Monday, March 7, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၃-၂၀၁၁)

- မောင်တော ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှု သေနတ်ပစ်၍ လူစုခွဲ click
- မကျေနပ်လို့ တိုက်ခိုက်သူတွေကို သေနတ်ဖောက် လူစုခွဲ click
- အစိုးရစစ်တပ် ချုံခိုတိုက်ခိုက်ခံရပြန် click
- ချူကလိ ကားလမ်းလုံးခြုံရေးတပ် တိုက်ခိုက်ခံရ click
- KIA တပ်သား (၁) ဦး စရဖ ဖမ်းဆီး click
- မြန်မာနိုင်ငံမှာ ဥပဒေမဲ့ ဖမ်းဆီးမှု ကုလမှတ်တမ်းတင်မှု အားနည်း click
- မြန်မာတွေ သေဆုံးခဲ့တဲ့ ရုရှားလေယာဉ် ပျက်ကျမှု စတင်စုံစမ်း click
- မြ၀တီမြို့တွင် ဗုံးပေါက်ကွဲ click
- ကွယ်လွန်သူ ပဒိုမန်းရှာအား အမျိုးသားတန်းတူရေးဆု ပေးအပ်ချီးမြှင့်လိုက်ပြီ click
- စည်းရုံးရေးလုပ်ငန်း အားစိုက်လုပ်ဖို့ NLD ဆုံးဖြတ် click
- ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကျောင်းသားတွေနဲ့ ပြော click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးများနေ့ ရာပြည့် click
- အလုပ်နဲ့သာ ညီညွတ်ရေး တည်ဆောက်နိုင်မယ် click
- အန်အယ်လ်ဒီနဲ့ အတိုက်အခံနိုင်ငံရေးမှာ အင်အားတွေ၊ မိတ်ဆွေတွေ တိုးပြီလား၊ တကယ်ပဲလား (ဦးဝင်း တင်နဲ့ မေးခွန်းများ) click
- ဒီမိုကရေစီလိုလားသူ ကိုယ်စားလှယ် လွှတ်တော်ကော်မတီတခုမှာ ဥက္ကဋ္ဌ ဖြစ်လာ click
- အစိုးရအဖွဲ့ စိစစ်ရေးရာ ကော်မတီဥက္ကဌ ဒေါက်တာအေးမောင် ဖြစ်လာ click
- သမ္မတ အသုံးစရိတ် ပြည်သူ ကျခံရမည် click
- အစိုးရဘတ်ဂျက်မှာ ပညာရေးနှင့် ကျန်းမာရေး သုံးစွဲမှုနည်းပါးလွန်း click
- မေးခွန်းနှင့် အဆိုများ ဆွေးနွေးတော့မည် click
- လွှတ်တော်အခွင့်အရေး ကော်မတီအဖွဲ့ဝင်တွင် ကရင်နီပြည်နယ်မှ ကိုယ်စားလှယ် (၂) ဦး ပါဝင် click
- စစ်အစိုးရအပေါ် ဒဏ်ခတ်မှု ပြန်လည်သုံးသပ်ရေး ICG တိုက်တွန်း click
- မြန်မာပြည် ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေး ICG အဖွဲ့ အစီရင်ခံ click
- ဖို့ဝိန်းညီလာခံ အရေးပါကြောင်း ဖြစ်မြောက်ရေးအဖွဲ့ဝင် ပြောဆို click
“တေဇ ဆိုတဲ့ကောင် မယုံရတော့ဘူး၊ ပြန်စစ်ဦးမှ …” (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)
- မြို့သစ်တည်ရန်အတွက် ဝန်ထမ်းများ လုပ်အားပေးသွားရ click
- မြန်မာ့အင်တာနက် ပိုနှေးလာနေ click
- တရုတ်-အိန္ဒိယဆက်သွယ်မည့် ဧရာဝတီမြစ်ကူးတံတား အပူတပြင်း ဆောက်လုပ် click
- ထားဝယ်ရေနက်စီမံကိန်းနဲ့ သဘာ၀၀န်းကျင် ထိခိုက်မှု click
- ကျောက်တော် မီးလောင်မှု ပျက်စီးဆုံးရှုံးမှု များပြား click
- ကျောက်တော် ဒုတိယအကြိမ် မီးလောင်မှု အိမ်ခြေ (၂၀၀) ကျော် ဆုံးရှုံး click
- ဧရာဝတီတိုင်းမှာ ရေရှားမည့် အခြေအနေရှိ click
- အငှားယာဉ်များတွင် မီတာတပ်ဆင်ရေး မအောင်မြင်သေး click
- ဆယ်တန်းစာမေးပွဲအတွင်း ဆူညံခြင်းမပြုလုပ်ရန် အာဏာပိုင်များ နှိုးဆော် click
- FIFA ဥက္ကဌ မြန်မာပြည် လာမည် click
- ကျန်းမာရေးစောင့်ရှောက်မှုမရှိတဲ့ ကရင်နီကျေးလက်က ကလေးငယ်တို့ရဲ့ ဘ၀ဟာ ... (ဆောင်းပါး) click
- ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁၄) (ဆောင်းပါး) click
- လစ်ဗျား အကြမ်းဖက်လုပ်ရပ် လက်ခံနိုင်စရာမရှိ၊ အိုဘားမား သတိပေး click
- စစ်ရေးအရ အရေးယူဖို့ စဉ်းစားနေဆဲ click
- လစ်ဗျားခေါင်းဆောင်တပ်တွေ အရှေ့ပိုင်းမြို့တွေမှာ ထိုးစစ်ဆင် click
- စပရက်လီ ကျွန်းစုအရေး အာဆီယံမှာ ဆွေးနွေးဖို့ ဖိလစ်ပိုင် ဖိအားပေးမည် click
- ရေနံဈေးကြီးမြင့်မှု လေကြောင်းလုပ်ငန်းတွေ ထိခိုက်နိုင် click
- နိုင်ငံတကာ အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့် click
- မလေးရှားတွင် ရခိုင်အမျိုးသားတဦး ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင် click
- ရခိုင်အသိုင်းအ၀ိုင်း ဖုန်းနံပါတ်များ သတင်းတပ်ဖွဲ့ တောင်းယူနေ click
- သနပ်ပင် မယကရုံး ပြိုကျ click
- လေယာဉ်ပျက်ကျ သေဆုံးသူများ ရုပ်အလောင်း ပြန်သယ်မည် click
- အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လေယာဉ်ပျက်ကျတာလား click
- ဦးတေဇ ရဟတ်ယာဉ်ပျက် မသယ်နိုင်သေး click
- နိုင်ငံရေးအကျဉ်းသားများ ကူညီရေး အလှူရှင် ပိုများပြားလာ click
- အဓမ္မလုပ်အားပေး ပပျောက်ရေး ILO ဆက်လက်ဆောင်ရွက်မည် (ရန်ကုန် ILO အရာရှိ Steve Marshall နှင့် အင်တာဗျူး) click
- စီးပွားရေးပိတ်ဆို့မှု သုံးသပ်ပြင်ဆင်ရန် ICG တိုက်တွန်း click
- အစိုးရသစ် မပေါ်မီ ကြားကာလ သစ်မှောင်ခို ပိုများ click
- ကြံ့ဖွံ့ပါတီကတ် ပြုလုပ်ရန် စည်းရုံး click
- လွှတ်တော်လုပ်ငန်းစဉ်များ မတ်လအတွင်း အပြီးသတ်ဖွယ်ရှိ click
- လစ်ဗျားမှာ ပိတ်မိနေတဲ့ မြန်မာတွေ ဒုက္ခနဲ့ မြန်မာပြည်က ဘွတ်အဲလွှတ်တော် click
- အပစ်ရပ်များအား နအဖက ရန်သူအဖြစ် သတ်မှတ်ပြီး ဖြတ်လေးဖြတ် စစ်ဆင်ရန် စိုင်းပြင်း click
- သျှမ်းမြောက်သို့ နအဖ အင်အားထပ်ဖြည့်၊ ကျေးလက်လူထု ခရီးသွားမှု ပိုအခက်ကြုံ click
- ဦးပိုင်၏ အဓိပတိ ယာဉ်လိုင်း (အဖြူ) အုပ်စုရဲ့ ဖျက်ဆီးရမ်းကားမှု click
- မွှေးသည့်ပန်းများမှ … စည်းရုံးရေးစစ်ကြောင်းများ (၅) (ဆောင်းပါး) click
- ဂဠုန်စောလက်သစ် (ဆောင်းပါး) click
- ခရမ်း မယက အကြောင်း နောက်ဆက်တွဲပေးစာ click
- သိရှိလိုပါသည် (ပေးစာ) click
- ထိုင်းနယ်စပ်မှ မြန်မာသို့ တရားမဝင် သကြားတင်သွင်းမှု ပိတ်ပင် click
- ပြင်ဦးလွင် တောမီး MCC နည်းပညာကျောင်းအထိ ကူးစက် click
- မီးဘေး ရေရှားပါးမှုဘေးရှိဟု စံဇာဏီဘို ဟောကိန်းထုတ် click
- တိုင်ကြားသူ ရေလုပ်သားများကို ကျောက်ဖြူ ရေလုပ်ငန်းဦးစီးဌာနမှ ခေါ်ယူစစ်ဆေး click
- ချင်းမိုင် သျှမ်းရွှေ့ပြောင်းအလုပ်သမား သားသမီး ၈၀% ကျော် ရိုးရာ/စာပေ သင်ယူခွင့်မရ click
- မျိုးဆက်သစ်တို့ရဲ့ အင်အားနဲ့ အာရောဂျံ ပရမံလာဘံ (ဓာတ်ပုံ) click
- ပျံသာ ပျံပါ ရွှေဟင်္သာ (ဆောင်းပါး) click
- ဖေ့အိပ်မက် (၀တ္ထုတို) click
- Slumdog Millionaire ရုပ်ရှင်ကားမှ သရုပ်ဆောင် ကလေးအိမ် မီးလောင် click
- တရုတ်ရေတပ် (ဆောင်းပါး) click
“အောက်လက်နာတယ်” (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)

အပြည့်အစုံသို့...

၂၀၁၁ ခုနှစ် သန်လျင် ကျိုက်ခေါက်ဘုရားပွဲ (ရုပ်သံ)

အပြည့်အစုံသို့...

သမိုင်းမှော်ဝင်မြစ်တစင်း၏ ဒီပြန်တက်ချိန်

သမိုင်းမှော်ဝင်မြစ်တစင်း၏ ဒီပြန်တက်ချိန်
ကမာပုလဲ

“ကျနော် စောင့်နေတယ်”
သိဒ္ဓတ္ထ (ဟာမန်ဟက်စ်)*

ကျနော် စောင့်နေတယ်
ကျနော်တို့ဘ၀တွေနဲ့ ရင်းပြီး
မျှော်လင့်စိုက်ပျိုးခဲ့တဲ့ နွေဦးစစ်စစ်ကို
ကျနော် စောင့်နေခဲ့ပါတယ်။

ကျနော်တို့ စောင့်နေခဲ့တာ
ခေတ်အဆက်ဆက်တိုင်ပေါ့
ထင်းခြောက်ကလေးတွေခမျာ
ကျနော်တို့ဆန္ဒတွေနဲ့ ထတောက်
အလင်းမီးလျှံတွေကို မွေးဖွား
လူသားဆန်မှုကို ကျနော်တို့ ငတ်မွတ်ခဲ့တယ် မေမေ။

လူတွေဟာ လူအချင်းချင်း
မေတ္တာတရားတွေ ဝေငှလို့
လူတွေဟာ လူအချင်းချင်း
ကျင့်ဝတ်သိက္ခာတွေနဲ့
ပေါင်းသင်းဆက်ဆံနေထိုင်ကြလို့
လူတွေဟာ လူအချင်းချင်း
စာနာ ငဲ့ညှာ ထောက်ထားလို့
လူတွေဟာ လူအချင်းချင်း
ယုံကြည်စိတ်ချရတဲ့ အရပ်ကို
ကျနော် ရှာဖွေရောက်ရှိခဲ့ဖူးတယ် မေမေ။

အဲဒီ သုခရိပ်မြုံကို
ချစ်သူတွေရဲ့ အသွေးအသားတွေနဲ့
ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရတယ်၊
သူတို့ရဲ့ တောင်လိုပုံနေတဲ့ အရိုးတွေနဲ့
စည်းရိုးကို ခိုင်မာလုံခြုံစေခဲ့တယ်၊
သူတို့ဘက်က
သူတို့သံပြိုင်သီဆိုခဲ့တဲ့
ကတိသစ္စာစကားတွေအတိုင်း
တရွေးသားမျှ မလျော့ခဲ့ပါဘူး
တာဝန်ကျေတယ်ဆိုတာထက်
နှိုင်းမရအောင် ပိုပါတယ် မေမေ။

ကျနော်တို့ဘ၀တွေ
ဒီရေတက်သလို ရှေ့ကို တိုးခဲ့
ကျနော်တို့ဘ၀တွေ
ဒီရေကျသလို နောက်ပြန်ဆုတ်ခဲ့
အဲဒီလို အတက်နဲ့ အဆုတ် တိုက်ပွဲလမ်းပေါ်မှာ
မျက်နှာပြောင်တိုက်မှုတွေနဲ့
ကျပျောက်သွားခဲ့တဲ့ အိပ်မက်တွေကလည်း
အသင်္ချေနဲ့ အနန္တပါ မေမေ။

နောက်တဖန် ဒီပြန်တက်ချိန်ကို
ကျနော်တို့ စောင့်နေမြဲပါ …
ဆူးရစ်တွေ မင်းမူနေတဲ့
ခြောက်သွေ့ မာခေါင် ဖုန်းဆိုးမြေမှာ
ပန်းပွင့်ကလေးတွေကို တယုတယ စိုက်ပျိုးရင်း
တိုက်ပွဲဝင် ကျဆုံးသွားကြတဲ့
ချစ်သူရဲဘော်တွေရဲ့ မျက်နှာများကို
ညစဉ် လွမ်းဆွတ် တမ်းတ
အိပ်မက်ညတွေကို ဖြတ်သန်းရင်း
အသုံးမကျတဲ့ လောဘလမ်းမတွေပေါ်မှာ
မင်းမူ တောက်လောင်နေတဲ့
ပုပ်သိုး စည်းစိမ်ဥစ္စာ ဇာတ်သိမ်းခန်းတွေကို
သိမှတ်ဆင်ခြင်ရွံရှာရင်း
မြစ်ရဲ့အသံကို ကျနော် နားထောင်နေခဲ့တယ် ….
မြစ်ရဲ့အသံဟာ
တခါတခါ ကမ္ဘာမကြေဘူး တေးကိုဆိုလို့
မြစ်ရဲ့အသံဟာ
မကြာမကြာ ရယ်မောသံတွေနဲ့ အတိပြီးလို့
မြစ်ရဲ့အသံဟာ
ခုနေခါမှာ
ညည်းသံသဲ့သဲ့ ငိုချင်းသံတွေ သီဖွဲ့လို့
မြစ်ရဲ့အသံဟာ
နှစ်ခါ ရေချိုးမရနိုင်တဲ့
အဘိဓမ္မာ ဂန္ထ၀င်ကဗျာကို သီဖွဲ့လို့
မြစ်ရဲ့အသံမှာ
ဥပေက္ခာတရားဟာ
ပါရမီရင့်သန် ရှင်သန်လို့
မြစ်နှင့်အတူ ဒုက္ခတွေကို မျှဝေခံစား စီးစင်းရင်း
မြစ်နှင့်အတူ အေးအတူ ပူအမျှ တသားတည်း နေထိုင်ရင်း
ကျနော် စောင့်နေတယ်
ကျနော်တို့ စောင့်နေပါတယ် မေမေ
မြစ်ရဲ့ အသေအချာ ဒီပြန်တက်ချိန်ကို … ။ ။

* သိဒ္ဓတ္ထ (ဟာမန်ဟက်စ်) - SIDDHARTHA BY HERMANN HESSE
* မြန်မာဘာသာပြန်သူ - ပါရဂူ

ကမာပုလဲ
၆၊ ၃၊ ၂၀၁၁

အပြည့်အစုံသို့...

အယူတော်မင်္ဂလာ အပ်ချုပ်ကြီး

အယူတော်မင်္ဂလာ အပ်ချုပ်ကြီး
စိမ်းစို
(ကာတွန်း ဟန်လေး၏ ပုံကို mizzimacartoon.blogspot.com မှ ရယူပါသည်)

ချာရာဏသီပြည်တွင် အပ်ချုပ်ကြီး ဘုရင်ဖြစ်သည်မှာ နှစ်ပေါင်း (၂၀) မျှ ရှိလေပြီ။ ထို နှစ် (၂၀) အတွင်း အပ် ချုပ်ကြီး၏ အတင်းအဖျင်း သတင်းပလင်းတို့ကား ချာရာဏသီပြည်၏ လှည်းနေလှေအောင်း မြင်းဇောင်းမ ကျန် ဟိုးဟိုးကျော်ခဲ့၏။ ထိုသို့ ဟိုးဟိုးကျော်ခဲ့သော သတင်းများအနက်မှ အပ်ချုပ်ကြီး၏ အယူသီး စွဲလမ်းမှု များအကြောင်း အနည်းငယ်တင်ပြလိုပါသည်။

ဤနေရာတွင် ချာရာဏသီပြည်တွင် သုံးစွဲသော ဘာသာစကားအကြောင်း အနည်းငယ်ပြောပြလိုပါသည်။ ချာ ရာဏသီပြည်တွင် လူအများ သုံးစွဲသော ဘာသာစကားမှာ ချာရာဏသီ စကားဖြစ်၏။ အရေးအသားအနေနှင့် ကား လွန်ခဲ့သော နှစ်ပေါင်း (၁,၀၀၀) ကျော်ခန့်ကတည်းက ချာရာဏသီပြည်သားတို့ ချာရာဏသီစာကို ရေး သားခဲ့ကြ၏။ ထိုမျှလောက်ဆို တော်လောက်ပြီ။

ချာရာဏသီစကား၏ အလိုအရ အကြီးအမှူးကို “ဗိုလ်” ဟု ခေါ်ဝေါ်သုံးစွဲ၏။ ထို့ကြောင့် အပ်ချုပ်ကြီး၏ ဘုရင့် တပ်မတော်မှ အကြီးအမှူးအပေါင်းသည် “ဗိုလ်” များ ဖြစ်ကြပါသည်။

သို့သော် အကြီးအမှူးဆိုသည်မှာ တနေရာတည်းတွင် ရှိသည်မဟုတ်။ သုဘရာဇာတို့တွင်လည်း အကြီးအမှူး ရှိ၏။ ခိုးသားဓားပြတို့တွင်လည်း အကြီးအမှူး ရှိ၏။ သူပုန်သူကန်တို့တွင်လည်း အကြီးအမှူးရှိ၏။ ထို့ကြောင့် ချာရာဏသီစကားအရ ထိုထို ဓားပြ သူပုန်သူကန်တို့၏ အကြီးအမှူးတို့ကိုလည်း “ဓားပြဗိုလ်” “လူဆိုးဗိုလ်” “သူပုန်ဗိုလ်” ဟု ခေါ်ဝေါ်ကြပါသည်။

ထိုသို့ခေါ်ဝေါ်သည်မှာ ရှေးအတီတေ နှစ်ရာချီ၍ ကြာခဲ့ပါပြီ။ သို့သော် အယူသီးသော အပ်ချုပ်ကြီးကား မိမိ၏ ရာထူး အမည်နာမ ပညတ်ဖြစ်သော “ဗိုလ်” နှင့် ထိုထို ဓားပြ သူပုန်တို့၏ ရာထူးဖြစ်သော “ဗိုလ်” စာလုံးပေါင်း တူနေခြင်းအား အထူးပင် မခံမရပ်နိုင် ဖြစ်ချေသည်။

ထို့ကြောင့် အပ်ချုပ်ကြီးသည် ဘုရင့်အမိန့်တော်တရပ်အား အပူတပြင်း ထုတ်ပြန်လေသည်။ ထိုအမိန့် ထုတ် ပြန်သည့် နေ့မှစ၍ ချာရာဏသီပြည်တွင် ထုတ်ဝေသော သတင်းစာ၊ မဂ္ဂဇင်းတို့တွင် လူဆိုးဓားပြ သူပုန်သူ ကန်တို့၏ ရာထူးအား “ဗိုလ်” ဟူ၍ ရေးသားရမည့်အစား အသံထွက်တူသော ဘကုန်း အက္ခရာဖြင့် ဖလှယ်၍ “ဘို” ဟု ရေးသားကြရလေတော့သည်။

ထိုအချိန်မှစ၍ ချာရာဏသီ အဘိဓာန်တွင် မည်သည့်အခါကမျှ မရှိခဲ့သော “ဘို” ဟူသော စကားလုံးကို ချာရာ ဏသီ စာနယ်ဇင်းများတွင် စတင်တွေ့ရှိရလေသည်။ သူပုန်သူကန်ဟု အပ်ချုပ်ကြီး သမုတ်အပ်သော အဖွဲ့အ စည်းတို့၏ အကြီးအမှူး အမည်တို့သည် “ဘို” ဟူသော စကားလုံးဖြင့် အစပြုကြရပါသည်။

ချာရာဏသီ ရုပ်ရှင်နယ်ပယ်တွင် “ဗိုလ်အောင်ဒင်” ဟူသော ရုပ်ရှင်ဇာတ်ကားသည် အလွန်နာမည်ကြီး၏။ ယင်း “ဗိုလ်အောင်ဒင်” သည် လူဆိုးဗိုလ်ဖြစ်သောကြောင့် ယနေ့ အပ်ချုပ်ကြီး၏ လက်ထက်တွင်သာ ယင်း ကား ရိုက်ကူးလျှင် “ဘိုအောင်ဒင်” ဟု စာလုံးပေါင်းကြရပေမည်။

လွန်ခဲ့သော စက်တင်ဘာလက ချာရာဏသီပြည်ထုတ် ကလျာမဂ္ဂဇင်းတွင် စာရေးဆရာ မင်းလူက ဝတ္ထုရှည် တပုဒ် ရေး၏။ မင်းအာဏာကို မင်းလူလည်း မလွန်ဆန်နိုင်ရှာ။ ဝတ္ထု၏အမည်ကို “ဘိုမျောက်ဒင်” ဟု ပေးရရှာ ပါသည်။

ခင်မင်ရင်းနှီးသူများက “ဗိုလ်သု” ဟု ခေါ်ဝေါ်ကြသော ယခု ကွယ်လွန်သွားရှာပြီ ဖြစ်သည့် နာမည်ကျော် စာ ရေးဆရာ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် “သုမောင်” လည်း မလွတ်။ “ဘိုသု” ဟု ပြောင်းလဲ ရေးသားရရှာ သည်။

ချာရာဏသီပြည်မှ အဆိုတော် “ဘိုဘိုဟန်”၊ စာရေးဆရာ “ဘိုဘိုကျော်ငြိမ်း” တို့ကား နောင်နှစ်ပေါင်း ကိုးရာ တထောင် ကြာသောအခါ မြန်မာစာပေသုတေသီတို့က မိမိတို့၏ အမည်နာမတို့ကို ကြည့်၍ လူဆိုးသူဆိုးများ ဟု အထင်လွဲကောင်း လွဲကြမည်ဖြစ်သောကြောင့် များစွာ ပူပင်သောက ရောက်နေကြရပါသည်။

အပ်ချုပ်ကြီး၏ စာလုံးပေါင်း အယူသီးမှုကား ဤတခုတည်း မဟုတ်။ နောက်တခု ကျန်ပါသေးသည်။

အပ်ချုပ်ကြီးသည် “စု” ဟူသော စကားလုံးကို လွန်စွာမုန်း၏။ အကြောင်းရင်းကား ယင်းအမည်ပါရှိသော ချာ ရာဏသီ ပြည်သူတယောက်သည် အပ်ချုပ်ကြီး၏ မတရားသော အမိန့်အာဏာတို့ကို ဖီဆန်ရာတွင် အထူးပင် နာမည်ကျော်ကြား လူသိများလှသောကြောင့်ဖြစ်ပါသည်။

၁၉၉၉၊ ၂၀၀၀ ပြည့်တဝိုက်တွင် ချာရာဏသီပြည်၏ “အဘဝတီ” ရုပ်သံမှ တရုတ်သိုင်းကားတကားကို ချာရာ ဏသီ စာတန်းထိုး၍ အခန်းဆက် ထုတ်လွှင့်ပြသ၏။ ယင်းတရုတ်ကားမှ ဇာတ်ဆောင်မင်းသမီး ချောလေး၏ အမည်မှာ “ယဉ်စုစု” ဖြစ်ပါသည်။

ယင်း “ယဉ်စုစု” နှင့် ပြသနေသည်မှာ သုံးလေးလ ကြာလတ်သော် စာလုံးပေါင်းကို အပ်ချုပ်ကြီး သတိပြုမိ သွား၏။ ခက်သည်မှာ တရုတ်ကားကို ချာရာဏသီ စာတန်းထိုးရာတွင် တကားလုံးအတွက် စာတန်းများကို ကြိုတင်ရေးပြီး ဖြစ်နေပါသည်။

ထို့ကြောင့် တမျိုးတဖုံ စီစဉ်ကြရပါသည်။ “ယဉ်စုစု” အမည်ကို အမည်းရောင်ဖြင့် ဖျက်၍ ယင်းနေရာတွင် “ယဉ်ဆုဆု” ဟု ပြောင်းလဲစာလုံးပေါင်းကြရသည်ကို ထိုအချိန်က တရုတ်သိုင်းကားကြည့် ပရိသတ်တို့ မှတ်မိ နေကြဆဲဖြစ်ပါသည်။

ထိုမျှနှင့် ရပ်ပြီလော။ မရပ်သေးပါ။ ဤနေရာတွင် ချာရာဏသီပြည်၏ အခြေအနေကို အနည်းငယ် ရေးပြရပါ မည်။

အတိုင်းတိုင်း အပြည်ပြည်တို့၏ အလယ်တွင် ချာရာဏသီပြည်သည် မူးယစ်ဆေးဝါးများကို တွင်ကျယ်စွာ ထုတ်လုပ်ရာ တိုင်းဒေသအဖြစ် ထင်ပေါ်ကျော်ကြားနေသည်မှာ ကာလကြာမြင့်နေပြီဖြစ်ပါသည်။

အပ်ချုပ်ကြီး ဘုရင်ဖြစ်ကာစက နည်းပါးသေးသော အရက်သေစာ ယမကာ ရောင်းချသော ဆိုင်များသည် လည်း အပ်ချုပ်ကြီး၏ ဘုရင်သက်တမ်း နှစ် (၂၀) အတွင်း မိုးဦးကျ မှိုများကဲ့သို့ တိုးပွားလာခဲ့သည်မှာ အများ အသိပင် ဖြစ်ပါသည်။

လိုက်လျောညီထွေစွာပင် ချာရာဏသီပြည်ရှိ ပြည်ကျော်အဆိုတော်များ သီဆိုကြသော သီချင်းများထဲတွင် လည်း “အရက်သောက်ခြင်း” “အရက်မူးခြင်း” အစရှိသော စာသားများ ပါဝင်ခဲ့ကြပါသည်။

ထိုသီချင်းများကို အပ်ချုပ်ကြီး ကြားလတ်သော် ဗုဒ္ဓဘာသာကို အထူးကိုင်းရှိုင်းတော်မူသည့်အတိုင်း များစွာ စိတ်မချမ်းသာ ဖြစ်လေပြီ။ သို့သော် သီချင်းများကား ထုတ်ဝေဖြန့်ချိပြီးဖြစ်သောကြောင့် မည်သို့တားမြစ်ရ မည်မသိ ဖြစ်နေချေသည်။

ထိုသီချင်းများကို နောက်ပေါ်အဆိုတော်တို့ ပြန်ဆိုတေးအဖြစ် ပြန်လည်သီဆိုကြသောအခါ အပ်ချုပ်ကြီး အ ကွက်ဆိုက်လေပြီ။ သီချင်းစာသားများကို ပြောင်းပစ်ရန် အမိန့်တော်မြတ် ချမှတ်လိုက်လေသည်။

ထို့ကြောင့်ပင် မဟုတ်တုံလော။ ချာရာဏသီပြည်သား အဆိုတော်ဇော်ဝင်းထွဋ်၏ သီချင်းတပုဒ်အား ထူးအယ် လင်းမှ ပြန်ဆိုသောအခါ “မူးပြီးတော့ လဲသွားရင် ပြီးရော အရက်သောက်ရင် ကောင်းမလား” ဆိုတဲ့ မူရင်းစာ သားအစား “အဟောင်းအနွမ်းနဲ့ ဝေးသွားရင် ပြီးရော ရွက်လွှင့်ရင် ကောင်းမလား” ဟု ပြောင်းလဲသီဆိုခဲ့ရပါ သည်။ နောက် နာမည်ကျော်အဆိုတော် ဗဒင်၏ သီချင်းစာသား “မူးမူးနဲ့ ဆေးလိပ်လေးဖွာ” အစား “အတွေး များနဲ့ မျောလွင့်ရင်းသာ” ဟု ပြောင်းလဲသီဆိုရပြန်ပါသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသော တေးရေး စောဘွဲ့ မှူး၏ “ဖင်ဆီဒိုင်း” သီချင်းလည်း မလွတ်။ ဖြူဖြူကျော်သိန်းက “အိပ်မက်ရိုင်း” ဟု ပြောင်းလဲသီဆိုခဲ့ရပါသည်။

အရက်တခုတည်းနှင့် ပြီးမည်လော။ ပြီးမည်ဆိုလျှင် ကောင်းလေစွ။ သို့သော် အပ်ချုပ်ကြီးကား အဘယ်မှာ ပြီးနိုင်ပါအံ့နည်း။

အပ်ချုပ်ကြီးသည် ရန်ကုန်မြို့တော်ကို လွန်စွာသာယာလှပစေလို၏။ ၃၈ ဖြာမင်္ဂလာကို တရံတဆစ်မျှ မကျင့် သုံးဖူးသော်လည်း မင်္ဂလာမြင်ကွင်းများကိုသာ မြင်လို၏။ မင်္ဂလာစကားကိုသာ ကြားလို၏။ မကောင်းသော အ နိဌာရုံများ မရှိစေလို၊ ရှိလည်း မမြင်လို၊ မကြားလို။ ထိုသို့ တရုတ်ဒဏ္ဍာရီထဲမှ မျောက်သုံးကောင်၏ အကြီးဆုံး သာဝကကြီး ဖြစ်တော်မူသော အပ်ချုပ်ကြီးဖြစ်သည်နှင့်အညီ တေးရေးစောဘွဲ့မှူး၏ နာမည်ကျော် “ရောဂါ” သီချင်းထဲမှ ရန်ကုန်မြို့ပြ ပုံရိပ်များကိုလည်း ပြောင်းလဲစေပါသည်။

ထို့ကြောင့် မူရင်းစာသား “မီးပွိုင့်နားက အရူးမ” အစား “မီးပွိုင့်နားက ကလေးမ” ဟုလည်းကောင်း၊ “ခွေးလေ ခွေးလွင့် တောထဲ” ဟူသော စာသားအစား “မိန်းမလှလေးတွေ တောထဲ” ဟူ၍ လည်းကောင်း ပြောင်းလဲသီ ဆိုကြရပါသည်။ သီချင်းထဲမှ ရုန်းကြွနေသော ရန်ကုန်မြို့ပြပုံရိပ်များမှာ ပျက်စီးခြင်းမလှ ပျက်စီးရရှာပါသည်။

ထိုမျှနှင့် ရပ်မည်လော။ မရပ်သေးပါ။ သူပုန်သူကန်တို့ကိုလည်းကောင်း၊ ပုန်ကန်ထကြွခြင်းကိုလည်းကောင်း လွန်စွာမုန်းတီးသော ငြိမ်းချမ်းရေးမြတ်နိုးလှသူ ဖြစ်တော်မူသည့် အားလျော်စွာ အပ်ချုပ်ကြီးသည် ၎င်းတေး ရေး စောဘွဲ့မှူး၏ နာမည်ကျော် “မှားတဲ့ဘက်မှာ” သီချင်းမှ စာသား “သူပုန်လေးလို့ ငါ့ကိုခေါ်” အစား “လူပေ လေးလို့ ငါ့ကိုခေါ်” ဟု ပြောင်းလဲစေပြန်ပါသည်။

တေးရေး စောဘွဲ့မှူး စောစီးစွာ ကွယ်လွန်သွားသည်မှာ တနည်းအားဖြင့် ကောင်း၏။ ယခုအထိ သက်ရှိထင် ရှားရှိခဲ့သော် အနုပညာသည်စစ်စစ်ဖြစ်သော စောဘွဲ့မှူးခမျာ နှလုံးကွဲ၍ မချိမဆန့် ခံရချိမ့်မည်။

ချာရာဏသီစကားတွင် “ဗိုလ်ကျသည်” ဟူသော စကားလုံးရှိ၏။ အနိုင်ကျင့်ခြင်းဟု အနက်အဓိပ္ပာယ်ရပါ သည်။ ကံကောင်းထောက်မစွာ ယင်းစကားလုံးကိုကား “ဘိုကျသည်” ဟု ပြောင်းလဲခြင်းမပြုသေးပါ။

ချာရာဏသီ ဘာသာစကားကား လှပလှပါပေသည်။ အမှန်တရားကို တိတိပပ ဖော်ကျူးနိုင်သော ဘာသာစ ကား ဖြစ်ပါသည်။ အပ်ချုပ်ကြီး အမှူးပြုသော “ဗိုလ်ဗလပွေ ဗိုလ်ဗလချာ ဗိုလ်ဗာလ” တသိုက် “ဗိုလ်ဆိုး ဗိုလ် သွမ်း ဗိုလ်သရမ်း” တသိုက် အထူးတလည် “ဗိုလ်ကျ” ကြသော ချာရာဏသီ ပြည်ထူးပြည်မြတ်ကြီးပင် ဖြစ် လေတော့သည်။ ။

စိမ်းစို

အပြည့်အစုံသို့...

Sunday, March 6, 2011

ကလေးတွေက ပေးတဲ့ ကလေးအခွင့်အရေး ကာကွယ်ပေးနေသူများအတွက် ဆုရရှိသူ ရွေးချယ်ပွဲ SAW ကျောင်းတွင် ကျင်းပပြုလုပ် (၄-၃-၂၀၁၁) (ရုပ်သံ)

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၃-၂၀၁၁)

- တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန် ညီညွတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- ပြည်သူ့အကျိုးစီးပွားနဲ့ မညီရင် ကန့်ကွက်မယ် click
- ဖြတ်လေးဖြတ်စီမံချက် ပြန်စဖို့ စစ်အစိုးရ လေးလပတ်အစည်းအဝေး ဆုံးဖြတ် click
- ဒီကနေ့ ဝေါလေ ကနဲလေးမှာ နအဖ ရိက္ခာပို့ကား အတိုက်ခိုက်ခံရ click
- အောင်သိန်းလင်းကို ဖမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေ click
- မြန်မာ့ဒီမိုကရေစီရေးညီလာခံ ဖို့ဒ်ဝိန်းမြို့မှာ ကျင်းပ click
- ပျက်ကျလေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်း တွေ့ရှိ click
- ရန်ကုန်မြို့မှာ ဓာတ်ဆီမှောင်ခိုလုပ်ငန်း တကျော့ပြန်လာနေ click
- လောင်စာဆီဈေး ကြီးမြင့်မှုကြောင့် မြန်မာနိုင်ငံတ၀န်း ခရီးသွားလုပ်ငန်းမှာ ထိခိုက် click
- အဓမ္မ မြေယာသိမ်းမှု အရင်ကထက် ပိုများလာ click
- မြန်မာစစ်အစိုးရ ရသုံးငွေဆိုင်ရာ (ဒီမိုကရေစီရေးရာ) click
- စစ်တပ်နှင့် အမိန့်နာခံမှု - အပိုင်း (၇) click
- မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်မှု (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- ထိုင်းသကြားတွေ မြန်မာဘက် ခိုးထုတ် click
- အဆိပ်ပြင်းမြွေများကြောင့် ကျေးရွာများတွင် လူ၊ တိရိစ္ဆာန် သေဆုံးမှုရှိ click
- မျိုးဆက်သစ်တို့ရဲ့အင်အား click
- FaceBook တွင် တွေ့ရသည့် ကာတွန်းဆရာများ၊ စာရေးဆရာများ click
- (၇၅) သိန်းရှုံးသည်ဟုဆိုသော စင်္ကာပူတွင် ရိုက်ကူးသည့် ‘မနက်ဖြန်အစီအစဉ်’ click
- မန်းရာပြည့် အမှတ်တရများ (အသံလွှင့်ဆောင်းပါး) click
- လွမ်းလွန်လွန်းလို့ ရေးလိုက်တဲ့ ကဗျာ (ကဗျာ) click
- လစ်ဗျားမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန် click
- လစ်ဗျား သစ္စာခံတပ်တွေနဲ့ သူပုန်တွေကြား အပြင်းအထန် တိုက်ပွဲဖြစ် click
- စစ်အတွင်း လစ်ဗျားအရပ်သားတွေကို ကူညီနိုင်ဖို့ ကုလ ခွင့်တောင်း click
- ဗြိတိန် အထူးတပ်ဖွဲ့ဝင် (၈) ယောက် ပြန်လွတ်လာ click
- မဲလိမ် အာဏာရှင်များ၏ အထီးကျန် နောက်ဆုံးနေ့ရက်များ (ဆောင်းပါး) click
- နိုင်ငံခြားသတင်းထောက်တွေကို တရုတ်အစိုးရက တင်းကျပ် click
- ဆင်းရဲမွဲတေမှု လျော့ကျရေး နည်းလမ်း တရုတ် အချမ်းသာဆုံး သူဌေး ပြော click
- ဂျပန်နိုင်ငံခြားရေးဝန်ကြီး နှုတ်ထွက်ဖို့ ဖိအားပေးခံရ click
- မတ်လကို အမေရိကန်အမျိုးသမီများရဲ့ သမိုင်းဝင်လအဖြစ် ဘာကြောင့် သတ်မှတ် click
- ရာပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့နှင့် ကလေးအားလုံးအတွက် ပညာအခွင့်အလမ်း click
- ဗီဇအသွင်ပြောင်း သီးနှံတွေ ဘယ်တိုင်းပြည်တွေမှာ ဘယ်လောက်စိုက် click
- နိုင်ငံတကာ အာကာသစခန်း click
- ထိုင်းနိုင်ငံ တပ်ခရိုင်မှ မြန်မာသံဃာတော်များ ဆက်လက်နေထိုင်ခွင့် ရရှိ click
- ရုရှားလေယာဉ် မြန်မာပြည် မပို့ခင် ပျက်ကျ click
- ရုရှားလေယာဉ် ပျက်ကျ၊ မြန်မာအရာရှိနှစ်ဦး သေဆုံး click
- မြန်မာဘက်မှ မြေ (၁၅) ဧကကို ဘင်္ဂလားဒေခ်ျ့သို့ ပြန်ပေး click
- “လူမျိုးတခု၏ စာပေသည် ထိုလူမျိုး၏ အသက်သွေးကြောဖြစ်ကြောင်း” မောင်မယ်သစ်လွင်များကို ဒေါက် တာကျော်သိန်း ပြောကြား click
- မြန်မာ့အရေးကို လစ်ဗျားလောက် အရေးမထားတဲ့ ကုလသမဂ္ဂ (ဆောင်းပါး) click
- နွေဦးကာလ မြူထသောအခါ ... (ဆောင်းပါး) click
- ပြည့်တန်ဆာတဦးနှင့် တွေ့ဆုံခြင်း (အပိုင်း ၂) (သရော်စာ) click
- ဥဒါန်းမကြေ (ကဗျာ) click
- ငါဟာ ... ပင်လယ်ထဲ မှောက်ကျသွားတဲ့ ဆားတပွင့်ဟာ (ကဗျာ) click
- လစ်ဗျားသူပုန်တွေ တိုက်ပွဲအရှိန်ရလာပြီ click
- M 16 သေနတ်ခိုးမှု မရေရာ မသေချာ click
- နိဗ္ဗာန်ခရီး click
“ငါသည် ဤအာဏာကို ငါ့အား အပ်နှင်းလိုက်သည်” (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)

အပြည့်အစုံသို့...

ဂါမဏိ - တော်လှန်ရေးအောင်ရာသော အကြောင်းများ

revolution lessons

အပြည့်အစုံသို့...

အောက်ခြေ အရာရှိ၊ အကြပ်၊ တပ်သားများအရေး ဒို့အရေး

အောက်ခြေ အရာရှိ၊ အကြပ်၊ တပ်သားများအရေး ဒို့အရေး
တပ်မတော်တပ်သားဟောင်းတဦး

မကြာသေးမီက အပစ်ရပ်အဖွဲ့တခုရဲ့ခေါင်းဆောင် လုပ်ဖော်ကိုင်ဘက်ဟောင်းတဦးနဲ့ နအဖတပ် အောက်ခြေ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများအရေး ဆွေးနွေးဖြစ်ကြတယ်။ အဲဒီအပစ်ရပ်အဖွဲ့အစည်း ခေါင်းဆောင် ရဲ့နယ်မြေနဲ့ ဆက်စပ်နယ်မြေတ၀ိုက်မှာ နအဖတိုက်ခိုက်ရေးတပ်ရင်း (၉၀) ကျော်ရှိတယ်။ အဲဒီတပ်ရင်းတွေ က အောက်ခြေ အကြပ် တပ်သားတွေဟာ နေ့စဉ်လိုလိုထွက်ပြေးနေကြတယ်။ တပ်ပြေးမရှိတဲ့ တပ်ရင်း၊ တပ် ပြေးမရှိတဲ့ နေ့ရယ်လို့မရှိဘူး။ နေ့စဉ်လိုလို တပ်ရင်းတခုမဟုတ် တခုက ပြေးနေကြတာဖြစ်တယ်။ နေ့စဉ်ပျှမ်း မျှ တပ်ပြေးအရေအတွက်ဟာ တပ်စိတ်တစိတ်ခန့်ရှိတယ်။

တချို့က လက်နက်ခဲယမ်းပါ ယူပြေးတယ်။ တချို့က လက်နက်မဲ့ ပြေးတယ်။ တကိုယ်တော် ပြေးသူတွေရှိသ လို (၂) ယောက် (၃) ယောက် အစုနဲ့ ပြေးတာမျိုးလည်း ရှိတယ်။ တချို့က နီးစပ်ရာ နယ်စပ်ဒေသတွေကို ပြေးတာရှိသလို မိမိအရပ်ကို ပြန်ပြေးကြတာမျိုးလည်း ရှိတယ်။ လွတ်သူရှိသလို ပြန်ဖမ်းမိသူတွေလည်း ရှိ တယ်။ ပြန်မိရင်တော့မသက်သာဘူး၊ အကြီးအကျယ် နှိပ်စက်ခံကြရတယ်။ လက်နက်မဲ့ပြေးသူ ပြန်မိရင် တပ် မှာ ပြန်အမှုထမ်းရတယ်။ လက်နက်နဲ့ ပြေးသူကိုတော့ အတင်းလိုက်တိုက်တယ်။ ပြန်မိရင်တော့ ပစ်အသတ် ခံရတယ်။

ထိုင်းနယ်စပ်က အပစ်ရပ်အဖွဲ့တခုရဲ့နယ်မြေမှာ စခန်းထိုင်တဲ့ နအဖတပ်ရင်းတချို့ဆိုရင် နေ့ခင်းဘက်မှာ ရဲ ဘော်တွေကို လက်နက်ဖြုတ်ထားတယ်။ ညဘက် ၇ နာရီထိုးမှ လက်နက်ပြန်တပ်တယ်။ မိမိနယ်မြေအတွင်း ခရီးတို ရိက္ခာထုတ်သွားရတဲ့ အခါမျိုးမှာလည်း ရဲဘော်တွေကို လက်နက်ကိုင်ဆောင်ခွင့်မပေးဘူး။ စိတ်ချယုံ ကြည်ရတဲ့ အကြပ်ကြီး၊ အကြပ်ငယ်တွေလောက်သာ လက်နက်ကိုင်ဆောင်ခွင့် ပြုတယ်။ ထွက်ပြေးရင် လက် နက်ပါမသွားအောင် ကြိုတင်ကာကွယ်တဲ့သဘောဖြစ်တယ်။

တပ်ပြေးအများစုဟာ လူပျိုလူလွတ်တွေဖြစ်တယ်။ အိမ်ထောင်သည်ရဲဘော်ကတော့ တပ်တွင်းနေထိုင်မှု ဘ၀ ကို စိတ်ပျက်တဲ့တိုင် ဇနီးသားမယားတွေအတွက် နောက်ဆံတင်းနေတာကြောင့် ကျိတ်မှိတ်ခံနေကြရတယ်။ ၂၀၁၀ ခုနှစ်အတွင်းမှာ ခွဲလိုက်၊ ရင်းလိုက် တပ်မှထွက်ခွင့်တောင်းမှုတွေ၊ ရဲမွန်နဲ့ မှော်ဘီမှ တပ်ရင်းအချို့လို စုကြေးငွေတွေ ပြန်ထုတ်ပေးဖို့ ရင်းလိုက် လက်မှတ်ထိုး အရေးဆိုမှုတွေ လူသိရှင်ကြားဖြစ်ပွားလာတယ်။

စစ်တပ်တတပ်မှာ အဲဒီလို အစုလိုက် အဝေးလိုက် အရေးဆိုမှုတွေ ဖြစ်လာဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ဒီလိုအစုအဝေးနဲ့ အရေးဆိုမှုတွေဟာ စစ်တပ်သဘောအရပြောရင် လက်နက်မဲ့ ပုန်ကန်မှုတမျိုးဖြစ်တယ်။ ဒီ လိုအရေးဆိုမှုမျိုးကို စစ်တပ်တတပ်အနေနဲ့ ဘယ်တုန်းကမှ ခွင့်ပြုရိုးထုံးစံမရှိဘူး။ အကြောင်းကတော့ ဒီလိုအ ရေးဆိုမှုမျိုးကို ခွင့်ပြုလိုက်ရင် အစဉ်အလာဖြစ်သွားပြီး အဆင့်ဆင့် အမိန်ပေးကွပ်ကဲမှုစနစ်နဲ့ စစ်စည်းကမ်း လိုက်နာရေးဘက်မှာ ချိနဲ့သွားမှာကြောင့်ဖြစ်တယ်။ တပ်အုပ်ချုပ်ကွပ်ကဲရေးမှာ အမိန့်မနာခံမှုနဲ့ စစ်စည်းကမ်း ချိုးဖောက်မှုတွေ ဖြစ်လာတတ်လို့ ဖြစ်တယ်။

ယခင်က တပ်တွင်းမှာ ယူဂျီလှုပ်ရှားမှုတွေ ရှိခဲ့ပေမယ့် ခုလို ခွဲလိုက် ရင်းလိုက် စုစုစည်းစည်း အရေးဆိုတာမျိုး တွေမရှိခဲ့ဘူး။ တပ်တွင်း ဒါဘာဆွေးနွေးပွဲတွေမှာသာ တဦးချင်း ထင်မြင်ချက်၊ မကျေနပ်ချက်တွေ တင်ပြတာ မျိုး ရှိခဲ့တယ်။ ဒီလိုတင်ပြရာမှာလည်း တင်ပြသူကို သီးခြားခေါ်ယူတွေ့ဆုံပြီး နောင် ရင်းလိုက်၊ ခွဲလိုက်ဆွေး နွေးပွဲတွေမှာ ဒီလိုဆွေးနွေးပြောဆိုတာမျိုး မလုပ်ဖို့ ခြိမ်းခြောက် အကျပ်ကိုင်တာမျိုးတွေ လုပ်လေ့ရှိတယ်။ တင်ပြဆွေးနွေးတဲ့ ရဲဘော်တွေဟာ တပ်တွင်းစစ်ထောက်လှမ်းရေးရဲ့ စောင့်ကြည့်မှုကိုလည်း ခံကြရတယ်။

ဒီနေ့ ခွဲလိုက် ရင်းလိုက် အစုအဝေးနဲ့ အရေးဆိုလာတာတွေဟာ တပ်တွင်းမှာ ဒါဘာဆွေးနွေးပွဲမရှိတာ၊ ဒါမှမ ဟုတ် လိုအပ်သလောက် လွတ်လပ်စွာပြောဆိုခွင့်ရှိတဲ့ ဒါဘာဆွေးနွေးပွဲတွေ လုပ်မပေးတာကို ပြတယ်။ ဒါမှမ ဟုတ် သူတို့အတွက် ဘာအကျိုးသက်ရောက်မှုမှမရှိတဲ့ ဒါဘာဆွေးနွေးပွဲတွေအပေါ် ယုံကြည်မှုမဲ့ရာက ထွက် ပေါ်လာတဲ့၊ အတိုင်းအတာတခုအထိ အများလက္ခဏာဆောင်တဲ့ အောက်ခြေအကြပ်တပ်သားများရဲ့ အရေး ဆိုနည်း သဏ္ဌာန်သစ်ဖြစ်တယ်။ တချိန်တည်းမှာ နအဖအနေနဲ့ တပ်ကို ပိုင်ပိုင်နိုင်နိုင်ကိုင်ရေးအတွက် အခက် အခဲတွေရှိလာနေပြီ ဆိုတာကိုပြတဲ့ ရှေးဦးဖော်ပြချက်လည်း ဖြစ်တယ်။

ဒီလို တပ်တွင်းအောက်ခြေ အကြပ်တပ်သားများရဲ့ စားဝတ်နေရေး အာမခံချက်မဲ့မှုကြောင့် တပ်တွင်း မတည် ငြိမ်မှုတွေဖြစ်လာတဲ့အခါ တပ်ကို အနီးကပ် ကွပ်ကဲရတဲ့ စု ရင်း ခွဲ စတဲ့ အောက်ခြေအရာရှိတွေမှာလည်း အ ခက်အခဲတွေ ကြုံလာရတယ်။ တပ်တွင်း စားဝတ်နေရေးပြဿနာတွေကို ဆိုင်ရာသို့ တင်ပြပေးပေမယ့်လည်း ထိရောက်တဲ့ အရေးယူဆောင်ရွက်ပေးမှုမျိုးတွေ မရှိဘူး။ အောက်ခြေ အကြပ်တပ်သားတွေရဲ့ စည်းကမ်းချိုး ဖောက်မှု (ဥပမာ … နှစ်လုံး၊ သုံးလုံး လောင်းကစားမှု၊ ခွင့်မဲ့ တပ်ပြင်ထွက်မှု၊ အမိန့်မနာခံမှု၊ မူးယစ်ရမ်းကားမှု) များကို တွေ့တဲ့တိုင် အမိန့်စည်းကမ်းနဲ့ အရေးယူဖို့ ဝန်လေးနေကြတယ်။ မသိယောင်၊ မမြင်ယောင်ဆောင် နေရတာမျိုးတွေ ရှိလာတယ်။

အမိန့်စည်းကမ်းနဲ့ အကျပ်ကိုင်မယ်ဆိုရင်လည်း အန္တရာယ်များတဲ့ တုန့်ပြန်မှုမျိုး ခံရမှာကို စိုးရိမ်လာကြတယ်။ လက်နက်တွေ ကိုယ်စီကိုင်ထားတဲ့ လူအုပ်ကြီးကို ကွပ်ကဲရတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ ပြောချင်တာက လက်ရှိနအဖတပ်မှာ တပ်ရဲ့အသက်ဖြစ်တဲ့ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ စစ်စည်းကမ်းဥပဒေဆို တာတွေဟာ သိသိသာသာ ယိုယွင်းလာနေပြီဆိုတဲ့ အချက်ကိုဖြစ်တယ်။

စစ်တပ်တတပ်ကို အဓိက ချုပ်ကိုင်ထားတဲ့ အချက်တွေက ဘာတွေလဲ။ အကျယ်ချဲ့ရင် အများကြီး ပြောစရာ ရှိပေမယ့် အဓိကအားဖြင့် ၃ ချက်ပဲရှိတယ်လို့ ဆိုနိုင်တယ်။ (၁) အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှုနဲ့ အမိန့်နာခံမှု၊ (၂) စစ်စည်းကမ်းဥပဒေ (၃) စစ်မှုထမ်းများရဲ့စားဝတ်နေရေး အာမခံချက်ရှိရေး (အထူးသဖြင့် အောက်ခြေအ ရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများ) တို့ပဲဖြစ်တယ်။ စစ်မှုထမ်းများရဲ့စားဝတ်နေရေး အာမခံချက်ရှိရေးဟာ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှုနဲ့ အမိန့်နာခံမှု၊ စစ်စည်းကမ်းဥပဒေ စတာတွေကို အာမခံနိုင်ဖို့ တိုက်ရိုက်အ ကျိုးသက်ရောက်မှုရှိတယ်။

ဆိုလိုတာက ထမင်းမဝဘဲ၊ စားဝတ်နေရေး ထိုက်သင့်သလို အာမ,မခံဘဲ ဘယ်စစ်ဗိုလ်၊ စစ်သားမှ စစ်မတိုက် ချင်ဘူး၊ အမိန့်မနာခံချင်ဘူး၊ စစ်စည်းကမ်းဥပဒေကို မလိုက်နာချင်ဘူး။ အထူးသဖြင့် နိုင်ငံရေးယုံကြည်ချက် အရမဟုတ်ဘဲ ဝမ်းရေးအတွက် စစ်မှုထမ်းရတဲ့ နအဖတပ်လို အခစားတပ်မျိုးအတွက် ဒီအချက်ဟာ ပိုမှန် တယ်။ သွေးထွက်အောင် မှန်တယ်လို့တောင် ပြောနိုင်တယ်။

၁၉၆၂ ခုနှစ် မတိုင်မီ ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်ကဆိုရင် တပ်တွင်းအောက်ခြေ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများရဲ့ စားဝတ်နေရေးဟာ အပျံစားကြီး မဟုတ်ပေမယ့် လက်ရှိ နအဖအစိုးရထက်တော့ သာတယ် ဆိုတာသေချာတယ်။ အဲဒီတုန်းက အောက်ခြေစစ်မှုထမ်းတွေ၊ သူတို့ရဲ့သားမယားတွေ တပ်အပြင် ထွက်ပြီး ထင်းခုတ်၊ မီးသွေးဖုတ်၊ အုတ်ဖုတ်၊ ပန်းရံလုပ် စတဲ့ အလုပ်မျိုးတွေနဲ့ ဝင်ငွေရှာရတာမျိုးတွေ မရှိခဲ့ ဘူး။ တပ်သားတယောက် လစာ (၈၂) ကျပ် (လို့မှတ်မိနေတယ်) သာဖြစ်ပေမယ့် အထိုက်အလျောက် အ သက်ရှုချောင်တယ်။ ဒီနေ့လို ယူနီဖောင်း ဝယ်ဝတ်ရတာမျိုးလည်း မရှိဘူး။ သက်တမ်းအလိုက် စောင်၊ ခြင် ထောင်၊ ယူနီဖောင်း၊ ဖိနပ် စတာတွေကို အချိန်မှန် လဲပေးတာ ရှိတယ်။

ရှမ်းပြည်လို အေးတဲ့ဒေသတွေမှာ တာဝန်ယူရတဲ့ တပ်တွေဆိုရင် Battle Blouse ဆိုတဲ့ အနွေးထည်ဝတ်စုံ၊ အထူးရိက္ခာအဖြစ် Army Rum စတာတွေတောင် ထုတ်ပေးတယ်။ အဲဒီတုန်းက တပ်က ထွက်ရင် ထမင်း ငတ်လိမ့်မယ်ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုမျိုးတွေတောင် အောက်ခြေ အကြပ် တပ်သားတွေအတွင်းမှာ ရှိခဲ့တာ အမှန်ပဲ။ အဲဒီကာလက မိမိဆန္ဒအလျောက် စစ်မှုထမ်းသူက များတယ်။ စစ်မှုထမ်းသက်ပြည့်ရင် ထွက်ခွင့်ရပြီး အတော်များများက ပင်စင်နဲ့ အနားယူတတ်ကြတယ်။ အမှုထမ်းနေစဉ်မှာလည်း အရေးပေါ်ခွင့် (၁၀) ရက်၊ ရက်ရှည်ခွင့် (၁) လ နှစ်စဉ် ခံစားခွင့်ရှိတယ်။

ပါလီမန်ဒီမိုကရေစီခေတ်ကာလ စစ်သည်တွေဟာ အသက် (၁၈) နှစ်ပြည့်ပြီး ပေမီဒေါက်မီတွေ များတယ်။ ဒီ နေ့ကာလလို ပေမမီ ဒေါက်မမီ၊ အသက်မပြည့်တဲ့ ကလေးစစ်သားရယ်လို မတွေ့ဖူးသလောက်ဘဲ။ ဒီနေ့ကာ လလို စစ်ပြေးတွေလည်း မများဘူး။ ဆိုလိုတာက တပ်တွင်းအောက်ခြေ စစ်မှုထမ်းများရဲ့ စားဝတ်နေရေး အာ မခံချက် သင့်မသင့်၊ ကောင်းမကောင်း ဆိုတဲ့အချက်ဟာ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှုနဲ့ အမိန့်နာခံမှု၊ စစ် စည်းကမ်းဥပဒေ ဆိုတာတွေကို တိုက်ရိုက်အထောက်အကူပြုတယ်ဆိုတာပဲဖြစ်တယ်။

ဒီနေ့တော့ “တပ်ကထွက်ရင် ထမင်းငတ်လိမ့်မယ်” ဆိုတဲ့ ၁၉၆၂ မတိုင်မီက အောက်ခြေ အကြပ်တပ်သား များရဲ့ စဉ်းစားတွေးခေါ်မှုနေရာမှာ စစ်သားဘ၀ထက် သာမန်အရပ်သားဘ၀နဲ့ လုပ်ကိုင်စားရတာကမှ အ သက်ရှုချောင်နိုင်သေးတယ်ဆိုတဲ့ အတွေးအခေါ် အစားထိုးလာတယ်၊ လွှမ်းမိုးလာတယ်။ ဒါကြောင့်လည်း တပ်ပြေးတွေ တနေ့တခြား များပြားလာတာ၊ ခွဲလိုက် ရင်းလိုက် စုပေါင်းပြီး ထွက်စာတင်တာ၊ စားဝတ်နေရေး မပြည့်စုံလို့ ခွဲလိုက်ရင်းလိုက် စုငွေတွေ ပြန်ထုတ်ပေးဖို့ အရေးဆိုလာကြတာဖြစ်တယ်။

ဒါတွေက ဘာကိုဖော်ပြနေသလဲဆိုရင် စစ်အာဏာရှင်စနစ်ဒဏ်ကို ပြည်သူတွေသာမက တပ်မတော်သားတွေ ပါ ကော့နေအောင် ခံနေရတယ်ဆိုတဲ့ အချက်ကိုပဲဖြစ်တယ်။ တပ်မတော်သားတွေနဲ့ ပြည်သူတွေ မပူးပေါင်း နိုင်ရင် တတိုင်းပြည်လုံး စစ်အာဏာရှင်စနစ်အောက်က မလွတ်မြောက်နိုင်ဘူးဆိုတာ အလွယ်နဲ့ သိနိုင်တဲ့ကိစ္စ ဖြစ်တယ်။ ဒါပေမယ့် ဘယ်နိုင်ငံရေးအင်အားစုကမှ တပ်မတော်ကို ပြည်သူတွေနဲ့ လက်တွဲလာနိုင်အောင် မ စည်းရုံးကြသေးဘူး။ ဒါကြောင့်ပဲ တပ်တွင်းလှုပ်ရှားမှုတွေဟာ တဦးချင်း လွတ်မြောက်ရေး၊ ကျဲကွဲတဲ့ အလို လျောက်လှုပ်ရှားမှုအဆင့်မှာပဲ ရပ်တန့်သလို ဖြစ်နေရတယ်။

လက်ရှိအခြေအနေအရ စစ်သားတယောက်အဖို့ နအဖ အမိန့်ပေးဌာနအောက်က လွတ်မြောက်ရေးဆိုတာ အ တော်ခက်ခဲတယ်။ ၁၉၉၀ ခုနှစ် မတိုင်မီကဆိုရင် တပ်က ထွက်ပြေးဖို့ဆိုတာ ဒီလောက်မခက်ဘူး။ တိုင်းပြည် အနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အများအပြားရှိတယ်။ လက်နက်ယူပြီး လူကို သတ်ပစ်မယ့် အဖွဲ့အ စည်းမျိုး မဟုတ်လို့ ယူဆရရင် အဲဒီအဖွဲ့အစည်းနဲ့ ဆက်သွယ်ခိုလှုံလို့ရတယ်။ တပ်တွင်းယူဂျီနဲ့ ချိတ်နေရင် တော့ ယူဂျီကတဆင့် စိတ်ချလက်ချ သွားနိုင်တယ်။

ဒီနေ့ကာလမှာတော့ တပြည်လုံးလိုလို အပစ်ရပ်အဖွဲ့တွေချည်း ဖြစ်နေတယ်။ အပစ်ရပ်အဖွဲ့တွေကလည်း နအ ဖအစိုးရကို မကြိုက်ပေမယ့် သူတို့အခြေအနေအရ တပ်ပြေးတွေကို လက်ခံဖို့ကျတော့ ဝန်လေးနေကြတယ်။ နယ်စပ်က လက်နက်ကိုင်တိုက်ဆဲ လူမျိုးစုအဖွဲ့အစည်းတွေထံ ခိုလှုံဖို့ကျတော့လည်း သူတို့ရဲ့ အသက်အာမခံ ချက်နဲ့ ပတ်သက်ပြီး သို့လော သို့လော သံသယတွေ ရှိနေကြဆဲဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေကို ပြေးပြန် တော့လည်း အဲဒီနိုင်ငံတွေက တပ်ပြေးမှန်းသိတာနဲ့ ဖမ်းပြီး နအဖလက် ပြန်အပ်ကြတယ်။ ဒီလို အဘက်ဘက် အခြေအနေတွေက နအဖနဲ့ လမ်းခွဲချင်တဲ့ အရာရှိ အရာခံ၊ အကြပ် တပ်သားတွေအဖို့ ထွက်ပေါက်ပိတ်သလို ဖြစ်နေတယ်။ အဲဒီလို ထွက်ပေါက်ပိတ်နေလို့ပဲ စစ်အုပ်စုက တပ်ကိုလိုသလို ကိုင်တွယ်အသုံးချနိုင်ဖို့ အခွင့်အ လမ်းတရပ် ရနေတာလို့ ဆိုနိုင်တယ်။

အချုပ်အားဖြင့်ဆိုရင် လက်ရှိစစ်အုပ်စုရဲ့တပ်တွင်းမှာ အောက်ခြေ အရာရှိ အရာခံ၊ အကြပ် တပ်သားများရဲ့ စားဝတ်နေရေး အာမခံချက်မဲ့မှုက တပ်ရဲ့အသက်ဖြစ်တဲ့ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု၊ အမိန့်နာခံမှုစနစ်နဲ့ စစ်စည်းကမ်းဥပဒေ လိုက်နာရေးဆိုတာတွေကို တိုက်စားပစ်နေပြီ။ လက်ရှိ နအဖစစ်အစိုးရ (နောက်တက်မဲ့ ရုပ်သေးအစိုးရ အပါအဝင်) ဟာ တပ်အောက်ခြေထုရဲ့ စားဝတ်နေရေး၊ အာမခံချက်ရှိရေး၊ တပ်တွင်းအထက် အောက်ရပိုင်ခွင့် ကွာဟမှု တတ်နိုင်သမျှ ကျဉ်းအောင်ထိန်းညှိရေးဆိုတဲ့ တပ်ပြုပြင်ပြောင်းလဲရေးကို လုပ်နိုင် စွမ်းမရှိဘူး။ တကယ်က တပ်ပြုပြင်ပြောင်းလဲရေးဆိုတာ ဒီမိုကရေစီအရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ သာ လုပ်ကိုင်နိုင်တာမျိုးဖြစ်တယ်။

ကာကွယ်ရေးဦးစီးချုပ်ကို ထင်ရာစိုင်းခွင့်မပေးဘဲ ဒီမိုကရေစီအရပ်သားအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ထိန်းကွပ်မှုအောက်မှာ ထားနိုင်တဲ့ အခြေအနေမျိုးမှာသာ လုပ်နိုင်တာဖြစ်တယ်။ လိုအပ်လာရင် ကာကွယ်ရေး ဦးစီးချုပ်ကို အရေးယူအပြစ်ပေးတာ၊ ထုတ်ပယ်တာ၊ အမြင့်ဆုံး သေဒဏ်ပေးတာမျိုးတွေ လုပ်နိုင်တဲ့ အခြေအ နေမျိုးမှာသာ လုပ်နိုင်တာလို့ ယူဆတယ်။ တပ်ပြုပြင်ပြောင်းလဲရေးဆိုတာ ဒီမိုကရေစီလုပ်ဟန်တမျိုးဖြစ်ပြီး ဒီနေ့လို ကာကွယ်ရေးဦးစီးချုပ်က ထင်ရာစိုင်းခွင့်ရှိတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ဘယ်လိုမှ ဖြစ်နိုင်စရာမ မြင်ဘူး။ တပ်ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်တာနဲ့အမျှ နအဖတပ်တွင်း အမိန့်ပေး/အမိန့်နာခံစနစ်နဲ့ စစ်စည်း ကမ်းဥပဒေဆိုတာဟာလည်း အနှေးနဲ့အမြန် ဦးနင်းပဲ့ထောင် ဖြစ်လာဖို့များတယ်။ စစ်အုပ်စုတွင်း ဂိုဏ်းတိုက်ပွဲ တွေကလည်း ဒီအခြေအနေကို မီးလောင်ရာ လေပင့် ဖြစ်စေမှာ သေချာတယ်။

ဒါကြောင့် နအဖတပ်တွင်း လက်ရှိဖြစ်ပွားနေတဲ့ အောက်ခြေ အကြပ် တပ်သားများရဲ့ “စီးပွားရေးတိုက်ပွဲ” သဏ္ဌာန်လှုပ်ရှားမှုတွေကို “နိုင်ငံရေးတိုက်ပွဲ” သဏ္ဌာန်ဆောင်လာအောင် တပ်ရင်း တပ်ဖွဲ့တွေရဲ့ သီးခြားလှုပ် ရှားမှု လက္ခဏာကို တပ်မတော်တရပ်လုံး လက္ခဏာဆောင်လာအောင်၊ တပ်မတော်ရဲ့သီးခြားလှုပ်ရှားမှုကို လူထုလှုပ်ရှားမှုကြီးအဖြစ် ပြောင်းလဲပစ်နိုင်အောင် တိုင်းချစ်ပြည်ချစ် အင်အားစုမှန်သမျှက ကြိုးပမ်းဖို့ အချိန် တန်ပြီလို့ ယူဆမိရပါတယ်။    ။

တပ်မတော်တပ်သားဟောင်းတဦး

အပြည့်အစုံသို့...

Saturday, March 5, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၃-၂၀၁၁)

- မြန်မာအတွက် ရုရှားလုပ် လေယာဉ် ပျက်ကျ click
- မြန်မာလေယာဉ်မှူး (၂) ဦး ရုရှတွင် လေယာဉ်ပျက်ကျ သေဆုံး click
- မြန်မာဝယ်မည့် လေယာဉ် ရုရှားမှာ ပျက်ကျ၊ မြန်မာ (၂) ဦး သေဆုံး click
- မြန်မာပြည်တွင် သုံးမည့် ရုရှားလေယာဉ်ပျက်ကျ၊ (၆) ဦးသေ၊ မြန်မာ (၂) ဦး ပါဝင် click
- ရန်ကုန်မြို့တွင်းမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး လှုပ်ရှားမှုတွေ ပိုမိုလှုပ်ရှားလာကြ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ဆွေးနွေးဖို့လိုကြောင်း ထိုင်းဝန်ကြီး ပြောကြား click
- ဒေါ်အောင်ဆန်းစုကြည်အကြောင်း အမေရိကန်မဂ္ဂဇင်းမှာ ရေးသားဖော်ပြ click
- NLD ဗဟိုနဲ့ ပဲခူးတိုင်း မြို့နယ်အလုပ်အမှုဆောင်များ တွေ့ဆုံဆွေးနွေး click
- နွေရာသီ ပဲခူးမှာ သောက်ရေရရှိရေး NLD ကူညီမည် click
- တောင်ကိုရီးယားကျောင်းသားတွေ မြန်မာ့အရေး ဆွေးနွေး click
- လူကုန်ကူးမှုနဲ့ မြန်မာအမျိုးသမီးအရေး click
- ပြည်သူ့ဂုဏ်ရည် ဆန်ဖရန်ဋ္ဌာနခွဲက ၂၀၁၁ ရန်ပုံငွေဈေးရောင်းပွဲက စရိတ်များ နှုတ်အပြီး အလှူငွေ စုစု ပေါင်း အမေရိကန်ဒေါ်လာ (၉) ထောင် ရရှိ click
- မြို့တော်အနီး ဇ၀ီယာမြို့ကို လစ်ဗျားအစိုးရတပ်များ ထိုးစစ်ဆင် click
- လစ်ဗျားနိုင်ငံ ဇာဝီယာမြို့မှာ တိုက်ပွဲပြင်းထန် click
- ဇာဝီရာမြို့ ရဖို့ နှစ်ဘက် အသေအကြေ တိုက် click
- လူမှုမငြိမ်သက်မှုတွေ လျော့ပါးအောင် ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် ကတိပြု click
- လူထု ၀င်ငွေတိုးရေး တရုတ်ဝန်ကြီးချုပ် ကတိပြု click
- ဆေးကျောင်းဝင်ခွင့်လျှောက်သူနှစ်ဦးရဲ့ ဓာတ်ပုံအမှု ထိုင်းတရားရုံး ပယ်ချ click
- ကမ္ဘာပျက်မယ့်နေ့နဲ့ ဥက္ကာပျံ အန္တရာယ် click
- နိုင်ငံတကာ အမျိုးသမီးများနေ့ click
- လိုအပ်ချက်နဲ့ လောဘ (ဆောင်းပါး) click
- တိုင်းရင်းသား တပ်ဖွဲ့များကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းမည် click
- စကခ (၁၂) ကပ်ထားတဲ့ ဝရမ်းစာရွက်တွေကို ကော့ကရိတ်မြို့ ခဝတ အဖွဲ့ လိုက်သိမ်းနေရ click
- ကရင်နီပြည်တွင် ဥပဒေပြုရေးနှင့် တိုင်းရင်းသားအရေးဆိုင်ရာ ကော်မီတီဝင်များ တင်တွင်း click
- ယခုနှစ် မီးသတ်သမားများ နောက်မကျရန် လို click
- ပြည့်တန်ဆာတဦးနှင့် တွေ့ဆုံခြင်း (အပိုင်း ၁) (သရော်စာ) click
- နောင်တခေတ်ရဲ့ အောင်စစ်သည်များအတွက် သင်ခန်းစာ (အောက်မေ့ဖွယ်) click
- အမြဲတမ်း ဒုက္ခနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ ကုလားလန်ရွာလေး (ဆောင်းပါး) click
- ကယားတေးသီချင်းတပုဒ်နဲ့ ကျေးလက်မှာ ခွန်အားတွေဖြည့်နေမယ် (ဆောင်းပါး) click

အပြည့်အစုံသို့...

Friday, March 4, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၃-၂၀၁၁)

- တောင်းဆိုမှု လိုက်လျောရန် အီဂျစ်ဝန်ကြီးချုပ်သစ် ကတိပြု click
- သောကြာနေ့ လစ်ဗျားတိုက်ပွဲ လူ (၃၀) ကျော် သေဆုံး click
- ကဒါဖီ ဆန့်ကျင်သူနဲ့ ထောက်ခံသူတွေ ဆက်တိုက် click
- အိုင်ဗရီကို့စ် ပစ်သတ်မှု click
- မရှိသေးတဲ့ အာရပ် ဒီမိုကရေစီ (သတင်းသုံးသပ်ချက်) click
- သတင်းနှစ်ပတ် အစိုးရအသုံးစရိတ် ယာယီဥပဒေ လွှတ်တော်အတည်ပြု click
- တရုတ်စစ်စရိတ် ဒေသတွင်း စိုးရိမ် click
- ကမ္ဘာ့ရေနံဈေး (၂) နှစ်အတွင်း အမြင့်ဆုံးရောက် click
- ဉာဏ်ထိုင်းနေလား၊ မိသားစု မျိုးရိုးဗီဇကိုသာ အပြစ်တင်ပါ click
- မူးယစ်ဆေးဝါးနှိမ်နင်းရေး ပျက်ကွက်တဲ့ (၃) နိုင်ငံမှာ မြန်မာကို အမေရိကန် ထည့်သွင်း click
- မြန်မာ မူးယစ်ဆေးဝါး တိုက်ဖျက်မှု မအောင်မြင်လို့ အမေရိကန် ပြော click
- မြန်မာ့အရေးကူညီနိုင်ဖို့ ဂျပန်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်း click
- "လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်" အပတ်စဉ် အမေးအဖြေ အစီအစဉ် click
- ဘတ်ဂျက်ဥပဒေအပေါ် အန်အယ်လ်ဒီ ဝေဖန် click
- ကာကွယ်ရေး အထူးရန်ပုံငွေ ဥပဒေ အန်အယ်လ်ဒီ ဝေဖန်ပြစ်တင် click
- ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ လွှတ်တော်ကိစ္စ စီအာရ်ပီပီ ဆွေးနွေး click
- ဘတ်ဂျက်နဲ့ အထူးရန်ပုံငွေ ဥပဒေအင်္ဂါရပ်နဲ့ မညီ click
- ဥပဒေအင်္ဂါရပ်နဲ့ မညီသော ဥပဒေ click
- နိုင်ငံသားမစစ်တဲ့ အမတ်တွေ နှုတ်ထွက်ရ click
- ကြံ့ခိုင်ရေး အမတ် (၂) ဦး ထုတ်ပယ်ခံရ click
- မိုးမခမိတ်ဆွေများက မတ်လတွင် အန်အယ်လ်ဒီနှင့်အတူ နိုင်ငံရေးအကျဉ်းသား (၅၀) ကူညီမှု ကျပ်ငွေ (၅) သိန်း (၄) သောင်း ရည်စူးလှူဒါန်း click
- ကျောင်းသားနှစ်ဦး အရက်တိုက်ပြီး မြန်မာစစ်သား စုဆောင်းခံရ click
- နယ်ခြားစောင့်တပ် (၁၀၂၂) တပ်ရင်းနေရာ ဒေသခံပြည်သူများ လက်မခံကြ click
- ဒိတ်လိုင်း ဧရာဝတီ (ရုပ်သံ) click
- ဗုဒ္ဓ၀ါဒနှင့် နိုင်ငံရေး (၅) (ဆောင်းပါး) click
- ကျနော့်အမြင်နဲ့ ကြားသိရသမျှ (၂) (ဆောင်းပါး) click
- (၄) နှစ်အတွင်း မြန်မာဒုက္ခသည် (၆,၅ဝဝဝ) နိုင်ငံခြားထွက် click
- ဆန်နဲ့ ရှားပါးတိရစ္ဆာန်ထွက် ပစ္စည်းတွေ အိန္ဒိယ-မြန်မာနယ်စပ် မှောင်ခိုရောင်းဝယ် click
- ဓာတ်ပုံဝတ္ထု၊ ဓာတ်ပုံနဲ့ ဆွဲထားတဲ့ ပန်းချီ၊ ဓာတ်ပုံအက်ဆေးတို့ ပါဝင်တဲ့ ဦးမြင့်လှိုင်ရဲ့ ဓာတ်ပုံပြပွဲ click
- အစိုးရ ဘတ်ဂျက်ကိစ္စ စီအာရ်ပီပီ ဆွေးနွေး click
- ဘတ်ဂျက်အသုံးစရိတ်များအပေါ် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ ဝေဖန် click
- ကာကွယ်ရေးအသုံးစရိတ် များပြားသည့်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကန့်ကွက် click
- နိုင်ငံရေးလုပ်ငန်း အရှိန်မြှင့်ရေး အန်အယ်လ်ဒီခေါင်းဆောင်များ ဆွေးနွေး click
- မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းရေး ဂျပန်က ကူညီရန် ဒေါ်အောင်ဆန်းစုကြည် ပန်ကြား click
- သျှမ်းပြည်အလယ်ပိုင်း၌ သံချပ်ကာတပ်နှင့် လေကြောင်းတပ် ထပ်တိုးမည်ဟု သတင်းထွက် click
- စက်သုံးဆီရရေး မိုးလင်းပေါက် လူငှား တန်းစီ စောင့်ပေးရ click
- အကျဉ်းသား ပေါ်တာများ ထပ်ပို့နေ click
- ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အချို့ နှုတ်ထွက် click
- ထေရဝါဒအသင်းများ နိုင်ငံတဝှန်း ဖွင့်လှစ်မည် click
- ဗိုလ်ချုပ်မှူးကြီး အထူးဘတ်ဂျက်သုံးစွဲခွင့် အာဏာ မိမိကိုယ်ကိုယ် အပ်နှင်း click
- မင်းအောင်လှိုင် ဗိုလ်ချုပ်ကြီး ဖြစ်ပြီ click
- ကာကွယ်ရေးအသုံးစရိတ် များနေတဲ့အပေါ် ပြည်တွင်းပြည်ပ ပညာရှင်များ ဝေဖန် click
- သောကြာစကားဝိုင်း (မတ် ၄၊ ၂၀၁၁) click
- နအဖကျွေးသမျှ မစားမိဖို့ (ဆောင်းပါး) click
- ခေါင်းလောင်းထိုးသံ ဘယ်သူထံ - အာဏာရှင်လား၊ ဒီမိုလား (ဆောင်းပါး) click
- မြန်မာ့ဘတ်ဂျက်သစ်၊ အတူတူနဲ့ အနူနူ (အယ်ဒီတာ့အာဘော်) click
- အခြေခံဥပဒေနှင့် အပစ်ရပ်များ (ဆောင်းပါး) click
- တွေးခေါ်ကြံဆ ပညာရပ်ကို လိုလားသူ (အင်တာဗျူး) click
- ရွှေဝါရောင်အလွန် - အပိုင်း (၉) (ဆောင်းပါး) click
- စိတ်အလျင်၏ လွင့်မျောရာနှင့် လွတ်လပ်ခြင်းအနုပညာ (၄) (ဆောင်းပါး) click
- သတင်းစာအဟောင်းများ click
- တပတ်အတွင်း စီးပွားရေးသတင်း click
- ဦးတေဇနှင့် ကြံ့ဖွံ့ကုမ္ပဏီ ဆက်သွယ်ရေးလုပ်ငန်း လက်ဝါးကြီးအုပ်ရန် ကြံ click
- မြန်မာ မူးယစ်နှိမ်နင်းမှု မထိရောက် click
- မစ္စတာ ဒန်ကလေ ဒုတိယ ရုံးချိန်းမှာလည်း အာမခံ မရသေး click
- ချင်းမိုင်ခရိုင်ဝန်ထံ ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး တောင်းဆို click
- (၁၀) နှစ် နေထိုင်ခွင့်လက်မှတ် ထုတ်ပေးသည့် ထိုင်းဝန်ထမ်းများ လာဘ်စား click
- အလှူငွေ ကျဆင်းမှုကြောင့် ဒုက္ခသည်ပညာရေး ထိခိုက် click
- ကျိုက်ထီးရိုးအပြန် ကားမှောက် (၂၅) ဦး ဒဏ်ရာရ click
- ဒီဇယ်ဈေးနှုန်း ဆက်ပြီး တက်နေတာ ဘဏ္ဍာရေးဝန်ကြီး မထောက်ခံ click
- (၁၇) နှစ် အချိန်ယူပြုစုခဲ့တဲ့ အင်္ဂလိပ် ဗန်းစကား အဘိဓာန်သစ်ကြီး ထွက်ပြီ click

အပြည့်အစုံသို့...

၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၇ - အမှတ် ၇၊ မတ်လ ၁ ရက် - ၂၀၁၁)

8888 People Power – Vol 7- No 7 - March 01 2011

အပြည့်အစုံသို့...

ဘလော့ဂ်အီးမေးလ်သို့ ရောက်ရှိလာသော ဦးမောင်မောင်နှင့် FTUB ကိစ္စ

U Mg Mg and FTUB

အပြည့်အစုံသို့...

Thursday, March 3, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၃-၂၀၁၁)

- ကဒါဖီ နှုတ်ထွက်ပေးဖို့ အိုဘားမား တောင်းဆို click
- ကဒါဖီ နှုတ်ထွက်ပေးဖို့ အိုဘားမား ထပ်မံတောင်းဆို click
- လစ်ဗျားအရေး ICC စုံစမ်းမယ် click
- လစ်ဗျားကိစ္စ ခုံရုံးတင်ဖို့ တရုတ်လက်ခံ click
- အလှုငွေ လက်ခံမိတဲ့ LSE ကျောင်းအုပ် နှုတ်ထွက်၊ PhD အတုများ ဆင်ခြင်စရာ ဗွီဒီယို click
- ရေပိုင်နက်ကျူးလွန်မှု တရုတ်ကို ဖိလစ်ပိုင် စွပ်စွဲ click
- မြန်မာနိုင်ငံအပေါ် ကုလစုံစမ်းရေးကော်မရှင် ဖွဲ့ရေး အိမ်ဖြူတော်မှာ ဆွေးနွေး click
- လူထု နိုင်ငံရေးခံစားချက် လေ့လာဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပိုလုပ်ပြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- ဂျပန် အာဏာရပါတီ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ် click
- မြန်မာကို EU ပြစ်ဒဏ်ခတ်မှု ဆက်ထားသင့်ကြောင်း တိုက်တွန်း click
- နိုင်ငံရေးအကျဉ်းသား သံဃာတော်များ ကူညီထောက်ပံ့ရေး click
- မူးယစ်ဆေးထိန်းချုပ်မှု မြန်မာအစိုးရ အားနည်းမှုလွန်ကဲ click
- ပအိုဝ့်ပြည်သူ့စစ်များကို SSA-S တိုက်ခိုက် click
- ကေအိုင်အိုက နအဖ ရိက္ခာပို့တပ်ကို တားမြစ် click
- အင်းတိုင် စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ်မှာ မီးလောင် click
- အင်းတကော် လက်နက်စက်ရုံ မီးငြိမ်းပြီ click
- ရုရှားမှ MiG-29 တိုက်လေယာဉ်သစ် (၂၀) မြန်မာစစ်အစိုးရ ဝယ်ယူထား click
- စကတ်လက်နက် ထုတ်ရေး သိပ်မလွယ် click
- နအဖတပ်မှ သံတောင်ကြီးမြို့နယ်ရှိ ရွာသားတဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့ click
- သတင်းပေးမှုဖြင့် ဆိုက်ကားသမားများကို စရဖ ခေါ်စစ် click
- အောက်ခြေ အရာရှိ၊ အကြပ်၊ တပ်သားများအရေး … တို့အရေး (ဆောင်းပါး) click
- ပြည်သူ့တော်လှန်ရေး (ဆောင်းပါး) click
- ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် (၃) (ဆောင်းပါး) click
- ဒီမိုကရေစီဖော်ဆောင်ရေး ဆွေးနွေးပွဲ (ဒေလီ) click
- နယူးဒေလီမှာ ပြုလုပ်တဲ့ မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေး ဆွေးနွေးပွဲ (ဓာတ်ပုံ) click
- လွှတ်တော်နှစ်ရပ်အတွက် ပြည်သူ့ငွေစာရင်းကော်မတီများ ဖွဲ့စည်း click
- လွှတ်တော်ဥက္ကဋ္ဌခုံများ (၅) နှစ် ခံပါ့မလား click
- လစ်ဗျားဂယက်ကြောင့် ပြည်ပဆန်တင်ပို့ခွင့် ပိတ် click
- ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းတွင် လောင်စာဆီ အခက်တွေ့နေ click
- ရော့စ်ဒန်ကလေကို တရားရုံးက အာမခံမပေး click
- မြန်မာတိုင်းမ်စ် ထုတ်ဝေသူ ရော့စ်ဒန်ကလေကို အာမခံ ငြင်းပယ် click
- မြန်မာတိုင်းမ် အမှုဆောင်အရာရှိချုပ်ကို တရားစွဲဆိုထားတဲ့ ကိစ္စ click
- ဒန်ကလေနဲ့ ပြဿနာမရှိလို့ ဒေါက်တာတင်ထွန်းဦး ရှင်း click
- အမျိုးသမီးတွေ ညံ့သလား (ဆွေးနွေးဖလှယ်) click
- မန္တလေး-မြစ်ကြီးနား ရထားလိုင်းမှာ လက်မှတ်မှောင်ခို သောင်းကျန်း click
- ထိုင်း (၁၀) နှစ် နေထိုင်ခွင့်လက်မှတ်နှင့် လာဘ်ပေးလာဘ်ယူ click
- ထိုင်းသို့ တင်ပို့မည့် မြန်မာ့ဆင်ပေါက်ကို နှိပ်စက်နည်း (အင်တာဗျူး) click
- ၀စ္စကိုစင်ပြည်နယ် မယ်လ်ဝါကီးမြို့က ၂၁ ရာစု ပင်လုံညီလာခံအကြို စုပေါင်းထမနဲပွဲ click
- ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီး လူထုထောက်ခံမှု ပိုမို click
- SSA-S က PNO ၏ မူးယစ်ဆေးဝါး စက်ရုံကို ဝင်တိုက် click
- သျှမ်းပြည်တပ်မတော်က ဘိန်းစက်ရုံ (၃) ရုံကို တိုက်ခိုက်သိမ်းပိုက် click
- မိုင်းလားနယ်မြေသို့ မည်သည့်ယာဉ်မျှ နအဖ သွားခွင့်မပြုတော့ click
- မြန်မာဈေးကွက်သို့ သွင်းသည့် တရုတ်အ၀တ်အထည်များ ဈေးတက် click
- ကျေးရွာ (၃) ရွာ အိမ်ခြေ (၂၀၀) နီးပါး မြို့နယ်ခွဲသစ်သို့ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်း click
- မြေမြှုပ်မိုင်း အသုံးပြုမှု အဆိုးဆုံး မြန်မာ ပါဝင် click
- ကလေးစစ်သားစုဆောင်းမှုများ ဆက်လက်တိုးမြင့်ဆဲ click
- အင်းစိန်ဗုံးကွဲမှုဂယက် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ရိုက်ခတ် click
- စာရေးဆရာ သားကြီးမောင်ဇေယျ click
- ပြည်သူ့ဒီမိုကရေစီကွန်ရက်က ပဲခူးမြို့တွင် အခမဲ့ ဆေးဝါးကုသမှုလုပ် click
- ပြည်သူ့ငွေစာရင်း ကော်မတီဝင် ပြန်လည်လူစားထိုး click
- မြန်မာ့အရေး နယူးဒေလီတွင် ဆွေးနွေး click
- လယ်သမားများ လယ်ပိုင်ခွင့်ရရေးအတွက် စာခြောက်ရုပ်အဖွဲ့ တောင်းဆို click
- နေပြည်တော် ဆောက်လုပ်ရေးလုပ်သားများ ခေါင်းပုံဖြတ်ခံနေရ click
- ယာယီနိုင်ငံကူး လက်မှတ်ဖြင့် မြန်မာပြည်ပြန်သူများ ငွေညှစ်ခံရ click
- ဗြိတိန်က (၄) နှစ်အတွက် အကူအညီပေးမည် click
- မြန်မာသို့ အများဆုံး အကျိုးတူအလှူရှင် ဗြိတိန် ဖြစ်လာ click
- သြစတြေးလျ လုပ်ငန်းရှင်များနှင့် UMFCCI တွေ့မည် click
- ရော့စ်ဒန်ကလေ အင်းစိန်ထောင်၌ ကောင်းမွန်စွာ နေခွင့်ရ click
- ဒန်ကလေ အာမခံအတွက် ကြိုးပမ်းနေ click
- နအဖ နိုင်ငံရေးကစားကွက်အတွင်း ရော့စ်ဒန်ကလေ ကျဆုံးခြင်း (၂) (ဆောင်းပါး) click
- စီအီးအိုက တပြားမှ မလျှော့မယ့်သူ (သရော်စာ) click
- ဖွဲ့စည်းပုံ ခုံရုံးနှင့် အာဏာရှင် (ဆောင်းပါး) click
- ကဒါဖီ သင်ခန်းစာနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဆောင်းပါး) click
- တရားမေ့သူကြီးတွေ (ဆောင်းပါး) click
- စကဒ်ဒုံးကျည်သတင်း မှားယွင်းကြောင်း ချိုကုပ်ဒူးကြီး ပြောပြီ (သရော်စာ) click
- RFA က ဧရာဝတီ စကားဝိုင်း (မတ်လ ၃၊ ၂၀၁၁) click
- Struggle for Third Sex (ရုပ်သံ) click
- မြန်မာပြည်မှာ ဧည့်စာရင်းတိုင်စရာ လိုမလို click
- မန္တလေးမှာ ယာဉ်စည်းကမ်းဖောက်ဖျက်မှု ဒဏ်ငွေနှုန်းထား လျှော့ချ click
- ဆန်စပါး အထူးပြုကုမ္ပဏီတို့၏ စီမံကိန်းများ လက်တွေ့ဖြစ်မလာသေး click
- ဘုန်းကြီးပျံပွဲ ကြက်ပျံမကျ စည်ကား click
- ကယ်ဆယ်ရမယ့်သူတွေအတွက် ဘတ်ငွေ (၄၇၆) သန်း ကက်ဘိနက်က ခွင့်ပြု click
- ချွမ်လိပိုင် အမေ၊ ထွမ် ကွယ်လွန် click
- လစ်ဗျားနယ်စပ်မှ ဗြောင်းဆန်နေတဲ့ ပုံရိပ်များ (ဓာတ်ပုံအက်ဆေး) click
- ဂျင်းရှပ် ပြန်လာပြီ click
- လျှို့ဝှက်ရေးလုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်နည်း click

အပြည့်အစုံသို့...