Monday, November 7, 2011

ကိုအောင်မှိုင်း - မော်တော်ကားဘီးတွေ လေးထောင့်ဖြစ်ကုန်ကြပြီလား

Wrong Place

9 comments:

La said...

အပြောင်းအလဲ မှာ
ပါ လိုသူတွေ အတွက်
နေရာ ဟာ
အိမ်သာ က လွဲလို့
အခြားမရှိပါ။
နှစ်ဆယ်ကျော် သုံးနှစ်အတွင်း
လူကြီးမင်းတို့
ပျင်းပျင်းရှိတိုင်း
လက်သရမ်း ခဲ့တဲ့
ကြေညာချက် ပန်ကြားချက် ဆိုတာတွေ
အတိုင်အတော လေပေါခဲ့တဲ့ စာရွက်များပါ
Call for ဆိုတာတွေရော
All for ဆိုတာတွေပါ
ကားပတ်ဘက်ဂါ တွေရဲ့ အီးထုက်ကို
ချီးသုတ်ပေးရတဲ့ စက္ကူ ဖြစ်သွားတာ
တွေးကြည့်ရင် မရှက်ဘူးလား ရှင်။
ကားပတ်ဘက်ဂါ တို့ ရဲ့ အိမ်သာထဲမှာ
"ဘူ" ဆိုတာ "ဘူး" မဖြစ်
အနံ့ဆိုးဆိုး နဲ့ မသတီစရာ "ဘူ" တွေချည်း ဆိုတာ
နှာခေါင်း ပါတဲ့ သူတိုင်း အသိ
ဘဘတို့ မသိ ဘဲ မရှိပါ။
"ဘူ" ပေါင်း စုံညီတဲ့
"ဘူ" ညီလာခံအလယ်မှာ
စတိုင် တင်းတင်း နဲ့
ဘယ်မိန့်ခွန်း ချွေချွေ
"လေးစားလိုက်နာပါမယ်" ဆိုတဲ့
"အူ" သံ တွေသာ
ကြားရမှာ ပ
အာဇာနည် မှန်ရင်
အိမ်သာနံရံ မှာ
ကမ္မည်းတင် ခံမှာမဟုတ်
ကျွန်ခံရမယ့် ထောင်အုတ်ရိုးကို
"ဘူ" သံ နဲ့ ဖွင့်နှိင်မှာလားရှင်။
ကြေညာချက်တွေ တွင်တွင်ထုတ်လို့
ပြင်ပြင်ပြီး ဆုတ်ခဲ့တာများလှပြီ
တိုင်းရေးပြည်ရာ ဆိုတာ
သမာဓိ တရားရှိရစမြဲပါ
"ဆို ခဲ လို့ မြဲ မယ်" ဆိုရင်
ရေ လို အေးလို့
ပန်း လို လန်းပါစေ။

123456 said...

အရင်ဆုံးပြောချင်တာ က ကျွန်တော်ဒေါ်စု ကို ထောက်ခံတဲ့သူပါ (NLD ပါတီဝင် မဟုတ်ပါ) ၊ အခုဆောင်းပါးကို လဲ ကြိုဆိုပါတယ်၊ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြတာ၊ ကိုယ်မှားတယ်ထင်လို့ ထောက်ပြတာ ကြိုဆိုရမှာပါ၊ ( ဒေါ်စုပြော တယ် လူတိုင်းလူတိုင်း သံသယ ရဲ့ အကြိုကို ခံစားခွင့် ရှိတယ်) ဒီလိုအမြင် မတူတဲ့ဘတ် ကရေးမှ လဲကိုယ့်အားနည်းချက်အားသာချက် ကိုသိ နိုင်မှာပါ၊ ကျွန်တော်တို့အားလုံး က ရည်ရွယ်ချက်ပန်းတိုင် တူတဲ့သူတွေပါ၊ တယောက်နှင့်တယောက် အပြစ်တင်မနေကြပါ နဲ့ ဆဲဆိုမနေကြပါနှင့် ၊အားလုံး ကိုယ့်တိုင်းပြည်အတွက် စေတနာ တူတဲ့သူတွေပါ ၊လက်မတွဲနိုင်ရင်တောင်မှ ရန်မဖြစ်ကြပါနဲ့။

Anonymous said...

ဆောင်းပါး ရေးသူ ဦးအောင်မှိုင်း ခင်ဗျာ ...

ယခု ဖြစ်ပေါ်နေတဲ့ သိမ်မွေ့ရှုပ်ထွေးနေတဲ့ နိုင်ငံရေး အရွေ့အပြောင်းကို သုံးသပ်တာလည်း သုံးသပ်ပါ။ မှားတယ် မမှားဘူး မပြောလိုပါ။

ဒါပမယ့် လူတိုင်းလိုလိုသိပြီးသား၊ သူကိုယ်တိုင်လည်း သူ့နာမည်ကို သူ့ဘလော့ဂ်မှာ ရေးထားသားနဲ့ "လွဏ်းဆွေ" ကို "လွန်းဆွေ" လို့တော့ မှား မရေးသင့်ဘူးထင်ပါတယ်။

လူတစ်ယောက်ရဲ့ နာမည်ဆိုတာ မှားမရေးသင့်ဘူးလို့ ယူဆလို့ အကြံပြုတာပါ။

Anonymous said...

ကဲ မရေးချင်ပဲ ၀င်ရေးရအုံးမယ်။ဆောင်းပါးရှင် ရေးသွားတာ ညက်ပါတယ်။စာရေးကောင်းပါတယ်။သြော် ကြုံတုန်းပြောရအုံးမယ်။ ကျနော် ဘယ်ပါတီကမှ မဟုတ်ပါ။ နအဖလူလည်းမဟုတ်ပါ။အရှိအတိုင်းပြောကြရအောင်။ အနာဂတ်ကိုပြောကြရအောင်။ပြည်သူတွေ အတွက်ပြောကြရအောင်။ ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်။ အခုလည်း စာရေးသူဆိုလိုရင်းကို ဖတ်ကြည့်တော့ ဒေါ်နော်အုံးလှ လေသံနဲ့တူနေတယ်။
စာရေးသူကို အဓိက တစ်ချက်ပဲ မေးချင်တယ်။ နိုင်ငံရေးမှာ ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေရှိတယ်လို့လည်း ဆိုကြတယ်။အဲတော့ အဓိက မေးချင်တဲ့မေးခွန်းက ဒေါ်စုကို မျက်စိကထုတ်ထားလိုက်။ ဒေါ်စုမရှိဘူးဆိုပါစို့။ အနာဂတ်အတွက် ခင်ဗျားဘာလုပ်မလဲ။ ဘာလုပ်စေချင်လဲ။ မေးပြီ။ ကျိန်းသေပါတယ် စာလာဖတ်တဲ့ ပရိတ်သတ်အပေါင်းကို ကျနော် ဒီကပဲ အဖြေပေးလိုက်ပါရစေ။ အတိုက်အခံလုပ်မှ နိုင်ငံရေးလို့ သတ်မှတ်ထားတဲ့လူ တစ်စုအတွက်ကတော့ လူထုအုံကြွမှုနဲ့ အကြမ်းဖက်နည်းကိုပဲ စောင့်မျှော်ကြမှာပဲ။ သိမ်မွေ့စွာပြောင်းလဲမှုကို ဘယ်စိတ်ရှည်ကြမလဲ။ နောက်တစ်ချက်က အခုနက စာရေးသူရေးသလိုပါပဲ ဈေးကွက်ကပြည်တွင်းကိုရောက်လာပြီ ပြည်ပကဆရာသမားတချို့တော့ ဟတ်ကော့ဖြစ်နေတာ အသေအချာပါပဲ။ ဒီထဲတော့ ဆရာကြီးလင့် မပါလောက်ဘူးထင်ပါတယ်။ အဲတော့ ဆိုလိုချင်တာက နိုင်ငံရေးမှာ နှလုံးရည် လက်ရုံးရည် နှစ်မျိုးလုံးနဲ့ ကစားလို့ရတာ အမှန်ပဲ။ နှစ်ပေါင်းနှစ်ဆယ်ကျော် လက်ရုံးရည်နည်းနဲ့ အကြမ်းဖက်ဖို့ စောင့်မျှော်နေတယ်။အဲနည်းက အဆင်မပြေတော့ပါဘူး။ကိုမိုးသီး(ဆရာကြီးချေ)တောင်စစ်မတိုက်တော့သာတာ ကြည့်ပေတော့။ အဲတော့ နောက်ဆုံးပြောချင်တာက အခုဒေါ်စုလုပ်နေတာ မှားနေတယ် ပြောကြပြီဆိုပါစို့။ ဟုတ်ပြီ ဒေါ်စုမှားတယ်။ ခင်ဗျားမှန်တယ်။ အခု ဒေါ်စုနေရာမှာဆို လူထုခေါင်းဆောင်တစ်ယောက်အနေနဲ့ဆို ခင်ဗျားဘာလုပ်မလဲ။ ခင်ဗျာမှာလည်း အဖြေမရှိနိုင်ဘူး၊ ဒေါ်နော်အုံးလှမှာလည်းအဖြေမရှိဘူး။ ဆရာကြီးလင့်မှာရော၊ ဆရာမိုသီးမှာပါ အဖြေမရှိနိုင်ဘူး။ ရှိရင်လည်း ပြည်သူတွေလမ်းပေါ်ထွက်ခိုင်းတဲ့ နည်းပဲ ပြန်လာမယ်။ ခင်ဗျားတို့မပြောနဲ့။ လမ်းပေါ်ကို ခဏခဏထွက်လို့ ထောင်ကျခံနေရတဲ့ မင်းကိုနိုင်တို့ ၊ မစုစုနွေးတို့ အသံလေးနားထောင်လိုက်ပါအုံး။ ကဲ နောက်ဆုံးပြောမယ်ဗျာ။ ကျုပ်ပြည်ပမှာ အလုပ်လုပ်တယ်။ စာအုပ်အနီကိုင်တယ် မျက်နှာငယ်ရတယ်။ ကျုပ်အပါအ၀င် ပြည်သူတွေ အားလုံးမျက်နှာမငယ်ချင်တော့ဘူး။ အခုအချိန်ဟာ ကျုပ်တို့နိုင်ငံအတွက် စီးပွားရေးအရရော၊ နိုင်ငံရေးအရရော ပြောင်းလဲတိုးတက်ဖို့အကောင်းဆုံးအချိန်ပဲ။ တရုတ်နဲ့ခွဲပြဲတဲ့ အချိန်ဖြစ်တယ်။ စီးပွားရေးအရ အင်ဒိုထက်သာနိုင်တဲ့အခြေအနေရှိတယ်ဆိုတာ အားလုံးမြင်နေကြပြီ။ အဲတော့ ၂၀၁၁ ကို ခင်ဗျာတို့ခဏ လောက် သီးခံပြီးစောင့်ကြည့်ပေးကြပါ။ အရင်ကနဲ့ မတူတာကတော့ ကျိန်းသေတယ်။ အရင်ကတော့ တခါးပိတ်ပြီး တရုတ်မုဒိန်းကျင့်တာ ခံနေရတဲ့ဘ၀လေ။ အခုတော့ ကင်မရာမီးတွေက တဖျတ်ဖျတ်။လူတွေကလည်းစုံလာပြီဆိုတော့။ စောင့်ကြည့်လိုက်ကြပါအုံး။ ခင်ဗျားတို့ မီဒီယာကိုအထင်မသေးကြပါနဲ့။ ဒီလောက်ပါပဲ။

Anonymous said...

ကဲ ဒီတစ်ခေါက် အကြုံပြုစကားလေးမန့်ချင်တာတော့ ဆရာကြီးလင့်(ခေါ်)ဒေါက်တာလွဏ်းဆွေ အတွက်ပါ။
ကျုပ်တို့ပြည်ပနေတယ်။ နိုင်ငံရေးသတင်းဖတ်ချင်တယ် ဆရာကြီးလင့် ဆိုဒ်ကို ကောက်ဖွင့်လိုက်တာနဲ့ သတင်းအကုန်နီးပါးဖတ်လို့ရတယ် အဲအတွက်ကျေးဇူးတင်တယ်။ အဲလို ကျေးဇူးတင်တာနဲ့ ကျုပ်တို့နိုင်ငံ အနာဂတ်အတွက် ပြည်သူတွေအနာဂတ်အတွက် လားလားမှ မသက်ဆိုင်ပါ။ ကဲ အရင်ဆုံးသတင်းလာဖတ်ကြတဲ့ လူတွေ သိအောင်ပြောရရင်တော့ blog ရေးတယ်ဆိုတာ ခက်တယ်လွယ်တယ် ဆိုတာ ပြောကြရအောင်။ အခုလို ဒေါက်တာလွဏ်းဆွေဘလော့ လုပ်တဲ့နည်းက အရမ်းအရမ်းကို လွယ်ပါတယ်။ ကိုယ်ပိုင် creative လုံးဝမရှိပါ။ သူများ သတင်းကိုသွားကူး။ ကူးတာတောင် အပိုဒ်လိုက်ကူးချင်းမဟုတ်။ Address Bar က Link ကို ကူး။ ပြီးတော့ Post တင်ရမဲ့နေရာမှာ Paste လုပ်ရုံပဲ။ ဆိုလိုချင်တာ ဒေါက်တာလွဏ်းဆွေက နိုင်ငံရေးသမားလား၊ဆရာဝန်လား၊ဘလောဂါလား၊မီဒီယာသမားလား။ ကျိန်သေတာ အဲထဲက ဘယ်စံတွေနဲ့မှမကိုက်ဘူး။ အပေါ်ကပြောခဲ့တဲ့ လူတွေရဲ့အလုပ်တိုင်းမှာ ကိုယ်ပိုင် Creative တွေရှိကြတယ်။အခုဆရာလင့်မှာ ကွန်ပျူတာရှေ့ ငုတ်တုတ်ထိုင် သူများသတင်းတွေထိုင်လင့် ပြီးတော့ ရောက်လာတဲ့စာတွေကို သူ့ဆိုဒ်မှာလူတွေစိတ်ဝင်းစားအောင် ပွဲဆူတဲ့စာမျိုးတွေ တင်ပေး။
ဒါသူ့အလုပ်ပဲ။ ကြည့်ရတာ ဆရာလင့်မှာ အချိန်တွေတော်တော်ပေါနေတယ်ထင်တယ်။ ကာတွန်းဆွဲပြန်တော့ ဟန်လေးနဲ့များကွာပါ့။ ဒီကရင် အကြုံပြုချင်တာ ဆရာလင့်က ဘာလုပ်ချင်တာလဲ။ ဘလော့ဂါလား၊သတင်းမုဆိုးလား၊နိုင်ငံရေးသမားလား၊ကဗျာဆရာလား၊ကာတွန်းဆရာလား၊ တစ်ခုခုကို ဇောက်ချ လုပ်စေချင်တယ်။ အခုအလုပ်က ခင်ဗျားရဲ့ အထင်ကရ အလုပ်ကြီးဆိုရင်တော့ ကျနော် ခင်ဗျားကို အထင်သေးရပါလိမ့်မယ်။ ဆရာဝန်ဘွဲ့ကြီးမှ အားမနာ။ ကဲဗျာ ကျနော်တို့ စာဖတ်ပရိတ်သတ်တွေ တောင်းဆိုချင်တာက ဆရာလင့်ရဲ့ Masterpiece တစ်ခုခု ကို ရဲရဲ စိန်ခေါ်ပြီး ချပြပါလား။ ဆောင်းပါးပဲဖြစ်ဖြစ် ကဗျာပဲဖြစ်ဖြစ် သတင်းပဲဖြစ်ဖြစ် ကာတွန်းပဲဖြစ်ြ့ဖစ်၊ ကိုယ်ပိုင်creation နဲ့။ မဟုတ်ရင်တော့ ထိုင်ပဲလင့်ပါဗျာ။ ထမသွားပါနဲ့။ အကျိုးဖြစ်နေမှာစိုးလို့။ ဒီလောက်ပဲ။ စာဖတ်သူများအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Anonymous said...

ကိုအောင်မှိုင်းရေ သမတကြီးက ပြည်သူတွေနဲ့ နိုင်ငံေ၇းသမားဆိုသူ အားလုံးကို လိမ်တာပါတဲ့ လိမ်နေကြပါတဲ့ ရိုးရိုး ရွေ့နေကြ အကွက်ပါပဲတဲ့ ကျန်တဲ့သူတွေ နိုင်ငံေ၇းသမားဆိုသူတွေသာေ၇းကြီးခွင်ကျယ် လုပ်ပြီး ဟိုလို ဒီလို လုပ်သင့်တယ် ပြောနေတာပါတဲ့ ကျုပ်တို့က ရိုးရိုးလေး လိမ်နေကြပါတယ် ဒီထက်လိမ်ရရင် ပြတ်ကျပါတော့မယ်တဲ့.ခုလောလောဆယ် ၂ ခြမ်းကွဲ လေးစိတ်ကွဲ ကွဲကြပါတော့မယ်တဲ့..

Thu said...

Ko Aung Hmine,
Due respect to truly red, long resistances to military regime like as you and others (i.e.BCP U Po Than Gyanug, Ko Aye Win, etc).
I found miserable life of you and your comrades ineffective struggling since 1948.
Please, refresh and aware the paradigm of new changes with optimistic points.
I am common national, earnestly wishing to see own country progressive changes, not U turn.

moe said...

Ko Aung Hmaing,
There are points to concern in your articles. I believe that you point out these with genuine desire for the sake of Burma,Burmese nationals and their leader Daw Aung San Suu Kyi.
Are there genuine, sincere and truthful political changes in Burma?I have reservation. I do not believe that it urn like the palm up and down. Can someone believe a magician to create a padethar pin or paradise in Burma. Why American officials are visiting so frequently? What is the hidden agenda?
I agree with you in several points. The most worrying is if the NLD members are pushed away from DASSK, and her safety will be compromised. I doubted Capt Tun Hla's loyality to our Gen Aung San. He wrote some articles which are defaming our General. But now it is the time like "Nyi ako ma thi ta thi" = cannot even differentiate your own brother in darkness of Sunset.
I would also suggest Daw Suu and her security personnel to take extra care and precaution. The black devil head is still behind the scene and nobody know how it shows up unexpectedly and how terrible the outcome will be. Can any one guest the devil's plan?
Moe Aung

myochitnanda said...

ဆရာဂျီးရယ်... ဘာဖြစ်လို့ အခုမှ ပေါ်လာရတာလဲ .... နှစ်ပေါင်းနှစ်ဆယ်ကျော် ကုန်ဆုံးခဲ့ရတာ နှမြောစရာ... သုံးသပ်၊ ဝေဖန်ချက်တွေ ကွက်တိ :) ... ဒီအတိုင်းဆို ဒေါ်အောင်ဆန်းစုကည်ကို ခေါင်းဆောင်တင်မိတာ မှားပြီ၊ ကိုယ်ကျိုးနည်းပြီပေါ့... ကိုအောင်မှိုင်း၊ ကိုအက်ဆစ်၊ ဆရာလွဏ်း (သူလည်း သဘောတွေ့ တဲ့ ဆောင်းပါးများကတော့ လာထားဆိုသကိုးဗျ)တို့  စောစောကတည်းက ဦးဆောင်ုကရော့ဗျာ... နာချက်ကွာ.... တောက်ခ်...................................................