အစိုးရဆိုတာ သူခိုးဓားပြတဲ့လား
စိန်သံလုံး
အစိုးရဆိုတာ
သူခိုးဓားပြလို မလုပ်ရဘူး
အကျိုးမျှမျှတတဖြစ်အောင်
သူ့အကျိုး ကိုယ့်အကျိုးကို ကြည့်ပြီး
မျှတမှုကို ကိုင်စွဲထားမှ
ခိုင်မြဲတဲ့ ပြည်သူ့အစိုးရဖြစ်မယ်။
ခုတော့ဗျာ
ကျုပ်တို့တိုင်းပြည်မှာ
သူခိုးဓားပြလို စိတ်ဓာတ်နဲ့ 
ဥပဒေမဲ့ လုပ်ချင်ရာလုပ်ပြီး
အုပ်ချုပ်နေတဲ့ လူတွေကို
အစိုးရလို့ခေါ်ရမှာလား ...
ရှင်းရှင်းပဲခေါ်ချင်တယ် “သူခိုးဓားပြတို့ရေ” ...။
အကျိုးမမျှတဲ့ လုပ်ရပ်တွေနဲ့
သူခိုးဓားပြတွေ အုပ်ချုပ်ခြင်းကိုခံရတဲ့ ...
သူခိုးဓားပြလို ဥပဒေမဲ့ လုပ်ရပ်တွေနဲ့
ဒုက္ခဆိုးတွေကို ခ၀ါချချင်နေတဲ့ ...
ကျုပ်တို့မြန်မာပြည်သူတွေကို
ကမ္ဘာက ဒီအတိုင်းပဲ ကြည့်နေတော့မှာလား
မသာက ဒီအတိုင်းပဲ ရှိနေတော့မှာလား ...။ ။
စိန်သံလုံး
1 comment:
ဒေါက်တာလွှတ်ဆွ ။ ။ " သူခိုးဓားပြအစိုးရ တိုင်းပြည်က ကဗျာဆရာကလဲ သံလုံးတောင်
ရိုးရိုး မဟုတ်ဘူး။ စိန်သံလုးံ ဆိုပါလား၊ စိန် နဲ့တောင်
ကွပ် ထားလိုက်သေးတယ်.."
" မသာက ဒီအတိုင်းပဲ ရှိနေတော့မှာလား ..မေးလိုက် သေးတယ်..။
မသာ ရှိလို့  ကဗျာရွတ် နေတာမဟုတ်ဘူးလား။
နှစ်ပတ်လည်နေ့ ရောက်တိုင်း
ကဗျာ လိုက်ရွတ် နေကြတဲ့ ကဗျာသမားတွေရဲ့ အမှုက လဲ မသေးဘူး။
အင်း...သူငယ်ချင်းတွေ ထဲ ကဗျာသမားမရှိတာ
ကံကောင်းလှချည့်ရဲ့ ..၊
နို့မို့ ရင် ရက်လည်တဲ့နေ့ အိမ်လာရွတ်နေ ကြအုန်းမှာ..၊
ဘာတဲ့..ပာို..
ဒေါက်တာလွှတ်ဆွ ကို မသိဘူး၊
မောင်လွှတ်ဆွ ပဲ သိတယ်..တို့ ..၊
အောင်နီး က ဖွတယ်
မောင်လွှတ်ဆွ အာရပ်လှိုင်း မစီး၊
အရက် လှိုင်းစီး...တို့..."
်
Post a Comment