ကျောင်းသားတပ်မတော် (ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း ၂၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ်
မကြာမီ ထုတ်ဝေဖြန့်ချိမည့် ဒေါင်းအိုးဝေမဂ္ဂဇင်း မျက်နှာဖုံးပုံ (FB-Dawn Oway)
သီးညီနောင်မောင်နှမများ တင်ဆက်ကပြဖျော်ဖြေမယ့် “တို့အားလုံးရဲ့ ဧရာဝတီ” (FB-Myo Zaw)
အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကလေးထောင်က ပြန်လည်လွတ်မြောက်လာတဲ့ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်းရုံးရေးအဖွဲ့ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုမင်း အောင်ကို မြို့ခံတွေက ဆိုင်းဘုတ်ကိုင်ဆောင်ပြီး သွားရောက်ကြိုဆိုခဲ့ကြပါတယ်။ လမ်းတလျှောက် မိတ်ဆွေ တွေကလည်း သူ့ကို ၀မ်းသာအားရ နှုတ်ဆက်ခဲ့ကြပါတယ်။ တဆက်တည်းမှာပဲ အခုလို လွတ်မြောက်လာတဲ့ ကိုမင်းအောင် အပါအ၀င် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် သံတွဲထောင်က လွတ်မြောက်လာတဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင် ကိုစန်းလွင်၊ မြောင်းမြထောင်က လွတ်မြောက်လာတဲ့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ အတွင်းရေးမှူး ကိုမြတ်ခိုင်တို့အား ဂုဏ်ပြုကြိုဆိုတဲ့ အခမ်းအနားကို အခုလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကိုတော့ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ခိုင်မင်းရဲ့ နေအိမ် မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ အခမ်းအနားမှာ တောင်ကုတ်မြို့နယ် အဖွဲ့ချုပ် ဥက္ကဌက အဖွင့်အမှာစကား ပြော ကြားပြီး ပြန်လည်လွတ်မြောက်လာသူ ၃ ဦးကို ဂုဏ်ပြုလက်ဆောင်တွေလည်း ပေးအပ်ခဲ့ပါတယ်။ လူဦးရေ ၂၀၀ ကျော်လောက် တက်ရောက်ခဲ့တဲ့ ဒီအခမ်းအနားကို မနက် ၁၀ နာရီကနေ နေ့လည် ၁၂ နာရီထိ ကျင်းပ ပြုလုပ်သွားခဲ့ပါတယ်။ ကိုမင်းအောင်ဟာ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှာ ဖမ်းဆီးအထိန်းသိမ်းခံခဲ့ရပြီး စစ်အစိုး ရက သူ့ကို ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ (FB-Burma VJ Media Network)
၂၂-၁၀-၂၀၁၁ ရက်နေ့တွင် ဂီရိမုန်တိုင်း တိုက်ခတ်ခံရတဲ့ တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရခိုင်လူသားချင်း စာနာမှုအထောက်အကူပြုကွန်ရက်(AHN)က ဦးဆောင်၍ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ဓမ္မဝိဟာရကျောင်း တိုက်နှင့် သိမ်တောင်ကျောင်းတိုက်တွေမှာ နေ့လည်ဆွမ်းကပ်လှူခဲ့ပါတယ်။ ညဘက်အချိန်မှာလည်း ဆား ပြင်ကျေးရွာ၊ နန္ဒတောင် ရွှေသာလျောင်းဘုရားမှဲာ့ ဂီရိဆိုင်ကလုံးမုန်တိုင်းကြောင့် အသက်အိုးအိမ်စည်းစိမ်ဆုံး ရှုံးခဲ့ရတဲ့ လေဘေးသင့် ရခိုင်ပြည်သူတွေကို ရည်စူးကာ ဆီမီးထွန်းညှိပူဇော်ပြီး လှူဒါန်းခဲ့ကြပါတယ်။
(FB-Burma VJ Media Network)
၅-၁၀-၂၀၁၁ရက်နေ့က စိမ်းရောင်စို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားမှုအဖွဲ့နဲ့ အမရ သုခ လူမှုကူညီရေးအဖွဲ့တို့ ပူးပေါင်းပြီး ပခုက္ကူရေဘေးဒုက္ခသည်တွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ ငွေ ကြေးနဲ့ ဆန်၊ ခေါက်ဆွဲခြောက်တွေကို ပခုက္ကူမြို့ ပေါ်နဲ့ ကားလမ်းတလျှောက် ရွာစဉ်တွေမှာ လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။ အလှူရှင်တွေက ကားလမ်းမပေါက်တဲ့ ကျေးရွာတွေကို နောက်ထပ် အများကြီးလှူရဖို့ ကျန်နေ သေးတယ်လို့ ပြောပါတယ်။ အဲဒီနေ့က ရေဘေးသင့်ဒေသကို သမ္မတ ဦးသိန်းစိန် လာမှာဖြစ်လို့ ကျောက်တံ တားရွာမှာ ၄ နာရီကျော်ကြာ စောင့်ခိုင်းထားတယ်လို့ အလှူရှင်တဦးက ပြောပါတယ်။
(FB-Burma VJ Media Network)
ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း+မိခင်ကြီး ဒေါ်ခင်ကြည်အား ရည်စူး၍ ဒေါ်အောင်ဆန်းစုကြည် မိသားစုမှ ဗိုလ်ချုပ်ဈေး ကထိန်တွင် လှူဒါန်းသော ပဒေသာပင် (FB-Nyi Kae)
၆/၁၇၊ ဗောဓိညောင်ပင်လမ်း၊ ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲနှင့် နိုင်ငံရေးဖြင့် အကျဉ်းကျခံထားရသော တက္ကသိုလ်ကျောင်းသားများ ဆက် လက်ပညာသင်ယူနိုင်ရန် ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀၊ ၂၀၁၁ (တနင်္ဂနွေနေ့) ရက်နေ့ နေ့လည် ၁ နာရီ တွင် ကျင်းပပြုလုပ်မည်ဟု သိရပါသည်။ (FB-Burma VJ Media Network)
မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက် (FB-ဒီမိုဖက်တီး)
အောက်တိုဘာ ၂၀ ရက်နေ့ ညနေက Air Asia Flight နဲ့ ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ နော်ဝေအခြေစိုက် ဒီ မိုကရက်တစ်မြန်မာ့အသံ (DVB) ရဲ့ ဦးဆောင်ညွှန်ကြားရေးမှုးအဖြစ် ယာယီတာဝန်ယူထားတဲ့ ဦးဟန်ယောင် ဝေနဲ့ သူ့သမီးတို့နှစ်ဦး အောက်တိုဘာ ၂၈ ရက်နေ့ မနက် Air Asia Flight FD3771 လေယာဉ်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားပါတယ်။ (FB-Burma VJ Media Network)
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့နဲ့ ၁၀ ရက်နေ့က ပြုလုပ်တဲ့ ကျောက်ဖြူ-ကူမင်း ရေနံ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း လုပ်ငန်းဖွင့်ပွဲ အခမ်းအနား (FB-Demo Waiyen)
အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၃ နာရီခန့်တွင် မီးလောင်ကျွမ်းသွားသော စစ်ပြေးဒုက္ခသည်များ ခိုလှုံနေသည့် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ ဆန်ကိုလံဘန် ဘုရားကျောင်းဝင်းထဲမှ နှစ်ထပ်ခန်းမဆောင် (FB-Jade Land)
1 comment:
ဒေါင်းအိုးဝေက-စာတွေကဖြတ်ညှပ်ကပ်တွေများတယ်။ရေးတဲ့သူအချို့ဟာစာရေးဆရာတွေက-အေဘီအပေါ်ဆန့်ကျင်ခဲ့တဲ့စာဆောင်တွေ၊ဆောင်းပါးတွေရေးခဲ့တဲ့သူပါဝင်နေတယ်။ကဗျာဆရာကြည်မောင်သန်း၏ကမ္ဘာကျော်မုဆိုးမများကဗျာ၏ကျော်ကြားမှုဂုဏ်ကိုမနှစ်မျို့သည့်အယ်ဒီတာလုပ်သူကဗျာဆရာမောင်လွမ်းဏီမှကဗာဆရာကြည်မောင်သန်းအားဒဂုန်တာရာနှင့်ပြန်လည်တိုက်ခိုက်သည့်လုပ်ဟန်ပြုကဗျာနဲ့နဲ့ဒေါင်းအိုးဝေမှာပြန်လည်ဖော်ပြတယ်။ဒါကိုက-မကဒတထူထောင်ခဲ့ခြင်း(၂၃)နှစ်မြောက်အထူးထုတ်ဖြစ်ပါသလား။သိပ်ပြီးထူးထူးခြားခြားဘာမှမပါသည့်အထူးထုတ်ဖြစ်သောကြောင့်အယ်ဒီတာမင်းများကျဉ်းမြောင်းသောအမြင်ကိုအထူးထုတ်မှာထူးခြားစွာတွေ့လိုက်ရသည့်အတွက်ကြောင့်အေဘီမှာတည်ရှိသည့်မူများနှင့်ဖီလာဆန့်ကျင်နေသည်ကို၍အထူးထုတ်မှဖော်ပြထားသည်။ှုအထူးထုတ်ထုတ်သည့်အထဲတွင်-စာရေးဆရာအက်ဆစ်တယောက်သာ-အယ်ဒီတာအုပ်စုထဲမှာပါဝင်နေသည်ဆိုလျှင်-သင်တို့မည်ကဲ့သို့သဘောထားမလဲ။
Post a Comment