Tuesday, November 8, 2011

စိတ်မကောင်းဖြစ်မိသလို ခံစားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ဓာတ်ပုံနှစ်ပုံ

ဤပုံကို ကြည့်ပြီး (၁) ကျနော်တို့ အမေစု သမ္မတ ဦးသိန်းစိန် ပိုပြီး ကြည်ဖြူအောင် ကြံ့ဖွတ်အစိုးရက ကျင်းပ တဲ့ ပွဲတွေကို စိတ်မပါလက်မပါ လိုက်တက်နေရလို့ ပင်ပန်းပြီး ငိုက်မြည်းနေတာလား (၂) ဦးမြင့်နဲ့ ပေါင်းမိတာ မှားပြီလားလို့ တွေးပြီး ငူငူငေါင်ငေါင်ကြီး ဖြစ်နေတာလား (၃) ကြံ့ဖွတ်အစိုးရပွဲတွေ ဒီလိုလျှောက်တက်နေ တာကို ပြည်သူလူထုက ဘယ်လိုသဘောထားလေမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ အတွေးလွန်နေတာလားလို့ ခံစား မိပါတယ်။ စိတ်မကောင်းဖြစ်မိပါတယ်။
ဤပုံကို ကြည့်ပြီး အမြဲလိုလို ရှေ့ဆုံးနဲ့ အလယ်ခေါင်တည့်တည့်မှာ တွေ့ခဲ့ရမြဲဖြစ်တဲ့ ကျနော်တို့ရဲ့ အမေစုကို အခုလို ဘေးမှာ ခပ်နုပ်နုပ်လေး တွေ့လိုက်ရတော့ ပါတီမှတ်ပုံမတင်ခင်၊ လွှတ်တော်ထဲ မ၀င်ခင်ကတည်းက ကျနော်တို့ အမေစုကို ဘေးရောက်အောင် သူတို့လုပ်နေကြပြီလားလို့ ခံစားမိပါတယ်။ စိတ်မကောင်းဖြစ်မိပါ တယ်။

ပေးပို့ - အမေစုချစ်သူ

13 comments:

ppm said...

ဖွလှချေလား ငါလဲစိတ်မကောင်းဖြစ်မိတယ် မေစုကိုချစ်တယ်ဆိုပြီး နောက်ကျောဓါးနဲ့ ထိုးနေတဲ့ မင်းတို့ လိုမျိုးမစစ်တွေ ကောင်းရာမွန်ရာဘဝမြန်မြန်ရောက်ကြပါစေလို့  ...

Exo Chick said...

လွမ်းဆွေ ဆ ရာ ဝန် ဘယ် လို ဖြစ် လာ လဲ တော့ စဉ်: စား လို့ ကို မ ရ ဘူ: ဗျာ

cccccccc,,,,,thu said...

နယ်စပ်မှာလုပ်စားနေတာလူတိုင်းသိတယ်...ဒီကောင့် အကြောင်းကိုလေ...................
သူများWebsite ကသတင်းတွေပြန်လည်စုစည်းတင်ပြပြီးတော့စောက်ကြီးစောက်ကျယ်လုက်နေတဲ့ ကောင်လေကွာ..........

latt nyein said...

မောင်လွဏ်းဆွေရယ်........
မြှားနတ်မောင် မဂ္ဂဇင်း ကို ခင်ဗျားကိုင်တွယ်ခဲ့တုန်းက
ကျုပ်ဟာ ခင်ဗျားရဲ့အမာခံပရိတ်သတ်တစ်ယောက်ပါ......
ခုတော့..........
ခင်ဗျား ဘာအတွက်ကြောင့် ဘယ်လိုပြောင်းလဲ သွားတာလဲ ဆိုတာ နားမလည် နိုင်လောက်အောင်ဖြစ်ရပါတယ်...... နိုင်ငံခြားက ပြန်လာရမှာကြောက်နေရင်လဲ..... မလာခဲ့ပါနဲ့ကွာ..... မပြောပလောက်တဲ့ ပျက်မှုလေးနဲ့ တိုင်ပြည်အပြင်ကိုထွက်သွား ပြီး......နိုင်ငံရေးဘန်းပြပြီးတော့ Website လေးတစ်ခုထောင်ပြီးလုပ်စားနေတဲ့ ခင်ဗျားက တိုင်းပြည်အတွက်ပြည်သူ့အတွက်လုပ်နေတဲ့ ဒီမိုကရေစီတိုက်ပွဲဝင်နေသူကိုတော့ ခင်ဗျားမစော်ကားပါနဲ့......

may lay said...

တော်ပါတော့ပြင်ပကလုပ်
စားကြီးများရယ်.ပြည်သူနဲ့ 
အတူလက်တွဲပြီးတိုင်းပြည်မှာ
တန်းတူမလ်ုနိုင်ပဲနဲ့ လာဖွမနေနဲ့ 
ပြင်ပကပြောနေတာကလေပဲ
ဘယ်သူမဆိုပြောနိုင်တယ်
လက်တွေ့ နိုင်ငံထဲမှာဝင်ပြီး
လုပ်ဆောင်နိုင်ရဲ့ လားလို့ 
ပြန်စဉ်းစားလိုက်အုံး။

cccccccc,,,,,thu said...

singapore မှာ...နေပြီး
ဆိမ်ကမ်း...နှင့်ပတ်သတ်သော
အလုပ်တွေကို လုပ်နေသည်
မကျေနပ်ပါက....
ကြိုက်သလို...ရှင်းနိုင်သည်

Unknown said...

လွမ်းဆွေဆိုတာ ခုဒေါ်စုသွားနေတဲ့လမ်းကြောင်းကို စိုးရိမ်စိတ်နဲ့ ဆောင်းပါးရေးနေကြတဲ့ မဲဆောက်က နိုင်ငံရေးခေါင်းဆောင်တွေတောင် ဘယ်သူမှ အဖက်မလုပ်တဲ့လူပါ။ မဲဆောက်မှာနေတဲ့ ဘယ်သူမဆို သိပါတယ်။ ဘလောခ်ဂါယောင်ယောင် သတင်းသမားယောင်ယောင်နဲ့ သွေးခွဲနေတဲ့ကောင်ပါ။ နိုင်ငံရေးသမားအနေနဲ့တော့ ယောင်ယောင် အမျိုးအစားထဲမှာတောင် ထည့်ထားလို့ မရနိုင်ပါဘူး။
တခုပဲကြည့်ကြည့်ပါ။ လွမ်းဆွေဘလောခ့်မှာ လွမ်းဆွေနာမည်နဲ့ ဒေါ်စုခေါင်းဆောင်ကို တိုက်ခိုက်တာတို့၊ ဝေဖန်တာတို့၊ ဘယ်လမ်းကြောင်းကမကောင်းဘူး။ ဒီလိုမျိုးဖြစ်သင့်တယ်ဆိုပြီး ရေးတာ တွေဖူးကြပါသလား။ မဲဆောက်နိုင်ငံရေး အသိုင်းအ၀ိုင်းမှာနေပြီး နိုင်ငံရေးလောက ကလူတွေအဖက်မလုပ်လို့ လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် တယောက်တည်းထိုင်ရတဲ့ကောင်ပါ။
ဒီတော့ မိတ်ဆွေတို့ သိပ်ဆဲမနေကြပါနဲ့ဗျာ။ လွမ်းဆွေ ဘယ်လိုကောင်ဆိုတာ မဲဆောက်မှာ ခွေးကအစ၊ ၀က်ကအစ သိတယ်။
သူ့အကုသိုလ်နဲ့သူသွားမှာပါဗျာ။

ပုံ/ လွမ်းဆွေဘယ်လိုကောင်ဆိုတာ သိသူ

Ashin Lokapala said...

ရန်ကုန် မီဒီယာအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကို (စက်မှုတက္ကသိုလ်) က အာအက်ဖ်အေကို ပြောပါတယ်။
“ဒေါ်စုကို ရှေ့ဆုံးတန်းမှာ နေရာပေးပါတယ်။ အားလုံးက လှိုက်လှိုက်လှဲလှဲ ကြိုပါတယ်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းကလည်း အဖွင့်မိန့်ခွန်းမှာ ကျွန်တော်တို့ရဲ့ အမကြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။ နောက်ပြီး ဝန်ကြီးနဲ့ ဒေါ်စု ရင်းရင်းနှီးနှီး စကားပြောဆိုနေတာ တွေ့ရပါတယ်"။ အောက်က လင့်မှာပါတဲ့ ဓာတ်ပုံတွေကို ကြည့်ပါဦး ဒေါက်တာကြီးရယ်။ ကိုယ် ချော်လဲပြီး ရောထိုင်မိတဲ့ နေရာကိုလဲ ပြန်ကြည့်ဦးနော်။ အများပြည်သူ သွားနေတဲ့ လမ်းလယ်ခေါင်မှာဆိုတော့ ဆရာကြီးလင့်ခ် (စောရီး) ဒေါက်တာကြီးကို တက်နင်းသွားကြမှာ စိုးရိမ်မိလို့ပါ။ ကုန်းရုန်းထပြီး လမ်းဘေးရှောင်နေရင် လွတ်နိုင်ပါသေးတယ်။

Ashin Lokapala said...

http://www.rfa.org/burmese/news/assk-economic-forum-11072011105024.html

pncc said...

ဟဲ့ အမေစုချစ်သူ သေနာကောင်လေး။
နင့်အမေ အိပ်ငိုက်နေတဲ့ ပုံကို ဘာလို.တင်ရတာလည်း။
အတည်ဋ္ဌကီးတွေနဲ. လုပ်ဇာတ်၊ ထိုးဇာတ်ပွဲတွေကို လိုက်တက်ရင် ဒီလိုဘဲ ခံစားရှာရမှာပေါ့။
အမေစု လွှတ်တော်ထဲ ရောက်သွားရင် ဒိထက်ပိုဆိုးမယ်။ နင့်အမေ၊ ငါတို.အမေအတွက် ကတင်တန်တွေ၊ အင်နာဂျီဖျော်ရည်တွေကို ရေဘူး ဒါမှမဟုတ် ဓါတ်ဘူးထဲ မသိမသာ ထည့်ပေးဘို. ပြင်ထားဋ္ဌကပေတော့။
တော်တော် အလိုက်မသိတဲ့ ကလေး။
နောက်တခါဆို ခေါင်းခေါက်ခံရမယ်။
ပုံ ... ပူနောင်ချပ်ချိန်။

mgwaimintun said...

ဒီကောင် မကြာခင်ထမင်းငတ်တော့မယ်။ ပြည်တွင်အမှာ အဆင်ပြေမှာကြောက်နေတဲ့ကောင်တွေ။ မြန်မာလမ်းဘေးခွေးလောက်တန်းဖိုမရှိတဲ့ကောင်.

မင်းနောင်ရိုး said...

အပြုသဘောဆောင်ပြီးမြင်ရမယ်

Exo Chick said...

သူ့ ဘ လော့ ကို ကြည့် ရင် google Adsense က နေ ပိုက် ဆံ ရ နေ မယ် မ ကြည့် ကြ နဲ့ ဗျို့