Monday, September 19, 2011

မိုးအေး (DVB) တင်ဆက်သည့် “ရေနံအများဆုံးထွက်တဲ့ တောင်ပိုင်းဆူဒန်မှာ ရင်းနှီးမြှုပ်နှံထားမှုများအတွက် တရုတ်အစိုးရ ခေါင်းခဲနေ” (ရုပ်သံ)

နိုင်ငံတကာရာဇ၀တ်ခုံရုံးက အလိုရှိတဲ့ နိုင်ငံခေါင်းဆောင် နှစ်ယောက်ရှိပါတယ်။ အားလုံးသိတဲ့အတိုင်း လစ် ဗျားက မိုမာဂဒါဖီနဲ့ ဆူဒန်က ဘက်ရှီးယား (ဘတ်ရှီလ်း) တို့နှစ်ဦးပါ။ အဲဒီနှစ်ယောက်အုပ်ချုပ်မင်းလုပ်တဲ့ လစ် ဗျားနဲ့ ဆူဒန်မှာ ရင်းနှီးမြုပ်နှံမှုအများဆုံးလုပ်နေတဲ့ နိုင်ငံကိုပြောရရင် တရုတ်နိုင်ငံလို့ပဲ ပြောရမှာပါ။ ဘတ်ရှီး ယားကို နိုင်ငံတကာက ကန့်ကွက်နေတဲ့ကြားကပဲ တိုင်းပြည်ကို အလည်ခေါ် ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့တာ ကလည်း တရုတ်နိုင်ငံပါ။ ရေနံမျက်နှာတခုပဲ ကြည့်တယ်ဆိုပြီး တချိန်က ဝေဖန်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံရဲ့ နေရာကို တရုတ်က အစားထိုးနေရာယူလိုက်ပြီလို့ ပြောနိုင်ပါတယ်။ အခုတော့ ဂဒါဖီကလည်း ၀ရမ်းပြေးဖြစ်၊ ဆူဒန်မှာ ကြည့်ပြန်တောလည်း ရေနံအများဆုံးထွက်တဲ့ တောင်ပိုင်းဆူဒန်က သီးခြားလွတ်လပ်တဲ့ နိုင်ငံဖြစ် လာ။ ရေနံအများဆုံးထွက်တဲ့ တောင်ပိုင်းဆူဒန်မှာ ရင်းနှီးမြုပ်နှံထားတဲ့ တရုတ်အနေနဲ့ ဘတ်ရှီးယားနဲ့ ဆက် ပေါင်းရမလိုလို တောင်ပိုင်းဆူဒန်ကိုပဲ မျက်နှာလုပ်ရမလိုလိုဖြစ်နေရပြီး ဘတ်ရှီးယားရဲ့ ဆူဒန်မြောက်ပိုင်းကို ရော ဆူဒန်တောင်ပိုင်းကိုပါ ဘယ်လိုအဆင်ပြေအောင် လုပ်ရမလဲလို့ အကြီးအကျယ် စဉ်းစားနေရတဲ့ အခြေ အနေရောက်နေတဲ့အပေါ် ကြည့်ပြီး ဒီတပတ် စနေအစီအစဉ်ကို တင်ဆက်ဖြစ်ပါတယ်။ ဆူဒန်-တရုတ် ဆက် ဆံရေး ပထမပိုင်းလို့လည်း ယူဆနိုင်ပါတယ် (ကျန်းမာရေး သိပ်မကောင်းတဲ့အတွက် စိတ်တိုင်းကျ တည်း ဖြတ် ဖတ်ကြားနိုင်ခြင်းမရှိခဲ့တာကို သည်းခံခွင့်လွှတ်ပေးကြပါလို့)။ (မိုးအေး)

No comments: