Thursday, October 27, 2011

ဖေ့စ်ဘွတ်ခ်က အပြန် (၂၆-၁၀-၂၀၁၁)

(FB-Nang Hla Aye Saw)
အောက်တိုဘာ ၂၆ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပပြုလုပ်သည့် ဧရာဝတီ စာပေဟောပြောပွဲတွင် ဒေါက်တာထွန်းလွင် (မိုး/ဇလ) ဟောပြောနေစဉ် (FB-Myint Thein)
ဝှေ့ ... စီလုတ်ကြီး ... အီရမ်း ကြောက်လေပီလား :P
“ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ ‘The Lady’ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ကြော်ငြာတွေ၊ ရုပ်ရှင်နမူနာပြကွက်တွေ မှန်သမျှနဲ့ ရုပ်ရှင်ကို တရုတ်နိုင်ငံမှာ လုံးဝ တားမြစ်ပိတ်ပင်ကြောင်း သိရှိရပါတယ်” (FB-Kyaw Win Khine)
ထွန်းအိန္ဒြာဗိုရဲ့ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားများအတွက် ပေးသော စာအုပ်နဲ့ လက်မှတ်ပါ။
(FB-Maung Thura)
သရက်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည်လွတ်မြောက်လာတဲ့
ဆရာတော် ဦးကောဝိဒ၏ သိက္ခာတော်ထပ်ပွဲဖိတ်စာ (FB-Burma VJ Media Network)
ဒီပုံလေးကို ကြည့်ပြီး “လမ်းဘေး ကဖေးလေး ငါထိုင်ငေး ... အဆွေးဆုံး တေးများ ငါခံစား ... မင်းသိမှာပါ ... ငါလေ တယောက်တည်း အထီးကျန် ...” ဆိုတဲ့ ကိုငှက်ရဲ့သီချင်းကို ဆိုညည်းမိတယ် (FB-Anonymous)
“ကြော်ငြာထားတာ စိတ်မကောင်းစရာလေးပါ။ ဖတ်ရတဲ့သူတွေ အနည်းနဲ့အများတော့ ခံစားကြရပါတယ်” (FB-Yin Lynn Latt)
I don't KNOW that why so many BAD things are being happened in Myanmar (Burma) in these days? It says SOMETHING to us? (FB-Myo Tha Htet)
ဒီကာတွန်းပုံလေး တင်ရဖို့အတွက် ၆ နာရီခန့် ကြာပါသည် (FB-Cartoon Aungmaw)
“နိုင်ငံတော်မှာ တို့မရှိတော့ …” (FB-Lin Htaik)
“အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို ... တခါပြန်ပြီး ရချင်သေးတယ်”
(FB-International news for myanmar)
“လူသားချင်းအတူတူ မတရား ဖိနှိပ်ခံနေရတယ်၊ ခွဲခြားဆက်ဆံခံနေရတယ်။ အခွင့်အရေးတွေ တန်းတူညီမျှ မရှိဘူးဆိုရင်တော့ ဘယ်လူမျိုးမှ ငြိမ်ခံနေကြမှာမဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ်လူမျိုးကို ကိုယ်ချစ်ကြတဲ့ မျိုး ချစ်စိတ်ဓာတ်ဆိုတာ ရှိကြပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေအပေါ်မှာ ဘယ်လို ခွဲ ခြားဆက်ဆံခဲ့ကြသလဲ ဆိုတာကို လေ့လာတဲ့သူတွေကတော့ သိကြမှာပါ။ ဒါကြောင့်ပဲ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်းတွေက မိမိတို့အမျိုးသားတွေအားလုံးအတွက်ကိုယ်စား “တန်းတူညီမျှအခွင့်အရေး” ရရှိဖို့ တောင်းဆိုနေတာကို သောင်းကျန်းသူတွေလို့ သတ်မှတ်နေကြဦးမယ်ဆိုရင်တော့ ဒီပြည်တွင်းစစ်မီးဟာ ဆက်လက်တောက်လောင်နေဦးမှာပါပဲ။” (FB-Saw Phyo Lay)
“အသွားမတော် တလှမ်းတဲ့ - ဆင်လေး အပေါက်ထဲ ပြုတ်ကျသွားတဲ့ မြင်ကွင်း …
သနားစရာလေး သူငိုနေလား မသိဘူး” (FB-Ma Su Mon)
“ဒီတသက် ပြန်မတွေ့ကြရတော့ဘူးလို့တောင် ထင်ထားတာ အချစ်ရယ်” (ထိုင်းရေဘေး မှတ်တမ်းပုံများမှ …)
“ထိုင်းက animal တွေလည်း ဘယ်လိုဖြစ်နေလဲမသိ :P အထူးအဆန်းတွေပဲ” (FB-Mayco Latt)

No comments: