Thursday, October 27, 2011

ဆရာတော်၊ သံဃာတော်များက ရှမ်းပြည်နယ် ၀န်ကြီးချုပ်ထံသို့ ပေးပို့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စ ပေးစာနှင့် ရုရှားရောက် အမောင်စစ်သည်တို့ ညစ်တီးညစ်ပတ် မနေကြဖို့ သံအမတ်ကြီး မင်းသိန်း၏ လျှို့ဝှက်သတိပေးစာ

1 Open and 1 Secret

5 comments:

Lu Lay said...

The latter letter reflects the morals and mentality of the past, present and future Myanmar Tatmadaw Officers.

Banto said...

အိုးဟိုးဟိုး ကိုလူလေးရေ တပ်မတော် အရာရှိတွေချည်းပဲဒီလို ညစ်ညစ်ပတ်ပတ် နေတတ်တယ်ထင်ရင် မှားသွားမယ်။
မယုံရင် စင်္ကာပူမှာလာကြည့်လိုက်၊ စင်္ကာပူမှာနေတဲ့ မြန်မာတွေ အဲ့ဒီထက်သာပိုမဆိုးရင်နေမယ် အတူတူလောက်တော့ရှိတယ်။ ဂျပိုးလား အပြည့်ပဲ။ အိမ်မှာ စားကြွင်းစားကျန် အမှိုက်မပစ်လို့ ပုတ်စော်နံနေတာနဲ့၊ ဟင်းသိုးစော်နံနေတာနဲ့၊ ပန်းကန်ဆေးတဲ့ basin ထဲ တံတွေးထွေးထားခဲ့တာနဲ့။ အမှိုက်တောင်းထဲကွမ်းထွေးပြီး ဒီအတိုင်းပစ်ထားတာနဲ့။ အရက်သောက်ပြီးအိမ်မှာ ဆူညံတာ၊သီချင်းအကျယ်ကြီးဖွင့်တာလောက်ကတော့ ပုံမှန်ဖြစ်နေပြီ။
မိန်းခလေးတွေ အပျံစားဝတ်ထားလို့ အထင်မကြီးလိုက်နဲ့ အိမ်လိုက်ကြည့်လိုက် အခန်းထဲမှာ အနံ့တထောင်းထောင်းနဲ့။ ကိုယ့်အနံ့ကြောင့်သူများ အနှောက်အယှက်ဖြစ်မှာတော့ လုံးဝဂရုစိုက်လိမ့်မည်မဟုတ်။
Inconsiderate ဖြစ်တဲ့နေရာမှာ ပြည်ကြီးတရုတ်တွေပြီးရင် မြန်မာနဲ့ ကုလား ဒုတိယချိတ်လောက်တယ်။ တိုင်းပြည်မှာ ဟိုဟာပြောင်းလဲပါ ဒီဟာပြောင်းလဲပါ အရင် မအော်ခင် ကိုယ့်ဖာသာကိုယ် တစ်နိုင်တစ်ပိုင်လေး ပြောင်းလဲပြီး အဆင့်မြှင့်တင်ကြပါဦး ရွှေမြန်မာတို့။

Anonymous said...

အဲဒါတွေက ကြာပါပြီ။ အခုနေနေရတဲ့ အခြေနေကို လက်တွေ့ လေ့လာသင့်ပါတယ်။ သူများနိုင်ငံသွား သူများကျွေးတာစားပြီး သူများခိုင်းတာ လုပ်နေ ပြောနေ ရေးနေ ကြသူတွေ သူတို့မိဘကရော ဘယ်နိုင်ငံကလဲ။ သူတို့ပြောပြောနေတဲ့ တိုးတက်ဖို့ဆိုတာ ဒီလို ဘေးထိုင်ဘုပြောနေလို့များ ဖြစ်လာမယ်ထင်နေလား။ ဒီအဆင့်လောက်ရောက်အောင်ပဲ ဘယ်သူတွေက လုပ်နေရတာလဲ။ ကိုယ့်မိသားစုတောင် ကိုယ့်နိုင်င်ငံမှာ ၀၀မကျွေးနိုင်လို့ သူတစ်ပါးဆီသွားပြီး သူများခိုင်းတာလုပ်နေရတာပါ။ ကိုယ့်အမေမကောင်းကြောင်းရေးလိုက် ကိုယ့်အဖေ မကောင်းကြောင်းရေးလိုက် ကိုယ့်မိန်းမအကြောင်း ကိုယ့်သားသမီးအကြောင်းရေးလိုက်နဲ့ ရေးစရာကော ကျန်ကြသေးရဲ့လား။ Negative View နဲ့ဆိုရင်တော့ သင်မြင်နေတာတွေက သင့်အတွက်တော့ ပြောစရာတွေပါ။ ဒါပေမဲ့သင်ရော ဘယ်လောက်ကောင်းနေပြီလဲ။ နိုင်ငံတိုးတက်ဖို့မပြောနဲ့ ကိုယ်ဘ၀တိုးတက်ဖို့ ကိုယ့်မိသားစုအတွက် ဘာတွေလုပ်နေလဲ။ ဒီလိုရေးနေ ပြောနေရမှ စားရမယ်ဆိုရင် တော့ မပြောတော့ပါဘူး။ ကောင်းကြောင်းလေးတွေ ရှာရေးကြည့်ပါလား။ ရေးတတ်မှာတောင်မဟုတ်ဘူး။
ဒီမှာ လက်တွေ့နေနေရတဲ့ အခြေအနေကို လာကြည့်လိုက်ဦး ပြီးမှ ဆက်ပြော။ ၀ါဝါမြင်တိုင်း ရွှေထင်နေရင် တော့ ဒုက္ခတေ့မယ်နော်။ နဲနဲတော့ လေ့လာစေချင်ပါသေးတယ်။ ဒီထက်ပိုပြီး အတွင်းကျကျဆိုပါတော့။……

Anonymous said...

Banto စင်္ကာပူက မြန်မာသံရုံးကို တိုင်လိုက်လေ။ တအိမ်တက်ဆင်း လေ့ လာထားသမျှကို စာရေးပြီးတင်လိုက် :P

Lu Lu said...

the date of the 1st letter is 2011 and the second is 2010 :P why are they like that different like that time?
The 1st letter is really nice. Government need to know about that.
I don't think the second letter is already 2010 and it's not important like that to public.