မောင်လွမ်းဏီလား ... ကိုလွမ်းဏီနဲ့ မမှားနဲ့
မောင်လွမ်းဏီ
အောင်ဝေးက ဖွဲ့တယ်
မောင်လွမ်းဏီရေ ...
ပိတောက်မသေ၊ တော်လှန်ရေးမသေ။
ထက်ရာဇာ ပြောတယ်
သူသေရင်
ထိုင်းနိုင်ငံက ကဗျာဆရာ မောင်လွမ်းဏီကို
သတိရပါ။
အောင်ကျော်ဇာဏီ ခနဲ့တယ်
ကျနော် သိချင်တယ်
အဖေတို့ ဘာသာစကား၊ စာပေ
ယဉ်ကျေးမှု၊ အနုပညာ။
အောင်သာငယ် ငိုတယ်
ဆရာ အကိုလွမ်းဏီ လက်ပေါ်မှာ
ကျနော် သေမယ်။
သစ်ကောင်းအိမ် ဆိုတယ်
ချင်းမိုင်ထီးနန်းက ငိုချင်ရက်လက်တို့
အလွမ်းသမားကြီး မောင်လွမ်းဏီ။
မောင်ငြိမ်းအေးက ပိုတယ်
တခုထူးခြားတာက
ကိုလွမ်းဏီက အရက်ကို ချစ်တယ်
မောင်လွမ်းဏီက အရက်ကို မမုန်းတာပဲ။
ဘလော့ဂါ
ဒေါက်တာဆရာရေ့ ...
တွေ့မှပြောတော့ စီဘောက်ထဲက မောင်လွမ်းဏီ။ ။
မောင်လွမ်းဏီ
၃၁-၇-၂၀၁၁
No comments:
Post a Comment