Friday, October 14, 2011

ဖေ့စ်ဘွတ်ခ်က အပြန် (၁၄-၁၀-၂၀၁၁)

ဘဘဦးဝင်းတင်နှင့် ကိုဂျင်မီ+မနီလာသိန်းတို့၏ သမီးလေး ဖြူနေခြည်မင်းယု (White)
လူအချင်းချင်း ကျွန်သဖွယ် ခိုင်းစေခြင်း ကင်းရှင်းကြပါစေ ...
“၀ဋ်လိုက်တတ်တယ် ကြိုင်ကြိုင် သတိထား ...”
“၀ဋ်လိုက်တတ်တယ် ချုပ်ကြီးသန်းရွှေ သတိထား ...”
“၀ဋ်လိုက်တတ်တယ် ဗိုလ်ချုပ်ကတော်တွေ သတိထား ...”
ကြည့်ကြပါဦးဗျာ၊ ဘယ်အချိန်ကတည်းက ဖမ်းထားပြီး အခုမှ လွှတ်တာလဲ၊
သက်ကြီးရွယ်အိုတွေကို မညှာမတာ ချူပ်နှောင်ထားခဲ့ကြတဲ့ လူမဆန်မှုပြယုဂ်ပါပဲ။
အမေ သားလွတ်လာပြီ မငိုနဲ့တော့လေလို့ ပြောနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုကျော်ညွန့်
ဘာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ အပျော်
ဇေယျာကြီး၊ ရင်ရင်ဝိုင်း၊ ဝေမာနဲ့ မငြိမ်း
အောက်တိုဘာ (၁၂) ရက်နေ့က ရွှေဘိုထောင်ရှေ့မြင်ကွင်း
ပုဒ်မ ၅ (ည) နဲ့ ၁၅ နှစ်ကျပြီး ၈ နှစ်နေခဲ့ရတဲ့ ကောလင်းက ဦးပဇင်း ဦးသြဘာသ
ထောင်မှ ထွက်လာကာစ “ဒီကနေ မစိုးရိမ်တိုက်သစ်သွားပြီး ဘုန်းကြီးပြန်ဝတ်မှာ” လို့ ပြောနေပုံ
မန္တလေး အိုးဘိုထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရသူ
နိုင်ငံခြားသား ၂၁ ဦး ကို အလုံပိတ်ကားနဲ့ ခေါ်ဆောင်သွားပုံ
“ကျနော်တို့ဆီမှာ ၄၂ ထောင် ရှိပါတယ်။ အဲဒီ ၄၂ ထောင်မှာ ကျနော်တို့ သူငယ်ချင်းတွေအားလုံးဟာ ထောင်အသီးသီးမှာ အခုထိ ကျခံနေရတုန်းပါပဲ။ ဒုက္ခ သုက္ခရောက်ရတဲ့သူတွေ အများကြီးပဲ။ ကျနော်ကိုယ်တိုင် ထောင်ထဲမှာ နေခဲ့ရတဲ့အတွက် ဒီစကားကို ကျနော်ပြောတာပါ။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်က ကျနော့်မျက်နှာ ရင်းပြီးတော့ ကျနော်တို့ ရုပ်ရှင်နယ်၊ ဂီတနယ်၊ စာပေနယ်က ညီအစ်ကို မောင်နှမတွေဆီက အကူအညီတောင်းမယ်။ အဲဒီလူတွေနဲ့ ကျနော်ကိုယ်တိုင် သွားပြီးတော့ ထောင်တွေမှာ ပါဆယ်တွေ ထောင်တိုင်ရာရောက် ပါဆယ်လိုက်ပို့မယ်။ လူကြုံနဲ့ ပေးရင် မရောက်လို့ပါ။" (ကိုဇာဂနာ)
ခဏနော် ချွေးလေးသုတ်လိုက်ပါရစေဦး :P
သူတို့အတွက် ပြည်သူတွေ လည်ပင်းရှည်ရပြန်ပြီ
နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြုကန်တော့ပွဲကို
တက်ရောက်လာကြတဲ့ ကိုဇေယျာသော်နဲ့ GW အဖွဲ့သားတွေ ...
အမရပူရ အလှူပွဲမှာ အစာအဆိပ်သင့်တုန်းက ...
တောင်ကြီးမှာလည်း ရေကြီး
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့က ရေဘေးဒုက္ခသည် မိကျောင်းကြီး
မြန်မာပြည်ထဲ ဘာများလုပ်လို့ရမလဲလို့ ပြန်ဝင်ကြည့်တဲ့ ဒေါက်တာတင်မောင်သန်း
(လက်ဆွဲနှုတ်ဆက်ခွင့်တော့ ရနေပြီပေါ့ ...)

4 comments:

Anonymous said...

မင်းက သူခိုးပဲကွ......
သူများစည်းကို ချိုးဖောက်တဲ့ကောင်ပဲ

Anonymous said...

သယ် Anonymous သူယုတ်

ဘယ်သူက ဘာကိုခိုးတာလဲ
ဘာစည်းကို ချိုးဖောက်တာလဲ

ဒီမှာ နင့် အဖေ ပြောသွားတာကိုကြည့်

Facebook ဆိုတာ လူတိုင်း သုံးနိုင်တဲ့
'ဆို့' ဖြစ်ကြောင်း အများနဲ့ ဆိုင်တဲ့ လူတွေ ရဲ့ပုံကို အများနဲ့ ဆိုင်တဲ့ ဆိုက်မှာတင်တာ ဘာစည်းကို မှချိုးဖောက်တာမဟုတ်ကြောင်းကို မိမိတင်ပြလိုကြောင်း (တင်ပြနေစဉ် မဆိတ်ရပါ)

သူခိုးတွေကို တွေ့ချင်ရင် မိမိတို့နေပြည်တော်ကြီးကို လာကြည့်စေလိုကြောင်း သယ် Anonymous သူယုတ် သင်တို့သိကြတဲ့အတိုင်း ... မိမိတို့ ဗိုလ်ချုပ် တွေအားလုံး ဟာ မီလျှံနာ များဖြစ်ကြကြောင်း
မိမိ တပ်မတော်သားအားလုံး ဟာလခ စားများဖြစ်ကြကြောင်း တပ်ကပေးတဲ့ လခကလည်း စားလိုတောင် လောက်တာမဟုတ် ကြောင်း
ထို့ကြောင့် မိမိတို့ ဗိုလ်ချုပ်များအားလုံး ရဲ့ပိုင်ဆိုင်မှုဟာ တနည်းနည်းနဲ့ မိမိတို့ခိုးထားတာ များသာ ဖြစ်ကြကြောင်း

မိမိတို့တပ်မတော်ဟာ အုပဓေ ကိုလည်းမသိကြောင်း (ရေးထားတဲ့ စာလုံးပေါင်းကိုသာကြည့်) သိလည်း မိမိတို့တပ်မတော်ဟာ အုပဓေ ကိုစစောက် ဂရုစိုက် လေ့မရှိတာကို သမိုင်းကြောင်းမှာ အထင်အရှားတွေ့နိုင်ကြောင်း

ထို့ကြောင့် သူခိုးများ စည်းဖောက်သူများမှာ မိမိတို့ တပ်မတော်သားများပင်ဖြစ်ကြောင်း

အမိန့် အရ
ပုံ
မင်းအောင်လှိုင်

Anonymous သူယုတ် တွေရေ့ သိပ်လည်း ဟောင် လို့
ကောင်းမနေကြနဲ့ ဟေ့ အခုအချိန်က လျှော်အစား အတက် အကျ ကြမ်းတယ်နော်

Anonymous said...

အားလုံးခင်ဗျား

RFA က မနေ့ညက လွှင့်သွားတဲ့
ကိုမင်းကိုနိုင်နဲ့ ကျိုင်းတုံထောင်ထဲမှာအတူနေခဲ့သူဟုဆိုသော
မြန်မာ နေးရှင်းဂျာနယ်က ဦးစိန်ဝင်းမောင်က ကိုမင်းကိုနိုင်ဟာ NLD ပါတီ မှတ်ပုံတင်မှာနဲ့ ရွေးကောက်ပွဲဝင်မှာကို သဘောတူထောက်ခံကြောင်း ပြောတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး
ယနေ့(၁၄-၁၀-၂၀၁၁) နေ့လည် ၁ နာရီမှာ ကိုမင်းကိုနိုင်အမကြီး ထောင်ဝင်စာတွေ့ပြီး ပြောပြတဲ့အခါမှာ ကိုမင်းကိုနိုင်ဟာ အလွန် စိတ်ဆိုးဒေါသထွက်ပြီး သွေးတိုးသွားကြောင်း သိရပါတယ်။

ဦးစိန်ဝင်းမောင် ပြောကြားချက်နဲ့ပတ်သက်ပြီး ကိုမင်းကိုနိုင်သဘောထား အစစ်အမှန်မဟုတ်ကြောင်း၊ ကိုမင်းကိုနိုင် အမကြီးက မီဒီယာများသို့
မကြာခင်မှာ အင်တာဗျူး ပေးပြီး ပြန်လည် ဖြေရှင်းမှာဖြစ်ကြောင်းလည်း သိရပါတယ်။

Anonymous said...

ဓါတ်ပုံက အတုကြီးပါ
Photoshopနဲ့ပြင်ထားတာသိသာပါတယ်