Thursday, October 13, 2011

ဖေ့စ်ဘွတ်ခ်က အပြန် (၁၃-၁၀-၂၀၁၁)

မလွတ်မြောက်သေးတဲ့ ညီတယောက်အတွက် ဇာဂနာရဲ့ ကဗျာတပုဒ်

ညီလေးတယောက်ပါ
တခါမှ မငြင်းဆန်ဖူးခဲ့
သူများအတွက် လုပ်ရမယ်ဆို
ဘယ်လိုကူရကူရ
ဘယ်လောက်ကူရကူရ
ညီလေးတယောက်ပါ။
ညာဘက်လက်မောင်း ဖျောင်းကနဲကျိုးသလို
ဆစ်ကနဲ နာကျင်ခဲ့ရ
မျက်မှန်ထူအောက်က သူ့မျက်ဝန်းတွေ
ငေးမောနေတာမဟုတ်
လွင့်မျောနေတာမဟုတ်
ခု ... သူဘယ်မှာလဲ
ပါဝင်ခွင့်မရတဲ့ လောကကို
သူငေးမောနေလေမလား။
ညီလေးတယောက်ပါ။ ။

(နေဘုန်းလတ်သို့ ...)
ဇာဂနာ
ကိုမင်းကိုနိုင် အကျဉ်းကျခံနေရသော ကျိုင်းတုံအကျဉ်းထောင်
လွတ်မြောက်လာသည့်နေ့မှာပင် ပထမအကြိမ် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏
ဂါရ၀ပြုကန်တော့ပွဲသို့ တက်ရောက်လာသည့် မနိုးနိုး (ခေါ်) နွဲ့နှင်းရည်ကို ပြုံးရွှင်စွာ တွေ့ရစဉ်
နာမည်လေးလှသလောက် ဆိုးရွားကြမ်းတမ်းသည့် သာယာဝတီထောင်
သာယာဝတီထောင်ဘူးဝက ထွက်လာမယ့် သားကို ခရီးဝေးက လာစောင့်နေတဲ့ အမေ
ယုံကြည်ချက်ကြောင့် တသက်တကျွန်းကျခံခဲ့ရရာမှ ယနေ့မွန်းလွဲပိုင်းက ပြန်လည်လွတ်မြောက်လာသည့်
ဦးကျော်ဆန်း (NLD ပြည်မြို့) နာမည်ကျော် သာယာဝတီထောင်မှ ထွက်လာစဉ်
သာယာဝတီအကျဉ်းထောင်မှ လွတ်မြောက်လာမည့်
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူများကို လာရောက်ကြိုဆိုနေသူနှစ်ဦး
အင်းစိန်ထောင်ဂိတ်ဝရှေ့က လူအုပ်ထဲမှာ တိုးဝှေ့နေကြရတဲ့
သတင်းထောက် မဆင့်ဆင့်အောင် (၀ဲ) နဲ့ မနွယ်နွယ်အေး (ယာ)
သီတင်းကျွတ်လပြည့်နေ့ (၁၂-၁၀-၂၀၁၁) အဘိဓမ္မာအခါတော်နေ့ ပူဇော်ပွဲ
မျိုးဆက်သစ်တို့ တိုးတက်ကြစို့ ...
သြော် ... ဘုရားဖူးထွက်တာတောင် မသာမယာပုံ ပေါ်နေပါလားနော် ... သူလည်း သူ့ဒုက္ခနဲ့ သူပဲ ...
ကျနော်တို့နိုင်ငံက ၀ိသမသမားတွေ လက်စောင်းထက်လိုက်ပုံများ၊ ဂျပန်ကလူတွေတောင် အောချရတယ်တဲ့။ ဒီက အစိုးရက ဘယ်အမျိုးအစား၊ ဘယ်မော်ဒယ် ခွင့်ပြုတယ်ဆိုတဲ့ ကြော်ငြာချက်လေးလည်း ထွက်လာရော၊ ဂျပန်က ရှိသမျှ ကားဟောင်းတကာ လေလံလိုက်ဆွဲလိုက်ကြတာ ဟိုမှာ တက်တက်ကိုပြောင်ရောတဲ့ဗျာ။ ရပ် ကွက်ထဲ ကတဲ့ပွဲ ကြည့်ချင်ရင် ဖျာနေရာ သွားဦးပြီး ပြန်ရောင်းစားတဲ့ လူတွေလို ပြောင်လိုက်ကြတဲ့ မျက်နှာ၊ ပြတ်လိုက်ကြတဲ့ ရှက်ကြော။ လေလံစင်တာက ဒေါ်လာ ၃,၅၀၀ ၀န်းကျင် ဆွဲထားတဲ့ စာရွက်လေးတွေ တ ကိုင်ကိုင်နဲ့ သိန်း ၂၀၀ ရမှ ရောင်းမယ်၊ သိန်း ၃၀၀ ရမှ ရောင်းမယ်ဆိုပြီး လုပ်နေကြပုံများ၊ ကိုယ့်လူမျိုးတွေ ကို ကိုယ်ကြည့်ရင်း ... သြော် … ဒါကြောင့်လည်း တို့တွေ ဒီလို လုံးခြာလည် အရှက်မဲ့ ကိုယ်လုံးတီး စီးပွားရေး အဆင့်ဘ၀က မတက်တာလို့ တွေးလိုက်မိတယ်။

No comments: