အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာ (Michael Posner) နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ အရာရှိများသည် နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၄၀ ခန့်က တောင်ဒဂုံမြို့နယ် (၁၈) ရပ်ကွက် ကမ္ဘောဇ (၂) လမ်းရှိ HIV လူနာများနှင့် တာဝန်ယူစောင့်ရှောက်နေသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မဖြူဖြူသင်းထံ သွားရောက်တွေ့ဆုံခဲ့စဉ် (FB-The Voice Weekly)
နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျဆုံးသွားသော အာဇာနည်ရဲဘော်အားလုံးအတွက် ရည်စူးကာ ၂၃ နှစ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ မွေးနေ့အခမ်းအနားကို နို့ဖိုးဒုက္ခ သည်စခန်းတွင် ကျင်းပပြုလုပ်ကြပါသည်။ (FB-Idea Linlin)
Daw Aung San Suu Kyi's Press Conference will be held. (FB-Hlaing Bwa)
Journey for Democracy Network (FB-Burma VJ Media Network)
အောက်တိုဘာ ၃၁ ရက်နေ့မှာ မန္တလေးမြို့အခြေစိုက် ပါတီများနှင့် ရန်ကုန်အခြေစိုက် မန္တလေးရုံးခွဲပါတီများ စုဝေးပြီး ပူးပေါင်းလှုပ်ရှားမှုကော်မတီ (Joint Action Commecte) တရပ် ဖွဲ့စည်းရန် ပဏာမ ညှိနှိုင်းအစည်း အဝေးတရပ်ကို ပြုလုပ်ခဲ့ပါတယ်။ (FB-Burma VJ Media Network)
အိမ်ပြန်လာ ...
ဒီခရီးပြီးလို့
မြစ်ကြီးစီးပြီး
အိမ်ပြန်လာ။
တောင်တန်းများလည်း လှော်ခတ်ပြီးတော့
... အိမ်ပြန်လာ။
လာပါကွယ် သူငယ်ချင်းတို့
အမှောင်တွေကို ကျောခိုင်းလို့
ချိုသာတဲ့ ပန်းများပွင့်တဲ့ဆီ
အိမ်ပြန်လာ။
(ပါဝင်ခွင့်မရကြသေးတဲ့ သူငယ်ချင်းအားလုံးအတွက် …)
ဇာဂနာ
(FB-Maung Thura)
နာရေးကူညီမှုအသင်း ဥက္ကဌတဦးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်တဦးဖြစ်ခဲ့သော ဦးကျော်သူသည် လေးနှစ်ကြာ မှိုတက်နေသော အနုပညာကို လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်တွင် ဒါရိုက်တာအဖြစ် ပါဝင်ရိုက်ကူးဖန် တီးခြင်းဖြင့် အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း ဦးကျော်သူထံမှ သိရသည်။
(FB-Myit Makha Mediagroup)
(ပြုံးစရာလေးပါ) ... ခေတ်ပြောင်းတာ မကောင်းဘူး၊ ဗိုက်ဆာတယ်ကွလို့ မိတ်ဆွေအရာရှိကြီးတယောက်က ပြောပါတယ်။ ဘာဖြစ်လို့လဲလို့ မေးလိုက်တော့ အရင်ခေတ်တုန်းကဆို အစည်းအဝေးတွေမှာ လူကြီးတွေက ဟောပြောအပြီး ဘာတင်ပြစရာ ရှိပါသေးသလဲလို့ မေးလိုက်ရင် အောက်ကလူတွေအားလုံးက မရှိပါဘူးလို့ တညီတညွတ်တည်း ဆိုကြလို့ အစည်းအဝေးတွေ ပြီးခဲ့တာ။ အခုအစည်းအဝေးတွေမှာ အဲလိုမေးလိုက်တာနဲ့ ဟိုလူက ထ တင်ပြ၊ ဒီလူက ထ တင်ပြနဲ့ အစည်းအဝေးက ထမင်းစားချိန် ကျော်ကျော်သွားတာတွေချည်းပဲ တဲ့လေ။ (FB-Maung Myay Zar)
အဆီကိုစား အသားကိုမြိုတဲ့ တရုတ်လောပန်တွေဟာ မြေပါမချန် ရွှေကျင်ပါတယ်။ ဖားကန့်က ကျောက်မှာ ကပ်ပါလာတဲ့ မြေကိုတောင် ရွှေကျင်နေရင် ရွှေထွက်တယ်လို့ နာမည်ကြီးတဲ့ မြစ်ဆုံက မြေတွေကို အတိုင်းအ ဆမရှိ၊ အစစ်ဆေးမရှိ သယ်ထုတ်သွားတာ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ (FB-Demo Waiyen)
ရုပ်ရှင်နှင့် ကြော်ငြာသရုပ်ဆောင် ထက်ထက်မိုးဦးနှင့် သတင်းထောက်မအေးသူစံ (7 Day News Journal) တို့၏ ၅၄ ကြိမ်မြောက် ရုံးချိန်းသည် နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်မှ ၁၀ နာရီ မိနစ် ၅၀ ခန့်ထိ ကြာမြင့်ခဲ့ပြီး ထက်ထက်မိုးဦးကို ကျောက်တံတားမြို့နယ် ဘဏ်လမ်းရှိ ရန်ကုန်တိုင်းရုံး အထွက်တွင် ပြုံးရွှင်စွာ တွေ့ရစဉ် (FB-The Voice Weekly)
ရန်ကုန်-မန္တလေး အမြန်ကားလမ်းမကြီးပေါ်တွင် ၃၁-၁၀-၂၀၁၁ ရက်နေ့ နေ့လည် ၂း၃၀ နာရီ အချိန်က နေ ပြည်တော်နဲ့ မိတ္ထီလာမြို့ကြား အမြန်ကားလမ်းမကြီးပေါ် (နေပြည်တော်မှ မိတ္ထီလာမြို့အသွားကားလမ်း) မိုင် တိုင်အမှတ် ၂၄၇/၄ နေရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရုံးသုံးဂျစ်ကား ပ/၄၅၉၇ အစိမ်းရောင်ကား သည် လမ်းမကြီးအလယ်မှ ပလက်ဖောင်းကို တိုက်ပြီး လမ်းအလယ်တွင် ဇောက်ထိုးမှောက်ပြီး ကားတစီးလုံး နီးနီး ပျက်စီးသွားပါသည်။ ကားမှောက်သွားစဉ် နီးစပ်ရာမှ ရွာသားများနဲ့ ခရီးသွားလာ ပြည်သူများက တိမ်း မှောက်နေသော ကားကို ပြန်လည်အတည့်ဖြစ်အောင် ကူညီပြီး ကားမောင်းသမားကို ဆွဲထုတ်ကာ နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကားမောင်းသူမှာ ပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိမှု မတွေ့ရကြောင်း သိ ရပါသည်။ (FB-Burma VJ Media Network)
ပြည်သူ့မေတ္တာခံယူတော်မူလျက်ရှိသော မိသားစု၏ ဓာတ်ပုံနှင့် တွဲလျက်တွေ့ရသည့် ကဗျာလေးကို ဖတ်ရှုခံ စားကြည့်ကြပါ (FB-Min Ko Aung)
တောင်းစားကြသူများ
ကဗျာရှင် - နေရဲနီ
အကိုကြီး အမကြီးတို့ရယ်
အကြွေလေးများပါရင်
ငါးပြား ဆယ်ပြားလောက်
မုန့်ဖိုးလေးများ ပေးခဲ့ကြပါ။
ဦးဦး ဒေါ်ဒေါ်တို့ရယ်
အနုတ်လေးများရှိရင်
ငါးမူးတကျပ်လောက်
ထမင်းဖိုးလေး စွန့်ခဲ့ကြပါ။
ဘိုးဘိုးဘွားဘွားတို့ရယ်
သနားသဖြင့်
၅ ကျပ် ၁၀ လောက်
သဒ္ဓါသမျှ ပေးခဲ့ကြပါ။
ဆရာ့ကို သွားအကြောင်းကြားပေးတဲ့အတွက်
၅၀၊ ၁၀၀ လောက်တော့
ဆေးလိပ်ဖိုး ကွမ်းဖိုးလေး
ပေးခဲ့ဦးလေ။
စာရေးကြီး လက်မှတ်ခအတွက်
၅၀၀၊ ၁,၀၀၀ လောက်တော့
လက်ဖက်ရည်ဖိုးလေး
လုပ်ခဲ့ဦးလေ။
ဆရာ့အတွက်ကတော့
၅,၀၀၀၊ ၁၀,၀၀၀လောက်တော့
ပေးရလိမ့်မယ်။
ဆရာကပြောတယ်
case က ကြီးရင်ကြီးသလို
ငါးသောင်း တသိန်းလည်း ဖြစ်သွားနိုင်တယ်တဲ့။
GM က ပြောတယ်
လိုင်စင်အတွက် ၅ ပုံးနဲ့ ၁၀ ပုံးကြားမှာ ရှိတယ်
တန်ဘိုးအနိမ့်အမြင့်နဲ့
အကွက်အကြီးအသေးပေါ်မှာ မူတည်တယ်
အိမ်ကိုလာခဲ့ပါတဲ့။
ညွှန်ချုပ်ထောက်ခံပေးဖို့အတွက်
သူ့လက်မှတ်ထိုးရမယ့်ကိစ္စမှာ
၁၀ ပုံးအထက်မှာ ရှိမယ်။
ဧရိယာအကျယ်ဝန်းပေါ်မှာ မူတည်တယ်။
ဆိုင်မှာ ပြောမယ်တဲ့။
အဘက ပြောတယ်
ပါမစ်အတွက် ပုံး ၁၀၀နဲ့ အထက်မှာရှိတယ်
အလုပ်ဖြစ်မယ်ဆိုရင် အိမ်က မမနဲ့ ပြောရမယ်။
အဘကြီးက ပြောတယ်
ဟိုလမ်းမပေါ်က အဆောက်အဦကို
သူ့မြေးနာမည် ပြောင်းပေးရမယ်
သူမဆင်းခင်မှာ စိတ်ချသွားချင်တယ်
အဘကြီးသမီး ၂ ယောက်က
စက်မှုဇုန်မှာ မြေဧက ၅၀ တောင်းထားတယ်
အမြန်ဆုံး လုပ်ပေးပါတဲ့။
အစည်းဝေးဆုံးဖြတ်ချက်
ယူနီဆက်မှ အကူညီများ ဆက်ပေးရန် တောင်းခံရန်
အီးယူမှ လူသားချင်းစာနာထောက်ထားသော အကူအညီများ ဆက်ပေးပါရန် တောင်းဆိုရန်
ဂျပန်နိုင်ငံမှ ODA အကူအညီများ ယခင်အတိုင်း ပေးစေရန်အတွက် ထပ်မံတိုက်တွန်းတောင်းဆိုရန်
အမေရိကန်နိုင်ငံမှ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းပေးရန် တောင်းဆိုရန်
အကျဉ်းချုပ်သော်
အထက်ပါ ပုဂ္ဂိုလ်အပေါင်းသည်
နည်းခြင်းနှင့် များခြင်း
အရှိန်အ၀ါ ရှိခြင်းနှင့်မရှိခြင်း
ဒီ၂ ချက်ပဲကွာသည်။
တာဝန်နှင့်ဝတ္တရားကို လျစ်လျူရှုပြီး
ပေးဆပ်ခြင်းကင်း၍
လူ့ဂုဏ်သိက္ခာကို တန်ဘိုးမထားဘဲ
အရှက်မရှိ တောင်းနေကြသော
သူတောင်းစားများသာဖြစ်တော့သည်။ ။
နေရဲနီ
4 comments:
Great. I like the poem and totally agree with what he said.
Happy birthday Ko Kyaw Thu.I wish you will process for people.
Great Poem, except 'Humantarian Assistances' should be considered differently.. HA and ODA does not go to any Government nor as a bribe.. it's purly meant for poorest and neglectd vulnerable people of the world..
ကောင်းလိုက်တဲ့ကဗျာလေးဗျာ။ တောင်းစားသမျှ သူတောင်းစားအမျိုးမျိုးထဲတော့ သန်းရွှေတို့မိသားစုလို သူများသထာလဲတောင်း၊မသထာလဲတောင်းတဲ့ မိသားစုက သူတောင်းစားထဲလောကမှာ အဆင့်အတန်းအနိမ့်ဆုံးနေမှာပါပဲ။
Post a Comment