Sunday, October 16, 2011

အပြောင်းအလဲဖြစ်ပြီ မဖြစ်သေးဘူးဆိုတာ ပြည်သူတွေရဲ့လက်တွေ့ဘဝနဲ့ တိုင်း တာရမှာဖြစ်တယ်

အပြောင်းအလဲဖြစ်ပြီ မဖြစ်သေးဘူးဆိုတာ
ပြည်သူတွေရဲ့ လက်တွေ့ဘဝနဲ့ တိုင်းတာရမှာဖြစ်တယ်
မောင်ချင့်ချိန်

အမှန်တော့ တောင်ပို့ကြီးမှန်း အစောကြီးကတည်းက မြင်ထား သိထားကြပြီးသားပါ။ “ဖွတ်ထွက်လာတာ မ တွေ့သေးဘူး၊ ဘုရားဖြစ်ချင်ဖြစ်နေမှာ၊ စောင့်ကြည့်ကြသေးတာပေါ့” လို့ ဝေဝါးနေဖို့ကို မလိုတာပါ။ “သူများ လိမ်တာ ခံရတာမျိုးက ပထမတကြိမ်မှာ လိမ်တဲ့သူအမှား၊ ဒုတိယတကြိမ်လည်း လိမ်တဲ့သူအမှားပဲ၊ အခါခါ ခံ ရရင်တော့ လိမ်တဲ့သူအမှားထက် အလိမ်ခံနေသူကိုက အ လွန်းလို့၊ အသုံးမကျလို့ ဆိုတာမျိုး ခံရသူအမှား” ဆိုတဲ့ ဆိုရိုးစကားဟာ ခေတ်အဆက်ဆက် ခုလိုအခြေအနေမျိုးတွေ ရှိခဲ့လို့ တင်စားပြောခဲ့ကြတာဖြစ်မှာပါ။

ပြောကြည့်စမ်းပါ။ စစ်အုပ်စုမှာ ရိုးသားတဲ့လက္ခဏာတွေ၊ တိုင်းပြည်အကျိုးကိုပဲ ဦးစားပေးဆုံးဖြတ်တော့မယ့် အနေအထားတွေ၊ တကယ်ပဲ တွေ့နေရပါပြီလားလို့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြတာ၊ နိုင်ငံရေးအကျဉ်း သား (တချို့) လွှတ်ပြတာ၊ ပြောချင်ရာပြောခွင့်ရထားတဲ့ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေပေါ်ကနေ စ ကားလုံးလှလှတွေ ရွတ်ပြတာတွေလောက်ကို ကြည့်ပြီး ပြောင်းလဲဖို့ လမ်းစမြင်နေရပါပြီလို့ စစ်အုပ်စုကို ယုံ ကြည်ရတော့မယောင် ပြောဆိုမှုမျိုး ဘယ်ပြည်သူ့ဘက်တော်သားကမှ ယတိပြတ် ပြောရဲမှာမဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့မှာ တရားဟောပွဲတွေမှာ ဟောပြောခဲ့တာတွေထဲက သဘောတူနှစ်ခြိုက်ပြီး မှတ်သားထားမိခဲ့တာ ရှိပါတယ်။ “တိုင်းပြည်တိုးတက်တယ်၊ မတိုးတက်ဘူးဆိုတာက ပြည်သူတွေရဲ့ အခြေအနေနဲ့ပဲ ဆိုင်တယ်။ ဘယ်လိုပဲ လမ်းတွေ ဖောက်၊ ဆည်တွေ တံတားတွေ ဆောက်နေပါစေ၊ ပြည်သူတွေ စားဝတ်နေရေး အဆင်မပြေသေးသမျှ ဖွံ့ဖြိုးတိုးတက်တယ် မပြောနိုင်ပါဘူး” တဲ့။ ပြည်သူတွေ ‘ဝေး’ ကနဲ လက်ခုပ်တွေတီး အားပေးလိုက်ကြတာများ ...။

“စားဝတ်နေမှုဘဝ ဖူလုံခွင့်ပေးပါ” လို့ ဆန္ဒပြတောင်းဆိုရုံ သက်သက်နဲ့ ရက်ရက်စက်စက် ပစ်သတ်ခံခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေ၊ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေကို မေ့ထားလိုက်ကြတော့မလား။ အကျဉ်းထောင် တွေ၊ တောတောင်တွေထဲ၊ မိတကွဲဖတကွဲ၊ သားတကွဲ မယားတကွဲ ရောက်ကြရပြီး ဘဝတွေ ထိခိုက်ပျက်ဆီး ခဲ့ရသူတွေ၊ ခြေလက်ခန္ဓာ ဆုံးရှုံးခဲ့ရသူတွေ၊ အသက်ပါပေးခဲ့ရသူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေက အလ ကားဖြစ်ရတော့မှာလား။ စစ်ပွဲတွေကြားမှာ အိုးအိမ်စွန့်ခွာ ရှောင်ပုန်းပြေးလွှားပြီး အနာဂတ်မဲ့နေတဲ့ တိုင်းရင်း သားတွေအတွက် ဘယ်လိုအာမခံချက်မျိုးကို ဘယ်သူက ပေးနိုင်ပါပြီတဲ့လဲ။

အစွန်းရောက်လွန်းတယ်လို့ မထင်ပါနဲ့။ စစ်အာဏာရှင်ခေတ် နှစ်ငါးဆယ်သက်တမ်းမှာ ကျနော်တို့ မမီခဲ့ပေ မယ့် ကြားရဖတ်ရလို့ သိခဲ့ရတဲ့ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ကနေ ၁၉၈၈ ခုနှစ်ထိ ၂၆ နှစ်စာ အခြေအနေ တွေနဲ့ ကျနော်တို့ ကောင်းကောင်းမီပြီး ကိုယ်တွေ့ခံစားသိမြင်ခဲ့ရတဲ့ ရှစ်လေးလုံးကာလ အပါအဝင်၂၃ နှစ် ကျော် အတွေ့အကြုံတွေက စစ်အုပ်စုကို ဘယ်လိုမှ မယုံကြည်သင့်ဘူးဆိုတာ သတိပေးနေလို့ပါ။

အာဏာခိုင်မြဲရေးအတွက် မီးစတဘက်၊ ရေမှုတ်တဘက်နည်းကို နေဝင်းလက်ထက်ကတည်းက တွင်တွင်သုံး လာခဲ့တာပါ။ ပစ်သတ်တယ်၊ ရိုက်နှက်ဖမ်းဆီးတယ်၊ လူမဆန်တဲ့ နှိပ်စက်ညှင်းပန်းမှုတွေလုပ်တယ်၊ ထောင်ချ တယ်၊ မိသားစုလိုက် ဘဝပျက်ပြီး နာလန်မထူနိုင်တော့အောင် နှိပ်ကွတ်တယ်၊ အဲဒီလို မီးစတဘက်နည်းတွေ ကို ကျောင်းသားသမဂ္ဂအဆောက်အဦး ဖျက်ခဲ့တဲ့ ၆၂ ဆဲဗင်းဂျူလိုင်၊ ၇၄ အလုပ်သမားအရေးအခင်း၊ ၇၄ ဦး သန့်အရေးအခင်း၊ ၇၅ အလုပ်သမားအရေးအခင်းနှစ်ပတ်လည်၊ ၇၆ မှိုင်းရာပြည့်၊ ၈၈ မတ်လအရေးအခင်း စ တဲ့ အာဏာကိုထိပါးလာတဲ့ကိစ္စတိုင်းမှာ ရက်ရက်စက်စက် အသုံးပြုခဲ့သလို ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတာ၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တွေပေးတာ၊ ၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်ပြီး စစ်ယူနီဖောင်းတွေချွတ် အရပ်သားအစိုးရယောင်ဆောင်ပြတာ၊ ဝန်ထမ်းတွေကို လစာတိုးပေးတာ၊ ဘုရား တည်၊ တံတားဆောက်၊ လမ်းဖောက်ဆိုတာတွေလုပ်ပြတာ ... စတဲ့ ရေမှုတ်တဘက်နည်းတွေကိုလည်း တ လျှောက်လုံး အသုံးပြုခဲ့တာပါ။

စစ်အာဏာရှင်မျိုးဆက်တွေအဖြစ် နေဝင်းအမွေကို ဆက်ခံခဲ့တဲ့ စောမောင်၊ ခင်ညွှန့်၊ သန်းရွှေ၊ သိန်းစိန်တို့ လက်ထက်မှာလည်း ဒီနည်းနာတွေကိုပဲ ဆက်သုံးနေတာပါပဲ။ ၈၈ လူထုအရေးတော်ပုံကြီးနဲ့ ၉၆-၉၉ ကျောင်း သားလှုပ်ရှားမှုတွေကို ပစ်ခတ်သတ်ဖြတ်ပြီး ဖြိုခွဲတယ်၊ ကျောင်းသားတွေ၊ ကလေးသူငယ်တွေရယ်လို့ ချမ်း သာမပေး၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်သည်တွေရယ်လို့ မညှာတာ၊ သံဃာတော် တွေရယ်လို့ အလေးမထားဘဲ ရိုက်နှက်ဖမ်းဆီးတယ်၊ လူမဆန်တဲ့ နှိပ်စက်ညှင်းပန်းမှုတွေ လုပ်တယ်၊ ထောင် ချတယ်၊ မိသားစုလိုက်ဘဝပျက်ပြီး နာလန်မထူနိုင်တော့အောင် နှိပ်ကွတ်တယ်၊ နေဝင်းလက်ထက်ကအတိုင်း မီးစတဘက်နည်းကို သုံးတဲ့အပြင် ဒီပဲယင်းလို အောက်တန်းကျတဲ့ လုပ်ကြံသတ်ဖြတ်မှုမျိုးတွေကိုလည်း ကျူး လွန်ခဲ့တယ်။ ၂၀၀၇ စက်တင်ဘာလို သံဃာတော်တွေရဲ့ မေတ္တာပို့ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှုမျိုး ကို ကမ္ဘာသိပြောင်ပြောင်တင်းတင်း ရိုက်နှက်ဖြိုခွဲတာမျိုး၊ ဘုန်းကြီးကျောင်းတွေကို စစ်မြေပြင်မှာ ရန်သူ့စခန်း တက်သိမ်းသလို ပစ်ခတ်တိုက်ခိုက်စီးနင်းပြီး ချိတ်ပိတ်ခဲ့တာမျိုး၊ ခန်းဂျိနာဂအိလို နိုင်ငံခြားသားသတင်း ထောက် ကိုတောင် ပစ်သတ်တာမျိုး၊ နေဝင်းခေတ်ထက်တောင် ကြမ်းခဲ့ရမ်းခဲ့ပါသေးတယ်။

“နေဝင်းခေတ်မှာ ပထမပိုင်း အတိုက်အခံလုပ်ခဲ့တဲ့ ဝိဓူရသခင်ချစ်မောင်လို ပုဂ္ဂိုလ်မျိုးကို “ဆိုရှယ်လစ်စနစ်နဲ့သာဆိုရင် ခွေးကတက်ကနေ တာဝန်ထမ်းရထမ်းရ” လို့ ပြောတဲ့အထိ စည်းရုံးနိုင်ခဲ့သလို သိန်းစိန်ခေတ်မှာလည်း ပထမပိုင်းက “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” လို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို “တိုင်းပြည်ကောင်းဖို့ဆို အသုံးချခံဖြစ်ချင်လည်းဖြစ်ပါစေ” လို့ ပြောလာတဲ့အထိ စည်းရုံးနိုင်ခဲ့ပါတယ်။ နောက်ကျတော့ ပြည်သူတွေက သခင်ချစ်မောင်ကို ခွေးကတက်ချစ်မောင်လို့ပဲ ခေါ်ကြပါတော့တယ်။”

ရေမှုတ်တဘက်နည်းမှာလည်း ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မှာပါဆိုတာမျိုး လိမ်ညာတာတွေ၊ အမျိုး သားညီလာခံ ကျင်းပနေလို့ပါ ဆိုတာမျိုး အချိန်ဆွဲတာတွေ၊ အခွင့်အရေးလေးနည်းနည်းပေးပြီး တိုင်းရင်းသား တချို့ကို အပစ်ရပ်လုပ်ထားတာတွေ၊ ဝန်ထမ်းတွေကို ခဏခဏ လစာတိုးပေးတာမျိုးတွေ၊ နိုင်ငံရေးအကျဉ်း သားတွေ လွှတ်ပေးပါတယ် ဆိုတာမျိုး လုပ်ပြတာတွေ၊ စောမောင်လက်ထက်ကနေ သိန်းစိန်လက်ထက်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပါတယ် ဆိုတာမျိုးတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒနဲ့ အတည်ပြု တာပါ ဆိုတာမျိုးတွေ၊ အကြောင်းကြောင်းကြောင့် နိုင်ငံတကာရောက်နေသူတွေ ပြန်လာဖို့ ဖိတ်ခေါ်တယ် ဆိုတာမျိုးတွေ ... စသဖြင့် နေဝင်းနည်းနာတွေအတိုင်း တထပ်တည်းလို လုပ်ခဲ့တာပါပဲ။

နေဝင်းခေတ်မှာ ပထမပိုင်း အတိုက်အခံလုပ်ခဲ့တဲ့ ဝိဓူရသခင်ချစ်မောင်လို ပုဂ္ဂိုလ်မျိုးကို “ဆိုရှယ်လစ်စနစ်နဲ့ သာဆိုရင် ခွေးကတက်ကနေ တာဝန်ထမ်းရထမ်းရ” လို့ ပြောတဲ့အထိ စည်းရုံးနိုင်ခဲ့သလို သိန်းစိန်ခေတ်မှာ လည်း ပထမပိုင်းက “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ”လို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ကို “တိုင်းပြည်ကောင်းဖို့ဆို အသုံးချခံဖြစ်ချင်လည်းဖြစ်ပါစေ” လို့ ပြောလာတဲ့အထိ စည်းရုံးနိုင်ခဲ့ပါ တယ်။ နောက်ကျတော့ ပြည်သူတွေက သခင်ချစ်မောင်ကို ခွေးကတက်ချစ်မောင်လို့ပဲ ခေါ်ကြပါတော့တယ်။

ဆိုလိုချင်တာက စစ်အာဏာရှင်တွေကို ရုံစားရင် မှားလိမ့်မယ်ဆိုတာပါပဲ။ အဲဒီအမှားဟာ တဦးတယောက် တည်း ထိခိုက်နစ်နာတဲ့ အမှားမဟုတ်ပါဘူး။ တတိုင်းတပြည်လုံး ဘဝတွေ၊ အသက်တွေ အများကြီးနဲ့ ဆိုင် တာပါ။ ဘာနဲ့မှ အလဲအထပ်လုပ်လို့၊ အစားထိုးလို့ မရပါဘူး။ မှားသွားပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်သတ် သေပြရဲရင်တောင် ပြည်သူတွေရဲ့ဆုံးရှုံးခဲ့ပြီးတဲ့ အခြေအနေတွေက ဘယ်လိုမှပြန်မရနိုင်တော့ပါဘူး။ စစ်အာ ဏာရှင်တွေ ကျူးလွန်ခဲ့တဲ့အပြစ်တွေ၊ ဗလောင်းဗလဲ အကြိမ်ကြိမ် လုပ်ခဲ့တာတွေ၊ ဘာကိုမှ ဂရုမစိုက်တတ် တာတွေကို အထပ်ထပ် ပြန်သုံးသပ်ပြီး မှန်ကန်လက်တွေ့ကျတဲ့ တိုက်ပွဲဝင်မှုမျိုးကို ရွေးချယ်ကြရမှာပါ။

နေဝင်းခေတ်ကမှ အထွေထွေလွတ်ငြိမ်းချမ်းသာနဲ့ နိုင်ငံရေးအကျဉ်းသား အကုန်လွတ်ပါသေးတယ်။ ခုက နိုင် ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါတယ်လို့ ပြောရရုံလေးတင်ပါ။ ကျောင်းသားတွေနဲ့ ပြည်သူလူထုကြီးရဲ့ သူရဲကောင်း ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ဖောက်ခွဲရေးပုဒ်မ၊ အီလက်ထရောနစ်ပုဒ်မ၊ တရားမဝင် နယ်စပ် ဖြတ်ကျော်မှုပုဒ်မ ဆိုတာမျိုး တပ်ချင်တဲ့ပုဒ်မတပ်ဖမ်းတာ ခံထားရတဲ့သူတွေ အများကြီးကျန်နေသေးတာပါ။ လွတ်ငြိမ်ချမ်းသာကို တနှစ်တည်းပေးလိုက်၊ ထိုက်သင့်တဲ့အပြစ်ဒဏ်ခံပြီး ကောင်းကောင်းမွန်မွန်နေတဲ့သူတွေ ကို ပေးတယ်လုပ်လိုက်နဲ့ နိုင်ငံတကာအခြေအနေကိုလိုက်ပြီး မီးစင်ကြည့်ကနေတာမျိုး၊ သဘောထားမမှန် တာကို သတိထားမိကြဖို့လိုပါတယ်။

“အားလုံးလွှတ်ပေးရင်ကော” လို့ မေးစရာရှိပါတယ်။ လွှတ်ပေးချင်လည်း လွှတ်ပေးနိုင်တာပါပဲ။ “ခြံထဲက ကြက်တွေ ခြင်းထဲ ကြိုက်တဲ့အချိန် ပြန်ကောက်ထည့်လို့ရတာပဲ” ဆိုတာမျိုး လွှတ်ပေးနိုင်ပါတယ်။ အရင်က လည်း ဒီလိုလွှတ်ပေးခဲ့ဖူးတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသား တွေရော အပြင်မှာ လွတ်နေတဲ့အချိန်တွေ ရှိခဲ့ဖူးတာပါပဲ။ မတရားအဖမ်းခံထားရသူတွေမို့ ပြန်လွတ်စေချင်တဲ့ ဆန္ဒကြောင့် တောင်းဆိုနေတာမှန်ပေမယ့် သူတို့လွတ်ရုံနဲ့ ပြည်သူတွေဖိနှိပ်ခံဘဝက လွတ်မြောက်သေးတာမှ မဟုတ်တာ၊ အဲဒီအတွက် ဆက်တိုက်ပွဲဝင်ကြရမှာပါပဲ။ စစ်အုပ်စုကလည်း လွှတ်ပေးလိုက်တဲ့ထဲက ဘယ်သူ့ ကိုမဆို သူတို့ထိုင်ခုံကို ကန်လှဲဖို့လုပ်ပြီဆိုရင် ပြန်ဖမ်းဦးမှာပါပဲ။ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့်၊ လွတ်လပ်စွာရေးသားခွင့်တွေရှိပါပြီလို့ ဘယ်သူအာမခံမလဲ၊ မတရားမှုကို မခံချင်တဲ့သူက ဆန္ဒ ထုတ်ဖော်တိုက်ပွဲဝင်၊ စစ်အုပ်စုက ပြန်ဖမ်း၊ တခါ နိုင်ငံရေးအကျဉ်းသားလွှတ်ပေး ပြန်တောင်းဆို၊ ဒီလို သံသ ရာလည်နေကြဦးမှာပဲမဟုတ်လား။

ပြည်သူတွေအတွက် အပြောင်းအလဲဆိုတာ အာဏာပိုင်တွေက စေတနာမှန်မှ ဖြစ်မှာပါ။ နေဝင်းခေတ်က လည်း ဆိုရှယ်လစ်စနစ်နဲ့ တိုင်းပြည်ကို ဘယ်လိုတည်ဆောက်မယ် ပြောပြော၊ စစ်ယူနီဖောင်းတွေ ချွတ်ပြီး ဘယ်လိုပဲ အရပ်သားအစိုးရပါ လုပ်ပြပြ၊ ပြည်သူကို စေတနာမမှန်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံဆိုတဲ့အခြေအနေ ကနေ အဆင်းရဲဆုံးနိုင်ငံဆိုတဲ့ အဆင့်ကို ရောက်သွားပြီး လူတန်းမစေ့ဖြစ်ခဲ့ကြရပါတယ်။ ခုလည်း ဒီလိုပါပဲ။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံသစ်ကို စတင်နေပါပြီလို့ စစ်အုပ်စု ဟန်ရေးပြနေတဲ့အချိန်မှာ ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်က ကျေးရွာတွေတောင် လျှပ်စစ်မီးမရှိ၊ မှောင်ထဲနေရဆဲပါပဲ။ ကိုယ့်ရွာမှာ ကျောင်းမရှိလို့ ဖိနပ် မပါ၊ နှပ်ချေးတွဲလောင်းကလေးတွေက လမ်းမပေါ် ကြုံရာကား တားစီးပြီး သွားနေကြရဆဲပါပဲ။ စားဝတ်နေမှု အခက်အခဲတွေကြောင့် ရေးတတ် ဖတ်တတ်ပြီးရင် ကျောင်းထွက်၊ အလုပ်ဝင်နေကြရတဲ့ ကလေးတွေ၊ အများ ကြီးပါပဲ၊ ရွာမှာ ဆေးခန်းမရှိလို့၊ ဆေးခန်းရှိရင်တောင် ဆေးမရှိလို့၊ ဆေးရှိရင်လည်း ငွေမပေးနိုင်လို့ မြွေကိုက် ခံရပြီး သေတဲ့သူတွေ၊ မီးမဖွားနိုင်လို့ သေတဲ့သူတွေ၊ ဖျားနာပြီး သေတဲ့သူတွေ အများကြီးပါပဲ။ မြို့ပေါ်တွေမှာ လည်း အလုပ်လက်မဲ့၊ အလုပ်ရှိတော့လည်း ရတဲ့လစာနဲ့ ကုန်ဈေးနှုန်းက မမျှတ၊ မွဲပြာကျနေတဲ့ အခြေအနေ မှာပဲ ဗမာပြည်သူတရပ်လုံး ရှိနေကြဆဲပါ။ တိုင်းရင်းသားဒေသတွေမှာဆိုရင်လည်း ခုချိန်ထိ စစ်ပွဲတွေ ဖြစ်ပွား ဆဲဖြစ်ပြီး စစ်တပ်ရဲ့ ရွာဖျက်ဆီးမှုတွေ၊ စိုက်ခင်းဖျက်ဆီးမှုတွေ၊ မုဒိန်းကျင့်စော်ကားမှုတွေ၊ ပေါ်တာဆွဲ သတ် ဖြတ်မှုတွေ ရှိနေဆဲဖြစ်ပြီး ပြည်သူတွေမှာ စစ်ပွဲလွတ်ရာ ရှောင်ပုန်းပြေးလွှား ဒုက္ခပင်လယ်ဝေနေဆဲပါ။

ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့မှာ တရားဟောပွဲတွေမှာ ဟောပြောခဲ့တာတွေထဲက သဘောတူနှစ်ခြိုက်ပြီး မှတ်သားထားမိခဲ့တာ ရှိပါတယ်။ “တိုင်းပြည်တိုးတက်တယ်၊ မတိုးတက်ဘူးဆိုတာက ပြည်သူတွေရဲ့ အခြေအ နေနဲ့ပဲ ဆိုင်တယ်။ ဘယ်လိုပဲ လမ်းတွေ ဖောက်၊ ဆည်တွေ တံတားတွေ ဆောက်နေပါစေ၊ ပြည်သူတွေ စား ဝတ်နေရေး အဆင်မပြေသေးသမျှ ဖွံ့ဖြိုးတိုးတက်တယ် မပြောနိုင်ပါဘူး” တဲ့။ ပြည်သူတွေ ‘ဝေး’ ကနဲ လက် ခုပ်တွေတီး အားပေးလိုက်ကြတာများ ...။

ပြည်သူတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍစုံ နိမ့်ကျယိုယွင်းပြီး လူတန်းစေ့မဖြစ်တဲ့ ဘဝအ ခြေအနေတွေဟာ အကြောင်းအရာတခုချင်း ချရေးပြရင် ဆုံးမှာတောင်မဟုတ်ပါဘူး။ လူ့အခွင့်အရေးခံစားရမှု မှာကျတော့ရော၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာရေးသားခွင့်တွေ ရှိပြီလား၊ ဝေးပါသေးရဲ့။ လယ်သိမ်း၊ မြေသိမ်း၊ စိုက်ခင်းသိမ်းနဲ့ ရုပ်ရှင်တွေထဲ အင်္ဂလိပ်ခေတ်က ချစ်တီး ကျွဲ နွားဆွဲ အိမ်သိမ်းလုပ်သလို အခြေအနေမျိုး ရှိနေတာတွေကိုတောင် တိုင်ရင် တိုင်တဲ့သူပဲ အဖမ်းခံရတဲ့ အခြေ အနေမျိုး ...။

နေဝင်းခေတ်၊ မဆလခေတ်ကလည်း ဒီလိုအခြေအနေပဲ။ နဝတခေတ်လည်း ဒီလိုပဲ။ နအဖခေတ်လည်း ဒီလို ပဲ။ ခုသိန်းစိန်လက်ထက်လည်း ဒီလိုပဲဆိုတော့ ဘာတွေပြောင်းလဲစပြုလာပါပြီလို့ လက်ခံပေးရပါ့မလဲ။ ကိုဇာ ဂနာကတော့ လွတ်လာလာချင်းပြောပါတယ် “ပါတီထောင်ဖို့၊ ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈တုန်းက ကျနော် တို့ ဘာကြောင့် လမ်းပေါ်ထွက်ခဲ့ကြတာလဲ။ ပျင်းလို့ ထွက်ခဲ့ကြတာမဟုတ်ပါဘူး။ လိုချင်တာတွေရှိလို့ ထွက် ခဲ့ကြတာပါ။ ကျနော်တို့ တကယ်လိုချင်တာရပြီလား။ မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်” တဲ့။

အရမ်းမှန်လွန်းပါတယ်။ ကျနော်တို့ တကယ်လိုချင်တာ အပြောင်းအလဲပါ။ ပြည်သူတွေ ဆင်းရဲမွဲတေနေတဲ့ လက်ရှိအခြေအနေမျိုးကနေ စားဝတ်နေမှုဘဝ ပြည့်စုံမျှတတဲ့အခြေအနေကို ပြောင်းလဲဖို့ ၈၈ ကနေ ခုထိ ကျ နော်တို့ တိုက်ပွဲဝင်နေကြတာပါ။ ကျနော်တို့ လိုချင်တာ မရသေးပါဘူး။ ဒီတော့ ရတဲ့အထိ ဆက်တိုက်ပွဲဝင်ကြ ရမှာပါ။ ဒီအချိန်မှာ ဘာလုပ်ကြမလဲလို့ တွေဝေနေစရာ မလိုပါဘူး။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ပြည်သူ တွေ ဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့၊ ဆင်းရဲတွင်းက လွတ်ဖို့၊ ကိုယ်ယုံကြည်ရာ၊ စိတ်အားထက်သန်ရာ လုပ် ငန်းစဉ်တွေနဲ့ တိုက်ပွဲဝင်ကြဖို့ပဲလိုပါတယ်။     ။

မောင်ချင့်ချိန်

61 comments:

Anonymous said...

အဲ့ဒါဆိုလည်း လက်တွေ့ လုပ်ပြလေကွာ မင်းတို့ကဖြင့် ဘာမှမလုပ်၊ ပြည်တွင်းကို ဆရာ လုပ်၊ မင်းပြောပြနေတာလဲ ဘာမှ အသစ်အဆန်းပါတာမဟုတ်ဘူး။ အာချည်းမနေနဲ့ကွာ ကိုဇာဂနာပြောသလိုပေါ့။ နေတိုးမလုပ်နဲ့။ မင်းတို့ပြင်ပက ကောင်တွေလည်း နေတိုး၊ ဆီတိုး ( အဆီတိုး) မလုပ်နဲ့ကွာ ပြည်တည်ဦး လုပ် ဟုတ်လား

လင်္ကာ said...

မယုံဘူးကိုယ့်လူရေ
ကျုပ်လည်းမယုံဘူး။
စစ်အုပ်စုကိုဘယ်သူမှလည်းမယုံဘူး။
ယုံရအောင် ငတုံး၊ငအတွေမဟုတ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်က ဆိုရင်
ပိုလို့တောင်မယုံသေးတယ်။
ဘာလို့ များ ဒေါ်စုက စစ်တပ်ကိုယုံစားတယ်လို့ 
ခင်ဗျားက ထင်နေရတာတုန်း။
အဲဒီလိုထင်နေရင်တော့ ခင်ဗျားတော်တော်
တော်တော်ဒုံးတဲ့ လူပဲ။
တော်တော်ဒုံးမှန်းလည်း ဆောင်းပါးဖတ်ကြည့်
ပြီးသိတန်သလောက်သိရပါတယ်။
လူတကာသိတဲ့အကြောင်း
တွေလျှောက်ရေးမနေနဲ့ ။
ဖြစ်နိုင်ရင် နည်းနည်း အကျိုးရှိမယ့်စာမျိုး
တွေရေးပါလို့ အကြံပြုတယ်။
ဆောင်းပါးက မိန်းမတွေအတင်းတုပ်
သလောက်သာသာအဆင့်ရှိတယ်။
ကျုပ်ကလည်း အဲဒီအဆင့်လောက်မို့ 
ဖတ်ပြီး မနေနိုင်မထိုင်နိုင်
ကွန်မင့်ဝင်ပေးတာ။
ခွေးကတက်ချစ်မောင်နဲ့  ဒေါ်အောင်ဆန်းစုကြည် နှိုင်းယှဉ်ပြီးပြောချင်လို့ လား။ သွားမလုပ်နဲ့ ။ ကိုယ်ဘာသာအေးဆေးနေ။ ခင်ဗျားထက်ပညာဥာဏ်ကြီးတယ်။
ကျုပ်ထက်ပညာဥာဏ်ကြီးတယ်။
အဲဒါကို ခေါင်းထဲစွဲထားဗျ။

Anonymous said...

မောင်ချင့်ချိန်ရေ ခင်ဗျားကို သူတို့လိမ်စားမဲ့ပွဲကို ဖျက်မြင်းလုပ်တယ်ဆိုပြီး စစ်ခွေးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နောက်လိုက်အယောင်ဆောင် စစ်ခွေးတွေက ၀ိုင်းဟောင်ကြအုံးမှာ မြင်ယောင်သေးတော့တယ်။ အခုပဲအပေါ်မှာတော့ နှစ်ကောင်စပြီးဟောင်နေပြီ။

Anonymous said...

ပညာရှိသတိဖြစ်ခဲ့ဆိုတဲ့ စကားပုံရှိတယ်မဟုတ်လား။ ဒေါ်အောင်ဆန်းစုကြည်လဲ ခွေးကတက်ချစ်မောင်လမ်းစဉ်မလိုက်ဘူးလို့ ဘယ်သူအသေချာပြောနိုင်မှာလဲလေ။ ဘာမဆိုမဖြစ်နိုင်တာမရှိ မဖြစ်သေးတာပဲရှိတယ်လို့ဆိုတယ်မဟုတ်လား။ ခင်ဗျားစေတနာနဲ့သတိပေးတာကို တံလျှပ်ကိုရေထင်နေတဲ့ အလိုက်မှားနေတဲ့ ရွေသမင်ဒေါ်အောင်ဆန်းစုကြည် နားလည်သဘောပေါက်နိုင်ပါစေလို့ပဲ ဆုတောင်းပေးရမှာပေါ့ဗျာ။

Anonymous said...

မောင်ချင့်ချိန် ဆိုတဲ့ ငတိရေ တုံးတာက မင်းတို့ဟ ဒေါ်စု က မင်းတို့ထက် ပညာတတ် လူထုကလည်းချစ် မင်းတို့သာ သောင်ရင်းမြစ်ဘေး ကောင်းကင်ကြီးကြည့်ပြီး ထိုင်ငတ် ထိုင်အတင်းပြော ဘယ်မလဲဟ လက်နက်ကိုင်တော်လှန်ရေး မင်းတို့ သောက်ကြီးသောက်ကျယ်ပြောနေတဲ့ ကြွားလုံးတွေ ငါတို့လူထုက သောက်ချဉ်မဟုတ်တော့ဘူးကွ မင်းတို့နယ်စပ်မှာ ဘာလုပ်နေတာ လူတိုင်းသိတယ် လွဏ်းဆွေကိုလည်း ပြောလိုက်ကွာ စာပေသမိုင်း နိုင်ငံရေးသမိုင်း ဘာမှ မရှိပဲနဲ့ အရက်သောက်ပြီး အောက်တန်းစားအလုပ်တွေ မလုပ်နဲ့ လို့ ဒါပဲ ငတုံးတို့ရာ

Anonymous said...

လောလောလတ်လတ်ပဲ လွတ်ငြိမ်းချမ်းသာခွင့်နှစ်ကြိမ်နဲ့ ဒေါ်အောင်ဆန်းစုကြည် အလိမ်ခံနေရပြီလေ။ အင်အယ်ဒီကတော့ အော်ရှာပါတယ် အကုန်လွှတ်ပေးပါတဲ့။ မနှဲလေးအသံနဲ့။ မပူပါနဲ့ နောက်ထပ်လဲ မစို့မပို့အကြိမ်းကြိမ်လွှတ်ပြီး ဆက်လိမ်ဦးမှာပါ။ ပြီးရင် ပါတီမှတ်ပုံတင်ခိုင်းပြီး ထပ်လိမ်မယ်။ ပြီးရင်လွှတ်တော်ထဲ လိပ်ခေါင်းထွက်အောင် အော်ခိုင်းပြီး ထပ်လိမ်မယ်။ တစ်တုံး နှစ်တုံး သုံးတုံး ဒီလောက်ဆို တော်လောက်ရောပေါ့။ မောင်ချင့်ချိန်ပြောတာကို သဘောပေါက်ကြတော့ပေါ့။ သဘောမပေါက်ရင်သိတယ်မဟုတ်လား ဟင်းဟင်း။

Anonymous said...

ဟံသာဝတီဦးဝင်းတင် (သတင်းစာဆရာကြီးနှင့် မှတ်ပုံတင်ခြင်း မပြုလုပ်ရသေးသော NLD ခေါင်းဆောင်)ဒါကတော့ တို့လည်း သိပ်မသိဘူး။ သူက သူသိတဲ့ အမြင်နဲ့ သူပြောတာပဲ။ ပြောင်းနေတယ်ဆိုတာ သူပဲ သိတယ်။ ဘာလို့လဲဆိုတော့ သူနဲ့ ဦးသိန်းစိန်တို့နဲ့ တွေ့ကြ ဆုံကြတာကိုး။ တို့တော့ သိပ်မသိလှဘူး။
တချိန်တည်းမှာပဲ အဲဒီ အပြောင်းအလဲအတွက် မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိတယ်လို့ ပြောပြီး အခုအချိန်ဟာ အလွန်သိမ်မွေ့တဲ့ အဆင့်တခုမှာ ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ညှိနှိုင်းကြတဲ့ နေရာမှာ ကိုယ့်ဘက်က ရလိုတာသက်သက် မကြည့်ရဘဲ တဘက်ရဲ့ လိုလားချက်ကိုလည်း ပေးရတဲ့အပိုင်း ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
She said She cant do it alone.Right now,she is dealing alone with goverment and making alone decision.She tell nothing to NLD party.No vote decision.Which idiot said she is democracy of mother?
Comments?

Anonymous said...

မောင်ချင့်ချိန်ရေ--------။

ဒေါ်အောင်ဆန်းစုကြည်အလှဲ့ကြရင်တော့ ရွှေသမင်အောင်ဆန်းစုကြည်လို့ပဲ နာမည်လှလှလေးကင်ပွန်းတပ်ပေးကြပါကွာ------။ ဦးချစ်မောင်လိုတော့မလုပ်ကြဖို့တောင်းပန်ပါတယ်--------။ ဒို့ဗိုလ်ချုပ်မျက်နှာကိုထောက်ထားရမယ်မဟုတ်လား---------။

Anonymous said...

မယုံရင် ဘာလုပ်မလဲ ပြောကြည့်ကြပါဦး ဘာလုပ်တတ်ကြလဲ ဘယ်လောက်အရည်အချင်းရှိကြလဲ ရှိရင်လုပ်လေ စကားတော်တော်များတဲ့ သူတွေပဲ ခနလေးစောင့် ကြည့်ပေါ့  ရုရှားကစစ်ဗိုလ်တွေ ၀င်ဝင်ဆဲတာကို ဒီတခါတော့  လက်ခံသွားပြီ

Anonymous said...

အဲဒီတော့ ဒီအချိန်မှာတော့ အသေးစိတ် ဘာတွေ ဘာတွေ ဆွေးနွေးနေလဲဆိုတာကို မပြောတာဟာ သိပ်ပြီးတော့ သိမ်မွေ့နေတဲ့အချိန်မှာ ဒီလို ထုတ်ဖော်ပြောလိုက်ခြင်းအားဖြင့် ကိုယ်လိုချင်တဲ့ခရီးကို ချောချောမောမော မရောက်မှာစိုးလို့ မပြောတာပါ။ ဒါပေမဲ့ နိုင်ငံအပေါ်မှာ အမတို့မှာ တာဝန်ရှိတယ်။ တချိန်တခါမှာတော့ ပြည်သူကို အသိပေးရမယ်ဆိုတာ သိပါတယ်။ အသိပေးတဲ့အခါ အသိပေးစရာရှိတဲ့အခါကျ အသိပေးမှာပါ။ အသိပေးစရာ မရှိသေးတဲ့ အချိန်မှာ အသိပေးလိုက်ခြင်းအားဖြင့် နောက်တခါ ဘာမှ အသိပေးစရာ မဖြစ်လာမှာလည်း စိုးရိမ်ရတယ်လေ”
ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၄၊ ၂၀၀၁၊ ၂၀၀၄ ခုနှစ်တို့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်အပါအဝင် စစ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်ကို အားလုံးသတိရ ကြပါလိမ့်မည်။ ၁၉၉၄ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD အဖွဲ့ဝင်များ ထမင်းလက်ဆုံစားသည်အထိ
၂၀၀၄ ခုနှစ်တွင် တတိယအကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု ဖြစ်လာရြ
Do u still want her to be leader?
အဖြေတိတိကျကျ မရသေးလို့ ကျွန်မပြောလို့ မရသေးဘူးလို့ ဒေါ်စု ပဲခူးခရီးစဉ်မှာ ပြောသွားတဲ့အတွက် အစိုးရသတင်းစာက ထုတ်ပြန်သလောက်ဘဲ သိကြရဦးမှာပါ။ ဒီလိုမျိုး အထိမ်မ၀ှက်တွေနဲ့ ဆက်သွားးနေမယ်ဆိုရင် အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှု အခန်းဆက်ကို လူထုအနေနဲ့ စိတ်အချဉ်ပေါက်လာဖို့ ရှိပါတယ်။ လက်ခုပ်သံတွေ တိုးတိတ်သွားဖို့  ရှိပါတယ်။နောက်တစ်ခုက မပြောဖြစ်လို့ ပြောရမယ်။ အန်တီတို့နိုင်ငံကအချိန်သိပ်ဆွဲလို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အချိန်ဆွဲလို့ရှိရင်အန်တီတို့နိုင်ငံရဲ့ ဒဏ်ရာတွေက ပိုကြီးလာမယ်။

အလိမ်ခံရဖို့ခေါ်တယ်ဆိုတာသိသိကြီးနဲ့ခေါ်တိုင်းသွားတယ်။ အလိမ်ခံရပြီးပြန်ပြန်လာတယ်။ ပြန်လာတိုင်းဘာပြောတယ်ဆိုတာလူထုကိုလုံးဝမပြောဘူး။ ပြောပြရင် လူထုကအကြွေးမပေးနိုင်လို့ ခေါ်ခေါ်ပြီးလိမ်နေတာနားမလည်ဘူးလား။ ဒီလောက်ထိတုံးအ၊ဒူရသလား။ မသွားနဲ့ တခြားနည်းလမ်းရှာလို့အပြောခံရမှာစိုးလို့။
သူတို့ခေါ်လို့ သွားရောက်တွေ့ဆုံဆွေးနွေးခြင်း
ဖြင့်အပြောင်းအလဲဖြစ်နိုင်တယ်။ အာဏာလွှဲပေးနိုင်တယ်လို့ ယုံကြည်တယ်။ ဒါကြောင့်သွားတယ်။ ဘာဖြစ်သလဲ။
မေး။ ။ရွေးကောက်ပွဲဘာကြောင့်မ၀င်တာလဲ။
ဖြေ။ ။ဂတိမတည်တဲ့လူတွေ။ လူလိမ်လူညာ ကလိမ်ကကျစ်တွေဆိုတာ လူတိုင်းသိတယ်။ သူတို့ကိုလုံးဝအယုံအကြည်မရှိလို့ရွေးကောက်ပွဲမ၀င် တာ။ အဲ့ဒါဘာဖြစ်သလဲ။
စောက်ရူးကိုလူထုခေါင်းဆောင်တင်ချင်သေးသလား ?
အကြိမ်ကြိမ်အလိမ်ခံရပြီးပြီ။ တခါအလိမ်ခံရရင်ကိုယ့်အပြစ်မဟုတ်ဘူး။ နှစ်ခါအလိမ်ခံရရင်တော ကိုယ်စောက်သုံးမကျလို့။ ဒီလိုပဲခေါ်တိုင်းသွားပြီးဆက်အလိမ်ခံ အုံးမှာလား။ တခြားနည်းလမ်းမရှာတက်တော့ဘူးလား။
ဒါလားလူထုခေါင်းဆောင်။ ခေါင်းဆောင်ဆိုတာ brain ရှိရတယ်။ လူထုနှင့်တိုင်းပြည်ကိုအားနာပါအုံး။

Anonymous said...

၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်က နားမလည်ပါးမလည်၊ အသက် အရွယ်ငယ်ငယ် အတွေ့ အကြုံ မလုံမလောက်နဲ့ မလည်ရှုပ် ၀င်လုပ်တာ သူရော တိုင်းပြည်ပါ ပျက်သုံဉ်းဘို့ ဖြစ်လာတာဘဲ။
တကယ်လို့ နိုင်ငံရေးထဲသို့ဒေါ်စုမ၀င် ရောက်ခဲ့ရင် ရွေးကောက်ပွဲ လုပ်လျှင် လူထုက ရွေးစရာမရှိလို့ ဦးအောင်ကြီး ကိုသာ မဲပေးမှာ ဖြစ်တယ်။
ဒေါ်အောင်ဆန်း စုကြည်နဲ့  စာရင် ရှစ်လေးလုံး ဖြစ်အောင် တာစူတဲ့ အထဲမှာ ဦးအောင်ကြီးက အများကြီးစောတယ်။
ဦးအောင်ကြီး လုပ်သမျှ လွှတ်ထားပြီး ဦးနေ၀င်းက လှည့်ကွက်နဲ့ နာမည်ကောင်းယူ အသုံးချ- ပြီးတော့ သူ ရှောင်ထွက်ဖို့  လုပ်တယ် ဆိုတာ အဲဒီတုန်း ကတည်းက နိုင်ငံရေး နား လည်တဲ့ လူတိုင်း တွက်မိကြတယ်။
ဦးအောင်ကြီးတက်လျှင် ဦးနေ၀င်းသည် ဦးအောင်ကြီးကို တိုင်းပြည်စီးပွါးရေး ဦးစီးခိုင်းမယ်။
ဦးအောင်ကြီးအာဏာရလာလျှင်လည်း တိုင်းပြည် ဒီမိုကရေစီ၆၀%ရလာမယ်။
အဓိကအချက်ကတော့ ဦးနေ၀င်းက အရာရာကို နောက်ကွယ်မှ ကြိုးမကိုင်တော့ဘဲ ဦးအောင်ကြီးကို စီးပွါးရေး လွတ်လပ်ခွင့် ပေးကာ သူ့အသက်ရွယ်အရ အနားယူချင်တာ သူ၏ အသက်လုံခြုံရေး ကိုသာ အဓိကထား မှာဖြစ်တယ်။
ဒါကို ဗကပ-က လဲ သိတယ်။
ဗကပ-က ဦးအောင်ကြီးကို မလိုချင်ဘူး။ တချိန်က သူတို့ ရန်သူဟောင်း။
ဒေါ်စု နိုင်ငံရေးထဲ ရောက်လာတယ် ဆိုတာကလဲ မိခင်-ဒေါ်ခင်ကြည် ပြုစုဖို့ ရောက်လာရင်းကနေ အဆွယ်ကောင်းလို့ ဗကပ- တွေ အပင့်ကောင်းလို့ ဆိုတာ ပဌမဆုံး တရားပွဲမှာ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေနဲ့ တွဲထွက်လာတာ ကြည့်ရင် အထင်အရှားကြီး မြင်နိုင်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြ၊ အင်အယ်လ်ဒီကို ၀န်းရံကြ ဆိုပြီး ဗကပ-တို့ တစခန်း ထလာ တော့တယ်။
ကိုထွန်းဝေ ကတရုတ်ဗမာကပြာွးပါ။ ကိုထွန်းဝေ က အဖေတရုတ်၊ အမေ ဗမာပါ။ အဖေက စစ်မှုထမ်းချေဆိုတော့က ဗမာပြည်ကနေ တရုတ်ပြည်ကို လွှတ်ပြီး စစ်မှုထမ်းခိုင်းတာပါ။ သူ့ကိုမွေးတုန်းက ရှန်ဟိုင်းမှာ.စစ်မှုထမ်း တာကတော့ အဖေက အရွယ် ရောက်ရင် စစ်မှုထမ်းရမယ်ဆိုပြီးခိုင်းလို့တဲ့ မော်စီတုန်း တို့ရဲ့ ပြည်သူ့ တပ်မတော် မှာ စစ်မှုထမ်းတာပါ။ဇင်မင်းပို” ခေါ် တရုတ်သတင်းစာရဲ့ သတင်းထောက်အဖြစ်နဲ့ မန္တလေးမှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပါတယ်။ ဦးထွန်းဝေက “တရုတ်နီ” ကလာတာဆိုတော့ လက်ဝဲ၀ါဒတွေရဲ့ ဗီဇပါလာပုံရပါတယ်။ ဦးထွန်းဝေက နိုင်ငံရေးကို မျက်ခြေမပြတ်သူပါ။ တရုတ်ဘာသာနဲ့ နိုင်ငံရေးစာအုပ်တွေနဲ့ သမိုင်းစာအုပ်တွေ ကိုလဲ ဖတ်ပါတယ်။ သူ့မွေးနေ့မှာတော့ ဒေါ်အောင်ဆန်း စုကြည်က တဦးတည်းသွား ကန်တော့ခဲ့ပါ တယ်။ဦးထွန်းဝေက ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့အတူ တရုတ်ပြည်ကမ္ဘာ့ငြိမ်း ချမ်းရေးညီလာခံကို စကားပြန်အဖြစ်နဲ့လဲ လိုက်ပါဖူး ပါတယ် (၁၉၅၂ ခု)(From Moemaka copy)
တကယ်တမ်းမှာ ရှစ်လေးလုံးကနေ အပြောင်းအလဲ ဖြစ်အောင်၊ ဘယ်သူက အောင်အောင်မြင်မြင် ဦးဆောင်နိုင်မှာလဲ၊
ရှစ်လေးလုံးလဲ မအောင၊် ဦးနေ၀င်းအစိုးရကတော့ ပြုတ်ကျနဲ့၊ ဗကပတွေ အာဏာရသွားနိုင်တာကို၊ အမေရိကန်က ကြောက်တာပေါ့။

ရှစ်လေးလုံး စတာနဲ့ ကွန်မြူနစ်တွေ ဒေါ်စုနား သွားကပ် ကုန်ပြီဆိုတာ သူတို့လဲ သိတာပဲ။
ဒါကြောင့် အဲဒီတုန်းက အမေရိကန်က မနှစ်က ကွယ်လွန်သွားတဲ့ အောက်လွှတ်တော်အမတ် စတီဗင် ဆိုလာ့ဇ်ကို လွှတ်ပြီး ဒေါက်တာမောင်မောင် အပါအ၀င် ဦးနုတို့ ဦးအောင်ကြီးတို့ ဒေါ်စုတို့နဲ့ လာစကားပြောပြီး တောက်ကြည့်ခဲ့တာပေါ့။
စတီဗင်ဆို လာ့ဇ်က အဲဒီတုန်းက အမေရိကန် အောက်လွှတ်တော်ရဲ့ အာရှနဲ့ပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေးရာ ဆပ်ကော် မတီရဲ့ ဥက္ကဋ္ဌ။ သူ့အလုပ် သူလာလုပ်တာပေါ့။
သူက အမေရိကန်လွှတ်တော်က ယုံယုံကြည်ကြည်နဲ့ ခိုင်းခဲ့လို့ မြောက် ကိုးရီးယား ကင်အီဆွန်း၊ အီရတ် ဆဒမ်ဟူစိန်တို့နဲ့ပါ သွားစကားပြောဘူးတဲ့ လူ။
မြန်မာပြည်က ရှစ်လေးလုံးအချိန် အ ခြေအနေမှန်ကို သဘောပေါက် လာခဲ့ တာပေါ့။
အမေရိကန်အောက်လွှတ်တော်ကို ပြန်ပြီး အစီရင်ခံတာက၊ ဘယ်သူမှ မြန်မာပြည်မှာ ရှစ်လေးလုံး လှုပ်ရှားမှုကနေ အပြောင်းအလဲ ဖြစ်လာအောင် တကယ်တမ်း ခေါင်းမဆောင် နိုင်ဘူး။
ဦးနု တို့ ဒေါ်စုတို့ အာဏာရရင် သိပ်မကြာဘူး၊ ကွန်မြူနစ်တွေပဲ အာဏာလက်ပြောင်း ယူသွားလိမ့်မယ်။ ဒေါ်စုကတော့ အတွေ့အကြုံ ဘာမှမရှိလို့။ ဦးနုကတော့ ထုံးစံအတိုင်း ညံ့လို့။
ဦးအောင်ကြီး အာဏာရရင်တော့ ကွန်မြူနစ် မတက်နိုင် ဘူး။
ဒါပေမယ့် ဦးအောင်ကြီးကို မြန်မာပြည်ထဲမှာ ဘယ်သူမှ မထောက်ခံဘူး။
ဒါကြောင့် အမေရိကန်က ဘာမှ သွားမ ရှုပ်နဲ့၊ ငြိမ်ငြိမ်လေး ပွဲကြည့်ပရိဿတ်သာလုပ်၊ စစ်အေးကာလမှာ မြန်မာစစ်တပ်က အမေရိကန်ဘက်က ရှိနေဖို့ လို တယ်လို့ စတီဗင်ဆိုလာ့ဇ်က အစီရင်ခံခဲ့တာ။
link..
http://hittai.net/?show=rm&fileid=88&t=home4&id=4
... http://hittai.net/?show=rm&fileid=87&t=home4&id=4
comments?

Anonymous said...

လှိုင်သာယာမှာဆိုက်ကားနင်းနေတဲ့ကောင်လည်း ကမ္ဘာ့ဖလားပွဲမှာ ၀င်ကန်နေတဲ့ကစားသမားတွေကို သောက်သုံးမကျဘူးလို့ ပြောလို့ရပါတယ်။Dont ask him Do u know how to play football.He has the right to critize the football match.(Do ask him what u also do politics).
ကျွန်တော်မြင်တာတော့ ရင်ဆိုင်မယ် ထောင်ထဲ ပြန်ဝင်မယ်ဆိုတဲ့ လမ်းဟာ သုံးစား မရတဲ့လမ်းပါ.. နှစ်နှစ်ဆယ်အတွင် အကြိမ်ကြိမ် ထောင်ထဲ ၀င်ပြခဲ့ပီးပါပီ.. ဘာများ တိုးတက် ပြောင်းလဲလာသလဲ.. အနစ်နာခံပြနေရုံနဲ့ နိုင်ငံ မတိုးတက်ပါဘူး.. စွမ်းဆောင်ပြမှ တိုးတက်မှာပါ.. ဒီတော့ စွမ်းဆောင်ဖို့ လမ်းသစ် ထွင်ပါလေ.. လမ်းသစ် စမ်းသပ်လို့ အောင်မြင်ရင်လဲ အမြတ်.. မအောင်မြင်ပဲ ရှုံးနိမ့်ပီး ပျောက်သွားတော့ရော.. ဒီလို မအောင်မမြင် ညံ့တယ်လို့ ကိုယ်ယုံကြည်တဲ့ ခေါင်းဆောင် ပျောက်တယ်လို့ပဲ သဘောထားပါတော့ဗျာ..
စာတမ်းလေးကိုင်ပြီး သံရုံးရှေ့ 
ဆန္ဒပြလို့  ထောင်ဒဏ် နှစ်ပေါင်းများစွာ ဘယ်သူမှ အကျခံချင်မှာ မဟုတ်ပါဘူး ။ ဒီလို အနစ်နာ ခံတာလဲ
အကျိုးမရှိတဲ့ အနစ်နာ ခံမူမျိုးပဲ
ငါကလွဲရင် အားလုံးကိုတော်လှန်မယ်ဆိုတဲ့အမြင်မျိုး။ ဒေါ်စုကိုဝေဖန်ရင် ရန်သူဆိုတဲ့အမြင်မျိုး။ နအဖလူဆိုတဲ့အမြင်ဆိုးတွေကို ပြင်ပါရဲဘော်။
ဒါနဲ့များ ဒီမိုကရေစီရရှိရေးအော်နေသေး။ ခင်ဗျားတို့သာ အာဏာရှိလာရင် သန်းရွှေထက်ဆိုးမယ်။ ဘာပဲဖြစ်ဖြစ် အမြင်နှစ်ဖက်မျှကြည့်ပါ ရဲဘော်။
အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ဆိုတဲ့စကားကို ကြားမိတိုင်း ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ

I like these comments.

Anonymous said...

ပြည်သူလူထုကတာဝန်ကျေစွာတခဲနက် 1990 မှာမဲပေးခဲ့ပြီးပြီအနိုင်ရခဲံလို့အာဏာလွဲမပေးရင်ဘာလုပ်မယ်ဆိုတဲ့ plan ဘာတစ်ခုမှမရှိဘူး၊ ပြီးတော့အပြောင်းအလဲလိုချင်ရင်ကိုယ်တိုင်လုပ်ရမယ်ဆိုပြီးလူထုကိုတာဝန်မဲ့ခေါင်းဆောင်မပီသတဲ့စကား ပြောသေးတယ်။
ပုဆိုးစနောက်ကလိုက်ဆွဲပြီးတွေ့ဆုံပြောပါရစေဆုပြီးလိုက်ပြောနေတာလဲနှစ် 20 ရှိပြီ။
အခုလဲ အစိုးရကတရားမ၀င်ပါတီကြေငြာရင် NLD ဘာလုပ်မှာလဲ၊ဘာ plan ရှိလဲ။ တောခိုမှာလား? ရွာတွေမှာရေတွင်းလိုက်တူးမှာလား။
လူတိုင်းလူတိုင်းနိုင်ငံရေးလုပ်ရမယ်ပြောသေးတယ်၊ဘယ်လိုနိုင်ငံေ၇းလုပ်ရမှာလဲ? ဦးဆောင်အမိန့်ပေးလေ။
တောခိုရမှာလား ? မြို့တော်ခမ်းမရှေ့သွားအော်ပြီးမှထောင်ထဲအနှစ် 40 သွားရမှာလား၊ ခေါင်းဆောင်လုပ်ပြီးပြတ်ပြတ်သားသားပြောပါ။

...
ပြည်သူတွေက ကိုယ့်တာဝန် ကိုယ်ကျေအောင် မဆောင်ရွက်နိုင်ကြသေးလို့၊ ပြည်သူတွေက ကိုယ်လိုချင်တဲ့ ဒီမိုကရေစီ ကိုရအောင် မတောင်းဆို ရဲသေးလို့ မတိုက်ရဲကြသေးလို့၊ ပြည်သူတွေက ဒီမိုကရေစီရဲ့ တန်ဖိုးကို နားမလည် ကြသေးလို့ အလှမ်းဝေး နေကြလို့ စသည်ဖြင့် ပြည်သူ့ အပေါ်ကို ပုံချပြော ဆိုချင်တဲ့ လေသံ လေပေါက်တွေကို ကြားလာ ရပါသည်၊

တော်လှန်ရေးအဒွန့်ရှည်ခြင်းနှင့်အတူ ဒီမိုကရေစီနှင့် အလှမ်းကွာလာမှုတို့ကြောင့် ဟိုလွှဲချ ဒီလွှဲချဆိုတာမျိုးတွေ ဖြစ်ပေါ်လာရတာပါပဲ၊
အခုရေးနေ ပြောနေတဲ့ လူကရော ဘာတွေလုပ်ခဲ့လို့တုန်း၊ အခုရော ဘာတွေလုပ် နေလို့တုန်းဆိုတဲ့ နှုတ်လှန်ထိုးသံ တွေလည်း မကြာ ခဏဆိုသလို ကြားရ ပြန်ပါတယ်၊
အံ့စရာပါပဲ။

မည်သို့ဆိုစေ မြန်မာပြည်မှာ ဒီမိုကရေစီ မရသေးတာသည် ပြည်သူတွေကြောင့် မဟုတ်တာကတော့ သေချာပါသည်။
ပြည်သူဆိုတာ အစဉ်အမြဲတက်ကြွနေသည်၊ အစဉ်အမြဲ နိုးကြားနေသည်၊ အြပြောင်းအလဲလိုချင်ရင်ကိုယ်တိုင်လုပ်ရမယ်ဆိုပြီးလူထုကိုတာဝန်မဲ့ခေါင်းဆောင်မပီသတဲ့စကား ပြောသေးတယ်။

Anonymous said...

“လွဏ်းဆွေ မင်း ပြည်တွင်းမှာ ဘာနိုင်ငံရေးများ လုပ်ခဲ့ဖူးလဲ ခု မဲဆောက်မှာ ဘာနိုင်ငံရေးများ လုပ်ဖူးလဲ ဘလော့ဂ် လေးတစ်ခု လုပ်တာ နိုင်ငံရေး ထင်နေလား”
“လွဏ်းဆွေ မင်း ၈၈ မှာ ဘာလုပ်ခဲ့လဲ ၉၆ မှာ ဘာလုပ်ခဲ့လဲ ပြည်တွင်းမှာ ကိုယ်ကျိုးစွန့်ပြီး ပြည်သူအတွက် ဘာလုပ်ဖူးလဲ”
လှိုင်သာယာမှာဆိုက်ကားနင်းနေတဲ့ကောင်လည်း ကမ္ဘာ့ဖလားပွဲမှာ ၀င်ကန်နေတဲ့ကစားသမားတွေကို သောက်သုံးမကျဘူးလို့ ပြောလို့ရပါတယ်။Dont ask him Do u know how to play football.He has the right to critize the football match.(Do ask him what u also do politics

hjk said...

ဒေါ်စုရေ..
ကောင်းမယ်ထင်တာ လုပ်သာလုပ်ပါ ဝေဘန်သူတွေဂရုမစိုက်ပါနဲ့ သူတို့ကထိုင်ပြီးဝေဘန် လေကန် ဘာမှ အသုံးမကျပါဘူး သေနတ်နဲ့ချိန်လိုက်တာနဲ့ ထွက်ပြေးရော အဝေးရောက်တာနဲ့ လေကန်ပြန်ရော့ သေနတ်နဲ့လိုက်ချိန်ရင်နောက်ထပ်ဝေးရာပြေးအုန်းမှာ
သူတို့အလုပ်ကပြေးဘို့နဲ့ လေကန်ဘို့ပဲ ဒေါက်တာလွဏ်းဆွေ တဲ့ ဒေါက်တာသာတပ်ထားတာ
လူကတော့ အဆင့်မရှိပါဘူး

Anonymous said...

အင်း နယ်စပ်မှာ လက်နက်ကိုင်တော်လှန်ရေးအကြောင်းပြ ပြီး တောင်းစားနေတဲ့ သူတောင်းစားများနဲ့ လွဏ်းဆွေ ပေါင်းမိမှတော့ ပြီးပြီပေါ့။ သူတို့ကို အရေးလုပ်နေရင် တန်းပေးသလို ဖြစ်နေမှာ မို့ ဘာမှ မရေးတော့ပါဘူး လူ့အဖွဲ့အစည်းပြင်ပကို ကန်ထုတ်ခံရတဲ့ တော်လှန်ရေးအမည်ခံ သူတောင်းစားများ ပညာမဲ့သူများကို လွှတ်ထားလိုက်ကြပါ။

Anonymous said...

ကျော်ဆန်း တပည့် တွေနဲ့  သိန်းစိန် တပည့် တွေ က ၀င်ဝင် ရေးနေတယ် လို့ ထင်တယ်။ ချက်ချင်း ချက်ချင်းကြီးကို ပြန်ရေးကြတာပဲ။ တကယ် လုပ်နေကြတဲ့ သူတွေ က ထောက်ခံသည် ဖြစ်စေ မထောက်ခံ တာဘဲဖြစ်စေ ကိုယ့်အုပ်စု ကိုယ့်အဖွဲ့ အစည်းရဲ့ ဆွေးနွေးမှု သုံးသပ်မှုတွေနဲ့ သွားပါတယ်။ သာမန်ပြည်သူတွေဆိုရင်လည်း အခုလောက်ကြီး သိသာနေတဲ့ မပြောင်းလဲ မတိုးတက်မှုကို အားတက်သရော ထောက်ခံနေမယ်တော့ မထင်ပါဘူး။ ဟုတ်နေပြီ ကောင်းနေတဲ့ လမ်းကြောင်းပေါ်
ရောက်နေပြီ လို့  ဆိုသူတို့ ရေ .. တန်ပြန်ဝေဖန် လေကန်မနေကြပါနဲ့ ။ စာရေးကြပါလား။ အားလုံးက ၀ိုင်းသုံးသပ်ဖို့  စဉ်းစားစရာ အချက်ရအောင်ပေါ့လေ။ အကောင်းမြင်သဘောနဲ့  ပြောတာပါ။

Anonymous said...

မနာလိုနေကြတဲ့ မင်းတို့လို သောက်၇ူး ချီးဦးနှောက်တွေသာ စစ်အုပ်စု ရှူးတိုက်တိုင်း အချိန်ကိုက် ၀င်ဝင် ဟောင်နေတဲ့ခွေးတွေကွ

လွဏ်းဆွေ မင်းအကြောင်းတွေသူများက ပြောတုန်းက မဟုတ်လောက်ပါဘူး ထင်မိသေးတယ်

ခုတော့ မင်းဘာကောင်ဆိုတာ သိလာရပြီပေါ့ကွာ
အလကားစကောလောက်မှစောက်မနက်တဲ့ အောက်တန်းစား ခွေးတွေ
စစ်အုပ်စုက လက်သပ်မွေးထားတဲ့ အခွင့်အရေးသမားတွေ

တနေ့ ထမင်းနှစ်နပ်ပဲစားနိုင်မယ်ကွ မင်းတို့ဘာအတွက် ခုလို ဂုဏ်သိက္ခာမရှိ ယောက်ျားတန်မဲ့ အော်ကတန်းကျကျ အသက်ရှုင်နေကြသလဲ နားကို မလည်ဘူး
ထွီ

သစ္စာ said...

ကောင်းတယ်ဗျာ ကျနော်ကတော့ကြိုတ်တယ်
အဲဒါဒီမိုကရေစီပေါ့ အမြင်ကွဲပြားခွင့်ရှိတယ် ဝေဖန်ပိုင်ခွင့်ရှိတယ် မောင်ချင့်ချိန်ပြောတာကို
ဘာလို့လူတွေဒီလောက်နာနေကြတာလဲမသိဘူး ဒါကသူ့အမြင်ကိုသူပြောခွင့်ရှိတာပဲ နောက်ဆုံးအဖြေကိုအချိန်ကာလက အဆုံးအဖြတ်ပေးပါလိမ့်မယ် ကျနော်ကတော့ ခင်ဗျားတို့အမြင်တွေထဲကဘယ်သူမှန်မလဲစောင့်ကြည့်နေမယ် ကျနော်က စစ်အုပ်စုကိုဘယ်တော့မှမယုံတဲ့ဖက်က ဒေါ်စုရဲ့လုပ်ရပ်ကိုထောက်ခံတယ် ဗိုလ်ချုပ်သမီးပီပီ ခေါင်းမမာစေချင်ဘူး ဗိုလ်ချုပ်ခေါင်းမာခဲ့လို့ သူသေခဲ့ယုံမက တိုင်းပြည်အတွက် ဘာနဲ့မှအစားထိုးလို့မရတဲ့ဆုံးရှုံးမှုတွေရခဲ့ပြီးပြီ ဒေါ်စုကိုတော့ထပ်ပြီးမဆုံးရှုံးစေချင်ဘူး
ပညာရှိသတိမြဲပါစေ ကိုချင့်ချိန်ရဲ့ဝေဖန်စာတွေကိုလဲ ကျနော် စောင့်ပြီးဖတ်နေပါ့မယ် ရေးပါ ကျနော်ကတော့ လူတန်းစားနှစ်ရပ်ပဲမြင်တယ်
ဒီမိုကရေစီအင်အားစု နဲ့ စစ်အုပ်စုအင်အားစု ပေါ့ စစ်အုပ်စုအင်အားစုမဟုတ်တဲ့သူတိုင်းသည်ကျနော်တို့ဖက်ကလူတွေချည်းပါပဲ အားလုံးကျမ္မာကြပါစေ။

သစ္စာ said...

ကိုချင့်ချိန် ပြောတာကိုလဲကျနော်လက်ခံပါတယ်
ကျနော်တို့မှာလူတန်းစားအမြင်နှစ်ရပ်ပဲရှိပါတယ် ဒီမိုကရေစီအင်အားစုနဲ့ စစ်အုပ်စုအင်အားစုပေါ့ ဝေဖန်တဲ့သူရော ကွန်မန့်ရေးနေတဲ့သူတွေပါ ကိုယ့်အင်အားစုတွေချည်းပါ ဒီမိုကရေစီမှာမတူကွဲပြားခွင့် ဝေဖန်ခွင့်ရှိပါတယ်
ဒါကအပြစ်သဘောမဟုတ်ပါဘူး ကိုယ့်ခေါင်းဆောင်အတွက်အားမလိုအားမရဖြစ်တဲ့သဘောလို့ပဲကျနော်ကတော့မြင်ပါတယ်
ဒေါ်စုကိုလဲ ဗိုလ်ချုပ်သမီးပီပီ သူ့အဖေလို ခေါင်းမမာစေချင်ဘူး အားလုံးသိတဲ့အတိုင်း ဗိုလ်ချုပ်ကခေါင်းမာလို့ သူလုပ်ကြံခံရယုံမက တိုင်းပြည်အတွက်ဘာနှင့်မှအစားထိုးလို့မရတဲ့ဆုံးရှုံးမှုတွေရစေခဲ့တယ် ဒေါ်စုကိုထပ်ပြီးတိုင်းပြည်ကမဆုံးရှုံးစေချင်တော့ဘူး ဒေါ်စုကပညာရှိ တဲ့ခေါင်းဆောင်ကောင်းပါ ပညာရှိသတိမြဲနှိုင်ပါစေ ကိုချင့်ချိန်ရဲ့ဝေဖန်စာတွေလဲ ကျနော်ကတော့စောင့်ပြီးဖတ်နေဦးမှာပဲ အချိန်ကာလဆိုတဲ့တရားသူကြီးကအားလုံးက်ုအဆုံးအဖြတ်ပေးပါလိမ့်မယ် ကျနော်တို့တိုင်းပြည်အနာဂတ်ကံကောင်းပါစေ ကျနော်တို့လဲတတ်နှိုင်တဲ့ဖက်က၀ိုင်းဝန်းကူညီပံ့ပိုးပေးနေမှာပါ ဒီမိုကရေစီအင်အားစုများကျမ္မာကြပါစေ စစ်အုပ်စုလဲအကောင်းဆုံးနည်းလမ်းအသုံးပြုပြီးဆုတ်ခွါနှိုင်ပါစေ။

မောင်ကောင်း (กรุงเทพฯ) said...

Very good opinion !! လေးစားပါတယ် (ကို/ဦး) သစ္စာ ၊ အားလုံးပဲ အမြင်တွေ အသွင်တွေ တူညီကြပါစေဗျား။

လင်္ကာ said...

မောင်ချင့်ချိန်ပြောတာကို
လူတွေက ဘာလို့ ဒီလောက်နာကြသလဲ
မသိဘူးတဲ့။
လူတွေကို ငတုံးငအ လို့ 
သူ့ ဆောင်းပါးက ပြောနေသလို
ဖြစ်နေတာကိုး မောင်သစ္စာရဲ့ ။
သိပ်ပြီးထူးခြားစွာပြောင်းလဲမှုတွေမရှိဘူး။
သိတယ် ။အားလုံးသိတယ်။
စစ်အုပ်စု ကလီကမာ များတာ။
ယုတ်မာတယ်။မရိုးသားဘူး။
သိတယ် ။လူတကာ သိတယ်။
နှစ်ပေါက်အောင်အာဏာရှင်အောက်နေ ခဲ့ကြတာ။ သိပ်သိပေါ့။

ကျနော်တို့ ဖတ်ချင်တာ နည်းလမ်း..
ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ နည်းလမ်း..
ပြဿနာက သိပြီးသား။ အားလုံးသိပြီးသား။
ဒါကြီးကိုထပ်တလဲလဲချပြမနေနဲ့ ။
တခါလာလဲမဲပြာပုဆိုး နှစ်ခါလာလဲမဲပြာပုဆိုး
သူ့  မို့ ဝတ်တတ်ပလေတယ်။
ဘာလုပ်မလဲ။ မောင်ချင့်ချိန်ဘာလုပ်မလဲ
အဲဒါပြောပါ။ ဒီအခြေအနေ ကိုမကြိုက်ဘူး။
ဒီအဖြေကိုမကြိုက်ဘူး။
ဘယ်လို့ တွက်မလဲ။
ပုစ္ဆာလာချမပြနဲ့ ။ ဒီပုစ္ဆာတွက်တာ ဆယ်စုနဲ့ချီနေပြီ။
မေးခွန်းကအလွတ်ရနေပြီ။
တွက်နည်းပဲပြော ။

Anonymous said...

မင်းတို့ဗကပတွေမှာလည်း ကိုယ်မပါရရင် ပတ်မကြီးထိုးဖောက်ဖို့ပဲ ပြောကြ လုပ်ကြတယ်..လွတ်လပ်ရေးတုန်းကလည်း တိုက်ယူလို့ရမှ မှန်တယ်ဆိုပြီး တရုတ်ဖင်သွားလျှက်လိုက်ကြ..
အခုလည်း တိုက်ယူမှဆိုတာလုပ်ပြန်ပြီ..ဗိုလ်ချုပ်အောင်ဆန်း
ကန်ထုတ်တာခံရတာနည်းတောင်နည်းသေး..
တသက်လုံး တရုတ်ဖင်ပေးပေါင်းလာရတော့ အခုIrrawaddy ကိစ္စတောင် ပါးစပ်မဟရဲကြဖူး..

nweminnnyo77 said...

ဘီလူး said
ဒီဘလော့ထဲမှာ comment အများဆုံးဝင်ဝင်ရေးနေတဲ့ anonyous said က ကောင်ကခွေးရူးလိုဝင်ဝင်ဟောင်နေတာကြာပြီ။ဒါပေမဲံအဲဒီခွေး ရဲ့အတွေးအခေါ်အရေးအသားတွေကမူမမှန်လွန်းတော့ဖတ်ရတာအချိန်ကုန်တယ်၊ နေရာတိုင်းမှာအများဆုံးဝင်ဝင်ရေးနေတဲခွေးရှုးကိုဘယ်လိုဆုံးမရမလဲ။
ခတ်တာကချေးစားပြီးသေးတွေငုံထားတဲ့ခွေါ်ရူးကိုလူတွေကုတဲ့စိတ်ဆေးရုံကိုပဲပို့ရမလား ဒါမှမဟုတ် သူနှမ-သူအမေကိုယူပြီးအနီကပ်ရိုက်သတ်ရမလား၊အဆိပ်အမဲတုံးကိုပဲကျွေးရမလား အဓိကပြောလိုတာကတော့ခလေးသာသာအတွေးတွေနဲ့ ၀င်ဝင်ပြီးမရေးနဲ့ကွာ ဟောင်လွန်းရင်လူမလေးဘူးကွ
မောင်ချင့်ချိန်ရေးသားချက်အားလုံးကိုထောက်ခံပါတယ်။ဒီထက်ဆိုးတာတွေရှိနေသေးတာမို့ကျန်နေပါသေးတယ်

Anonymous said...

ေ၇တွင်းကတူးကစ၊ေ၇နောက်တော့ထွက်လာပြီ၊ သောက်ပါလားဆိုတော့မသောက်ဖူး၊ အခုဘဲေ၇ကြည်သောက်ချင် တယ်ဆိုတဲ့ ခလေးဆိုးကြီးထက်ဆိုးတဲ့လူနဲ့လာတွေ့နေပါ လား။ အော်နေပြီး၊ ငိုပြနေပြီး ဘေးထိုင်နေချင်လဲထိုင်နေပါ။ ဘေးတိုက်ကြီးတော့မလျှောက်စေချင်ဖူး။ တိုင်းပြည်နဲ့ပြည်သူ တိုးတက်မှု နောက်ကျသထက်နောက်ကျဖို့ဘဲ၇ှိတယ်။ တိုင်းပြည်နဲ့ပြည်သူကိုတကယ်ချစ်၇င် ခုအမေစုဘာလုပ်သလဲကြည့်၊ လက်တွဲလျှောက်နိုင်၇င်လျှောက်၊ ဘာမှမလုပ်ချင်လဲဘေးထွက်နေပါ။ ပွဲဆူမှ ခွက်ပြည့်မဲ့ အလုပ်မျိုးဆက်လုပ်နေလို့ကတော့ ပြည်သူတွေဘဲခံ၇မယ်ေ၇ာင်း၇င်းေ၇့။

Anonymous said...

Just a big noise. Please remember Sysagyi Dagon Tayar saying " doing politics is making foe with friend.

Anonymous said...

လိုနေတာလူထုစွမ်းအား
http://moemaka.com/2011/10/tu-maung-nyo-%e1%80%9c%e1%80%ad%e1%80%af%e1%80%b1%e1%80%94%e1%80%90%e1%80%ac-%e1%80%9c%e1%80%b0%e1%80%91%e1%80%af%e1%80%85%e1%80%bc%e1%80%99%e1%80%b9%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8/

yoo said...

“မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” လို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို “တိုင်းပြည်ကောင်းဖို့ဆို အသုံးချခံဖြစ်ချင်လည်းဖြစ်ပါစေ” လို့ ပြောလာတဲ့အထိ စည်းရုံးနိုင်ခဲ့ပါတယ်။


နီညိုရောင်အသွေး၊ ခွန်းဖွဲ့ နွဲ့ ပြောခဲ့ဆို
ဒီကမ္ဘာမှာ၊ သူလေ မင်းအတွက် အဆင်ပြေဆုးံ။
မေလိုရာသုးံ၊ အချစ်စစ်လို့ ပြောခဲ့သူ
တခါတရံမှာ၊ ဘယ်ညာ ယိမ်းနွဲ့ စိမ်းညှာ မုန်း။

တပင်တိုင်မလေး၊ ရင်ထဲမှာ
နှစ်ပါးသွားတေး၊ ဆို လေဦး။

ဝါရွှေရည်အသွေး၊ အဆင်းလှလှ မင်းဘ၀ကို
ချေဖျက်နင်း၊ တံခါးပိတ်မှ လှည့်ပြန် မလာနဲ့ ။

စပျစ်ရည်ချို နောက်က မင်းမျက်ရည်
တကောက်ကောက် လိုက်နေတုန်းတော့ ရီ နှင့်ဦး။
စပျစ်ရည်ချို နောက်မှ မင်းမျက်ရည်
ပါးမို့ မို့ ကို၊ လွှမ်းသွားမှ မငို နဲ့ ။

ကြည်ပြာရောင်အဆင်းအလင်းလဲ့လဲ့၊ မင်းအရိပ်ထင်
လူဘုံအလယ် ပျော် လေဦးပေါ့၊ ပြေလည် တုန်း။
နီလာညချမ်း၊ မင်းတို့ အတွက် ပြုံးအကြည့်မှ
အမှောင်ကမ္ဘာထဲ၊ ညီညာတိုးတိုး ရှိုက်သံ လွှမ်း။

အပြုံးကလေးနဲ့ ၊ ပြေး တဲ့မေ
အရှုးံ တွေ့ မှ၊ မျက်ရည် မလည်ကြေး။
အမုန်းပြတိုက် တံခါးရွက်ကို
တွန်းဖွင့်ဖို့  ကြိုးစားနေစဉ်။

တပင်တိုင်မလေး၊ နင့်အသည်းမှာ
နှစ်ပါးသွားတေး၊ ဆို ပါဦး။

ရွှေသမင်မလေး၊ နောက်တော့ဘ၀ ပျက်ခဲ့ရင်
မမြင်ရက်ဘူး၊ မကြားရက်မှ ခေါ်မနေနဲ့ ။

စပျစ်ရည်ချို နောက်က မင်းမျက်ရည်
တစက်တစက် လိုက်မမှီ တုန်းတော့၊ နင် ရီ ဦး။
စပျစ်ရည်ချို နောက်မှ မင်းမျက်ရည်
အသည်းနှလုးံထဲကို၊ စီးဆင်းမှ မ ငို နဲ့ ။

ကိုနေ၀င်း

Anonymous said...

Your people are waiting another 20 year, Myanmar will disappear from world map.

myochitnanda said...

ကောင်းလိုက်တဲ့ဆောင်းပါး..... ကဲပြောပါဦး- ဒါဆိုလည်း ကျွန်တော်တို့  ဘာလုပ်ရမှာလဲ ? အယ်လ်ခိုင်းဒါးနဲ့  ဆက်သွယ်ရမှာလား ? စစ်ခေါင်းဆောင်တွေကို လုပ်ကြံဖို့  အဖွဲ့ ဖွဲ့ ရမှာလား ? သန်းရွှေမပေးတဲ့ ဒီမိုကရေစီကို သူ့ အိမ်ထဲ ၀င်ခိုးရမှာလား ? ဒါမှမဟုတ် အမေရိကန်မှာ ဒီမိုကရေစီကို ၀ယ်လို့ ရရင်လဲ ကျွန်တော်တို့  ရှိတာလေးတွေ ပေါင်နှံရောင်းချပြီး စုဝယ်ုကတာပေါ့...

Unknown said...

excellent!
You're right, Mg Chit Chain
I'm completely agree with your post

soekoko said...

ဟိုလို လုပ်ပါလား ဒီလို လုပ်ပါလား ငါလဲ မလုပ်တတ်ဘူး အဲလို ဖြစ်နေပြီ ဗျ....

Thu said...

Last few years, U Win Tin and activists cried out "Free ASSK, Talk Dialog, Call Hluttaw (Senate). Now Daw Su is free and dialog with new government proceed to developed country.
Hard liners, now, changed themes again. We never seen superman who'll fill all human's needs.

Anonymous said...

အတွေးလေး တစ်ခုပါ။
တွေးမိတာကတော့ ဒီလိုပါ။ ပေးသွားတဲ့ ကော်မန့်တွေထဲမှာလည်း တွေ့လိုက်တယ်။ အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရဘူးတဲ့။ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီစကားကို ပြောပြောနေကြပါ။ အဲဒီတော့ တွေးမိတာက ရေပုံမှန်၊ မီးပုံမှန် မလာတဲ့ ရပ်ကွက်တခုမှာ ရေရှား မီးရှား ဖြစ်တာပေါ့။ တနေ့တော့ အိမ်တအိမ်ရဲ့ နောက်ဖေးဖက်မှာ လူ ၄ ယောက်၊ ၅ ယောက်လောက်က အတော်အတန်ရှိတဲ့ တွင်းတခုကို တူးနေကြတယ်။ အဲဒါကို ရပ်ကွက်ထဲက ခလေးတွေက မြင်ကြတော့ သွားကြည့်ကြတာပေါ့။ ခလေးတွေက ကြည့်ရင်းနဲ့ ရေတွင်း တူးနေကြတယ်လို့ ထင်နေကြတယ်။ တချို့ခလေးတွေဆိုရင် သူတို့အိမ်တွေဆီကို ပြန်ပြေးကြပြီး သူတို့မိဘတွေကို ၀မ်းသာအားရနဲ့ ပြန်ပြောကြတာပေါ့။ မေမေ ၊ ဖေဖေပေါ့ ဟိုမှာ ဦးလေးကြီးတွေ ရေတွင်းတူးနေကြပြီလို့။ မိဘတွေကလည်း ရေရတော့မယ်ဆိုပြီး ၀မ်းသာပြီး နေလိုက်ကြတာပေါ့။ ခလေးတွေကလည်း တွင်းတူးနေတဲ့နေရာဆီပြန်သွားပြီး ဆက်ကြည့်နေကြတယ်။ တွင်းတူးနေကြတဲ့ သူတွေကလည်း ဘာမှမပြောကြဘဲ ဆက်တူးကြတာပေါ့။ သူတို့လိုချင်တဲ့ အနက်ကောရကော သူတို့လည်း ရပ်လိုက်ကြတာပေါ့။ ပြီးတော့ ခလေးတွေနဲ့ စကားတွေပြောကြတယ်။ သူတို့က ခလေးတွေကို ဘာပြန်ပြောလိုက်လဲ မသိဘူး။ ခလေးတွေကလည်း ဟင် ဆိုပြီး သူတို့အိမ်တွေဆီကို ပြန်ပြေးသွားကြတယ်။ အိမ်ရောက်တော့ မိဘတွေက ခလေးတွေကို ပြန်မေးကြတာပေါ့၊ တွင်းတူးနေတဲ့ ဦးလေးကြီးတွေ တွင်းတူးလို့ ပြီးပြီလားလို့ မေးကြတော့။ ခလေးတွေကလည်း ပြီးပြီလို့ ပြန်ဖြေကြတယ်။ အဲဒီတော့ မိဘတွေလည်း ၀မ်းသာအားရနဲ့ ရေရပြီလားလို့ ထပ်မေးတယ်။ ခလေးတွေကလည်း မရဘူးလို့ဖြေတယ်။ မိဘတွေကလည်း ဟင် ဘာဖြစ်လို့လဲလို့ ဆက်မေးကြတော့။ ခလေးတွေက ဖြေလိုက်တာကတော့ ဦးလေးကြီးတွေ တူးတာက ရေးတွင်း မဟုတ်ဘူး၊ ချီးတွင်းကြီးတဲ့။ အဲဒီတော့ ပြောချင်တာကတော့ ရေကြည်မပြောနဲ့ တူးဖို့ နေရာရှာနေတာဘဲ အနှစ် ၂၀ ကျော်လာပြီ။ တွင်းတူးဖို့၊ တွင်းပြီးဖို့ နောက်ဘယ်နှနှစ်ကြာဦးမလဲ။ ပြီးရင်လည်း ဘာတွင်းလည်း တွေ့ကြမှာပေါ့လေ။

Anonymous said...

you dont have a person who can make the right way to be ok for both.....

မြန်ပြည်သား said...

ဆောင်းပါရေးတဲ့ အကောင်ကော, ဆောင်းပါးတင်တဲ့အကောင်ကော.. မင်းတို့ ထက်ပညာကော, စဉ်းစားမှုပါမြင့်တဲ့ တစ်ကမ္ဘာလုံးလေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မင်းတို့ အဆင့်နဲ့ ပြောစရာမလိုဘူး။ မင်းတို့ ယောက်ကျားကြီးတန်းမဲ့ ကြောက်လန့် ပြီး အပြင်ကို ခွေးတိုးပေါက်က ထွက်ပြေးလာပြီး အခုမှ ခွေးလို ဟောင်မနေနဲ့  နားငြီးတယ်။ ဟောင်သာတောင် ကြောက်ကြောက်လန့် လန့် နဲ့ ဟောင်နေတာ။ မင်းတို့ ထက်စာရင် အခုထောင်ကလွတ်လာတဲ့ ဗကသ ကျောင်းသူတွေက မင်းတို့ ထက်အများကြီး တော်တယ်, သတ္တိရှိတယ်။

yoo said...

ဒေါက်တာလွှတ်ဆွ ။ ။ "အလှအပလေးတွေ
တွေ့ ရပါလိမ့်အုန်းမယ်....
ဘူး..ထွား..ဟား..ဟား..ဟား.."

မောင်ချင့်ချိန် ။ ။ လှိမ့် ဟား မနေနဲ့ အုန်း..ဒေါက်တာ...။
အိုင်စတိုင်းနဲ့  တွေ့ တာ ဘာလို့ ဖုးံ ထားသတုန်း..
ခင်ဗျားကိုကော ဘာပြောသွားတုန်း..။

ဒေါက်တာလွှတ်ဆွ ။ ။ "ကျုပ်က အိုင်ကျု
ဘယ်လောက်ရှိတယ်ဆိုတာ အရင်ဘယ်ပြောမလဲ..။
ဒေါက်တာတယောက်ဖြစ်ကြောင်း၊
အယ္ဒီတာလဲ လုပ္ခဲ့၊ ခု..ဘေလာ့ဂ္ဂါၾကီး
တယောက်လဲ ဖြစ်ကြောင်း...
အရင်ဆုးံ သူ့ ကို ရှိုး လိုက်တာပေါ့ ..၊
ဘယ်ရမလဲ....."

မောင်ချင့်ချိန် ။ ။ "ဒီတော့..ဘာအကြောင်းအရာ
ကို ဆွေးနွေးမယ် ပြောတုန်း... "

ဒေါက်တာလွှတ်ဆွ ။ ။ " လူကို ချာပင် များ မှတ်လို့ ၊ အဲဒီလို ရှိုး လဲ ပြီးရော..
အိုင်ကျု ဘယ်လောက်ရှိတယ်ဆိုတာ၊ မမေးတော့ပဲ
သူက..
ဒါဆိုလဲ..ခင်ဗျားနဲ့ 
အလာပ သလာပ ပဲပြောကြရအောင်တဲ့ ဗျာ..
ဘူး..ထွား..ဟား..ဟား..ဟား.."

မိုးသီးဇွန်-(နောက်တခု ပဋိပက္ခကြီးမှာ သူ့ကိုလည်း ကိုယ်ကကြည့်တာပဲ။ သူကလည်း ကိုယ့်ဘက်ကို ကြည့်တာပဲ။ ဘယ် ကောင်ကို စားလို့ရမလဲလို့ လုပ်ကြရတယ်။ စားလို့ အလားအလာရှိနိုင်တဲ့ ကောင်တွေကို တွက်ရသကွဲ့၊ ချက် ရသကွဲ့။ ဒို့ဘက်ကလည်း သူတို့ထဲက ဘယ်ကောင်တွေကို ခွေလို့ရနိုင်မလဲ၊ စားလို့ရနိုင်မလဲ။ ကိုယ်လိုချင်တဲ့ ပုံကို ဖော်ပေးရသကွဲ့။ ဒါဟာ ပဋိပက္ခမှာ ပရိယာယ်ဝေဝုစ်တွေကိုး။
အပြန်အ လှန်အားဖြင့် သူတို့လည်း ကိုယ့်ဘက်ကို ကြည့်မပေါ့။ ကိုယ်ဘက်က သာခွေယိုင်နေတဲ့သူတွေ၊ သီလ၊ သမာ ဓိ ချွတ်ချော်နေတဲ့သူတွေကို သူတို့လည်း ကြားမပေါ့။ မြင်မပေါ့။ ဒီတော့ စားဖို့ ကြံသပေါ့။ သတိပြုပါလေ..)

RichardsonMoon said...

ဒေါက်တာလွဏ်းဆွေ ဘီဘီစီ အင်တာဗျူး ပို့စ် မှာတုံးက ကွန်မင့်တခု တင်ဘူးတယ်။ ထင်တဲ့အတိုင်းဘဲ အပယ်ခံခဲ့ရပါတယ်။ ခုလဲ အပယ်ခံရဦးမလားဘဲ။ ရပါတယ်။ ရွေးခွင့်ပယ်ခွင့် ဆိုတာ ဘလော့ပိုင်ရှင်ရဲ့ အကြွင်းမဲ့အာဏာလေ။ ပြီးတော့ ဒါတွေက သမိုင်းတွေ ပေါ့။

ကော်ပီလုပ်မထားလိုက်မိလို့ အကုန်လုံးမမှတ်မိပေမဲ့ အဲသည် ကွန်မင့်ရဲ့ တရားကိုယ်က ရပ်ရေးရွာရေး ကိစ္စတွေမှာ ဘသုံးလုံးသမားတွေ အသံကျယ်ပြီး ပွဲဆူလာတဲ့အခါ ဝိုင်းထဲဆွဲသွင်းလိုက်ရင် ငြိမ်သွားတတ်တာမျိုး (ဒီအတိုင်းမှန်ရင် နောက်တခါ အင်တာဗျူး တွေကျ မောင်ချင့်ချိန်တို့ အက်ဆစ်တို့ တုတ်ကြီး တို့လဲ ပါပါစေလို့ ဘီဘီစီ ကို မေတ္တာရပ်ရမလို ဖြစ်နေပါပေါ့)၊ နောက်ပြီး အဲသည်တုံးက (ဦးပုည စကားနဲ့) ပါးစပ်နဲ့မအား လဲ၍ထားသလို ဆိုတာမျိုး တအားကျုံးအော်နေကြတာဟာ သာမညောင်ညမှ ဟုတ်ရဲ့လား လို့ စောကြောထားတာပါ။ တိုက်ဆိုင်မှုတွေလဲ ရှိနေခဲ့တယ်လေ။

ပဒေသရာဇ်နိုင်ငံတခုမှာ နေနေတဲ့ ဗကပ လက်ဟောင်းကြီး တဦးရဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အကြံပြုချက် အပေါ် NLD က တရားဝင် ငြင်းပယ်လိုက်တာနဲ့ မရှေးမနှောင်းဆို သလိုဘဲ တုတ်ကြီးတို့ အက်ဆစ်တို့ ဗိန်းမောင်းတိုက် ပြီး ထွက်လာခဲ့ကြတယ်။ ဒါဟာ တိုက်ဆိုင်မှု တရပ်သာ ဖြစ်ပါသလားလို့ အရင်ကွန်မင့် နဲ့ မေးခဲ့တာပါ။ ခု မောင်ချင့်ချိန် ကတော့ ဇာဂနာ လွတ်လာချိန်မှာ လွတ်လွတ်ချင်း ပြောခဲ့တဲ့ စကား “၈၈ တုံးကပြည်သူတွေဘာ ကြောင့်လမ်းပေါ် ထွက်ခဲ့ကြတာလဲ..” ကို လိုရာဆွဲ(ကျွန်တော့် အမြင်) သေဖေါ်ညှိရင်း နောက်တခါလာပြန်ချီသေး လုပ်လာပြန်ပါရော။ သူကိုးကားလိုတဲ့ keyword က “လမ်းပေါ်ထွက်” ဆိုတဲ့ စကားဖြစ်ဟန်တူပါတယ်။ ဘာကြောင့်ဆို ဇာဂနာပြောလိုရင်းကို အများနားလည်နိုင်သလို ဒီမိုကရေစီ မရသေးရင် ရအောင်ဆက်လုပ်မယ် လို့ ကောက်ချက်ချခဲ့ရင် ဒီလို အထူးကိုးကားစရာ လိုမှာ မဟုတ်လို့ပါ။ အဲ တိုက်ပွဲဝင် ဆိုတဲ့စကားကို အဓိပ္ပါယ်ဖွင့်ဆိုမထားလို့ မသိရပေမယ့် ဒီမိုကရေစီပန်းတိုင် ရောက်ရှိရေးအတွက် လက်ရှိခေါင်းဆောင်တွေ အားတက်သရော ကြိုးပန်းပြီး ပြည်သူတွေ လှိုက်လှိုက်လှဲလှဲ ပါဝင်လာကြတာတွေကို တိုက်ပွဲဝင် တယ်လို့ မသတ်မှတ်ဘူး ဆိုတာတော့ ရှင်းနေပါတယ်။ ဒါဆိုရင် သူခေါ်လိုတဲ့ တိုက်ပွဲက ဘာဖြစ်မလဲ။ ရှင်းနေသလိုပါဘဲ။

လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေ အပေါ် အပြောင်းအလဲ လို့ လက်မခံနိုင်တာ သူ့ယုံကြည်ချက်နဲ့သူတော့ ဟုတ်နေပါတယ်။ သူတို့ အနုပဋိလောမက အရည်အချင်းတရပ် ပြောင်းလဲဘို့ရာ
တော်လှန်ရေးတရပ် လိုအပ်နေတာကိုး။ ခက်တာက အဲသည်တော်လှန်ရေး ကို ဖေါ်ဆောင်တဲ့အခါ များသောအားဖြင့် ဗိုက်အငှါးနဲ့ ဓါးထိုးခံလေ့ရှိတတ် ကြတာပါဘဲ။ ဒီနေရာမှာ စစ်အာဏာရှင်နဲ့ ဗကပ တူတဲ့အချက်က စစ်အာဏာရှင်တွေက သူတို့အာဏာ တည်မြဲဘို့ အစိတ်သားတောင် မချန်တတ်သလို ဗကပတွေဟာ သူတို့အာဏာ တည်ဆောက်နိုင်ဘို့ ဆိုရင် အစိတ်သားရှိတဲ့ ဗိုက်ကိုငှါးဘို့ ဝန်မလေးတတ်ကြ တာပါဘဲ။ သူတို့အားကိုးတဲ့ လူထုတိုက်ပွဲဆိုတာ ဒါဘဲလေ။

၈၈ တုံးက ဒေါ်အောင်ဆန်းစုကြည် ရဲ့ လူထုအားကို အသုံးချချင်လို့ ဒေါ်စုကိုဝန်းရံကြ လို့ ဟစ်ကြွေးခဲ့ကြတယ်။ အဲသည်တုံးက အတွေ့အကြုံ အနုအရင့်နဲ့ အခြေအနေအချိန်အခါ အလျောက် ဒေါ်စုကိုယ်တိုင် “မတရားတဲ့ အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆို ပြီးပြောခဲ့တာ ကို သဘောခွေ့ပြီး ဒေါ်စုနဲ့လူထု တသားတည်း ရှိစေရေးကို လုံ့လစိုက်ခဲ့ကြတယ်။ နှစ်နှစ်ဆယ်ကျော် အတွေ့အကြုံ နဲ့ အခြေအနေတွေအရ ဒေါ်စုက အာဏာဖီဆန်ရေး ဆိုတဲ့စကားမပြောတော့ ဘဲ ပြည်သူတွေအကျိုးပိုရှိမယ် ယုံကြည်တာကို ပြောလာ လုပ်လာတဲ့အခါ ဒီစကားကိုဘဲလက်ညှိုးထိုးထိုးပြီး (မရိုသေ့စကား) ညှစ်ပြီးသားနှပ်ချေး ပြန်တပ်ပေးရမယ်ဆိုတဲ့ ကလေးဆိုးကလေးမိုက်တွေလို တောင်းဆိုလာကြပြန်တယ်။ သူတို့လိုသလို အသုံးချမရမှန်း သိလာတဲ့အခါ ဒေါ်စုကို ဝေဖန် ရှတ်ချ အပုပ်ချ ပြီး လူထု နဲ့ မကွဲကွဲအောင် လုပ်လာကြတယ်။ ခု ဇာဂနာ လွတ်လာတော့ ပဌမဆုံးပြောတဲ့ စကားအပေါ် စုံစုံစမ်းစမ်း မေးမေးမြန်မြန်းလေးတောင်မှ လုပ်ဘို့ သတိမရနိုင်အောင် “ဒေါ်စုမပါလဲ ဇာဂနာလောက်နဲ့ဖြစ်တယ်” ဆိုတာမျိုး မအောင့်နိုင် မအီးနီုင် ဖြစ်လာကြပြန်ပြီ။ ဇာဂနာ ဟာ သူတို့ထင်သလို အချဉ်မဟုတ်တာတော့ သေချာပါရဲ့။ ဒါဆို ကျန်သေးတဲ့ ထောင်တွင်းထောင်ပြင်က လူထုအင်အား အတော်အတန်ရှိတဲ့ ဘယ်သူတွေဆီ လှည့်ကြဦးမှာလဲ။ သူတို့ကတော့ တမျိုးပြီးတမျိုး မရိုးအောင် ဆိုတာလို မလျှော့မှာသေချာပါတယ်။

အာဏာရူး နှစ်အုပ်စုကြားက ကျွန်တော်တို့ပြည်သူတွေသာ တနေ့တခြား သနားစရာပိုကောင်းလာသလို ပိုသတိရှိပြီး ပို ညီညွတ်ကြဘို့ လိုအပ်နေတာ အမှန်ပါဘဲ။

La said...

ဒေါ်အောင်ဆန်း စုကြည် သို့
စင် ပေါ် ကို
ဘယ်သူ မှ ခေါ်တာ မဟုတ်
ထောင်ထဲ က ၀ဲကုတ်နေသူတွေ ရော
အကျယ်ချုပ် မှာ ပန်းချီ လုပ်သူ ပါ
ကိုယ့်ကို ကိုယ် ဗော်လန်တီယာ လုပ်ခဲ့သူချည်း ပါဘဲ ။
စင်ပေါ် ကို ရောက်တော့ သူ က
"ပြည်သူတွေ တာဝန်ကျေကြပါ" တဲ့
တို့ တွေက စင်အောက် က ပြည်သူ
စင်ပေါ်က မိန့် ကြားသူ ကို
ဘာလိုလဲ လို့ ထပ်မေး ပါဦးမယ်
အညာ ည သန်းခေါင် အမှောင် တွေကြားမှာ
အသက်တောင် ပေးခဲ့ကြတာ
စု ဖုရား အသိဆုံး မို့
(ထပ်မေး ပါဦးမယ်)
ပြေး မှာလား လိုက် မှာလား
တွန်း မှာလား မ မှာလား
"ကျမ ကို ယုံ ပါ" မ လုပ်ပါ နဲ့
ယုံပြီး ပုံ ခဲ့တာတောင်
"နိုင်ငံရေး လင်ကောင်" မပေါ် တဲ့
"၉၀ ရလဒ်" လေး ကို
တို့ ပြည်သူ ကောက်ယူလို့ မွေးခဲ့တာ ကြာလှ ပြီ
NLD သာ ကြာကူရီ မဟုတ်ရင် ပေါ့ ။
တိုင်းရေး ပြည်ရေး နိုင်ငံရေး ဆို တာ
နှစ်ကိုယ်ကြား ချိန်း တွေ့ တာ သဘာဝ မဟုတ်
အမိ အဖ ပြည်သူ ကို
အသိ ပေးပါ မှ
ရပ်ကူ လို့ ရွာဝိုင်း ပါလိမ့် မယ်
ဒီလို မှ မဟုတ်
တို့ ရွာ က လူနှစ်ထောင်
မ ပါ ဘဲ နဲ့
တိတ်တိတ်ပုန်း ခြေရှပ်ရင် တော့
နိုင်ငံရေး မှာ နောက်မီးလင်းတာ ပေါ့ ဒေါ်စုကြည် ။

Anonymous said...

ကျော်ဆန်း တပည့် တွေနဲ့  သိန်းစိန် တပည့် တွေ က ၀င်ဝင် ရေးနေတယ် လို့ ထင်တယ်။ ချက်ချင်း ချက်ချင်းကြီးကို ပြန်ရေးကြတာပဲ။ တကယ် လုပ်နေကြတဲ့ သူတွေ က ထောက်ခံသည် ဖြစ်စေ မထောက်ခံ တာဘဲဖြစ်စေ ကိုယ့်အုပ်စု ကိုယ့်အဖွဲ့ အစည်းရဲ့ ဆွေးနွေးမှု သုံးသပ်မှုတွေနဲ့ သွားပါတယ်။ သာမန်ပြည်သူတွေဆိုရင်လည်း အခုလောက်ကြီး သိသာနေတဲ့ မပြောင်းလဲ မတိုးတက်မှုကို အားတက်သရော ထောက်ခံနေမယ်တော့ မထင်ပါဘူး။ ဟုတ်နေပြီ ကောင်းနေတဲ့ လမ်းကြောင်းပေါ်
ရောက်နေပြီ လို့  ဆိုသူတို့ ရေ .. တန်ပြန်ဝေဖန် လေကန်မနေကြပါနဲ့ ။ စာရေးကြပါလား။ အားလုံးက ၀ိုင်းသုံးသပ်ဖို့  စဉ်းစားစရာ အချက်ရအောင်ပေါ့လေ။ အကောင်းမြင်သဘောနဲ့  ပြောတာပါ။
ကျော်ဆန်း၊သိန်းစိန်ကဘာအဆင့်မှမရှိဘူးခင်ဗျ။
အခုဟာတွေက သန်းရွှေ၊သန်းရွှေ
သန်းရွှေမသေသေးဘူးလေဗျာ

Anonymous said...

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံသစ်ကို စတင်နေပါပြီလို့ စစ်အုပ်စု ဟန်ရေးပြနေတဲ့အချိန်မှာ ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်က ကျေးရွာတွေတောင် လျှပ်စစ်မီးမရှိ၊ မှောင်ထဲနေရဆဲပါပဲ။ ကိုယ့်ရွာမှာ ကျောင်းမရှိလို့ ဖိနပ် မပါ၊ နှပ်ချေးတွဲလောင်းကလေးတွေက လမ်းမပေါ် ကြုံရာကား တားစီးပြီး သွားနေကြရဆဲပါပဲ။ စားဝတ်နေမှု အခက်အခဲတွေကြောင့် ရေးတတ် ဖတ်တတ်ပြီးရင် ကျောင်းထွက်၊ အလုပ်ဝင်နေကြရတဲ့ ကလေးတွေ၊ အများ ကြီးပါပဲ၊ ရွာမှာ ဆေးခန်းမရှိလို့၊ ဆေးခန်းရှိရင်တောင် ဆေးမရှိလို့၊ ဆေးရှိရင်လည်း ငွေမပေးနိုင်လို့ မြွေကိုက် ခံရပြီး သေတဲ့သူတွေ၊ မီးမဖွားနိုင်လို့ သေတဲ့သူတွေ၊ ဖျားနာပြီး သေတဲ့သူတွေ အများကြီးပါပဲ။ မြို့ပေါ်တွေမှာ လည်း အလုပ်လက်မဲ့၊ အလုပ်ရှိတော့လည်း ရတဲ့လစာနဲ့ ကုန်ဈေးနှုန်းက မမျှတ၊ မွဲပြာကျနေတဲ့ အခြေအနေ မှာပဲ ဗမာပြည်သူတရပ်လုံး ရှိနေကြဆဲပါ။ တိုင်းရင်းသားဒေသတွေမှာဆိုရင်လည်း ခုချိန်ထိ စစ်ပွဲတွေ ဖြစ်ပွား ဆဲဖြစ်ပြီး စစ်တပ်ရဲ့ ရွာဖျက်ဆီးမှုတွေ၊ စိုက်ခင်းဖျက်ဆီးမှုတွေ၊ မုဒိန်းကျင့်စော်ကားမှုတွေ၊ ပေါ်တာဆွဲ သတ် ဖြတ်မှုတွေ ရှိနေဆဲဖြစ်ပြီး ပြည်သူတွေမှာ စစ်ပွဲလွတ်ရာ ရှောင်ပုန်းပြေးလွှား ဒုက္ခပင်လယ်ဝေနေဆဲပါ။
It is true or not?...

Anonymous said...

စေတနာမမှန်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံဆိုတဲ့အခြေအနေ ကနေ အဆင်းရဲဆုံးနိုင်ငံဆိုတဲ့ အဆင့်ကို ရောက်သွားပြီး လူတန်းမစေ့ဖြစ်ခဲ့ကြရပါတယ်။ ခုလည်း ဒီလိုပါပဲ။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံသစ်ကို စတင်နေပါပြီလို့ စစ်အုပ်စု ဟန်ရေးပြနေတဲ့အချိန်မှာ ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်က ကျေးရွာတွေတောင် လျှပ်စစ်မီးမရှိ၊ မှောင်ထဲနေရဆဲပါပဲ။

Anonymous said...

လူတွေရဲ့ သဘောသဘာဝက ထပ်ဖန်တလဲလဲ ပြောဖန်များတဲ့အခါ သူတို့ရဲ့ စိတ်သဏ္ဍာန်မှာ စွဲမြဲသွားတတ်ပါတယ်။ ဒါကြောင့် အာဏာရှင်တွေဟာ “အမှားကိုချည်း များများပြော။ ကြာရင်အမှားကို အမှန်ထင်လာလိမ့်မယ်” လွတ်လပ်တဲ့ အယူအဆ အမြင်တွေကို မထိမတွေ့ရတဲ့အတွက် အာဏာရှင်ရဲ့ ၀ါဒမှိုင်းတိုက်တဲ့အချို့အ၀က်ကို နားထဲဝင်နေတတ်ပါတယ်။ ဒါပေမယ့် အမှန်တရားနဲ့ ချိန်ထိုးပြသနိုင်တဲ့တနေ့မှာ လူတွေဟာ ဘယ်ဟာအမှား ဘယ်ဟာအမှန်ဆိုတာ လူရဲ့ အဆိုးအကောင်း ခွဲခြားတတ်တဲ့ ဆင်ခြင်တုံတရားနဲ့ ခွဲခြားနိုင်ပါလိမ့်မယ်။

Anonymous said...

"ခရီးသွားဖေါ်လား လမ်းဖျက်သူလား မိမိကိုယ်ကို ဆန်းစစ်ဖို့လိုတယ်

ခရီးတခုကို သွားတဲ့နေရာမှာ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း ကိုယ်ကြိုက်တဲ့လမ်း၊ သန်တဲ့လမ်းက သွားနိုင်ပါတယ်။ ကုန်းလမ်းက သွားခြင်းဟာ ရေလမ်းက သွားတဲ့သူကို ဆန့်ကျင်တာ မဟုတ်သလို ရေလမ်းကသွားတဲ့သူတွေကလည်း ကုန်းလမ်းက သွားသူကို ဆန့်ကျင်တာ မဟုတ်ဘူး။ အဓိကက ခရီးရောက်ဖို့ပဲ အရေးကြီးပါတယ်။ ကုန်းလမ်းက သွားရမှ သွားမယ် ကျန်တဲ့လမ်းကို မသွားနိုင်ဘူး လုံးဝပြတ်သားတယ...် ဆိုတဲ့သူတွေကလည်း ကိုယ်သွားမဲ့လမ်းကို ကိုယ်ပီပြင်အောင် ထွင်ဖို့တော့လိုတယ်။ ကျိုးကျနေတဲ့တံတားကို သွားလို့ရတဲ့အဆင့် ဖြစ်အောင်လည်းမပြင်နိုင် ဘီယာခွက်ကိုင် ၀ိုင်ခွက်ကိုင် ထိုင်ပြီးလေကန်ပြီး ရေလမ်းကသွားတဲ့သူတွေကို ကျတော့ ငါတို့သွားသလို ကုန်းလမ်းက မသွားရကောင်းလားလို့ သွားပြီး အပြစ်တင်ရှုပ်ချနေရင်တော့ ဒီလူတွေဟာ ခရီးသွားတွေမဟုတ်တော့ဘဲ ကိုယ်တိုင်လည်း မကြိုးစား သူများကို မနာလိုသ၀န်တိုစိတ်နဲ့ ဝေဖန်လေကန်နေတဲ့ အဖျက်သမားဘ၀ လုံးလုံးရောက်သွားလိမ့်မယ်။"
Nge Naing

Anonymous said...

၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်က နားမလည်ပါးမလည်၊ အသက် အရွယ်ငယ်ငယ် အတွေ့ အကြုံ မလုံမလောက်နဲ့ မလည်ရှုပ် ၀င်လုပ်တာ သူရော တိုင်းပြည်ပါ ပျက်သုံဉ်းဘို့ ဖြစ်လာတာဘဲ။
တကယ်လို့ နိုင်ငံရေးထဲသို့ဒေါ်စုမ၀င် ရောက်ခဲ့ရင် ရွေးကောက်ပွဲ လုပ်လျှင် လူထုက ရွေးစရာမရှိလို့ ဦးအောင်ကြီး ကိုသာ မဲပေးမှာ ဖြစ်တယ်။
ဒေါ်အောင်ဆန်း စုကြည်နဲ့  စာရင် ရှစ်လေးလုံး ဖြစ်အောင် တာစူတဲ့ အထဲမှာ ဦးအောင်ကြီးက အများကြီးစောတယ်။
ဦးအောင်ကြီး လုပ်သမျှ လွှတ်ထားပြီး ဦးနေ၀င်းက လှည့်ကွက်နဲ့ နာမည်ကောင်းယူ အသုံးချ- ပြီးတော့ သူ ရှောင်ထွက်ဖို့  လုပ်တယ် ဆိုတာ အဲဒီတုန်း ကတည်းက နိုင်ငံရေး နား လည်တဲ့ လူတိုင်း တွက်မိကြတယ်။
ဦးအောင်ကြီးတက်လျှင် ဦးနေ၀င်းသည် ဦးအောင်ကြီးကို တိုင်းပြည်စီးပွါးရေး ဦးစီးခိုင်းမယ်။
ဦးအောင်ကြီးအာဏာရလာလျှင်လည်း တိုင်းပြည် ဒီမိုကရေစီ၆၀%ရလာမယ်။
အဓိကအချက်ကတော့ ဦးနေ၀င်းက အရာရာကို နောက်ကွယ်မှ ကြိုးမကိုင်တော့ဘဲ ဦးအောင်ကြီးကို စီးပွါးရေး လွတ်လပ်ခွင့် ပေးကာ သူ့အသက်ရွယ်အရ အနားယူချင်တာ သူ၏ အသက်လုံခြုံရေး ကိုသာ အဓိကထား မှာဖြစ်တယ်။
ဒါကို ဗကပ-က လဲ သိတယ်။
ဗကပ-က ဦးအောင်ကြီးကို မလိုချင်ဘူး။ တချိန်က သူတို့ ရန်သူဟောင်း။
ဒေါ်စု နိုင်ငံရေးထဲ ရောက်လာတယ် ဆိုတာကလဲ မိခင်-ဒေါ်ခင်ကြည် ပြုစုဖို့ ရောက်လာရင်းကနေ အဆွယ်ကောင်းလို့ ဗကပ- တွေ အပင့်ကောင်းလို့ ဆိုတာ ပဌမဆုံး တရားပွဲမှာ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေနဲ့ တွဲထွက်လာတာ ကြည့်ရင် အထင်အရှားကြီး မြင်နိုင်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြ၊ အင်အယ်လ်ဒီကို ၀န်းရံကြ ဆိုပြီး ဗကပ-တို့ တစခန်း ထလာ တော့တယ်။
ကိုထွန်းဝေ ကတရုတ်ဗမာကပြာွးပါ။ ကိုထွန်းဝေ က အဖေတရုတ်၊ အမေ ဗမာပါ။ အဖေက စစ်မှုထမ်းချေဆိုတော့က ဗမာပြည်ကနေ တရုတ်ပြည်ကို လွှတ်ပြီး စစ်မှုထမ်းခိုင်းတာပါ။ သူ့ကိုမွေးတုန်းက ရှန်ဟိုင်းမှာ.စစ်မှုထမ်း တာကတော့ အဖေက အရွယ် ရောက်ရင် စစ်မှုထမ်းရမယ်ဆိုပြီးခိုင်းလို့တဲ့ မော်စီတုန်း တို့ရဲ့ ပြည်သူ့ တပ်မတော် မှာ စစ်မှုထမ်းတာပါ။ဇင်မင်းပို” ခေါ် တရုတ်သတင်းစာရဲ့ သတင်းထောက်အဖြစ်နဲ့ မန္တလေးမှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပါတယ်။ ဦးထွန်းဝေက “တရုတ်နီ” ကလာတာဆိုတော့ လက်ဝဲ၀ါဒတွေရဲ့ ဗီဇပါလာပုံရပါတယ်။ ဦးထွန်းဝေက နိုင်ငံရေးကို မျက်ခြေမပြတ်သူပါ။ တရုတ်ဘာသာနဲ့ နိုင်ငံရေးစာအုပ်တွေနဲ့ သမိုင်းစာအုပ်တွေ ကိုလဲ ဖတ်ပါတယ်။ သူ့မွေးနေ့မှာတော့ ဒေါ်အောင်ဆန်း စုကြည်က တဦးတည်းသွား ကန်တော့ခဲ့ပါ တယ်။ဦးထွန်းဝေက ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့အတူ တရုတ်ပြည်ကမ္ဘာ့ငြိမ်း ချမ်းရေးညီလာခံကို စကားပြန်အဖြစ်နဲ့လဲ လိုက်ပါဖူး ပါတယ် (၁၉၅၂ ခု)(From Moemaka copy)
တကယ်တမ်းမှာ ရှစ်လေးလုံးကနေ အပြောင်းအလဲ ဖြစ်အောင်၊ ဘယ်သူက အောင်အောင်မြင်မြင် ဦးဆောင်နိုင်မှာလဲ၊
ရှစ်လေးလုံးလဲ မအောင၊် ဦးနေ၀င်းအစိုးရကတော့ ပြုတ်ကျနဲ့၊ ဗကပတွေ အာဏာရသွားနိုင်တာကို၊ အမေရိကန်က ကြောက်တာပေါ့။

ရှစ်လေးလုံး စတာနဲ့ ကွန်မြူနစ်တွေ ဒေါ်စုနား သွားကပ် ကုန်ပြီဆိုတာ သူတို့လဲ သိတာပဲ။
ဒါကြောင့် အဲဒီတုန်းက အမေရိကန်က မနှစ်က ကွယ်လွန်သွားတဲ့ အောက်လွှတ်တော်အမတ် စတီဗင် ဆိုလာ့ဇ်ကို လွှတ်ပြီး ဒေါက်တာမောင်မောင် အပါအ၀င် ဦးနုတို့ ဦးအောင်ကြီးတို့ ဒေါ်စုတို့နဲ့ လာစကားပြောပြီး တောက်ကြည့်ခဲ့တာပေါ့။
စတီဗင်ဆို လာ့ဇ်က အဲဒီတုန်းက အမေရိကန် အောက်လွှတ်တော်ရဲ့ အာရှနဲ့ပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေးရာ ဆပ်ကော် မတီရဲ့ ဥက္ကဋ္ဌ။ သူ့အလုပ် သူလာလုပ်တာပေါ့။
သူက အမေရိကန်လွှတ်တော်က ယုံယုံကြည်ကြည်နဲ့ ခိုင်းခဲ့လို့ မြောက် ကိုးရီးယား ကင်အီဆွန်း၊ အီရတ် ဆဒမ်ဟူစိန်တို့နဲ့ပါ သွားစကားပြောဘူးတဲ့ လူ။
မြန်မာပြည်က ရှစ်လေးလုံးအချိန် အ ခြေအနေမှန်ကို သဘောပေါက် လာခဲ့ တာပေါ့။
အမေရိကန်အောက်လွှတ်တော်ကို ပြန်ပြီး အစီရင်ခံတာက၊ ဘယ်သူမှ မြန်မာပြည်မှာ ရှစ်လေးလုံး လှုပ်ရှားမှုကနေ အပြောင်းအလဲ ဖြစ်လာအောင် တကယ်တမ်း ခေါင်းမဆောင် နိုင်ဘူး။
ဦးနု တို့ ဒေါ်စုတို့ အာဏာရရင် သိပ်မကြာဘူး၊ ကွန်မြူနစ်တွေပဲ အာဏာလက်ပြောင်း ယူသွားလိမ့်မယ်။ ဒေါ်စုကတော့ အတွေ့အကြုံ ဘာမှမရှိလို့။ ဦးနုကတော့ ထုံးစံအတိုင်း ညံ့လို့။
ဦးအောင်ကြီး အာဏာရရင်တော့ ကွန်မြူနစ် မတက်နိုင် ဘူး။
ဒါပေမယ့် ဦးအောင်ကြီးကို မြန်မာပြည်ထဲမှာ ဘယ်သူမှ မထောက်ခံဘူး။
ဒါကြောင့် အမေရိကန်က ဘာမှ သွားမ ရှုပ်နဲ့၊ ငြိမ်ငြိမ်လေး ပွဲကြည့်ပရိဿတ်သာလုပ်၊ စစ်အေးကာလမှာ မြန်မာစစ်တပ်က အမေရိကန်ဘက်က ရှိနေဖို့ လို တယ်လို့ စတီဗင်ဆိုလာ့ဇ်က အစီရင်ခံခဲ့တာ။

Anonymous said...

လှိုင်သာယာမှာဆိုက်ကားနင်းနေတဲ့ကောင်လည်း ကမ္ဘာ့ဖလားပွဲမှာ ၀င်ကန်နေတဲ့ကစားသမားတွေကို သောက်သုံးမကျဘူးလို့ ပြောလို့ရပါတယ်။Dont ask him Do u know how to play football.He has the right to critize the football match.(Do ask him what u also do politics

Anonymous said...

ကျမတယောက်တည်း လုပ်လို့လည်း မဖြစ်ဘူး။ ကျမတို့အဖွဲ့ တဖွဲ့တည်း လုပ်လို့လည်း မဖြစ်ပါဘူး။ အားလုံးက ၀ိုင်းပြီး လုပ်ပေးမှ ဖြစ်မှာပါ။
အဒေါ်ကခေါင်းဆောင်လား ပြည်သူလားဆိုတာ အဒေါ့်ဖာသာအဒေါ် ပြန်စဉ်းစားအုံးအဒေါ်။
: ရှင်းရှင်းပြောပါအဒေါ်ရယ်။ ကျွန်တော်တို့ပြည်သူတွေကို ရူးအောင်အဒေါ်လုပ်နေတာလား။ ဘာမှန်းကိုမသိတော့လို့ပါအဒေါ်ရယ်။
ကျွန်တော်တို့ဘာလုပ်ရမလဲလို့ အဒေါ့်ကိုမေးတော့လဲ အဒေါ်က ဘာလုပ်ပါလို့မပြော။ ပြီးတော့ အဒေါ်တစ်ယောက်ထဲလုပ်လို့မရဘူးလို့လဲ အဒေါ်ကပြောပြန်တယ်။

...
ကျွန်တော်တို့ဘာလုပ်ရမလဲလို့ အဒေါ့်ကိုမေးတော့လဲ အဒေါ်က ဘာလုပ်ပါလို့မပြော။ ပြီးတော့ အဒေါ်တစ်ယောက်ထဲလုပ်လို့မရဘူးလို့လဲ အဒေါ်ကပြောပြန်တယ်။ အဒေါ်ဟာ သာမန်ပြည်သူလား ခေါင်းဆောင်လားဆိုတာ အဒေါ့်ဖာသာအဒေါ် မကွဲပြားဖူးထင်တယ်အဒေါ်ရယ်။ စိတ်ကြီးများညစ်ပါရဲ့။

Anonymous said...

ဒေါ်စုနဲ့ NLD ဦးဆောင်ပိုင်းကို ဝေဖန်လျှင် ငရဲကြီးပြီး မြေမြို့တက်သောကြောင့် ဝေဖန်ရေးမလုပ်ကြရန် တောင်းဆိုလိုက်သော ဝါဒပြန့်ချီရေး ဆောင်းပါးသာ ဖြစ်ပါသည်…သြော်….ဒါကြောင့်ကို့ အတိုက်အခံတွေ မိမိကိုယ့်ကိုရော ဒေါ်စုနဲ့NLDကို ဝေဖန်ရေး မလုပ်ကြတာဂိုး…နအဖကြတော့ ဝေဖန်လိုက်ကြတာ သူတို့ကြတော့ ပါးစပ်တောင် မဟကြနဲ့တဲ့…အဟီး.ရယ်ရတယ်…ဗျို့

ထွန်းထွန်း said...

ကိုယ့်ဟာကို သူဌေးလိုလို ဘလော့ဂါ လိုလို စာရေးဆရာလိုလိုပဲ နေပါ Richardson Moon ရာ။ ခေတ်မကောင်းတော့လို့ ဘက်မပြောင်းခင် ကိုယ့်ကိုကိုယ်လိပ်ပြာသန့်ဖို့တော့လိုတာပေါ့။

အန်တီစုကိုဝန်းရံဖို့လိုပါတယ်။ ဒါကို ဒီမိုကရေစီလိုချင်တဲ့သူတိုင်းနားလည်ပါတယ်။ ခင်ဗျားမဲနေတဲ့သူတွေရေးတာကိုလည်းဖတ်မိပါတယ်။ သူတို့ ဘာကောင်တွေ ဆိုတာ သူတို့ဟာသူတို့အသိဆုံးပါ။

ဗ.က.ပ ဆိုတာလဲခေတ်မရှိတော့ပါဘူး။ ဒီမိုကရေစီခေတ်မှာ ဗ.က.ပ ကို ကြောက်တာ န.အ.ဖ နဲ့ခေတ်ပျက်သူဌေးပဲရှိပါတယ်။ ဗ.က.ပ တစ္ဆေ က သူ့ ဟာသူ ဘယ်ကိုင်းမှာနေရမှန်းတောင်သိတဲ့ပုံမရှိပါဘူး။

တိုင်းပြည်ကောင်းဖို့တော့ သေခါနီးဖြစ်တဲ့ခင်ဗျားလိုပဲ လူတိုင်းကလိုချင်ပါတယ်။ ကိုယ့်ဟာကိုယ် ကောင်းရောင်းကောင်းဝယ်လေးကို စိတ်သန့် သန့် နဲ့လုပ်ပြီး ရပ်တည်တာပိုကောင်းမယ်ထင်ပါတယ်။ ဆရာကြီးလုပ်ပြီး ဖျာဝင်ဝင်ခင်းတာလဲ ဗ.က.ပတွေနဲ့ ဂွင်သမားသူဌေးလိုလိုခွေးလိုလိုတွေရဲ့ တထပ်ထဲသွားတူတဲ့ အကျင့်ပဲဗျ။

ခင်ဗျားက ဗ.က.ပ ဟုတ်ပုံမရတော့ သူဌေးလိုလိုခွေးလိုလို သာမန်လူထက်နည်းနည်းစာဖတ်အားပိုတဲ့ ဂွင်သမားကြီးဆိုတာ ခင်ဗျားရေးတာလိုက်ဖတ်ယုံနဲ့သိရပါတယ်။ အန်တီစု ကလည်း ညံ့တဲ့ခေါင်းဆောင်မဟုတ်ပါဘူး။ ခုမှ ထမိန်နားလာသီလို့ လဲ သူက အို့အို့လို့ခေါ်ပြီး ထန်းလျက်ခဲပစ်ကျွေးမယ်မထင်ပါနဲ့။

မသိတဲ့သူတွေအတွက်တော့ အထင်ကြီးစရာ ဝေါဟာရတွေနဲ့ပေါ့ဗျာ။ သိတဲ့သူအတွက်ကတော့ ဒီလူကြီးဟာ လူပေါကြီးဖြစ်ယုံမကပဲ ဘ၀င်ရူးကြီးဖြစ်တဲ့အပြင် ငဖားငကြွားကြီးကလဲဖြစ်ပြန်သေးတယ်လို့ မှတ်ချက်ချရတာပေါ့ ။ မသက်မသာရှိလိုက်တာဗျာ။

Anonymous said...

နှစ်ပေါင်းများစွာ တစ်ပါတီအာဏာရှင်စနစ် စစ်အာဏာရှင်စနစ်အောက်မှာ မြန်မာနိုင်ငံဟာ ဆင်းရဲဒုက္ခတွင်းမှာ နက်သထက်နက်အောင် နစ်လာသလို အကျင့်ပျက် စာရိတ္တပျက်ပြားမှုတွေလည်း ပြောမကုန်နိုင်တော့ပါ၊ အာဏာရှင်စနစ်အတိုင်းသွားနေရင်
မြောက်ကိုးရီးယားနိုင်ငံလို ကမ္ဘာ့အပယ်ခံ အထီးကျန်နိုင်ငံဖြစ်ဖို့လည်း မဝေးတော့ပါဘူး။
မိမိတိုင်းပြည်ကို ကမ္ဘာ့အဆင်းရဲဆုံးအဆင့်ကို ဆွဲချခဲ့တဲ့ နိုင်ငံခေါင်းဆောင်များဟာ
အောင်မြင်တိုးတက်နေတဲ့နိုင်ငံတွေနဲ့ ယှဉ်ကြည့်မိတိုင်း သိမ်ငယ်စိတ်ဖြစ်ကြမှာ သေချာပါတယ်၊ လူထောင်ပေါင်းများစွာကို ကိုယ်ဆင်းရဲစိတ်ဆင်းရဲဖြစ်အောင် ဖန်တီးခဲ့သူများအတွက် ဓမ္မရှုထောင့်ကကြည့်မယ်ဆိုရင် အကုသိုလ်ကြီးမားလှပါတယ်။
အသက်အရွယ်ရလာပြီဖြစ်တဲ့ ဦးသန်းရွှေဟာ နဲနဲပါးပါးတော့ ဆင်ခြင်မိပုံပေါ်ပါတယ်၊ ဒါကြောင့် သူကိုယ်တိုင် ဦးနေဝင်းအဖြစ်မျိုးလည်း မရောက်စေဘဲ ပြုပြင်ပြောင်းလဲမှုတချို့လုပ်ဖို့ ဦးသိန်းစိန်ကို ခွင့်ပြုထားပုံရပါတယ်၊ ဦးသိန်းစိန်ကတော့ တကယ်ပြောင်းလဲချင်စိတ်ရှိသူလို့ ထင်ပါတယ်၊ ဒါပေမယ့် သူ့အစိုးရအဖွဲ့ထဲမှာ ရှေးရိုးစွဲတွေလည်းရှိနေမှာ မလွဲပါ၊ ပြောင်းလဲမှုရှိမရှိ မြန်မမြန်ဆိုတာက သူတို့ရဲ့စိတ်ကောင်းစေတနာကောင်းရှိမှုအပေါ်မှာ များစွာတည်နေပါတယ်၊ ဘာကြောင့်လဲဆိုတော့ လုပ်ပိုင်ခွင့်အာဏာက သူတို့လက်ထဲမှာပါ၊ ဒါပေမယ့် ဒီတခါလည်း အရင့်အရင်ကလို ဒုံရင်းဒုံရင်းပဲဆိုရင်တော့ မြန်မာပြည်သူတွေအဖို့လည်း
နေမထူးသေမထူးတော့တာမို့ ၈၈လူထုဆန္ဒပြမှုမျိုး နောက်တစ်ကြိမ် ပေါ်ပေါက်လာဖို့
ရှိပါတယ်၊ ဒါကြောင့် တိုင်းပြည်အုပ်ချုပ်နေသူများအနေနဲ့ နိုင်ငံနဲ့ပြည်သူအပေါ် စာနာထောက်ထားကြဖို့ ဆန္ဒပြုပါတယ်။

Anonymous said...

အပေါ်ကတယောက်ပြောသလို
တွက်နည်းလိုချင်တယ်။ပုစ္ဆာတွေလာမပေးနဲ့ ဆိုတာ
သဘောကျတယ်
သူပြောတာဟုတ်တယ်
ပြဿနာတွေလာမပြောနဲ့ ။ဘာတွေဖြစ်နေတယ်ဆိုတာ ငါတို့အားလုံးသိပြီးသားပဲ။
ဒါတွေပြောတာကြား၇လွန်းလို့ နာညီးလှပြီ။
ဘယ်လိုဖြေရှင်းကြမလဲဆိုတာ မင်းမှာနည်းလမ်းရှိရင်
ပြောကွာ။
ငယ်ငယ်တုန်းကကျောင်းစာမှာသင်ရသလို

လှည်းဘီးနွံထဲ ကျွံနေသည်
ကူ၍တွန်းပေးကြပါ
ပြိုင်တူတွန်းလျှင်ရွေ့ နိုင်ပါသည်

ပြိုင်တူပြောလျင်ရွေ့ နိုင်ပါသည်လို့ တော့ရေးမထားဘူး
တွန်းနေတဲ့သူတွေကိုလည်း အားနာဖို့ ကောင်းတယ်

Nga Sanay said...

အဝေးက ပြည်ပကနေတဲ့ကောင်တွေ ဘာမှပြောခွင့်မရှိဘူး။ နိုင်ငံရေးလုပ်စားတွေ၊ ကိုယ်မလုပ်နိုင်ရင် ၀င်မပြောနဲ.။ အဆဲခံ၊ အနှိမ်ခံနေရတာ များပေမဲ့ လက်ရှိ ကဘာပေါ်မှာ ဖြစ်ပျက်နေတာကို ဗီအိုအေ သတင်းတပုဒ်ကို ကိုးကားပြီးပြောပြပါရစေ။

အာရပ်ကဘာကစခဲ့ပြီး နှစ်ရှည်ကာလများစွာ သက်ဆိုးရှည်နေတဲ့ အာဏာရှင်တွေကို ဖြုတ်ချပွဲများဟာ ရပ်မသွားသေးပါဘူး။ ခုဆိုရင်၊ အရင်းရှင် စီးပွားရေးစံနစ်ကို ကျင့်သုံးနေတဲ့ အနောက်ဒီမိုကရေစီနိုင်ငံတွေအထိ အသွင်တမျိုးပြောင်းပြီး ကူးဆက်သွားပါပြီ။ ဒီရေစီးဋ္ဌေကာင်းဟာ တောမီးပမာဆက်လက်ပြန်.နှံ.ဆဲပါ။

"Occupy Wall Street လို.ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို.ကနေ စတင်ခဲ့တဲ့ စီးပွားရေး မညီမျှမှုကို တောင်းဆိုတဲ့ ဆန်ဒပြပွဲဟာ နိုင်ငံတကာအထိပါ ဂယက်ရိုက်ခတ်မှုတွေ ရှိလာနေပါပြီ။
အီတလီနိုင်ငံရောမမြို. ... ဗြိတိန်နိုင်ငံ လန်ဒန်မြို.မှာလည်း ... ဆန်ဒပြသူတွေနဲ. ရဲတွေအြဋ္ဌကား ... ဋ္ဌသစတေးလျ၊ နယူးဇီလန်၊ စပိန်၊ ဂျာမနီနဲ.ပြင်သစ်နိုင်ငံတွေမှာပါ ဖြစ်ပွားနေတာပါ။

ဆန်ဒပြသူတွေက သူတို.ကိုယ်သူတို. ၉၉ ရာခိုနှုန်းလို.ခေါ်ဋ္ဌကပါတယ်။ ကျန်တဲ့ ၁ ရာခိုင်နှုန်းက ကမ္ဘာ့လူချမ်းသာတွေလို.ပြောနေဋ္ဌကတာဖြစ်ပါတယ်။"

ဆင်းရဲချမ်းသာ မမျှတမှုဟာ၊ ကျနော်တို. မြန်မာနိင်ငံမှာ အမြစ်တွယ်ခဲ့တာ ဋ္ဌကာပါပြီ။ ခုလက်ရှိ ငွေရပေါက်ကောင်းတဲ့ စီးပွားရေးဂွင်တွေမှာ၊ စစ်ဗိုလ်ချုပ်ဋ္ဌကီးများရဲ့ မိသားစုဆွေမျိုးတွေနဲ့၊သူတို.နဲ. အလွမ်းသင့်ပေါင်းစားနေတဲ့ (thugs) တွေက လွှမ်းမိုးထားတယ်ဆိုတာ ပြည်တွင်းကလူတွေက ပိုသိမှာပါ။

နိင်ငံရေးကိုလည်း သူတို.ဘဲ ချုပ်ကိုင်ထားတယ်။ ခါးပိုက်စောင် အစိမ်းရောင်ဝတ် လက်မရွံ့လူသတ် တပ်မတော်ဋ္ဌကီးကလည်း အဆင်သင့်။
ဥပဒေကို လိုသလို သူတို.ကို ကာကွယ်ဘို.သုံးပါတယ်။ တနည်းအားဖြင့် အချင်းချင်း အာဏာလုပွဲများမှ အပ၊ သူတို.ဟာ ဥပဒေရဲ့ အပေါ်မှာရှိနေပါတယ်။ ဒီလိုအနေထားမျိုးမှာ ကျားသနားမှနွားချမ်းသာရမဲ့ ဘ၀ကိုရောက်နေတာ ကျနော်တို. မြန်မာပြည်သူတွေ မဟုတ်ဘူးလား။

ဒီလိုအဘက်ဘက်က အပေါ်စီးကရထားတဲ့ စစ်အာဏာရှင်တသိုက်နဲ. ရုပ်ပြကောင်းအောင် တည်ဆောင်ထားတဲ့ ဋ္ဌကံ.ဖွတ်အစိုးရက ဘယ်လောက်ထိ သဘောကောင်းမလဲဆိုတာ စောင့်ဋ္ဌကည့်ရအောင်။
ကဘာ့ရေစီးဋ္ဌေကာင်းဋ္ဌကီးကို မီးတားထားရုံ လုပ်နေတာမျိုးမဖြစ်ပါစေနဲ.လို. ဆုတောင်းရင်း။

အဝေးက

အညဋ္ဌတ ငစနေ

ကိုးကားချက်။
(နယူးယောက်ကစတဲ့ Occupy လှုပ်ရှားမှု ကမ္ဘာ့နိုင်ငံတွေကို ပျံ.နှံ.။ By ဗွီအိုအေ (မြန်မာဌာန)၊ အောက်တိုဘာလ ၁၅ ရက်၊၂၀၁၁)

Anonymous said...

ဟေ့ လုကြီးမင်း လွဏ်းဆွေ ကြီးမိုက်ကြီး နာမည်ကြီးချင်ရင် ရီစရာတွေ ရေးဗျ ခင်ဗျာ ရေးထားတာ ဖတ်လို့တော့ကောင်းပါတယ် စိတ်ပျက်ဖို့ နာမည် အမျိုးမျိုးနဲ့ ကွန်မင့် လိုက်မပေးနဲ့ ကြားလား ကြီးမိုက်ကြီး

doctor chat gyi said...

မောင်ချင့်ချိန်ရေ ခင်ဗျားကိုကျနော်ကတော့ကြိုတ်တယ်! ဒေါ်စုရေ..ခွေးကတက်ချစ်မောင်နဲ့  နှိုင်းယှဉ်ပြီးပြောနေပြီ....ဒေါ်အောင်ဆန်းစုကြညဘာလုပ်မလဲ ပြောကြည့်ကြပါဦး ?

Anonymous said...

ကိုလွမ်းဆွေခင်ဗျား
ပြန်လာပြီးသူ့ထက်ကောင်းအောင်လာလုပ်ပြလေလူငယ်တွေချောက်ထဲမပို့နဲ့တောထဲမှာသေတဲ့လူတွေများပြီ

Anonymous said...

ကျွန်မတစ်ယောက်တည်းလဲ လုပ်လို့မရဘူး ... ကျွန်မတို့တစ်ဖွဲ့တည်းလဲ လုပ်လို့မရဘူး ... အားလုံးက ၀ိုင်းလုပ်ကြရမယ် ... ဘာတွေကိုအလုပ်ခိုင်းတာမှန်းလဲမသိဘူး.. သူမကိုယ်တိုင်ရော ဘာတွေလုပ်နေမှန်း မသိဘူး .. ဟေ ..ဟေ့...ဟေ့...ဟေ မပူနဲ့ရုရှား ခွေးပေါက်စလေးတို့ရေ ... ဒီအတိုင်းသာဆို မင်းတို့ပထွေးတွေ ရမ်းကောင်းနေဦးမှာ ... မင်းတို့လဲ အရိုးအရင်းလေးတွေ စုက်ရပေဦးမယ် ... လူထုခေါင်းဆောင် တဲ့ တင်ထားတဲ့လူတွေကလဲ သောက်ရူးတွေ .. ပွဲတိုင်းရှုံးနေတာတောင် လက်ခုပ်တွေက တီးနေချင်သေးကြတယ် ... ပညာရှိတဲ့သူတွေ ဂေါတမဘုရားဆီသွားကြ .... လူပြိန်းလူညံ့ တွေ ငါ့ဆီလာလိမ့်မယ် တဲ့ .... ဦးနှောက်မရှိတဲ့ခေါင်းဆောင်နဲ့ ပညာမရှိတဲ့ လူပြိန်းတွေ နေတဲ့တိုင်းပြည်မှာတော့ ... စစ်ခွေးတွေတော့ သောင်းကြမ်းလို့ကောင်းနေဦးတော့မယ်ဟေ့ .... ချင့်ချိန်ရေ အပြုသဘောဆောင်တဲ့ အဲ့လိုပြုပြင်ရေး စာလေးတွေရေးဟ စိတ်ထားတတ်ရင် ကုသိုလ်ရတယ် ..

Anonymous said...

လှည်းဘီးနွံထဲ ကျွံနေသည်
ကူ၍တွန်းပေးကြပါ
ပြိုင်တူတွန်းလျှင်ရွေ့ နိုင်ပါသည်

ပြိုင်တူပြောလျင်ရွေ့ နိုင်ပါသည်လို့ တော့ရေးမထားဘူး
တွန်းနေတဲ့သူတွေကိုလည်း အားနာဖို့ ကောင်းတယ်

U r right.U r verygood at Math.U have 50 millions.Army has just 500000.ratio is just 0.1.If we push all,they will run.keep on dreaming.Very eazy revolution.

ABC said...

မြန်မာနိုင်ငံရေးမှာ အဓိက ၃ ဖွဲ.ကွဲနေပါတယ်၊ အဲဒါကတော့ ကြံဖွံ.အစိုးရနဲ.ထောက်ခံသူတွေ၊ အတိုက်ခံတွေ၊ အတိုက်ခံထဲမှာလဲ ဒေါ်စုဘာလုပ်လုပ် မျက်စေ့စုံမိတ်ပြီးထောက်ခံမဲ့အဖွဲ.နဲ. အားမလို အားမရနဲ.ဝေဖန်တဲ့အဖွဲ. (အထူးသဖြင့် ဒေါက်တာလွဏ်ဆွေနဲ. ၀ိုင်းတော်သားများ၊ စင်ကာပူက ကိုပေါ) တို.ဖြစ်ပါတယ်၊ ဘာပဲဖြစ်ဖြစ်ဝေဖန်တာကိုတော့ လက်ခံရမှာဖြစ်ပါတယ်၊

ကဲခုဘာလုပ်ကြမှာလဲ၊ ရှေ.က ဦးနေ၀င်းက စလို. ခုလူတွေထိ မကောင်းကြောင်း တွေပြောနေ တာမပြီးသေးဖူးလား၊ လူတိုင်း သိပြီးသားတွေကို ပြောနေရင် ဘာတွေဖြစ်လာမလဲ၊ ဘာမှမဖြစ်လာနိုင်ပါဖူး၊ န၀တ၊ နအဖ၊ ကိုတိုက်လာတာ ၂၃ နှစ်ရှိလာပါပြီ၊ ဘာမှမဖြစ်လာပါ၊ လမ်ပေါ်ဆန္ဒထွက်ပြလိုက်တာနဲ. ပြဿနာက မပြီးနိုင်ပါဖူး၊ ကြံ့ဖွံ.အစိုးရပြုတ် ကျသွားတော့ရော ဘာဖြစ်မလဲ စစ်တပ်က အလွယ်တကူ အာဏာပြန်သိမ်းဦးမယ်၊ အဲဒါဆိုရင် ဖွဲ.စည်းပုံဥပဒေကအသစ်ပြန်ဆွဲ၊ ဒီကြားထဲ အချိန်ဆွဲနဲ. ခင်ဗျားတို. အနည်းဆုံး ၁၀ နှစ်စောင့်ရဦးမယ်၊ ဒါတောင်မှ ကျားသနားမှာ နွားချမ်းသာဆိုသလို စစ်တပ်က လိုက်လျောပါမှဖြစ်လာမဲ့ အခြေအနေပါ၊ စစ်တပ်ကို အမြစ်က ဖြိုချင်တယ်ဆိုရင် ဒေါ်စု ၊ ဦးတင်ဝင်းတို.က အစ တောခို၊ လက်နက်ကိုင်တိုက်၊ တောက်ခံတဲ့ပြည်သူအ များစုကြီးက ထောက်ခံ ၀င်တိုက် ပေးလိုက်မယ်၊ စစ်က ခုချိန်မှာ နအဖ လက်ထက်ကလို အာဏာအပြည့်မရှိတော့ပါဖူး၊ ပါလီမန်သက်တမ်းကြာလေ စစ်တပ်က အခန်းကဏ္ဍကလဲ နိုင်ငံရေးမှာ တဖြေးဖြေးလျော့ကျသွားပါလိမ့်မယ်၊ အဲဒါကို စိတ်မရှည်ပဲ လက်ရှိအစိုးရ ကို ဖြုတ်ချလိုက်ရင်လည်း ဘာမှ မထူးပါဖူး၊ ခုချိန်မှာ ဒေါ်စုခေါင်းဆောင်တက် လုပ်ရင်လည်း ပြဿနာ အရပ်ရပ်က ပြေလည်သွားလိမ့်မယ်လို. မထင်ပါ၊ အထူးသဖြင့် ပျက်စီး ယိုယွင်းနေတဲ့ စီးပွားရေးနဲ. ကျန်းမာရေး အခြေအနေတွေပါ၊ အားလုံးကိုတော်တော် ပြုပြင်ရမဲ့အနေ အထားတွေရှိနေပါတယ်၊ မြန်မာနိုင်ငံက ဒီမိုကရေစီဖွံ.ဖြိုးတိုးတက်ဖို. အခြေခံ အကြောင်းရင်းတွေ မရှိသေးပါဖူး၊ လူတွေရဲ့ အသိအမြင်တိုးတက်မူနဲ. သင့်တင့်တဲ့ စီးပွားရေး အခြေအနေတွေမရှိသေးပါဖူး၊ ခုလက်ရှိအစိုးရကို ကောင်းလှတယ်လို. မပြောချင်ပေမဲ့ အရင်က တောင်းဆိုလို. မရတာတွေကို တောင်းဆိုလို. ရလာတဲ့အနေအထားတွေရှိလာပါတယ်၊ ခုမှပဲ အစပဲရှိပါသေးတယ်၊ အတိုက်ခံနဲ. အစိုးရတို.ပူးပေါင်းဆောင်ရွက်ရင် မြန်မာနိုင်ငံက အကောင်းအဆုံး အခြေအနေတွေဖြစ်လာနိုင်ပါတယ်၊ အားလုံးကို စိတ်ရှည်ချင် ပါတယ်၊ လောလောဆယ်မှာ ဘယ်သူပဲ တက်ပြီး အုပ်ချုပ်ချုပ် နေ.ချင်းညချင်း မတိုးတက်လာနိုင်ပါဖူး၊ ချမ်းသာတဲ့ အိမ်နီးချင်းနိုင်ငံတွေလဲ အနည်းဆုံး ပေါ်လစီကောင်းကောင်းနဲ. အနှစ် ၂၀လောက်ကြိုးပမ်းခဲ့ရပါတယ်၊

ကိုဇာဂနာကို ကျွန်တော်လည်းလေးစားပါတယ်၊ ဒါပေမဲ့သူပြောတဲ့ IQ မြင့်မှ လွှတ်တော်အမတ်ဖြစ်ရမယ်လို. ခနဲ.သွားတာကို လက်မခံနိုင်ပါဖူး၊ လွှတ်တော်အမတ်ဟာ ထိုက်သင့်တဲ့ ပညာတတ်ပြီး ပြည်သူလူထုကို စေတနာ ထားဖို.ပဲ လိုပါတယ်၊

ဒေါ်စု ခေါင်းဆောင်ဖြစ်လာခဲ့ရင် မြန်မာနိုင်ငံ မှာဖြစ်ပေါ်နေတဲ့ ပြဿနာ အရပ်ရပ် က ပြေလည်သွားလိမ့်မယ်လို. ဒေါ်စုကို ထောက်ခံတဲ့တွေက မှားယွင်းစွာ ထင်နေကြ တယ်၊ ပိုပြီးခက်နေတာက ဒေါ်စု ကိုယ်တိုင်က သူကိုယ်သူ နိုင်ငံရဲ့ ခေါင်းဆောင်လို. ထင်နေတာက ပိုဆိုးနေတယ်၊ (ဒေါ်စုကို ထောက်ခံသူများ ရင်ဘတ် နည်းနည်း အောင့်သွားရင် အေဘီစီ ကို ခွင့်လွှတ်ပါ)၊ ခုလက်ရှိ ဗိုလ်သိန်းစိန် ကိုလည်း ခေါင်းဆောင် လို.မသတ်မှတ်နိုင်ပါဖူး၊ တစ်ချိန်ချိန်မှာ အကျင့်စရိတ္တပြည့်စုံပြီး ပြည်သူတွေအပေါ် စေတနာထား၊ အနစ်နာခံမဲ့ ခေါင်းဆောင်မျိုး ပေါ်ထွက် လာပါစေလို. ဆန္ဒပြုပါတယ်၊

Anonymous said...

ပိုပြီးခက်နေတာက ဒေါ်စု ကိုယ်တိုင်က သူကိုယ်သူ နိုင်ငံရဲ့ ခေါင်းဆောင်လို. ထင်နေတာက ပိုဆိုးနေတယ်၊ (ဒေါ်စုကို ထောက်ခံသူများ ရင်ဘတ် နည်းနည်း အောင့်သွားရင် အေဘီစီ ကို ခွင့်လွှတ်ပါ)၊
ရင်ဘတ်မအောင့်ပါဘူးး
ဒါပေမယ့်နားမလည်ဘူး။ ဘာကိုဆိုလိုတာလဲ
ဘယ်အချက်တွေကို ကြည့်ပြီးပြောတာလဲဆိုတာ မသိဘူး
နည်းနည်းအူကြောင်ကြောင်တော့ဖြစ်သွားတယ်
အေဘီစီ အကွက်တွေဖြစ်မယ်ထင်တယ်နော်ဟားဟား
သိပ်ခေါင်းမစားတော့ပါဘူး

Anonymous said...

မြန်မာပြည်ရဲ့ပြသာနာက သုံးပွင့်ဆိုင်ဆွေးနွေအဖြေရှာမှပြေလှည်သွားမှာပါ၊ ဒါပေမယ့်လက်ရှိအစိုးရကနေပြီးမလိုလားဘူးဆိုရင်တော.ဘယ်တော်.မှဖြစ်လာမှာမဟုတ်ဘူး။ လက်ရှိလုပ်ဆောင်နေခြင်းများသည်တကယ်အပြောင်းအလဲကိုလိုခြင်လို့တော.မဟုတ်ရာ။ တဖက်မှာနိုင်ငံတကာထောက်ခံမူရအောင် ဒေါအောင်ဆန်းစုကြည်နှင်.အဆင်ပြေအောင်ပေါင်းမယ်တဖက်မှာတော.အခြားတိုင်းရင်းသားတွေကိုနိတ်ကွပ်ခြေမှုန်းမယ်။ တကယ်တန်းကျတော.အစိုးရသစ်ရဲ့မူဝါဒတွေကမပြောင်းဘဲလူတွေကသာပြောင်းလဲနေတယ်လို့လိုက်ထင်နေတာ၊ ပြည်တွင်းစစ်ကိုလူတွေအာရုံမရောက်မိအောင်းအမျိုးမျိုးလုပ်ပြနေတာ၊ အခုချိန်မှာ ကချင်ပြည်နယ်ဘက်တွင်ထိုးစစ်အကြီးအကျယ်ဆင်နွဲခြင်းတွေဟာသက်သေတွေပါပဲ။

Aung Khin said...

တစ်စိုက်မတ်မတ် တွေ့ဆုံဆွေးနွေးရေးကို
တောင်းဆိုခဲ့ပြီးမှ တွေ့ဆုံဆွေးနွေးဖို့ဘဲရှိတာပေါ့။
အဆုံးထိအောင်တော့ လိုက်ရအုံးမယ်လို့ထင်ပါတယ်။
သူတို့ ဂတိမတည်တာ ကလိမ်ကျတာတွေကိုတော့
နောက်တစ်နည်းနဲ့ ဖြေရှင်းရမှာဘဲ။
မီးစင်ကြည့်ပြီး ကရမှာမျိုးတွေလဲ ရှိမှာပေါ့။
ဒေါ်အောင်ဆန်းစုကြည်ကို နားလည်ပေးသင့်ပါတယ်။
ကိုယ်နဲ့မတူတာလေးတွေရှိရင်လဲ ခဏလောက်တော့ စောင့်ကြည့်ပေးကြပါ။
အရင်သွေးကွဲတာတော့ ဘ၀င်မကျလှဘူး။