Thursday, November 10, 2011

ကျုံးသွင်းခံရသော ဆင်ကြီးတကောင်

ကျုံးသွင်းခံရသော ဆင်ကြီးတကောင်
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

မကြာသေးခင်က “ကြံ့ဖွံ့အစိုးရ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက် များ” ဆောင်းပါးကို ကျနော် ရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ NLD မှတ်ပုံတင်ရေးပြဿနာကို စူးစိုက် မရေး သားနိုင်ခဲ့တဲ့အတွက် အခု ဒီဆောင်းပါးကို ထပ်ရေးတာဖြစ်ပါတယ်။

ကျနော် NLD ပါတီဝင် မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာ့နိုင်ငံရေးမှာ ၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ကတည်းက စတင် ပတ်သက်လာပြီး ကနေ့အထိ နိုင်ငံရေးကို ကိုယ့်အစွမ်းရှိသလောက် ဆောင်ရွက်နေသူတယောက်ပါ။ အရင်ဆောင်းပါးနဲ့ပတ်သက်ပြီး စာဖတ်သူတွေရဲ့ မှတ်ချက်တွေထဲမှာ အမျိုးမျိုး ထင်မြင်ချက်တွေ ပေးကြတာ တွေ့လို့ ကိုယ်တတ်နိုင်သလောက် ရှင်းပြတာပါ။ ဒီ့ထက် တိတိကျကျ ပြောမပြနိုင်တာကိုလည်း နားလည်ပေး ကြစေချင်ပါတယ်။

တချို့က ဆိုကြပါတယ်။ NLD မှတ်ပုံတင်ရေး၊ မတင်ရေးဟာ သူ့ပါတီ အတွင်းရေးမို့ ကိုယ်နဲ့ မဆိုင်၊ ကိုယ့်မှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိလို့ ဆိုကြပါတယ်။ အဲဒီအချက်ကို သဘောမတူနိုင်လို့ ဒီဆောင်းပါးကို ရေးတာဖြစ် ပါတယ်။

မှတ်ပုံတင်ရေး၊ မတင်ရေးသည် တတိုင်းပြည်လုံးရဲ့အရေး

NLD မှတ်ပုံတင်ရေး၊ မတင်ရေးဟာ တနိုင်ငံလုံးရဲ့အရေး၊ လူတိုင်းရဲ့အရေးပါ။ ဖြစ်လာမယ့် အကျိုးဆက်တွေ ကို NLD သာမက အများပြည်သူပါ ရင်ဆိုင်ကြရမှာပါ။ ဒါ့ကြောင့် အားလုံးဆွေးနွေးကြပါ။ စဉ်းစားကြပါ။ သူ့ပါ တီအရေး သူ့ဖာသာ စဉ်းစားပါစေဆိုပြီး လွှတ်ထားလိုက်လို့လည်း နောင်ဖြစ်လာမယ့် အကျိုးဆက်တွေဟာ ကျနော်တို့ခေါင်းပေါ် ကျမလာဘဲ နေမှာမဟုတ်ပါဘူး။

ဒီတော့ ပြောဖို့ တာဝန်ရှိတယ်ထင်လို့ ပြောပါမယ်။ ပြောပါရစေ။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မဖမ်းဖို့၊ နိုင်ငံရေးသမားတွေကို မဖမ်းဖို့၊ ပြည်သူတွေကို မနှိပ်စက်ဖို့အတွက် စစ်အစိုးရကို ချော့နေမှ ဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ရဲ့နိုင်ငံရေးဟာ တခုခုတော့လွဲနေပြီလို့ ဆိုရတော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မဖမ်းရဲအောင်၊ နိုင်ငံရေးသမားတွေကို မဖမ်းရဲအောင် လုပ်နိုင်မှသာ ကျနော်တို့အတွက် အစစ်အမှန် လုံခြုံမှုကို ရနိုင်မှာပါ။ ကိုယ့်ရဲ့လုံခြုံရေးဟာ စစ်အစိုးရရဲ့ စိတ်ကောင်းနှလုံးကောင်း ရှိမရှိအပေါ်မှာ မှီခိုနေရတယ်ဆိုရင် အဲဒါကို တကယ်လုံခြုံတယ်လို့ မဆိုနိုင်ပါဘူး။ အဲဒါမျိုးကို ကျားသနားမှ နွားချမ်းသာမယ့် လုံခြုံရေးလို့သာ ဆိုနိုင်ပါလိမ့်မယ်။”

ဆင်ကို ကျုံးသွင်းရန် ကြံ့ဖွံ့မုဆိုး ကြံစည်ပြီ

ဒီနေ့အချိန်မှာ ကြံ့ဖွံ့အစိုးရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ဆင်ကြီးကို အဘက်ဘက်ကနေ ပြေး ပေါက် ထွက်ပေါက် မရှိအောင် ပိတ်ဆို့ထားပါတယ်။

ပါတီဝင်တွေကိုလည်း ဖမ်းပြီးထောင်ချတယ်။ ရွေးကောက်ပွဲ ဝင်လို့မရအောင်လည်း သူ့တပါတီတည်းအတွက် အထူးသီးသန့်စဉ်းစားပြီး ဥပဒေတွေနဲ့ ပိတ်ဆို့တားဆီး ကာရံပါတယ်။ ပါတီ တရားဝင် ရပ်တည်လို့ မရအောင် လည်း ဥပဒေသုံးပြီး ညစ်ပါတယ်။

အဲသလို အဘက်ဘက်က ပိတ်ဆို့ပြီးတဲ့နောက် ခုချိန်မှာတော့ ဘက်တဘက်မှာ လမ်းကျဉ်းကျဉ်းလေး တ ပေါက်ကို ဖွင့်ပေးလိုက်ပါတယ်။ အဲဒီလမ်းကျဉ်းကျဉ်းလေးဆီကို မသွားဘဲ မနေနိုင်အောင် တခြားဘက်တွေ ကနေ ဝိုင်းဝန်းခြောက်လှန့်ပေးနေတဲ့ အလုပ်ကိုလည်း လုပ်နေပါတယ်။ ပြည်ထဲရေးဝန်ကြီးက NLD ဟာ တ ရားမဝင်တော့တဲ့ ပါတီပါလို့ ပြောတာဟာ ခြောက်ထုတ်ပေးနေတာပါ။ “သဘောထားတင်းမာတဲ့သူတွေက အ ခြေအနေတွေ နောက်ပြန်ဆုတ်အောင် လုပ်နေတယ်” လို့ The voice ဂျာနယ်က ပြောတာကလည်း ခြောက် ထုတ်ပေးနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတခုရဲ့ ခေါင်းဆောင်သာမက အမျိုးသားခေါင်းဆောင် ဖြစ်ပါတယ်လို့ ပြောတာဟာလည်း ဒေါ်စုကို NLD နဲ့ ခွဲထုတ်နေတာပါ။ ဒါတွေအားလုံးဟာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ NLD ကို လမ်းကျဉ်းလေးထဲ မဝင်၊ ဝင်အောင် ခြောက်လှန့်ပို့ဆောင်ပေးနေတဲ့ နည်းလမ်းတွေ ဖြစ်ပါ တယ်။

အဲဒီ လမ်းကျဉ်းကျဉ်းလေးကနေ သွားရင် ရောက်မယ့်နေရာက ဆင်ဖမ်းတဲ့ ကျုံးကြီးထဲကို ဖြစ်ပါတယ်။

ဖွင့်ပေးလိုက်တဲ့ လမ်းကျဉ်းလေးက ပါတီ မှတ်ပုံတင်ရေး လမ်းကျဉ်းဖြစ်ပြီး မောင်းပို့နေတဲ့ ကျုံးကြီးကတော့ ၂၀၀၈ အခြေခံဥပဒေကျုံးကြီး ဖြစ်ပါတယ်။

ပါတီမှတ်ပုံတင်ရေး ဥပဒေမှာ “ထိန်းသိမ်းစောင့်ရှောက်” အစား “လေးစားလိုက်နာ” လို့ ပြင်ပေးလိုက်ပါတယ်။ “ထိန်းသိမ်းစောင့်ရှောက်” နဲ့ “လေးစားလိုက်နာ” ဆိုတာ တကယ်တော့ သိပ်မကွာလှပါဘူး။ ဒါပေမယ့် အဖွဲ့ ချုပ်ခေါင်းဆောင်တွေအနေနဲ့ကတော့ “ထိန်းသိမ်းစောင့်ရှောက်” ရမယ့်အစား “လေးစားလိုက်နာ” ရုံက တော် သေးတယ်လို့ ဆိုပါတယ်။ လိုက်နာတာကတော့ ပြဌာန်းထားတဲ့ ဥပဒေတရပ်ကို နိုင်ငံသားတိုင်း လိုက်နာရမှာ ပဲလို့လည်း ဆိုပါတယ်။ အများပြည်သူ သဘောမတူတဲ့ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန် ကြ ဆိုတဲ့စကားနဲ့ အခုစကားဟာ ဘယ်လောက်တောင် ကွာခြားလှပါသလဲ။ နိုင်ငံသားကောင်းပီသစွာ ဥပဒေ မှန်သမျှကို တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ အမြဲတမ်း လိုက်နာမယ်လို့ တရားသေ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ဥပဒေဘောင်တွင်းက NLD ပါတီကြီးကို အစိုးရက ဥပဒေ တမျိုးပြီး တမျိုးထုတ် အရူးလုပ်နေပါ လိမ့်မယ်။

ထားပါတော့။ ဒီ “လေးစားလိုက်နာ” ဆိုတဲ့ စကားလုံးကို အကျယ်မဆွေးနွေးတော့ပါဘူး။ ဒီစကားလုံးနှစ်လုံး အဓိပ္ပာယ်ခြားနားမှု ရှိမရှိဆိုတာဟာ သူတို့လက်ထဲမှာပါ။ ဒီအစိုးရလက်ထက်မှာ ဥပဒေဆိုတာ မျှော့ကြိုးပါ။ ဒီ့ထက်မကတဲ့ စကားလုံးတွေကိုလည်း လိုသလို ချုံ့ခဲ့၊ ချဲ့ခဲ့ဖူးပါပြီ။

နောက်တချက်က ထောင်ကျနေတဲ့သူတွေကို ပါတီထဲကနေ ထုတ်ပစ်ဖို့ မလိုတော့ဘူးဆိုတဲ့ အချက်ပါ။ မှန်ပါ တယ်။ ဒီအချက်ကတော့ အစိုးရဘက်က တကယ်လိုက်လျောလိုက်တဲ့အချက်ပါ။ သူတို့ ဖွင့်ပေး၊ ဟပေးလိုက် တဲ့ လမ်းလို့လည်း ဆိုနိုင်ပါတယ်။ ငါးမျှားချိတ်မှာ သူတို့ တပ်ပေးဆင်ပေးလိုက်တဲ့ အစာလည်းဖြစ်ပါတယ်။ (ဒါပေမယ့် တချို့ပြောဆိုနေကြသလို ထောင်ကျနေသူတွေ ရွေးကောက်ပွဲဝင်နိုင်မယ်၊ မဲပေးနိုင်တော့မယ် ဆို တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဥပဒေက သပ်သပ်ပါ။ အဲဒီမှာ ဘာမှ ပြင်မပေးပါဘူး။)

ဥပဒေကို ပြင်ဆင်လိုက်တဲ့နေရာမှာ အဓိကကျတဲ့ အချက်တချက် ရှိပါတယ်။ အဲဒါကတော့ မှတ်ပုံတင်ပြီးရင် ကြားဖြတ်ရွေးကောက်ပွဲမှာတောင် သုံးနေရာ မဖြစ်မနေရ ရွေးကောက်ပွဲဝင်ရမယ်ဆိုတာပါပဲ။ (ဒီအချက်ကို သေသေချာချာ ဖတ်ကြည့်စေချင်ပါတယ်။ တချို့ နားလည်မှု လွဲနေကြပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ မဝင်မနေရလို့ ပြောတာပါ။) ဒါကိုကြည့်ရင် အစိုးရက ဘာလိုချင်နေတယ် ဆိုတာ အရှင်းကြီးပါ။ ၂၀၁၅ အထိတောင် မစောင့်နိုင်ဘူး၊ အခု ကြားဖြတ်ရွေးကောက်ပွဲမှာပဲ ချက်ချင်း ရွေးကောက်ပွဲဝင်ရမယ်၊ မ ဝင်ရင်တော့ မှတ်ပုံတင်ခွင့် မပေးနိုင်ဘူးဆိုတဲ့ သဘောထားဟာ အထင်အရှားပါပဲ။

မှတ်ပုံတင်ရင် ဘာဖြစ်မလဲ

ဒီဥပဒေအရ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ပါတီခေါင်းဆောင်အားလုံးသာမက ပါတီဝင်တိုင်း ဟာလည်း လက်မှတ်ရေးထိုးကြရမှာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းပုဒ်မ ၁၂ (က) အပိုဒ်ခွဲ ၆ ၊ ပုဒ်မ ၁၀ (ဈ) (ဥပဒေ ပြင်ဆင်ချက်မှာ ပုဒ်မ ၁၀ (ဇ) အဖြစ်ပြောင်းလဲထား) တို့အရ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ လက်မှတ်ရေးထိုးမထားတဲ့ သူကို ပါတီက သိပါလျက်နဲ့ ထုတ်ပယ်မပစ်ဘဲ လက်ခံထားခဲ့ရင် အဲဒီပါတီကိုယ်တိုင်ဟာ တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့် ဆုံးရှုံးမှာဖြစ်ပါတယ်။

ဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မှတ်ပုံတင်ပြီးရင် “အခြေခံဥပဒေကို မလေးစား မလိုက်နာနိုင်တဲ့သူ တွေ ပါတီကထွက်ကြ” လို့ အမိန့်ထုတ်ရတော့မှာပါ။ အဲသလို အမိန့်မထုတ်ရင် ဥပဒေကြောင်းအရကတော့ ပါတီအနေနဲ့ ရထားတဲ့ မှတ်ပုံတင်ခွင့်လေးက ပြန်ဆုံးရှုံးရဦးမှာပါ။

ဒါပေမယ့် အခြေခံဥပဒေကို မလေးစား မလိုက်နာနိုင်တဲ့သူတွေ ပါတီကထွက်ကြလို့ ပြောရင် အဲဒီပါတီဟာ ဒီ မိုကရေစီကျတဲ့ပါတီ ဖြစ်နိုင်ပါဦးမလား။ လွတ်လပ်စွာ အမြင်ကွဲလွဲခွင့်မရှိတဲ့ပါတီဟာ ဒီမိုကရေစီပါတီ ဖြစ်နိုင် ပါဦးမလား။ စစ်အစိုးရ အလိုကျ အခြေခံဥပဒေကို လေးစားလိုက်နာဖို့ ငြင်းဆိုတဲ့သူကို ပါတီက ထုတ်ပယ်ရ မယ်ဆိုရင် ဒီပါတီဟာ ဒီမိုကရေစီပါတီလို့ ဆိုနိုင်ပါတော့မလား။ ဒါဟာ အလေးအနက် စဉ်းစားသင့်တဲ့ အချက် ဖြစ်ပါတယ်။ ပါတီမှတ်ပုံတင်ခွင့်နဲ့ ပါတီရဲ့ဒီမိုကရေစီအနှစ်သာရကို လဲလှယ်ပေးရမယ်ဆိုရင် ဘာကို ရွေးချယ် ကြမလဲ။ အားလုံးစဉ်းစားကြဖို့ပါ။ မှတ်ပုံတင်လိုက်တဲ့ ပါတီဟာ တချိန်က ကျနော်တို့ တလေးတစား မဲပေးခဲ့ ကြတဲ့ NLD နဲ့ တူနိုင်ပါဦးမလားဆိုတာ ကျနော်တို့ စဉ်းစားစရာဖြစ်လာမှာပါ။

ဒါကို စကားကပ်ပြောနေတယ်လို့ ယူဆလို့မရပါဘူး။ မှတ်ပုံတင်ပြီးရင် အခြေခံဥပဒေကို လေးစားလိုက်နာပါ မည်လို့ လက်မှတ်ရေးထိုးဖို့ ငြင်းဆိုတဲ့သူကို ပါတီက ထုတ်ပယ်ပေးဖို့ စစ်အစိုးရမှာ တောင်းဆိုခွင့်ရှိပါတယ်။ ဥပဒေအရ မည်သို့ပင်ဆိုသော်ငြား ဦးသိန်းစိန်ကတော့ စိတ်ကောင်းနှလုံးကောင်းနဲ့ မသိချင်ယောင်ဆောင် နေပါလိမ့်မယ်လို့ ယူဆ (assume လုပ်) ပြီး မှတ်ပုံတင်လိုက်လို့ မဖြစ်ပါ။ ဖြစ်နိုင်ခြေရှိတာ အားလုံးကို ထည့် သွင်းစဉ်းစားဖို့ လိုပါလိမ့်မယ်။

ဒီတော့ တကယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မှတ်ပုံတင်လိုက်မယ်ဆိုရင် ပါတီတခုလုံးဟာ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာသော ပါတီဖြစ်သွားပြီလို့ ဆိုရပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ ဦးခင်မောင်ဆွေရဲ့ NDF ပါတီလို ဖြစ်လာပါလိမ့်မယ်။

၉၀ ရလဒ် စွန့်ပြီလား

အဆိုးဆုံးအချက်က ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ ဝင်ပြိုင်ရမယ်ဆိုတဲ့ အချက်ပါ။ မူလဥပဒေအရဆို ရင် ၂၀၁၅ ခုကျမှ ရွေးကောက်ပွဲ ဝင်မဝင် ဆုံးဖြတ်ရမှာပါ။ ခုတော့ အဲဒီအထိ မစောင့်နိုင်လို့ ကြားဖြတ်ရွေး ကောက်ပွဲမှာ မဝင်မနေရဆိုပြီး ဥပဒေကို ပြင်လိုက်ပါတယ်။ ဒီလို တဘက်စောင်းနင်း ဥပဒေထွက်လာတာကို ကြည့်ရင် လွှတ်တော်ကို သူတို့ထင်သလို လုပ်နေတယ်ဆိုတာလည်း အထင်အရှားပါပဲ။

မှတ်ပုံတင်ရစေဦးတော့၊ ရွေးကောက်ပွဲ မဝင်ရဘူးဆိုရင်တောင် အခြေအနေက သိပ်အဆိုးကြီး မဟုတ်သေးပါ ဘူး။ ခုတော့ မှတ်ပုံတင်ချင်ရင် ရွေးကောက်ပွဲ ဝင်ကိုဝင်ရမယ်ဆိုတဲ့ အချက်ကို ဥပဒေအသစ် ပြင်ထည့်သွင်း လိုက်တဲ့အချက်ဟာ NLD ကို မကွဲကွဲအောင် တမင်သွေးထိုးတာဖြစ်ပါတယ်။ NLD ကို ၂၀၀၈ ခုအခြေခံဥပဒေ အောက် မရောက်ရောက်အောင် ဇွတ်ပို့နေတာလည်း ဖြစ်ပါတယ်။

ဦးဝင်းတင်က ပါတီမှတ်ပုံတင်တာနဲ့ ရွေးကောက်ပွဲဝင်တာကို သီးခြားစီ ခွဲစဉ်းစားရမယ်လို့ ဒီဥပဒေမူကြမ်းကို စတင် တင်သွင်းစဉ်အခါတုန်းက မီဒီယာမှာ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့အစိုးရဟာ NLD ကို အဲဒီအခွင့် အရေး ပေးမှာမဟုတ်ပါဘူး။ မပေးချင်လို့ ဥပဒေထဲမှာ အပိုဒ်သစ် တမင်ထပ်တိုးထားတာပါ။

ဒီတော့ ပြင်ဆင်ထားတဲ့ ဥပဒေနဲ့အညီ NLD ဟာ ပါတီ တရားဝင် ရပ်တည်ချင်ရင် ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ ဝင်ပြိုင်ရပါမယ်။ အဲသလို သုံးနေရာ ဝင်ပြိုင်လိုက်ရင် ၉၀ ရွေးကောက်ပွဲရလဒ်ကို တရားဝင် စွန့် လွှတ်ပြီးသား ဖြစ်သွားပါပြီ။ ကြားဖြတ်ရွေးကောက်ပွဲလည်း ဝင်ပြိုင်ဦးမယ်၊ ၉၀ ရလဒ်လည်း မစွန့်နိုင်ဘူးဆိုပြီး လုပ်နေလို့ မရပါ။

ဒါကိုသိလို့လည်း အစိုးရက သုံးနေရာမှာ မဖြစ်မနေ ဝင်ပြိုင်ခိုင်းနေတာပါ။

NLD ကို ကြားဖြတ်ရွေးကောက်ပွဲမှာ မဝင်မနေရအတင်းဝင်ခိုင်းနေပေမယ့် နေရာများများမှာ ဝင်ပြိုင်ခွင့်လည်း မပေးချင်ပါဘူး။ နေရာများများမှာ ဝင်ပြိုင်ပြီး NLD တော်တော်များများ လွှတ်တော်ထဲရောက်လာမှာကိုလည်း တဘက်က ကြောက်ပါသေးတယ်။ ကြည့်ပါ။ NLD ပါတီကို နေရာ ၇၀-၈၀ မှာ ဝင်ပြိုင်ခွင့်ပေးရမှာစိုးလို့ လော လောလတ်လတ်မှာကိုပဲ ဥပဒေပြင်ဆင်ဖို့ မူကြမ်းတခု လွှတ်တော်မှာ တင်နေပါတယ်။ လစ်လပ်နေရာ ၇၀- ၈၀ မကျန်အောင်လုပ်မယ့် ဥပဒေပါ။ သမ္မတတို့၊ ဝန်ကြီးတို့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက် ပေးရမယ်ဆိုတဲ့ မူလဥပဒေကို ပြင်ဆင်ဖို့ မူကြမ်းတင်နေတာဖြစ်ပါတယ်။ သမ္မတတို့၊ ဝန်ကြီးတို့ဟာ လွှတ် တော်ကိုယ်စားလှယ် ဆက်ဖြစ်နေရင် ကြားဖြတ်ရွေးကောက်ပွဲမှာ သူတို့နေရာတွေ မလပ်တော့အောင်လုပ် တာပါ။ လစ်လပ်မယ့်နေရာ နည်းသွားအောင် လုပ်နေတာပါ။ NLD ကို အရိုးအရင်းလေးကိုက်ဖို့ ပေးရမှာကို တောင် မသဒ္ဓါသေးလို့ အရိုးမှာကပ်နေတဲ့ အသားလေးကို ခြစ်ယူနေတဲ့ လုပ်ရပ်ပါ။ သမ္မတကြီးရဲ့စေတနာကို ဒါလောက်ဆိုရင်ပဲ နားလည်ဖို့ကောင်းလှပါပြီ။

NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာတချို့ကို မစို့မပို့ ပေးလိုက်ရုံနဲ့ တသက်လုံး အရှက်ကွဲခဲ့ရရုံ သာမက အမျိုးမျိုး ခြောက်လှန့်နေခဲ့တဲ့ အဲဒီ ၉၀ အိပ်မက်ဆိုးကြီး ပျက်ပြယ်သွားအောင်လုပ်ရေးဟာ အစိုးရရဲ့ ရည်မှန်းချက်ပါ။ အဲသလိုသာ ရသွားမယ်ဆိုရင် စစ်အစိုးရအတွက်တော့ သိပ်အရတော်လှတယ်လို့ ဆိုရမှာပါ။

မှတ်ပုံမတင်ရင် ဘာဖြစ်မလဲ

အခု ရွေးရမယ့်လမ်းက နှစ်လမ်းပါ။ မှတ်ပုံတင်မလား၊ ဒါမှမဟုတ် မှတ်ပုံမတင်ဘူးလား။

မှတ်ပုံမတင်ရင် ကြံ့ခိုင်ရေးအစိုးရ၊ စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ အခြေခံဥပဒေတို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရှေးယခင်ကအတိုင်း ရန်သူလို သဘောထားပါလိမ့်မယ်။ နောက်ဆုံးအဆင့်မှာ ဒေါ်အောင်ဆန်းစု ကြည်ကို ပြန်ဖမ်းပြီး အကျယ်ချုပ်ချ၊ နိုင်ငံရေးသမားတွေ အကုန်လုံး ပြန်ဖမ်းပြီးထောင်ချ၊ သေနတ်မိုး ဓားမိုး အုပ်ချုပ်တဲ့ အခြေအနေဆီ ပြန်ရောက်ချင်ရောက်ပါလိမ့်မယ်။ ဒီမိုကရေစီသမားတွေအနေနဲ့ အဲသလို ပြန်ဖြစ် မှာ စိုးရိမ်လို့ NLD ကို မှတ်ပုံတင်စေချင်ကြတယ်ဆိုတာကိုလည်း ကျနော် နားလည်ပါတယ်။ ဒါပေမယ့် မှတ်ပုံ တင်ပြီးရင်၊ ရွေးကောက်ပွဲဝင်ပြီးရင်ရော ဒါမျိုးတွေကို ရှောင်လွဲနိုင်ပြီလို့ ဆိုနိုင်ပါသလား။

စစ်အာဏာရှင်စနစ် တည်ရှိမှုကို ခြိမ်းခြောက်နေသမျှမှာ စစ်အစိုးရဟာ ဖိနှိပ်မှုတွေကို လုပ်နေဦးမှာပါ။ ဒါက စစ်အစိုးရဘက်က ရှောင်လွှဲမရတဲ့ ဘဝပေးအခြေအနေပါ။

ကျနော်တို့ဘက်က အခြေအနေကိုလည်း ကြည့်ရအောင်။ ဒီမိုကရေစီကို လိုလားနေသမျှမှာ ကျနော်တို့ဟာ စစ်အာဏာရှင်စနစ် တည်ရှိမှုကို ခြိမ်းခြောက်နေရမှာပါ။ ဒါကိုလည်း ကျနော်တို့ဘက်က ရှောင်လွှဲလို့မရပါ။

ဒါဟာ ဒီမိုကရေစီနဲ့ စစ်အာဏာရှင်ကြားက ရှောင်လွှဲမရတဲ့ ပဋိပက္ခပါ။ ဒါ့ကြောင့် ဒီမိုကရေစီအရေးကို လက်မ လွှတ်သေးသမျှမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းမယ့်အန္တရာယ်၊ နိုင်ငံရေးသမားတွေကို ဖမ်းမယ့်အန္တရာယ် ကို ကျနော်တို့ ရှောင်လွှဲမရ၊ ရင်ဆိုင်နေရဦးမှာပါ။

“ကိုယ့်မှာ စစ်အစိုးရကို ယှဉ်တိုက်နိုင်မယ့် လက်နက်အင်အားလည်း မရှိဘူး၊ လမ်းပေါ်ထွက် ဆန္ဒပြရင်လည်း စစ်အစိုးရက ပစ်သတ်မှာပဲ၊ ဒါ့ကြောင့် စစ်အစိုးရနဲ့ ပြေပြေလည်လည် ဆက်ဆံတဲ့နည်းက အကောင်းဆုံးပါလို့ တချို့က ဆိုကြပါတယ်။ ဒါဟာ အစိုးရအကြိုက် အတွေးအခေါ်ပါ။ အစိုးရ ဖြန့်ပေးနေတဲ့ အတွေးအခေါ်ပါ။ ပိုပြီး တိကျအောင် ပြောရရင် တတိယအုပ်စုကနေတဆင့် ဖြန့်ပေးနေတဲ့ အတွေးအခေါ်ပါ။”

တတိယအုပ်စုများက ကျနော်တို့ကို အကြံပေးနေတာက “ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်၊ ဗိုလ်တင်အောင်မြင့်ဦး တို့ရဲ့ အသက် အိုးအိမ် စည်းစိမ်ကို မထိခိုက်စေရ၊ စစ်အာဏာရှင်စနစ်ကိုသာ ကျနော်တို့ ဖြိုချမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ဗိုလ်ကြီးများ မစိုးရိမ်ကြပါနဲ့ ကျနော်တို့ကို ယုံကြည်ကြပါ” လို့ ပြောခိုင်းနေတာဖြစ်ပါတယ်။ ဒီလို ပြောရင် ပြေလည်သွားနိုင်မယ်လို့ တတိယအုပ်စုက တွေးပုံရပါတယ်။ တတိယအုပ်စုဟာ စစ်အာဏာရှင်ရဲ့ အင်အားကို ပိုတွက်ပြီး ကြောက်ရွံ့ကြပေမယ့် စစ်အာဏာရှင်စနစ်ရဲ့ အတွေးအခေါ်ကိုတော့ လျှော့တွက်နေ ပါတယ်။ စစ်အာဏာရှင်တွေဟာ တကယ်တော့ သူတို့ထင်သလို သူတို့ရဲ့အသက်အန္တရာယ်ကို ကြောက်လို့ အာဏာမစွန့်နိုင်တာ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကနေ ဆံခြည်တမျှင်မှ လျှော့မပေးနိုင်လို့ တင်းခံနေ တာပါ။

အစိုးရဘက်က နားလည်မှု ရှိလာနိုး၊ ပြောင်းလဲလာနိုး မျှော်လင့်ပြီး ကိုယ့်ဘက်က တဆင့်ပြီး တဆင့် ကျနော် တို့ အလျှော့ပေးသွားမယ်ဆိုပါတော့။ နောက်ဆုံး အားလုံးလျှော့ပြီးသွားတဲ့အချိန်မှာ ဘာမှဖြစ်မလာရင် ကျ နော်တို့ ဘာလုပ်ကြမလဲ။ အဲဒီအချိန်ကျမှ နောက်ပြန်ဆုတ်ချင်တယ်ဆိုရင် ကျနော်တို့အတွက် ဆုတ်လမ်းရှိ တော့မှာ မဟုတ်ပါ။ အဲဒီဆုတ်လမ်းမရှိတော့တဲ့ အခြေအနေရောက်အောင် စစ်အစိုးရက တွန်းပို့နေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မဖမ်းဖို့၊ နိုင်ငံရေးသမားတွေကို မဖမ်းဖို့၊ ပြည်သူတွေကို မနှိပ်စက်ဖို့အတွက် စစ်အစိုးရကို ချော့နေမှ ဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ရဲ့ နိုင်ငံရေးဟာ တခုခုတော့လွဲနေပြီလို့ ဆိုရတော့မှာ ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မဖမ်းရဲအောင်၊ နိုင်ငံရေးသမားတွေကို မဖမ်းရဲအောင် လုပ်နိုင်မှသာ ကျနော် တို့အတွက် အစစ်အမှန် လုံခြုံမှုကို ရနိုင်မှာပါ။

ကိုယ့်ရဲ့လုံခြုံရေးဟာ စစ်အစိုးရရဲ့ စိတ်ကောင်းနှလုံးကောင်း ရှိမရှိအပေါ်မှာ မှီခိုနေရတယ်ဆိုရင် အဲဒါကို တ ကယ်လုံခြုံတယ်လို့ မဆိုနိုင်ပါဘူး။ အဲဒါမျိုးကို ကျားသနားမှ နွားချမ်းသာမယ့် လုံခြုံရေးလို့သာ ဆိုနိုင်ပါလိမ့် မယ်။

ကိုယ့်မှာ စစ်အစိုးရကို ယှဉ်တိုက်နိုင်မယ့် လက်နက်အင်အားလည်း မရှိဘူး၊ လမ်းပေါ်ထွက် ဆန္ဒပြရင်လည်း စစ်အစိုးရက ပစ်သတ်မှာပဲ၊ ဒါ့ကြောင့် စစ်အစိုးရနဲ့ ပြေပြေလည်လည် ဆက်ဆံတဲ့နည်းက အကောင်းဆုံးပါလို့ တချို့က ဆိုကြပါတယ်။ ဒါဟာ အစိုးရ အကြိုက် အတွေးအခေါ်ပါ။ အစိုးရ ဖြန့်ပေးနေတဲ့ အတွေးအခေါ်ပါ။ ပို ပြီး တိကျအောင် ပြောရရင် တတိယအုပ်စုကနေတဆင့် ဖြန့်ပေးနေတဲ့ အတွေးအခေါ်ပါ။ စစ်အစိုးရနဲ့ မပြေ လည်ချင်လို့ ပြောနေတာ မဟုတ်ပါဘူး။ အခုပြောတဲ့ ပြေလည်နည်းဟာ ကျားသနားမှ နွားချမ်းသာမယ့် ပြေ လည်နည်း ဖြစ်နေလို့ ပြောနေတာပါ။ စစ်အစိုးရ စိတ်ကောင်းနှလုံးကောင်းရှိမှ ချမ်းသာရမယ့် နည်းလမ်းဖြစ် နေပါတယ်။ တကယ်တမ်း စစ်အစိုးရသာ စိတ်ကောင်းနှလုံး ကောင်းရှိနေရင် တွေ့ဆုံဆွေးနွေးနေစရာတောင် မလိုပါဘူး။ ဒီမိုကရေစီ ရပြီးတာ ကြာလှပါပြီ။ “စစ်အစိုးရက မယုံနိုင်သေးလို့ပါ၊ သူယုံကြည်လာအောင် လုပ်ရ မယ်” လို့ တတိယအုပ်စုတွေက ပြောနေပါတယ်။ ဟုတ်ကဲ့။ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံလိုက်မှသာ စစ်အစိုးရက ယုံကြည်နိုင်မှာပါ။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ခိုင်းနေသေးသမျှမှာ စစ်အစိုးရက ယုံကြည်နိုင် မှာ မဟုတ်ပါဘူး။ ဒီသဘောထားကို စစ်အစိုးရက အကြိမ်ကြိမ်ပြသပြီးပါပြီ။ ၂၀၀၈ အခြေခံဥပဒေကို ထောက် ခံလို့ကတော့ ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမဆို လက်ခံပါတယ်။ ကုန်ကုန်ပြောရရင်၊ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကိုတောင် ၂၀၀၈ အခြေခံဥပဒေကို လက်ခံမယ်ဆိုရင် စစ်အ စိုးရက ကြိုဆိုမှာပါ။ ဒါပေမယ့် ဒါဟာ ကျနော်တို့ ရွေးချယ်သင့်တဲ့ လမ်းမဟုတ်ပါဘူး။ ဒီမိုကရေစီသမားရဲ့ လမ်းမဟုတ်ပါဘူး။ တတိယအုပ်စုတို့၊ ဗဟုတို့ရဲ့ လမ်းပါ။

NLD မှတ်ပုံတင်ရင်တော့ စစ်သား တမတ်သားပါဝင်တဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကို ကြားဖြတ်ရွေး ကောက်ပွဲအပြီးမှာ လူနည်းစုအဖြစ် ပါဝင်ပူးပေါင်းရပါလိမ့်မယ်။

ဒါ့အပြင် စစ်အစိုးရဟာ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကို လာပါလာပါ လက်ယပ်ခေါ်ပေမယ့် တကယ်တမ်း ဝင်ရောက်လာတဲ့အခါ ဦးထွန်းအောင်ကျော်တို့လို စစ်အစိုးရသတင်းစာတွေထဲမှာ ဆောင်းပါးရေးနေတဲ့ နိုင်ငံ ရေးသိပ္ပံ ဘောဂဗေဒ ကျောင်းတော်သားကြီးတွေ၊ ကိုအေးလွင်တို့လို စီးပွားရေးပိတ်ဆို့မှု ဖွင့်ပေးဖို့ တောင်း ဆိုပေးသူတွေကိုတောင်မှ မျက်နှာသာမပေး နေရာမပေးဘူး ဆိုတာကိုလည်း သတိထားဖို့ လိုပါတယ်။ တ ကယ်တမ်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ NDF အခုဘာဖြစ်နေသလဲဆိုတာကိုလည်း ကြည့်ဖို့လိုပါမယ်။ ရွေးကောက် ပွဲဝင်ခဲ့တဲ့ NDF ဟာ ရွေးကောက်ပွဲမဝင်တဲ့ NLD လောက်တောင် နိုင်ငံရေးလုပ်ခွင့်ရပါရဲ့လား။ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ NDF ကို ရွေးကောက်ပွဲမဝင်တဲ့ NLD လောက်တောင်မှ စစ်အစိုးရက အရေးတယူ ဆက်ဆံပါရဲ့လား။

မှတ်ပုံတင်လိုက်ရင် အစိုးရနဲ့ ပြေလည်ချင် ပြေလည်ပါလိမ့်မယ်။ အစိုးရနဲ့ ပြေလည်ဖို့ အဓိက၊ အစိုးရနဲ့ နား လည်မှုရဖို့က အဓိက ဆိုရင်ဖြင့် မှတ်ပုံတင်တဲ့ နည်းလမ်းဟာ အကျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် စစ်အစိုးရနဲ့ ပြေ လည်ပြီးရင် ဒီမိုကရေစီစနစ်ဆီကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းသွားမှာလား။ ဒါမှမဟုတ် စစ်အာဏာရှင်စ နစ်ထဲကို ငြိမ်းချမ်းစွာ ပေါင်းစည်းသွားမှာပါလား။

အန္တရာယ်ရှိတာကတော့ မှတ်ပုံတင်လိုက်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေအောက်ကို ချည်ပြီးတုပ်ပြီး အနေ အထားနဲ့ ကျရောက်သွားနိုင်တဲ့ အန္တရာယ်ပါ။

ဒါ့ကြောင့် ဘယ်သူမဆို NLD မှတ်ပုံတင်သင့် မတင်သင့်ကို စဉ်းစားမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို တ ခေါက်လောက် ပြန်ဖတ်စေချင်တယ်လို့ အကြံပြုချင်ပါတယ်။

NLD ပါတီအတွက် အဓိက စိန်ခေါ်ချက် နှစ်ရပ်

အခုအချိန်မှာ NLD အတွက် နံပါတ်တစ်အရေးကြီးဆုံးအချက်က ပါတီမကွဲဖို့ပါ။ ပါတီသစ်ထောင်ဖို့ တိုက်တွန်း သူတွေ ရှိနေကြတာကိုလည်း အားလုံးအသိပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတခုရဲ့ ခေါင်းဆောင် မဖြစ် သင့်ဘူး၊ တမျိုးသားလုံးရဲ့ ခေါင်းဆောင်ဖြစ်သင့်တယ်လို့ ပြောနေကြတာလည်း အားလုံးအသိပါ။ တကယ် တော့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲထုတ်နေတာပါ။ မကွဲကွဲအောင် လုပ်နေတာပါ။ NLD အနေနဲ့ လူသိရှင်ကြား တရားဝင် ကွဲပြဲတာမျိုး မဖြစ်အောင် တားဆီးဖို့လိုသလို တက်ကြွ လှုပ်ရှားသူတွေ စိတ်ပျက်ပြီး ဘေးထွက်ထိုင်သွားတာမျိုး မဖြစ်အောင် ထိန်းသိမ်းဖို့လည်း လိုပါတယ်။ ကွဲတာ လူမသိစေချင်လို့ တချို့လူတွေ စိတ်ပျက်ပြီး ဘေးထွက်ထိုင်သွားကြမယ်ဆိုရင်လည်း တိုင်းပြည်အတွက်က တော့ နစ်နာဆုံးရှုံးတာပါပဲ။

NLD အတွက် နံပါတ်နှစ် အရေးကြီးတဲ့ အချက်က ၂၀၀၈ အခြေခံဥပဒေလက်အောက်ကို ချည်ပြီးတုပ်ပြီး ကျ ရောက်သွားတဲ့အဖြစ်မျိုး မဖြစ်ဖို့ပါ။ ၂၀၀၈ အခြေခံဥပဒေ ပင်စည်ကို၊ ကျောရိုးကို ပြင်ခွင့်မရတော့ဘဲ သူ့ ဘောင်ထဲဝင်၊ သူ့အရိပ်ကို ခိုပြီး ဟိုအကိုင်းလေးခုတ်ဖို့ ကြိုးစားလိုက်၊ ဟိုအတက်ကလေး ချိုးဖို့ ကြိုးစားလိုက် လုပ်ရင်း တနိုင်ငံလုံး စစ်ကျွန်ဘဝကို အကာအကွယ်မဲ့ ကျရောက်သွားမယ့်အဖြစ်ကို ရှောင်ရှားနိုင်ဖို့ အရေး ကြီးပါတယ်။ အဲသလို အခြေအနေမျိုးဖြစ်သွားရင် ပါတီဟာ နိုင်ငံရေးအညွန့်တုံးတဲ့ ဘဝကို ရောက်သွားမှာပါ။

နိုင်ငံရေးပါတီတခုဟာ မူကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ရင် အစိုးရဖျက်ပေမယ့် လွယ်လွယ်နဲ့ မပျက်ပါဘူး။ မူပျောက်ရင် ပါတီအလိုလို သေးသိမ် မှေးမှိန်ပြီး တဖြည်းဖြည်း လုံးပါးပါး ပျောက်ကွယ်တတ်ပါတယ်။ မြန်မာ့ သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ အဲသလို အစဉ်အလာ နမူနာတွေ အများကြီး ရှိပါတယ်။

၂၀၀၈ အခြေခံဥပဒေသည်သာ အခရာ

လွှတ်တော်ထဲမှာ စစ်သား တမတ်သား ပါဝင်မှာကို သဘောတူရင်၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီက အချိန်မရွေး အာဏာသိမ်းမှာကို သဘောတူရင် NLD မှတ်ပုံတင်တာကိုလည်း ထောက်ခံလို့ ရပါ ပြီ။ အဲဒါတွေကို သဘောမတူနိုင်ရင်တော့ NLD မှတ်ပုံတင်ရေးဟာ ရင်လေးစရာကြီးပါ။ ဒီမိုကရေစီပါတီ ဆို တာ တရားဝင် မှတ်ပုံတင်ရမှာပဲဆိုတဲ့ အခြေခံလောက်ကို တွေးပြီး လွယ်လွယ်မဆုံးဖြတ်ကြစေလိုပါ။

စစ်အစိုးရအဖို့မှာတော့ ၂၀၀၈ အခြေခံဥပဒေကို ရထားတာဟာ လိုတရ ဆေးကြိမ်လုံးကို ရထားသလိုပါပဲ။ နောက်ဆုံး ကုန်ကုန်ပြောရရင် ၂၀၁၅ မှာ NLD ရွေးကောက်ပွဲဝင်ပြီး တနိုင်ငံလုံးမှာ အနိုင်ရသွားရမယ်ဆိုပါ တော့ (ဥပမာ ပြောတာပါ၊ တကယ်တမ်းမှာ သူတို့ ဒါမျိုး နောက်တခါ ထပ်အဖြစ်မခံပါဘူး။ NLD မပါဘဲနဲ့ တောင် ၂၀၁၀ တုန်းက ဘယ်လောက် ရုပ်ပျက်ဆင်းပျက် မဲခိုးခဲ့သလဲဆိုတာ အားလုံးအသိပါ။ ) တကယ်လို့ ၂၀၁၅ မှာ NLD အနိုင်ရသွားရင်တောင်မှ ပြဿနာရှာပြီး အာဏာပြန်သိမ်းလိုက်ရင် ၂၀၀၈ ခု အခြေခံဥပဒေ အရ တရားဝင်နေပါသေးတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ သူတို့အတွက် အဲသလောက် အာမခံချက်ရှိပါ တယ်။ ဒါ့ကြောင့် ၂၀၀၈ ခုအခြေခံဥပဒေကြီးကို သိပ်တရားဝင်စေချင်နေတာပါ။ NLD ကိုယ်တိုင် လက်ခံထား တဲ့ အခြေခံဥပဒေပါလို့ နိုင်ငံတကာကို ပြောချင်နေတာပါ။ အဲသလို ပြောနိုင်ဖို့အတွက် အခုကြိုးစားနေတာပါ။

ဒီတော့ NLD ပါတီ မှတ်ပုံတင်မတင်ဆိုတဲ့ ပြဿနာရဲ့အဖြေဟာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံ မခံဆိုတဲ့ စိန်ခေါ်မှုသာဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

33 comments:

thayee said...

အန်တီစု ဟာ NLD ရဲ့ ခေါင်းဆောင်တင် မကပါဘူး ။ တမျိုးသားလုံးရဲ့ ခေါင်းဆောင်ပါ.. မှတ်ပုံတင်လို့ NLD ကွဲမယ်.. အန်တီစု အားလျော့သွားမယ်လို့ လုံးဝ မယုံကြည်နိုင်ပါ.. စာရေးသူများအနေနဲ့လည်း NLD ကို ဝေဖန်ရုံတင်မက ပဲ ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ propose plan ကို ချပြနိုင်ရင် ပိုကောင်းပါလိမ့်မယ်..

Tun Aung Kyaw said...

ကျွန်တော်တို့က ဘာနိုင်ငံရေးသမားလည်းမဟုတ်-ဘာစာမှလည်းမရေးတတ်ပါဘူး--ဝေဖန်ရေးလည်း သေသေချာချာမလုပ်တတ်ပါဘူး--ဒါပေမယ့် ဒီမိုကရေစီကိုလိုလားတယ် လွတ်လပ်မှု တရား မျှတမှုတွေကို လိုချင်ပါတယ်--လူမျီုးရေးတန်းတူမှုကို လိုလားပါတယ်။ဒါကို ဦးတင်ဦး-ဦးဝင်းတင်-ဦးညာဏ်ဝင်း နှင့်တကွ့ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားအခြားသော NLD ခေါင်းဆောင်တွေက အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းနေကြပါ တယ် -ဒါဟာ အမှန်တရားလို့မြင် ပါတယ်-ဒီတော့ သူတို့က ဘယ်လိုဆုံးဖြတ် ခေါင်းဆောငိတွေရဲ့နောက်မှာ အားလုံးညီညီညွတ်ညွတ် ရပ်တည်ဖို့က ကျွန်တော်တို့အလုပ်ဖြစ်ပါတယ်-ခေါင်းဆောင်တွေကို အပြစ်ပြောရတာ လွယ်ပါတယ်--ဒါပေမယ့် ခေါင်းဆောင်ဖို့ဆိုတာ မလွယ်ပါဘူး-ကျွန်တော့်အမြင်အရ NLD ခေါင်းဆောင်ကြီးတွေ ဆုံးဖြတ်တာကို ပြည်သူ တစ်ရပ်လုံး လက်ခံကြဖို့ ပါဘဲ။ ဒါမှ ခေါင်းဆောင်တွေကို အင်းအားဖြည့်ပေးရာရောက်ပါလိမ့်မယ်။

တံတားနီ said...

march လ မတိုင်ခင် ထိအောင်
နိုင်ငံချစ် အာဇာနည် များကို ဆက်လက် ထောင်ထဲ တွင် ထားရှိနေ သေးပါမူ
အဖြေ က~~~~~~~~

လင်္ကာ said...

ကောင်းတယ်ဗျာ။ဆောင်းပါးဖတ်လို့ ကောင်းပါတယ်။
ကိုဇော်ဝင်းရေးသလို
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကမှတ်ပုံမတင်ဘူး။
ရွေးကောက်ပွဲမ၀င်ဘူး ဗျာ။
၂၀၀၈ အခြေခံဥပဒေကိုသပိတ်မှောက်ပြီဗျာ။
အဲဒီအနေအထားမှာ
NLD ဘာဆက်လုပ်သင့်သလဲ။
ဒေါ်အောင်ဆန်းစုကြည်ကရော
ကျနော်တို့ ပြည်သူတွေကရော
ဘာတွေလုပ်ကြမလဲ။
ဘာတွေလုပ်သင့်ကြသလဲ။
????????????????????

ဒါတွေက ကိုဇော်ဝင်းဆောင်းပါးကိုဖတ်ပြီး
ခေါင်းထဲဝင်လာတဲ့အတွေးတွေပါ။
အဲဒီမေးခွန်းတွေကို ကိုဇော်ဝင်းဖြေပေးနိုင်
ရင်တော့ဖြေပေးစေချင်ပါတယ်။
ကျနော်တော့အဲဒီလောက်ဥာဏ်မမှီပါဘူး။
ကျနော်ကွန်မင့်တခါပေးဘူးပါတယ်။
ပုစ္ဆာလာမပေးပါနဲ့ ။ တွက်နည်းပေးပါလို့ ။
ဒီပုစ္ဆာက ဆယ်စုနှစ်နဲ့ ပေါက်အောင်ကို
ကျနော်တို့ တွက်ခဲ့ကြလို့ မေးခွန်းက
အလွတ်ရနေပါပြီ။
တွက်နည်းပဲလိုနေတာပါ။
၂၀၀၈ အခြေခံဥပဒေဟာလည်းမတရားတဲ့
ဥပဒေဆိုတာသဘောပေါက်ပါတယ်။
စစ်အစိုးရကလည်း ကဒါဖီလိုပါပဲ။
အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း နောက်ဆုံး ရုပ်ပျက်ဆင်းပျက်နဲ့ မှပဲ
မိုက်ဇတ်က သိမ်းသွားတာပါ။
စီတ်ကောင်းနှလုံးကောင်းနဲ့ 
ဘယ်တော့မှလျှော့မှာမဟုတ်ဘူးဆိုတာ
ကိုဇော်ဝင်းလိုပဲ ကျနော်တို့ ကောင်းကောင်း
သဘောပေါက်ပါတယ်။

ei ko said...

ဇော်ဝင်းကိုနယူးယော.မှာ လေဖေါဇော်ဝင်း ဆို၇င်အ
ကုန်သူသိတယ်။ပထမဆုံးယူတဲ.မိန်မကအင်္ကျီလျှော်
ဆိုင်မှာညသန်းခေါင်ထိလုပ်ပြီး basement လေးမှာနေ
ပြီး ၃၊၄ နှစ်လုပ်ကျွေးတယ်။ဇော်ဝင်းကကျောင်းတက်
သယောင်၊နိုင်ငံေ၇းလုပ်သယောင်ယောင်နဲ.အလုပ်အ
ကိုင်မလုပ်ဘဲ။နိုင်ငံေ၇းအစည်းအဝေးတွေမှာလေလိုက်
ဖေါတာမခံနိုင်တော.ပြေးသွားတယ်။အဲတာဗိုလ်ချူပ်
ကျော်ဘတို.ခေတ်က၊နောက်တ၇ုတ်မလေးတယောက်
နိုင်ငံေ၇းခိုလှူံဖို.လုပ်၇င်းအထင်ကြီးမိသွားလို.ကျပြန်
ေ၇ာ၊လပိုင်းဘဲခံတယ်။ဒီလိုနဲ.မိန်ခလေး၎ ယောက်
လောက်နွံနစ်ခဲ.တယ်။ဒီလိုနဲ. refugee အလုပ်နေ၇ာချ
ထားေ၇းမှာလုပ်ပြန်တယ်။အင်္ဂလိပ်စကားကိုလေလုံးကွဲ
အောင်မပြောတတ်တော.၁ လတောင်မခံဘူး။နောက်
စားစ၇ာမ၇ှိတော.မိုးသီဇွန်နောက်ကတပည်.ခံပြီးတော.
ထိုင်းကိုသွားလိုက်၊ဂျပန်ကိုသွားလိုက်လုပ်ပြီးနိုင်ငံတကာ
ကထောက်ပံငွေတွေသုံးဖြုံးတယ်။ဟိုကမသိတဲ.လူတွေ
ကတော.အမေ၇ိက၊ကလာတာဆိုပြီးအထင်ကြီးကြအုံး
မယ်။ဒီလိုဟိုေ၇ာင်ေ၇ာင်၊ဒီေ၇ာင်ေ၇ာင်ကောင်ကများဒေါ်
စုကိုဝေဖန်၇သေးတယ်။ချီးပေနေတဲ.ဖိနပ်နဲ.မျက်နှာကို
ုဖြတ်၇ိုက်လိုက်မယ်။

soe moe said...

ကျွန်တော်တို့အလုပ်ဖြစ်ပါတယ်-ခေါင်းဆောင်တွေကို အပြစ်ပြောရတာ လွယ်ပါတယ်--ဒါပေမယ့် ခေါင်းဆောင်ဖို့ဆိုတာ မလွယ်ပါဘူး-ကျွန်တော့်အမြင်အရ NLD ခေါင်းဆောင်ကြီးတွေ ဆုံးဖြတ်တာကို ပြည်သူ တစ်ရပ်လုံး လက်ခံကြဖို့ ပါဘဲ။
ကိုထွန်းအောင်ကျော် ပြောတာကို ၁၀၀ % ထောက်ခံပါတယ်။
ပြည်သူတွေစည်းလုံးရင် မအောင်မြင်စရာ ဘာမှ မရှိပါ။ စည်းလုံးမှုသည် အဓိက.

charlie said...

ထောက်ပြထားတာတွေကမှန်ကန်သော်လည်း၊မြန့်မာ့
အရေးကိုမျက်ချေမပြတ်လေ့လာဆောင်ရွှက်နေသူများ
အတွက်တော့ဘာမှမထူးဆန်းသော၊အားလုံးကသတိပြု
စောင့်ကြည့်နေသည်များသာဖြစ်ပေသည်။ပြောချင်တာ
ကတော့ခေါင်းစဉ်ကိုဖြစ်သည်၊လက်လဲမခံနိုင်ပါလုပ်ကြံမှု
တခုဟုမြင်မိပါသည်၊သို့မဟုတ်လမင်းကိုခွှေးဟောင်မှု
အသစ်တခုသာဖြစ်လိမ့်မည်၊ထွန်းအောင်ကျော်၊အေးလွှင်
တို့လိုလူမျိုးတွေကိုပင်ကြော်ငြာပေးသွားသလိုခံစားရပါ
သည်။

Zwe said...

Thanks for showing your concerns about Myanmar's future Ko Zaw Win. I am sure we all have the same common goal for Myanmar - that is to build a peaceful, prosperous and democratic Myanmar that respects human rights of all its people. To achieve that NLD and all democratic forces:

1. Must build capabilities and institutionalize their governance, leadership development and grass-roots building activities
2. Work constructively with key stakeholders to create conditions on the ground that will impact positively to the livelihood of people (poverty reduction, education, health, economic development etc.)

Once the above two things happen and gain momentum, moving Myanmar to democracy will be much easier.

For that reason, I prefer NLD to register the party and avoid another round of conflicts that will results in lose-lose situation for everyone. If another round of confrontations and conflicts happens, the people who suffer the most will be people of Myanmar. I don't want to see that happens and I hope you don't want to see that either.

Phoe Chit said...

ကိုထွန်းအောင်ကျော် ပြောတာ လက်ခံပါတယ်။ စစ်အစိုးရ လူလည်လုပ်တယ်၊ ပြည်သူအများစုက မခံချင်ဘူး။ သမရိုးကျ အတိုက်အခံ လုပ်လာကြတာ နှစ်ပေါင်း ကြာခဲ့တာ လွပ်လတ်ရေး ရပြီးကတည်းက ဒီနေ့အထိ။ ပြောပလောက်တဲ့ ထူးခြားမှု မရှိသလောက်ပဲ။ အဲဒီတော့ (ကျွန်တော့အထင်) ပူးပေါင်း ကြည့်တာ ကောင်းမလားလို့ ထင်မိတယ်။ ဘာပဲဖြစ်ဖြစ် အတိုက်အခံ အုပ်စုတွေ သွေးမကွဲဖို့ အရေးကြီးတယ်။ NLD မပြိုကွဲဖို့ လက်ရှိ ထောက်ခံ အားပေးသူတိုင်းမှာ တာဝန်ရှိပါတယ်။

mahathuriya : said...

Aung San Su Kyi နဲ့  NLD ကို အမေရိကန် ပြည်ထောင်စု က ..
ကိုယ်ပိုင်ရွေးချယ်စေပြီး...တည်ဆဲစနစ်မှာ..
္စဥပဒေနဲ့ အညီ..ပါဝင်စေလိုတဲ့ သဘော ထက်..ပိုပြီး..ဆန္ဒ..မရှိပါ..။

တော်လှန်ရေး ကိုလဲ အားပေးတော့မှာမဟုတ်ပါ..။


နှစ် ၂၀ ကျော် ဘာမှ မအောင်မြင် တဲ့
Aung San Su Kyi နဲ့  NLD ကို...
အမေရိကန် ပြည်ထောင်စု က ..
နောက်ဆုံးကျားကန်ပေးထားတာလေး ကို..
သိတတ်ပါ...

ပွဲထိန်း နဲ့  တယ်ကြက် အဖြစ်..
အသုံးချခံလာပြီးမှ...
လူထု ကို ခေါင်းဆောင်နေပါတယ်လို့ ..
အော်နေတာ...မရှက်ဘူးလား..

ပုဂ္ဂိုလ်ရေးဆည်းကပ်ကိုးကွယ်မှု နဲ့  ဒီမိုကရေစီ..
ဆိုတာ..ပကတိ ဆန့် ကျင်ဘက် ပါ..
မြေရှင်စံနစ်ရဲ့ ဓလေ့စရိုက်ဆိုးသာ ဖြစ်ပြီး..
အာဏာရှင်လက်သစ်..တင်မြှောက်ရေးလမ်းစဉ်..
သာဖြစ်တယ်..ဆိုတာ..သဘောပေါက်ပါ..။


http://www.uspolicy.be/headline/briefing-ambassador-mitchell-new-us-special-envoy-burma

Misty said...

နေ၇ာပြောက်မှာ စိုးလို့ သွေး၇ူးသွေးတန်း နဲ့ အော်မနေ နဲ့ ပြည်သူတွေ မှာ ဦးနှောက် ၇ှိတယ် သူတို့ အပေါ်ဘယ်သူ စေတနာ မှန် တယ် ဆို တာ သိတယ် ...

Tun Aung Kyaw said...

မှတ်ချက်---ကျွန်တော် မောင်ထွန်းအောင်ကျော် သည် နိုင်ငံရေးလောကမှ အထင်ကရပုဂ္ဂိုလ် တစ်ဦးဖြစ်သော ဦးထွန်းအောင်ကျော် မဟုတ်ပါကြောင်း----

ABC said...

ဒေါ်စုနဲ. NLD ရွေးကောက် ပွဲဝင်မှာသာ ဒေါ်စုအနေနဲ. တိုင်းပြည်တိုးတက်ရေးလုပ်ငန်းတွေကို တရားဝင်လုပ်နိုင်ပါလိမ့်မယ်၊ ခုချိန်အရ ရွေးကောက်ပွဲဝင်တာမှန်တယ်လို. ထင်ပါတယ်၊ ဒေါ်စုက ပန်းချီပြပွဲသွား ၊ ဟိုပွဲ ဒီပွဲ သွားတာထက်စာရင် လွှတ်တော်မှာ တိုင်းရေး ပြည်ရေးတွေကို ဆွေးနွေးတာက ပိုပြီးအနှစ်သာရ ရှိပါလိမ့်မယ်၊

ရွေးကောက်ပွဲဝင်တာကို အပြစ်ပြောနေပြီး ရွေးကောက်ပွဲ မ၀င်ပဲ ဘာလုပ်ရမလဲဆိုတဲ့ အကြံညဏ်လည်း မပေးနိုင်တော့ (ဘ ၃လုံး) ဘေးထိုင် ဘိုင်ကျ ဘုပြော သလိုဖြစ်မနေဖူးလား၊

NLD လည်း ၁၉၉၀ ရွေးကောက်ပွဲပြီးက သင်ခန်းစာတွေကို ယူသင့်ပါတယ်၊ ဂန္ဒီကြေညာစာတမ်းလို စစ်ခေါင်းဆောင်ဗိုလ်မူးကြီးအထက်အဆင့်တွေကို အရေးယူမယ်ဆိုလို. အဲဒီ့တုန်းက န၀တ ဘက်က အာဏာ မလွှဲပေးတာကိုလည်း သဘောပေါက်သင့်တယ်လို.ထင်ပါတယ်၊ မုန်.ဆီကျော်က ဘယ်ဆီနေမှန်းမသိ၊ နုတ်ခမ်းနာနဲ. တည့်ပါမလားဆိုသလိုပေါ့၊

ခင်ဗျားတို.က ဗိုလ်သန်းရွှေကြီးကိုအရေးယူ၊ အပြစ်ပေး၊ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲဆိုဖို. (၃)နှစ်လောက်ကြာမှာကို အချိန်ဖြုန်းမလား၊ (၁)နှစ် (၂)နှစ်အတွင်းမှာ ချွတ်ချုံကျတဲ့တိုင်းပြည်ရဲ့ စီးပွားရေးကို ဦးမော့အောင်လုပ်မလား၊ ဆင်းရဲတဲ့ပြည်သူ သန်း (၅၀) ရဲ့စားဝတ်နေရေး ကိုပြေလည်အောင်လုပ်မလားလို.မေးချင်ပါတယ်၊ ဗိုလ်နေ၀င်း၊ ဗိုလ်စောမောင်တို.လည်း သူတို.အချင်းချင်းနှိပ်ကွပ်လို.ဇတ်သိမ်းသွား တယ်ဆိုတော့ အဲ့ဒီ့အတွက် စိတ်မပူကြပါနဲ.၊ သူ.အကုသိုလ်နဲ.သူသွားပါလိမ့်မယ်၊ လုပ်သင့်တာကိုလုပ်နေဖို.ကသာ အရေးကြီးပါလိမ့်မယ်၊ အများပြည်သူတွေ ရဲ့ ကောင်းစားရေးကိုသာအဓိကရှေးရှူသင့်ပါတယ်၊

ကျွန်တော်ထင်မြင်ချက်ကတော့ လက်ရှိအစိုးရက လင်ဆိုးနဲ.တူနေပြီး NLD က မယား နဲ.တူနေပါတယ်၊ ကဲ လင်ဆိုးကို မကြေနပ်ဖူး၊ အိပ်နေတုန်း သေနတ်နဲ.ပစ်သတ်ရဲလား၊ ဓါးနဲ.ခုတ်ရဲသလား၊ အဆိပ်ခတ်ပြီး သတ်ရဲသလား၊ အဲ့ဒီ့လိုလည်းမသတ်ရဲဖူး၊ ကိုယ်လည်းအဲဒီ့လင်ဆိုးကို ကွာလိုက်လို.အပျိုလည်း ပြန်မဖြစ်နိုင်တော့ဖူး၊ လင်ဆိုးက ခုတလော နည်းနည်းကောင်းဟန်ပြလာတယ်၊ အဲ့ဒီ့တော့ နည်းနည်းကောင်းလာတဲ့ လင်ဆိုးကို တဖြေးဖြေးပိုကောင်းလာအောင် စည်းရုံးသိမ်းသွင်းဖို.ပဲလိုပါတယ်၊ အိမ်နီးနားချင်း (ပတ်ဝန်းကျင်နိုင်ငံတွေ) ကလည်း ဘာမှမတတ်နိုင်ဖူး၊ ကိုယ့်အိမ်၊ ကိုယ်ြ့ပည်တွင်းရေး ကိစ္စကို ကိုယ့်ဖာသာ အဆင်ပြေအောင်ကျိုးပမ်းရပါလိမ့်မယ်၊
လောလောဆယ်အတိုက်ခံတွေထဲမှာဒေါ်စုတစ်ယောက်ပဲ နိုင်ငံတကာသိပြီး၊ ပြည်သူတွေ လည်းထောက်ခံမူ ရနေပါတယ်၊ လောလောဆယ်တော့ ဒေါ်စု ရွေးကောက်ပွဲဝင်ပြိး တိုင်းပြည်ထူထောင်ရေး လုပ်ငန်းတွေလုပ်တာကို စောင့်ကြည့်ရုံမှတစ်ပါး အခြားမရှိပါ၊

give her chance to do it.

Wunpawng Langchyi said...

NLD နှင့် အတိုက်အခံတွေကိုအင်အားချိနဲ့သွားအောင် အမျိုးမျိုးနည်းနဲ့လုပ်မယ်၊ ပြေလည်တယောင်ယောင်လုပ်ပြမယ်၊ တဖက်မှာအခြားတိုင်းရင်းသားတွေကိုသုတ်သင်ရှင်းလင်းမယ်၊ ဒီလိုလုပ်လို့ပြန်မရတော.ဘူးဆိုရင်တခါ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပြေလည်တယောင်ယောင်ပြန်လုပ်ပြီး NLD ကိုပြန်ခွဲမယ်၊NLD နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲတွေမပေါင်းမိအောင်နည်းအမျိုးမျိုးနဲလုပ်မယ် ဒီလိုနဲ့ဘဲသံသရာလည်နေပြီးမြန်မာပြည်ဘယ်တောမှငြိမ်းချမ်းတောမှာမဟုတ်၊ ဒါကြောင်ကျွန်တောမြင်တာ က NLD အနေဖြင့် ရိုးသားစွာဖြင့်အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (UNFC) ပေါင်းပြီးအစိုးရကိုဖြုတ်ချတင့်တယ်

tarrgyi12 said...

NLD..၇ဲ့ဘဝကတော့ဓါးသွားပေါကပျားေ၇စက်လိုဖြစ်နေပါေ၇ာ့လား...

BEE said...

ဇာဂနာကို စောက်ပြစ်ပြောဖို့ စဉ်းစားချိန်တွင်..နေမျိုးအေး တယောက် ဇာဂနာ နှင့်ငါ ဖြတ်သန်းပုံ ခြင်းတူညီ ရဲ့လား လို့ ကော စဉ်းစားမိရဲ့လား။ လွန်းဆွေ ကကော ဒီအချိန်အထိ နယ်စပ်ပြေး ခဲ့ ရသည်မှာ အစိုးရ နှင့် မည်သို့ မည်ပုံ ငြိ ပါဟု ပွင့်ပွင့်လင်းလင်း ပြောဆိုပြီးပြီလား။ မတူပါ ။ မတူ နိုင်ပါ။ ကိုယ်ကျိုးစွန့် အနစ်နာ ခံမှုများ မရှိ ဘဲ ဘေးမှ နေဟိုလို လုပ် ဒီ လိုလုပ် ပြော နေသူများအတွက် နေရာ မရှိပါ။ ဇာဂနာ မှား သည် ဒေါ်စု မှားသည် ဝေ ဖန် ခြင်ပါသလား ။ ဇာဂနာ လုပ်သလောက် ဒေါ်စု လုပ်သလောက် အရင် လုပ်ကြည့်ပါ။ မိမိ သတ်နိုင်ရင် မိမိ ၀င်ထိုးပါ။ ဘေး ထိုင်ပြီး ဟိုလို မထိုး လို့ ရှုံး တာ ဒီလို မထိုးလို့ ရှူံတာ အော်မနေပါနှင့်။ နောက်ဆုံးအနေ နှင့် ပြော ခြင်သည်မှာ....ကျည်းကန် ရှင်ကြီး၏ စာ အတိုင်း

မင်းမှာ လုပ်ချင်၏ တင်းကုပ် မှာ အချုပ်ခံဝံ မခံဝံ ။ ပဲဟင်း ကို ရှုပ် ချင်၏ နှုတ်ခမ်းမွှေး မှာ အနှုတ်ခံ ၀ံ မခံ ၀ံ။ မျှို နှင့် မျှစ်ကို နှုတ်ချင်၏ ကျဉ်တုတ် ခံဝံ မခံဝံ။
ဆိုတာလိုပဲ ကျဉ်တုတ် မခံဝံ လို့ အပြင် ကို ထွက်ပြေးလာသူ တွေက ...ကျဉ်တုတ်ခံနေရ တဲ့ ကိုမင်းကိုနိုင် ကတောင် ကျဉ်တုတ်ခံ ခဲ့ရလို့ အကြောင်းသိနေတဲ့ ဒေါ်အောင် ဆန်းစုကြည်က ဆုံးဖြတ်တာကို နားထောင် မဲ့အကြောင်း ပြောနေချိန်မှာ .... ခါချဉ် မပြောနဲ့ ပင့်ကူ ရှပ် တာတောင် မခံနိုင်တဲ့ ဒေါက်လွမ်းတို့ နေမျိုးအေး တို့ပြောတာကို အရေး လုပ်စရာ အကြောင်းမရှိပါကြောင်း ရှင်းရှုင်း လင်းလင်း မြင်အောင် ပြောလိုက်ရပါတယ်။
P.S. (လူထုခေါင်းဆောင် အောင်ဆန်းစုကြည် ...မည်သူမျှ ထိုဘွဲ့ကို officially မပေးပါ။ မိမိ ကိုယ်တိုင် လူထု ခေါင်းဆောင် လုပ်နိုင်သော opportunities - chances လူ တိုင်းတွင် ရှိနေပါသည်။ လုပ်ပါ။ ရဲ လျှင် တူလျှင် တတ်နိုင်လျှင်။ မတားပါ။ လူထုက လည်း ဒေါ်စုကို အားမရပါ။ ခင်ဗျား သူ့ ထက် တော်လျှင် ခင်ဗျားနောက် လိုက်ပါမည်။ (စစ် အစိုးရ ကိုယ်တိုင် ခင်ဗျားနောက် လိုက်ပါမည်)။ ဇာဂနာ စောက်သုံးမကျ ဟု ဆိုချင်သလား။ ဇာဂနာ လို အထဲမှ ဆဲပါ။ အပြင်မှ မဆဲ နှင့်။ ရဲ ပါသလား။ မရဲ ပဲ နှင့် မနှိုင်း နှင့်။ မဲဆောက်တွင် အရက်ဝိုင်း ဖွဲ့ ရင်း ပြောတာနှင့် မြ၀တီတွင် လက်ဖက်ရည် ဆိုင် တီးတိုးပြောတာတောင် မတူပါ။ ခင်ဗျားတို့ အဲဒီသတ္တိ အရင် မွေးပါဦး။ ပြီးမှ စင်ပေါ်တက်ပါ။

RAM said...

ဇာဂနာကို စောက်ပြစ်ပြောဖို့ စဉ်းစားချိန်တွင်..နေမျိုးအေး တယောက် ဇာဂနာ နှင့်ငါ ဖြတ်သန်းပုံ ခြင်းတူညီ ရဲ့လား လို့ ကော စဉ်းစားမိရဲ့လား။ လွန်းဆွေ ကကော ဒီအချိန်အထိ နယ်စပ်ပြေး ခဲ့ ရသည်မှာ အစိုးရ နှင့် မည်သို့ မည်ပုံ ငြိ ၍ ပါဟု ပွင့်ပွင့်လင်းလင်း ပြောဆိုပြီးပြီလား။ မတူပါ ။ မတူ နိုင်ပါ။ ကိုယ်ကျိုးစွန့် အနစ်နာ ခံမှုများ မရှိ ဘဲ ဘေးမှ နေဟိုလို လုပ် ဒီ လိုလုပ် ပြော နေသူများအတွက် နေရာ မရှိပါ။ ဇာဂနာ မှား သည် ဒေါ်စု မှားသည် ဝေ ဖန် ခြင်ပါသလား ။ ဇာဂနာ လုပ်သလောက် ဒေါ်စု လုပ်သလောက် အရင် လုပ်ကြည့်ပါ။ မိမိ သတ်နိုင်ရင် မိမိ ၀င်ထိုးပါ။ ဘေး ထိုင်ပြီး ဟိုလို မထိုး လို့ ရှုံး တာ ဒီလို မထိုးလို့ ရှူံးတာ အော်မနေပါနှင့်။ နောက်ဆုံးအနေ နှင့် ပြော ခြင်သည်မှာ....ကျည်းကန် ရှင်ကြီး၏ စာ အတိုင်း

မင်းမှာ လုပ်ချင်၏ တင်းကုပ် မှာ အချုပ်ခံဝံ မခံဝံ့။ ပဲဟင်း ကို ရှုပ် ချင်၏ နှုတ်ခမ်းမွှေး မှာ အနှုတ်ခံ ၀ံ မခံ ၀ံ့။ မျှို နှင့် မျှစ်ကို နှုတ်ချင်၏ ကျဉ်တုတ် ခံဝံ မခံဝံ့။
ဆိုတာလိုပဲ ကျဉ်တုတ် မခံဝံ့ လို့ အပြင် ကို ထွက်ပြေးလာသူ တွေက ...ကျဉ်တုတ်ခံနေရ တဲ့ ကိုမင်းကိုနိုင် ကတောင် ကျဉ်တုတ်ခံ ခဲ့ရလို့ အကြောင်းသိနေတဲ့ ဒေါ်အောင် ဆန်းစုကြည်က ဆုံးဖြတ်တာကို နားထောင် မဲ့အကြောင်း ပြောနေချိန်မှာ .... ခါချဉ် မပြောနဲ့ ပင့်ကူ ရှပ် တာတောင် မခံနိုင်တဲ့ ဒေါက်လွမ်းတို့ နေမျိုးအေး တို့ပြောတာကို အရေး လုပ်စရာ အကြောင်းမရှိပါကြောင်း ရှင်းရှုင်း လင်းလင်း မြင်အောင် ပြောလိုက်ရပါတယ်။
P.S. (လူထုခေါင်းဆောင် အောင်ဆန်းစုကြည် ...မည်သူမျှ ထိုဘွဲ့ကို officially မပေးပါ။ မိမိ ကိုယ်တိုင် လူထု ခေါင်းဆောင် လုပ်နိုင်သော opportunities - chances လူ တိုင်းတွင် ရှိနေပါသည်။ လုပ်ပါ။ ရဲ လျှင် တူလျှင် တတ်နိုင်လျှင်။ မတားပါ။ လူထုက လည်း ဒေါ်စုကို အားမရပါ။ ခင်ဗျား သူ့ ထက် တော်လျှင် ခင်ဗျားနောက် လိုက်ပါမည်။ (စစ် အစိုးရ ကိုယ်တိုင် ခင်ဗျားနောက် လိုက်ပါမည်)။ ဇာဂနာ စောက်သုံးမကျ ဟု ဆိုချင်သလား။ ဇာဂနာ လို အထဲမှ ဆဲပါ။ အပြင်မှ မဆဲ နှင့်။ ရဲ ပါသလား။ မရဲ ပဲ နှင့် မနှိုင်း နှင့်။ မဲဆောက်တွင် အရက်ဝိုင်း ဖွဲ့ ရင်း ပြောတာနှင့် မြ၀တီတွင် လက်ဖက်ရည် ဆိုင်ထိုင်၍ တီးတိုးပြောတာတောင် မတူပါ။ ခင်ဗျားတို့ အဲဒီသတ္တိ အရင် မွေးပါဦး။ ပြီးမှ စင်ပေါ်တက်ပါ။

RAM said...

ဇာဂနာကို စောက်ပြစ်ပြောဖို့ စဉ်းစားချိန်တွင်..နေမျိုးအေး တယောက် ဇာဂနာ နှင့်ငါ ဖြတ်သန်းပုံ ခြင်းတူညီ ရဲ့လား လို့ ကော စဉ်းစားမိရဲ့လား။ လွန်းဆွေ ကကော ဒီအချိန်အထိ နယ်စပ်ပြေး ခဲ့ ရသည်မှာ အစိုးရ နှင့် မည်သို့ မည်ပုံ ငြိ ၍ ပါဟု ပွင့်ပွင့်လင်းလင်း ပြောဆိုပြီးပြီလား။ မတူပါ ။ မတူ နိုင်ပါ။ ကိုယ်ကျိုးစွန့် အနစ်နာ ခံမှုများ မရှိ ဘဲ ဘေးမှ နေဟိုလို လုပ် ဒီ လိုလုပ် ပြော နေသူများအတွက် နေရာ မရှိပါ။ ဇာဂနာ မှား သည် ဒေါ်စု မှားသည် ဝေ ဖန် ခြင်ပါသလား ။ ဇာဂနာ လုပ်သလောက် ဒေါ်စု လုပ်သလောက် အရင် လုပ်ကြည့်ပါ။ မိမိ သတ်နိုင်ရင် မိမိ ၀င်ထိုးပါ။ ဘေး ထိုင်ပြီး ဟိုလို မထိုး လို့ ရှုံး တာ ဒီလို မထိုးလို့ ရှူံးတာ အော်မနေပါနှင့်။ နောက်ဆုံးအနေ နှင့် ပြော ခြင်သည်မှာ....ကျည်းကန် ရှင်ကြီး၏ စာ အတိုင်း

မင်းမှာ လုပ်ချင်၏ တင်းကုပ် မှာ အချုပ်ခံဝံ မခံဝံ့။ ပဲဟင်း ကို ရှုပ် ချင်၏ နှုတ်ခမ်းမွှေး မှာ အနှုတ်ခံ ၀ံ မခံ ၀ံ့။ မျှို နှင့် မျှစ်ကို နှုတ်ချင်၏ ကျဉ်တုတ် ခံဝံ မခံဝံ့။
ဆိုတာလိုပဲ ကျဉ်တုတ် မခံဝံ့ လို့ အပြင် ကို ထွက်ပြေးလာသူ တွေက ...ကျဉ်တုတ်ခံနေရ တဲ့ ကိုမင်းကိုနိုင် ကတောင် ကျဉ်တုတ်ခံ ခဲ့ရလို့ အကြောင်းသိနေတဲ့ ဒေါ်အောင် ဆန်းစုကြည်က ဆုံးဖြတ်တာကို နားထောင် မဲ့အကြောင်း ပြောနေချိန်မှာ .... ခါချဉ် မပြောနဲ့ ပင့်ကူ ရှပ် တာတောင် မခံနိုင်တဲ့ ဒေါက်လွမ်းတို့ နေမျိုးအေး တို့ပြောတာကို အရေး လုပ်စရာ အကြောင်းမရှိပါကြောင်း ရှင်းရှုင်း လင်းလင်း မြင်အောင် ပြောလိုက်ရပါတယ်။
P.S. (လူထုခေါင်းဆောင် အောင်ဆန်းစုကြည် ...မည်သူမျှ ထိုဘွဲ့ကို officially မပေးပါ။ မိမိ ကိုယ်တိုင် လူထု ခေါင်းဆောင် လုပ်နိုင်သော opportunities - chances လူ တိုင်းတွင် ရှိနေပါသည်။ လုပ်ပါ။ ရဲ လျှင် တူလျှင် တတ်နိုင်လျှင်။ မတားပါ။ လူထုက လည်း ဒေါ်စုကို အားမရပါ။ ခင်ဗျား သူ့ ထက် တော်လျှင် ခင်ဗျားနောက် လိုက်ပါမည်။ (စစ် အစိုးရ ကိုယ်တိုင် ခင်ဗျားနောက် လိုက်ပါမည်)။ ဇာဂနာ စောက်သုံးမကျ ဟု ဆိုချင်သလား။ ဇာဂနာ လို အထဲမှ ဆဲပါ။ အပြင်မှ မဆဲ နှင့်။ ရဲ ပါသလား။ မရဲ ပဲ နှင့် မနှိုင်း နှင့်။ မဲဆောက်တွင် အရက်ဝိုင်း ဖွဲ့ ရင်း ပြောတာနှင့် မြ၀တီတွင် လက်ဖက်ရည် ဆိုင်ထိုင်၍ တီးတိုးပြောတာတောင် မတူပါ။ ခင်ဗျားတို့ အဲဒီသတ္တိ အရင် မွေးပါဦး။ ပြီးမှ စင်ပေါ်တက်ပါ။

burma said...

ကိုဇော်ဝင်း...ခင်ဗျားပြောသလိုNLDမှတ်ပုံမတင်နဲ့ ဘာဖြစ်မယ် ညာဖြစ်မယ်ပြောနေမယ့်အစား..ခင်ဗျားအားပေးထောက်ခံလိုက်တာပိုကောင်းမယ်..NLD မှတ်ပုံမတင်ရင် ရှေ့ဆက်ဘာဆက်လုပ်ရမလဲ ခင်ဗျားဘာလုပ်ပေးမလဲ...ကျနော်တို့ပြည်သူတွေဘယ်လောက်ထိစောင့်ရဦးမလဲ..အငတ်ဘေးဆိုက်ပြီးအားလုံးငတ်သေဖို့ပဲရှိတော့တယ်...ပြည်သူတွေကိုကြည့်ပါဦး လူမွေးသူမွေးတောင်မပြောင်ကြတော့ဘူး..ခင်ဗျားဘာလုပ်ပေးမလဲ...အန်တီစု ပြည်သူတွေအတွက်အကောင်းဆုံးလုပ်နေတယ်ဆိုတာ ကျနော်ယုံကြည်တယ်...ဒုက္ခရောက်အောင်လုပ်နေတာမဟုတ်ဘူးဆိုတာ ခင်ဗျားနားလည်ပါ...

မောင်ပါလ said...

ကိုဇော်ဝင်းသုံးသပ်ထားတာလေးတွေ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဆောင်းပါမှာကိုက နှစ်ခွဖြစ်နေတယ်။

''အဲသလို အဘက်ဘက်က ပိတ်ဆို့ပြီးတဲ့နောက် ခုချိန်မှာတော့ ဘက်တဘက်မှာ လမ်းကျဉ်း ကျဉ်းလေး တပေါက်ကို ဖွင့်ပေး လိုက် ပါတယ်။''

ဆောင်းပါးတပုဒ်လုံးကို ဘယ်လောက်ရှည်အောင် ဘယ်လိုဟာတွေနဲ့ ကိုးကားဖတ်မှတ်ပြီးပဲရေးရေး ဆောင်းပါးရှင်ကိုယ်တိုင်ရဲ့ ချီတုံချတုံဖြစ်မှုဟာ ဒီစာကြောင်းလေးတကြောင်းမှာပဲ အဓိကတွေ့နေရပါတယ်။ အဖက်ဖက်က ပိတ်ဆို့ထားတယ်။ သွားစရာလမ်းတပေါက်ပဲ ရှိနေတယ်ဆိုရင်တော့ ဒီတပေါက်ကနေပဲ မဖြစ်မနေထွက်မှ ဖြစ်မယ်မဟုတ်လား။

ဆောင်းပါးရှင်က ဒီတပေါက်ကနေလည်း မထွက်စေချင်ပြန်ဘူးဆိုတော့ ဆင်ကြီးက ဒီအတိုင်းပဲ ရပ်နေရတော့မလား မသိပါဘူး။ ဆောင်းပါးရှင်ကိုယ်တိုင်က ထွက်ရမယ့်လမ်းသိနေရင်လည်း ထပ်မံပြီးရေးစေချင်ပါသေးတယ်။

အမေရိကမှာရှိနေတဲ့ ဆောင်းပါးရှင်ကိုယ်တိုင်က စာတပုဒ်ကိုတောင် အတွေးရှင်းရှင်း မရေးနိုင်ရင် လက်ရှိ မြန်မာနိုင်ငံတွင်းမှာ အဲဒီအကျပ်အတည်းကို တကယ်တည်းရင်ဆိုင်နေရတဲ့ ခေါင်းဆောင်တွေကိုတော့ ကိုယ်ချင်းစာနိုင်လောက်မယ် ထင်ပါတယ်။

Unknown said...

"ကျုံးသွင်းခံရသော ဆင်ကြီးတကောင်" ဆိုပြီး၊ ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း) နာမည် နဲ့ ရေးထားတဲ့ ဆောင်းပါးကို ကျနော်ရေးတဲ့ ဆောင်းပါးဆိုပြီး သို့လော သို့လော နဲ့ထင်ယောင်ထင်မှားတွေ ဖြစ်လာပါတယ်။ ကျနော်ရေးတဲ့ ဆောင်းပါး မဟုတ်ကြောင်း မိတ်ဆွေသူငယ်ချင်းများကို အသိပေးအကြောင်းကြားအပ်ပါတယ်။ ဇော်ဝင်း (နယူးယောက်)

ei ko said...

အပေါ်ကွန်.မင်.တွင် ဒီဆောင်းပါးကို၊ဇော်ဝင်း(နယူး
ယော.)မှသူေ၇းတာမဟုတ်ကြောင်းေ၇းလာသဖြင်.
အောက်ပါကွန်မင်.ကိုပြန်ေ၇းလိုက်သည်။
""" ဇော်ဝင်း!!လွှတ်စေ""""

soe88 said...

ကိုဇော်ဝင်းခင်ဗျာ...ဒေါ်စုလုပ်နေတဲ့နိင်ငံရေးလမ်းကြောင်းကိုလဲမကြိုက်ဘူး ကိုယ်တိုင်းလဲ ဒေါ်စုထက်ကျော်ပြီး မလုပ်နိင်ဘူးဆိုရင် ကျနော်လိုဘဲ ပါးစပ်ပိတ် လက်ပိုက်ပြီးနေစေလိုပါတယ်..တကယ်လုပ်တဲ့သူတွေ စိတ်အနှောက်အယှက် မဖြစ်စေလိုလို့ဖြစ်ပါတယ်..ဝေဖန်ရတာလွယ်ပေမဲ့ လက်တွေ့လုပ်ဖို့က ခက်ပါတယ်..ကိုဇော်ဝင်းတို့ တနေ့..ဒေါ်စုထက်သာအောင် လုပ်နိင်ရင်.ကျနော် ခင်ဗျာရဲ့ နောက်လိုက်ကောင်းဖြစ်စေရပါမယ်

geotechnic singapore said...

He was right.
The Junta will only practice Singapore style Democracy. Only 1 party hold power forever with very small potion of opposition to trick the world as practicing democracy.
The Legend of NLD and Daw Su kyi will be fading away.

They WIN: NLD loose.

Thu said...

Thanks you Ko Zaw Win for fruitful data and critics rather than blunt agitating to Daw Su and NLD.
Professional Politician Mg Suu San said for 21 Century politics:
နိုင်ငံရေးကို စဉ်းစားကြတဲ့အခါမှာ တချို့က အုပ်စိုးတဲ့လူရဲ့ intention ကို အဓိကထားတယ်။ တချို့က ခေတ်ကာလ မှာ လွှမ်းမိုးတဲ့ အယူအဆ၊ အိုင်ဒီယာတွေ၊ Ideology ကို အဓိကထား စဉ်းစားတယ်။ တချို့က personality လူပုဂ္ဂိုလ်ကို အဓိကထားစဉ်းစားတယ်။ reality ပကတိအခြေအနေကို အဓိကစဉ်းစားတာ ရှိတယ်။ အဲဒီထဲမှာ reality ကို အဓိကထား စဉ်းစားတာမျိုးပဲ ကျန်မယ်။
အခု ခေတ်က ideology ၀ါဒတွေ ရဲ့ လမ်းညွှန်မှုတွေ မရှိဘူး။ သမိုင်းရဲ့ လမ်းညွှန်မှု၊ သမိုင်းလိုအပ်ချက်အရ ဆိုတာတွေ မရှိဘူး။
sober politic လုပ်ရမယ်။ အလုပ်တစ်ခုလုပ်မယ်ဆိုရင် ကိုယ်တိုင် လေးလေးနက်နက် သုံးသပ်မှုတွေနဲ့၊ creativity နဲ့ လုပ်ရမယ်။ လုပ်တဲ့အခါ ပကတိအခြေအနေ reality အပေါ် better analysis မှန်မှန် ကန်ကန် သုံးသပ်ပြီးနဲ့ better prediction of future အနာဂတ် ကို ပိုပြီးမှန်ကန်အောင်တွက်ပြီး လုပ်တတ်ဖို့ အရေးကြီးတယ်။ နိုင်ငံရေးဆိုတာ The Art of Prediction လို့ ဆိုတာပဲ။
http://www.myanmar.mmtimes.com/2011/news/541/news20.html

My points by common outlook;
Bo Than Shwe retreat with defence strategy left good defender Bo Thein Sein seem to be soft-liner, transformer of transitional period, till oblige to generals.

NLD will re-register and undertake bi-election realized on to seize the majority in 2nd term election 2014.
The great elephant retreat a foot step for accelerated forward movement. I trust her capability and NLD withstands.

Thu said...

Thank you, Ko Zaw Win for fruitful data and thoughtful critics.

However, I realize NLD is not trapped elephant,literally mean an energetic and follow the rule of "A step backward for accelerated forward movement".

My points by common outlook;
Bo Than Shwe retreats with defence strategy left good defender Bo Thein Sein seem to be soft-liner, transformer of transitional period, till oblige to generals.

NLD will re-register and undertake bi-election realized on to seize the majority in 2nd term election 2015 for legitimacy.

As Myanmar proverbs, An energetic elephant retreat a foot step for accelerated forward movement.

I trust Daw Su capability, honesty and NLD prolonged withstands.

Unknown said...

မောင်ရင်တယောက်ကြောင့်၈၈မျိုးဆက်ကျောင်းသားများရဲ့မျက်နှာမပျက်ပါစေနဲ့

Nyein said...

Excellent article, Ko Zaw Win. Thank you.

Thuya said...

Everyone know that problem. The important is the solution...We urgently want to get the solution.

ဇော်ဇော် said...

သို့
Maharthurira ဆိုတဲ့သောက်ရူး
စစ်ခွေးဟာ စစ်ခွေးလိုပဲနေပါ။ ထထမဟောင်ပါနဲ့။
နားညီးတယ်။
ဒီဇော်ဝင်းဆိုတာလဲ မင်းတို့ စစ်ခွေးအုပ်စုထဲက တကောင်ကောင် လက်ကမြင်းထားတာပဲနေမှာပါ။
တခုပြောချင်တာက အန်တီစုရယ် ကိုဇာဂနာတို့ကို မင်းတို့ယှဉ်ဖို့ဆိုတာ ဒီတစ်သက် မစဉ်းစားပါနဲ့ကွာ။
မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်ဖို့စဉ်းစားနေတဲ့ မင်းတိုရဲ့ မီဒီယာငရဲခွေးကြီး ကျော်ဆန်းရဲ့စကားကို သံယောင်လိုက်ရင်မှားပါလိမ့်မယ်။

mahathuriya : said...

ဘာကြောင့်ရိုင်းတာလဲ...ဒီမိုဝေယံ (ခ) နစ်နေမန်း(ခ) ဇော်ဇော်....

အယူအဆကိုအယူအဆ...
အတွေးအခေါ်ကိုအတွေးအခေါ်...
ဝါဒကိုဝါဒ..ချင်း...ဖလှယ်ပါ...

အဝေဖန်လဲမခံရဲ...
ဟိုဆဲဒီဆဲနဲ့ ...
နိုင်ငံရေးလမ်းသရဲမလုပ်ချင်ပါနဲ့ ...

ထပ်ပြောလိုက်မယ်...

(ပုဂ္ဂိုလ်ရေးဆည်းကပ်ကိုးကွယ်မှု နဲ့  ဒီမိုကရေစီ..
ဆိုတာ..ပကတိ ဆန့် ကျင်ဘက် ပါ..
မြေရှင်စံနစ်ရဲ့ ဓလေ့စရိုက်ဆိုးသာ ဖြစ်ပြီး..
အာဏာရှင်လက်သစ်..တင်မြှောက်ရေးလမ်းစဉ်..
သာဖြစ်တယ်..ဆိုတာ..သဘောပေါက်ပါ..။)

Anonymous said...

ဇော်ဇော်ဆိုတဲ့လူက ရိုင်းရုံတင်မကဘူး။ တုံးလည်း တုံးသေး တယ်။ ဒီဆောင်းပါး ဖတ်ကြည့်တာတောင်မှ အစိုးရကို ထောက်ခံရေးထားတာလား၊ အစိုးရကို ပြတ်ပြတ်သားသား ဆန့်ကျင်ထားတာလားဆိုတာ နားမလည်ဘူး။ သနားစရာပဲ။

အခုမှတ်ချက်ရေးကြသူတွေထဲမှာ ရိုင်းတဲ့သူဆိုလို့ သူနဲ့ အထက်က ei ko ဆိုတဲ့ နှစ်ယောက်ပဲပါတယ်။

ဒီလောက်တောင် တုံးလည်းတုံး ရိုင်းလည်းရိုင်းတဲ့လူဟာ ဒီမိုဝေယံတို့ နစ်နေမန်းတို့ဆိုတာတော့ မဖြစ်နိုင်ဘူးထင်တယ်။ ဘလော့ဂ်လည်း ရေးတတ်တယ်။ ဒီမိုကရေစီ အရေးအတွက်လည်း လုပ်နေတဲ့လူမျိုးတွေက ဒီလောက် တုံး၊ ဒီလောက် ရိုင်းမယ် မထင်ဘူး။

Mrxx said...

People were died , family were destroyed , lives were lost , country is in ruined all the way until today , everyone need to look back and think again , if you want to keep doing and attacking all the time , things just going to get worsen , Daw Aung san Su Kyi has learnt the hard lesson and need to smart , but I trust DASSK is the leader of our democracy path and she will delivered at the end of day , Patient is required.