Tuesday, August 2, 2011

စီဘောက်စ် (ကဗျာ)

စီဘောက်စ်
မောင်ငြိမ်းအေး

လက်ဖမိုးပေါ်က
ဆေးမင်ကြောင် ‘သတ္တိ’ နဲ့
‘စမတ်ဒေါင်း’ နေကြသူတွေ။

အချို့ ...
အမှန်တွေ ပြောနေတယ်ဆိုရင်တောင်
အပြောတွေမှန်ဖို့ လိုတယ်လေ။

မရဲဘဲ
ကျွဲပြဲတော့ မစီးကြနဲ့ကွာ
နဖူးမှာ နာမည်တပ်
ဖုန်းနံပါတ် အမှန်ပေး
နေရပ်လိပ်စာလည်း တိတိကျကျ ပြောရင်
ကိုးလလွယ် ဆယ်လဖွား
ယောက်ျားဘသား အမေ့သားပေ။

အခု ...
ချက်ကြီးရဲ့ link ကို
click ကြည့်လိုက်တော့
ပုဆိုးခြုံထဲက လက်သီးတွေ ...။ ။

စမတ်ဒေါင်း= smackdown

မောင်ငြိမ်းအေး

3 comments:

yoo said...

မောင်ငြိမ်းအေး။ ။ " အခု ...
ချက်ကြီးရဲ့ link ကို
click ကြည့်လိုက်တော့
ပုဆိုးခြုံထဲက လက်သီးတွေ ..."


ဒေါက်တာလွှတ်ဆွ ။ ။ " ပုဆိုးခြုံထဲမှာ လက်သီး
တွေတင် မကပါဘူးဗျာ "

မောင်ငြိမ်းအေး။ ။ " ဘာတွေပါ တွေ့ လို့ တုန်း "

ဒေါက်တာလွှတ်ဆွ ။ ။ " ပုဆိုးခြုံထဲက ကဗျာ
တွေပါ ထွက်ကျလာတယ်ဗျ၊ အဟဲ..ခင်တယ်နော် "

yoo said...

ဒေါက်တာလွှတ်ဆွ ။ ။ " ဒါနဲ့ ..မရဲဘဲ
ကျွဲပြဲတော့ မစီးကြနဲ့ကွာ
နဖူးမှာ နာမည်တပ်
ဖုန်းနံပါတ် အမှန်ပေး
နေရပ်လိပ်စာလည်း တိတိကျကျ ပြောရင်
ကိုးလလွယ် ဆယ်လဖွား
ယောက်ျားဘသား အမေ့သားပေ။...
လို့ ဆိုထားတာ.."

မောင်ငြိမ်းအေး။ ။ " သြော်..ဒါကတော့..
ဂိန် သွားရင် ရက်လည်ဆွမ်း သွတ်တဲ့နေ့ 
အိမ် ပေါ်တက် ကဗျာ သွားရွတ် ပေးချင်လို့ ပါ..
ဒါကြောင့် လိပ်စာ၊ဖုန်းနံပါတ် တွေ တောင်းတာပါ၊ ဒီအပြင် နှစ်ပတ်လည် ရောက်တိုင်းလဲ ကဗျာ အသစ်အဆန်းလေးတွေကိုလဲ
စပ်ကို စပ်ပေးအုန်းမှာ..အဟဲ.."

jasskas said...

ချက်ကြီးက... ဘယ်က ချက်ကြီးပါလိမ့်။
တူသလိုလိုတော့ရှိသား။
dr လေးတခုပဲမပါတာနော်။