Thursday, December 22, 2011

အချက် ၄ ချက်

အချက် ၄ ချက်
အောင်မျိုးထွန်း

၁။ စိုးထွန်းနဲ့ ထွန်းမြင့်အောင် အပေါင်းအပါ ၁၀ ယောက်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောလိုက်တာ ... ‘သင်း’ နေတာပဲ။

“ပြည်သူလူထုတွေအနေနဲ့ ရွေးကောက်ပွဲတရပ် လုပ်မယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ Election Law တွေပေါ့နော်။ ဒါတွေကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုတယ်။ နောက်တခုက ကိုယ့်ဆန္ဒကို အမှန်အတိုင်း ထုတ်ဖော်ရဲတဲ့ သတ္တိတွေ ရှိဖို့လိုတယ်။ အဲဒါတွေအတွက်ကို Voter Education တွေ ဘယ်လိုပေးမယ်၊ သင်တန်းတွေ ဘယ်လိုပေးမယ်ဆိုတဲ့ အကြောင်းတွေကိုလည်း အသေးစိတ် ပြောနိုင်ကြတယ်”... တဲ့။

ဒီ ... ဗို့တာအယ်ဂျူဂေးရှင်း ဆိုတာကြီးကို ၂၀၁၀ ရွေးကောက်ပွဲမလုပ်ခင် ၆ လလောက်ကတည်းက ကျနော် ကြားဖူးတဲ့အပြင် ဗီစီဒီအခွေတွေ ဘာတွေနဲ့ကို ကြည့်ဖူးပါတယ်။ မြန်မာအီးဂရက်အဖွဲ့ရဲ့ ၀ါဒဖြန့်ချက်တွေလို့ ဆိုသော်ရ၏ (ယခု ... အစိုးရအဖွဲ့ထက် လက်စောင်းထက်နေ)။

၂။ ၁ ခြောက်လုံးပွဲမှာ အလဲဗင်း Dr သန်းထွဋ်အောင်ကလည်း ...
သည်ဗွိုင့်စ်ဂျာနယ်ရဲ့ အဆိုအရလည်း ...
အခု ... NLD ခေါင်းဆောင် ဒေါ်စုကလည်း ...
“နိုင်ငံရေးအကျဉ်းသားတွေ မကြာခင် လွတ်လာမှာပါ” တဲ့။
အလိုလေး... တယ် ညီကြတာပဲ။

၃။ စိုးထွန်းနဲ့ ထွန်းမြင့်အောင်တို့ကို ထောက်လှမ်းရေးအဖွဲ့ရဲ့ အလိုရှိ ၀ရမ်းပြေးစာရင်းကနေ ဘယ်အချိန်တုန်းက ပယ်ဖျက်လိုက်တာလဲ။ သက်ဆိုင်ရာရော၊ ကာယကံရှင်တွေရော နည်းနည်းရှင်းကြဦး။

၎။ ၈၈ မျိုးဆက်ကျောင်းသားများဆိုတာ ထောင်ထဲက ရဲဘော်တွေကိုပဲ ခေါ်ဝေါ်သင့်တယ်။ သူတို့ ထွက်လာတာကို စောင့်ပါ။ ကိုယ့်အယူအဆ ကိုယ်ပြောပါ။ ၈၈ အားလုံးရဲ့အသံဆိုပြီး ရောမကြိတ်ချင်ကြနဲ့။ အခါး မုန်းလှပါတယ်ဆိုပြီး ရေခဲသေတ္တာထဲ ဖွင့်ကြည့်၊ ကြောင်လျှာသီးနဲ့ တမာရွက်တွေချည်း တွေ့ရသလို ... နိုင်ငံရေး။ တနေ့ ကျဆုံးမယ်။ မုချ...။

အောင်မျိုးထွန်း
၂၁- ၁၂-၂၀၁၁

9 comments:

Thet Oo said...

Be suspicious of all politicians?

alex said...

Yes I have been suprised by seeing Soe Htun and Htun Myint Aung, why they appear from hinding. That is not fair for the 88leaders who now forced in the prison. On the other hand, this stupid gov is using dividing Strategy.

yoo said...

( ပြည်သူလူထုတွေအနေနဲ့......

ရွေးကောက်ပွဲတရပ် လုပ်မယ်ဆိုလို့ရှိရင်
ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ Election Law တွေပေါ့နော်။ ဒါတွေကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုတယ်။
နောက်တခုက....
ကိုယ့်ဆန္ဒကို အမှန်အတိုင်း ထုတ်ဖော်ရဲတဲ့ သတ္တိတွေ ရှိဖို့လိုတယ်။ )

" အာရိုရို....
ဒီက ချွတ်ပရား..နော်..
ဒီနိုင်ငံမှာ နေတယ်၊ သစ္စာရှိတယ်..။

ပြည်သူလူထုတရပ်လုးံက
သတ္တိရှိရှိ နဲ့  သူတို့ ရဲ့ ဆန္ဒတွေ ထုတ်ဖော်ပြခဲ့တဲ့
၈၈ ဆန္ဒပြတွေမှာ...ကုလားလဲ ဘယာကြော်ဗန်း
ပစ်ပြီးတော့တောင် တက်တက်ကြွကြွ
ပါဝင်ခဲ့ တာနော်...။
အဲဒီလို..ထုတ်ဖော်ရဲတဲ့ သတ္တိတွေ ရှိဖို့လိုတယ်..
လို့ မပြောနဲ့ ။

ပြည်သူလူထုတရပ်လုးံ သတ္တိမရှိဘူးနော်..
မဆလ ဆက်ရှိမယ်။
သတ္တိရှိတယ်နော်..NLD ပေါ်တယ်။
ကုလား..ချွတ်ပရား..ဒါပဲ သိတယ်.."

zhkk said...

Arnol aka Aung Myo Htun
Give me your hand. Dont sit and talk.
kpt

waiyanheain said...

Is that the way discussing about the political with these people (The guy at the left corner with the long hair as a stupid guy) So sick !!!

son of burma said...

Aung Myo tun!!!
If you brave, go back Burma and fight to army. Don't complain your rubbish brain.

Myo Chit said...

အောင်မျိုးထွန်း ဆိုတာ ဘာကောင်လဲ .. .. တိုင်းပြည် အတွက် ဘာ မှ အသုံးမ၀င်တဲ့ ဘေးထိုင် ဘုပြော အဆင့် ဆိုတာ တိုင်းပြည် ဖျက်သူ တွေပဲ .. .. ကျက်သရေ မရှိတဲ့ အကျိုးမဲ့ ဒီလို စာ မျိုးတွေ online မှာလာမရေးစမ်းနဲ့ကွာ .. .. သက်ဆိုင်သူတွေလဲ .. .. စာပေဝေဖန်ရေး လွတ်လပ်ခွင့် ပဲ ဘာညာ အသံကောင်း ဟစ်ပြီး လျှောက်မတင်ကြနဲ့အုံး .. .. စာပေလွတ်လပ်ခွင့် တို့ ဆိုတာမှာ ဦးတည်ချက် ရှိရတယ် .. .. ပြည်သူပြည်သား ၊ လောကလူသား အကျိုးပြု ဖြစ်နေရမယ် .. ..

Sayarlay said...

Perhaps it explains why it takes more than 20 years of fight and the dictators are still in power, there more than 88 (self appointed) leaders in 88 generation.

ppdict said...

ခွေးမသား
အထဲမှာ လူတွေဘယ်လိုလုပ်နေရလဲမင်းသိလား။
ရသလောက်လေး လိမ်ဖယ်လိမ်ဖယ်နဲ့ သွားနေရတာ
မင်းတို့ ကောင်တွေ သူတို့ လုပ်တာမကြိုက်ရင်
ကိုယ်တိုင်သွားလုပ်ကြ။ လက်လှုပ်ရင်လှုပ်တယ်
ခြေလှုပ်ရင်လှုပ်တယ်၊ငြိမ်နေရင်ငြိမ်တယ်။
ရဲ ရင်ဝင်လုပ်ကြည့်လိုက်
မင်းဖြစ်စေချင်တာတွေ မင်းဝင်လုပ်လို့ ရတယ်
ဘယ်သူမှမင်းကို ချုပ်နှောင်မထားဘူး
စိုးထွန်း။ထွန်းမြင့်အောင်
ဝရမ်းပြေးဘ၀ဘယ်တုန်းကပယ်ဖျက်လိုက်သ လဲဟုတ်လား။သူတို့ ကိုဖမ်းဖို့ လှမ်းပြီး လက် ထောက်ချနေတာလား
ခွေးမသား ကိုယ်မလုပ်နိုင်ရင်ပါးစပ်ပိတ်ထား