Friday, November 11, 2011

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသို့ အကြံပေးချက်

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသို့ အကြံပေးချက်
ထွန်းအောင်ကျော်

ဗီအိုအေနဲ့ ၁၁ လပိုင်း ၄ ရက်နေ့က အင်တာဗျူးမှာ ဝန်ကြီးကျော်ဆန်းက “ကနေ့ ပြည်သူတွေ ရွေးချယ်တင် မြှောက်တဲ့ ဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာတဲ့ ကျနော်တို့အစိုးရလက်ထက်မှာလည်းပဲ ...” လို့ ဆိုထားပြီး နောက်ဆက်ပြီး “အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေကို ကျူး လွန်တဲ့အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်းဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာ ဖြစ်ပါတယ်။ သို့ သော်လည်း အဲဒီထဲမှာ နိုင်ငံရေးလုပ်တဲ့ပုဂ္ဂိုလ်တွေလည်း ပါကောင်းပါမှာပါပဲ။ ဒါတွေအားလုံးကိုလည်း သမ္မတ ကြီးက သူ့ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ဆင်ခြင်တုံတရားနဲ့ ကျင့်သုံးပြီးတော့ ဒါတွေကို ဘာလုပ်ပေးနေလဲ၊ ဖြေလျှော့ပေးနေပါတယ်” တခါဆိုထားပြန်ပါတယ်။

အပြာရောင်ဆိုးထားတဲ့ အပိုဒ်နှစ်ခုကို နှိုင်းယှဉ်ပြီး ပြောချင်ပါတယ်။ အပေါ်ပိုဒ်မှာ ပြောတာက “ကနေ့ ပြည်သူ တွေရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီစနစ်အရပေါ်ပေါက်လာတဲ့ ကျနော်တို့အစိုးရလက်ထက်မှာ...” လို့ ဆို တော့ ယခင်စစ်အာဏာရှင်အစိုးရနဲ့ လားလားမျှ မဆိုင်ဘူးလို့ ဆိုလိုတာဖြစ်တယ်။ ဒီမိုကရေစီအစိုးရပေါ့ဗျာ။ ဒါပေမယ့် နောက်အပိုဒ်ကျတော့ “အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပ ဒေတွေကို ကျူးလွန်တဲ့အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်း ဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာ ဖြစ်ပါတယ်” ဆိုတော့ အသစ်တက်လာတဲ့ ဒီမိုကရေစီနည်းကျ အစိုးရဟာ သူ့ကိုယ်သူ ယခင်စစ်အစိုးရပဲ ဖြစ် ပါတယ်ဆိုပြီး ဝန်ခံသလိုမျိုး ဖြစ်နေပြန်တယ်။

“နိုင်ငံတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်ဆိုတာကို သတ္တိရှိရှိ ဝန်ခံရဲသလို၊ သတ္တိရှိရှိ လွှတ်ပေးရဲရမယ်။ ကျော်ဆန်းအနေနဲ့ တချိန်ချိန်မှာ နိုင်ငံရေးနဲ့ ထောင်ထဲရောက်သွားခဲ့ရင် ရောက်သွားနိုင်တဲ့အတွက် အမြော်အမြင်ရှိရှိနဲ့ နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာ လက်ခံထားသင့်တယ်လို့ အကြံပြုလိုက်တယ်။”

ကျော်ဆန်းဟာ သူ့ကိုယ်သူ ယခင်အစိုးရလုပ်ရပ်တွေကို လိုက်နာစောင့်ထိန်းပြီး ဆက်လက်ကျင့်သုံးရမယ်လို့ ယူဆထားသူဖြစ်တယ်ဆိုတာ “ကျနော်တို့ အရေးယူထားတာ ဖြစ်ပါတယ်” ဆိုတဲ့ သူ့ပြောစကားအရ ထင်ရှား တယ်။ နောက်တခုက သန်းရွှေတို့လမ်းစဉ်အတိုင်း တိုင်းပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေမရှိဘူးလို့ ဗြောင် ငြင်းနေတုန်းပဲ ဖြစ်တယ်။

တကယ်ဖြစ်သင့်တာက ကနေ့ ပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာတဲ့ ကျနော်တို့အစိုးရလက်ထက်မှာ ယခင်အစိုးရလုပ်ရပ်တွေဟာ တရားမျှတမှုမရှိဘဲ အလွန်အကျွံ အာဏာသုံးစွဲ မှုတွေရှိခဲ့တဲ့အတွက် သဘောထားအမြင်မတူလို့ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ် ဆိုတာမျိုး ဖြစ်သင့်တယ်။

နိုင်ငံတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်ဆိုတာကို သတ္တိရှိရှိ ဝန်ခံရဲသလို၊ သတ္တိရှိရှိ လွှတ်ပေးရဲရမယ်။ ကျော်ဆန်းအနေနဲ့ တချိန်ချိန်မှာ နိုင်ငံရေးနဲ့ ထောင်ထဲရောက်သွားခဲ့ရင် ရောက်သွားနိုင်တဲ့အတွက် အမြော် အမြင်ရှိရှိနဲ့ နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာ လက်ခံထားသင့်တယ်လို့ အကြံပြုလိုက်တယ်။

ထွန်းအောင်ကျော်

4 comments:

BEE said...

ဇာဂနာကို စောက်ပြစ်ပြောဖို့ စဉ်းစားချိန်တွင်..နေမျိုးအေး တယောက် ဇာဂနာ နှင့်ငါ ဖြတ်သန်းပုံ ခြင်းတူညီ ရဲ့လား လို့ ကော စဉ်းစားမိရဲ့လား။ လွန်းဆွေ ကကော ဒီအချိန်အထိ နယ်စပ်ပြေး ခဲ့ ရသည်မှာ အစိုးရ နှင့် မည်သို့ မည်ပုံ ငြိ ပါဟု ပွင့်ပွင့်လင်းလင်း ပြောဆိုပြီးပြီလား။ မတူပါ ။ မတူ နိုင်ပါ။ ကိုယ်ကျိုးစွန့် အနစ်နာ ခံမှုများ မရှိ ဘဲ ဘေးမှ နေဟိုလို လုပ် ဒီ လိုလုပ် ပြော နေသူများအတွက် နေရာ မရှိပါ။ ဇာဂနာ မှား သည် ဒေါ်စု မှားသည် ဝေ ဖန် ခြင်ပါသလား ။ ဇာဂနာ လုပ်သလောက် ဒေါ်စု လုပ်သလောက် အရင် လုပ်ကြည့်ပါ။ မိမိ သတ်နိုင်ရင် မိမိ ၀င်ထိုးပါ။ ဘေး ထိုင်ပြီး ဟိုလို မထိုး လို့ ရှုံး တာ ဒီလို မထိုးလို့ ရှူံးတာ အော်မနေပါနှင့်။ နောက်ဆုံးအနေ နှင့် ပြော ခြင်သည်မှာ....ကျည်းကန် ရှင်ကြီး၏ စာ အတိုင်း

မင်းမှာ လုပ်ချင်၏ တင်းကုပ် မှာ အချုပ်ခံဝံ မခံဝမ ။ ပဲဟင်း ကို ရှုပ် ချင်၏ နှုတ်ခမ်းမွှေး မှာ အနှုတ်ခံ ၀ံ မခံ ၀ံ့။ မျှို နှင့် မျှစ်ကို နှုတ်ချင်၏ ကျဉ်တုတ် ခံဝံ မခံဝံ့။
ဆိုတာလိုပဲ ကျဉ်တုတ် မခံဝံ့ လို့ အပြင် ကို ထွက်ပြေးလာသူ တွေက ...ကျဉ်တုတ်ခံနေရ တဲ့ ကိုမင်းကိုနိုင် ကတောင် ကျဉ်တုတ်ခံ ခဲ့ရလို့ အကြောင်းသိနေတဲ့ ဒေါ်အောင် ဆန်းစုကြည်က ဆုံးဖြတ်တာကို နားထောင် မဲ့အကြောင်း ပြောနေချိန်မှာ .... ခါချဉ် မပြောနဲ့ ပင့်ကူ ရှပ် တာတောင် မခံနိုင်တဲ့ ဒေါက်လွမ်းတို့ နေမျိုးအေး တို့ပြောတာကို အရေး လုပ်စရာ အကြောင်းမရှိပါကြောင်း ရှင်းရှုင်း လင်းလင်း မြင်အောင် ပြောလိုက်ရပါတယ်။
P.S. (လူထုခေါင်းဆောင် အောင်ဆန်းစုကြည် ...မည်သူမျှ ထိုဘွဲ့ကို officially မပေးပါ။ မိမိ ကိုယ်တိုင် လူထု ခေါင်းဆောင် လုပ်နိုင်သော opportunities - chances လူ တိုင်းတွင် ရှိနေပါသည်။ လုပ်ပါ။ ရဲ လျှင် တူလျှင် တတ်နိုင်လျှင်။ မတားပါ။ လူထုက လည်း ဒေါ်စုကို အားမရပါ။ ခင်ဗျား သူ့ ထက် တော်လျှင် ခင်ဗျားနောက် လိုက်ပါမည်။ (စစ် အစိုးရ ကိုယ်တိုင် ခင်ဗျားနောက် လိုက်ပါမည်)။ ဇာဂနာ စောက်သုံးမကျ ဟု ဆိုချင်သလား။ ဇာဂနာ လို အထဲမှ ဆဲပါ။ အပြင်မှ မဆဲ နှင့်။ ရဲ ပါသလား။ မရဲ ပဲ နှင့် မနှိုင်း နှင့်။ မဲဆောက်တွင် အရက်ဝိုင်း ဖွဲ့ ရင်း ပြောတာနှင့် မြ၀တီတွင် လက်ဖက်ရည် ဆိုင် တီးတိုးပြောတာတောင် မတူပါ။ ခင်ဗျားတို့ အဲဒီသတ္တိ အရင် မွေးပါဦး။ ပြီးမှ စင်ပေါ်တက်ပါ။

(မှတ်ချက် အောက်က ပိုစ့် များတွင် comment တင်မရသဖြင့် ဤ ပိုစ့် ၌ တင်လိုက်ရသည်။)

ကိုစိုး said...

ဝန်ကြီးတကာ ဝန်ကြီး တွေထဲမှာ .. ဘယ်အချိန်ကြည့် ကြည့်  .... ကူလီကူမာ အပြောအဆို ဥပဓိရုပ်သွင်ပြင်လက္ခဏာ က အစ ကျက်သရေ အယုတ်ဆုံးလို့ ပြောရမယ့် သူကတော့ ...
ငိုကျော်ဆန်း (ခေါ်) မုံလာဥ ကျော်ဆန်း ဆိုတဲ့ သတ္တဝါ ပါပဲ ။

Van said...

ိုဒီတခေါက်လွဏ်းဆွေ တင်တာ မဆိုးဘူး...
ကောင်းတယ် ကောင်လေး... ဆက်လုပ်...

suanhpi said...

ကောင်းလိုက်တဲ့ သတင်းဆောင်းပါးတိုလေပါပဲ။