Tuesday, November 8, 2011

ယုံ၍ အစားခံရသူများ

ယုံ၍ အစားခံရသူများ
သီတာအောင် (ဂျပန်)

ငယ်စဉ်က ပုံပြင်တပုဒ်
ခြင်္သေ့မင်းက ဟန်လုပ်လို့
နာမကျန်းချင်ယောင်ဆောင်
ဥပုဒ်ပါစောင့်တဲ့သတင်း
ဒလန်ကိုမြေခွေးက
တွင်တွင်ကြီးဖြန့်ရင်းပေါ့။

လက်တွေ့သိချင်သူများ
ဂူထဲဝင်လေ့လာပါလားတဲ့
တွေးကြည့်ရုံနဲ့ အဖြေမပေါ်
ဝင်ကြည့်မှတော်မယ်ဆိုသူတို့
အ၀င်ခြေရာသာတွေ့
ဂူတွင်းမှာ အရိုးစုဘ၀နဲ့
မွေ့နေကြရသတဲ့။

ဗိုလ်မောင်အေးနဲ့ ဗိုလ်သန်းရွှေ
ခပ်ခွေခွေနေပြရုံနဲ့
နာတာရှည်ဖျားနေတဲ့
ကျားပေပဲလား
ဥပုဒ်သီတင်းမွေ့တဲ့
ရွှေခြင်္သေ့လေလား
အတွေးဝါးနေကြရင်ဖြင့် ...။

တကြိမ်နှစ်ကြိမ် အလိမ်ခံရတာ
လိမ်ခဲ့သူအမှားထား
ဆင်ခြေပွားလို့ရနိုင်ပေမယ့်
သုံးကြိမ်နဲ့အထက်
အညာခံရမယ့်အချက်ကတော့
ယုံလွယ်သူရာဇ၀င်မြောက်
သမိုင်းမှာ
မလှလောက်ဖူးထင်တယ်နော်။ ။

သီတာအောင် (ဂျပန်)

5 comments:

koko said...

ကဲလာပြန်ပြီ နောက်တစ်ယောက် ပြည်တွင်းမှာ ဘာတွေဖြစ်နေလဲသိလား ပြည်သူတွေကိုပြောတာ ဖွတ်ဖြစ်နေပြီ အခုလိုမှမလုပ်ရင် ဘယ်လိုလုပ်ရတော့မှာလဲ ဟုတ်ပြီ ကဗျာရေးသူကကောဘာအကြံတွေရှိနေလဲ အနှစ်နှစ်ဆယ်ကျော်လုံး ဘာတွေလှုပ်ရှားခဲ့သလဲ .ဆိုလိုတာက ရှေ့ သို့ နောက်ကလိုက်စေချင်ပါတယ်.........

yoo said...

ဂုဏ်ပြုတင်မြှောက် ကြတော့လဲ သူတို့ က ထိပ်ဆုးံ။
နှိမ့်ချ ကြပြန်တော့လဲ သူတို့ က ထိပ်ဆုးံ။

to talk everybody said...

ဒီမိုကရေစီတော်လှန်ရေးအဓွန့်ရှည်လိုသူတွေကတော့
ပြည်သူတွေဒုက္ခတွေ့မယ့်လမ်းကိုပဲ ရွေးပေးနေချင် သလိုပဲ
ဒါဟာကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးတွေလို့ သဘောထား ပြီး ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ ၀ါးမြို့မယ်အရေးကို ထည့် စဉ်းစားသင့်ပါတယ်

ရွှင်ရွှင် said...

ကဗျာ ဆရာသို့.....။
ကျွန်တော်တို့ နိုင်ငံ ရဲ့ ပြည်သူလူထု က အပိတ်အလှောင် ဘဝ နဲ့ နှစ်ပေါင်းများစွာ ရုန်းကန် ခဲ့ရတယ်။ ဒီကနေ့ အခြေအနေမှာ နှစ်ပေါင်းများစွာမျှော်လင့် နေခဲ့တဲ့ အသက်ရှုပေါက်ကလေး ပွင့် လာမည့် အရိပ်အယောင်တွေ့လို့ တိုးခွေ့ ရှုရှိုက် ကြတဲ့ သူတွေမှာ အပြစ် မဖို့ သင့် ဘူးလို့ ထင်မိပါတယ်။ အဲ့ဒီ မျှော်လင့်ချက် တကယ်တမ်း ဖြစ်မလာသည့်တိုင် လွန်ခဲ့ သည့်နှစ်ပေါင်းများစွာက ကျိုးပန်းမှု ကို မထိ နိုင်ဘူးလို့ ထင် မိပါတယ်။ နောက်တစ်ချက်က နိုင်ငံရေး အတိုက်အခံဆိုတာနဲ့ ပဲ အရာရာတိုင်း ကို လိုက်ပြီး အတိုက် အခံလုပ် နေရမှာလား..။ တူညီသော ရည်မှန်းချက် ဟူသမျှတော့ ပူပေါင်းသင့် သလို လက်တွဲသင့်ရင် တွဲရလိမ့်မယ်လို့ ထင်မိပါတယ်..။ တကယ်လို့သာ ကဗျာဆရာ ကိုယ်တိုင်ကသာ လက်ရှိ အာဏာရ အစိုးရ နေရမှာ ဆိုရင် ကော ဘယ်လို လမ်းကိုလျှောက်မလဲ....စဉ်းစားမိစေချင် ပါတယ်။

tringle said...

အပေါ်ကလူများသို့....အခုလွှတ်တော်ထဲရောက်
တော့ကော၁၉၉၀ရွေးကောက်ပွဲရလာဒ်ဆုံရှုံးသွ
ားမှာကလွဲလို့အခြေခံလူတန်းစားတွေမှာ
ဘာများအကျိုးခံစားခွင့်ရမှာလဲနည်းနည်းပါး
ပါးစဉ်းစားကြည့်ကြပါဦး.ခင်ဗျား
တို့ကတော့ဘယ်အစိုးရတက်တက်ကိုယ့်အတွ
က်ပဲကိုယ်ကြည့်ကြမယ့်လူတွေပဲ.