မြန်မာပြည်သူတွေအတွက် အားဆေး (သို့မဟုတ်) ပြန်လည်လွတ်မြောက်လာသည့် ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာ၏ လေလှိုင်းပေါ်က ပြောကြားချက်များ
ဇာဂနာနှင့် BBC
ဇာဂနာနှင့် VOA
ဇာဂနာနှင့် RFA
ဇာဂနာနှင့် DVB
၁၉၇၀ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် မွေးဖွား။ ၁၉၉၅ တွင် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဘွဲ့ရ။ ၁၉၉၆ စက်တင်ဘာမှ ၁၉၉၇ ဖေဖော်ဝါရီအထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်။ ၁၉၉၆ နိုဝင်ဘာမှ ၂၀၀၅ ဇွန်အထိ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။ ၂၀၀၅ ဇူလိုင် ၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ။ ၂၀၀၆ ဇန်န၀ါရီမှ ၂၀၁၄ ဧပြီအထိ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းတွင် ဒု-ဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီဝင်၊ တွဲဘက်အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့။ ရွှေဝါရောင်သံဃာများ မေတ္တာပို့ စီတန်းလမ်းလျှောက်သည့် ၁၈-၉-၂၀၀၇ တွင် ဘလော့ဂ်တင်ဆက်မှု စတင်။
5 comments:
ကိုဇာဂနာ ကိုတော့ တကယ့်ကို ချီးကျူးလေးစားပါတယ်။ အမှန်ကိုမြင်ပြီး ပြောလဲပြောရဲ တာကို အရမ်းသဘောကျပါတယ်။ ဒါပေမယ့် 88 ကျောင်းသားခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားအများစုကိုမလွှတ်ပေးတာတော့၊ စစ်အစိုးရဟာ သူရဲ့အစွယ်ကို ထုတ်ပြမြဲ ထုတ်ပြနေတယ်လို့ဘဲထင်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုဘာလို့မလွှတ်ပေးရတာလဲ၊ http://www.tarzan88.blogspot.com
တာဇံ-၈၈
ကိုဇာဂနာကိုတော့ ပျက်လုံးတွေအတွက်
ချီးကျူးပါတယ် ဒါပေမဲ့ " မြည်မာပြည်သူ
တွေအတွက် အားဆေး "
ဆိုတာကြီးက တော့ သိပ်မဟုတ်ပါဘူး
ကိုဇာဂနာလွတ်လာတာ ကို လူတစ်
ယောက် အနူပညာရှင်တစ်ယောက်လွတ်
လာတယ်လို့ပဲမြင်တယ် သူ့ပျက်လုံးတွေ
လည်းကောင်းပါတယ် ဒါပေမဲ့ သူ့ထက်
မသာရင်တောင် သူ့လောက် မလျှော့ပဲ
ပျက်နိုင်တဲ့လူတွေအများကြီးပါ။
ကိုဇာဂနာလွတ်လာတာ မြန်မာနိုင်ငံကြီး
ပွားတိုးတက်ရေးအတွက် အထောက်အကူမပြုပါဘူး။ ကိုမင်းကိုနိုင်တို့ လိုလူမျိုးတွေလွတ်လာရင်တစ်မျိုးပေါ့ဗျာ။
အခုလို အကျဉ်းသားတွေ လွှတ်ပေးတဲ့ အစိုးရကို ကျေးဇူးတင်ပါတယ်....ငွေ ၁၀၀၀ကျပ်စီ အကျဉ်းသားတွေကို အပြန်စရိတ်ပေးတာ တော်တော်လေး တိုးတတ်လာတဲ့ နိုင်ငံလို့လည်း ယူစလို့ရတာပေါ့
အားလုံးခင်ဗျား
RFA က မနေ့ညက လွှင့်သွားတဲ့
ကိုမင်းကိုနိုင်နဲ့ ကျိုင်းတုံထောင်ထဲမှာအတူနေခဲ့သူဟုဆိုသော
မြန်မာ နေးရှင်းဂျာနယ်က ဦးစိန်ဝင်းမောင်က ကိုမင်းကိုနိုင်ဟာ NLD ပါတီ မှတ်ပုံတင်မှာနဲ့ ရွေးကောက်ပွဲဝင်မှာကို သဘောတူထောက်ခံကြောင်း ပြောတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး
ယနေ့(၁၄-၁၀-၂၀၁၁) နေ့လည် ၁ နာရီမှာ ကိုမင်းကိုနိုင်အမကြီး ထောင်ဝင်စာတွေ့ပြီး ပြောပြတဲ့အခါမှာ ကိုမင်းကိုနိုင်ဟာ အလွန် စိတ်ဆိုးဒေါသထွက်ပြီး သွေးတိုးသွားကြောင်း သိရပါတယ်။
ဦးစိန်ဝင်းမောင် ပြောကြားချက်နဲ့ပတ်သက်ပြီး ကိုမင်းကိုနိုင်သဘောထား အစစ်အမှန်မဟုတ်ကြောင်း၊ ကိုမင်းကိုနိုင် အမကြီးက မီဒီယာများသို့
မကြာခင်မှာ အင်တာဗျူး ပေးပြီး ပြန်လည် ဖြေရှင်းမှာဖြစ်ကြောင်းလည်း သိရပါတယ်။
ကျုပ်တို့ကတော့ NLD ကိုထောက်ခံတယ်
ဗျို့၊ ဒေါ်အောင်ဆန်းစုကြည်လုပ်နေတာ
တွေကိုလည်း ထောက်ခံတယ်ဗျို့။ ဒီလို
မှာ့မလုပ်ရင်လည်းမလွယ်တော့ဘူး အခု
တောင်အစိုးရက တော်တော်သဘောထား
ပျော့ပျောင်းလာပြီပဲ။ ဒါဟာအပေါင်း
လက္ခဏာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို
ထောက်ခံတယ်ဆိုရင် မင်းကိုနိုင်ကို ထောက်ခံမယ်။ သူက မထောက်ခံဘူးဆိုရင် သူ့ကိုလည်း ကျွန်တော်တို့ မထောက်ခံဘူး။
Post a Comment