Monday, September 19, 2011

ကြီးဒေါ်စုသို့ ပေးစာ ...

ကြီးဒေါ်စုသို့ ပေးစာ ...
(မြန်မာ့ဒီမိုကရေစီရေးအတွက် ရတက်မအေးဖြစ်နေကြသူများ ဤစာစု ရေးသားသူ၏ အာဘော်ကို
ဖတ်ရှုသုံးသပ်ဆင်ခြင်နိုင်ရန် zizawa.wordpress.com မှ ကူးယူဖော်ပြပါသည်)

“မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ကြွေးကြော်သံကို အာပေါင်အာရင်းသန်သန် ကြွေး ကြော်ခဲ့ပြီးသကာလ အနှစ်နှစ်ဆယ်မျှကြာသောအခါ ဒီချုပ်ခမျာ ပါတီမသေရေးအတွက် ဘာမဆိုလုပ်မယ်ဆို တဲ့ အဆင့်ကို ရောက်နေပါပကောလား။ ဘာမဆိုလုပ်မယ်ဆိုတဲ့ စကားက ကြောက်ဖို့ကောင်းပါတယ်လေ။ နောက်ပြီး ဒါက ကိုယ့် Own Tune ဖြစ်နေတယ်။ ဘာမဆို လုပ်မလုပ်တော့ မသိသေးဘူး။ ဒါပေမယ့် ဇော် ဇော့်ဘောပွဲဆီသွားပြီး ဘောပွဲလက်ချာတော့ သွားယူပြီးသွားပြီ။ ဟိုး လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ဘီဘီစီ က ဦးအောင်မြင့်ထွန်းက ဗိုလ်စောမောင် န၀တနဲ့ ဒီချုပ်အနေအထားနဲ့ ပတ်သက်ပြီး “ဒီတော့ ဘောလုံးက ခု ဘယ်ဘက်မှာလဲ” လို့ မေးတော့ “ကျမက ဘောလုံးအကြောင်း နားမလည်ဘူး” ဆိုပြီး ဘုကလန့် ပြန်ဖြေဖူး တာ အမှတ်ရမိတယ်။ ခု ဇော်ဇော့်ဆီက ဘောလက်ချာ လာယူတော့မှပဲ ဒေါ်စုနှယ် ဘောစည်းကမ်း နားလည် ဖို့ ဘာ့ကြောင့် နှစ်နှစ်ဆယ်စောင့်ရသလဲဆိုပြီး မေးခွန်းထုတ်မိတယ်။

ခုထိတော့ ဘာမဆို လုပ်တဲ့အဆင့်တော့ မရောက်သေးပါဘူး။ ဒါပေမယ့် ဟိုဟာ ကောင်းနိုး၊ ဒီဟာ ကောင်းနိုး လုပ်မိလုပ်ရာ လုပ်နေပုံရတာတော့ အသေအချာပဲ။ ဧည့်သည်ကို စစ်မှန်တဲ့စေတနာနဲ့ ဧည့်ခံချင်ပေမယ့် ဟင်း မချက်တတ်တော့ ဟိုဟာလေး ခပ်လိုက်၊ ဒီဟာလေး ခပ်လိုက်နဲ့ နောက်ဆုံး ဟင်းအိုးပျက်ကိန်းဆိုက်မယ့်ပုံ မြင်နေမိတယ်။ ကဲပါလေ … စကားတန်ဆာဆင်နေတာတွေကို အသာထားပြီး ပြောချင်တာပြောပါမယ်။ ပြော ချင်တာထက် မေးချင်တာလို့ ပြောရင် ပိုမှန်မယ်။

နေပြည်တော်စစ်အုပ်စုက သူတို့ရည်မှန်းတဲ့ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ကို နေရာပေးဖို့ လုံးဝစိတ်ကူးမရှိပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်အုပ်စုက သူတို့သဘောထားအစစ်အမှန်ကို အတိ အလင်း ထုတ်ဖော်အသိပေးပြီးသားပဲ။ နိုင်ငံတကာက ဖိအားလည်း ခုထက် ကိုယ့်ဘက်မှာ ပိုပြတ်ပြတ်သား သားရှိနေချိန်၊ နောက် ဘုန်းကြီးတွေ အသေခံ လမ်းပေါ်ထွက်လာပြီး သူတို့လုပ်ဆောင်နေတာကို ကန့်ကွက် အရေးဆိုတုန်းကတောင် မမှုခဲ့တဲ့ စစ်အုပ်စုက ကနေ့လို ယန်းကီးတွေ ရွှေလမ်းငွေလမ်းဖောက်ဖို့ အားသန်နေ ချိန်၊ ဒီချုပ်တောင် တရားဝင်ပါတီအဖွဲ့အစည်းအဖြစ် မရပ်တည်နိုင်တော့တဲ့အချိန်၊ ကျားသနားမှ နွားချမ်းသာရ မယ့်ဘ၀ကို ရောက်နေချိန်မှာ သူတို့စစ်အုပ်စု လက်တဆုပ်စာကောင်းစားရေး ဖွဲ့စည်းပုံကို ပြင်ပေးဖို့ ချော့မော့ တောင်းဆိုတာကို အရေးစိုက်မယ်လို့ ဘာ့ကြောင့် ယုံကြည်ရသလဲ။

တကယ်တော့ စစ်အုပ်စုက အနာဂတ်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပေးရင်တောင် သူတို့ရဲ့ စစ်ကျွန်သက်ရှည်ရေးစီမံကိန်းမှာ အဖြည့်ခံအဖြစ် အသုံးတည့်လိုတည့်ငြား သုံးဖို့လောက်သာ စဉ်းစားတာပဲ။ အစကတော့ စစ်အုပ်စုက နေ၀င်းမောင်တို့လို ချေးထုပ်တွေ၊ တတိယအုပ်စုလို့ နာမည်ပေးထားတဲ့ အင်အားစု တွေကို ဟန်ပြအတိုက်အခံအဖြစ် တင်ပြီး ဒီမိုကရေစီအင်ထုရေးစီမံကိန်းကို ဖော်ဖို့ကြိုးစားကြည့်တယ်။ ဒါပေ မယ့် ပြည်သူလူထုက ဒီကောင်တွေကို လုံးဝနေရာအယူမခံဘူး။ ဒီတော့ တတိယအုပ်စုတွေနေရာကို ဒေါ်စုကို အစားထိုးလို့ ရလိုရငြား ကြိုးစားကြည့်တဲ့ အမေရိကန်တို့ အီးယူတို့လည်း တဘက်က ဒီမိုကရေစီ အတင်း အော်နေပြီး တဘက်က လူထုချဉ်တဲ့ကောင်တွေကို တင်ဖို့ စီမံကိန်းကို လက်လျှော့လိုက်ပုံရတယ်။ ဒီတတိယ အုပ်စု အတိုက်အခံအတုကို ပြည်သူလူထုအများစုကြီးက ပြတ်ပြတ်သားသား ဆန့်ကျင်ပြနိုင်တာမို့ ပြည်သူလူ ထုက တာဝန်ကျေတယ်။

အတိုက်အခံအတုလို့ လူထုမြင်နေတဲ့အုပ်စုနဲ့ စခန်းသွားလို့မရတော့ လူထုက သူတို့ကို တကယ်ကိုယ်စားပြု တယ်လို့ သတ်မှတ်ထားတဲ့၊ သွားမရှိတဲ့ ကျားဘ၀ရောက်နေတဲ့၊ ပါတီမဖျက်ရင် တော်ပါပြီ ဘာလုပ်ရ လုပ်ရ လုပ်ပါ့မယ်လို့ ပါးစပ်က ထုတ်မပြောပေမယ့် လက်တွေ့မှာ ဒီပုံစံအတိုင်း သွားနေတဲ့ ဒေါ်စုနဲ့ ဒီချုပ်ကို စစ်အုပ် စုက သူတို့စီမံကိန်းအတွက် အသုံးတည့်မယ်လို့ တွက်မိနိုင်စရာရှိတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တယ်ပဲ ခေါ်ခေါ်၊ ဒေါ်စု ပြောနေတဲ့ ဒီမိုကရေစီအင်ထုရေးစီမံကိန်း ပီပြင်အောင် ဒေါ်စုနဲ့ ဒီချုပ်ကို ရက်ရက်စက်စက် ၀င်အသုံးတော်ခံခိုင်းတာပဲ။ အဖြည့်ခံဘ၀နဲ့ လှုပ်ရှားနေရတာကို တိုင်းပြည်နဲ့လူမျိုးအတွက် တခုခုလုပ်နေတာ ပါလို့ ပြောနေတာဟာ (တိုင်းပြည်အတွက် အသုံးချခံရတယ်ဆိုရင် ခံမှာပဲဆိုတဲ့ သဘောရောက်တဲ့ အပြော ပြောခဲ့တယ်မလား) တကယ်ကို အဲသလို ယုံကြည်လို့ ပြောနေသလား၊ ဒါမှမဟုတ် ကိုယ့်လုပ်ရပ်ကို ကိုယ် တတ်နိုင်သမျှ ကြိုးစားတရားထူထောင်နေတာလား။

ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် လွတ်တာ တနှစ်ပြည့်တော့မယ်။ ဒီတနှစ်အတွင်းမှာ ဒီချုပ်ဘက်က ဘယ်လို အကျိုးအမြတ်တွေ ထွက်ခဲ့သလဲ၊ ဘာတွေ ပေးဆပ်လိုက်ရလဲဆိုတာ ပြန်ကြည့်ဖို့ ကောင်းတယ်။ စစ်အုပ်စုက ပိုတောင်အခြေကျလာ၊ ကိုယ်က သူတို့လိုသလို ကစားပေးနေရတဲ့အဖြစ်ကနေ တက်မလာဘဲ တဘက်မှာ ကိုယ့်ကို တင်းပြည့်ကျပ်ပြည့် ထောက်ခံတဲ့သူတွေဆီက ထောက်ခံမှုက အရင်ကလောက် မပြတ်သားတော့ တာသာ အဖတ်တင်ကျန်ရစ်တယ်။ တခုတော့ရှိတယ်၊ ဗမာတွေထဲမှာ ဒီချုပ်ကို မျက်စိမှိတ်ထောက်ခံရုံ၊ အမေ စု ဘာလုပ်လုပ် ထောက်ခံတယ် ပြောရုံနဲ့ ကိုယ့်ရဲ့ နိုင်ငံရေးတာဝန်ကျေပြီလို့ ခံယူထားတဲ့ လူတွေတော့ ရှိ တယ်။ ဦးနှောက်အလုပ်လုပ်ပုံမရတဲ့ ကိုယ်လက်ခံထားတဲ့ အရာတခုကို သတ္တိရှိရှိ မစစ်ကြောရဲတဲ့ ဒါမှမဟုတ် ဒါမျိုးစစ်ကြောရမှာ ပျင်းတဲ့ လူစားမျိုးတွေဆီကတော့ ထက်ထက်မိုးဦးကို ထောက်ခံသလို ထောက်ခံမှုမျိုး ဆက်ရနေဦးမှာပဲ။

ဗမာပြည်မှာ လူတချို့အတွက်က နိုင်ငံရေးတာဝန်ကျေမကျေကို စစ်တမ်းကောက်တဲ့အခါ box-ticking လုပ် သလိုလုပ်ပြီး သတ်မှတ်နေသူတွေ အများကြီးပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်၊ တရုတ်ကို ဆဲ တယ်၊ ခြေလေးချောင်း ကောင်းတယ်၊ ခြေနှစ်ချောင်း မကောင်းဘူး၊ အမေရိကန် ဘာလုပ်လုပ် ကောင်းတယ်၊ တရုတ် ဘာလုပ်လုပ် မကောင်းဘူးလို့ လှေနံဓားထစ်မှတ်ပြီး အမေစု၊ အမေစုနဲ့ အော်နေရရင်ကို ကိုယ့်နိုင်ငံ ရေးတာဝန်ကျေပြီလို့ ခံယူထားသူတွေ အများကြီးပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြည်သူလူထုကို သူဘာလုပ်လုပ် သူ့ကို ထောက်ခံမယ့် ပရိသတ်အဖြစ် သာ အလိုရှိတယ်ဆိုရင်တော့ သူနဲ့ ထိုက်တန်တဲ့ ပြည်သူလူထုကိုပဲ ရမှာပဲ။ ဒီလိုပြောတာ ဒေါ်အောင်ဆန်းစု ကြည်ကို စုံကန်ဖို့ ပြောတာမဟုတ်ဘူး။ ကနေ့အချိန်အထိ သူ့ကို ဗမာပြည်သူလူထုရဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားဆဲပဲ။ သူဟာ ဗမာပြည်သူလူထုအပေါ် စေတနာရှိတယ်ဆိုတာကိုလည်း ယုံပါတယ်။ ပြည်သူ လူထုကို ရဲဘော်ရဲဘက်အချင်းချင်း သစ္စာဖောက်မယ့် လူမဟုတ်ဘူးဆိုတာလည်း ယုံတယ်။ နောက် သူတ ယောက်တည်း လုပ်လို့မရဘူး၊ ဒီမိုကရေစီ တကယ်လိုချင်သူတွေအားလုံး ၀ိုင်းလုပ်မှ ရမယ်လို့ ပြောတာကို လည်း သဘောတူတယ်။ ဒါပေမယ့် တဘက်မှာ သူ့ဘက်က ပြည်သူလူထု ကိုးစားလောက်တဲ့ ဉာဏ်အမြော် အမြင်နဲ့ ပြည့်စုံတဲ့ ခေါင်းဆောင်ပီသအောင် နေပြဖို့ အရေးကြီးတယ်။

ဇော်ဇော့်ဘောလုံးပွဲ သွားကြည့်ဖို့ ဘယ်လို စဉ်းစားဆုံးဖြတ်တယ်ဆိုတာ နားလည်လို့မရဘူး။ သူ့ဘက်က ဘယ်လိုမျှော်လင့်ချက်တွေနဲ့ သွားလဲဆိုတာ သူပဲသိမှာပဲ။ စစ်အုပ်စုနဲ့ အဓိပ္ပာယ်ရှိရှိ ဆွေးနွေးနိုင်ဖို့နဲ့ ဇော်ဇော့် ဆီသွားအသုံးတော်ခံတာ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ မေးဖို့ကောင်းတယ်။ ဒီလိုသွားတာကို သူ့ကိုထောက် ခံတဲ့ ပြည်သူလူထုစိတ်ထဲ ဘယ်လိုရှိမလဲဆိုတာ စဉ်းစားရဲ့လား။ ဆီနိတ်တာခင်ရွှေက သူ့မြရိပ်ညိုမှာ အနှိပ် သမလေးတွေကို ဘယ်သို့ဘယ်ပုံ အလုပ်အကိုင် ဖန်တီပေးနေတယ်ဆိုတာကို လာကြည့်လှည့်ပါဆို သွား ကြည့်ဦးမှာလားဆိုတာ မေးပါရစေ (ဒေါ်စုကိုယ်တိုင် အထေ့အငေါ့လေးတွေ သုံးတတ်တော့ ကိုယ့်ကို အဲသ လို ထေ့လုံးငေါ့လုံးလေးတွေနဲ့ မေးလာရင်လည်း ဗွေမယူလောက်ဘူးလို့ ထင်ပါတယ်)။ နောက် ဒေါ်စုကို ဝေ ဖန်တယ်ဆိုတာ နိုင်ငံရေးခေါင်းဆောင်လို့ သဘောထားလို့ ဝေဖန်တာပဲ။ မက်ဒေါနားလို မြင်ရင် ခုလို ဝေဖန်စ ရာ မရှိပါဘူး။

ပါတီတည်မြဲဖို့ အရေးကြီးတယ်ဆိုတာကို လက်ခံသဘောတူပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီဟာ ဘယ်လို values တွေကို ကိုယ်စားပြုထားသလဲဆိုတာ မေးပါရစေ။ အဲဒီ values တွေ ပျောက်ပြီးသကာလ ဒီ values တွေကို ကိုယ်စားပြုထားတဲ့အဖွဲ့ကြီး ဆက်ရှိနေတယ်ဆိုတာ အဓိပ္ပာယ်ရောရှိပါသေးရဲ့လား (တကယ်က တီ တီစု၊ တီတီစု သားတို့မသိလို့ မေးပါရစေ၊ လွတ်လပ်မှုအတွက် လွတ်လပ်မှုကို စတေးမလား၊ အဲသလို စတေး တာ မှန်သလားလို့ မေးချင်ပါတယ်။ ဒါပေမယ့် ဒီမေးခွန်းက မလိုအပ်ဘဲ မက်တာဖစ်ဆစ်ကယ် ဖြစ်တော့ ဖီ လော်ဆော်ဖီ သောက်မြင်ကပ်တဲ့ ပရိသတ်ကို ထောက်ချင့်ပြီး မမေးတော့ပါဘူး)၊ လှေခွက်ချည်းကျန် အလံမ လှဲစတမ်း တိုက်မယ်ဆိုတဲ့ စိတ်ဓာတ်ကိုတော့ လေးစားပါတယ်။ ဒါပေမယ့် တိုက်တင်းနစ် အရွယ်အစားရှိခဲ့တဲ့ သင်္ဘောကြီးကနေ လှေခွက်ပဲကျန်တဲ့ဘ၀ ရောက်သွားရတာမှာ မာလိန်မှူးတွေကို ပေးချင်တဲ့ အကြံကတော့ မက်ခီယာဗယ်လီကို ပြန်သာဖတ်ပါလေလို့ပဲ ဖြစ်ပါတယ်။

ဒေါ်စုက ပြည်သူလူထုဆီက သူတို့ဘာလုပ်လုပ် ထောက်ခံတာမျိုးသာ လိုချင်ပုံရပါတယ်။ တကယ်တမ်းမှာ သူတို့အားကိုးပုံရတာက အနောက်အုပ်စုကပေးတဲ့ ဖိအားပဲ။ အဲဒီဖိအားနဲ့ ဒီမိုကရေစီတကယ်ရမယ်လို့ ယုံခဲ့ပုံ ရတယ်။ ဒါ ကျုပ်အမြင်ပါ။ မှားချင်လည်း မှားနိုင်ပါတယ်။ ဒါပေမယ့် ခု သူအားကိုးခဲ့တဲ့ ယန်းကီးတို့ကိုယ်တိုင် က သူ့အတွက် ရွေးစရာလမ်းကြောင်းတွေကို တခုပြီးတခု ပိတ်နေတော့ ခမျာ လုပ်မိလုပ်ရာ လုပ်သလိုဖြစ်နေ ပြီ။ နေပြည်တော်စစ်အုပ်စုက အရပ်သားအစိုးရ နာမည်ခံရုံခံတာကို ယန်းကီးတို့ မသိဘဲ ဘယ်နေမလဲ။ ဒါပေ မယ့် စစ်အုပ်စုနဲ့ အတင်းလုံးချင်တော့ တိုင်းပြည်ထဲ တကယ့်အပြောင်းအလဲတွေ ဖြစ်နေတဲ့ပမာ ဒေါ်စုကိုပါ သူတို့အကဲဖြတ်ချက်ကို အတင်းအကျပ် လက်ခံခိုင်းပုံပေါက်နေတယ်။ ဒီတော့ ဒီချုပ်အနေနဲ့ ဒါကို လက်ခံ မယ်၊ လက်မခံဘူးဆိုတာ ပြတ်ပြတ်သားသားတခုခုပြောပါ မေးလာရင် ဘယ်လိုဖြေမှာလဲဆိုတာလည်း သိချင် ပါတယ်။

ကဲ ဒီလောက်ပါပဲ ဂျီးဒေါ်စုရေ …

ဝတုတ်

34 comments:

tuntunnaing said...

ခင်ဗျားမြင်တဲ့အမြင်က ဈေးပေါလွန်းပါတယ်ဗျာ။ မမြင်မိလို့လား၊ မမြင်တတ်တာလား၊ ကြက်ကန်းဆန်အိုးတိုး ဝေဖန်လို့ နာမည်ကြီးချင်လို့လား ဆိုတာတော့ ကိုယ်ဖာသာကိုယ်ရွေးတော့ ကိုယ့်လူရေ။ တခုတော့ ပြောချင်တယ်။ ကိုယ့်ရပ်တည်ချက်အပေါ် ယုံကြည်မှုရှိတယ်ဆိုရင် ဒီထက်ပိုပြီး ရိုးသားပြီး လက်တွေ့ကျသင့်တယ်လို့ ထင်တယ်။
ထွန်းထွန်းနိုင်

nicky said...

ေ-ာက်ဆင့်မရှိတဲ့စာတွေ ကို ဦးဒေါက်တာကြီးက ဘလော့မှာ တင်းပေးတယ်ဆိုတော့ .. ဦးဒေါက်တာကြီးလဲ ... အင်း ...

Mg Lu Aye said...

ဒေါ်စုဘာဆက်လုပ်ရမယ်ဆိုတာ တိတိကျကျရှင်းပြပေးပါလား။ ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာမျိုးပေါ့။

zaw said...

ယခုအချိန်ထိလေးစားအားပေးလျှက်ပါ။(ဒါပေမဲ့)ဆွမ်းဆန်ထဲ ကြွက်ချေး ရောတာတော့ မဖြစ်သင့်ဘူးထင်ပါတယ်။

Unknown said...

အမေစု ဘောလုံးပွဲသွားကြည့်တာကို မကျေမနပ်ဖြစ်နေ
တယ်နဲ့တူတယ်။အပြုသဘောဆောင်တဲ့ အမြင်တွေ
ခင်ဗျားရဲ့ရင်မှာ မကိန်းအောင်းသ၍ ခင်းဗျား ဒီမိုကရေစီ
ရဲ့အနှစ်သာရနဲ့ဝေးနေလိမ့်ဦးမယ် ကိုယ့်လူ။
ကိုယ့်လူအတော်လေးကို စိတ်ဆင်းရဲ့နေပုံပေါ်တယ်။


ပညာရှိသူသည် သံသယမှကင်း၏။
ကောင်းမြတ်သူသည် ပူပင်သောကမှ ကင်း၏။
ရဲရင့်သူသည် ကြောက်ရွံ့ခြင်းမှ ကင်း၏။
သေးနုပ်သူသည် အစဉ်အမြဲ စိတ်ဆင်းရဲရ၏။

ကွန်ဖြူးရှပ်

အဲ့ဒါလေးကိုအလွတ်ရအောင်လုပ်ထားလိုက်ပါ။စိတ်ချမ်းသာမှုတွေ တိုးလာပါလိမ့် အကိုဝတုတ်ရေ။

myochitnanda said...

ဒေါ်အောင်ဆန်းစုကည် ဘောလုံးပွဲလေးတစ်ခါ သွာုးကည့်မိပါတယ်...လူရွှင်တော် " ငြိမ်းချမ်း " တို့ ပျက်သလိုပဲ- လင်ခိုးမိတဲ့ အတိုင်း ဆိုသလို ဖြစ်နေပါရော့လား... ခင်ဗျားတို့  "ဒေါ်စုအနှစ်နှစ်ဆယ်လုံးလုံး လုပ်ခဲ့တာ နောက်ဆုံးတော့လည်း ဘောလုံးအေုကာင်းသိဖို့ ပါပဲလား" ဆိုတဲ့အမြင်က "မင်းတို့  ဗမာဘုရားကလည်း ဘ၀တွေဘယ်လောက် ဘာလုပ်ခဲ့တယ်- တန်ခိုးတွေ ဘယ်လိုရှိတယ်နဲ့  နောက်ဆုံးသေတော့လည်း သူလိုကိုယ်လို ပါပဲလား" ဆိုတဲ့ ဘာသာုခားတယောက် ပြောတာထက် ဆိုးနေပါပကောလား.... ကဲဗျာ- အဲသလို ဒေါ်အောင်ဆန်းစုကည်က အသုံးမကျဖူးဆိုရင် ကိုဝတုတ်ရေ- ခင်ဗျားဦးဆောင်ဗျာ..နည်းဗျူဟာတွေ ဆွဲဗျာ...ုပည်သူကို ချပြဗျာ...ထိရောက်ရင် ကျုပ်တို့ တတွေ ခင်ဗျား ဟောင်ဖွာဟောင်ဖွာလုပ်၊ သူတပါးကို အပုပ်ချုပီး စည်းရုံးစရာမလိုပဲ ခင်ဗျားရဲ့  နောက်လိုက်ကောင်းတွေလုပ်မယ်..ကျုပ်တို့  အပင်ပန်းဆင်းရဲခံပြီး ရှာဖွေထားတဲ့ ချွေးနှဲစာလေးတွေလည်း တော်လှန်ရေး၊ ဒီမိုကရေစီအရေးအတွက် ထည့်မယ်ဗျာ...လောလောဆယ် ဒေါ်စုနေရာမှာ ခင်ဗျားသာဆိုရင် ဘယ်လိုလုပ်မယ်ဆိုတဲ့ တစ်ချက်လေးကိုပဲ အရင်ချုပပါဦး... အခုတော့ဗျာ- မိုက်ရိုင်းလိုက်တာ.... အရေးဆိုမှ ဘယ်ချုံထဲက ဖုတ်ဖက်ခါထလာသလဲတော့ မသိဖူး- ရေးလိုက်တဲ့စာက အဆင့်မရှိလိုက်ပုံများ စစ်အစိုးရသတင်းစာ ဆောင်းပါးတွေထက်တောင်ဆိုးပါ့ဗျာ.. ဆရာလွဏ်းဆွေခင်ဗျာ- ဆင်ခြင်သုံ့ သပ်နိုင်အောင် တင်ပေးတယ်ဆိုလည်း နိုင်ငံရေးပါးဝ၊ အတွေးအခေါ်ပါတဲ့သူတွေရေးတဲ့ ဆောင်းပါးတွေ တင်ပေးပါဗျာ...ဥပမာ- ဆောင်းပါးရှင် ဂါမဏိလိုပေါ့... အခု ဒီဆောင်းပါးရှင်ကတော့ စစ်အစိုးရလက်ထက်က အစိုးရအာဘော်ဆောင်းပါးတွေရေးတဲ့ မအူပင်ခြင်ကျား နဲ့  နင်လားငါလားပဲ... ဆရာဝက်ဘ်ဆိုဒ် ပင်တိုင်ပရိသတ်အနေနဲ့  ဒီလိုနိမ့်ကျတဲ့ အတွေးအခေါ်၊ အသုံးအနှုန်းတွေနဲ့  ဆောင်းပါးတွေကို ဖြစ်နိုင်ရင်တော့ မတင်စေချင်ဖူးဆရာ... နာမည်ုကီးပြီးရော- လမ်းလေးခွမှာ မူးမူးနဲ့  ဓါးသိုင်းကမယ်ဆိုတဲ့ကောင်တွေပေါ့..

RichardsonMoon said...

ပေးစာတွေ တဦးထဲသီး သန့်ရေးတော့ NLD နဲ့ လမ်းခွဲတော့မှာလားလို့ ထေ့ကြ ငေါ့ကြတယ်။ ဘာလုပ်လုပ် NLD ရပ်တည်ရေး အလေးထားပါတယ် ဆိုပြန်တော့ ပါတီမသေရေးအတွက် ဘာမဆိုလုပ်မယ် ဖြစ်ရကောင်းလား လုပ်လာကြပြန်ပြီ။ ဘာတွေလဲကွာ။ မင်းတို့ကြေနပ်အောင် ဘာလှိုင်း ညာလှိုင်း ဘာတိုက်ပွဲ ညာတိုက်ပွဲ တွေ စိတ်ရှိသလောက် စီးခွင့် တိုက်ခွင့်ပေးတော့မှ ဘဲ အကောင်းပြောကြမှာလား။ မင်းတို့ အဲသည်လို တိုက်ပွဲတွေ ရှေ့က တင်ထားချင်လို့ အစကထောက်ခံခဲ့တာဆိုရင်လဲ ဗြောင်ပြောဘို့ လိုပြီထင်တယ်။ ခုလိုမိန်းမလို မိန်းမရ လုပ်ရပ်တွေဟာ တော်လှန်ရေးသမားကောင်းတွေရဲ့ အလုပ်မဟုတ်တာသေချာတယ်။ စစ်အုပ်စုရဲ့ အဆင့်အတန်းမရှိတဲ့ စာတွေနဲ့ သိမ်ဖျင်းတာခြင်း အတူတူ ဖြစ်နေပါပေါ့လား။

La said...

လေတီ စု က ဒီမိုကရေစီနေ့ မှာ တာဝန်ကိုယ်စီ သိ မှ တဲ့ ။
ပြော လဲ ပြော ထွက် လေ ရဲ့
ပြော လဲ ပြောရက် ပေ ရဲ့
အမေ စု မေမေ စု လို့ ပြောပြော နေတဲ့ လေဒီ စု ။
နင့် ကို
တိုင်းပြည်ကို အုပ်ချုပ် မင်း လုပ်ဖို့ အခွင့်အာဏာ
တာဝန်သိစွာ ပေး ခဲ့ ကြတာ ပြည်သူတွေ ဟဲ့ ။
ဖင်ခေါင်း ကျယ်ကျယ် ၁၉၉၀ က
နင့် စကားတွေ အတွက်
ဘယ်သူတွေ တာဝန် သိဖို့ လိုလဲ
ဘယ်သွူ မှာ တာဝန်ရှိ လဲ ။
ပြည်သူပေး တဲ့ အခွင့်အာဏာ
ဘာ လုပ် လို့ ဘာ ကိုင် ရမယ် မသိ
အား အား ရှိ ပြည်သူ အချစ်တော်
ဖြစ်ချင် တဲ့ စိတ္တဇနာ
သက်သာ ဖို့ စည်းရုံးရေး နဲ့ အချိန်ကုန်
ပြည်သူတွေ မစည်းလုံး လို့
NLD ရှံးခဲ့ လို့ လား ။
ပြည်သူပေး တဲ့ အခွင့်အာဏာ
၂ ၂ နှစ် အကြာမှာ ဘာမှ ဖြစ်မလာတာ
Sorry ပါ တဲ့ ။
လေဒီ စု သာ တာဝန် သိ မယ်ဆို
စတိုင် တင်းတင်း နဲ့ မျက်နှာဖုံးပုံ ရိုက်ပြီး
ပြန် ခဲ့တာချည်း မဟုတ်ပါ ဘူး နော်
အမေ စု မေမေ စု လို့ ပြောပြော နေ တဲ့ လေဒီ စု ။

ညီမောင် said...

ဒေါ်အောင်ဆန်းစုကြည်ဘောလုံးပွဲသွားကြည့်တာ
နိုင်ငံရေးအကျဉ်းသမားတွေလွတ်မြောက်ရေး
အတွက်ကြံ့ဖွံအစိုးရနဲအပေးအယူလုပ်ထားတဲ့
အပြုသဘောဆောင်တဲ့ဆက်ဆံရေးထဲက
တစိတ်တစ်ဒေသဖြစ်တယ်လို.ထင်ပါတယ်။ပါတီရပ်တည်ဖို.တခုတည်းကိစ္စမဟုတ်ပါဘူး (ကျွန်တော့်အမြင်ပြောရရင်ဘောလုံးပရိတ်သတ
်ပြည်သူနဲ.ထိတွေ
ခွင့်ရလိုဒေါ်အောင်ဆန်းစုကြည်
အနေနဲ.နိုင်ငံရေးအမြတ်တောင်ထွက်ပါသေးတယ်)နောက်ပြီးနည်းဗျူဟာတွေဆိုတာလည်း
အခြေအနေအချိန်အခါပေါ်မူတည်ပြီးသင့်တော်
သလိုပြောင်းလဲနိုင်ပါတယ်။
(စာကြွင်း၊ ပြည်ပရောက်နိုင်ငံရေးလုပ်စားနေတဲ့
သူတွေအချို.ထဲကဆိုရင်တော့သူတို.အတွက်လုပ်စားဖိုအခွင့်အလန်းပျောက်သွား
နိုင်တဲ့အတွက်တောဒေါ်အောင်ဆန်းစုကြည်နဲ.
အစိုးရရဲအပြုသဘောဆက်ဆံရေးကိုသဘော
ကျနိုင်မယ်မထင်ပါ)

ကျော်ကျော်ဦး said...

မျိုးချစ်နန္ဒ ရေးတာကို သဘောတူပါတယ်။ အဆင့်မရှိတဲ့ နာမည်ရင်းတောင် မဖော်ပြရဲ့ တဲ့ ဝတုတ်ရေးတဲ့စာကို ကြည့်ရင် ခင်ဗျားရဲ့  အောက်တန်းကျတဲ့မျိုးရိုးနဲ့  အကျင့်စာရိတ္တ ကိုမှန်းလို့ ရတယ်။ ကိုလွမ်းဆွေ.. ခင်ဗျာရဲ့  blog. မှာ ဒီလိုအဆင့်မရှိတာတွေ မတင်ပါနဲ့ ။

laminaung75 said...

အကိုဝတုတ်ရေ...။ ခေတ်သစ်လူငယ်လေးတွေတောင် ဒီလောက်မြင်နိုင်တဲ့စွမ်းအားတွေရှိနေသေးတာဗျာ... အကို့မှာဘာကြောင့်ဒီလိုအတွေးတွေ၊အမြင်တွေကျန်နေသေးတာလဲ။ အချိန်မှီတုန်းပြောင်းပစ်လိုက်စေချင်တယ်...။ အမေစုရဲ့၁၅.၀၉.၂၀၁၁ရက်နေကမိန့်ခွန်းချွေထားတာလေးကိုလဲနားရင်းအိပ်ပျော်သွားပုံရတယ်...။ ထပ်ပြီးရှင်းသွားအောင် နားထောင်လိုက်ပါအုံးလို့အကြံပြုပါရစေ အကိုရေ...။ ဒါဆိုရင်အကိုဝတုပ် ဒီမိုကရေစီရဲ့လမ်းကြောင်းမှန်ပေါ်ရောက်လာပါလိမ့်မယ်...။

ကိုပေါ said...

ကိုဝတုတ်ရေ... တလုံးမကျန် ထောက်ခံတယ်ဗျို့။ ကိုဝတုတ်ရေးထားတာနဲ့ ကျနော့်အမြင်နဲ့ တထပ်တည်းပဲ။

ABC said...

လေဒီဇတ်ကားရုပ်ရှင်ထွက်လာပြီးတဲ့ နောက် အန်တီစုကလည်း မီးရှယ်ယိုးထက် ပိုခေတ်မီအောင် လေဒီဂါဂါ စတိုင်များလုပ်နေသလားလို.တောင် ထင်မိပါတယ်၊ ခုတစ်လော ဒေါ်စုရဲ့ လှုပ်ရှားမူတွေကို ကြည့်ရတာ နိုင်ငံရေးသမားတစ်ယောက်နဲ. မတူပဲ celebrity တစ်ယောက်နဲ. တူနေတာကို တွေ.နေရတော့ စိတ်မကောင်းမိပါဖူး၊ (ဒေါ်စုကို အရမ်းချစ်တဲ့သူများ ရင်ထဲနည်းနည်းအောင့် သွားခဲ့ရင် အေဘီစီကို ခွင့်လွှတ်ပါ)၊

ဒေါ်စုနဲ. NLD ကရွေးကောက်ပွဲမှာ မပါတဲ့အခါ ရွေးကောက်ပွဲကြီးက ဆားမပါတဲ့ ဟင်းလို ပေါ့ပျက်ပျက်ဖြစ်သွားခဲ့ပါတယ်၊ NLD လို ပါတီကြီးမပါတော့ ကမ္ဘာ့နိုင်ငံများ ကလည်း သံသရာဖြစ်ခဲ့ပါတယ်၊ ဒေါ်စု ဆုံးဖြတ်ချက်မှန်ပါတယ်၊ တကယ်လို ရွေးကောက်ပွဲဝင်ရင်လဲ မဲလိမ်၊ မဲခိုး၊ ဓါးမိုး၊ သေနတ်မိုးနဲ. ကြံဖွံ.ပါတီပဲ အနိုင်ရပါလိမ့်မယ်၊ မကြာမှီသေးခင်ကပဲ အမေရိကန်ကလဲ ကြံဖွံ. အစိုးရကို sanction တစ်နှစ်တောင် ထပ်တိုးလိုက်ပါတယ်၊ ကမ္ဘာနိုင်ငံများကလည်း သံသရာအပြည့်နဲ. စောင့်ကြည့်နေတဲ့ အချိန်မှာ လက်ရှိမြန်မာအစိုးရအနေဖြင့် နိုင်ငံတကာထောက်ခံမူရအောင် ဒေါ်စုနဲ. လက်တွဲတယ်ဆိုတာကို ပြသနေတာပါ၊

အနှစ် ၂၃နှစ်လုံးလုံး အာဏာကိုမလွဲချင်လို. လုပ်ချင်သလိုလုပ်၊ အုပ်ချုပ်ချင်သလို အုပ်ချုပ်ခဲ့၊ NLD ကိုလည်း ရိုက်ချိုးခဲ့တာ ရစရာမရှိပါဖူး၊ အရင်က အနှစ် ၂၃ လုံးလုံး ဒေါ်စုကိုမုန်းတီးလာခဲ့ပြီးမှ ခုမှ ဒေါ်စုကို အစိုးရက သိပ်ချစ်ပြနေတာက တကယ့်ကို သံသယအကြီးအကျယ်ဖြစ် မိပါတယ်၊

လူထုထောက်ခံမူ ၊ ပြည်သူလူထုနဲ. နိုင်ငံတကာက မန်းဒိတ်ရတဲ့သူတစ်ယောက် အနေနဲ. လုပ်ဆောင်နေတာတွေက အားရကျေနပ်ဖွယ် လုံးလုံးမရှိပါဖူး၊

ဒေါ်စု ထောက်ခံတဲ့သူတွေက ပြောမယ်၊ အိမ်အကျယ်ချုပ် အကြိမ်ကြိမ် အချုပ်ခံရတယ်၊ အနစ်နာခံတယ်ပေါ့၊ ကျွန်တော်လည်း စိတ်မကောင်းမိပါဖူး၊ ဒါပေမဲ့တစ်ခုပြောချင်တာက ဒေါ်စု အိမ်အကျယ်ချုပ်ခံနေရပေမဲ့ ထမင်းကောင်းကောင်း ဆီပြန်ဟင်းနဲ. စားနိုင်ပါတယ်၊ အဲယားကွန်းနဲ. မီးမပျက်ပဲ နေနိုင်ပါတယ်၊ အဲဒီ့အချိန်မှာ ဒေါ်စုကို အား ကိုးပြီး ကောင်းလာမှာပဲလို. မျှော်လင့်နေ တဲ့ပြည်သူလူထုကြီးက ထမင်းရည်တောင် နပ်မှန်အောင် မသောက်နိုင်လောက်အောင် အရမ်းကိုဆင်းရဲနေပြီဆိုတာကို သတိရစေချင်ပါတယ်၊

တစ်ချို.က စကားကပ်ပြောပါလိမ့်မယ်၊ မင်းခေါင်းဆောင်တက်လုပ်ပါလားလို.၊

ပြည်သူတွေက အားကိုးလို. ခေါင်းဆောင် တင်ထားတဲ့ သူတစ်ယောက်အနေနဲ. အစိုးရရဲ့ အချိန်ဆွဲတဲ့အထဲမှာ မတွေဝေ၊ မသာယာပဲ ရဲ့ရဲ့ဝံ့ဝံ့ ပြတ်ပြတ် သားသား ဆောင်ရွက်သင့်ပါပြီ ၊

ဒေါက်တာလွဏ်းဆွေဘလော့က ဆောင်းပါး တွေမှာ လမ်းပေါ်ဆန္ဒပြထွက်ဖို.လှုံ.ဆော်တဲ့ အကြောင်းတွေရေးခဲ့တာကို ကျွန်တော် တောက်လျောက် ဆန်.ကျင်ခဲ့သူပါ၊ ကိုယ့်ကရှေ.တန်းက မားမားမတ်မတ် မရပ်တည်နိုင်ပဲ ပြည်ပကနေ မြန်မာပြည်တွင်း က ပြည်သူတွေကို မမြှောက်ပေး သင့်ဖူးလို.ခံယူမိပါတယ်၊ ဒါပေမဲ့ မြန်မာနိင်ငံရေးက တစ်တိုင်းပြည်လုံး ဆန္ဒမပြပဲ၊ သွေးထွက်သံယိုမှု အကြီးအကျယ် မဖြစ်ပဲနဲ. မပြောင်းနိုင်ဖူးဆိုတာ နားလည်မိလိုက်ပါတယ်၊ ရွေးချယ်ပိုင်ခွင့် ကတော့ ပြည်သူလူထုကြီးပါပဲ၊ အစိုးရကတော့ သူတို.နည်းနဲ. ရသလောက်တော့ လိမ်နေ၊ အချိန်ဆွဲနေမှာပဲ၊ (အရင်ကလည်း အကြိမ်ပေါင်းများစွာ လိမ်ခဲ့တာကို အားလုံးအသိပါ)၊ စစ်ယူနီးဖောင်းကို ချွတ်ပြီး ပုဆိုးနဲ. တိုက်ပုံဝတ်လိုက်တာနဲ. လူတစ်ယောက်ရဲ့ စိတ်ဓါတ်ကို မပြောင်းလဲနိင်ပါဖူး၊ အဲဒါကို အစိုးရက လျော့နေပြီဟေ့၊ ကောင်းလာ မှာပဲ၊ ဆွေးနွေးနေပြီလေလို. အပြုသဘောဆောင်တဲ့သူတွေက တစ်တုံးစားလည်း ချီးမှန်း မသိ၊ နှစ်တုံးစားလဲ ချီးမှန်းမသိတဲ့သူတွေသာဖြစ်ပါတယ်၊

AUNG -Spore said...

ထိုစာရေးသူသည် မိမိအမည်ကိုရော ဒေါ်စု ဘာလုပ်သင့်ကြောင်း တိတိကျကျ ဖော်ပြပါ။ မည်သည့်အရာမဆို အဖျက်သဘော ဝေဖန်ရသည်မှာလွယ်ပါသည်။ မြန်မာပြည်မှာ ဒေါ်စုထက် ထက်မြက် ကိုယ်ကျိုးစွန့် ပြည်သူချစ်သော မိန်းမ ရှိလျှင်ထောက်ပြပါ။ no one is perfect in this world.

Nga Sanay said...

ဒီလိုမြင်မိပါတယ်။
အားကစားဖြင့် တိုင်းပြည်ကို စည်းရုံးနိုင်တယ်ဆိုတာ ပြင်သစ် World Cup ဗိုလ်ဆွဲတုန်းက ပြသခဲ့ပါတယ်။ ပြင်သစ်နိုင်ငံတွင်း အညီညွတ်ဆုံးဖြစ်ချိန်ဟာ World Cup မှာဗိုလ်စွဲတုန်းက ဖြစ်ပါတယ်လို. နိုင်ငံ့ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။

World Cup ဖိုင်နယ်ပွဲတွေမှာ အထူးသဖြင့် ဥရောပခေါင်းဆောင်တွေ (ဥပမာ ဂျာမဏီနဲ. အီတလီ) အတူထိုင်ပြီး ကိုယ့်နိုင်ငံအသင်းကို အားပေးခဲ့ဋ္ဌကတာပါဘဲ။

အမေရိကန်သမတ Bush တောင် 9/11အတိုက်ခံရ အပြီးမှာ Baseball ပွဲမှာ ဘောလုံးပစ်ပြီး ဖွင့်ပေးခဲ့တာဘဲ။ အဋ္ဌကမ်းဖက်အတိုက်ခံပြီးကာစမှာ တနိုင်ငံလုံးက သမတရဲ့ Baseball ဖွင့်ပွဲကို အထူးစိတ်ဝင်စားခဲ့ပါတယ်။ အားကစားဖြင့် စည်းရုံးရေးဟာ အင်မတန် အရေးပါပါတယ်။

ဒေါ်စု ဘောလုံးပွဲသွားအားပေးခြင်းဟာ အကျိုးမယုတ်နိင်ပါဘူး။ မြန်မာပြည်သူတွေ ဘောလုံးပွဲကို ဘယ်လောက် ဋ္ဌကိုက်သလဲဆိုတာ အားလုံးအသိဖြစ်ပါတယ်။

ငစနေ

Nga Sanay said...

ဘောလုံးပွဲသွားတာနဲ့ ပတ်သက်ပြီး ဒေါ်စုကို နားလည်နိုင်ပေမဲ. သူမရဲ.ပြော စကားအချို.ဟာ ကျနော်တို.ကို (လူအချို.ကို) စိတ်ဓါတ်ကျသွားစေတယ် ဆိုတာအမှန်ပါဘဲ။

၁။ အရှိကို အရှိအတိုင်း အသိမှတ်ပြုပါတယ် (လက်ရှိ ဋ္ဌကံ့ဖွတ် အစိုးရပေါ် သဘောထား၊ ရွေးကောက်ပွဲ ရလာဒ်ကို အသိမှတ် မပြုဘို. စဉ်ဆက်မပြတ် တိုက်ပွဲဝင်နေသူတွေအပေါ် ပြောဋ္ဌကားချက်များလား)
၂။ တိုင်းပြည်အတွက် အသုံးချခံရတာကို ခံနိုင်ပါတယ် (တိုင်းပြည်အတွက်ထက် စစ်အာဏာရှင်သက်ဆိုးရှည်ရေးကို အကာအကွယ်ပေးရေး ဖြစ်နေမှာကို ပူနေသူများအပေါ် တုံ.ပြန်ချက်များလား)
၃။ အာရပ်ကမ္ဘာမှာ ဖြစ်နေတဲ့ ဆန္ဒပြ တောင်းဆို လှုပ်ရှားမှုတွေဟာ မြန်မာနိုင်ငံရဲ. ပြသနာတွေနဲ.ကိုက်ညီခြင်း မရှိဘူး (အရှေ.အလယ်ပိုင်းနှင့် မြောက်အာဖရိကရှိ အာဏာရှင်တော်လှန်ရေးများနှင့် အနောက်ဒီမိုကရေစီ နိုင်ငံဋ္ဌကီးများရဲ့ ထောက်ခံအားပေးမှု၊ လူငယ်တို.ရဲ. သက်စွန်.တိုက်ပွဲဝင်မှုတွေနဲ. ပြည်.နက်နေတဲ့ ခေတ်ရေစီးဋ္ဌေကာင်း တော်လှန်ရေးများ။ ရေးစီးဋ္ဌေကာင်းနဲ.အညီ တိုက်ပွဲဝင်ဘို. အာသီသရှိနေတဲ့ ပြည်သူတွေ၊ တိုင်းရင်းသားတွေ ကိုဋ္ဌကားစေဘို.များလား)

ဒီပြောဋ္ဌကားချက်တွေကို နားထောင်ပြီး၊ ၈၈၈၈ အရေးတော်ပုံမတိုင်မီက အခြေအနေမျိုးပြန်ရောက် သွားပြီလားလို. ခံစားရပါတယ်။
ခေါင်းဆေင်းလည်းမရှိ၊ အဖွဲ.အစည်းလည်းမရှိ မခံချင်တဲ့စိတ်နဲ. လုပ်မိလုပ်ရာ လုပ်ရတော့မဲ့ ဘ၀ကို ပြန်ရောက်သွားလေရော့သလား။


ငစနေ

ironheel said...

ဝတုတ်ရေ မင်း အဘိုးမျက်နှာတောင် မထောက် မရှက်ဘူးလား။ ဝတုတ်ဆိုတာ ဗိုလ်ချုပ်ကျော်ဇော် မြေးပါ။ အရင် ဘီဘီစီမှာ လုပ်ခဲ့တဲ့ သူရိန်ကျော်ဇော ဆိုတဲ့ ပုဂ္ဂိုလ်ပါ။ မင်းအဖိုး မသေသေးပါဘူး။ မင်းဖာသာမင်း နေချင်သလိုနေလို့ရပေမယ့် သူ့မျက်နှာတော့ ထောက်သင့်ပါတယ်။ မောင်ရင် အင်္ဂလန်မှာ အေးအေးနေပါ။ တိုင်းပြည် အတွက် အခုလို မိုက်မိုက်ရိုင်းရိုင်း စာတွေရေးတာက လွဲလို့ မောင်ရင် ဘာတွေ လုပ်ခဲ့လဲ။ ဟိုတကောင် ဘိုဘိုလန်းစင် "သူမသည် ဘောသို့သွားသည်တဲ့" မင်း ပို့စ်မှာ ရေးထားတယ်။ သူ့အဖိုး၊ အဖွား (လူထု ဒေါ်အမာ၊ လူထု ဦးလှ) တို့ မျက်နှာမှ မထောက်၊ ဟိုလူ့ဆဲ ဒီလူ့ဆဲနဲ့ မပြည့်အိုးတွေ။ မင်းတို့ ကိုယ့်ဖာသာ မေးကြ ဘာလုပ်ခဲ့သလဲဆိုတာ။

Anonymous said...

ကိုဝတုတ်

ဆောင်းပါးရှင်သည် ဖေ့ဘုတ်မှာ ကိုဝတုတ်အမည်ဖြင့် လှုပ်ရှားနေသောသူဖြစ်တယ်လို့ ယူဆပါတယ်။ ကိုဝတုတ်ရေးခဲ့ဖူးတဲ့ ကော်မင့်များကို ဖတ်ပြီး သဘောကျသည်များလည်းရှိ၊ မကျသည်များလည်းရှိပါတယ်။ ယခုကဲ့သို့ ဆောင်းပါးအာဘော်များကို ရေးသားကြသူများနှင့် ပတ်သက်ပြီး ထူးဆန်းသည့်အချက်ကို တင်ပြလိုပါတယ်။ ယခုတလော ဒေါ်စု၏ လုပ်ရပ်များကို အားမရဖြစ်ပြီး ဝေဖန်နေသောသူများ အားလုံးလိုလိုသည် ပြည်ပတွင် ရှိနေကြသောသူများသာဖြစ်ကြတယ်။ အိမ်ပြန်ဖို့ မစဉ်းစားသောသူများလည်း ဖြစ်နိုင်ပါတယ်။ ထောင်တန်းမကျလိုပဲ လွယ်ကူသည့် စာ နိုင်ငံရေး ၊ လေနိုင်ငံရေးများသာ လုပ်လိုကြပါတယ်။ နိုင်ငံရေးအမြင်များလည်း အထိုက်အလျောက်ရှိကြပြီး ကိုယ့်အမြင်များကိုလည်း စာဖြင့် ရေးပြီး ဖော်ပြနိုင်စွမ်းရှိကြပါတယ်။ ပညာများလည်း အထိုက်အလျောက်တတ်ကြပါတယ်။ ထို့ ကြောင့် သူများလုပ်တာကို ဘေးမှထိုင်ပြီး ဝေဖန်သောအလုပ်သည် အလွယ်ဆုံးဖြစ်သည်ဆိုတာကိုလည်း သိကြပါလိမ့်မယ်။ ယခုကဲ့သို့ အလွယ်ဆုံးဝေဖန်စာများကို ရေးသာကြသလို ဒေါ်စု ခင်ဗျား ဒါတွေလုပ်နေမယ့်အစား ဘာလုပ်သင့်တယ်ဆိုတဲ့ လမ်းစဉ်မျိုးတွေကိုလည်း ရေးသားချပြကြစေချင်ပါတယ်။ ဒေါ်စုလုပ်သည် မလုပ်သည် အသာထား။ အော် ဒီလူက ဒီလို လမ်းစဉ်ရှိပါလား ၊ ဒီလူ့ လမ်းစဉ်ဖြစ်နိုင်တယ် စသဖြင့် ချပြနိုင်ရင်ဖြင့် စာဖတ်သူများ အသိအမြင် ကျယ်ပြန့်လာနိုင်ပါတယ်။

ဒီလို ဆောင်းပါးတွေကို ဖတ်ပြီး ရာဇ၀င်ဘီး တစ်ပတ်လည်လာသည်ဟုပင် ထင်မိတယ်။ ဂျပန်ပြေးအပြီး အင်္ဂလိပ်ပြန်အ၀င်မှာ ဗိုလ်ချုပ်က ဖဆပလကိုခေါင်းဆောင်ပြီး လွတ်လပ်ရေးရဖို့ ကြိုးပမ်။ အစက အတိုက်အခံအနေဖြင့် အင်္ဂလိပ်ထံ ရာထူးမယူမူဖြင့် လှုပ်ရှား။ နောက်တော့ ဘုရင်ခံအစိုးရအဖွဲ့မှာ ရာထူးယူလိုက်ရော။ ဝေဖန်သံများ ညံခနဲတက်လာတယ်။ ထိုအချိန်က ရုရှကွန်မြူနစ်နောက်လိုက် တစောက်ကန်း ကွန်မြူနစ်များ၊ ပတ်မကြီးထိုးဖောက်လိုသည့် သခင်ထွန်းအုပ်၊ သခင်ဗစိန်လို လူများ၊ အသံအဆူညံဆုံးဖြင့် ဝေဖန်ကြတယ်။ တစောက်ကန်း မြန်မာကွန်မြူနစ်များက လက်နက်ကိုင်ပြီးတိုက်မှ လွတ်လပ်ရေးစစ်မှန်သည်ဟု နိုင်ငံရပ်ခြား အသံများကို နားထောင်ပြီး ယုံကြည်နေကြတယ်။ သခင်ဗစိန်တို့က မနာလိုလို့ ဝေဖန်ကြတယ်။ ဗိုလ်ချုပ်က လူထု အသက်သာဆုံးဖြစ်သည့် နိုင်ငံရေးနည်းဖြင့် လွတ်လပ်ရေးကို အရယူဖို့ ကြိုးစားတယ်။ ဘယ်သူတွေမှားပြီး ဘယ်သူတွေမှန်တယ်ဆိုတာကို အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် နှစ်တွေ ခေတ်တွေ ၊ ရင်ဆိုင်ရတဲ့ ပြိုင်ဘက်မတူတာတွေ၊ ပြည်သူတွေ ပါဝင်မှု၊ အားပေးထောက်ခံမှု......စသည့် များပြားလှတဲ့ ကွာခြားချက်တွေက ဗိုလ်ချုပ်နဲ့ ဒေါ်စုကို စည်းခြားထားပါတယ်။

Anonymous said...

(အပေါ်ကအဆက်) ပြည်ပက လုံခြုံတဲ့ အခန်းတစ်ခုထဲကနေ ကွန်ပြူတာရှေ့ထိုင်ပြီး လူထုတော်လှန်ရေး၊ လူထုတိုက်ပွဲ၊ ပြည်သူတွေရဲ့အဆုံးအဖြတ် နောက်ဆုံးတိုက်ပွဲ လှိုင်းလုံးစသည်ဖြင့် လေလုံးနိုင်ငံရေးလုပ်လိုက်၊ အပြင်ထွက် ဘီယာသောက်လိုက်၊ ဟမ်ဘာဂါလေး စားလိုက်၊ လျှောက်လည်လိုက်၊ ဒီလိုမျိုး လှုံဆော်မှုများကြောင့်လည်း နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပါပြီ။ ပြည်ပက လေနိုင်ငံရေးသမားတွေအယောက် တစ်သိန်း လောက်နဲ့ ပြည်တွင်းက အညတရ လူမသိသူမသိ နိုင်ငံရေးသမားတစ်ယောက် ဘယ်သူ ပိုအလုပ်ဖြစ်တယ်ဆိုတာ သိကြမှာပါ။ အလွယ်ဆုံး အနီးကပ်ဆုံး ဥပမာပေး ခိုင်းနှိုင်းရရင် ဘေးမှထိုင်ပြီး အားမရဖြစ် ဝေဖန်နေကြသူ တစ်သိန်းသည် ပြည်တွင်းက ကိုဖိုးဖြူလောက်တောင်အဖြစ်မရှိကြပါ။ နောက်ပြီး ပြည်တွင်းပြန်ပြီး လှုံဆော်လျှင် အဖမ်းခံရမည်ကိုလည်း ကြောက်နေကြပါသေးတယ်။ ကိုယ်တိုင် ပြည်တွင်းပြန် ၊ စည်းရုံးလှုံဆော်ကြစေလိုပါတယ်။ ဒါတွေဟာ မလွယ်မှန်းသိလို့ လွယ်တဲ့ လေနိုင်ငံရေးပဲ လုပ်တော့မယ်ဆိုရင်လည်း လမ်းစဉ်ပါတဲ့ စံမီတဲ့ဆောင်းပါးများကို ရေးသားပြစမ်းပါလို့။ ဒီလိုမှ မဟုတ်ရင် ဒီလိုအဖြစ်မျိုးကို ဗိုလ်ချုပ်ပြောဖူးတဲ့ စကားလေး ရှိပါတယ်။ ခွေးဟောင်တိုင်း ထကြည့်နေရင် အိပ်ရေးပျက်တယ်ဆိုတာ။

နောက်ပြီး ဒေါ်စုက တကယ်တော့ အသက်သိပ်ကြီးသွားပြီ။ ဒီလောက် အသက်ကြီးလှတဲ့ အဖွားကြီးကို လူထုတိုက်ပွဲတွေ ဘာတွေလုပ်ဖို့ ပြောနေတဲ့ အရွယ်ကောင်း နိုင်ငံရေး သုခမိန်များကို ကြည့်ပြီး အားတက်မိမလိုတောင် ဖြစ်ရပါတယ်။သူအလုပ်လုပ်နိုင်ရင် အလွန်ဆုံး ၄ - ၅ နှစ်ပေါ့။ ဒေါ်စုမရှိတော့တဲ့ မြန်မာ့နိုင်ငံရေး အခြေအနေအကြောင်း စိတ်ကူးပြီး ဆောင်းပါးလေးများ ရေးသားကြစမ်းပါ။ တပိုဒ်ထက် ပိုမထွက်နိုင်ဘူး။ အားလုံး ပြီးသွားပြီ။

ကျွန်တော်ဒီစာကို နာမည်အရင်းနဲ့ ရေးတာမဟုတ်ပါဘူး။ ကိုဝတုတ်နာမည်ရင်းနဲ့ ရေးရင် ကျွန်တော်လည်း နာမည်ရင်းနဲ့ ရေးမှာပါ။ ကိုဝတုတ်က မြန်မာပြည်ကို ပြန်ချင်မှ ပြန်မှာဖြစ်ပေမယ့် ကျွန်တော်က ပြန်ရဦးမှာ။ ဒီလို ကြောက်လို့ မြန်မာပြည်ဒီလိုဖြစ်နေတာဆိုလည်း ဟုတ်ပါတယ်လို့ ၀န်ခံပါတယ်။ နောက်ပြီး ကျွန်တော်ဟာ ကိုဝတုတ်နဲ့ ပုလင်းတူဗူးဆို့ ကိုပေါရဲ့ ဘလောက်ပရိသတ်တဦးပါ။ သူ့ကို ကျောင်းတူဘာသာတူတဲ့ သံယောဇဉ်အရရော၊ သူ့ရဲ့ သတ်တိကြောင့်ရော၊ သူ့ဘလောက်ကို ဖတ်ပါတယ်။ ဒါပေမယ့် ကိုပေါအားပေးထောက်ခံတဲ့ စလုံးက ဒီမိုကရက်တစ်ပါတီလည်း သောက်သောက်လဲရှုံး၊ ပြည်တွင်းကိုလည်း အားမရ၊ ပြန်လည်း မလုပ်နိုင်၊ စိတ်ညစ်ပြီး ကုပ်နေရာကနေ လေနိုင်ငံရေးထလုပ်ပြီး ချက်ချင်းစင်မြင့်ပေါ်ရောက်လာအောင် ဆောင်းပါးတွေရေး၊ နာမည်တော့ ကြီးတာပေါ့ဗျာ။ ငါ ကိုပေါကွ ၊ ဒါငါ့လမ်းစဉ် ၊ ဒီလိုတိုက်ယူရင် ရမယ်ဆိုပြီး လမ်းစဉ်ချပြစမ်းပါ။ ကိုယ်တိုင်သွားလုပ်စရာမလိုပါဘူး။ ဘယ်လိုလုပ် ဆိုတာပဲ ပြောလိုက်စမ်းပါ။ ဒီလိုမဟုတ်ရင်တော့ ခင်ဗျားတို့ ဆောင်းပါးတွေဖတ်ပြီး ဟိုကြော်ငြာတစ်ခုကို သတိရမိတော့တယ်။ .. ဟိုလိုလုပ်ပါလား...ဒီလိုလုပ်ပါလား .....ငါလည်း မလုပ်တတ်ဘူး..............။

Anonymous said...

ပြည်ပက လုံခြုံတဲ့ အခန်းတစ်ခုထဲကနေ ကွန်ပြူတာရှေ့ထိုင်ပြီး လူထုတော်လှန်ရေး၊ လူထုတိုက်ပွဲ၊ ပြည်သူတွေရဲ့အဆုံးအဖြတ် နောက်ဆုံးတိုက်ပွဲ လှိုင်းလုံးစသည်ဖြင့် လေလုံးနိုင်ငံရေးလုပ်လိုက်၊ အပြင်ထွက် ဘီယာသောက်လိုက်၊ ဟမ်ဘာဂါလေး စားလိုက်၊ လျှောက်လည်လိုက်၊ ဒီလိုမျိုး လှုံဆော်မှုများကြောင့်လည်း နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပါပြီ။ ပြည်ပက လေနိုင်ငံရေးသမားတွေအယောက် တစ်သိန်း လောက်နဲ့ ပြည်တွင်းက အညတရ လူမသိသူမသိ နိုင်ငံရေးသမားတစ်ယောက် ဘယ်သူ ပိုအလုပ်ဖြစ်တယ်ဆိုတာ သိကြမှာပါ။ အလွယ်ဆုံး အနီးကပ်ဆုံး ဥပမာပေး ခိုင်းနှိုင်းရရင် ဘေးမှထိုင်ပြီး အားမရဖြစ် ဝေဖန်နေကြသူ တစ်သိန်းသည် ပြည်တွင်းက ကိုဖိုးဖြူလောက်တောင်အဖြစ်မရှိကြပါ။ နောက်ပြီး ပြည်တွင်းပြန်ပြီး လှုံဆော်လျှင် အဖမ်းခံရမည်ကိုလည်း ကြောက်နေကြပါသေးတယ်။ ကိုယ်တိုင် ပြည်တွင်းပြန် ၊ စည်းရုံးလှုံဆော်ကြစေလိုပါတယ်။ ဒါတွေဟာ မလွယ်မှန်းသိလို့ လွယ်တဲ့ လေနိုင်ငံရေးပဲ လုပ်တော့မယ်ဆိုရင်လည်း လမ်းစဉ်ပါတဲ့ စံမီတဲ့ဆောင်းပါးများကို ရေးသားပြစမ်းပါလို့။ ဒီလိုမှ မဟုတ်ရင် ဒီလိုအဖြစ်မျိုးကို ဗိုလ်ချုပ်ပြောဖူးတဲ့ စကားလေး ရှိပါတယ်။ ခွေးဟောင်တိုင်း ထကြည့်နေရင် အိပ်ရေးပျက်တယ်ဆိုတာ။

နောက်ပြီး ဒေါ်စုက တကယ်တော့ အသက်သိပ်ကြီးသွားပြီ။ ဒီလောက် အသက်ကြီးလှတဲ့ အဖွားကြီးကို လူထုတိုက်ပွဲတွေ ဘာတွေလုပ်ဖို့ ပြောနေတဲ့ အရွယ်ကောင်း နိုင်ငံရေး သုခမိန်များကို ကြည့်ပြီး အားတက်မိမလိုတောင် ဖြစ်ရပါတယ်။သူအလုပ်လုပ်နိုင်ရင် အလွန်ဆုံး ၄ - ၅ နှစ်ပေါ့။ ဒေါ်စုမရှိတော့တဲ့ မြန်မာ့နိုင်ငံရေး အခြေအနေအကြောင်း စိတ်ကူးပြီး ဆောင်းပါးလေးများ ရေးသားကြစမ်းပါ။ တပိုဒ်ထက် ပိုမထွက်နိုင်ဘူး။ အားလုံး ပြီးသွားပြီ။

ကျွန်တော်ဒီစာကို နာမည်အရင်းနဲ့ ရေးတာမဟုတ်ပါဘူး။ ကိုဝတုတ်နာမည်ရင်းနဲ့ ရေးရင် ကျွန်တော်လည်း နာမည်ရင်းနဲ့ ရေးမှာပါ။ ကိုဝတုတ်က မြန်မာပြည်ကို ပြန်ချင်မှ ပြန်မှာဖြစ်ပေမယ့် ကျွန်တော်က ပြန်ရဦးမှာ။ ဒီလို ကြောက်လို့ မြန်မာပြည်ဒီလိုဖြစ်နေတာဆိုလည်း ဟုတ်ပါတယ်လို့ ၀န်ခံပါတယ်။ နောက်ပြီး ကျွန်တော်ဟာ ကိုဝတုတ်နဲ့ ပုလင်းတူဗူးဆို့ ကိုပေါရဲ့ ဘလောက်ပရိသတ်တဦးပါ။ သူ့ကို ကျောင်းတူဘာသာတူတဲ့ သံယောဇဉ်အရရော၊ သူ့ရဲ့ သတ်တိကြောင့်ရော၊ သူ့ဘလောက်ကို ဖတ်ပါတယ်။ ဒါပေမယ့် ကိုပေါအားပေးထောက်ခံတဲ့ စလုံးက ဒီမိုကရက်တစ်ပါတီလည်း သောက်သောက်လဲရှုံး၊ ပြည်တွင်းကိုလည်း အားမရ၊ ပြန်လည်း မလုပ်နိုင်၊ စိတ်ညစ်ပြီး ကုပ်နေရာကနေ လေနိုင်ငံရေးထလုပ်ပြီး ချက်ချင်းစင်မြင့်ပေါ်ရောက်လာအောင် ဆောင်းပါးတွေရေး၊ နာမည်တော့ ကြီးတာပေါ့ဗျာ။ ငါ ကိုပေါကွ ၊ ဒါငါ့လမ်းစဉ် ၊ ဒီလိုတိုက်ယူရင် ရမယ်ဆိုပြီး လမ်းစဉ်ချပြစမ်းပါ။ ကိုယ်တိုင်သွားလုပ်စရာမလိုပါဘူး။ ဘယ်လိုလုပ် ဆိုတာပဲ ပြောလိုက်စမ်းပါ။ ဒီလိုမဟုတ်ရင်တော့ ခင်ဗျားတို့ ဆောင်းပါးတွေဖတ်ပြီး ဟိုကြော်ငြာတစ်ခုကို သတိရမိတော့တယ်။ .. ဟိုလိုလုပ်ပါလား...ဒီလိုလုပ်ပါလား .....ငါလည်း မလုပ်တတ်ဘူး............

nyihtwe said...

ဒီစာစုဟာအပြုသဘောဆောင်တဲ့ ဝေဖန်ရေးဆောင်းပါးမဟုတ်ပါ။ အစိုးရသတင်းစာတွေမှာပါတတ်တဲ့ ငါးမင်းဆွေလိုလူမျိုးရေးတတ်တဲ့ မိုက်ရိုင်းစော်ကားတဲ့ စာတွေနဲ့အတူတူပါပဲ။ ဒီလိုစာတွေကို ရှာရှာဖွေဖွေ ဖော်ပြတဲ့ လွဏ်းဆွေ ကလဲ ကိုယ့်ဂုဏ်ကိုယ်ဖော်လိုက်တာပါပဲ။

လင်္ကာ said...

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အတွက်
အကောင်းဆုံးလို့ သူထင်တဲ့နည်းလမ်းတွေနဲ့ 
ကြိုးစားနေတယ်ဆိုတာကျနော့်အနေနဲ့ တော့
သံသယရှိလုံးဝမရှိပါဘူး။
ဆောင်းပါးရှင်ကိုဝတုတ်ဟာ မြန်မာပြည်ဒီမိုကရေး
လိုလားသူတယောက်လို့ ယူဆပါတယ်။
ဒါထက်ပိုပြီးတော့ လေးလေး
စားစားအသုံးအနှုန်းတွေနဲ့ ရေးမယ်ဆိုရင် ဒီဆောင်းပါး
ပိုဖတ်လို့ ကောင်းမှာပါ။
စာဖတ်သူတယောက်အနေနဲ့ ဒီစာကိုဖတ်ပြီး
အကြံပြုလိုတာကတော့
ကိုဝတုတ်
မြန်မာပြည်ကိုပြန်ရင်မကောင်းဘူးလား ။
ဝြေဖန်စာထဲမှာကိုဝတုတ်ရဲ့ 
အင်မတန်မှ အားမလိုအားမရမှုတွေ
ကိုမြင်ရတဲ့ အတွက်ဒီလိုအကြံပေးရခြင်းပါ။
ကိုဝတုတ်တို့ လို မြန်မာ့ဒီမိုကရေစီရေး
တက်ကြွသူတွေ ကို အမိမြန်မာပြည်က
ခုချိန်မှာအလွန်အမင်း လိုအပ်နေပါတယ်။
ထောင်ထဲမှာမင်းကိုနိုင်တို့ ကိုကိုကြီးတို့ ရောက်နေချိန်
ခုချိန်များ
သူရိန်ကျော်ဇောမြန်မာပြည်ပြန်လာပြီဟေ့
မိုးသီးင်္ဇန်ပြန်လာပြီဟေ့။ ....စသဖြင့်
ဒေါက်တာလွမ်းဆွေပြန်လာပြီဟေ့ စသဖြင့်..
ဒေါက်တာနိုင်အောင်ပြန်လာပြီဟေ့ စသဖြင့်..
အက်ဆစ်ပြန်လာပြီဟေ့ စသဖြင့်....
စသဖြင့်...စသဖြင့်ပေါ့ဗျာ..
ဒီမိုကရေစီရေးတက်ကြွခဲ့သူတွေ
အသုတ်လိုက်အသုတ်လိုက်
ပြည်တော်ပြန်ကြရင်
ပြည်သူလူထုဘယ်လောက်
အားတက်စရာလဲဗျာ..
နိုင်ငံတကာမှာ ဆယ်စုနှစ်တွေပေါက်အောင်
နေခဲ့ကြတော့ အဝေးကမြင်ရတဲ့ အမြင်ရယ်
ပြည်တွင်းကိုပြန်ရောက်တော့ အနီးက
မြင်ရတဲ့အမြင်ရယ်ပေါင်းစပ်ပြီးတော့
လှုပ်ရှားလိုက်ရင်
ကိုဝတုတ်တို့ လိုလူမျိုး ၅၀လောက်ဆို
နည်းတဲ့အားမဟုတ်ပါလား ကိုဝတုတ်ရယ်။
ဘယ်နှယ့်လဲ ။ပြန်ရဲမလား ကိုယ့်လူ။
ထောင်ကျခံပြီး နိုင်ငံရေးပြန်လုပ်ရဲမလားကိုယ့်လူ။
(ထောင်ကတော့ ကျချင်မှလည်းကျမှာပါ)

မြန်မာပြည်ပြန်ပြီး ဒီမိုကရေစီရေး
လှုပ်ရှားဖို့ ပြောလို့  စိတ်ထဲမှာတွန့် သွားမယ်။ အဖြေက မပြန်ဘူး ဆိုရင်တော့
ခင်ဗျားဆောင်းပါးထဲက
အသုံးအနှုန်းတချို့ ဟာ
အင်္ဂလန်ကနေ
လင်စွန့် သားစွန့် ပြီး မြန်မာပြည်အရေးကို
နှစ်ရှည်လများ ဒုက္ခခံပြီးရုန်းကန်နေတဲ့ 
အဖွားကြီးတယောက်ကို မသုံးသင့်ဘူးဆိုတာ
ကိုယ်ဘာသာ သဘောပေါက်လိုက်ပါဗျာ။
ကျနော်တို့ တွေဟာ ကိုယ်ကျိုးစီးပွားတွေနဲ့ 
သတင်းလေးဖတ်ပြီးအားမလိုအားမရဖြစ်၊ ယားကျိ
ကျိလေးဖြစ်တော့ အယားပြေကောက်ရေးတာမျိုး
လောက်တော့ ကိုယ့်ဘာသာဖတ်ဖို့ 
ရေးပြီးကွန်ပြူတာထဲသိမ်းထားပါလို့ 
အကြံပြုပါရစေ။
မြန်မာဒီမိုကရေစီရေးအတွက် စွန့် လွှတ်
သူများအားလုံးကိုလေးစားမြတ်နိုးလျက်
လကွာ
8-8-88.blogspot.com

eveningstar said...

လမင်းကိုခွေးဟောင်တာလို့ပဲ ခံစားမိပါတယ်....

သတင်းစကား said...

ကိုယ့်နာမည်တောင်ကိုယ် မဖော်ပြရဲတဲ့သူက ဒီလိုကျတော့ ရဲရဲတင်းတင်း ဟောင်ရဲတာ မအံ့သြပါဘူးဗျာ..

RichardsonMoon said...

လက်စသတ်တော့ ပုဂ္ဂိုလ်က ကွန်မြုနစ်လက်ကျန်ကိုး။ ပဒေသရာဇ် တိုင်းပြည်အရိပ်ခိုပြီး ကမ္ဘာ့ပစ္စည်းမဲ့ အာဏာရှင်စံနစ်ထူ ထောင်ဘို့ရာ အာရှ၊ အာဖရိက နဲ့ လက်တင်အမေရိက က မလိမ်မိုးမလိမ်မာ လေးတွေကို တရေးနိုးတိုင်း ထထမြှာက်ပေးနေနေတဲ့ ကွန်မြူနစ် ကျောရိုး အမာခံကိုး။ တလောတုံးက လန်ဒန်မှာ ဖြစ်ခဲ့တဲ့ လမ်းပေါ်အုံကြွ လုယက်မှုတွေ တောင် သူတို့ပယောဂ ကင်းရဲ့လား မေးစရာပါ။
သူတို့လက်နဲ့ တိုက်မယူရလို့ ဗမာပြည်လွပ်လပ်ရေး တောင် အစစ် မဟုတ်ဘူး ပြောခဲ့၊ အစစ်ဖြစ်အောင် မြေပေါ်မြေအောက် တိုက်ပွဲတွေနဲ့ ပြည်သူတွေကို ထိုးကြွေးခဲ့နဲ့ ခုချိန်ထိ “အကြံကောင်းရင် တချက်” ပြည်ဖျက်ဘို့လုပ်နေကြ တုံးဆိုတာ သတိမလွတ်သင့်ကြပါ။ ၈ လေးလုံး အပါအဝင် စစ်အစိုးရလက်ထက်
ကျောင်းသား ပြည်သူတွေရဲ့စစ်မှန်တဲ့ ဆန္ဒပြပွဲတိုင်းမှာ သူတို့တတွေ ပူးကပ်ဝင်ရောက် ပြီး “အပြီးသပ်ချေမှုန်းရေးလမ်းစဉ်” နဲ့ ရိုးသား တက်ကြွသလောက် အတွေ့အကြုံနုနယ်တဲ့ လူငယ်တွေကိုအသုံးချ ခဲ့မှုတွေ၊ ချောင်ပိတ်ခံရတဲ့ အစိုးရကကျားနာခဲပြန်ခဲ လို့ ပြည်သူတွေ အထိနာပြီး အာဏာရှင် သက်ဆိုးရှည်ခဲ့ ရတာတွေကို မမေ့သင့်ကြပါ။ ဟိုတုံးက ဝေဖန်ပိုင်းခြားသြဇာကြီးမားတဲ့၊
ပြည်သူတွေကိုးစားလောက်တဲ့ ခေါင်းဆောင်မရှိခဲ့လို့ သူတို့ရော အာဏာရှင်ရော အလှည့်ကျ နှိပ်ကွပ်သမျှ
ပြည်သူတွေ ခံခဲ့ကြရတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလဲ သူတို့ အသုံးချလို့ရမယ် ထင်ပြီး ထောက်ခံ (ယာယီမဟာမိတ်ဖွဲ့) ခဲ့ရာက ခု ဒေါ်စုက (အာဏာရရေးထက်) ပြည်သူတွေ ကောင်းစားရေး ကို ရှေရှုကြောင်း ပြောဆိုပြသလာတဲ့ အခါ (ဒေါ်စု အကြောင်းပြု ပစ္စည်းမဲ့အာဏာရှင် တည်ဆောက်ရေး နောက်ဆုံး အိပ်မက် ပျက်ရချည်ရဲ့ ရယ်လို့) ဒေါ်စု ဆန့်ကျင်ရေး ဒေါ်စု ခေါင်းဆောင်မှုပျက်ပြားရေး ကို မဖြစ်မနေလုပ် ဆောင်လာကြပါပြီ။ အပေါ်ကတဦး ဆွေးနွေးသွားတဲ့အတိုင်း ဒါဟာ သမိုင်းတပတ်လည်ခြင်း ဖြစ်သလို ကွန်မြူနစ်တွေ ရဲ့မကြေပွဲ (ဒါမှမဟုတ် နောက်ဆုံးမီးတောက်) တခုလည်းဖြစ်ပါတယ်။ ဒေါ်စုဟာ သူတို့ထင်လို “အချဉ်” မဟုတ်တာသေချာပေမဲ့ အတ္တအကြီးဆုံး အုပ်စုနှစ်ခု (စစ်အုပ်စုနဲ့ကွန်မြူနစ်) ရဲ့ အညီအမျှသိက္ခာချမှုတွေ ကြောင့်အာရုံပျက်ရ ရင်တောင် ပြည်သူတွေနစ်နာ လှပါပြီ။ ဖခင်ရဲ့ စိတ်ဓါတ် နဲ့ အရည်အချင်းတိုသာ ပိုင်ဆိုင်ပြီး ဖခင်ရဲ့ အဝန်းအဝိုင်း မျိုးမရှိရှာတဲ့၊ ဖထင်ထက်တောင်ပို ကြီးမားတဲ့ “ဓါးရိုးကမ်းတွေ” နဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထား ကို သိကြဘို့ နဲ့ လက်တွေ့ဝန်းရံကြ ဘို့ဟာ ကျွန်တော်တို့ အားလုံးရဲ့ (နိုင်ငံကို စစ်မှန်သော ဂုဏ်သိက္ခာ ရှိစွာနဲ့ တိုးတက်စေလိုတဲ့) ပြည်သူအားလုံးရဲ့ အရေးကြီးဆုံး
တာဝန် ဖြစ်နေပါပြီ။ ပြည်သူတွေမှာလဲ တာဝန်ရှိပါတယ် လို့ ဒေါ်စု ပြောလေ့ရှိတာဒီသဘော လို့ ယုံကြည်ပါတယ်။

goldensunset said...

ကိုယ့်လူရေ သိပ်တတ်ပြီး သိပ်လုပ်ချင်ရင် ပြည်တွင်းကိုပြန်ခဲ့ပါ။
အဝေးကနေ ဟိုလိုလုပ်ပါလား။ ဒီလိုလုပ်ပါလားတွေပြောမနေပါနဲ့။
ကြည်ကြည်လွင်
ရန်ကုန်မြို့

Kaung said...

ကိုဝတုတ်ဆိုသူရေ
ခင်ဗျားဘယ်သူဆိုတာ သိလိုက်ရတော့ ပိုပြီးစိတ်မကောင်းဖြစ်မိတယ်။
ခင်ဗျား ဒီလောက်အတွေးတိမ်ပြီး အမြင်ကျဉ်းလိမ့်မယ်လို့  အရင်က မထင်ခဲ့ဘူး။ ခင်ဗျား ရဲ့ သမိုင်းဆိုင်ရာ ဆွေးနွေးချက်လေးတွေ ဖတ်ဖူးလို့ ပါ။ ခုတော့ အားလုံး ရှင်းသွားပါပြီဗျာ။ ခင်ဗျားတို့ ပုလင်းတူဘူးဆို့ အဖွဲ့  (ဘိုဘိုလန်းစင် အပါအ၀င်) ဟာ တိုင်းပြည်အတွက်လည်း အရင်ကလည်း ဘာမှမလုပ်ခဲ့ဘူး။ အခုလည်း ဘာမှ လုပ်မနေဘူး။ စာလေးနဲနဲတတ်ရုံနဲ့  ကိုယ့်ကိုယ်ကို အခြောက်တိုက် ဘ၀င်မြင့်နေတဲ့ မပြည့်အိုး တွေ။ ပုဆိုးချုံထဲက လက်သီးလက်မောင်းတန်း နေတဲ့ ခင်ဗျားတို့ ဟာ ခင်ဗျားတို့  အမေအရွယ် မုဆိုးမတစ်ရောက်လောက်တောင် သိတ္တိ နဲ့  ဆင်ခြင်တုံတရားမရှိတဲ့ သူတွေပဲ။ ဒီလောက်ပဲပြောတာ ခင်ဗျားတို့  အဖိုးအဖွားတွေကို ချစ်ခင်လေးစားလို့ ပါ။ ကျွန်တော်အတတ်ပြောလိုက်မယ်ဗျာ။
ခင်ဗျားတို့  ဟာ ဒေါ်စုကို (မသိစိတ်ထဲက) လုံးဝမနာလိုဘူး ။ အသေးစိတ် တော့မရေးတော့ပါဘူးဗျာ။ အဲဒီ မနာလို ၀န်တို တဲ့ မစ္ဆရိယ စိတ်နဲ့ ရေးတယ်ဆိုတာ ခင်ဗျား (တို့ ) စာက သက်သေပြနေတယ်။ ဒလလောက်တော့ ငှက်တိုင်းလှပါတယ်။ ခင်ဗျားတို့  သိသလောက် တွေးတတ်သလောက်ကတော့ လူတော်တော်များများ တွေးတတ်ပါတယ်။ ခင်ဗျားတို့ သိထားဖို့ က ပြည်သူဟာ ဒေါ်စုကို ပုဂ္ဂိုလ်ရေးထောက်ခံနေတာမဟုတ်ဘူး။ သူ့ လုပ်ရပ်ကို ထောက်ခံနေတာ ဆိုတာ ခင်ဗျားမှတ်ထား။

Kaung said...

ဆရာလွဏ်းရေ..
ဒီပို့ အတွက် တော်တော်ကို စိတ်ပျက်မိတယ်ဗျာ။

Khin said...

အန်တီစု ကို အရင်ကထက်ပို၍ လေးစားပါသည်။

acacia.ktk said...

သြော်.. နေတော့ဖြင့် ဘေးထွက်ပြီး လွတ်လွတ်ကင်းကင်းထိုင်နေ၊ လေပေါက်က ရှေ့ကနေ ဦးဆောင်နေတဲ့လေပေါက်၊ လုပ်နေတဲ့လုပ်ပေါက်က ရှေ့ကသွားနေတဲ့လူကို လဲအောင် နောက်ကနေ ခြေလှမ်းထိုးနေတာ.. အင်းး ဒွတ်ခ... ဒွတ်ခ... ဒွတ်ခ

ကျော်ကျော်ဦး said...

ဝတုတ် တို့  တုတ်ကြီး တို့ ရေ.. သတ္တိရှိရင် နာမည်ရင်း email အမှန်တွေနဲ့ ဆောင်းပါရေးကွ. သိပ်သိ သိပ်တတ်နေရင် ပြည်တော်ပြန်ပြီး ရဲရဲဝံဝံလုပ်ကွ. တိုင်းပြည်အပြင်မှာနေပြီး နာမည်ဝှက်တွေနဲ့ ရေးနေတာ သိပ်ကြောက်တတ်မှန်း ပုဆိုးခြုံထဲက လက်သီးပြနေမှန်း သိပ်သိတာတယ်။ မင်းတို့ တွေလည်း သူတောင်းစားအဖွဲ့ အစည်းတွေနဲ့ အတူတူဘဲ. မင်းတို့ ကိုအမြဲတမ်း ပေးကမ်းနေတာတွေ မရတော့လို့  နောက်တစ်နည်းထွင်းနေတာလား..? တိုင်းပြည်နဲ့ ဒေါ်စုကိုအသုံးချပြီး စားပေါက်လမ်းထွင်နေတာလား..? မင်းတို့ တွေရဲ့ စိတ်ဓါတ်ကိုပြင်သင့်ပါပြီး။ တစ်နေ့ တစ်နေ့ တောင်းစားလို့ ရတဲ့ဒေါ်လာတွေနဲ့  မူးယစ်ရမ်းကားမနေပါနဲ့ ကွာ။ ဒါက်တာလွဏ်းဆွေ လည်း ဒီပုတ်ထဲကဒီပဲဘဲ။

Aung Khin said...

Lately Dr the articles posted at this web site are funny and substandard. Long time now I haven't been reading the articles posted by Dr Lun Swe on his website. I only read the news. I an not sure what is wrong with Dr Lun Swe. Posting those poisonous and
sub standard articles should be stopped.

nattaw said...

Stupid...ဦးဒေါက်တာကြီး..

Anonymous said...

လမင်းကိုခွေးဟောင်တာလို့ပဲ ခံစားမိပါတယ်
stupid blog