Wednesday, November 30, 2011

လွမ်းမပြေ မန်းမြေသို့ ...

ဘိုဘိုလန်းစင်
ဒေါ်အမာရေ ...

မာရဲ့နော်။ ဘာလိုလိုနဲ့ ခဗျားလည်း တနှစ်ကြီးသွားပြန်ပေါ့။ အသက် သာကြီးလာတာ ခဗျားက အိုမသွားဘူး၊ ဘယ်အိုမလဲဗျ၊ သေပြီကိုး ဟဲဟဲ။

ခေတ်ကာလက သေသူကို ရှင်သူတရတဲ့ ခေတ်ကြီးဆိုတော့ သေ သွားတာ ကောင်းပါတယ် ဒေါ်အမာရယ်။ အကောင်းတရခြင်းမှ မ ဟုတ်ဘဲ။ ရှင်ကျန်နေရတာ ကံဆိုးခြင်းတမျိုးပါပဲ။ တိုင်းပြည်အခြေ အနေက သောင်မတင် ရေမကျက တဆင့်တက်ပြီး ဘယ်သောင် တင်လို့ ဘယ်ကမ်းဆိုက်ပါလိမ့်ဆိုတဲ့ လမ်းကြောင်းကြီးမှာ ရွေ့နေ တာကိုး။ ထီလက်မှတ်ပါတဲ့ ထမ်းပိုးလွှတ်ပစ်ပြီး ‘ပေါက်’ သွားတဲ့ ရေ ထမ်းသမားလိုပါပဲ။ တချို့သော နိုင်ငံရေးပုဂ္ဂိုလ်များဟာ သံပတ်ကုန် ဘက်ထရီခန်းကုန်လား မသိပါဘူး။ အရေးကြီးဆုံးစခန်းရောက်ပါမှ လက်တွဲဖြုတ်တဲ့အချိုးတွေ ချိုးပြ၊ တာဝန် မဲ့စကားတွေ ပြောကြတာကတော့ အံ့ပါ့ဗျာ။

အံ့လည်းမအံ့ပါဘူး။ ဒီလူများ သတ္တိဗျတ္တိကို တိုင်းပြည်က ပြီးခဲ့တဲ့အနှစ် ၂၀ ကျော်တွင်းမှာ ကောင်းကောင်းသိ ခဲ့ပြီးသားပဲ။ ပွဲကျမယ့် အလုံးလေးတွေ ပြော၊ ပြီးတော့လည်း ပြီးရောဆိုသလို မေ့ထားနိုင်သူတွေ။ ဒီစကားမျိုး သူတို့မပြောခဲ့ မပြခဲ့ပါဘူးဆိုတဲ့ ကြောင်ကွက်လေးတွေက ရှုပ်ချည်နှပ်ချည်တော့နိုင်သားဗျာ။ အလိုတူအလိုပါ မီဒီယာဆိုတာတွေနဲ့အတူ လူပါးလည်းဝကြပါပေရဲ့။ တကယ့်သာပြောင်းတွေပါပဲ။ ဘယ်သူတွေ ဘယ်ကွေ့မှာ ဘယ်လိုပဲ သွေးကျဲပါစေ၊ ပြည်သူတွေကတော့ မင်းလောင်းတမျှော်မျှော်နဲ့ တောင့်ခံကြရအုံးမှာပေါ့။ သူတို့ လည်း ဒါပဲတတ်နိုင်တော့တာကလား။

“မီဒီယာဆိုတာတွေမှာ ဒီမိုကရေစီသံ မြည်နေကြပုံများ ဇာဂနာ လျှပ်စစ်ပြက်လုံးလိုပဲ ကိုင်ဖတ်ရင် လူပါ မြောက်ပါသွားမယ် မှတ်ရတာပါပဲ။ တကယ်ကတော့ ဇာတ်ခုံနောက်မှာ လည်ပင်း ဓားနဲ့ ကြိတ်လှီးနေတာ မမြင်ယောင်ဆောင်နေကြတာကလား။ လူအများစုကတော့ ခုခေတ်ဒီမိုကရေစီဆိုတာ သူတို့မိုချင်တဲ့သူသာ မိုတာ၊ မင်းသမီးရည်းစားထဲမှာ နင်မပါဘူး ကိုကုလားရဲ့ဆိုတာမျိုး ဟန့်ခံရမှာ လန့်နေကြတာပါ။ အေးလေ ဗမာပြည် ဒီမိုကရေစီရဖို့က ဗမာ့ကိစ္စပဲ။ ဘယ်သူနဲ့မှ မဆိုင်ပါဘူး။ ကိုယ့်လူတွေသာ ဘုမသိ ဘမသိ မျှော်ခဲ့ကြတာ။”

မင်းလောင်းမျှော်ဆို ကျုပ်တို့တိုင်းပြည်ကြီးမှာ ပဒေသရာဇ်စော်နံတဲ့ ဟန်ပန်လေလံတွေက ဟာ ... ခုတလော တယ်ပွနေပါလား။ ဘယ်သူ့သားသမီးမို့ ဘာတွေအနစ်နာခံခဲ့လို့ နိုင်ငံရေးဦးဆောင်နိုင်ခွင့်ရှိတယ်တို့၊ မဝေဖန် ရဘူးတို့ ပြောလားပြောကြရဲ့။ သဟာဖြင့် လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်ဆိုတာ ဒီမိုကရေစီနဲ့ မဆိုင်ဘူးထင် ပ။ နောက်ပြီး ဖောင်လောက်အောင် ပြောတာက ဒီမိုကရေစီစကား၊ ပြီးတော့ လူတွေကပဲ သူတို့လုပ်သမျှ စောင့်ပြီးကြည့်ရ လိုက်လုပ်ရအုံးမယ့်ပုံလို ခက်တာပါပဲ။ မြှောက်ခံရတာများပြီး မြောက်ကားကားကုန်တာ ထင် ပါရဲ့။

ဒီမယ်လေ ဒေါ်အမာ၊ ခေါင်းဆောင်ကြီး လမ်းညွှန်သမျှ နာခံရတာ တိတ်စေစမြှောင် အဓိပတိမော်ခေတ်ကနေ ဘဝရှင်ကိုရွှေနု၊ ဗိုလ်ချုပ်ကြီးနဲ့ သူ့လူအဆက်ဆက် ပြည်သူတွေ နားရွက်မှ လှုပ်နိုင်ခဲ့ကြပဲဟာ။ တော်ပါပြီ။ နောက်ထပ် သူရဲကောင်းတွေ ဘုရားလောင်းတွေ မလိုတော့ပါဘူး။ လူတွေမှာ နိုင်ငံရေးအသိချို့တဲ့ပြီး လူစွဲ ကိုးကွယ်မှုပဲ ကျန်တာကို အခွင့်ကောင်းယူပြီး လူဘုန်းကြီးလုပ်ချင်သူတွေကတော့ ပျော်ပျော်ကြီး လုပ်ကြပေ မပေါ့။ အဲဒီ့ကိုးကွယ်မှုဒဏ်တွေကို ခဗျားလည်းသိသားပဲ။ ကာယကံရှင်တွေမှာ နေရင်းထိုင်ရင်း နတ်ရုပ်ဖြစ်ပြီး သြဝါဒပဲခြွေနေရတာ။ အလုပ်ပျက်တယ်။ ကျုပ်တို့လိုနေတာက ပုံမှန်လူလို တွေးခေါ်ဆောင်ရွက်မယ့် နိုင်ငံ ရေးသမားတွေပဲ။ ဇာတ်သမား ဘောက်သမားလေတွေတော့ ငြီးပါပြီပဲ။ ခေါင်းမပါသူများ ရောင်တော်ပြန်နဲ့ ရောကြိတ်ချင်သူများသာ ရောယောင်လိုက်ပါလိမ့်မယ်။

မီဒီယာဆိုတာတွေမှာ ဒီမိုကရေစီသံမြည်နေကြပုံများ ဇာဂနာ လျှပ်စစ်ပြက်လုံးလိုပဲ ကိုင်ဖတ်ရင် လူပါမြောက် ပါသွားမယ် မှတ်ရတာပါပဲ။ တကယ်ကတော့ ဇာတ်ခုံနောက်မှာ လည်ပင်း ဓားနဲ့ ကြိတ်လှီးနေတာ မမြင် ယောင်ဆောင်နေကြတာကလား။ လူအများစုကတော့ ခုခေတ်ဒီမိုကရေစီဆိုတာ သူတို့မိုချင်တဲ့သူသာ မိုတာ၊ မင်းသမီးရည်းစားထဲမှာ နင်မပါဘူး ကိုကုလားရဲ့ဆိုတာမျိုး ဟန့်ခံရမှာ လန့်နေကြတာပါ။ အေးလေ ဗမာပြည် ဒီမိုကရေစီရဖို့က ဗမာ့ကိစ္စပဲ။ ဘယ်သူနဲ့မှမဆိုင်ပါဘူး။ ကိုယ့်လူတွေသာ ဘုမသိ ဘမသိ မျှော်ခဲ့ကြတာ။

မတွေ့တာကြာပြီမို့ နိုင်ငံရးတွေပဲလှိမ့်ရေးနေတာ စိတ်တော့မဆိုးလောက်ဘူးထင်ပါရဲ့။ နိုင်ငံရေးမပါဘဲ စကား ပြောလို့မရဘူးလား ဆိုရမှာလည်း ကျုပ်တို့အလေ့က တိုင်းရေးပြည်ရေးနဲ့ စာကြောင်းပေကြောင်း ယဉ်ကျေး သမှုအကြောင်းမှ ပြောချင်တာပဲ။ စာပေဆို အခုဗမာပြည်မှာ ဗမာစာကို ဗမာစာနဲ့တူအောင် မရေးတတ်ကြ တော့ဘူးတဲ့။ ဟိုနေ့က ဂျာနယ်တစောင်မှာ ဆွေးနွေးတဲ့အကြောင်း ဖတ်လိုက်ရတယ်။ မရေးတတ်ဆို ရန်ကုန် မှာ ဗမာလို ပြောမှမပြောတတ်ပဲလား။ ဗမာစကားကို ဗမာသံထွက်အောင် ပီပီမြည်မြည်ပြောမှ ဗမာစာကို ဌာန် ကရိုဏ်းကျအောင် ရေးတတ်တာပါ။ စာတော့တတ်ရမယ်ပေါ့လေ။ စာတတ်ဆို တတ်အောင်သင်ရမယ့် ဆရာ တွေကိုယ်နှိုက်ကကော ဘယ်လောက်များ တတ်ကြသေးလဲမသိ။ ခေတ်တွေ လူတွေ ပြောင်းပုံများတော့ ဒေါ် အမာရယ် တရားရပြီးရင်း ရရင်းပါပဲ။ နောက်ဆုံးတော့ ဘာကိုမှ အလွယ်လက်မခံ ကြာကြာမယုံတာ အကောင်း ဆုံးဆိုတဲ့ မူကို လက်ကိုင်သုံးနေမိတော့တာပဲ။

“စာရေးဆရာဟာ စိတ်ကူးသမားပါ။ ဒါပေမယ့် ကူးတဲ့ စိတ်ကူးက လူမျိုးရေး ဘာသာရေး အရောင်ဆိုး သွေးထိုးတာမျိုးက မလုပ်ကောင်းတဲ့အရာပါ။ ပတ်ဘလစ်မှာ ပေါ်ပျူလာလုပ်ချင်တာနဲ့ ဒီကိစ္စတွေ ခုတုံးလုပ် သွေးထိုးတာဟာ စာသမားတယောက်အဖို့ အင်မတန် ရှက်စရာကောင်းတဲ့ အလုပ်ပါ။ ဘာမှ အသိတရား စောင့်စည်းမှုမရှိတဲ့သူမျိုးကတော့ ဘာမှ ရှက်ရ ရွံ့ရမယ်မှန်း သိမယ်မထင်ဘူး။ ဒီလိုစာဆိုးတွေ ဖတ်ပြီး ယောင်ယောင်မှားမှား ဖြစ်နေတဲ့ အမျိုးသားရေးသွေးကြွတွေကို ကြည့်ပြီး အာဏာရှင်ကတော့ ဝမ်းသာနေမှာပဲ။ မျက်လှည့်ပါးရိုက်လုပ်လို့ကောင်းမယ့် ကျွန်လက်သစ်လေးတွေဆိုပြီး ..။”

ဒါနဲ့ ဒေါ်အမာတို့မိတ်ဆွေ ဆရာဇေယျ ဦးယောကြီးကို တွေ့ရင် နှုတ်ဆက်ပေးစမ်းပါ။ သူရေးတဲ့ ကလောင် သွားနဲ့ မုန့်ဟင်းခါးလေးကို သတိရလွန်းလို့ပါ။ စာရေးဆရာဟာ စိတ်ကူးသမားပါ။ ဒါပေမယ့် ကူးတဲ့ စိတ်ကူး က လူမျိုးရေး ဘာသာရေး အရောင်ဆိုး သွေးထိုးတာမျိုးက မလုပ်ကောင်းတဲ့အရာပါ။ ပတ်ဘလစ်မှာ ပေါ်ပျူ လာလုပ်ချင်တာနဲ့ ဒီကိစ္စတွေ ခုတုံးလုပ် သွေးထိုးတာဟာ စာသမားတယောက်အဖို့ အင်မတန် ရှက်စရာ ကောင်းတဲ့ အလုပ်ပါ။ ဘာမှ အသိတရားစောင့်စည်းမှုမရှိတဲ့သူမျိုးကတော့ ဘာမှ ရှက်ရ ရွံ့ရမယ်မှန်း သိမယ် မထင်ဘူး။ ဒီလိုစာဆိုးတွေ ဖတ်ပြီး ယောင်ယောင်မှားမှားဖြစ်နေတဲ့ အမျိုးသားရေးသွေးကြွတွေကို ကြည့်ပြီး အာဏာရှင်ကတော့ ဝမ်းသာနေမှာပဲ။ မျက်လှည့်ပါးရိုက်လုပ်လို့ကောင်းမယ့် ကျွန်လက်သစ်လေးတွေဆိုပြီး ..။

တခြားတော့ ထူးတထွေမရှိပါဘူး။ ဒီမိုကရေစီခေတ်မှာ ဦးလှထောင်စာအုပ်တွေ ပြန်ထွက်လာတယ်။ ဒေါ်အ မာ ဝမ်းသာပေရော့ပဲ။ ပြန်ထွက်ရုံတင်မက ထောင်မဂ္ဂဇင်းဆိုတာမှာပါ ထည့်နေသေး၊ ထောင်ကျတဲ့ နိုင်ငံရေး သမားတွေလည်း မလွတ်သေး၊ အာစီယံဥက္ကဋ္ဌတော့ ဖြစ်သွားပါပြီ။ အမေရိကန်မကြီးလည်း ဒီမိုဘုရားလာဖူး ရင်း မန်းအခေါ် ရွှေဘေ (ချ) အုံးမယ်။ ကောင်းကြပါတယ် ဒေါ်အမာ အားလုံးကောင်းကြတာပါပဲ။ နင်ပလီရင် တော့ ခံရမှာမလွဲဆိုတဲ့ ငိုချင်းလေးကိုသာ သတိရပါရဲ့။

ဗမာမှု ဗမာဓလ့ လေ့လာရေးတွေ သူများတိုင်းပြည်တွေမှာ လုပ်နိုင်ကိုင်နိုင်နေတာလည်း မုဒိတာပွားမိပါတယ်။ ကိုယ့်ဆီမှာ ဘာမှဖြစ်ဖြစ်ထွန်းထွန်း မထွက်လာတော့ဘဲ ရှိပြီးသားလေးတွေတောင် ဆုတ်ယုတ်လာတာလည်း တွေးမိတိုင်း မချိပါဘူး။ မှတ်မှတ်သားသား တင်ကျန်ခဲ့အောင် မြို့တွေ နယ်တွေမှာ ပြတိုက်ဆိုတာလေးတွေ ထူထောင်ကြပါ။ ပြတိုက်ကို စာကြည့်တိုက်နဲ့ တွဲဖွင့်လို့ရပါတယ်။ ပြတိုက်မှာ ပြရုံအပြင် ပြောတာဟောတာ တွေလည်း ဆောင်ရွက်ပေးကြပါ။ မြို့က ဟောနေကျတွေ ခေါ်ဟောတာအပြင် နယ်က ရွက်ပုန်းသီး ပညာရှိ တွေ စာသမားလူငယ်တွေ အလေ့အကျင့်လုပ်ပြီး လူရှေ့ထွက်ပြောတာလေးမျိုးလည်း တွဲတင်ပေးကြပါလို့ ဆောင်းပါးတပုဒ်လာက်ရေးပါ ဒေါ်အမာရယ်။ ဒေါ်ကလျာစာမူရရင် သိပ်ပျော်ရှာမှာပဲ။ တလက်စထဲ ဒေါ်ခင်စု (ခင်နှင်းယု)၊ ဆရာသန်းထွန်းတို့ဆီကပါ တောင်းပေးပါအုံး။ ခုခေတ်စာအုပ်တွေမှာ လူကြီးကလောင်တွေ တ ဖြုတ်ဖြုတ်ကြွေပြီး လူပေါတွေပဲ များလာတာကြောင့်ပါ။

ဒေါ်အမာရေ ... ဒါပဲနော် သေနေ့အလွန် မွေးနေ့ကို နှုတ်ဆက်တာပါပဲ။ ကံကြုံရင် ပြန်ဆုံပြီး သတင်းစာထုတ် ကြသေးတာပေါ့။

မာပါစေ မာ၏။

ဘိုဘိုလန်းစင် (ဟေ့ ... မင်းနာမည်ကြီး ငါမကြိုက်ဘူးလို့ ပြောလှည့်အုံးလေ)

(http://bobolansin.wordpress.com/ မှ ကူးယူဖော်ပြသည်။)

18 comments:

လင်္ကာ said...

ဘိုဘိုလန်းစင်ဆိုတာဘာကောင်
လည်းတော့မသိဘူး
သူ့ စာဖတ်ရတာတော့
တည်တည်တန့် တန့် မရှိလိုက်တာဗျာ။
ဝေ့လည်ကြောင်ပတ်နဲ့ ။
ဒါပေမယ့်
ဘိုဘိုလန်းစင်ဆိုတဲ့ 
နာမည်နဲ့ သူရေးတဲ့စာနဲ့ ကတော့
တော်တော်လိုက်ဖက်ပါသဗျို့ ။

AUNGZEYA said...

As a Normal Citizen, We strongly believe in what she did and what she is doing. Although What she will do.We hate the peoples who are just tongue say and no work done.You may be good talker but I don't know you and I don't believe in you will lead us to the practical world.

Now I hate to go the DR LUN SWE Blog.

Taw Lu Thit said...

ကောင်းတာကတော့ ဘိုဘိုလန်းစင်ရယ် ဒေါ်အမာနောက်
ကောက်ကောက်ပါအောင်လိုက်သွား တာအကောင်းဆုံးပါပဲ.ရှင်နေရင် မတော်မတည့်တွေ မြင် ခင်ဗျားလဲ ဆရာကြီးလုပ်နေရဦးမယ်..

thida mon said...

ဘိုဘိုလန်းစင်ဆိုတာ လူထုမိဘတွေရဲ့ မြေးဆိုတာ မယုံနှိင်စရာပါ၊ အေးပေါ့လေ Taw Lu Thit ပြောသလိုပါပဲ ဒီလူက ဇော်ကန့် လန့် ထင်ပါရဲ့ 

zaw said...

agree to AUNGZEYA

Anonymous said...

he who wanna shows wut he is called........

dadaoo said...

ဖတ်ရတာမလန်းပါဘူး မောင်လမ်းမစင်ရေ မင်းဟာလေ မင်းအဖွားထက်ေ-ာက်ခွက်ကကြီးချင်သကိုး

Khin said...

ဒေါ်အောင်ဆန်းစုကြည် နဲ့ သူမ ရဲ့ လုပ်ရပ်တွေကို အပြစ်ဖို့ နေသူ တွေ ဟာ ဘယ်လို လူမျိုး တွေလဲ ဆိုတာ စဉ်းစား မရနိုင်အောင်ပါဘဲ။
အဲလို လူမျိုးတွေ ဟာ သူတို့ရဲ့ နောက်မှာ ထောက်ခံသူလူနည်းစု (မိမိ ကိုယ်ကျိုးကိုသာကြည့် သည့်လူများ) သာ ရှိတယ်ဆိုတာ သိကြရဲ့လား မသိပါ။
မြန်မာနိုင်ငံ ကို ကောင်းစားအောင်၊ ဆင်းရဲတဲ့လူထု ကို ဆင်းရဲတွင်းမှလွတ်အောင် စစ်မှန်တဲ့စေတနာ ရှိသူ မှန်သမျှ ပုဂ္ဂိုလ်စွဲ၊ ငါစွဲကင်း ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လုပ်နေတာ သူ့နာမည် ရရေး၊ ကောင်းစားရေး အတွက် မဟုတ်တာ ငြင်းမရပါဘူး။ အားလုံး သူ့ကို ယုံပါတယ်။
လက်ရှိ မလွတ်သေးတဲ့ နိုင်ငံရေး အကျဉ်းသား များဟာလဲ တိုင်းပြည်လူထု အတွက် အကြွင်းမဲ့ စေတနာ နဲ့ လုပ်သူ များသာဖြစ်ရပါမယ်။
ဒေါ်အောင်ဆန်းစုကြည် အတွက် ဦးတည်ပြီး အနစ်နာခံ လုပ်ပေးသူများ မဖြစ်သင့်ပါ။ အဲဒီလိုလဲ မကြွေးကြော် သင့်ပါ။
ဒေါ်အောင်ဆန်းစုကြည် အတွက်ဘဲ လုပ်ခဲ့တာ ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် တင့်တယ်နေချိန် သူ့ကိုပံ့ပိုးခဲ့သူတွေကို ပြန်မကြည့် ဘူး ပြောနိုင်ပါတယ်။
ဒါပေမဲ့ နိုင်ငံ အတွက် ဆိုရင်တော့ ကျွန်မတို့ ရဲ့ ပြည်သူတွေ ဆင်းရဲတွင်း နက်နေဆဲပါ။ (သူတို့ ဘယ်သူ့ အတွက် လုပ်ခဲ့တာလဲ)
ပွဲမပြီးသေးပါဘူး။ အမှန်တော့ စတောင်မစရသေးပါဘူး။
ဒါကို ဒေါ်အောင်ဆန်းစုကြည် က စဖို့ ကြိုးစားနေရတာပါ။ သူမ လုပ်ရပ် မှန်ချင်လဲ မှန်မယ်။ မှားရင်လဲ မှားမယ်။
ဒါပေမဲ့ အခု သူ သွားနေတဲ့ လမ်းဟာ အရင်က မအောင်မြင်ခဲ့ ဘူးတဲ့ လမ်းကို ထပ်သွားနေတာ မဟုတ်ပါဘူး။
အောင်မြင်နိုင်ခြေ ရှိတဲ့လမ်းကို ရွေးပြီးလုပ်နေတာပါ။
နိုင်ငံရေး မှာ ပုံသေ လမ်းဆိုတာ ရှိလို့လား။ ဒီလို မှ ဖြစ်နိုင်ခြေ ရှိတာကို စမ်းမလုပ်ရင် မြန်မာလူမျိုး ဆိုတာ ကမ္ဘာ့ အတုံးဆုံးလူမျိုး အဖြစ်ရောက်သွားပါမယ်။
ဒီတော့ ပြည်သူလူထု နဲ့ အနာဂါတ် ခလေးငယ် တွေ ရဲ့ ဘဝကို မြှင့်တင် ချင်တဲ့ စေတနာ နဲ့ ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတာတွေ ကို အပြစ် မတင်ပါနဲ့။
သူမ နိုင်ငံ ရဲ့ ရှေ့တန်းမှာ ရပ်နေတာကို မနာလို မရှိပါနဲ့။
သူမဟာ ငရဲကျ ပြည်သူတွေ ကို ကယ်ဖို့ လုပ်နေတာပါ။
ငရဲကျ ပြည်သူတွေ ကို ဘမ်းပြပြီး လုပ်စား နေတာ မဟုတ်ပါ။ သူလုပ်တာ မှားသွားလဲ သူမ နဲ့အတူ ဝိုင်းပြီး အမှန်ပြင်ဖို့ အဆင်သင့်ပါဘဲ။
ကျွန်မတို့ မင်းလောင်းမျှော်ချင်မျှော် ပါမယ်။ ဒါပေမဲ့ ကျွန်မတို့ "အ"နေ "တုံး"နေ တဲ့ သူတွေ မဟုတ်ပါ။
ကျွန်မတို့ မင်းလောင်း အတွက် စံရှိပါတယ်။
လောလောဆယ်မှာတော့ ကျွန်မတို့ ပြည်သူ တွေအတွက် လက်တွေ့ အကျဆုံး လုပ်ပေးနိုင်တဲ့ နိုင်ငံတကာ အဆင့်မှီမင်းလောင်းဟာ ဒေါ်အောင်ဆန်းစုကြည် က လွဲလို့ ဘယ်သူမှ မရှိသေးပါဘူး။
ရှိရင်လဲပြောပါ။ လူထူရှေ့ကို ထွက်လာပါ။ ကျွန်မတို့ ထိုင်ပြီး ရှိခိုးဖို့ ဝန်မလေးပါဘူးရှင့်။

La said...

လောလောဆယ်တော့ ခင် ဟာ ဒေါင်းယောင်ဆောင်ထား တဲ့ လဒမကြီး ကို ကန်တော့ နေပေရော့
၉၀ ရလဒ် ဆိုတာလဲ ပြည်သူ ဆန္ဒ ပါ၊ အနှစ် ၂၀ လုံးလုံး လဒမကြီး ရဲ့ ယောင်ခြောက်ဆယ် စကားလုံး တွေ နဲ့  အချိန်ဖြုံးပြီး မှ မစားရတဲ့ စပျစ်သီးချဉ်တယ် လုပ်တာဟာ လူထု ဆန္ဒ ကို အလွဲသုံးစား လုပ်တာပါပဲ

Mg Lu Aye said...

ဒေါ်စုအခုလမ်းကို ရွေးလိုက်တာဟာ သူတဦးတယောက်တည်းအတွက် သူ့ရဲ့ တကိုယ်ရည်ကျော်ကြားမှူအတွက် ကြည့်မယ်ဆိုရင် သိပ်ကို စွန့်စားရတဲ့ကိစ္စပါ။ ဘာဖြစ်လို့လဲဆိုတော့ သူအခုရောက်နေတဲ့ အဆင့်(status which is recognized and inspired internationally as a democracy icon) အတွက်ကြောင့်ပါပဲ။ ဒါကို သူကိုယ်တိုင်က သိပါတယ်။ ဘေးပြောမဲ့အစား ဝိုင်းဝန်းပံ့ပိုးပေးပါ။ ကွဲပြားတဲ့ အမြင်တွေဟါ ကောင်းပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ညီညွတ်ရေးက ပိုအရေးကြီးပါတယ်။

ကာလနဂါး said...

နင် အဲ့လိုတွေ ပေါက်ကရ ပြောလွန်းလို့ နင့်ကို ငါ facebook မှာ block လိုက်တာ၊ အဖိုး အဖွား အရှိန်နဲ့ နာမည်ကြီးအောင်လုပ်တာ ငါဘာမှ မပြောခြင်ပေမဲ့ ၊ဒီလို ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ပီး နာမည်ကြီးအောင် လုပ်တာတော့ အောက်တန်းကြလွန်းတယ်လို့ ပဲမြင်ပါတယ်၊ " what goes around comes around" ဆိုတဲ့ စကားကို မမေ့ဖို့ ထပ်သတိပေးလိုက်ပါတယ်။

La said...

နောက် တတုံး ကို ညီညွတ်ရေး က ပိုအရေးကြီးရှာတဲ့ မောင်လူအေး တို့ ပဲ စောင့်စားပါ။

ငညီ said...

စာရေးသူက ကွန်မန့်တွေဝင်ပေးပြီး ပြန်ဆဲနေတာ ရီတော့ရီရသားဟ။ ဒေါ်စုကိုဆဲလိုက်၊ဟိုလူ့ဆဲ၊ဒီလူ့ဆဲနဲ့ မင်းလည်းဘယ်တော့ငရဲရောက်မလဲမသိဘူးကွာ။ဟေ့ကောင် ငခြောက်လှန်းစင် မင်းကဆရာလား။ သမားလား။ မင်းက ဟိုရေးဒီရေးလျှောက်ရေးရအောင်မင်းအဆင့်ကဘာလဲ။ ဝေဖန်တယ်ဆိုတာဘောင်ရှိတယ်ခလေး။လမ်းဘေးကထိုင်ဆဲတာတော့သူတောင်းစားလည်းလုပ်တတ်တာပဲကွာ။

Phoe Khant said...

To take responsibility for what you wrote, please put your photo together with the article if you are not coward. If you don't dare to put your photo, I want to request you don't write article like this.
Phoe Khant

DOK said...

La ဆိုတဲ့သူ ဘိုလောက်လမ်းကိုယ်တိုင်ပေပဲလား
နိုင်ငံ့ဥသျှောင်အမျိုးသားခေါင်းဆောင်ကိုမဟားဒရား
ပြောနေမှထမင်းစားရတတ်တာလား

မိမဆုံးမ၊ ဖမဆုံးမ၊ သဘောက်မသားတွေအသံကြားရ၊ ငရဲသာရမယ်။ ကိုလွဏ်းဆွေ ခင်ဗျားလဲအလိုတူအလိုပါဘဲ

banyahtut said...

ဘိုဘိုလမ်းစဉ် ဆိုရှယ်လစ် ဝါးဒီ လားချီးထုပ်

Anonymous said...

The best comment.
သူမ နိုင်ငံ ရဲ့ ရှေ့တန်းမှာ ရပ်နေတာကို မနာလို မရှိပါနဲ့။
သူမဟာ ငရဲကျ ပြည်သူတွေ ကို ကယ်ဖို့ လုပ်နေတာပါ။
ငရဲကျ ပြည်သူတွေ ကို ဘမ်းပြပြီး လုပ်စား နေတာ မဟုတ်ပါ။ သူလုပ်တာ မှားသွားလဲ သူမ နဲ့အတူ ဝိုင်းပြီး အမှန်ပြင်ဖို့ အဆင်သင့်ပါဘဲ။
ကျွန်မတို့ မင်းလောင်းမျှော်ချင်မျှော် ပါမယ်။ ဒါပေမဲ့ ကျွန်မတို့ "အ"နေ "တုံး"နေ တဲ့ သူတွေ မဟုတ်ပါ။
ကျွန်မတို့ မင်းလောင်း အတွက် စံရှိပါတယ်။
လောလောဆယ်မှာတော့ ကျွန်မတို့ ပြည်သူ တွေအတွက် လက်တွေ့ အကျဆုံး လုပ်ပေးနိုင်တဲ့ နိုင်ငံတကာ အဆင့်မှီမင်းလောင်းဟာ ဒေါ်အောင်ဆန်းစုကြည် က လွဲလို့ ဘယ်သူမှ မရှိသေးပါဘူး။
ရှိရင်လဲပြောပါ။ လူထူရှေ့ကို ထွက်လာပါ။ ကျွန်မတို့ ထိုင်ပြီး ရှိခိုးဖို့ ဝန်မလေးပါဘူးရှင့်။

lagoon said...

အထက်ကပြောကြတဲ့ အစ်ကိုတော်တွေအမတော်တွေဗျာဒီမိုကရေစီရဲ့သဘောက လွတ်လပ်စွာသဘောကဲလွဲခွင့်ရှိတယ်လေ ခေါင်းဆောင်မိုလို့မဝေဖန်ရဘူးဆိုရင် ကျွန်တော်တို့က ဒုတိယအာဏာရှင်ကိုမွေးထုတ်နေသလိုပါပဲ ဒီမိုကရေစီဆိုတာကိုလဲသေသေချာချာပြန်ပြီးသုံးသပ်ကြပါအုံး ကိုယ်လိုချင်တာဘယ်လိုမျိုးဒီမိုကရေစီမျိုးကိုလိုချင်တာလဲဆိုတာလဲသေသေချာချာသုံးသပ်ကြပါအုံး သူလဲသူ့အမြင်ကိုသူတင်ပြတယ် ညည်းတွားတယ် ငိုချင်းတွေရေးတယ် ဒါသူ့ လွတ်လပ်ခွင့်တခုပါပဲ အခုမိတ်ဆွေတို့ပြောနေကြတဲ့ပုံကအာဏာရှင်ရေးထားတဲ့ အခြေခံဥပဒေကြီးကိုသေသေချာချာအသက်သွင်းနေသလိုပါပဲ လွတ်လပ်စွားပြောဆိုခွင့်ရေသားခွင့်ဆန္တထုတ်ဖေါ်ခွင့်ရှိတယ်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုမပျက်ပြားစေလျှင်ဆိုတာလေးရှေ့ကခံရေးထားသလိုပဲ သူ့အနေနဲ့ လက်ရှိခေါင်းဆောင်ကိုသဘောထားမတိုက်ဆိုင်လို့ရေးတာလေသူရေးတာကိုပဲ ဝိုင်းပြီးနှုတ်လှန်ထိုးနေကြတော့ နအဖရဲ့အခြေခံဥပဒေကိုဝိုင်းအသက်သွင်းနေသလိုပဲကျွန်တော်ခံစားရတယ်ဗျာ.