Monday, December 26, 2011

မိုးအေး (DVB) တင်ဆက်သည့် “အာဏာရှင်ဆို ဘယ်လိုအာဏာရှင်မှ ဒီကမ္ဘာမြေမှာ မရှိသင့်တော့ဘူးလို့ ယုံကြည်ထားသူ ချက်နိုင်ငံ သမ္မတဟောင်း ဗားကလပ် ဟာဗဲလ်ရဲ့ ပုံရိပ်” (ရုပ်သံ)

အာဏာရှင်ဆို ဘယ်လိုအာဏာရှင်မှ ဒီကမ္ဘာမြေမှာ မရှိသင့်တော့ဘူးလို့ ယုံကြည်ထားသူ၊ နာဇီလက်အောက်မှာရော ကွန်မြူနစ်အာဏာရှင်အောက်မှာပါ နေ့စဉ်ဘ၀ရုန်းကန်မှုတွေကို ကြုံဆုံခဲ့ရသူ၊ စာပေအနုပညာနဲ့ နိုင်ငံရေးဆိုတာဟာ ခွဲခြားကန့်ထားလို့ ရတဲ့အရာတွေမဟုတ် ခေါင်းနဲ့ပန်းလို ဆက်စပ်နေတဲ့ အရာတွေလို့ ခံယူသူ၊ ချက်နိုင်ငံ ကတ္တီပါတော်လှန်ရေးကို တပ်ဦးကနေ အကြမ်းမဖက် ဦးဆောင်နိုင်ခဲ့သူ၊ ဥရောပ ပြန်လည်ပေါင်းစည်းရေးကို ကြိုးစားခဲ့သူ၊ ကမ္ဘာမြေငြိမ်းချမ်းရေးကို အားစိုက်ခဲ့သူ၊ လူတိုင်း နေ့စဉ် ရယ်မောပျော်ရွှင်နေတာကို မြင်တွေ့လိုသူ၊ မြန်မာ့ဒီမိုကရေစီအရေးကို တစိုက်မတ်မတ် အားပေးထောက်ခံ ကူညီခဲ့သူ၊ Leaving ဆိုတဲ့ ဟာသရုပ်ရှင်ကားကို နောက်ဆုံးရိုက်ကူးရင်း သူ့ရုပ်ရှင်ကားလိုပဲ ပြန်မလာတော့မယ့် လမ်းကို ထွက်ခွာသွားရှာတဲ့ ချက်နိုင်ငံ သမ္မတဟောင်း ဗားစ(က)လက်(လပ်) ဟာဗဲလ်ရဲ့ ပုံရိပ်လေးကို ဒီတပတ်အစီအစဉ်အဖြစ် ဖန်တီးမိခဲ့ပါတယ်။ (မိုးအေး)

No comments: