နှမြောလိုက်တာ NLD
အောင်မျိုးထွန်း
(စာရေးသူ၏ အာဘော်ကို ဖတ်ရှုဆင်ခြင်သုံးသပ်နိုင်ရန် တင်ဆက်ပေးခြင်းဖြစ်သည်။)
၂၀၀၈ အခြေခံဥပဒေကို “ကာကွယ်စောင့်ရှောက်တာ” နဲ့ “လေးစားလိုက်နာတာ” အတူတူပဲ။ ကုလားကြီးနဲ့ အရာကြီး ဘာကွာလို့လဲ။ သဘောခွေ့ မနောမွေ့နေစရာလား။ တမတ်သားစစ်ဗိုလ်တွေ၊ အရင် နအဖသစ္စာ တော်ခံတွေ၊ ခါးပိုက်ဆောင် ဒီမိုကရက်အမတ်တချို့နဲ့ ခြေချင်းလိမ်နေကြတဲ့ နေပြည်တော်လွှတ်တော်ထဲ ဘာသွားလုပ်ဦးမလို့လဲ။ နှမြောလိုက်တာ NLD။
“၂၅ % အမတ်ကိစ္စ ပယ်ဖျက်ပေးရင် ရွေးကောက်ပွဲဝင်မယ်” ဆိုပြီး ကိုယ့်ကို လိုအပ်နေချိန်မှာ အတိုက်အခံ ပီပီသသနဲ့ သမိုင်းကြောင်းကို ဆက်ရမယ်။ NLD ရယ်လို့ ပြည်သူလူထုကြား ဟိုးလေးတကြော်ကြော် သတင်း မွှေးခဲ့တာ၊ စစ်ခေါင်းဆောင်အဆက်ဆက်ရဲ့ အညှိုးအတေးအကြီးဆုံး ဖြစ်လာခဲ့တာ၊ နိုင်ငံတကာက စံထားရ တဲ့ ဒီမိုကရက်တစ်ပါတီတခုအဖြစ် ဂုဏ်တင့်ခဲ့ရတာ ... ဒါတွေကို လည်ပြန်ငဲ့မကြည့်နိုင်လောက်အောင် ရွေး ကောက်ပွဲရေတစက်ကို ဘာ့ကြောင့် မက်မက်စက်စက် ဖြစ်နေရတာလဲ။ လှုပ်တိုင်း သွားတာမဟုတ်သလို ဒေါ်စု ရပ်နေတာဟာလည်း သူတို့အတွက် မျက်ခုံးတလှုပ်လှုပ်နဲ့ ရိုးတိုးရွတဖြစ်မှာပဲ။ စစ်ကျွန်ဘူတာကို ထိုး ဆိုက်မယ့် ဒီမိုကရေစီရထားကြီးလို့ NLD ခေါင်းဆောင်တွေပဲ ယုံယုံကြည်ကြည် ပြောခဲ့တာ ဘာကြာသေးလို့ တုန်း။
“တဘက်က သူ့ပါတီနိုင်ငံရေးကို ပါးပါးနပ်နပ်နဲ့ ဘယ်ပြညာဖမ်းလုပ်နေတာ။ ကိုယ်က အသုံးတော်သွားခံတာ အရေးမကြီးဘူး။ နောက်က မျက်စိစုံမှိတ်လိုက်မယ့် ရိုးသားတက်ကြွတဲ့ အရပ်ရပ် နိုင်ငံရေးအင်အားစုတွေရဲ့အမြင်မှာ မြန်မာပြည်နိုင်ငံရေး ဆိုတာကို ဒါပဲလို့ ရေတွင်းထဲက ဖားသူငယ်တွေလို သင်းသတ်ခံလိုက်ရရင် အကုန်လုံး ပျက်သုဉ်းပြီ။ ဆယ်သက်ဆယ်ဘ၀ နာလန်ထူနိုင်ကြမှာမဟုတ်ဘူး။ လည်ပင်းကို ကြိုးကွင်းစွပ် ခြေထောက်အောက်က ပျဉ်ပြားကို ဒိုင်းခနဲ ဖြုတ်မှ သေဒဏ်လို့ သတ်မှတ်တယ်မထင်နဲ့။ နိုင်ငံရေးမှာ နုတဲ့၊ ယဉ်တဲ့၊ နန်းဆန်တဲ့၊ သတ်နည်းတွေ အလျှိုအလျှို ပေါ်ကုန်ပြီ။ စက်သတ်ကျောက်ချ နည်းနာဟောင်းတွေနဲ့ဆို ခံပေရော့။”
ရှက်တယ်၊ ရှက်ဖွယ်လိလိပါ။ ဦးဉာဏ်ဝင်းတို့၊ ဦးဝင်းတင်တို့ကို ၂၀၁၀ ရွေးကောက်ပွဲ ကြံ့ဖွံ့ပါတီ အောင်ပွဲခံ ရေးလော်ဘီလုပ်ခဲ့တဲ့ တရားခံတွေအဖြစ် စွဲချက်တင်ရမယ်။ အဲဒီရက်ပိုင်းက ဖြစ်ကြောင်းကုန်စင်ကို ဒီမိုကရေ စီဘက်တော်သားတွေက မြေလှန်တူးဆွပစ်ရမယ်။ အခုမှ ကျနော် မပါဘူး၊ ကျမ မပါဘူးလို့ ထန်းလက်နဲ့ မ ကာကြနဲ့။
တဘက်က သူ့ပါတီနိုင်ငံရေးကို ပါးပါးနပ်နပ်နဲ့ ဘယ်ပြညာဖမ်းလုပ်နေတာ။ ကိုယ်က အသုံးတော်သွားခံတာ အရေးမကြီးဘူး။ နောက်က မျက်စိစုံမှိတ်လိုက်မယ့် ရိုးသားတက်ကြွတဲ့ အရပ်ရပ် နိုင်ငံရေးအင်အားစုတွေရဲ့ အမြင်မှာ မြန်မာပြည်နိုင်ငံရေးဆိုတာကို ဒါပဲလို့ ရေတွင်းထဲက ဖားသူငယ်တွေလို သင်းသတ်ခံလိုက်ရရင် အ ကုန်လုံး ပျက်သုဉ်းပြီ။ ဆယ်သက်ဆယ်ဘ၀ နာလန်ထူနိုင်ကြမှာမဟုတ်ဘူး။ လည်ပင်းကို ကြိုးကွင်းစွပ် ခြေ ထောက်အောက်က ပျဉ်ပြားကို ဒိုင်းခနဲ ဖြုတ်မှ သေဒဏ်လို့ သတ်မှတ်တယ်မထင်နဲ့။ နိုင်ငံရေးမှာ နုတဲ့၊ ယဉ် တဲ့၊ နန်းဆန်တဲ့၊ သတ်နည်းတွေ အလျှိုအလျှို ပေါ်ကုန်ပြီ။ စက်သတ်ကျောက်ချ နည်းနာဟောင်းတွေနဲ့ ဆို ခံပေရော့။
ရှင်းရှင်းလုပ်ပါ။ လူထုခမျာ နိစ္စဓူဝ စားဝတ်နေရေးနဲ့ ချာလပတ်လည်ပြီး နိုင်ငံရေးဆိုတာကို တံခြူနဲ့ မမီ တုတ် နဲ့ လှမ်းပစ်မရတဲ့အထဲ လူထုအချစ်တော် နိုင်ငံရေးခေါင်းဆောင်တွေက “စောင့်ကြည့်ရမှာပေါ့၊ မပြောနိုင်သေး ပါဘူး၊ မရှိတာထက်စာရင် ရှိတာကောင်းပါတယ်” စတဲ့ မရေမရာ ပြတ်သားမှုမရှိတဲ့ စကားလုံးတွေကို ထည် လဲသုံး လူလည်လုပ်နေရင် အချိန်က တဖန်ပြန်ဒဏ်ခတ်မှာ သေချာတယ်၊ မှုန်ဝါးဇာတ်နဲ့ စခန်းသိမ်းလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကြံရည်ထွက်အောင် ညှစ်သလို ညှစ်နေတယ်လို့ မြင်ကြရင် ၀ိုင်းဝန်းထိန်းကျောင်း ပေးကြရမယ့် တာဝန်ရှိတယ်။ ကျားထိုးတဲ့လူထက် ဘေးက ခါးထောက်ကြည့်သူက ကင်းပွင့်မယ့် အကွက်ကို ပိုမြင်တယ်။ ကျားဝိုင်းမှာ “ဘေးမပြောရ” ဆိုတဲ့ စာကပ်ထားတာ အလကားမဟုတ်ဘူး။ စိန်နားကပ်ရောင် ကြောင့် ပြောင်တဲ့ပါးဟာ သူမှီခိုရာ မရှိတော့တဲ့တနေ့ ခွေးကျဝက်ကျ ကျတတ်တယ်။ ဒေါ်စု အသက်ကြီးပြီ။ အားလုံးမမှန်နိုင်တော့ဘူး။ ‘မူ’ ကို ရင်မြေခံတုတ်လုပ်ရမယ့် နိုင်ငံရေးကို အခုကတည်းက ရှင်ကြီးဝမ်း ရှင်ငယ် ၀မ်း နေခဲ့ဖူးသူတွေနဲ့ အမြုတေ စုထားရမယ့် အချိန်တခုရောက်ပြီ။ ဒေါ်စုအသက် နှစ်တစ်ထောင်ရှည်မှာ မ ဟုတ်ဘူး။
စစ်ဗိုလ်မျိုးဆက်သစ်တွေနဲ့ အတိုက်မခံ မျိုးဆက်သစ်တွေ ပက်ပင်းတိုး ထိပ်တိုက်တွေ့တဲ့အခါ ကူပါကယ်ပါနဲ့ ခွေအလှည်းနင်း မဖြစ်ဖို့ လိုတယ်။ ‘ဒေါ်စုရေ’ ဆိုပြီး ရင်ဘတ်စည်တီးနဲ့ ငိုကြီးချက်မ မဖြစ်ဖို့ လိုတယ်။ ‘လူ’ ကို မှီလွန်းတဲ့ နိုင်ငံရေးမှန်သမျှ ဘယ်မှာ ခိုင်ခံ့တောက်ပြောင်ပြီး သမိုင်းလှခဲ့လို့လဲ။ အဆိုးတကာ့အဆိုးဆုံးက မိမိ ကိုယ်တိုင်လည်း ခပ်တုံးတုံးဖြစ်သွားတာပဲ။
နိုင်ငံ့ဦးဈှောင်တပါးလို၊ ခေတ်ရှေ့ပြေး ဖလော်ဆော်ဖာတယောက်လို၊ ကမ္ဘာကျော် ဒီမိုကရေစီစံပြတဦးလို၊ အင်္ဂလိပ်-မြန်မာစကားလုံးတွေကို ပုလဲပန်းလိုခြယ်မှုန်းနိုင်တဲ့ စာရေးဆရာတဦးလို၊ တည်ကြည်ခံ့ညားတဲ့ ရာဇ ၀င်ဆရာတစ်ယောက်လို ... စတဲ့ တကမ္ဘာလုံး ဦးညွှတ်စံထားရတဲ့ မြန်မာ့ဂုဏ်ဆောင်အမျိုးသမီးကြီးအဖြစ်နဲ့ ကျနော်ချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မျိုးမှဲ့မထင်မြင်ချင်ပါတယ်။ နိုင်ငံရေးထက် အဆင့်ပိုမြင့်တဲ့ နေ ရာမှာ ထားချင်မြင်ချင်လှပြီး နောင်လာနောင်သားမြန်မာများအတွက် “ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ငါတို့နဲ့ သက်တမ်းအတူတူ မြန်မာပြည်မှာ လူဖြစ်သွားတာကွ” ဆိုပြီး ကဗ္ပည်းရေးထိုးလိုက်ချင်ပါတယ်။ လန်ဒန်ဟိုက် ကုတ်ပန်းခြံထဲက သေတ္တာခွံတခုပေါ်တက်တဲ့ နိုင်ငံရေးလိုမျိုး ဒီမှာက မရိုးစင်းဘူးလေ။
အောင်မျိုးထွန်း
၃၀-၁၀-၂၀၁၁
(အောင်မျိုးထွန်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)
39 comments:
မင်းတို့ကောင်တွေအနှစ် ၂၀ကျော်တောင်ဘာဖြစ်အောင်လုပ်နိုင်ခဲ့လို့လဲ။ နိုင်ငံခြားမှာနေ ဒီမိုကရေစီအော်ပြီး သောက်ဖြစ်ရှိအောင်မလုပ်နိုင်ပဲ မင်းစာကို အဆုံးထိတောင်ဆက်မဖတ်ပဲ သောက်ရူးလို့ မင်းကိုဆဲတယ်ကွာ
Aung Myo Htun whao I know this name is not granted Asylum in American. His case was denied becuse the court knew that he lied a lot. That's why he is so worry not to get Asylum when Burma gets democracy. Poor and foolish Aung Myo Htun. Need to be mature and bear the pure mind so you will get look luck.
လူတွေလူတွေ ကိုယ်ကြည်ညိုလေးစားရတဲ့လူ ယောက်ကိုထိတာနဲမခံမရပ်နိုင်ဖြစ်ကြတယ် မင်းတို့ ကိုးကွယ်နေတဲ့ဒေါ်စုကြည်က ဘုရား ရဟန္တာမို့ လို့ လား ပုထုဇဉ်မှန်ရင်မှားနိုင်တာဘဲ အမှားကိုတောက်ပြတဲ့လူကို ကျေးဇူးရှင်လို့ သတ် မှတ်ရမယ် အခုတော မိုက်ရိုင်းလိုက်ကြ တာ ၊ ငါ့အမြင်ပြောရရင် ဒေါ်စုဟာ လူထုခေါင်း ဆောင်မဟုတ်ပါဘူး ဗမာတွေရဲ့ ခေါင်းဆောင်လို့ ပြောရင်တောမှန်ရင်မှန်နိုင်တယ် ဒါကလည်း မင်းတို့ မှာမျိုးဆက်တွေထဲက သူတစ်ယောက်ဘဲ လူရှေ့ ပြစရာရှိတာကို သီပေါမင်းအမျိုးတွေကလည်း အိန္ဒိယမှာ သူတောင်းစားတွေဖြစ်ကုန်ပြီး အခုကလည်း ဒေါ်စုအမျိုးဖျက်ခဲ့တာ မင်းတို့ ဗမာတွေမို့ လို့ သူကိုဘုရားကိုးကွယ်နေတာငါဖြင့် ဖာသယ်မအဆင့်ဘဲသတ်မှတ်တယ် ရထားတဲ့နိုင်ငံတကာကဘွဲ့ ထူးဂုဏ်ထူးတွေကလည်း သူလင်နိုင်ငံခြားသားမိုလို့ ပါ အေးတစ်ခုတောသတိပေးလိုက်မယ် မင်းတို့ မင်းတို့ ဗမာတွေရှေ့ လျှောက်ဆက်မလိမ်နဲတော် ဘယ်တိုင်းရင်းသားကမှမယုံတောဘူး ။
stupid
ဒေါ်အောင်ဆန်းစုကြည်နဲ. NLD ကပြည်ပရောက်အတိုက်အခံဆိုတဲ့လူနည်းစုတွေအကျိုးထက် ပြည်သူလူထုအားလုံးအကျိုးအတွက်ကိုပဲကြည့်မှာပါ၊
အရင်လိုဆက်သွားနေအုံးမယ်ဆိုရင်တော့ဘယ်တော့မှ
ပြဿနာကဘယ်တော့မှပြီးဆုံးမှာမဟုတ်ပဲပြည်သူလူထုသာပိုပြီးဒုက္ခရောက်တာပဲအဖတ်တင်မှာပါ
ဒေါ်စု (ေ-ာက်ရူး ထတာ မှန် သမျှ) အမျှ အမျှ အမျှ ပေးဝေ ပါကုန် ၏။
ဖွတ်ထွက် တော့ တောင်ပို့ မှန်း သိကြ စေသောဝ်။
ကျော ချ ရင် ဒါးပြ တဲ့
ဒီတခါ ကျော ချ သွား တာ
ဒါး ပြ မဟုတ်ဘူး
ဒို့် ဗိုလ် ချုပ် အောင်ဆန်း ရဲ့ သ မီး
အောင်ဆန်း စုကြည် ။
လေ လည် ရင်
ဘာ ကျယ် လဲ မေး နဲ့
စု နိုင် မှ ချမ်းသာမယ် တဲ့
ဒို့် တ တွေ မချမ်းသာ ခဲ့ ပေမဲ့
မေတ္တာ ပို့် မ ပျက်ပါ ဘူး
တ ခါ မှားဖူး တဲ့ အရိုင်း စု လေး အတွက်
ဒို့် ပြည်သူ အချစ် နဲ့ အရာရာ အကောင်း ဖြစ်ခဲ့ တယ် မဟုတ်လား ။
စု လေး တို့ တူး တူး ခါး ခါး ဖြစ်ပုံများ
ဘူး ဆို ဖယုံ မသီးဖူး ဆို ဘဲ
မရိုသေ့ စကား နောက်ဖေး များ သွား ရင် တောင်
ဘူ ဖြစ်မှာ စိုးလို့ အောင့် တောင် ညှစ်ပါ သတဲ့
ဘူး ဆို တာ လူတိုင်း ကြားအောင် ။
ပီယ၀ါစာ ချစ်ဖွယ်သော စကား ထပ် ကြားစေတာ က
ကျမ ကို ချစ် တဲ့ ပြည်သူတွေသာ အသိ အမှတ် ပြု ရင်
ရုူံး တောင် မလိုပါ သတဲ့
'ကျွန်တော် နဲ့ ကိုဘကျော် ' ဇာတ်ကား ထဲ က
Dialogue တွေ အတိုင်း ။
နှစ် ၂၀ ပစ်ခွါခဲ့တဲ့ ကိုဘကျော် က
ချောင်း ဟန့်သံ ပေးရုံနဲ့
ဒီတခါ သူ ကြင် နာ ကောင်း ရဲ့ ဆို ပြီး
လိုက် ပြေး မယ် ပြင်တဲ့
အကယ်ဒမီ လေထွားစုကြည် ။
မရေးချင်ပဲအမြင်မတော်လို့ရေးရအုံးမယ်..။ အက်စစ်ဆိုတဲ့လူရှိနေရင်လည်း ၀င်ရေးလို့ရတယ်။ ကဲ အခု
ဘာအတွက်နဲ့အငြင်းပွားနေကြတာလဲ။ သေချာ စဉ်းစားကြပါ။ ပြည်သူနဲ့နိုင်ငံအတွက်ဆိုရင် အငြင်းမပွားကြပါနဲ့။ ပြောချင်တာ အခုအချိန်မှာ ပုဂ္ဂိုလ်စွဲ ပါတီစွဲတွေ ခဏမေ့ထား။ နိုင်ငံနဲ့ ပြည်သူအတွက်ဆိုရင် အခုအချိန်ဟာ တိုးတက်ပြောင်းလဲဖို့ အကောင်းဆုံးအချိန်ပဲ။ စိတ်တော့မရှိနဲ့နော်။ထိုင်းပြည်သူလူထုကိုလည်းတကယ်စာနာမိပါတယ်။အခုထိုင်းရေကြီးနေပြီ ဒေသတွင်းရော ပြင်ပမှာပါ ထိုင်းဆန်ပြတ်လတ်တော့မယ်။အဲတော့ စီးပွားရေးမဟာဗျူဟာအရ မြန်မာဆန် ဘယ်လောက် ဈေးကွက်တိုးလဲ။ Supply ဘယ်လောက်ပေးနိုင်လဲ။ အဲတော့ အခုထောက်ပြတာ ဆန်တင်ပို့မှုတစ်ခုတည်းနော်။ ထိုင်းကလေဘယ်လောက်တောင် ဈေးကွက်ရှိလဲသိလား ဌက်ပျော်ရွက်တောင် Made in Thailand. ကဲ အဲလောက်လေးပဲ ချပြမယ်။ ခင်ဗျားတို့ အငြင်းပွားနေမယ့်အစား ကိုယ့်တတ်နိုင်တဲ့ဖက်က ၀ိုင်းပြီးနိုင်ငံနဲ့ပြည်သူ့အတွက် ကြိုးစားကြစေချင်တယ်။ ကျုပ်လား ဒေါ်စုအမျိုးလည်း မဟုတ်ဘူး။ ဘယ်ပါတီကမှမဟုတ်ဘူး။ ပြည်ပမှာကိုယ့်အတတ်ပညာနဲ့ ကိုယ့်ဘာသာရှာစားနေတဲ့ကောင်။ ကိုယ့်နိုင်ငံကို ပြန်ဖို့ အချိန်တိုင်းစဉ်းစားနေတဲ့ကောင်ပါ။ အဲတော့ အခြေအနေအရာရာကို ပြန်သုံးသပ်ရင် အခုအချိန်ဟာ ကျုပ်တို့နိုင်ငံတိုးတက်ဖို့ အရမ်းသင့်တော်တဲ့အချိန်ပဲ။ နိုင်ငံအတွက် စတေးခဲ့လူတွေ၊ထောင်ထဲက လူတွေအားလုံးလည်း ကျုပ်တို့ နိုင်ငံကြီး တိုးတက်တာ တခြားနိုင်ငံတွေယှဉ်ရင် မျက်နှာမငယ်တာကို မြင်ချင်ကြမှာပဲ။ အဲတော့ အတ္တတွေခဏမေ့ထားပြီး နိုင်ငံနဲ့ပြည်သူအတွက်ဆိုတာကို သေချာလေးတွေးကြည့်ကြရင် ဘယ်သူတွေဘာလုပ်တာမှန်တယ်မှားတယ်ဆိုတာ ပေါ်လာမှာပါ။ အားလုံး ပျော်ရွှင်ကြပါစေ။
အထက်ပါကွန်မန့် ကတော့၊ ပွဲဆူအောင် တမင်ရေးတဲ့ စစ်ခွေးတွေရဲ့ လုပ်ရပ်ပါ။ နောက်တခု က ကိုလွဏ်းဆွေ အပါအဝင် ဆောင်းပါးရှင်တော်တော် များများ က ဒေါ်စုလုပ်ကွက်တခုခု၊ မိမိအယူအဆ နင့် မတိုက်ဆိုင်ရင် အမျိုးမျိုး မကောင်းဝေဖန်ကြတယ်(ဦးနှောက်ကြီးကြီး နှင့် မဆင်ခြင်တော့ဘူး) ဒီမိုကရေစီ သစွာဖောက်နည်းနည်းဝေဖန်ကြတယ်၊ နိင်ငံရေးမှာ နည်းလမ်းအများကြီးရှိတယ်၊ (ဆရာကြီးဒဂုန်တာရာ စကားနဲ့ပြောရင် "မင်းလဲစဉ်းစားသင့်တာပေါ့ ငြိမ်းချမ်းရေးအတွက် မင်းနည်းလမ်းအောင်မြင်ရင် မင်း Hero ပေါ့ ") တို့လူမျိုးတွေ သူများကိုလက်ညှိုးသိပ်ထိုးတဲ့အကျင့်ဆိုးတွေပြင်ပြီး၊ ကိုယ့်အားကိုယ်ကိုးနိင်ကြပါစေ။
ဟ ဟ ဆဲကုန်ဋ္ဌကပဟ
အမေစုကို ဝေဖန်ရင် အားဋ္ဌကီးစိတ်ဆိုးတယ်
အမေစု လေကာကွယ်ရေး အဆဲတပ်မတော် ... ဘောဖွတ်တဲ့ကွ။
ဗမာမုန်းတီးရေး မျက်ပေါက်ကျဉ်းတဲ့ဟေ့ ... ကျဉ်းဖွတ်တဲ့ကွ ... ဋ္ဌကုံတာနဲ့ ဗမာကို ၀င်းဋ္ဌေကွးလိုက်ဟ။
ဘယ်မှာလည်း လေးလေးနက်နက် ဆွေးနွေးတဲ့ မောင်တွေတယောက်မှ မတွေ.ပါလား။
ဆဲ ဆဲ ဆဲသမျှကို အမျှပေးဝေကုန်ပါ၏
သာထု သာထု သထု။
ပုံ ... ပူနောင်ချပ်ချိန်း
ကိုအောင်မျိုးထွန်း..ကျနော် ဒေါ်စုကို နိုင်ငံခေါင်းဆောင်တယောက်အနေဖြင့် အသိအမှတ်ပြုပါတယ်..ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရ မကိုးကွယ်ပါ..ဒေါ်စုရဲ့ လက်ရှိနိုင်ငံရေးကစားကွက်ကို မကြိုက်ပေမဲ့ ဒေါ်စုထက် သာလွန်ပြီး လုပ်နိုင်တဲ့ ခေါင်းဆောင်မျိုး ကျနော်မတွေ့သေးပါ..ကျနော်သူငယ်ချင်းထဲမှာ ခင်ဗျာလို ဒေါ်စုကို ဝေဖန်တဲ့လူရှိပါတယ်..ကျနော် သူတို့ကို အကြံတခုပေးလိုက်ပါတယ်.ဒေါ်စုကို ဘာဖြစ်တယ် ညာဖြစ်တယ်ပြောမနေနဲ့..ခင်ဗျာတို့ သူထက်သာအောင် လုပ်ပြစမ်းပါ..ကျနော်တို့ ခင်ဗျာတို့ကို ခေါင်းဆောင်တင်ပြီး နောက်လိုက်ကောင်းဖြစ်စေရပါမယ်လို့..ခင်ဗျာတို့ မလုပ်နိင်ဘူးဆိုရင် ဝေဖန်တာတွေရပ်ပြီး ကျနော်တို့လိုပဲ ဒေါ်စုကို ၀ိုင်းဝန်းကူညီ ထောက်ခံလိုက်ကြအောင်..
အော်အမေရေ...နိုင်ငံနဲ့ ပြည်သူ့မျက်နှာကိုကြည့်ပြီးရဲရဲဝံ့ဝံ့ လုပ်ဆောင်နေတဲ့ အမေ့ကို အရင်က သူတို့ ပါးစပ်တွေနဲ့ ချီးပွမ်းခန်းဖွင့်၊ အရက်ဝိုင်းတွေမှာ အမေ နဲ့ ပြည်သူ့နာမည်သုံးပြီးသူတို့တွေ bill တွေ ဖွင့်ခဲ့ကြတယ်။ နိုင်ငံ အကျဉ်းသားဆိုတဲ့ ကိုပေါ်တို့ နာမည်ကို အမြည်းတွေလုပ်နေကြဆဲပါ အမေ။ သူတို့တွေ အရှိတရားနဲ့ လက်တွေ့နိုင်ငံရေး မျက်ကွယ်ပြုပြီး အမေ့ကိုထဆဲနေကြပါပေါ့လား။ စေ့စပ်ရေးဆွးနွေးရေးဆိုတဲ့ အမေ့ရဲ့ ရဲတင်းတဲ့ ဆောင်ကျဉ်းမှုတွေကို သူတို့တွေ အပြင်မှာ လက်တစုပ်စာလူတွေက နိုင်ငံဖျက်စီမံကိန်းတွေနဲ့ ရောမွှေ ကောင်းစားဖို့အရေး အခုတော့ အမေ့ကို ဆန့်ကျင်နေကြပြီ။ ပြည်သူနဲ့ တပ်မတော် စည်းဆက်မခြားအောင် အမေ့ရဲ့ အဖေမပြီးပြတ်သေးခဲ့တဲ့ ဒုတိယ လွတ်လပ်သာတူညီမျှ ဖွံ့ဖြိုးရေးအတွက် အမေ့ဘက်မှာ ကျနော်တို့ ရှိနေမယ်။ ပြည်သူနဲ့ တပ်မတော် စည်းမခြားစေပဲ အမေ့အဖေမျှော်မှန်းခဲ့တဲ့ ပန်းတိုင်ကိုဆောင်ကျဉ်းပေးတော့မှာမို့ အမေဟာ ဒုတိယလွတ်လပ်ရေးခေါင်းဆောင်ပါ။
NLD ရွေးကောက်ပွဲ ၀င်ပြီလို့ ကြေညာသေးတာမဟုတ်ပါဘူး..မှတ်ပုံတင်တာနဲ့ ရွေးကောက်ပွဲ ၀င်တာ တူသယောင်နဲ့ မတူပါဘူး..မှတ်ပုံတင်တယ်ဆိုအုန်းတော့ ရွေးကောက်ပွဲချက်ခြင်းဝင်တာမှ မဟုတ်ပဲ..အိုးရွဲ့ ကို စလောင်းရွဲ့ နဲ့ လိုက်ဖုံးမှ တရားဝင် လှုပ်ရှားနိုင်ပါမှ အင်အားပိုကောင်းမှာပေါ့..ဒီအခြေအနေက..၂၀၀၈ အခြေခံဥပဒေက ..ဒေါ်စု ကိုအချိန်မရွေး ဆွဲစေ့လို့ ရအောင် လူညစ်များက ဥာဏ်နီ ဥာဏ်နက် များစွာနဲ့ ကလိမ်ကကျစ် လုပ်ထားတာလည်း မမေ့ကြနဲ့ပေါ့။..အချိန်မရွေး ယက်တော ကြက်တော လွှတ်ပြီး..ပြောင်လိမ်ဘို့ ဝန်မလေးတဲ့ ..လွှတ်တော်က လူဆိုးသူခိုးများဆိုတာလည်း..သိကျပေါ့..
who is write this post.stupid man who can do looks like daw aung san su kyi.you can do like her.shame your self.we always support daw aung san su kyi.she always think for public.she is not selfish like yours.
Dr. lwne swe said he is doctor, but his standadard and thinking on politics are too low when compare his degree. I definately know lwneswe and Aung Myo Htun is the some person. You should be enough getting walfare from worldwide for 20 years. If you don't have money from begging from international, should go back and do your right carrer is the best. You come from bastard parents from street.
Why you deleted some right comments from the posts? That's your courage hiding behind the sence. Haaaaaaa. You don't dare to accept even comments on your post. how dare are you showing up your face in public? Inferior doctor and his outrage post writer.
you just leave the comments which don't like Daw Su. You guys are so worrying to get democracy in your country because you guys will loose walfare money. International knows you guys are lying to get money. No world leaders take care off you. You guys are barking like dogs toward moon.
ကိုအောင်မျိုးထွန်း ကောင်းတယ် အရေးအသားရော အယူအဆပါ ကောင်းတယ် ဆက်လုပ်ပါ .... ဒါဟာထောက်ပြသင့်တာမို့ ဝေဖန်သင့်တာမို့ ထောက်ပြဝေဖန်တာဖြစ်တယ် .... ဒေါ်စုစကားနဲ့ပြောမယ်
ဒါလဲ နိုင်ငံအတွက်စေတနာနဲ့ပြောဆိုရေးသားတာမို့ နိုင်ငံရေး ပါပဲ ။ မျက်စိစုံမှိတ်ပြီး ဒေါ်စုသွားရာကို လိုက်နေကြတယ် ....ခေါင်းပေါင်းစကြီးတကားကားနဲ့ လွှတ်တော်ဆိုတာကြီးထဲ ၀င်ပြီးကပြချင်သေးသလားမသိပါဘူး .... ဒီအတိုင်းသာဆို ဗိုလ်ချုပ်ယူပေးခဲ့တဲ့ လွတ်လပ်ရေးက သူ့သမီးကိုယ်တိုင် စစ်အာဏာရှင်လက်ထဲ ၀ကွက်အပ်လိုက်တော့မယ်ထင်ပါရဲ့ ..... ကဒါဖီလိုအာဏာရှင်ကို အသေသတ်လိုက်နိုင်ပြီးတော့ လစ်ဗျားတို့တော့ လွတ်မြောက်သွားပြီ .... ငါတို့လွတ်လပ်ရေးဖခင်ကြီးရဲ့သမီးကတော့ မရေမရာ အလုပ်တွေ မရေမရာအပြောအဆိုတွေနဲ့ တိုင်းသူပြည်သားတွေကို စစ်ခွေးတွေနဲ့ အတိုက်ခိုင်းပြီး လွတ်လပ်မှုတွေဆုံးရှုံးအောင်လုပ်နေပြီ .... အင်းလေ သူလဲ ဒိုင်အိုဂျီးနိစ် မဟုတ်သလို ဆိုကရေတီးလဲမဟုတ်တော့ တံတွေးခွက်ထဲ လက်ပစ်ကူးဝံ့မှာပေါ့ အဆိပ်တစ်စက်ကို ဘယ်သောက်ရဲမှာလဲ ..... အင်းလောက လောက ..လောလောပြီး ကပြနေပါလားကွယ်ရို့ ...... ။
Vote မှာ 2% ရှိတဲ့ အဖွဲ့ က comment မှာ 90% လောက်ဖြစ်နေတယ်။ အဟက်ဟက် အဲဒါဘောင်ဘင်ခတ် တာလို့ ခေါ်တယ်။
လန်ဒန် မှာ ဟိုက်ကုတ် ပန်းခြံ ဆိုတာ မရှိဘူးဗျ။ Hyde Park ဆိုတာဘဲ ရှိတယ်။ တခါမှလဲ ထင်းရူးသေတ္တာခွံ ပေါ် တက်ပြီး နိုင်ငံရေး တရားဟောတဲ့သူ ပါတီခေါင်းဆောင် ဖြစ်လာတာ မတွေ့ဘူးဖူး။
ဒေါ်စုကို ထိန်းကျောင်းပေးမယ် ဆိုတာ ခင်ဗျားလား။ ဒေါ်စု ဆိုတာ လမ်းမလျှောက်တတ်သေးတဲ့ ကလေးများ မှတ်နေလို့လား။ ဒီလိုပြောလိုက်ရုံနဲ့ ဒေါ်စုထက်သာသွားပြီလို့ ကိုယ်ကို ထင်သွားပြီလား။ အရူးကြီး။
ဟေ့လူကိုကံကောင်း၊ပျောက်လှချည်လားထင်နေတာ
ကုန်ကြမ်းမရောက်သေးလို့နှပ်နေတာကိုး၊အေးဗျNLD
လည်းစပြီးထောင်ကတည်းကဘာမှသိပ်ပြီးလုပ်နိုင်တာမဟုတ်ပါဖူးအားလုံးဝိုင်းပြီးလက်ညိုးထိုးပြီးရောင်းစားတောင်းစားနေကြတဲ့ဝန်ကပိနေတော့ခေါင်းကရုန်းရခက်တာဘာဆန်းပါ့မလဲဗျာ။
၊ကျုပ်တို့ကတော့NLDမရှိလဲဘာအရေးလဲဗျာ၊အဓိကကမူမဟုတ်ပါဖူးဗျာ၊လူတွေပဲဟုတ်၊ဒါပေမယ့်ဗျာကိုယ်ကျိုးစီးပွားတွေကိုစွန့်ပြီးသူတို့
ကိုယ်စွမ်းညဏ်စွမ်းရှိသလောက်တိုင်းပြည်ကိုအလုပ်အေ
ကြွေးပြုနေတဲ့သူတွေကိုငါးစိမ်းသည်တယောက်လိုရန်တွေ့နေတာကတော့မလှဖူးဗျို့၊ဒါပေ့မယ့်ခက်တာကမီဒီယာ
ကိုမီဒီယာနဲ့တိုက်ပေမယ့်အဲဒါရဲ့ချို့ယွင်းချက်ကလူတွေ
ကိုဘယ်လိုမီဒီယာမျိုးတွေဟာအဆိပ်၊သို့မဟုတ်အဟာ
ရကိုပေးစေတယ်ဆိုတာကိုခွဲခြားတတ်ဖို့သင်ကြားပေး
သလိုဖြစ်တဲ့အတွက်၊ခင်ဗျားတို့ချုပ်ကြီးသွားလေသူ
ဗိုလ်ခင်ညွှန့်ကိုကျေးဇူးတင်ရမယ်ဗျ၊ကျွှန်နော်တို့ကတော့ကျေးဇူးတင်ထိုက်သူကိုကျေးဇူးတင်တယ်ဗျာ၊
ကိုဇဂနာပြောသလိုကိုယ့်အိပ်ထဲကစိုက်ရတာမှမဟုတ်
တာဗျနော့၊စကားမစပ်ကိုကံကောင်းရေ၊မြွှေအလံမ္မယ်ဆ
ရာဟာမြွှေနဲ့ပဲဇတ်သိမ်းရတာနော့၊မောင်သံချောင်းတ
ယောက်ကတော့လူကောင်းဖြစ်ချင်ပြီတဲ့ဗျ၊ကိုကံကောင်း
ကရော၊နောက်တခုကလူတွေမီဒီယာတွေကိုသုံးသတ်
တတ်လာတာနဲ့အမျှကြပ်ပွါး၊ဟောက်စား၊အဆိပ်
အတောက်၊အညှီ၊အဟောက်၊မီဒီယာတွေကျဆုံးခန်း
ရောက်ပြီဗျ၊အဲဒီတော့ဂွင်သစ်လေးတွေကြိုထွင်ထား
သင့်ပြီဆိုတဲ့အကြောင်းလဲအကြံပြုလိုက်တယ်ဗျာ။
အေးဗျာဗိုလ်ခင်ညွှန့်သွားလိုက်တာကတော့ခင်ဗျား
တို့ရဲ့ရွှေတောင်ကြီးဖွတ်တက်သွားတာတော့နာတာ
ပေါ့ဗျာ၊အေးလေဗျာဘာပဲဖြစ်ဖြစ်ကိုကံကောင်းတ
ယောက်အမြဲကံကောင်းနိုင်ပါစေ။
မင်း ဘာကောင်လဲ ငါဘာ ကောင်လဲ ၊ အဖြေထုတ်လို့ မရတဲ့အချိန်မှာ ။ မင်းဘာဖြစ်တယ် ငါဘာဖြစ်တယ်လို့ 
ဘေးကထိုင်ပြီးမှတ်ချက်ပေး တာ စောလွန်းတယ်။ မှတ်ချက်ပေးနိုင်
တဲ့  အနေထားရောက်အောင် တခန်းတနေရာက အကောင်းဘက်ဦးတည်အောင် လုပ်ဆောင်ကြလော့ ။ ငါတောင်၈၈ က သေခဲ့ပြီးလို့  လူပြည်တစ်ခေါက် ပြန်ရောက်နေပြီ ။ သွေးထွက်သံယို မလိုချင်ကြတော့ပါနဲ့  ။ ငါ တို့ ဒီအရေးမှာ ထပ်သေ ပေးရဦးမလား ?
NLD do not decide yet whether they will participate or not in election. At this time, you should not write this post.
ဟဲလို............အိုင်ဆေး ကိုမျိးထွန်း ပျောက်နေတယ်မှတ်တယ်၊ ရလမ်း ရပေါ်က်တွေ ကုန်သွားပြန်ပြီထင်တယ်၊ အိုင်ဆေးမှာ NLD နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ ကို တိုက်ခိုက်ဖို့ လောက်ပဲ နိုင်ငံ့အရေး အကြောင်းကိုပဲ လေ့ လာထားပုံရတယ် မှတ်တယ်။ ဒီလိုပဲ အိုင်ဆေးရေ ဘေးထိုင်ပြီး ဘုပြောနေတာ၊ ဘုပြောနေသလိုလို နဲ့
ကိုယ့် ကိုကို်ယ် ဆရာကြီး ထင်လာတွေကိုက အိုင်ဆေးမှာ အိုင်ကျု အရမ်းနိမ့် ကျနေကြောင်းပြတာပေါ့ ၊ အိုင်ဆေးက အမေစု ကို
အရမ်းထင်ထားတာကိုး ၊ အမေစုက ဒီမိုကရေစီ ရွေနိုင်ငံကြီးကို ဆောင်ယူလာပေးပါမယ်လို့ ဘယ်နှစ်ခါများပြောခဲ့ ဘူးလို့လဲ ၊ အားလုံး တက်ညီလက်ညီ ဝိုင်းဝန်း လုပ်ဆောင်ကြပါလို့ ဆိုထားတယ် မဟုတ်လား ၊ အမေစုလဲ လင်ကွဲ သားကွဲ နဲ့ နိုင်ငံ အရေးကို နှစ်ပေါ်င်း ၂၀ ကျော်လုံးလုပ်လာခဲ့ ရတာ ပန်းပန်းလှပါပြီ ။ အိုင်ဆေးရေ ခင်ဗျားတို့ လို လူမျိုးတွေက အမေစုကို
မပြောပါနဲ့ ၊ ကိုကျော်သူ ၊ မရွှေဇီးကွက် ၊ မဖြူဖြူ သင်း၊ စုစုနွေး ၊ ရှေ့နေကိုပိုးဖြူ အစ အစ ရှိသဖြင့် ပေါ့  ဗျာ ။ သူတို့ တွေလောက် အိုင်ဆေး ဘာတွေလုပ်ခဲ့ လဲဗျ ၊ မြတ်စွာ ဘုရားလက်ထက်တော် အခါက ဘုရားကို ကြည်ညိုလွန်းလို့ ဘုရားနောက်ကနေ တကောက်ကောက် လိုက်နေတဲ့ ရဟန်းတစ်ပါးကို ဘုရားက ဘယ်လိုမိန့် မှာခဲ့ တာကို အိုင်ဆေး ဗုဒ္ဓဘာသာ တစ်ယောက်ဆိုရင် ကြားနာ ဖူးပါမှာ ၊ အခုကိစ္စတွေ မှာလည်း ဒီလိုပါပဲ အိုင်ဆေး ၊
အိုင်ဆေး တစ်ယောက် အိုင်ကျု မြင့်နိုင်ပါစေ
NLD မှတ်ပုံတင်မယ်၊ ဒေါ်စုကြားဖြတ်ရွေးကောက်ပွဲတောင် ဝင်ကောင်းဝင်မယ်လို့ ဦးဥာဏ်ဝင်း ပြောတာ သတင်းမှာ တွေ့လိုက်တော့ ဝမ်းသာမိတယ်၊ မြန်မာပြည် အခြေအနေဟာ စစ်အစိုးရနဲ့ ထိပ်တိုက်ရင်ဆိုင်နေလို့ကတော့ ဒီမိုကရေစီနဲ့ ပိုတောင်ဝေးသွားဖို့ ရှိမယ်၊ ကျန်းမာရေး ပညာရေး ဆင်းရဲကြပ်တည်းမှုနဲ့ အခြားသော ပြဿနာပေါင်းများစွာကို ဖြေရှင်းဖို့
နောက်ထပ်အချိန်ကြည့်ကြာနေလို့ မသင့်တော့တဲ့အခြေအနေပါ၊ ဒါကြောင့် ဒေါ်စုနဲ့တကွ အခြားသော နိုင်ငံရေးအတိုက်အခံတွေလည်း အစိုးရအဖွဲ့မှာ ပါလာစေချင်တယ်၊ ဦးသိန်းစိန်အစိုးရအဖွဲ့လည်း ဒါကို မျှော်လင့်မယ်လို့ ယူဆတယ်၊ ဒါမှသာ ပြောင်းလဲမှုအရှိန်ပိုမြန်လိမ့်မယ်၊ ဦးတင်ဦး ဦးဝင်တင် စတဲ့ NLD ခေါင်းဆောင်ပိုင်းမှာ ဒေါ်စုကို ဝန်းရံကြဖို့ တိုက်တွန်းနေကြတယ်၊ မင်းကိုနိုင်လည်း ဒေါ်စုကိုထောက်ခံတယ်လို့ အတိအလင်း ကြေငြာထားတယ်၊ ဦးသိန်းစိန်အစိုးရအဖွဲ့ဟာ အပြောင်းအလဲကို လိုလားတယ်ဆိုတာ ငြင်းမရပါဘူး၊ NLDက တောက်လျောက်တောင်းဆိုလာခဲ့တဲ့
တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ဟာလည်း အကောင်းဖက်ကို ဦးတည်လာနေတဲ့ လက္ခဏာတွေ တွေ့နေရပါပြီ။
အောင်မျိုးထွန်းဆိုသူ နိုင်ငံရေးသုခမိန်ကတော့… (ဆရာကြီးလေသံနဲ့)…နှမြော…သတဲ့။
Mr. Ag Myo Htun....
You need to go back to School and need to learn Myanmar Lunguage...
Aung Myo Tun, Moe Thee Zun, when 2 of you come back Myanmar. We send you to Laiza as porters. Dr. Lun Swe, yes, he's too traitor of Myanmar. We have to jail him for 200 years.
NLD အနေ နှင့်တော့ ရွေးကောက်ပွဲ ၀င်ဘို့ မှတ်ပုံ မတင်သင့်ပါ။ ဒေါ်စု အနေနှင့် အခြားပါတီသစ် နာမည်တခု ဖြင့်ဘဲ ၀င်သင့်ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် တွေ ကို မတရား ဖျက်ဆီး ပစ်တာ ကို NLD က မဲပေးခဲ့ကြတဲ့ ပြည်သူ တွေ ဘက် ပြန်ကြည့် ပေး သင့်ပါတယ်။
ဟုတ်တယ်။ဒေါ်အောင်ဆန်းစုကြည် သူလုပ်နေတဲ့အလုပ်ကို အင်တိုက်အားတိုက်လုပ်နိုင်အောင် ကျနော်တို့ ဘာတွေဝိုင်းလုပ်နိုင်ကြမလဲ။
ကျနော်မြင်နေတာက ဒေါ်အောင်ဆန်းစုကြည်မှာ အားမရှိဘူး။
အားမရှိတော့ မဖြစ်ဖြစ်တဲ့နည်း နဲ့ ဆက်လျှောက်နေရတဲ့သဘောပဲ။ ဟိုတုန်းကတော့ စကားကိုခပ်မာမာပြောနိုင်တယ်။ သူ့ နောက်မှာလူထုအားရှိတယ်ဆိုတဲ့ ယုံကြည်ချက်ရှိတယ်။
ခုသူသဘောပေါက်လာပြီ။ နောက်မှာလူထုတော့ ရှိတယ်။အဲဒီလူထုအားကို ဘယ်လောက် ကိုးစားရမလဲဆိုတာလည်းသဘောပေါက် လာပုံပဲ။တဖက်နဲ့ တဖက်စကားပြောကြတဲ့အချိန် ကိုယ်က အားမရှိပဲစွတ်ဟောက်နေလို့ ဘယ်ရမတုန်း။
ရွှေဝါရောင်တုန်းကကြည့်လေ။ ဘုန်းတော်ကြီးတွေကို လူထုက၀န်းရံယုံလောက်ပဲ။ ဒီလောက်ပဲလူထုကတတ်နိုင်တော့တယ်။
ဘုန်းကြီးတွေကိုရှေ့ တန်းပို့ လိုက်တာဗျ။ ရှင်းရှင်းပြောရရင်တော့ လူထုကကြောက်နေပြီ။ လူထုကြောက်တာလည်းမပြောနဲ့ ။ ဒီမောင်တွေကလည်းတကယ်ပစ်တာ။ တကယ်နင်လားငါလား ပစ်ခတ်နေရင် ဘယ်သူရင်ကော့ပြီး သတ္တိပြောင်ရဲပါ့မလဲ။ ခင်ဗျားရင်ကော့ပေးရဲမလား။ကျုပ်တော့ အသေမခံရဲဘူး။
ဒေါ်စုနေရာမှာ ခင်ဗျားဆိုဘာလုပ်မှာလဲ။ဒီအဖွားကြီးသနားဖို့ ကောင်းတယ်။
သူ့ မှာဖိစီးမှုတွေဘယ်လောက်များနေလဲဆိုတာ မျက်နှာမှာမြင်နေရတယ်။
တနိုင်လုံးအရေးမပြောနဲ့ တမိသားစုအရေးတောင်ကိုယ့်အတွက် ခေါင်းခဲလှပြီ။
ဆောင်းပါးတွေလျှောက်ဖတ်သလောက်ဝေ ဖန်ရေးပဲတွေ့ ရတယ်။
တကယ့်ဝေဖန်ရေးသက်သက်တွေပဲ။
တချို့ ဆိုဝေဖန်ရေးလို့ တောင်အမည်မခံထိုက်တဲ့ မိန်းမတွေအတင်းပြောသလောက်သာသာ အရေးအသားတွေ။
တကယ့်အလုပ်ဖြစ်မယ့် အကြံပေးဆောင်းပါးတွေဖတ်ချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့ လမ်းကိုပိုမြန်အောင်
ကျနော်တို့ ဘယ်လို ကူညီနိုင်မလဲ။
ဒီနေ့ ဒီအချိန်မှာ ခုသွားနေတဲ့လမ်းကလွဲနေရင် ဘယ်လမ်းကိုသွားသင့်လဲ။လမ်းညွှန်တဲ့ အလုပ်ဖြစ်မယ့် ဆောင်းပါးတွေဖတ်ချင်ပါတယ်။
.နောက်တခုက...ဦးဉာဏ်ဝင်းတို့၊ ဦးဝင်းတင် တို့ကို ၂၀၁၀ ရွေးကောက်ပွဲ ကြံ့ဖွံ့ပါတီ အောင်ပွဲခံ ရေးလော်ဘီလုပ်ခဲ့တဲ့ တရားခံတွေအဖြစ် စွဲချက်တင်ရမယ်။...ဆိုတဲ့စကားကများလွန်း ဘူးလား။ ခင်ဗျားက ဘာကောင်မို့ ဒါမျိုးတွေ
ပြောနေနိုင်တာလဲ။ဘာကြောင့်ဒီအဖိုးကြီးတွေကို
အာဃာတဒီလောက်ကြီးနေရတာလဲ။
အဖိုးကြီးတွေခမျာ နအဖ က စွဲချက်တင်ပြီးနှစ်ရှည်လများထောင်ထဲနေလိုက်။ ခုတခါအောင်မျိုးထွန်းဆိုတဲ့ ခင်ဗျားက တရားခံအဖြစ်စွဲချက်တင်လိုက်နဲ့  တရားခံဘ၀ကကိုမလွတ်နိုင်ပါလား။
မလုပ်ပါနဲ့ ။ လူတယောက်မှာသူနိုင်တဲ့ဝန်ထက်ပိုလာတဲ့ မနိုင်ဝန်ထမ်းလာရပြီဆိုရင်
ဖြောင့်ဖြောင့်တန်းတန်းဘယ်သူလျှောက်နိုင် င်ပါ့မလဲ။ခင်ဗျားလျှောက်နိုင်မလား။
ပေါင်၁၀၀လောက်ခင်ဗျားကျောပေါ်တင်ပေးလိုက်မယ်။လျှောက်ကြည့်လိုက်။
ဟိုယိမ်းဒီယိမ်းဖြစ်လာရင် ခင်ဗျားကိုကျုပ်ကဆောင်းပါးရေးပြီးဝေဖန်လိုက်မယ်။
နိုင်ငံ့အရေးခေါင်းထဲ တသက်လုံးထည့်ထားတဲ့ဦးဝင်းတင်တို့ လို
လေးစားမြတ်နိုးစရာဒီမိုကရေစီ အဖိုးကြီးတွေ ကို မြတ်နိုးတတ်တဲ့ နှလုံးသားမရှိနိုင်သေးသရွေ့ တော့ ခင်ဗျားလိုချင်နေတဲ့ ဒီမိုကရေစီဆိုတာ လည်း မျှော်တိုင်းဝေးနေရဦးမယ်။
Anonymous said:
Aung Myo Htun whao I know this name is not granted Asylum in American. His case was denied becuse the court knew that he lied a lot. That's why he is so worry not to get Asylum when Burma gets democracy. Poor and foolish Aung Myo Htun. Need to be mature and bear the pure mind so you will get look luck.
အားလုံး ..?...ပဲကွာ..ဒါလား ညီညွတ်ခြင်း..
အာလုံး....ပဲကွာ..ဘာလဲ ညီညွတ်ခြင်း... နိုင်ငံ ဆိုတာ ဘာလဲ?
Aung Myo Htun, Come and try to get " Demo" if you can!
Can YOU?
what can you do for our nation?
we are living in our Nation, we know very well more than you!
you are look like " နိုင်ငံခြားလေ fighter ".
we dont need "fighter" right now!
if you really love our country,
you should help every body who is trying to get " the developed country "!
အောင်မျိုးထွန်းဆိုတာနိုင်ငံပိုင်ငွေတွေကိုမတရားစားနေတဲ့စစ်အစိုးရရဲ့မယားပါသားဖြစ်မှာပေါ့
အဲဒါဗမာကွနှစ်ယောက်ထဲရှိ၇င်တောင်သူနဲ့ငါကွဲသေးတယ်။ပြန်ကြည့်ကြပေါ့ YMBA,GCBA တို့ဗမာအစည်းအရုံး၊ဖဆပလ နောက်ဆုံး NLD အကုန်အကွဲချည်းဘဲ ဒါနဲ့ဘဲ ၁၈၈၅ ထဲကဒီနေ့ထိနလံမထူနိုင်ဘူး။ အခုအထိလဲသင်ခန်းစာမရကြသေးဘူး။သူများတိုင်းပြည်တွေဘယ်လိုလုပ်ကြတာလဲကြည့်ကြပါအုံး၊
Blogger it is your blog, you are free to express your opinion. But tactics of criticising Daw Su and trying to ake big name is not good approach. Please looks the example of Dr Zarni.
Keep in mind, politics is playing a road side chess game. Do not try to make such example to proof your foolish opinion.
ဒေါ်အောင်ဆန်းစုကြည် အရင်လိုပဲဆက်သွားနေမယ်ဆိုရင် နောင်အနှစ် နှစ်ဆယ်လဲ ဒီအခြေအနေပဲရှိဖို့ကများနေတယ်။ အလုပ်မရှိပါဘူးလို့ ထိုင်နေပြီး ငြီးတွားနေမယ်အစား အလုပ်ထွက်ရှာတာကပိုပြီး အကျိုးရှိမှာပါ။
ကျော်သူ က "၈၈- လူသတ် အရေးအခင်ပြီးပြီးခြင်း စစ်အစိုးရ၏ ရုပ်ရှင်ကောင်စီ အတွင်းရေးမူ လုပ်ပြီး ဝါဒဖြန့်ကားတွေရိုက်၍ တော်လှန်ရေးကို သေးသိမ်အောင်လုပ် ၂၀၀၅-ခုနှစ် ပြုတ်တဲအထိပါ...ကျော်သူ ရွှေဇီးကွက် တို့ ၂၀၀၃- က နာရေးကူညီမူအသင်း(ရန်ကုန်) မှာ လုပ်အားလာပေးနေရာက အသင်းစတင်တည်ထောင်သူများမှာပါတဲ့ စာရေးဆရာ ဆရာဦးအောင်သင်း ကို ငွေတသိန်း နဲ့ လုပ်ကြံ ထောက်လှမ်းရေး ခင်ညွန့် အကူနဲ့ အသင်းကို မတရားမမှန်မကန် နည်းတွေသုံး သိမ်ပိုက်ခဲ့တာပါ ခင်ညွန့် ဆုလာဒ်များထဲက ယနေ့ အသင်းမြေနေရာ ၃-ဧက လဲ တခုပါတယ်......." ဒီလို မမှန်မကန်လုပ်သူတွေသာ ကောင်းစားနေတာ......
ပုပ်စော်နံတဲ့နေ၇ာဘဲ။ ဘာမှဝင်မကူ အပုတ်ထုတ်ကို ဒုတ်နဲ့ထိုးနေသူတွေ။ ငတ်ကုန်တော့မှာ ပူနေ၇ပြီကို။ဘာမှမ၇တဲ့အတူတူ မထူးဇတ်ဘဲ ခင်းတာကေါင်းပါတယ် သဘောပိုက်သူများ။
Post a Comment