Wednesday, August 17, 2011

ဧရာဝတီလှိုင်းတံပိုးများ

ဧရာဝတီလှိုင်းတံပိုးများ
မောင်လွမ်းဏီ

မြစ်ဆုံကို
ချစ်ရုံနဲ့
မလုံလောက်တော့ဘူးဟေ့။

အမေ့ရင်အုံ
မီးပုံမှာ ကင်နေပြီ။

အမေ့နှလုံးသား
ဝါးမျိုနေကြပြီ။

အမေ့သွေးသား
ဖောက်ကားရောင်းဝယ်နေကြပြီ။

အမေ့နို့ရည်ကြည်
ပြည်ပပို့မယ့် ထွက်ကုန်တဲ့။

အမေနဲ့ ဗေဒါ၊ အမေနဲ့ ၀မ်းစာ
အမေနဲ့ ရေဆန်၊ အမေနဲ့ လေထန်
အမေနဲ့ ကဗျာ၊ အမေနဲ့ အနုပညာ
အမေ့ရဲ့ချစ်ခြင်းမေတ္တာ
မိရိုးဖလာ ထုံးစဉ်လာလေ။

အမေ့သမိုင်း
ရာဇ၀င်အရိုင်းမခံဘူး။

အမေ့ကို
သွေး၊ တေး၊ ဓားလှံလေးမြားနဲ့
ရင်းနှီးရယူထားခဲ့တာ။

ကာကွယ်ကြ
ခုခံကြ၊ ပေးဆပ်ကြ
အမေ့ကျေးဇူး ဆပ်ဖူးကြ။

မဲခေါင်၊ ဗော်လဂါ
ဂင်္ဂါ၊ နိုင်း၊ ယန်စီ၊
နဒီမြစ်တွေ တွေ့လေတိုင်း။

အမေ့စစ်ကြောင်း
မြစ်ကြောင်းအတိုင်း
စစ်မောင်းသံချီ၊ နဒီလှိုင်းသစ်
ခေတ်ကို မြစ်က ပြဌာန်းမည်။

အမေ
ဧရာဝတီ
သွေးနှင်းဆီရဲ့ ညီညွတ်ရေး
ငြိမ်းချမ်းရေးကို လရောင်ဖြန်း
ရာစုသက်တမ်းရှည်စေအံ့ ...။ ။

မောင်လွမ်းဏီ
၁၅-၈-၂၀၁၁

6 comments:

Maung Maung Kyaw Win said...

This great river had written many a great history that glorifies Burma and made known to the world.

And quiet flows the Irrawaddy
for a long period until the military monsters start to rule the country.

And now Irrawaddy has been systematically raped by national traitor military regime and neighboring exploiter Chinese colony, the communist turned capitalist.

The greed of the two kinds of monster will never stop.
They will keep on molesting our virgin river, the Irrawaddy.

Time to wake up and draw the swords and prepare for the battle.

We remember words that Leo Tolstoy had written in one of his stories
"God Sees the Truth, but wait"
But, how long can we wait?
Can we fold our arms, sit down and watch the molesters raping the virgin River Irrawaddy before our eyes.
Let's unite and prepare for the battle.

လိုလို့ လား said...

This,majestic and grand, river has written a great history that glorifies Burma and made known to the world.

Quiet flow of the Irrawaddy since prehistoric time until the military monsters started to rule the country forcibly.

Again, The Irrawaddy has been systematically raped by the national traitors; military regime and its crony Chinese , recycled capitalists from junky communists who only interested in exploiting and ,if there is a chance, colonizing neighboring states.

The greed of blood sucking monsters will never cease their thirst. They will keep on molesting our virgin river (If Chinese penises are actually that big, I doubt it even compare to the toothpick) the Irrawaddy.

Time to wake up and unzip our pants and prepare for the show off, or just simply unveil our longies! fellow citizens of Burma.

We remember words... that Leo Ball sky had once written in one of his comic books. "Dog eats the poop.But wait."
Nevertheless, how long can we smell? Can we pick that up by our hands, sit down and watch the molesters raping the virgin river the Irrawaddy before our eyes.

Let's split and devastate for the cattle as usual Burmese did.

yoo said...

ဒေါက်တာလွှတ်ဆွ။ ။
မောင်လွမ်းဏီ ကို ကျနော်မသိဘူး။
ကိုလွမ်းဏီ ကို ကျနော်မသိဘူး။ ဘကြီးလွမ်းဏီ ကို သိတယ်။

မောင်လွမ်းဏီ။ ။ ဟ..ဘယ်လို ဖြစ်တာတုန်း။

ဒေါက်တာလွှတ်ဆွ။ ။ "သေ မှ သိ" ကဗျာဆရာ
ရဲ့ ဓာတ် ကူးသွားလို့ ပါ။ ဒါနဲ့  ဆရာတို့ ကဗျာဆရာ
တွေ လဲ အရင် ဧရာဝတီ မြစ်ကြီး တစတစ နဲ့
တိမ်ကော ပျက်စီးယိုယွင်း လာနေတာကို
ကာကွယ်၊ထိန်းသိမ်း၊စောင့်ရှောက်ကြဖို့ 
ဘာဘာ ဘာမှ တိုက်တွန်းနှိုးဆော်တာတွေ
ဘာဘာ ဘာမှ မတွေ့ ခဲ့ရဘူးနော်။ ထားပါလေ။
ခုဆို..ဆရာ့ကဗျာက သူများနဲ့ ကို မတူဘူး။
တော်တော့် ကို ထိတယ်။ ဆရာက ဧရာဝတီကို အတော့်ကို ချစ်တာ၊ သိသာတယ်။

မောင်လွမ်းဏီ။ ။ ချစ်...ဆို၊
တို့ တဆွေလုးံတမျိုးလုးံ၊ ဘိုးစဉ်ဘောင်ဆက် ဧရာဝတီမြစ်ကမ်း နံဘေး ကို ကျောပြု ၊မေးတင် ပြီး နေလာကြတာကွ။

ဒေါက်တာလွှတ်ဆွ။ ။ သြော်..၊ ဒါဆို.
ညနေခင်း ဧရာဝတီ ဆည်းဆာ ရှုခင်းလေးတွေ
ပျောက်သွားတော့မှာ စိုးနေတာပေါ့လေ။

မောင်လွမ်းဏီ။ ။ ဟာ..အဲဒီဆည်းဆာ တွေက
ဘာလုပ်ရမှာလဲ..။ ခုဟာက..
ရေ မရှိ၊ ရေမစီးတော့ရင၊် မြစ်ကမ်း နံဘေး ကို ကျောပြု ၊မေးတင် ပြီး ဆောက်ထားတဲ့
ငါတို့ အိမ်သာတွေ က "သေး" နဲ "့အီးအီး" တွေ
ဘယ်လို ဖြေရှင်းရမလဲ စိုးရိမ်နေတာဟေ့။
ပြောရင်း အနံ့ တထောင်းထောင်း ရလာသလိုပဲ။

ဒေါက်တာလွှတ်ဆွ။ ။ ဟာ...ဘကြီးလွမ်းညှီ..အဲ.ဘကြီးလွမ်းဏီ ကတော့
နောက်ပြီ။

yoo said...

ဧရာဝတီ။ ။
နှစ်ရှည်လများ တစစ နဲ့  ပျက်ဆီး၊ယိုယွင်း တိမ်ကော လာနေတာကို အားလုးံက မျက်ကွယ်ပြု ၊ပစ်ထားခဲ့ကြပြီး၊
ခုကျမှ..ချစ်ပါတယ်၊ ကြိုက်ပါတယ်၊ကျေးဇူးရှင်ပါ၊ှကာကွယ်ကြမယ်၊ထိန်းသိမ်းကြမယ် ဆိုတာ..
ဘယ်လို ယုံ ရအုန်းမှာလား..ရှင်တို့ ရယ်..။

ခုချိန်မှာ လိုရာ ဆုတောင်းတစ်ခု ပဲ ပြည့်စေချင်ပါတော့တယ်...။

နောင်ဘ၀ မှာ မြစ် အဖြစ်နဲ့ တဖန်ပြန်လည်ဖြစ်ထွန်း
ခဲ့ပါရင်...
လေ သာပန်း၊ အလုပ်မပါ၊ အဖြစ်မရှိ၊
လေအာလူး များ စုဝေးတဲ့ ဒီလူမျိုးနွယ်စုများ စုဝေးတဲ့
ဒီအရပ်မှာ တဖန်ပြန်လည်၊
မြစ် အဖြစ်၊ မဖြစ်ထွန်းရပါလို၏...။

wdy said...

ဟို၊........ကာရံ ညီလို့ ရေးတာ လား၊ တကယ် ဧရာဝတီ မြစ်ကြီး ပျောက်သွား မယ် ထင်ရေးတာ လားဟင်၊၊ မြစ်ကိုပိတ် တာဘိုင်လည် ပြီး ရေပြန်လွှတ် ရင် ဒီတိုင်းဘဲမဟုတ်ဘူးလား၊။ ကချင်ပြည်က ရွာ နဲနဲ ပျောက်သွားမယ်။ အီကော်လော်ဂျီပြောင်းမယ်။ ဆည်ဆောက် ရင်ဒီလောက် တော့ရှိမှာပေါ့။ တရုပ်ဆီက ပိုက်ဆံရမှာနော်။ အမေရိကန်တောင် အနုတ်ပြလို့စိတ်ပိန် နေတာ။ ရတဲ့ ဓာတ်အားကိုတိုင်းပြည် ဖွံ့ဖြိုးရေးအတွက်လဲသုံးဘို့နဲ့ ရတဲ့ ပိုက်ဆံ ကို ရတနာဂက်စ် တုံးကလို တင့်ကားအစုတ် ၀ယ်၊ မင်ဂလာဆောင် စိန်ဆင်ပြီး။ နေပြည်တော် ဆောက် ပြီး ဖြုံန်းတီးမပြစ်ပဲ ကချင်ကို လဲ ပေး ဘို့။ သုံးတာ ကို မြင်သာ ထင်သာ(transparent)ဖြစ်ဘို့ အော်ရင်မ ကောင်း ဘူး လား။

မင်းနောင်ရိုး said...

သိပ်ကောင်းတဲ့ ကဗျာ တစ်ပုဒ်ပါ ။