Monday, September 19, 2011

မြစ်ဆုံရေကာတာစီမံကိန်းကို ဆက်ပြီးလုပ်ပါ ဦးဇော်မင်း (ရုပ်သံ)

သြစတြေးလျနိုင်ငံ တက်စ်မေးနီယားပြည်နယ်မှာ အစိုးရက ဖက်ကလင် (Franklin) ရေကာတာဆောက်ဖို့ လုပ်ပါတယ်။ လူထုက ကန့်ကွက်နေတာတောင် အစိုးရက နောက်မဆုတ်ဘူး။ နောက်ဆုံး ရေကာတာစီမံကိန်း ရပ်တန့်ရေးကို ဦးဆောင်လှုပ်ရှားတဲ့ Green ပါတီက ခေါင်းဆောင်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရ ပြုတ်ကျသွားခဲ့တယ်။ လူထုတွေက ရေကာတာရှိတဲ့နေရာကို ပြည်နယ်တိုင်းက လာပြီး ဆန္ဒပြကြတယ်။ ဆန္ဒ ပြတဲ့ လူတွေကို ရဲက ဖမ်းတယ်။ ဖမ်းလည်း ထပ်ပြီး ပြတယ်။ နောက်ဆုံးတော့ အစိုးရတရပ်လုံးပါ ပြုတ်ကျ သွားခဲ့ပါတယ်။ အတိုက်အခံက ရေကာတာစီမံကိန်းကို နိုင်ငံရေးတိုက်ကွက်အဖြစ် ဖိပြီးသုံးလို့ သူတို့ လုံးဝ အ ပြတ်အသတ် အနိုင်ရခဲ့တာပါ။ (ပြည်တွင်းမှ ရဲဘော်တဦး ပေးပို့သည်)

1 comment:

Rr said...

but, there is no party like green in Myanmar.So they can build the dam successfully.