Thursday, October 13, 2011

ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာသို့ ဂုဏ်ပြုတေး “ပြည်သူ့လူရွှင်တော်”

5 comments:

"ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ" ဆိုတာကို ဒီနေ့မနက်ကစပြီး မယုံတော့ဘူး (ဇာဂနာ) said...

"ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ" ဆိုတာကို ဒီနေ့မနက်ကစပြီး မယုံတော့ဘူး (ဇာဂနာ)

(ကိုဇာဂနာ ပြောတာ အပြည့်အစုံကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။)


12-10-2011

မနေ့က ညနေလောက်အထိကတော့ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ "ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ" ဆိုတာကို ယုံချင်သလိုလိုပဲ။

ဒါပေမယ့် ဒီနေ့မနက်ကစပြီး "ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ" ဆိုတာကို မယုံတော့ဘူး။

ဦးသိန်းစိန်အစိုးရက ပြုပြင်ပြောင်းလဲရေးကို တကယ် မလိုလားဘူးလို့ ကျနော် ထင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ကို လွှတ်တာတောင်မှ တွန့်တိုနေတာ မဟုတ်လား။ လွှတ်လိုက်ပါလား အကုန်လုံး၊ သူတို့ အိတ်ထဲက စိုက်ပေးရလို့လား။

ဒီအမှုတွေအားလုံးက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ချထားတဲ့ ပြစ်ဒဏ်တွေ တခုမှမဟုတ်ဘူး။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို တကယ်လိုလားတယ်ဆိုရင် လွှတ်လိုက်ပါလို့ ပြောချင်တယ်။

ကျနော်တို့ ဖြစ်စေချင်တာက အကုန်လုံး အကုန်လုံး လွတ်စေချင်တာ။ မင်းကိုနိုင်မှ မဟုတ်ဘူး အကုန်လုံးပဲ။

လူမသိသူမသိလို့ ပြောလို့ရတဲ့ ကျနော်နဲ့ အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊ အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုးတောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီရကော အကုန်၊ အကုန်လွတ်စေချင်တာပဲ။


http://burma.irrawaddy.org/?p=1019

ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ဇာဂနာဝေဖန် said...

ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ဇာဂနာဝေဖန်

2011-10-12


ဒီကနေ့မနက် အစောပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနား ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာက သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး အခုလို ဝေဖန်လိုက် ပါတယ်။

“မနေ့တုန်းကထိတော့ ပြောင်းလဲတယ်လို့ ကျနော့်စိတ်ထဲမှာ ယေဘုယျ နည်းနည်းလေး စိတ်ထဲ ထင်မိတယ်ပေါ့နော် ။ ဒီကနေ့ မနက်ကျတော့ ဟုတ်ရော ဟုတ်ရဲ့လားလို့ သံသယ ပြန်ဝင်သွားတယ်။ ပြောင်းလဲတာမှ ဟုတ်ရဲ့လား မပြောင်းလဲသေးဘူး ထင်မိတာက ကျနော်တို့ သူငယ်ချင်းတွေ လွတ်မလာဘဲ ကျနော်တို့ လူနည်းနည်းလေး မစို့မပို့ပေါ့ဗျာ ဒါလေးပဲ လွတ်လာတဲ့ အခါကျတော့ တကယ် ပြေလည်ချင်တဲ့ ဆန္ဒရှိရဲ့လား အမျိုးသား သင့်မြတ်ရေး ပြန်လည် ရင်ကြားစေ့ရေးအတွက် ဆိုတာကိုရော တကယ်ဖြစ်ဖို့အတွက် ဦးတည်တာမှ ဟုတ်ရဲ့လားလို့ ကျနော် သံသယ ဝင်သွားတယ်။ ဒီသမ္မတကိုလဲ တိုက်ရိုက်မေးချင်တယ် ဘာလို့ တွန့်တို နေရတာလဲလို့ သူ့အိတ်ထဲက စိုက်ရတာမှ မဟုတ်ဘဲနဲ့”


http://www.rfa.org/burmese/commentaries/current-political-trend-10022011050843.html

Anonymous said...

ဘာအပြစ်မှ မရှိဘဲ မတရား အမှုဆင် အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်ထဲက ၂ဝ၇ ယောက်ထဲ လွှတ်ပေးတာပါ။ ဒါကလဲ ဟန်ပြ နာမည်ခံဖို့ လွှတ်ပြတာပါ။

ပြည်တွင်း၊ ပြည်ပ ဖိအားတွေကြောင့် အာရပ်နိုင်ငံတွေမှာလို လူထုအုံကြွမှုတွေ ဖြစ်လာမှာစိုးလို့ အပေါ်ယံ အပြောင်းအလဲလေးတွေကို ဟန်ပြ ပြောင်းပြတာပါ။

"ဒီထက် လိမ်ရရင် ပြတ်ရုံ ရှိတော့မပေါ့" ဆိုတာလေး ကြားဖူးကြသလား။

ဗမာတွေ သိတ်ခက်တယ်။ ဦးသိန်းစိန် ဆိုတာ ဗိုလ်ချုပ်ကြီး သိန်းစိန် ကနေပြီး ပုဆိုးပြောင်းဝတ် ခေါင်းပေါင်း ပေါင်းထားတာ။

အော်... မေ့မနေကြနဲ့ဦး ။ ကြံ့ဖွတ် ပါတီ ခေါင်းဆောင် ဆိုတာလေး ရော။

အော်... တခု သတိရသွားတယ်။ တက်ကသိုလ် မက်ဂဇင်း ဟောင်းထဲက ကဗျာလေး....

မြွေဆိုရင် မြွေလိုပဲ မြင် ... နိုင်ကြပါစေ။

ဘုန်းကြီးကျောင်းသား said...

မြစ်ဆုံကိစ္စ ရပ်ဆိုင်းလိုက်ကြောင်း သမ္မတက ကြေညာပြီးတဲ့နောက် အင်တာနက် စာမျက်နှာတွေပေါ်မှာ ပေးထားကြတဲ့ ကွန့်မန်တွေကို လိုက်ဖတ်လိုက်တဲ့အခါ ပြည်သူတွေက သမ္မတနဲ့ အစိုးရအပေါ် ထားရှိတဲ့ မေတ္တာတရားတွေကို တွေ့ရလို့ ဒီသမ္မတနဲ့ အစိုးရဟာ ပြည်သူ့မေတ္တာကို ဆက်ပြီး ရယူသွားနိုင်ကြမှာဘဲ လို့ မျှော်လင့်ခဲ့မိတာ။

ခုတော့ တော်တော် စိတ်ပျက်စရာ ကောင်းတယ်ဗျာ။

တိုင်းပြည်က ချွတ်ခြုံကျပြီး တစ်နေ့တခြား ပြည်သူပြည်သားတွေရဲ့ လူနေမှုဘ၀တွေ နိမ့်ကျ၊ အိမ်နီးချင်း တရုတ်ပြည်ကြီးကလဲ အကြီးအကျယ် လွှမ်းမိုးလာလို့ အားလုံး လက်တွဲပြီး တက်ညီလက်ညီ ကြိုးစားကြရမယ့် အစား သမ္မတနဲ့ အစိုးရအဖွဲ့က ပြည်သူတွေကို ဆက်လိမ်ဖို့၊ ဆက်ညာဖို့ ကြိုးစားနေကြတယ်။

ဒီပုံအတိုင်းဆိုရင် ပြည်သူတွေရဲ့ ဒေါသနဲ့ တုံ့ပြန်မှုတွေဟာလဲ တစ်ချိန်ချိန်မှာ ပေါ်ထွက်လာဦးမှာပါ။

Anonymous said...

what Ko za ga nar said is 100 percent true!!!
mr monn