နေခြင်း … ဤသို့သော အကြောင်းတရားများကြောင့် သာသနာတော် ပျက်စီးယိုယွင်းရခြင်းဖြစ်လေသည်။ (၀ီရသူ-မစိုးရိမ် ‘သမိုင်း၏တရားခံ’ ဆောင်းပါးမှ …)

Monday, November 7, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၁၁-၂၀၁၁)

- ရွေးကောက်ပွဲမ၀င်လို့ အန်အယ်လ်ဒီ လူထုထောက်ခံမှု ပိုရ click
- NLD ပါတီမှတ်ပုံတင်ရေး NUP ကြိုဆို click
- ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် click
- ရန်ကုန်မြို့ ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲရောက် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ) click
- ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ ကြိုးစားတဲ့ “ပင့်ကူနီ” စစ်ဆင်ရေး click
- ဒိုင်ယာလော့ခ်ဖြစ်စဉ်ရဲ့ အစ (ရုပ်သံ) click
- ရွေးကောက်ပွဲပြီး တနှစ်အကြာ လူ့အခွင့်အရေး ဆိုးရွားနေဆဲ click
- ရွေးကောက်ပွဲပြီး ကချင်မှာ မတိုးတက်သေးလို့ ဆို click
- ၂၀၁၀ ရွေးကောက်ပွဲ နှစ်ပတ်လည် နိုင်ငံရေးသမားတွေအမြင် click
- ရွေးကောက်ပွဲ ၀င်ခဲ့သူတွေရဲ့ ရွေးကောက်ပွဲ တနှစ်တာ သုံးသပ်ချက် click
- နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကနေဒါ အလုပ်သမားသမဂ္ဂ တောင်းဆို click
- အစိုးရက အကျဉ်းသားကိစ္စ အမှန်တကယ် ဆောင်ရွက်မယ်ဆိုရင် AAPP ပူးပေါင်း ကူညီမည် click
- အကျဉ်းထောင်က ပြန်လွတ်လာတဲ့ သံဃာတွေကို သိက္ခာထပ်မည် click
- နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အကြီးအမားလုပ်ခဲ့ဟု ဆို click
- မြန်မာနိုင်ငံမှာ နိုင်ငံရေးတိုးတက်ဖို့ EU မျှော်လင့် click
- မြန်မာ့နိုင်ငံရေး ပြောင်းလဲနေပြီလို့ အီးယူ ပြောဆို click
- IMF နဲ့ မြန်မာ့ငွေကြေးဆိုင်ရာ မူဝါဒ ပြုပြင်ပြောင်းလဲမှု click
- CNP က ဘိန်းနှိမ်နှင်းရေး ကော်မတီဖွဲ့ရန် လွှတ်တော်ကို အဆိုတင်မည် click
- မောလ်ဒိုက်-မြန်မာ သန်း ၈၀၀ ရေနံမှောင်ခိုမှု (သတင်းသုံးသပ်ချက်ဆောင်းပါး) click
- ချင်းအရေးနှင့် အိန္ဒိယ–မြန်မာကုန်သွယ်ဆက်ဆံရေး (ဆောင်းပါး) click
- လယ်သိမ်းခံ လယ်သမားအရေး ဘယ်လိုဖြေရှင်းနိုင်မလဲ (ဆွေးနွေးဖလှယ်) click
- အမျိုးသမီးများအတွက် တရားမျှတမှု တောင်းဆိုတဲ့ ဗီဒီယို WLB ဖြန့်ချိ click
- စစ်တပ်က ထိုးစစ်ဆင်ရာ ဒေသတွေမှာ အကြမ်းဖက်မှုလျှော့ဖို့ WLB တောင်းဆို click
ကာတွန်းနေမျိုးအေး “လွတ်လပ်မှုအနုပညာ”
- မလေးရှားမှာ တရားမ၀င် မြန်မာအလုပ်သမားတွေ နိုင်ငံကူးလက်မှတ် အခက်တွေ့ click
- လမ်းပေါ်ဂစ်တာတီးသူ ကျောင်းသားလူငယ် ၂ ဦးကို စရဖမှ ဖမ်ဆီးနှိပ်စက် click
- ၂၀၁၈ ကမ္ဘာ့ဖလားအတွက် မြန်မာကို FIFA ပြန်လည်ခွင့်ပြု click
- ၂ဝ၁၈ ကမ္ဘာ့ဖလားဘောလုံး ခြေစစ်ပွဲတွေမှာ မြန်မာအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ပြု click
- ဗုဒ္ဓမြတ်စွယ်တော် မြန်မာပြည်ရောက်ရှိ (ဓာတ်ပုံ) click
- သီးလေးသီးနဲ့ မဲဆောက် တန်ဆောင်တိုင် (ဓာတ်ပုံ) click
- စာရေးဆရာမကြီး ဒေါ်ခင်နှင်းယုရဲ့ စာပေဘ၀ အမှတ်ရစရာ click
- ဝေဖန်ရေးဆရာ (ကာတွန်း) click
- ခေတ်ပေါ်ကဗျာတွန်း click
- ဥရောပ ဘဏ္ဍာရေးဝန်ကြီးတွေ ဂရိ ကူညီငွေကိစ္စ ဆွေးနွေး click
- အီတလီကြွေး အတိုးနှုန်း စံချိန်တင်တက် click
- ပြုပြင်ပြောင်းလဲရေး အမြန်လုပ်ဖို့ လိုနေပြီ၊ စစ်တမ်းက ပြောပြီ click
- ဗြိတိန် လူဝင်မှုကြီးကြပ်ရေး အကြီးအကဲ ရာထူးက ရပ်စဲခံရ click
- နျူကလီးယားလက်နက်နည်းပညာ အီရန် တိုးတက်မှုရရှိ click
- Ai Wei Wei ကို လူထုက ထောက်ခံကြောင်း ဆန္ဒပြ click
- ဘန်ကောက်မြို့လယ်အထိ ရေကြီးမယ့် အန္တရာယ်နဲ့ကြုံ click
- မိုက်ကယ်ဂျက်ဆင် သေဆုံးမှု ဆရာဝန် အပြစ်ရှိ click
- မိုက်ကယ်ဂျက်ဆင် ဆရာဝန်ကို လူသေမှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက်ချ click
- နိုဝင်ဘာလ ၇ ရက် တမိနစ် ဗွီဒီယိုသတင်း click
- စတိဗ်ဂျော့ဘ်စ် click
- ရွေးကောက်ပွဲ တနှစ်အကြာ ဘာတွေ ပြောင်းလဲသွားလဲ click
- တနှစ်အတွင်း တိုးတက်မှု အနည်းအကျဉ်းသာရှိသေးကြောင်း မွန်နိုင်ငံရေးခေါင်းဆောင်များ ပြော click
- မွန်ပြည်သစ်ပါတီ၏ အဌမမြောက် ပါတီညီလာခံ click
- နိုင်ငံရေးပါတီမှတ်ပုံတင်ရေး မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ပြန်လည်သုံးသပ်မည် click
- NLD မှတ်ပုံတင်ရေး မတင်ရေး၊ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး (ဦးဝင်းတင်နှင့် မေးမြန်းချက်) click
- တွံတေးမြို့ NLD လူငယ် ၂ ဦး ၀ိုင်းရိုက်ခံရ click
- အကျဉ်းကျ သျှမ်းခေါင်းဆောင်များအရေး ပြန်လည်စိစစ်ခြင်းမပြုက အမျိုးသားရင်ကြားစေ့ရေးအတွက် စိုး ရိမ် click
- နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​အချို့၏ သတင်း​အင်တာဗျူး ​ဖော်ပြခွင့်​မရ click
- နိုင်ငံရေးအကျဉ်းသားအရေအတွက် ပြဿနာ click
- ပိတ်ပင်ခံ သက်မွေးဝမ်းကြောင်း လိုင်စင်များ ပြန်ပေးရန် တောင်းဆို click
- လယ်သမား​သူပုန်ထမှုသမိုင်း​ကို လူငယ်များ​ ပြန်​ဖော်ထုတ်မည် click
- ကုန်တင်သင်္ဘော ဗုံးခွဲ တိုက်ခိုက်ခံရ click
- ကချင်ပြည်နယ် တိုက်ပွဲများအတွင်း ဒေသခံများ လူ့အခွင့်အရေး ချိုးဖောက်ခံရ click
- မြစ်ကြီးနားမြို့သို့ ပေးသော KIO လျှပ်စစ်မီးအား မြန်မာအစိုးရ ဖျက်ဆီး click
- မြန်မာအစိုးရတပ်က ကချင် ခရစ်ယာန်သင်းအုပ် ဆရာအား ဖမ်းဆီး click
- အစိုးရပြည်သူ့စစ်များ KIOနှင့် ပူးပေါင်းရန် ပြည်ပကချင်များ တောင်းဆို click
- မြန်မာစစ်သားများ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေါ်ဆွမ်လွတ်ရွယ်ဂျာ ဖြစ်ရပ် (ဓာတ်ပုံ) click
- နအဖနှင့် ဒီကေဘီအေ အောက်ခြေတပ်များ ဆွေးနွေး click
- တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ် click
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရာဇ၀တ်မှုများ စုံစမ်းရန် WLB တောင်းဆို click
- “အမျိုးသမီး​များ​အတွက် တရား​မျှတမှုကို ​ဆောင်ကြဉ်း​ပါ” ဗွီဒီယိုမှတ်တမ်း​ခွေ ဖြန့်ချိ click
- ဦးအောင်ရွှေနဲ့ ဦးလွန်းတင်တို့အား NLD လူငယ်များ ဂါရ၀ပြု ကန်တော့ (ဓာတ်ပုံ) click
- ဗေဒါသင်တန်း​ကျောင်း​ မန္တလေး​တွင် ဖွင့်​ click
- စွယ်တော်အတွက် နေပြည်တော်လုံခြုံရေး တင်းကျပ် click
- နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး နိဂုံးလော (ဆောင်းပါး) click
- ခေတ်သစ် နိုင်ငံရေးယဉ်ကျေးမှုဆီသို့ ... (ဆောင်းပါး) click
- မပေးသေးတဲ့ ဆု၊ မတီးသေးတဲ့ လက်ခုပ်သံ (အယ်ဒီတာ့အာဘော်) click
- တိုင်းရင်းသားတို့၏ အတိတ်သင်ခန်းစာနှင့် ပြည်တွင်းငြိမ်းချမ်းရေး (ဆောင်းပါး) click
- တိုင်းရင်းသားတို့ ဘာပြောသလဲ (ရုပ်သံ) click
“တနေ့တော့ ဖြစ်လာမှာပါ” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- မြန်မာပြည်မြေပုံ ဘီဘီစီ မှားယွင်းမှု အင်တာနက်သုံးစွဲသူ မြန်မာပြည်သူတွေက ကန့်ကွက်ဟု ပြည်တွင်းသ တင်းတွင် ဖော်ပြ click
- ရေဘေးဒဏ်အတွက် ရန်ကုန်တွင် ကြိုတင်ပြင်ဆင် click
- ဂျပန်မှ တပတ်ရစ်ကားများ စတင်ဝင်ရောက် click
- အိန္ဒိယကုမ္ပဏီ ၆၀ ကျော် တပ်မတော်ခန်းမတွင် ပြသမည် click
- ကိုယ်ပိုင်ကျောင်းဆရာများနဲ့ အစိုးရကျောင်းဆရာများ အားပြိုင်တော့မည် click
- တောင်ကြီးတန်ဆောင်တိုင် မနှစ်ကထက် ပိုစည် click
- ရန်ကုန် အိမ်ခြံမြေ ဈေးများ ထိုးတက် click
- ရွှေတွံတေးဆရာတော်မှ ဘန်ကောက်ရေဘေးသင့် မြန်မာနိုင်ငံသားကို ကူညီဆောင်ရွက် click
- ဘန်ကောက် ရေဘေးသင့် မြန်မာအလုပ်သမားများအား ကူညီစောင့်ရှောက်ပေးမှု (ဓာတ်ပုံ) click
- ခရမ်းမြို့ အမေ့အရိပ် ပညာဒါနကျောင်းက ကျောင်းသားများအတွက် မရွှေမိုးသဲရဲ့ ရှစ်နှစ်မြောက်မွေးနေ့အ လှူ (ဓာတ်ပုံ) click
- မိုးယံသို့ ထိုးဖောက် (ဓာတ်ပုံ) click
- ထိုင်း-မြန်မာနယ်စပ်မှ ပန်းချီပြပွဲ (ရုပ်သံ) click
- ၁၂ ဦး ပန်းချီပြပွဲ (ရုပ်သံ) click
- ဂျော့ဂ်ျအော်ဝဲလ် နေခဲ့ဖူးသည် (ဓာတ်ပုံ) click
- အထီးကျန်ဆန်နေပေမယ့် ဖော်ရွေမှုတွေ မပြောင်းလဲပါ (ဆောင်းပါး) click
- တန်ဘိုးနားမလည်ကြသူများ (ကဗျာ) click
- ပို့တ်လန်းမြို့ သီရိမင်္ဂလာကျောင်း စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ (ဓာတ်ပုံ) click
- ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (စင်္ကာပူ) စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ (ဓာတ် ပုံ) click
- အမ်မာရီလိုမြို့ ဇေယျသုခကျောင်း စုပေါင်း သိမ်နုတ် သိမ်သမုတ်ပွဲ၊ သိမ်ထပ်ပွဲ၊ ရဟန်းခံပွဲနဲ့ မဟာဘုံက ထိန် (ဓာတ်ပုံ) click
- တရုတ် ၁၃ ယောက် အသတ်ခံရမှု ထိုင်းတပ်မတော်လက်ချက်မဟုတ်ဟု ထိုင်းအရာရှိများ ပြော click
- မြို့တော်အုပ်ချုပ်ရေးအဖွဲ့ ရေစုပ်ထုတ်နိုင်ရေး စီစဉ်နေ click
- ကမ္ဘောဒီး​ယား​အစိုး​ရက ကိုယ်ဝန်​ဆောင်မိခင်​တွေ ကျန်း​မာ​ရေး​ဆေး​ခန်းတွေမှာ ပြသကြဖို့ ရုပ်မြင်သံကြား​ ရေဒီယိုများ​မှ တိုက်တွန်း​နှိုး​ဆော် click

အပြည့်အစုံသို့...

မိုးအေး (DVB) တင်ဆက်သည့် “မိုမာဂဒါဖီ မိသားစုဝင်တွေဆီက ရတဲ့ အ ကောင်းဆုံး သင်ခန်းစာများ၊ တွေးတောဆင်ခြင်စရာများ” (ရုပ်သံ)

စစ်အေးကာလနှောင်းပိုင်းကစပြီး အာဏာရှင်တွေ ကျဆုံးခဲ့ကြတဲ့အထဲမှာ လစ်ဗျားက မိုမာဂဒါဖီရဲ့ကျဆုံးခန်း ဟာ အဆိုးဝါးဆုံး ဖြစ်ရပ်တခု၊ မိုမာဂဒါဖီ မိသားစုဝင်တွေ ရင်ဆိုင်ခဲ့ရတာတွေဟာ သံဝေဂရစရာ အကောင်း ဆုံး သင်ခန်းစာတခုလို့လည်း သုံးသပ်ထားကြပါတယ်။ တချိန်တည်းမှာပဲ မိုမာဂဒါဖီ မိသားစုတွေနဲ့ပတ်သက် လို့ တွေးတောဆင်ခြင်စရာ ငြင်းခုန်စရာတွေကလည်း လစ်ဗျားပြည်သူတွေအတွက်သာမက နိုင်ငံတကာအ တွက်ပါ အများကြီး ကျန်ရစ်ခဲ့တယ်လို့ အများက သုံးသပ်ကြပါတယ်။ အာဏာရှင်မိသားစုက ဘယ်လို တွေး တောဆင်ခြင်စရာတွေ ချန်ထားရစ်ခဲ့တာလဲ ဆိုတာနဲ့ပတ်သက်လို့ ဒီတပတ် စနေ (၅-၁၁-၂၀၁၁) အစီအစဉ် ကို စီစဉ်ဖြစ်ပါတယ်။ မိနစ် ၂၀ ကျော်တဲ့အတွက် အပိုင်း ၂ ပိုင်း ခွဲပြီး တင်ထားပါတယ်။ ဒါက ပထမပိုင်းပါ။
(မိုးအေး)

video
ဂဒါဖီ မိသားစုဝင်တွေ ချန်ထားရစ်ခဲ့တဲ့ တွေးတောဆင်ခြင်စရာများ အပိုင်း ၂ ဖြစ်ပါတယ်။ မိသားစုဝင်တွေထဲ မှာ သဘောထားအပျော့ပြောင်းဆုံး ပြုပြင်ပြောင်းလဲရေးကို လိုလားသူ လူ့အခွင့်အရေးကို တန်ဖိုးထားလိုသူ လို့ နိုင်ငံတကာက သတ်မှတ်ခဲ့တဲ့ ဆေ့ဖ်ဂဒါဖီ အကြောင်းပါ။ ဘယ်လိုအခြေအနေ အချိန်အခါမျိုးမှာ သဘော ထားပျော့ပြောင်းမှု၊ ပြုပြင်ပြောင်းလဲမှုလိုလားမှုတွေကို ထုတ်ဖော်ပြသကျင့်သုံးတတ်ကြတယ်ဆိုတာ ဂဒါဖီရဲ့ သားဖြစ်သူက လက်တွေ့သင်ခန်းစာ ချန်ထားရစ်ခဲ့တယ် ... ဆိုတဲ့ သုံးသပ်ချက်အပေါ် အခြေခံရင်း အပိုင်း ၂ ကို တင်ပေးလိုက်ပါတယ်။
video

အပြည့်အစုံသို့...

နှစ်နှစ်ဆယ်ကျော် မွေးလာတဲ့ကြက် တရက်တည်းနဲ့ ရိုက်သတ်မှာလား

နှစ်နှစ်ဆယ်ကျော် မွေးလာတဲ့ကြက် တရက်တည်းနဲ့ ရိုက်သတ်မှာလား
စိန်သံလုံး

ပြောရမယ်ဆိုရင်တော့ ပြောမဆုံးပေါင် တောသုံးထောင်လောက်ရှိမယ်။ အဓိက ပြောချင်တာကတော့ လူဆို တာ ကိုယ့်သမိုင်းကိုယ်ရေးကြတာပါ။ လတ်တလောမှာပဲ ကြည့်။ အာဏာရှင် ကဒါဖီ သေဆုံးသွားပုံက လူလို သူလို သေရခြင်းမဟုတ်။ ရေဆိုးပြွန်ပေါက်တခုထဲမှာ ပုန်းရှောင်ရင်း ဘယ်သူ့လက်ချက်မှန်းမသိတဲ့ သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာလေ။ ဦးခေါင်းနဲ့ မျက်နှာတွေမှာလည်း ဒဏ်ရာတွေနဲ့၊ သွေးအလိမ်းလိမ်းနဲ့ တိမ်းပါးသွားခဲ့တဲ့ ဖြစ်ရပ်ကတော့ သင်ခန်းစာယူစရာ အထူးသဖြင့် သူ့လို အာဏာရှင်တွေ တဇောက်ကန်း တွေ တုန်လှုပ်စရာကောင်းပါ့ဗျာ။

အာဖရိကတိုက်ရဲ့ ဘုရင်တကာ့ဘုရင်လို့ ကင်ပွန်းတပ်ခံရတဲ့၊ ခပ်ကြောင်ကြောင်လုပ်ရပ်တွေ လုပ်ခဲ့တဲ့ မွမ်မာ ကဒါဖီဟာ သူ့ကို ဆန္ဒပြသူတွေကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အထိ ရမ်းကားခဲ့တဲ့ အာဏာရူးကြီး ဖြစ်တယ်လေ။ ခုတော့ သူ့ရှေ့က အာဏာရှင်များဖြစ်တဲ့ ဆဒမ်ဟူစိန်၊ ထင်ရာစိုင်းပြီး အာဏာပြခဲ့တဲ့ ဘင်လာဒင်တို့နည်းတူ လောကကြီးကို ကျောခိုင်းခဲ့ရပြီမဟုတ်လား။

မြန်မာပြည်မှာလည်း အာဏာရှင် ဗိုလ်ချုပ်နေ၀င်းတယောက် ဇာတ်သိမ်း မလှခဲ့ဘူး။ နောက်ထပ် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နိဂုံးချုပ်ပုံကိုလည်း စောင့်ကြည့်ရမှာပါ။ ခုချိန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်တယောက်ကတော့ သမ္မတကြီး ဦးသိန်းစိန်ကို ယုံကြည်တယ်လို့ ထုတ်ဖော်ပြောကြား လာတဲ့အတွက် ဂယက်တွေ ထလာတယ်။

သူယုံကြည်ပါတယ်ဆိုတဲ့ ဦးသိန်းစိန်ရဲ့ ပင်ကိုယ်စရိုက်ကတော့ အေးအေးဆေးဆေးပါပဲ။ သူ့အကျိုးစီးပွား၊ အ မျိုးစီးပွားတွေ လုပ်ထားတာမရှိဘူး။ ရှင်းတယ်။ ဒါပေမယ့် သူတယောက်တည်းလုပ်လို့ တိုင်းပြည်က ပြောင်း လဲလာမှာလား၊ ကောင်းလာမှာလား၊ သူ့နောက်မှာ ဘယ်သူမှ မရှိဘူးလား၊ သူ့စိတ်သူ့သဘောတခုတည်းနဲ့ လုပ်နိုင်လို့လား၊ သူ့နောက်က လူတွေကရော လွယ်လွယ်နဲ့ လိုက်လျောမှာလား၊ သဘောထားတွေ တကယ်ပဲ ပြောင်းလဲတော့မှာလားဆိုတဲ့ မေးခွန်းတွေ မေးစရာရှိပါတယ်။ ဒါကလည်း အရင်ကြုံခဲ့ရတဲ့ သမိုင်းကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်တယောက် အလိမ်ခံခဲ့ရတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အ နိုင်ရခဲ့ပေမယ့် အာဏာလွှဲအပ်ခြင်းမခံခဲ့ရဘူး။ ဒါကို ဒေါ်အောင်ဆန်းစုကြည် မေ့လို့ရလား၊ မေ့သွားပြီလား။

နောက်ပြီး ပြည်ခိုင်ဖြိုး လို့ခေါ်တဲ့ ကြံ့ဖွတ်က လူတွေနဲ့ ၀ါရင်းတုတ်ကိုင် စွမ်းအားရှင် ဆိုတဲ့ လူမိုက်တွေရဲ့ ဒီပဲ ယင်းအကြမ်းဖက်မှုကိုရော မေ့လို့ရလား၊ မေ့သွားပြီလား။ အဲဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့လူတွေ ခုချိန်ထိ ကောင်းစားနေတုန်းပဲ. ခုချိန်ထိ အရေးယူခံရခြင်း မရှိသေးတာကလည်း မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး ကို ပြက်ရယ်ပြုနေတာမဟုတ်လား။ နိုင်ငံရေးလုပ်တဲ့ နိုင်ငံရေးသမားတွေကို အပြစ်ရှာ ပုဒ်မတပ်ပြီး မတရား ထောင်ချခံရတာကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ကလူတွေ အထိအနာဆုံးမဟုတ်လား။ ဒီကိစ္စတွေ ကိုလည်း မေ့လို့ရလား၊ မေ့သွားပြီလား။

အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ရပ်တည်မှုတွေက အငြင်းပွားစရာ ဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်ဆိုရင် ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုလို့ ၀င်တာပေါ့ဆိုတဲ့စကားကို ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ ဦးကြည်ဝင်း (မင်္ဂလာဒုံ) က ပြောတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ဘယ်လိုပုံစံနဲ့ သမိုင်းမှာ ထားခဲ့မှာလဲဆိုပြီး RFA က ဦးစိန်ကျော်လှိုင် က သုံးသပ်ခဲ့တယ်။

နော်အုံးလှတို့ အဖွဲ့ဝင် ၃၀ ကျော်ကလည်း NLD မှတ်ပုံမတင်သင့်ကြောင်း လက်မှတ်ထိုးကန့်ကွက်ပြီး ရွှေဂုံ တိုင်ကြေညာချက်မှာ ပြောခဲ့တာတွေကို ပြန်လည်ဖော်ထုတ်ကြတယ်။ တခြားနိုင်ငံရေးသုံးသပ်သူများရဲ့အမြင် အမျိုးမျိုးတွေထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခံမဖြစ်စေချင်တဲ့ စေတနာတွေနဲ့ သတိပေးကြ တယ်။

NLD ပါတီမှတ်ပုံတင်ဖို့နဲ့ လွှတ်တော်နိုင်ငံရေးမှာပါဝင်နိုင်ဖို့ ကြိုဆိုနေကြောင်းကိုလည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထုတ်ဖော်ပြောကြားနေပြီ။ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုဘယ်လို ယုံနေမှန်း မသိ (ယုံစရာအကြောင်းတခုခု ရှိချင်ရှိမှာပေါ့၊ စာရေးသူတို့ ဉာဏ်မမီလို့လား စဉ်းစားစရာပေါ့)။ မြစ်ကြီးနား ထောင်က လွတ်လာတဲ့ ကိုဇာဂနာတယောက် အောက်တိုဘာ ၁၂ ရက်နေ့က ပြောခဲ့တဲ့စကားနဲ့ ၁၃ ရက် နောက်ပိုင်း ပြောခဲ့တဲ့စကားတွေ ကွဲပြားသွားပြီ။ သူလည်း ဘာတွေသိနေပြီလဲ။ စဉ်းစားစရာ၊ သာယာဝတီ ထောင်ကို သွားတုန်းကတော့ ကိုဇာဂနာ အလိမ်ခံလိုက်ရတယ်။ နိုင်ငံရေးကစားပွဲမှာတော့ ကိုဇာဂနာ အလိမ် မခံရပါစေနဲ့၊ ခုတုံးအလုပ်မခံရပါစေနဲ့လို့ စေတနာနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ ဆန့်ကျင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် သဘောထားတွေ ပြောင်းလာတာကို ကျေနပ်သူတွေ ရှိသလို မကျေနပ်သူတွေလည်း ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် နှစ်နှစ်ဆယ်ကျော် မွေးလာခဲ့တဲ့ ကြက်ကို တရက်တည်းနဲ့ ရိုက်သတ်ချက်စားတော့မှာလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြပြီ။ NLD မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့ရင် ပြည်ပရောက် NLD တွေ၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် သမဂ္ဂနဲ့ အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်တွေ ဘာဖြစ်ကုန်မလဲ။ ကမ္ဘာသိ မြန်မာသိ နိုင်ငံတကာမှာ ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ဆုတံဆိပ် ၂၆ ခု ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည် မစဉ်းစားဘဲ နေပါ့မလား၊ စဉ်းစားမှာပါလို့လည်း ယုံကြည်လိုက်တော့မယ်နော်။

ဘာပဲဖြစ်ဖြစ် ကိုယ့်သမိုင်းကိုယ်ရေးတဲ့နေရာမှာ အလိမ်ခံရလို့ဆိုရင်တော့ သမိုင်းကလှမှာ မဟုတ်ပါဘူး။

NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကတော့ ၂၀၁၁ ခုနှစ်က ပြောခဲ့ဖူးတယ် (နိုင်ငံရေးမှာ ထာဝရ ရန်သူမရှိ၊ မိတ် ဆွေမရှိ၊ အကြောင်းကြောင်းကြောင့် ရန်သူက မိတ်ဆွေဖြစ်သွားနိုင်သလို မိတ်ဆွေကလည်း ရန်သူဖြစ်သွား နိုင်တယ်) တဲ့။ မှတ်သားစရာ ကောင်းလိုက်ပါဘိ။

ရှင်မဟာရဋ္ဌသာရကတော့ (ငါနဲ့ ငါသာ၊ နှိုင်းစရာရှိ၊ ပညာမုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင် မြောက် လို၊ နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း၊ နှောင်းပြီတခါ၊ ရိုသေစွာလျှင်၊ ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်၊ စိတ် ကြမ်းမာန်လျော့၊ ငါကန်တော့၏) တဲ့။

ပြည်သူတွေရဲ့ချစ်ခင်မှုဆိုတာ အတင်းအဓမ္မ စေခိုင်းလို့မရ၊ လုပ်ယူလို့မရ၊ ဓားမိုးပြီး လေးစားခိုင်းလို့မရ၊ နား ထင်ကို သေနတ်နဲ့တေ့ပြီး ကြည်ညိုခိုင်းလို့မရ၊ ပြည်သူလူထုရဲ့မေတ္တာကို လိမ်ညာလှည့်ဖြားလို့မရ၊ သကာလူး ပြီး အချိုဖုံးလို့လည်းမရဆိုတဲ့ စာရေးဆရာ မောင်းဆက် (ပြည်သူ့ခေတ်) ရဲ့ အယူအဆ အရေးအသားကို ရာ နှုန်းပြည့်ထောက်ခံမိပါတယ်။ ဘာပဲဖြစ်ဖြစ် နှစ်နှစ်ဆယ်ကျော် မွေးလားတဲ့ကြက်ကို တရက်တည်းနဲ့ ရိုက်သတ် ချက်စားသင့် မသင့်ကတော့ ကာယကံရှင်များ စဉ်းစားကြပါ။     ။

စိန်သံလုံး

အပြည့်အစုံသို့...

လူသတ်လက်နက်

လူသတ်လက်နက်
နေမင်းနီ

“နံရံကို ဖြိုမယ့်အစား
တံခါးပေါက်ဆီ
သွားပါလား” ... တဲ့။

သစ္စာဖောက်ရဲ့စကား
တောက်ခေါက်ပြီး ပြန်ကြားလိုက်မယ်
“တံခါးပေါက်ရဲ့နောက်
ချောက်” လို့ ...။ ။

(ရွှေဂုံတိုင်မှသည် နေပြည်တော်ဆီ ချီတက်လိုသူများသို့ ...)

နေမင်းနီ

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၁၁-၂၀၁၁)

- ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ၀င်နိုင်ခြေရှိ click
- ဒေါ်အောင်ဆန်းစုကြည် ပါတီမှတ်ပုံတင်ရင် NDF ပူးပေါင်းဆောင်ရွက်လို click
- NLD မှတ်ပုံတင်သင့် မတင်သင့် (တိုက်ရိုက်လေလှိုင်း) click
- မြန်မာ့အရေး နိုင်ငံတကာ ချဉ်းကပ်မှုများ (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- အရေးကြီး နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်စေလိုကြောင်း နေဘုန်းလတ် ပြော click
- ရွေးကောက်ပွဲ တနှစ်ပြည့်ပြီ click
- ချင်းပြည်နယ် ဆင်းရဲမှု လျော့ကျရေး တင်ပြမယ် click
- CNP က ဘိန်းနှိမ်နှင်းရေး ကော်မတီဖွဲ့ရန် လွှတ်တော်ကို အဆိုတင်မည် click
- ဘရူးနိုင်းရောက် မင်းသားကြီး ကျော်ဆန်း click
- ဗေဒါသင်တန်းကျောင်းရဲ့ အထက်မြန်မာပြည် သင်တန်း click
- ဗေဒါအင်စတီကျု မန္တလေးမှာလည်း ဖွင့်မယ် click
- နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့အကြောင်း တစေ့တစောင်း click
- ဗီဂျေးနမ်ဘီးယား၏ တတိယကြိမ် မြန်မာပြည်ခရီးစဉ် (ရုပ်သံ) click
- အစိမ်းရောင်ဖိုရမ် မြန်မာ ကျင်းပ (ရုပ်သံ) click
- မဟာဗျူဟာမြောက် အတက်နှင့်အဆုတ် (ဆောင်းပါး) click
- သမိုင်းတကွေ့မှ ၀ါအရင့်ဆုံး နိုင်ငံရေးသမားကြီး ဘကြီးဘဘေ (ဆောင်းပါး) click
- အင်း … ကိုယ့်လူ .. လွယ်တာမှတ်လို့ဗျ .. လွယ်တာမှတ်လို့ (ကာတွန်း) click
- ခေတ်မီအောင် တိတ်တိတ်ကလေး ရေးတဲ့စာ click
- မြန်မာအကြိုက် ကားတွေ ဂျပန်နိုင်ငံမှာ ဈေးအဆမတန် ထိုးတက်နေ click
- SEA Games ဘောလုံးပွဲ မြန်မာအသင်း ၄ မှတ် ရထားပြီ click
- ကိုရီးယားလှိုင်း click
- ဓမ္မအေးရိပ် ဘုန်းတော်ကြီးကျောင်း ကထိန်ပွဲ စည်ကား click
- အာရပ်အဖွဲ့ချုပ် ဆီးရီးယားကို သတိပေး click
- နိုင်ဂျီးရီးယားမှာ အကြမ်းဖက်မှုတွေဖြစ် click
- ဂရိဝန်ကြီးချုပ် ရာထူးစွန့်မည် click
- ထိုင်းနိုင်ငံ ရေကြီးမှု သေဆုံးသူ ၅၀၀ ရှိပြီ click
- ထိုင်းနိုင်ငံ ရေကြီးမှု သေဆုံးသူ ၅၀၀ ကျော်ပြီ click
- ကမ္ဘာပေါ်က အမျိုးသား၊ အမျိုးသမီး လူဦးရေ မတူတာလေးတွေ ... click
- အနောက်တိုင်းဂီတ သတင်းအတိုအထွာ click

အပြည့်အစုံသို့...

ကိုအောင်မှိုင်း - မော်တော်ကားဘီးတွေ လေးထောင့်ဖြစ်ကုန်ကြပြီလား

Wrong Place

အပြည့်အစုံသို့...

Sunday, November 6, 2011

သီးညီနောင်မောင်နှမများရဲ့ မဲဆောက် နှုတ်ဆက်ပွဲ (ဓာတ်ပုံသတင်း)

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၁၁-၂၀၁၁)

- ပါတီမှတ်ပုံတင်ပြင်ဆင်တဲ့ ဥပဒေက အန်အယ်လ်ဒီ မှတ်ပုံတင်ရေးအတွက် အထောက်အကူပြု click
- ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွား click
- DKBA နှင့် အစိုးရတပ်များ အပစ်ရပ်ရေး စာချုပ်ချုပ် click
- ဆန္ဒပြ နိုင်ငံရေးအကျဉ်းသားများ အစားအစာ ပါဆယ်ထုတ် ပြန်လည်ရရှိ click
- ရှေ့နေ၊ ဆရာဝန်နှင့် ကျောင်းသားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို တိုင်ကြား click
- ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် မြန်မာနိုင်ငံကို ရှေ့လ လာရောက်မည် click
- ကျောက်ဖြူ မဒေးကျွန်းတွင် ရေနံတိုင်ကီများ စတင် တည်ဆောက်ပြီ click
- ဘူးသီးတောင် စိုင်းတင်ချောင်းဖျားတွင် ဓားပြတိုက်၊ လူတဦး သေဆုံး click
- မဟာချိုင်ရေဘေး မြန်မာအလုပ်သမားများ​​ အခက်ကြုံနေ click
- ယာယီ အတိုက်အခိုက်ရပ်စဲသည့်နေ့က ကျဆုံးသော ရဲဘော်သို့ ... (ဆောင်းပါး) click
- ဧရာဝတီ မဲခေါင် နိပါးပေါ်က လွင့်မျောနေသော တိမ်တိုက်များ (၂) (ဆောင်းပါး) click
- မောင်ကြီးရွှေရောင်ရစ် (အသံလွှင့်ဆောင်းပါး) click
- စစ်သူကြီးရယ် မြစ်တစင်းရယ် (ဆောင်းပါး) click
- အကောင်းမြင်သမား (ကာတွန်း) click

အပြည့်အစုံသို့...

မစို့မပို့နေ့

မစို့မပို့နေ့
မောင်ငြိမ်းအေး

- မစို့မပို့နေ့မှာ
အဖေမပါဘူး
အဖေ့ကို ပြန်တွေ့လိုက်ရတဲ့အတိုင်း အားရှိတယ်။

- မစို့မပို့နေ့မှာ
အမေမပါဘူး
အမေ့ကို ပြန်တွေ့လိုက်ရတဲ့အတိုင်း အေးမြတယ်။

- မစို့မပို့နေ့မှာ
ခင်ပွန်းမပါဘူး
ခင်ပွန်းကို ပြန်တွေ့လိုက်ရတဲ့အတိုင်း လုံခြုံတယ်။

- မစို့မပို့နေ့မှာ
ဇနီးမပါဘူး
ဇနီးကို ပြန်တွေ့လိုက်ရတဲ့အတိုင်း ရင်ခုန်တယ်။

- မစို့မပို့နေ့မှာ
သားမပါဘူး
သားကို ပြန်တွေ့လိုက်ရတဲ့အတိုင်း နွေးထွေးတယ်။

- မစို့မပို့နေ့မှာ
သမီးမပါဘူး
သမီးကို ပြန်တွေ့လိုက်ရတဲ့အတိုင်း ကြည်နူးတယ်။

- ရေငတ်တဲ့သူကို ရေတိုက်လို့ ထောင်ကျခဲ့
တွင်းထဲကျနေသူကို လက်ကမ်းလို့ ထောင်ကျခဲ့
သိချင်တဲ့သူကို သတင်းအမှန်တွေပေးလို့ ထောင်ကျခဲ့
ငြိမ်းချမ်းရေးအတွက် မေတ္တာပို့လို့ ထောင်ကျခဲ့
ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လမ်းလျှောက်လို့ ထောင်ကျခဲ့
လူအုပ်စုတွေနဲ့ ၀ိုင်းရိုက်တာခံရလို့ ထောင်ကျခဲ့
အိမ်ထဲကို သူခိုးဝင်လို့ အိမ်ရှင် ထောင်ကျခဲ့
မတရားမှုတွေကို သွားတိုင်လို့ ထောင်ကျခဲ့
အပြစ်မရှိတဲ့သူတွေ
အပြစ်မရှိတဲ့ အပြစ်နဲ့ ထောင်ကျခဲ့ကြတာပဲ။

- အခုတော့
ဟောဒီ မစို့မပို့နေ့မှာ
တိုင်းပြည်ပါးစပ်နှမ်းပက်
အုတ်တံတိုင်းအပြင်ကို သူတို့ထွက်ခဲ့ကြပြီ။

- သူတို့မျက်နှာပေါ် ဖြတ်ပြေးသွားတဲ့ လေထဲမှာ
မွှေးပျံ့တဲ့ ပန်းရနံ့တွေ မရကြဘူး
စိတ်ချယုံကြည်ရခြင်းတွေ မရှူရှိုက်ကြရဘူး
မလွတ်မလပ်အုတ်ရိုးတွေအထဲမှာ
လွတ်လပ်မှုကို မြတ်နိုးတဲ့
ကျောင်းသားခေါင်းဆောင်တွေ ကျန်နေခဲ့တယ်
တိုင်းရင်းသားခေါင်းဆောင်တွေ ကျန်နေခဲ့တယ်
လူမသိသူမသိ
တိုင်းပြည်ကို အသက်နဲ့လဲနိုင်တဲ့အထိ ချစ်တဲ့
အညတြသူရဲကောင်းတွေ ကျန်နေရစ်တယ်
သူတို့တတွေ လွတ်လွတ်လပ်လပ် မရှိသေးသမျှ
အမျိုးသားရင်ကြားစေ့ရေးဟာ သားလျှောနေဦးမှာပဲမဟုတ်လား ...။

- သူတို့ရဲ့အချုပ်ခန်းတံခါးကလေးတွေ ပွင့်သွားတာဟာ
တိုင်းပြည်ရဲ့အကျဉ်းအကျပ်တံခါးကြီး ပွင့်သွားတာမဟုတ်ဘူး
အဲဒီလို ကောင်းကောင်းကြီး သူတို့တွေးခေါ်နိုင်ကြရဲ့
ထောင်တွေအားလုံး
ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေ "ခေါင်" သွားတဲ့အထိ
ဒေသအားလုံးအပေါ် မျက်ကန်းတစ္ဆေမကြောက် ပျံသန်းနေတဲ့ ကျည်ဆံတွေ
သေနတ်ပြောင်းတွေထဲမှာ အတောင်ပံကျိုးသွားတဲ့အထိ
လွှတ်တော်တွေထဲမှာ
ပုပ်အဲ့အဲ့ အစိမ်းရောင်အနံ့အသက်တွေ ကင်းစင်သွားတဲ့အထိ
အိပ်မက်တွေကို လက်ဖ၀ါးပေါ်တင်ကြည့်လို့ရတဲ့အထိ
ဂစ်တာကြိုးတွေကို သူတို့ညှိရဦးမယ်။

- တဖြည်းဖြည်းနဲ့
ဝေး ... ဝေးမသွားပါဘူး
ကမ္ဘာလဆန်းတရက်နေ့လည်းမရှိ
ဖေဖော်ဝါရီသုံးဆယ်ရက်လည်းမရှိ
ပြည်သူတွေရဲ့ ပြည်သူ့ခေတ်သာ
တကယ်ရှိနေတဲ့ အမှန်တရားမဟုတ်လား
လမင်းကို အိတ်ကပ်တွေထဲ ထည့်နိုင်တော့မှာပါကွယ်။     ။

(၁၂-၁၀-၂၀၁၁ ခံစားမှု ...)

မောင်ငြိမ်းအေး

အပြည့်အစုံသို့...

မဲဆောက်နေ မြန်မာနိုင်ငံသူ/သားများ ဒီနေ့ည ... “သီးညီနောင် အငြိမ့်သဘင်” နှုတ်ဆက်ပွဲကို ကြွရောက်အားပေးကြဖို့ သင်္ကြန်ကွင်းကို ဖိတ်ခေါ်ပါတယ်

အပြည့်အစုံသို့...

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်နဲ့ အမေ ရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာ လူထုခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ (ရုပ်သံ)


The First Myanmar Forum & Conference On Green Economy
& Green Growth အခမ်းအနားသို့ အစိုးရ၏ ဖိတ်ကြားချက်ဖြင့်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ (ရုပ်သံ)

(Burma VJ Media Network's facebook မှ ...)

အပြည့်အစုံသို့...

Saturday, November 5, 2011

ဖေ့စ်ဘွတ်ခ်က အပြန် (၅-၁၁-၂၀၁၁)

ဦးထိန်လင်း (၁၉၂၆-၂၀၀၄) (ဗိုလ်တထောင်သတင်းစာ အယ်ဒီတာချုပ်ဟောင်း) ကွယ်လွန်ခြင်း ၇ နှစ်ပြည့် ဆွမ်းကျွေးအလှူကို ဗဟန်းမြို့ နယ်၊ သီရိမင်္ဂလာမဟာဓမ္မာရုံကျောင်းတိုက်မှာ အောက်တိုဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နှင့် မိတ်ဆွေ စာနယ်ဇင်းသမားများ တက်ရောက်ခဲ့ ကြပါတယ်။ (FB-Burma VJ Media Network)
အဲဒါ မြန်မာ့ connection! (FB-Imran Ismail)
ဆရာကောင်း တပည့် တန်ဘိုးရှိပြီး တပည့်ကောင်း ဆရာ စိတ်ချမ်းသာ၏။ (FB-Agga Vamsa)
တတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ ဘာဝနာသုခ၀တီကျောင်း - ထိုင်းနိုင်ငံ နို့ဖိုးဒုက္ခသည်စခန်း ၌ ယနေ့ ၅-၁၁-၂၀၁၁၀ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။ (FB-Idea Linlin)
ရဲတိုက်ဖောင်ဒေးရှင်း၏ အလှူပစ္စည်းများ တင်ဆောင်လာသောကား သဲချောင်းအတွင်း နစ်နေသဖြင့် ဒေသခံ များ ၀ိုင်းဝန်းကူညီပေးနေစဉ်။ ရဲတိုက်ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများသည် ရေလွှမ်းမိုးမှုကို ဆိုးရွားစွာခံ ခဲ့ရသော ဆိပ်ဖြူမြို့နယ်မှကျေးရွာအချို့သို့ အောက်တိုဘာ ၂၂၊ ၂၃ ရက်နေ့များက သွားရောက်ကာ ရေဘေး သင့်ပြည်သူများ လိုအပ်နေသော ဆန်၊ ခေါက်ဆွဲခြောက်၊ ရေသန့်ဆေး၊ ပဲကြော်၊ ရေသန့်ဘူး စသည့် အစား အသောက်များကို သွားရောက်လှူဒါန်းခဲ့သည်။ ယောချောင်းနှင့် ချစ်ချောင်း စသည့် ချောင်းရေများ လျှံကာ အိုးအိမ်များ ဆုံးရှုံးခဲ့ရသည့် ထိုဆိပ်ဖြူမြို့နယ်မှ ကျေးရွာ ၂၅ ရွာမှာ အကူအညီများစွာလိုအပ်နေပါသေးသည်။ အကူအညီများ လိုအပ်နေသေးသော ဒေသခံများအတွက် အကူအညီများ၊ အိမ်သုံးပစည်းများ တတ်နိုင်သ လောက် လှူဒါန်းပေးကြပါရန် ရဲတိုက်ဖောင်ဒေးရှင်းမှ တိုက်တွန်းအပ်ပါသည်။ (FB-Yeyint Kyaw)
ရဲတိုက်ပုံလေး၊ ဒီပုံကို ကြည့်ရင်း ကိုယ်တောင် ကြည်နူးမှု ကူးစက်လာတယ်။ ချီးကျူးပါတယ်။ (FB-Ei Aye)
ရှင်ကွဲ ကွဲကွာခဲ့ရ၊ ဖုန်းလေးနဲ့တောင် အသံမကြားခဲ့ရတဲ့ အမေစုရဲ့ အသည်းကွဲ အချစ်ဇာတ်လမ်း (FB-ဒီမိုဖက်တီး)
အလိုအပ်ဆုံးက ဖြစ်တည်လာတဲ့ ဘ၀မှာ အငြိမ်းချမ်းဆုံးနေဖို့ ... (FB-Ma Su Mon)
မဲဆောက်က ရဲရဲတောက် ဘီဘီစီသတင်းထောက်ကြီး (FB-Aung Kyaw Oo)
Tibetan sets himself on fire at Chinese embassy in Delhi, November 2011. (FB-ဒီမိုဖက်တီး)
အောက်တိုဘာ ၄ ရက် မနက် ၁၁ နာရီမှာ အမေရိကန်အထူးသံအမတ် ဒဲရစ်မစ်ချယ်၊ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပေါ်စနာနဲ့ မကြာသေးမီကမှ ပြန်လည်လွတ်မြောက်လာခဲ့ကြတဲ့ နိုင်ငံရေးအ ကျဉ်းသားတွေဖြစ်တဲ့ ကိုဇာဂနာ၊ ကိုကိုကြီး (စမ်းချောင်း)၊ ကိုညီညီဦး၊ ကိုအာကာဗိုလ်၊ မထက်ထက်ဦးဝေ၊ မစုစုနွေးတို့ ၆ ယောက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ အကျဉ်းကျခံနေရဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာရင်းကိုပါ အမေရိကန်အထူးသံအမတ် ဒဲရစ်မစ်ချယ်နဲ့ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပေါ်စနာတို့ကို ပေးအပ်ခဲ့ပါတယ်။ (FB-Burma VJ Media Network)
ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်ပြီဖြစ်ပါသည်။ (FB-Thaung Tan Cho)
သတိသာ ထားပေတော့ မဟုတ်တရုတ်ရေ …။ (FB-B Sit Minn)
Zarganar Meets Censorship Officials. (FB-Ba Kaung)
“တပ်မတော်သားများအပေါ် ကြင်နာချစ်ခင်သော ဒေါ်အောင်ဆန်းစုကြည်” - အရင်အပတ် မြန်မာတိုင်းမ်ပါ ဆောင်းပါး (FB-ဒီမိုဖက်တီး)
ဆဲဗင်းဒေးက ဆောင်းပါးလေးပါ။ ကောင်းလို့ ဒေါင်းပြီး ဖတ်ရအောင် တင်ပေးထားပါတယ်။ (FB-ဒီမိုဖက်တီး)

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၁၁-၂၀၁၁)

- NLD ၂ ဦးကို စွမ်းအားရှင်တို့ ၀ိုင်းရိုက် click
- ပါတီမှတ်ပုံတင်ခြင်း ပြင်ဆင်သည့်ဥပဒေ အတည်ပြု click
- ပါတီမှတ်ပုံတင်ဥပဒေ ပြင်ဆင်ချက် NDF ဘ၀င်မကျ click
- NLD ပါတီ မှတ်ပုံတင်ရေး အင်္ဂါနေ့ ဆွေးနွေးမည် click
- အမေရိကန် အဆင့်မြင့်အရာရှိ ၂ ဦးရဲ့ မြန်မာပြည်ခရီး click
- ကုလကိုယ်စားလှယ် နမ်ဘီးယားရဲ့ တတိယအကြိမ် မြန်မာပြည်ခရီးစဉ် (ရုပ်သံ) click
- အသက်မွေးဝမ်းကျောင်း လိုင်စင် ပြန်ထုတ်ပေးဖို့ တောင်းဆို click
- လယ်လုပ်သူ လယ်ပိုင်ခွင့် ပါတီတွေ ဆွေးနွေး click
- လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲ ဆင်ဆာတင်ရမည် click
- မြန်မာပြည်က အနုပညာသမားတွေ နိုင်ငံရေးနဲ့ ကင်းကြရဲ့လား (ဇာဂနာနဲ့ အင်တာဗျူးများ ကောက်နုတ် ချက် ၅) click
- စစ်အာဏာရှင်စနစ်ကို ဇာတ်သိမ်းစေခဲ့တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး (ဆောင်းပါး) click
- တမ်းတမ်းတတ အလွမ်းများ - ၅ (အသံလွှင့်ဆောင်းပါး) click
- ရန်ကုန် အင်းစိန်က မိသားစုတစု သမ္မတထံ ပေးသောစာ click
- ကုလားတန်မြစ်စီမံကိန်းကြောင့် ကမ်းခြေအလှပျက်ရ click
- မိုးယံသို့ ထိုးဖောက် click
- တိုတိုတုတ်တုတ် (ကဗျာ) click
- ဘနာဇီယာဘူတို လုပ်ကြံမှု ၇ ဦးကို စွဲချက်တင် click
- ဘနာဇီယာဘူတိုကို သတ်ဖြတ်မှုနဲ့ လူ ၇ ဦးကို စွဲချက်တင် click
- ဂရိနိုင်ငံ ညွန့်ပေါင်းအစိုးရ ဖွဲ့ဖွယ်ရှိ click
- ဂရိမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့မယ် click
- နိုင်ဂျီးရီးယားမှာ အကြမ်းဖက်မှုတွေဖြစ် click
- ဘန်ကောက်မြို့လယ် ရေကြီးနိုင် click
- ဘန်ကောက် မဟာချိုင်မှာ ရေကြီးနိုင် click
- လက်ဝှေ့ကျော် ဂျိုးဖရေဇီယာ အသည်းအသန်ဖြစ် click
- အမျိုးသမီး ၄ ဦး အစိုးရ စစ်တပ်က ခေါ်ဆောင်သွား click
- တွံတေး အန်အယ်လ်ဒီအဖွဲ့ဝင်များ အရိုက်ခံရ click
- တွံတေးမြို့နယ် အာဏာပိုင်းများ၏ ဥပဒေမဲ့ လုပ်ရပ် click
- နိုင်ငံရေးအကျဉ်းကျသူများ အသက်မွေးဝမ်းကျောင်းလိုင်စင်နှင့် ကျောင်းပြန်တက်ခွင့်ရရေး click
- ရွှေဝါရောင် အကျဉ်းသားဟောင်း သံဃာများ သိက္ခာထပ်မင်္ဂလာ click
- ပြည်တွင်းငြိမ်းချမ်းရေးကော်မီတီအတွက် အတိုက်အခံ ၁၀ ပါတီ ဆွေးနွေး click
- လွှတ်တော်ကိုယ်စားလှယ်တဦး၏ ၁၃ ချက်ပါ အဆိုများ မေးခွန်းအဖြစ် ပြောင်းခိုင်း click
- လာမည့် ၂၀၁၅ ခုနှစ်တွင် ချင်းပြည်နယ်၏ ဆင်းရဲနွမ်းပါးမှု ၃၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဟု ဆို click
- မြန်မာ့အရေးအတွက် ကရင်နီအမျိုးသမီး ပထမဆုံးအကြိမ် လေထီးခုန်ချ click
- အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းနွဲ့နှင့် အင်တာဗျူး click
- ဘာကြောင့် ဒီမေးခွန်းကို မမေးတာလဲ (ဆောင်းပါး) click
- အမျိုးသားတွေ ကြောက်လို့ အမျိုးသမီးတွေကို ခိုင်းရလား (ဆောင်းပါး) click
- မေယူတောင်တွင် သစ်ထုတ်လုပ်မှုကြောင့် တောဆင်ရိုင်းများ ခိုကိုးရာမဲ့ဖြစ်လာနေ click
- ခွေးရူးအကိုက်ခံရသည့် မောင်တောမှ ကလေး ၂၀ နီးပါး ဆေးဝါးမလုံလောက်၍ စိုးရိမ်ရ click
- ၂၀၁၈ ကမ္ဘာ့ဖလား ၀င်ခွင့် ပိတ်ပင်ခံထားရခြင်း အယူခံ အောင်မြင် click
- သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုကို ကာကွယ်မယ့် ငှက်ပျောပင် click
- ဧရာဝတီ မဲခေါင် နိပါး ပေါ်က လွင့်မျောနေသော တိမ်တိုက်များ (၁) (ဆောင်းပါး)click
- တမ်းချင်း (ကဗျာ) click
- မညီညာသော မျက်နှာပြင်ပေါ်က ပြန်လင်းတန်းများ (ကဗျာ) click
- နွေဦးကာလ စစ်ပွဲ (ကဗျာ) click
- ဦးဖိုးကျား၏ မင်းကတော်မော်ဒန်သစ် (ကာတွန်း) click
- ယနေ့ ဘန်ကောက် ရေကြီးမှု အခြေအနေ click
- ဘန်ကောက်မြို့တွင်း ရေမြုပ် click
- မဟာချိုင်ရေကြီးမှု သတိပေးချက် click
- ရေကြီးမှု အရေးပေါ် ကြေညာချက်အရ မဟာချိုင်ဒေသ ရေမြုပ်နိုင်ဖွယ်ရှိ click
- ဆန့်ကျင်ကန့်ကွက်သူတွေက တူးမြောင်းတံခါး ပိတ်တာကို တားမြစ်ပိတ်ပင် click
- အဆိပ်ပြင်းမြွေ ၁၅ ကောင် လွတ်နေသည်ဟု ဆို click
- ဥက္ကလံသပိတ်စခန်းရဲ့ အထွေထွေသပိတ်ခေါ်သံနဲ့ ထူးသံများ click
- ၂၀၁၁ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း အစီရင်ခံစာ နော်ဝေ အကောင်းဆုံး click

အပြည့်အစုံသို့...

ထောင်ဆေးရုံမှာ ခွဲစိတ်ကုသမယ့် နေမျိုးဇင်အတွက် စိုးရိမ်မိခြင်း

ထောင်ဆေးရုံမှာ ခွဲစိတ်ကုသမယ့် နေမျိုးဇင်အတွက် စိုးရိမ်မိခြင်း
စိန်သံလုံး

တောင်ကြီးမြို့မှာရှိတဲ့ တပ်ထိန်းတပ်က ထွက်လာခဲ့တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို လူမှုရေးကိစ္စ၊ ပရဟိတ လုပ်ငန်းတွေနဲ့ ဘီဂျီ သွေးလှူရှင်များ စုဆောင်းတဲ့ NLD အဖွဲ့ဝင်တဦးဖြစ်နေတာကြောင့် အပြစ်ရှိရှိ မရှိရှိ၊ အ ပြစ်ကြီးကြီး မကြီးကြီး ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ အီလက်ထရောနစ် ဥပဒေပုဒ်မနဲ့ ထောင် ၁၀ နှစ် မ တရားချခဲ့တယ်။ နိုင်ငံရေးလုပ်တဲ့သူတိုင်းကို ဒီလို မတရားဖမ်းဆီးထောင်ချနေတာဖြစ်လို့ ဒီကိစ္စ မဆန်းတော့ ဘူးလို့ ဆိုရပေမယ့် ခံရသူတွေအတွက်ကတော့ အခဲမကျေစရာပါ။

အဲဒီ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ လမ်းလျှောက်လို့မရလောက်အောင် ခါးကြောဝေဒနာခံစားနေရလို့ ကြည့် မြင်တိုင် အရိုးကုဆေးရုံမှာ တတ်ရောက်ကုသခွင့်တောင်းခံတာကို ထောင်ပိုင်က ပယ်ချခဲ့ပြီး ထောင်ဆေးရုံမှာ ပဲ ခွဲစိတ်ကုသခွင့်ပေးခဲ့တယ်။ မြန်မာပြည်မှာရှိတဲ့ အကျဉ်းထောင် ၄၂ ခု၊ အလုပ်စခန်း ၁၀၉ ခုမှာ အကျဉ်း သားဦးရေ တသိန်းနီးပါးရှိပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆရာဝန် ၃၈ ဦး၊ သွားဆရာဝန် ၂ ဦးနဲ့ လက်ထောက်ကျန်းမာရေးမှူး ၁၂ ဦး၊ သူနာပြု ၂၆ ဦး၊ ဆေးဘက်ဝန်ထမ်း ၄ ဦးကိုသာ တရားဝင် ခန့်အပ် ထားတယ်လို့ သိရတယ်။

“ထောင်ကျအကျဉ်းသားတွေ အပြင်ကလူတွေထက် ကျန်းမာအောင်နေဖို့ ပိုအရေးကြီးတယ်။ တကယ်ဖြစ်ရင် ထောင်ထဲက ကြိုးနီစနစ်တွေနဲ့ ဆေးရုံကို ချက်ချင်းမရောက်ဘူး။ ညထောင်ပိတ်ချိန်ဆို ပိုပြီးဆိုးတယ်။ အဆင့်ဆင့် သတင်းပို့ဖို့ ခွင့်တောင်းနေတာနဲ့ သေရတဲ့သူတွေရှိတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် အင်းစိန်ထောင်မှာ သေခဲ့တာ အဲဒါမျိုးပေါ့။ ဆေးရုံကို ၁ နာရီခွဲကြာမှ ရောက်တယ်။ အသက်မမီတော့ဘူး။”

အကျဉ်းသားတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါကတော့ အဓိက ဗီတာမင်ချို့တဲ့ခြင်းရောဂါနဲ့ သွေးအားနည်းခြင်း ရောဂါတို့ကို တွေ့ရှိရကြောင်း သုတေသနလုပ်ဖူးသူများက ဆိုပါတယ်။ အကျဉ်းသားတွေကို အသားဟင်း တ ပတ် ၂ ကြိမ် ကျွေးပါတယ်။ ဗုဒ္ဓဟူးနေ့နဲ့ တနင်္ဂနွေနေ့ဖြစ်ပြီး ကျန်တဲ့ရက်တွေမှာတော့ မနက်ပိုင်း ပဲဟင်း၊ ည နေ အသီးအရွက်ပြုတ် ကျွေးပါတယ်။ ဒီကြားထဲမှာ ထောင်ပိုင်အချို့နဲ့ ချက်ပြုတ်ရေး ဖိုခေါင်းတွေက ခိုးလို့ ပြည့်ပြည့်၀၀ မစားရတာများပါတယ်။

အကျဉ်းသားတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာအစိုးရတွေ မဖြစ်မနေ လိုက်နာကျင့်သုံးရမယ့် ဂျီနီဗာ သဘော တူညီချက် အပိုဒ် ၂၀ မှာ “ထောင်သားတွေ ကျန်းမာရေးနဲ့ ခွန်အားအတွက် အာဟာရပြည့်တဲ့ အစားအစာ တွေကို အရည်အသွေး ပြည့်ဝစေရမယ်၊ သန့်ရှင်းရမယ်”၊ အပိုဒ် ၂၂ မှာတော့ “ထောင်တိုင်းမှာ အရည်အချင်း ပြည့်မီတဲ့ ဆရာဝန်တဦးစီ ရှိရမယ်၊ အကျဉ်းသားတွေ ကျန်းမာရေးအတွက် စိတ်ရောဂါကုဆေးရုံတွေ အပါအ ၀င် ကျန်းမာရေးဝန်ကြီးဌာနတွေနဲ့လည်း စနစ်တကျ ဆက်စပ်ဆောင်ရွက်ရမယ်၊ ကိရိယာနဲ့ ကျွမ်းကျင်သူဝန် ထမ်းတွေ ထားပေးရမယ်” အဲဒီလို သတ်မှတ်ချက်ရှိပေမယ့် မြန်မာပြည်မှာ အကျဉ်းထောင် ၄၂ ခုနဲ့ ရဲဘက်အ လုပ်စခန်း ၁၀၉ ခုရှိပြီး ဆရာဝန်က ၃၈ ဦးပဲရှိပါတယ်။ အချိုးအစားကမမျှဘူး၊ ထောင်ဆေးရုံတွေမှာ ဆေးမှူး တွေပဲ ရှိတာများတယ်။ အဲဒီဆေးမှူးတွေက ထောင်ပိုင်တွေနဲ့ နီးစပ်သူတွေကိုပဲ ခန့်ထားတာ၊ ဆေးထိုးတတ် တာ၊ ဆေးပညာ နားလည်တာ အဓိကမဟုတ်ဘူး။ ထောင်ပိုင်နဲ့ ဆရာဝန်ကို ငွေပေးနိုင်မှ ဆေးမှူးဖြစ်တာ၊ အ ကျဉ်းသားဆေးမှူးဆိုတာ ရိုးရိုးအကျဉ်းသားထက် အခွင့်အရေးရတယ်။ ထောင်တွေ၊ အကျဉ်းစခန်းတွေထဲမှာ သေဒဏ်နဲ့ ဆေးရုံတတ် လူနာပဲ နေ့စဉ် အသားစား အခွင့်အရေးရတယ်။

သေဒဏ်ကျ အကျဉ်းသားထဲမှာ ရာဇ၀တ်မှုသေဒဏ်နဲ့ နိုင်ငံရေးသေဒဏ်ဆိုတာ ၂ မျိုး ရှိတယ်။ ဆေးပညာမ တတ်တဲ့ ဆေးမှူးတွေ ဆေးမှားထိုးလို့ သေတာမျိုးတွေ ရှိတယ်။ ကြောက်စရာကောင်းတယ်။ ထောင်ထဲမှာ ခွဲ စိတ်ကုသမယ့် နေမျိုးဇင်အတွက် စိုးရိမ်မိတယ်။ ထောင်ဆေးရုံဆိုတာ ဘာမှ မပြည့်စုံဘူး။ ဘာမီတွန်နဲ့ ပါရာစီ တမောလောက်ပဲရှိတာ။ ကောင်းတဲ့ ဆေးတွေကတော့ စာရင်းပဲရှိတယ်။ ထောင်ဆေးရုံမှာ ရောဂါမရှိဘဲနဲ့ တက်ချင်ရင် ဆရာဝန်ကို ပိုက်ဆံပေးရင် လူနာဖြစ်သွားရော။ အင်းစိန်ထောင်မှာတော့ ဈေးကြီးတယ်။ လူနာ ဖြစ်ချင်ရင် ၂ သိန်း ပေးရတယ်။ ထောင်စကားနဲ့ပြောရရင် ဘောင်ချာဖြတ်တယ်လို့ခေါ်တယ်။ အဆောင်မှူးရဲ့ ဘောင်ချာ၊ ထောင်ပိုင်လေးရဲ့ဘောင်ချာ၊ ထောင်ပိုင်ကြီးရဲ့ဘောင်ချာ၊ ထောင်ဆရာဝန်ရဲ့ဘောင်ချာဆိုပြီး အ မျိုးမျိုးရှိတယ်။ ဘယ်ဘောက်ချာမှ သွားမထိနဲ့ မရဘူး။ ဆိုင်ရာပိုင်ရာတွေ ရှိတယ်။ အဆောင်တွေမှာတော့ အ ခန်းလူကြီးရဲ့ဘောင်ချာပေါ့။ သူတို့ ၀င်ငွေရှိတော့ တလ တခါ အိမ်ကို ငွေပြန်ပို့နိုင်တယ်လေ။

အကျဉ်းဦးစီးဌာနမှာ ၀င်ငွေအကောင်းဆုံးနေရာကတော့ ရဲဘက်အလုပ်စခန်းတွေပဲ။ ကျောက်ခွဲတဲ့ စခန်းဆို ၀င်ငွေအကောင်းဆုံး တာဝန်ခံ ထောင်ပိုင်ရဲ့ဝင်ငွေက တနေ့ကို ၂ သိန်းကနေ ၆ သိန်းအထိ ရှိတယ်။ အဲဒီလို ၀င်ငွေကောင်းတဲ့ ရဲဘက်စခန်းကို ပြောင်းချင်တဲ့ ထောင်ပိုင်တွေ အနည်းဆုံး သိန်း ၅၀ လောက် လူကြီးတွေ ကို ကန်တော့နိုင်မှ လိုချင်တဲ့နေရာ ရောက်တယ်။ အချို့စခန်းတွေဆို ကန်တော့ငွေ ဒီထက်ပိုသေး။ ရဲဘက်စ ခန်းတွေမှာ အဆိုးဆုံးကတော့ ဘ၀စခန်းတွေပဲ။ ဘ၀ ၉ က အဆိုးဆုံးတဲ့၊ ထမင်းဝအောင် မကျွေးဘူး။ တိုင် ရင်တော့ စားပိုးနင့်အောင်ကျွေးတယ်တဲ့။ ပုံစံမလို အ၀ကျွေးတယ်ဆိုတာ တိုင်လို့ရတဲ့နေရာတွေက ထောင် တွေ အလုပ်စခန်းတွေမှာပဲရှိတယ်။ ထောင်က ၀န်ထမ်းတွေကလည်း ၀င်ငွေနည်းတော့ အကျဉ်းသားကျွေးတဲ့ ထမင်းကိုပဲ အားကိုးပြီးစားကြတယ်။ တချို့ဝန်ထမ်းတွေက အကျဉ်းသားကျွေးတဲ့ ထမင်းကို ၀က်ကျွေးတယ်။ ဒါကြောင့် ICRC က ပြောတာ၊ အကျဉ်းသားတွေကို ကျွေးတဲ့ထမင်းက ခွေးစာ ၀က်စာတဲ့။

ထောင်ဆေးရုံတွေမှာ လူနာနဲ့ ကုသတဲ့ ဆရာဝန် အင်အားမမျှဘူး။ အပြင်က ဆေးဝယ်မစားနိုင်ရင် သေတာ များတယ်။ ထောင်က ထောင်ပိုင်ဆိုတာ လူနာသေရင် စာရွက်တရွက်ပဲ ကုန်တယ်။ အထက်ကို အခြေအနေ တင်ပြရတာပဲရှိတယ်။ အခု အင်းစိန်ထောင်မှာ အောက်တိုဘာ ၂၆ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ၁၅ ဦး က အစာငတ်ခံ ဆန္ဒပြကြတယ်။ အကျဉ်းထောင်လက်စွဲပါ အကျဉ်းသားလျှော့ရက် ခံစားခွင့်မရတဲ့ကိစ္စနဲ့ ဆန္ဒ ပြကြတာလေ။ အခြားရာဇ၀တ်အကျဉ်းသားတွေ လျှော့ရက်ရကြတယ်။ နိုင်ငံရေးအကျဉ်းသားဆို လျှော့ရက်မ ရကြဘူး။ အစာငတ်ခံဆန္ဒပြတော့ ရေပါဖြတ်ထားတယ်။ ၂ ဦး ထောင်ဆေးရုံ ပို့လိုက်ရတယ်။

ထောင်ဆေးရုံဆိုတာ ရောဂါမရှိသူတွေအတွက် အနေချောင်ပေမယ့် ရောဂါရှိသူတွေအတွက်ကတော့ အသေ မချောင်ဘူး။ “ငွေကုန်ခံနိုင်ရင် ... အကောင်းဆုံးပဲ ... ပွဲကြိုက်တဲ့ ခင်နှမရယ်” ဆိုတဲ့ ပွဲကြိုက်ခင်သီချင်းလိုပဲ။ ထောင်ကျအကျဉ်းသားတွေ အပြင်ကလူတွေထက် ကျန်းမာအောင်နေဖို့ ပိုအရေးကြီးတယ်။ တကယ်ဖြစ်ရင် ထောင်ထဲက ကြိုးနီစနစ်တွေနဲ့ ဆေးရုံကို ချက်ချင်းမရောက်ဘူး။ ညထောင်ပိတ်ချိန်ဆို ပိုပြီးဆိုးတယ်။ အဆင့် ဆင့် သတင်းပို့ဖို့ ခွင့်တောင်းနေတာနဲ့ သေရတဲ့သူတွေရှိတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် အင်းစိန်ထောင်မှာ သေခဲ့တာ အဲဒါမျိုးပေါ့။ ဆေးရုံကို ၁ နာရီခွဲကြာမှ ရောက်တယ်။ အသက်မမီတော့ဘူး။ ထောင်ဆေးရုံ မပြောနဲ့၊ အပြင်ဆေးရုံတွေမှာရော အဆင်ပြေလို့လား။ ဒါကြောင့် အထူးကုဆေးရုံတွေ ခေတ် စားနေတာ။ တချို့ဆို ထိုင်းနဲ့ စင်ကာပူဆေးရုံတွေပဲ အားကိုးကြတယ်လေ။ ဒါကြောင့် နေမျိုးဇင်ကို စိုးရိမ်မိ တာပေါ့။ ။

စိန်သံလုံး

အပြည့်အစုံသို့...

ဘန်ကီမွန်း၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယားနှင့် အဖွဲ့အား ဒေါ် အောင်ဆန်းစုကြည် လက်ခံတွေ့ဆုံ (ရုပ်သံ)


အင်းစိန်အကျဉ်းထောင်မှာ အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ပြီး
အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ယောက်ဟာ
နိုဝင်ဘာလ ၃ ရက်နေ့အထိ ဆက်လက် ဆန္ဒပြနေဆဲဖြစ် (ရုပ်သံ)

(Burma VJ Media Network's facebook မှ ...)

အပြည့်အစုံသို့...

ဖေ့စ်ဘွတ်ခ်က အပြန် (၄-၁၁-၂၀၁၁)

“အမေစုက မြန်မာအမျိုးသမီးဝတ်စုံကို အမြဲတစေလို ၀တ်တယ်နော် ... တကယ်အရမ်းရှယ်ပဲ ... လေးစားတယ် ... လိုချင်သူများ ဒေါင်းထားကြ” (FB-ဒီမိုဖက်တီး)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်နှင့် အမေရိကန် လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မိုက်ကယ်ပိုစနာတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၂ နာရီခွဲအချိန်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ (FB-Myit Makha Mediagroup)
“နော်ဝေ ၀န်ကြီးနဲ့ တွေ့တုန်းက ဓာတ်ပုံတချို့ပါခင်ဗျ” (FB-Maung Thura)
UK သံအမတ်နှင့် အမေ့အိမ် - အမေ့အိမ် (လှိုင်သာယာ) ကျောင်းလေးသို့ ဒီနေ့ နိုဝင်ဘာ ၄ ရက်နေ့ မနက် ၈ နာရီလောက်က UK သံရုံးမှ Mr.Paul Whiltinghan (Head, UK Department for International develop- ment, Rangoon) ဦးဆောင်ပြီး အဖွဲ့ဝင်နှစ်ဦးဖြစ်သော Mr.Dominic Ashton (UK Department for Inter- national Development, Rangoon) နှင့် Mr.Joe Fisher (British Embassy, Rangoon) အတူ အမေ့အိမ် ကျောင်းများ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေးအတွက် လာရောက်လေ့လာခဲ့ကြပါတယ်။ အဖွဲ့ချုပ် ရုံးမှ ဦးနိုင်းနိုင်း၊ ဒေါက်တာမျိုးအောင်၊ ကိုဖြိုးမင်းသိန်းတို့လည်း တက်ရောက်ခဲ့ကြပါသည်။
(FB-Mother's Home)
နိုင်ငံရေးအကျဉ်းကျခံရသူများအတွက် အသက်မွေးဝမ်းကြောင်းလိုင်စင်နှင့် ကျောင်းပြန်ဆက်တက်ခွင့်ရရှိရေး သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားလွှာ (FB-Burma VJ Media Network)
“ဖတ်ရှုသိမ်းဆည်းချင်စရာ ခံ့ခံ့ညားညား သားသားနားနား” (FB-Ludu လူထုကြီးပွားရေး)
ရေလျှံတဲ့ ထိုင်း (FB-Ye Myint Oo)
ပခုက္ကူမြို့နယ်၊ ဂ၀ံလေးတိုင်ရွာတွင် NLD အဖွဲ့ခေါင်းဆောင်များ၏ လမ်းညွှန်မှုဖြင့် NLD လူငယ်များနှင့် ပြည် သူများ ပါဝင်ဖွဲ့စည်းထားသော BG သွေးကူညီရေးနှင့် ပညာဒါနမှ ကိုညီညီ ဦးဆောင်သော အဖွဲ့ဝင်များသည် ရေဘေးသင့်ပြည်သူ ၁,၀၀၀ ကျော်အတွက် မွေ့ရာ၊ ဂွမ်းကပ်၊ အ၀တ်အစား၊ ဆန်နှင့် စားစရာများ အပါအ၀င် ၀မ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ရန် ရေသန့်နှင့် ဓာတ်ဆားထုပ်များ၊ ပစ္စည်းမျိုးစုံကို ခန့်မှန်းတန်ဖိုးသိန်း ၂၀ ၀န်းကျင်ဖိုးခန့်ကို အောက်တိုဘာ ၂ ရက်နေက သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ ထိုသို့လှူဒါန်းမှုအတွက် ပစ္စည်းများကို BG မှ လူငယ်များက BG အမှတ်တရ ရန်ပုံငွေပစ္စည်းများ ရောင်းချငွေနှင့် စေတနာရှင်မိဘပြည် သူများ လှူဒါန်းမှုများနှင့် ပူးပေါင်းလှူဒါန်းခြင်းဖြစ်ပါသည်။ (FB-Burma VJ Media Network)
ကမ်းလက်အဖွဲ့ က အောက်တိုဘာ ၃၁ ရက်နေ့က သွားရောက်၍ ပခုက္ကူရေဘေးသင့်ဒုက္ခသည်များကို သွား ရောက်လှူဒါန်းခဲ့ကြပါတယ်။ (FB-Burma VJ Media Network)
(စကားလုံးမဲ့ စာနာကြေကွဲမှု) - ကြုံရဆုံရဘုံဘ၀မှာ တချို့တချို့သောလူတွေအတွက် သိပ်ကို လွယ်ကူပေါ များလွန်းတဲ့ ၀တ္ထုပစ္စည်းတွေဟာ တချို့တချို့သောသူတွေအတွက်တော့ အရမ်းကို ရှားပါးခက်ခဲနေတတ်ပါ တယ်။ ချစ်ကောင်း ဆိုထားတဲ့ သီချင်းလေးကို အမှတ်ရမိတယ် “တချို့ကျတော့ သိပ်ခက်တယ်၊ တချို့ကျ တော့ သိပ်ကံကောင်း၊ တချို့ကျတော့ အရမ်းကို ဟုတ်နေကြတယ်လေ” တဲ့။ သြော် ... ဘ၀ ... ဘ၀ ...။
(FB-Pinoy Stars)

အပြည့်အစုံသို့...